Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ဖိုးထက် - ပုံပြင်ပြောဖို့မဲပေးပါ

$
0
0
ဖိုးထက် - ပုံပြင်ပြောဖို့ မဲပေးပါ
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၁၅

ကျွန်တော် ကာတွန်းကားတွေကြိုက်တယ်လို့ပြောတော့“ခင်ဗျားကလည်းဗျာ.. ကိုယ့်အသက်အရွယ်လည်း ကိုယ်အားနာပါ ဦး။ မကြီးမငယ်ကြီးနဲ့…ဟင်း..ဟင်း…ဟင်း” ဟု ရယ်သွမ်းသွေးခံရသည်။ သူ၏ ရိသဲ့သဲ့ ရယ်သံကိုမျက်ကွယ်ပြုကာ Nemo, Rio, A Bug’s Life, Lion King အတွဲတွေ, The Croods တို့ကို သူ့ကိုပေးပြတော့ ကျွန်တော် ဘာကြောင့် ကာတွန်းကားတွေ ရူးသလဲဆိုတာ နားလည်သွားပုံရပါ၏။

ကာတွန်းကားတွေကို အသက်ကြီးသည်အထိ ရူးသွပ်သူတွေမှာ ကျွန်တော်တယောက်တည်း မဟုတ်ဘူးဟု ထင်ပါသည်။ ကျွန်တော်တယောက်တည်းသာ အသက်ကြီးကြီးမှ ကာတွန်းကားကြိုက်ရသလားဆိုသည့်အမြင်ဖြင့် ကြည့်ခြင်းခံရသူလည်း မဖြစ်နိုင်ပါ။ တန်ဖိုးထားတာတွေ မတူညီကြသောအခါ၊ ပျော်ရွှင်ကြည်နူးရာ နယ်ပါယ်မတူညီကြသောအခါ သူ့တန်ဖိုး ကိုယ် နားမလည်၊ ကိုယ်တန်ဖိုးထားတာ သူမသိ ဖြစ်တတ်ကြသည့် လူ့သဘော ဖြစ်ပါလိမ့်မည်။

ကာတွန်းကားတွေ ဘာကြောင့်ကြိုက်သလဲဟု ကိုယ့်ဘာသာပြန်မေးကြည့်တော့ အပြစ်ကင်းလို့၊ ပေးချင်တဲ့အချက်အလက် တွေကို ရိုးရှင်းလွယ်ကူစွာပေးတတ်လို့၊ video effect အထူးပြုလုပ်ချက်တွေကို ခပ်လွယ်လွယ်ကူကူဘဲ နားလည်ပေးလို့ရ လို့ဟု အဖြေရသည်။ နောက်ထပ် အဓိကကျသည့်အချက်တစ်ခု ရှိပါသေးသည်။ ပုံပြင်နားထောင်ရတာကြိုက်လို့ ကာတွန်း ကားတွေကြိုက်တာ ဖြစ်နိုင်ပါသည်။

သစ်ပင်များ အမျိုးအစားကွဲကြသလို၊ ရှင်သန်ပေါက်ဖွားရာ နယ်ပါယ်မတူ ကြီးထွားရှင်သန်ကြသလို လူတွေသည်လည်း ကွဲပြား ခြားနားသော ကလေးဘ၀နောက်ခံများဖြင့်လူ့ဘ၀ကို စခဲ့ကြသည်။ ပုံပြင်ဆိုသည့်စကားလုံးကို ကလေးတိုင်း ကြား ဘူးကြမည်ဖြစ်သော်လည်း ပုံပြင် ၀၀လင်လင် နားထောင်ခဲ့ရသည့်ကလေးတွေနည်းမည်ဟု ထင်ပါသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံက အခုခေတ်ကလေးတွေ ပုံပြင်နားထောင်ဖို့မှ အချိန်ရှိကြပါဦးမလား။ ပုံပြင်တွေ ပြောပြသူတွေမှ ရှိကြပါ ဦးမလား။ အချိန်မှ ရကြရဲ့လား။ ပုံပြင်သည် ကလေးတစ်ယောက်၏ လူ့ဘ၀အစ စိတ်နေစိတ်ထားကို ပုံဖော်၊ ချောဆစ်၊ ထုလုပ်ရာတွင် ထက်မြက်၊ ချွန်မြလှသည့်ဆောက်သွား တစ်ခုနှင့်တူပါသည်။

ကျွန်တော် ငယ်ငယ်က ပုံပြင်ပြောပြသူတွေ အများကြီးမရှိခဲ့သော်လည်း စိတ်ရော ကိုယ်ပါ နှစ်ပြီး ပုံပြောပြသူတွေ ရှိခဲ့သည်။ အမေ့အမေ ကျွန်တော့်အမေကြီး၊ အမေ၊ လေးတန်းဆရာမ ဒေါ်မိမိလေးတို့သည် ကျွန်တော့်ကို ပုံပြင်အများဆုံး ပြောပြသူ တွေ ဖြစ်သည်။ ပိုပြီးကံကောင်းတာက သူတို့သုံးယောက်၏ ပုံပြောပုံ ပြောနည်း မတူ။ ပိုရှင်းအောင်ပြောရလျှင် ထမင်းဝိုင်းကြီး တစ်ခုမှာ အရသာမတူသည့်ဟင်းကောင်းသုံးခွက်နှင့် ဥပမာပေးချင်သည်။ ဆရာမ ဒေါ်မိမိလေးက အက်စကီးမိုး၊ အမေဇုန် သစ်တောက မြွေကြီးတွေ စသည့် သိပ္ပံနည်းကျကျပုံပြင်တွေကို ပြောသည်။

ဘုန်းကြီးကျောင်း ပညာရေးနှင့်လေးတန်းပညာရေးသာ ပြီးခဲ့ရှာသော အမေကြီးပုံပြင်တွေက ငါးရာ့ငါးဆယ် ဇာတ်နိပါတ်၊ ဇာတ်ကြီးဆယ်ဖွဲ့တို့အ၀န်းအ၀ိုင်းထဲက ဘယ်တော့မှ မထွက်။ တေ၊ ဇ၊ သု၊ နေ အစချီသည့်ဇာတ်ကြီး ဆယ်ဖွဲ့ကို တစ်ည လျှင် တစ်ခုပြောပြသည်။ “ငါ့မြေး…ဒီညက ဘယ်ရောက်ပြီလဲကွဲ့… မနေ့ညက ဇ…. ဇနက္ကမင်းသားဇာတ်ပြီးပြီဆိုတော့ သု…သုဝဏ္ဏသာမကွဲ့” ဟု အစချီကာ သုဝဏ္ဏသာမ၏အသံကလွဲပြီး ဒုကူလနှင့်ပါရိကာအသံဆိုလျှင် Tone တမျိုး၊ ပိဋိယက္ခ မင်းကြီး (စာလုံးပေါင်းတွေ မှားပါလိမ့်မည်) ဆိုလျှင် Tone တမျိုး၊ သိကြားမင်းအသံဆိုလျှင် အသံဆွဲဆွဲရှည်ရှည်ကြီးပြော၊ ငိုစရာရှိတာ ငိုပြ၊ ငှက်သံ၊ သမင်သံ၊ ကျားဟိန်းသံ၊ မြွေနှာမှုတ်သံ စသည် စသည်တို့ကို မပျင်းမရိ၊ မငြီးမငွေ့ ပြောပြသည်။ ဒီလိုပြောရင်း “တောင်ပို့တွေ ဘာတွေဆိုတာ မြွေတွေ ဘာတွေ နေတာကွဲ့…အဲဒါကြီးတွေ သွားဖျက်ဆီးရင် အန္တရာယ်ရှိ တယ်” “မိဘကို သိတတ်လိမ္မာတဲ့ကလေးဆိုတော့ လူ၊ နတ်၊ သတ္တ၀ါတွေ ချစ်တာပေါ့ကွယ်” ဟုပုံပြောရင်း ကျွန်တော့်စိတ်ကို ရသလောက် ပြင်ပေးခဲ့ပါသည်။  တစ်ခါတရံတော့ ၃၇ မင်းနတ်တွေ အကြောင်းကို ယုံကြည်မှု အကဲပိုပို၊ ရိုသေလေးစားဖွယ်ရာ အဖြစ်တွေကို ပြန်ပြောပြနေသည့်ပုံစံဖြင့်ပုံပြင် ပြောသလို ပြောပြသည်။ ဒီလိုပြောနေစဉ်မှာ အမေသိလျှင်တော့ သူတို့ သားအမိ စကားများကြရသည်။

အထက်တန်းပြ ဆရာမ ပညာရေးဘွဲ့ရ အမေက ၃၇ မင်း နတ်တွေကို ကင်းကင်းရှင်းရှင်း နေချင်သည်။ လုံးဝမယုံကြည်တာလဲ မဟုတ်။ အမေကြီးက ကျွန်တော့်ကို ကိုကြီးကျော်၊ အမေရေယဉ်၊ မနှဲလေး၊ ဗျဝွိ၊ ဗျတ္တ၊ မအိုဇာ၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး တို့ကို ဗဟုသုတအဖြစ်ပြောပြနေလျှင် ဘာမှမကန့်ကွက်သော်လည်း လိုတာထက်ပိုလာလျှင်တော့ ကြားကဖြတ်ပြီး ဟန့် တတ်သည်။ “အမေက ဘာမှန်းလဲမသိဘူး။ ကလေးကို သတ္တိရှိအောင်၊ မကြောက်တတ်အောင်လုပ်ပေးရမယ့်အစား ဘာမ ဟုတ်တဲ့ အစိမ်းသေတဲ့လူတွေကို မလန့်လန့်အောင် လျှောက်ပြောနေတယ်” ဟု ဝေဖန်သည်။ အမေဒီလို ပြောလိုက်လျှင် အမေကြီးက “ဘုရား… ဘုရား.. ၀င်းမြင့်ရယ်..အကိုကြီးတို့ မမနှဲတို့ အဲဒီကောင်မကို ခွင့်လွှတ်ပါတော်.. ဗွေမယူပါနဲ့… ကျွန် တော်မျိုးမကြီး ဆိုဆုံးမမှုအားနည်းလို့ ဒီလိုစကားတွေထွက်ရတာပါ…” ဘာညာဟုပြောကာ သူ့နတ်တွေကို တောင်းပန် လို့မဆုံးတော့။

အမေကတော့ ခေတ်ပညာတတ်ပီပီ အမေကြီးလို ပုံပြင်မျိုးမပြော။ သူ့လက်စွဲက တောတွင်းသားလေး မောဂ္ဂလိ။ တခါ တရံတော့ လူထုဦးလှ ပုံပြင်စာအုပ်တွေကို တဖြည်းဖြည်းတွဲဖတ်ပြီး ခဏကြာတော့ ကျွန်တော်တယောက်တည်း ဖတ်စေ သည်။ အမေ့တောတွင်းသားမောဂ္ဂလိကို ကျွန်တော်စွဲသွားပုံက သစ်ပင်ပေါ်တက်ပြီး ခွေးလိုအူသဖြင့် အမေကြီးက နမိတ် မရှိ၊ နမာမရှိဟု တွယ်တာခံရဘူးသည်။ အမေ ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါ ပြန်ပြော၊ ပြန်ပြော မောဂ္ဂလိ၊ ရှီရာခန်၊ ဘူးလူး တို့ကို အိပ်မက်ထဲအထိ စွဲမက်သည်။ အမေက သူ့တောတွင်းသား မောဂ္ဂလိအကြောင်းကို ဘာသာပြန်ဘဲ ဖတ်လာသလား၊ မူရင်းဘဲ ဘယ်မှာ ဘယ်လိုဖတ်လာသလဲ ကျွန်တော်မသိ။

ထိုစာအုပ် The Jungle Book ကို မူရင်းရေးသူက အင်္ဂလိပ်စာရေးဆရာကြီး Rudyard Kipling။ ရေးသည့်ခုနှစ်က ၁၈၉၄။ မြန်မာနိုင်ငံ အကုန်လုံးကို သူ့တို့အင်္ဂလိပ်လူမျိုးတွေ သိမ်းပြီးတာ ၉ နှစ်ခန့်ဘဲ ရှိသေးသည်။ ပြီးတော့သူက အန္ဒိယက အုပ် ချုပ်ရေးပိုင်းမှာ အလုပ်လုပ်ခဲ့သူ။ ထိုအချိန်က မြန်မာနိုင်ငံကိုကို စစ်ပြုရာမှာ အန္ဒိယရှိ အင်္ဂလိပ်အုပ်ချုပ်ရေး အသိုင်း အ၀ိုင်း က အဓိကကြိုးကိုင်ခဲ့သည်။ သူနဲ့ပတ်သက်ချင်မှ ပတ်သက်မည်ဖြစ်သော်လည်း သူ့စာအုပ်ထဲက တောတွင်းသား မောဂ္ဂလိကို အသဲထဲစွဲပေမယ့် သူ့ကိုတော့ သိပ်အစာကျေချင်တာမဟုတ်။

ကျွန်တော် အသက်ကြီးလာတော့ ကျွန်တော့်ကို ပုံပြင်ပြောနေကြ အမေကြီးလည်းမရှိတော့။ အမေနဲ့ ကျွန်တော်ကလည်း တမြေစီ၊ တရေစီ။ အနီးနား ရှိရင်သော်မှ ကျွန်တော့်ကို ပုံပြင်ပြောပြဖို့ စိတ်ဝင်စားတော့မှာမဟုတ်။ သူ့တောတွင်းသားလေးကို သူ့မြေးတွေအား လက်ဆင့်ကမ်း ပြောပြနေသည်လို့ အမျိုးတွေက ပြန်ပြောကြသည်။ ဒီတော့ဘ၀ထဲမှာ မောလာရင်၊ အလုပ် ပင်ပန်းလာလျှင် ကျွန်တော့်ကို ပုံပြင်အစားပြောပြမည့် ကာတွန်းကားတွေကိုဘဲ အားကိုးရသည်။ ကာတွန်းကားလေးတွေက ကလေးတွေအတွက် ရည်ရွယ်ထားတယ်ဆိုတော့ ဘာသာစကား အခက်အခဲ ဘာမှမရှိ။ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး။

ပုံပြင်ပြောဖို့၊ ပုံပြင်နားထောင်ဖို့ ကျွန်တော်တို့အချိန်ရှိချင်မှ ရှိပါလိမ့်မည်။ သို့တည်းမဟုတ် ပုံပြင်နားထောင်ဖို့၊ ပုံပြင်ပြော ဖို့လူရှိချင်မှ ရှိပါလိမ့်မည်။ သို့သော် ပုံပြင်အစားထိုး ကာတွန်းကားလေးတွေကိုကြည့်ဖို့တော့ အချိန်လည်း အများကြီး ပေး စရာ မလို။ လူရှိဖို့လည်း မလို။ ရနိုင်တဲ့အချက်အလက်တွေကလဲ အများကြီး။ ဥပမာ…

A Bug’s Life ကာတွန်းကားထဲက နှံကောင်များနှင့် ပုရွက်ဆိတ်တွေအကြောင်းကို ကျွန်တော်တို့ကြည့်သင့်သည်။ ပုရွက် ဆိတ်များသည် နှံကောင်များ၏ အခိုင်းခံ၊ အနှိမ်ခံမဟုတ်။ ဘာအကြောင်းနှင့်မှ နှံကောင်များကို ပုရွက်ဆိတ်များက ကြောက် နေစရာ မလို။ စည်းလုံးညီညွှတ်မှုဘဲ လိုသည်။ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ဘဲလိုသည်။ A Bug’s Life ကို ခင်ဗျားရဲ့သား၊ သမီးလေးတွေနဲ့အတူတူကြည့်ရင်း မြန်မာနိုင်ငံသားတစ်ယောက်ဟာ ဘယ်စစ်ကျွန်၊ စနစ်ကျွန်မှ ဖြစ်ဖို့မလိုဘူးလို့တွေးမိရင် တွေးမိမယ်။

ပြီးတော့ငါ့မဲတစ်ပြားဟာ သိပ်အရေးကြီးပါလားလို့ သိချင် သိလာပါလိမ့်မယ်။ ချစ်ခြင်းအားဖြင့် မဲပေးပါ။ နှံကောင်တွေကို တော်လှန်ဖို့ မဲပေးပါ။ ပုံပြောသူနဲ့ ပုံပြင်နားထောင်သူတွေ အေးအေးလူလူ ပုံပြင်တွေ အများကြီး ပြောနိုင်စေဖို့ မဲပေးပါ။

ဖိုးထက်
Photo : getty images

ဗိုလ်ထက်မင်း - ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ - အပိုင်း(၁)

$
0
0

ဗိုလ်ထက်မင်း - ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ - အပိုင်း(၁)
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅


 ၁။ NCA လက်မှတ်ထိုးဖို့အစိုးရက ဆန္ဒ ပြင်းပြကာအရှိန်ယူနေပြီဖြစ်တယ်။ ဦးအောင်မင်းဦးဆောင်တဲ့ UPWC အဖွဲ့တွေ ကျိုင်းတုံကို သွားကာ UWSA/NDAA နဲ့တွေ့ဆုံသလို နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K နာဂအဖွဲ့နဲ့လည်း တွေ့ဆုံကာ အပစ်ရပ်လက်မှတ်ထိုးမှာပါဖို့ တိုက်တွန်းခဲ့ပါတယ်။ အလားတူ စက်တင်ဘာလ (၁၄)ရက်နေ့အင်ယားလိပ်မှာ ဦးအောင်မင်းဦးဆောင်တဲံ့ MPC အဖွဲ့ဟာနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖိတ်ခေါ်ကာ နိုင်ငံရေးမူဘောင်ညှိနှိုင်းဆွေးနွေးပွဲ ရက်ပေါင်း(၆၀) အတွင်းသာ သတ်မှတ်ထားရာ ရွေးကောက်ပွဲ အချိန်ကာလနဲ့တိုက်ဆိုင်နေတာမို့လက်မှတ်ထိုးပြီးပါက အချိန်မှီစေရန် ကြိုတင်အရှိန်စ ယူနေတာဖြစ်မယ်လို့သုံးသပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဒီလ(၂၀)ရက်နေ့NCA လက်မှတ်ထိုးမည့် ရက်ညှိနှိုင်းသတ်မှတ်ရေးအစည်းအဝေး MPC ကခေါ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၅)ဖွဲ့အနက် (၈)ဖွဲ့တက်လာပြီး နှစ်ဖွဲ့ကထိုးမည်ဟု သဘောထားပေး လာပါတယ်။ ဒါအပြင်လူထုလူတန်းစားအဖွဲ့အစည်းများကို NCA စာချုပ်ရှင်းလင်းခဲ့ပါတယ်။ စက်တင်ဘာလ (၁၈)ရက်နေ့တုံးက တအောင်းပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နဲ့ MPC တို့မှတာဝန်ရှိ သူများဟာ အပစ်အခတ်ရပ်စဲရေးအစည်းအဝေး ဆွေးနွေးညှိနှိုင်းရန် စက်တင်ဘာလမကုန်ခင် ကျင်းပဖို့ ချင်းမိုင်မှာ အကြိုညှိခဲ့တယ်လို့ သိရပါတယ်။

 ၂။ သမ္မတနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်အချို့က တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ အဓိပ္ပါယ်အတိုင်း အစိုးရချန်ထားတဲ့(၃)ဖွဲ့မပါက မပြည့်စုံလို့ အားလုံးပါမှထိုးမည်ဟု ဆက်တင်းခံနေကြ တယ်။ တချို့က နိုင်ငံရေးဆွေးနွေးပွဲနောက်ကျမည်စိုးရိမ်ကာ လက်ရှိအစိုးရလက်ထက်မှာပင် လုပ်ချင်လို့ လက်မှတ်ထိုးချင်ကြတယ်။ တချို့က တွေဝေနေကြတယ်။ သူတို့ထိပ်သီး ချင်းမိုင်မှာ ဒီလ (၂၆) ရက်နေ့မှာ လက်မှတ်ထိုး၊ မထိုး ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ အစိုးရက AA/ TNLA အဖွဲ့တွေကို လမ်းပေါက်ဖွင့်ထားပြီး MMDAA ကိုတော့ သမ္မတက တိုက်ရိုက်ကိုင်မယ်လို့ အဖြေထွက်ထားပါတယ်။

 ၃။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် UN,EUROPE,US,JAPAN,CHINA,USSR,ASEAIN တို့က စိတ်ပါလက်ပါရှိကြတဲ့အတွက် ကမ္ဘာ့နိုင်ငံတနိင်ငံရဲ့ ဖြစ်စဉ်အရေးအခင်းအပေါ် စိတ်ပါဝင်းစားမှူတွေထဲမှာ ဒီဖြစ်စဉ်ဟာ အများဆုံးဖြစ်ပြီး ဂရင်းနစ်စံချိန် သတ်မှတ်မည်ဆိုပါရင် စံချိန်တင်မည့်အနေအထားရှိကြပါတယ်။ သူတို့ဘာလို့ဒီလောက်စိတ်ဝင်းစားရသလဲဆိုရင် မြန်မာနိင်ငံဟာ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာမှာ အာရပ်နွေဦးလို သွေးထွက်သံယိုမရှိဘဲ နယ်စပ်တိုက်ပွဲများမှအပ အစိုးရ၊လွှတ်တော် တည်တည် ငြိမ်ငြိမ်ပြောင်းလာသလို အတိုက်အခံနိုင်ငံရေးပါတီနဲ့တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စားပွဲဝိုင်းသို့ ခေါ်လာနိုင်ပြီး Super power US သမ္မတ အိုဘားမားက သမ္မတ ဦးသိန်းစိန်ကိုတွေ့ဆုံရတဲ့ အထိ နိုင်ငံတကာက အံ့သြကုန်ကြပါတယ်။ ဒါပေမဲ့ အထက်ပါ နိုင်ငံတွေရဲ့စိတ်ပါဝင်စားမှူ၊ရည်ရွယ်ချက်တွေ ကတော့ မတူညီကြဘဲ ရျူပ်ထွေးနက်နဲလှပါတယ်။

 ၄။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စိတ်ဝင်းစားမှူ ပြင်းပြဆုံးဖြစ်ကာ Power Game ကစားပါတယ်။ သူတို့ကိုယ်တိုင်က နယ်စပ်တည်ငြိမ်ရေးလိုလားတယ် တသွင်သွင်ပြောနေပေမဲ့ တရုတ်တပ်မကြီးကို ချန်ဒူး စစ်ဒေသမှာ မြန်မာနယ်စပ်အနီး ကျည်အစစ်နဲ့စစ်ရေးလေ့ကျင့်မှူ ပေါ်တင်လုပ်နေတာဟာ မီးစတဖက၊် ရေမှူတ် တဖက် ခင်းနေတဲ့အပြင် ကိုးကန့်အဖွဲကိုနောက်ကွယ်မှ ပံ့ပိုးပြီး စစ်ရေးဖိအားပေးခိုင်းပါတယ်။ တရုတ်က အစိုးရလုပ်နေတဲ့ MPC မှာ နောက်ကွယ်ကနေ အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန် ကြိုးကိုင်တာ (ကိုမင်းဇော်ဦး၊ ကိုအောင်နိုင်ဦးတို့ အမေရိကန်မှ လာတာကို မယုံကြည်ဟန်တူ) လွမ်းမိုးနေတယ်လို့မြင်တယ်။ ဒါကြောင့် နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့တွေကိုဖိအားပေးပြီး NCA လက်မှတ်မထိုးဖို့ထိုးရင်တောင် ကျန်တဲ့ (၃) ဖွဲ့ပါမှ ထိုးရမယ်လို့ တရုတ်က ဖိအားပေးထားတယ်လို့သိရ ပါတယ်။ UWSA ကြေညာချက် အရ ယူနန်ပြည်နယ်၊ တရုတ်ကို ဂတိပေးထားတာ ဖျက်သလိုဖြစ်မှာမို့ လက်မှတ်မထိုးချင်ဘူးလို့ဆိုလာပါ တယ်။ အသိသက်သေအဖြစ်ထိုးမဲ့ နိုင်ငံတွေမှာ တရုတ်က အနောက်နိုင်ငံတွေပါဖို့မလိုလားဘူးလို့ လေသံ ပစ်ထားရာ ပြီးခဲ့တဲံ့ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတက တိုင်းရင်းသားတွေတောင်းဆိုလို့ အနောက်နိုင်ငံတွေ သာမက တရုတ်နဲ့မတည့်တဲ့ ဂျပန်ကိုပါ ထည့်လိုက်တဲ့အတွက် ငြိမ်းချမ်းရေးဇာတ်ခုံ လှူပ်ခါခိုင်းမဲ့သဘော ရှိနေပါတယ်။ တရုတ်က ရွေးကောက်ပွဲကော်မရှင်ထိ လိုက်တွေ့ပြီး ဘယ်လိုလုပ်မှာလဲဆိုတဲ့လုပ်ငန်းစဉ်ကို မေးကတည်းက မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမှာကို လိုလားဟန်မတူတာတွေ့ရပါ တယ်။ တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားပြီး ကိုးကန့်အား တဖက်သတ်အပစ်ရပ်ခိုင်းတဲ့ လုပ်ဟန်ဟာ Power Game ကစားတာဖြစ်ပါတယ်။

၅။ အမေရိကန်နိုင်ငံကလည်း ဒီမိုကရေစီ၊လူ့အခွင့်အရေး အကြောင်းပြပြီး ဝင်လာပေမဲ့ တကယ်တမ်း အတွင်းသဘောက တရုတ်နိုင်ငံအနောက်ဘက်ပိတ်ဆို့ရေးနဲ့ သြဇာအာဏာထိန်းချုပ်ရေးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလီခေါင်းစဉ်ကို တင်ကာ ရခိုင်ပြည်နယ်မငြိမ်မသက်ဖြစ်နေမှ တရုတ်စီးပွါးရေးရွှေဂတ်စ် ထိခိုက်ကာ တရုတ်ပိုးလမ်းစီမံကိန်းကြီးကို နှောက်ယှက်စေပါမယ်။ ရခိုင်ရေဘေးကိစ္စမှာ USသံအမတ်ကြီး ကိုယ်တိုင် လယ်ကွက်ထဲဆင်းပြီး ရခိုင်တွေကို စည်းရုံးနေတာ တွေ့လိုက်ရတယ်။ အမေရိကန်နိုင်ငံဗဟို အစိုးရက စေလွှတ်တဲ့ အရာရှိကြီးများ၊မူဝါဒ ထိန်းသိမ်းသူများ လွှတ်တော်အမတ်များ ချောင်းပေါက်အောင် နေပြည်တော်သို့စေလွှတ်တာမို့ တရုတ်အဖို့ ဒီဂရီ တက်စရာဖြစ်ပါတယ်။ မကြာသေးကလေးခင်ကာလမှ အရှေ့အာရှ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Daniel Russel က ဘင်္ဂလီများကို ဘာသာရေးအရ ခွဲခြားဆက်ဆံမှူအနေနဲ့ မဲဆန္ဒပေးခွင့် ရုတ်သိမ်းခံရခြင်းနဲ့ မွတ်ဆလင်အမတ်များကို ကိုယ်စားလှယ်အဖြစ် မှ ပယ်ချနေတဲ့အပေါ် ဝေဖန်သွားသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကျတော့ တိုက်တွန်းသွားခဲ့ပါတယ်။ အလားတူ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေဟာ မျိုးစောင့်ဥပဒေပြဌာန်းမှူ နဲ့ရခိုင်ပြည်နယ်ရိုလင်ဂျာတွေအား အစိုးရရဲ့ဆက်ဆံပြုမူဆောင်ရွက်ချက်အပေါ် ထောက်ပြပြီး ဆုတ်ယုတ် မှူတွေတွေ့နေရတယ်လို့ ဗြိတိန်နိုင်ငံခြားရေးနဲ့ဓနသဟာယရေးရာဝန်ကြီး Mr huge swire က ဂျီနီဗာ လူ့အခွင့်အရေးကောင်စီ နှစ်ပါတ်လည်အခမ်းအနားမှာ ပြောကြားသွားပါသေးတယ်။

 ၆။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် နီပွန်ဖေါင်းဒေးရှင်းဖွဲ့ကာ ၅နှစ်အတွင်း ဂျပန်ယန်း သန်း၁၀ဘီလီယံ (US ၈၃.၅မီလီယံ)ကူညီမည်ဆိုကာ အရင်ကနဦး ကရင် နဲ့မွန်ပြည်နယ်တွေမှာ ထောက်ပံ့ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ ယင်းဥက္ကဌ Mr Yohei sasawa ဦးဆောင်တဲ့ (၁၀) ဦးပါတဲ့အဖွဲ့ စေလွှတ်မည်လို့သိရလို့ တရုတ်အဖို့စိတ်မသက်မသာဖြစ်လောက်ပါတယ်။ အာဆီယံကလည်း လက်မှတ် ထိုးတာမဟုတ်သေးဘဲ မူကြမ်းသဘောတူအတည်ပြုနေတာကို နားလည်မှူလွှဲကာ ကြိုဆိုတဲ့ကြေညာချက် ဇွတ်ထုတ်ခဲ့ပါတယ်။ UN အထူးကိုယ်စားလှယ် မစ္စတာ နမ်ဗီးယားဟာ တရုတ်ပြိုင်ဘက် အိန္ဒိယနိုင်ငံသား ဖြစ်နေလို့ စိုးရိမ်စရာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဓိကပံ့ပိုးတဲံ့ အနောက်နိုင်ငံတနိုင်ငံကတော့ နော်ဝေးနိုင်ငံဖြစ်ပြီး ပိတ်ဆို့ကာလရှိနေကတည်းက နာဂစ်မုန်တိုင်းဒဏ်ကျစဉ်ကပင် ဝင်ရောက်ခဲ့တာဖြစ်ပြီး အစိုးရကို အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပါတယ်။ နော်ဝေးနိုင်ငံဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖေါ်အောင် ကမ္ဘာမှာ လုပ်ပြချင်တဲ့နိုင်ငံဖြစ်ကာ အောင်မြင်သွားရင် သမ္မတဦးသိန်းစိန်ကို နိုဗယ်ဆုပေးမဲ့အလားအလာရှိနေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ရပ်တည်ရေး အတွက် တိုက်ရိုက်မဟုတ်တောင် နယ်စပ်ဒေသဖွံဖြိုးရေးခေါင်းစဉ်ဖြင့် ယူရိုငွေသန်းနဲ့ချီ ထောက်ပံ့ပေးဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် မထင်မှတ်ဘဲ ရုရှားနဲ့ပါကစ္စတန်နိုင်ငံ၊ အစ္စရေး နိုင်ငံတွေဟာ ကိုးကန့်ဒေသစစ်ပွဲတွေကြောင့် တပ်မတော်စွမ်းရည်ထက်မြက်လာစေဖို့အင်အားပြန်လည် ဖြည့်တင်းရေးအတွက် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ထိတွေ့ဆက်ဆံလာပြီး သူလည်း Power Game ကစားတာမို့ အဲဒီနိုင်ငံတွေကလည်း ကိုယ်အကျိုးစီးပွါးအရ ပါဝင်လာပြန်တယ်။

၇။ ဒီနေရာမှာ အစ္စရေးနိုင်ငံပါဝင်လာတာဟာလည်း စိတ်ဝင်းစားစရာကောင်းလှပါတယ်။ အစ္စရေးပါဝင် လာပုံနဲ့ တရုတ်နိုင်ငံရဲ့ဖက်ဆစ်တော်လှန်ရေးအောင်ပွဲ အထိမ်းအမှတ်မှာ မြန်မာတပ်မတော်ကို မဟာမိတ် နိုင်ငံများနည်းတူ စစ်ရေးပြမှာ ပါဝင်ဖို့ဖိတ်ခေါ်ခဲ့တာကို ဘာကြောင့်ငြင်းခဲ့တာလည်း အပါအဝင် NCA မှာပါ တဲ့ Code of Conduct နှစ်ဖက်တပ်ဖွဲ့များလိုက်နာရမည့်ကျင့်ဝတ် နဲ့စပ်လျဉ်းပြီးအကြံပြုချက်များ စတာ တွေကို နောက်အပိုင်း(၂)မှာဆက်လက်တင်ပြပါ့မယ်။

ကာတွန်း ကူမိုးကြိုး - နောက် ၅ နှစ် တောင် မခံတော့ဘူး

$
0
0

ကာတွန်း ကူမိုးကြိုး - နောက် ၅ နှစ် တောင် မခံတော့ဘူး
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

နီဇူလိုင် - "ဒေါင်း တဲ့လား"

$
0
0

နီဇူလိုင် - "ဒေါင်း  တဲ့လား"
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅


တောအုပ်ထဲမှာ
တိရိစ္ဆာန်အချင်းချင်း..အမျိုးသားရင်ကြားစေ့ဖို့တဲ့
ဒေါင်းက ..ကျီးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခွေးအကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...ခြင်္သေ့ ကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းက...မြေခွေးကို မိတ်ဆွေသွားဖွဲ့တယ်..။
ဒေါင်းအချင်းချင်းကတော့...နောက်မှ...နောက်မှပေါ့လေ..။

လဒတွေကတော့ အခြေအနေကို ရစ်ဝဲ... ရစ်ဝဲနဲ့ကြည့်လို့.။
ဒေါင်းက တွေးတယ်..။
ခွေးအတွေ.. ကျီးတွေ... ခြင်္သေ့ တွေ.. မြေခွေးတွေဟာ.. ဒေါင်းမူ ဒေါင်းကျင့်တွေ ရလာရင်...။
ဒေါင်းစိတ် ဒေါင်းအတွေးတွေနဲ့.. အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့နိုင်မယ်ပေါ့...။

အခုတော့..
ကျီးတွေ
ခွေးအတွေ
ခြင်္သေ့တွေ
မြေခွေးတွေဟာ
ကျီးကျင့်
ခွေးအကျင့်
ခြင်္သေ့ကျင့်
မြေခွေးကျင့် မဖျောက်ပဲတောင်
ဒေါင်းယောင်ဆောင်တတ်လာပြီ..။
အမျိုးသားရင်ကြားစေ့ရေး ဘုန်းတော်ဖွဲ့မှာ..
ဒေါင်းအတုတွေ... ကလို့
လဒတွေဟာလဲ..
ကောင်းကင်တယံလုံး.. ပျံဝဲလို့..

ကိုအောင်မှိုင်း - နိုင်လဲရှုံး ရှုံးလဲရှုံးဖြစ်တော့မည့် ရွေးကောက်ပွဲပေလား

$
0
0
Saw Ngo, cartoon, 2010

ကိုအောင်မှိုင်း - နိုင်လဲရှုံး ရှုံးလဲရှုံးဖြစ်တော့မည့် ရွေးကောက်ပွဲပေလား
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅


ဗမာပြည်လက်တွေ့ နိုင်ငံရေးအခင်းအကျဉ်းအရ လွတ်တော်တွင်း နိုင်ငံရေးကို ကျနော်မယုံပါ။ အလွန်စုတ်ပဲ့သော ၂၀၀၈ ဖွဲ့ စည်းပုံဥပဒေအောက်ကပြုလုပ်မည့်ရွေးကောက်ပွဲဖြစ်သည့်အတွက်လဲ လုံးလုံးကိုမယုံကြည်ခြင်းဖြစ်ပါသည်။အကြောင်း မှာ  နိုင်လဲရှုံး ရှုံးလဲရှုံးဖြစ်တော့မည်မှာ သေချာသောကြောင့်ဖြစ်ပါသည်။ ရွေးကောက်ပွဲဝင်ကြမည့်ပါတီများကိုကား ကျ နော့်အနေနှင့် မည်သို့မျှသဘောထားပေးလိုခြင်းမရှိခြင်းကြောင့် ဆိတ်ဆိတ်ပင်နေခဲ့ပါသည်။

ယှဉ်ပြိုင်မှုတိုင်းတွင် ဘက်၂ဘက်ရှိပါသည်။ ယှဉ်ပြိုင်မှုတိုင်းတွင် တန်းတူရည်တူအခွင့်အရေးရှိရမည်ဖြစ်ပါသည်။ သို့မှ သာ ၄င်းယှည်ပြိုင်မှုကို တရားမျှတသောယှည်ပြိုင်မှုဟု သတ်မှတ်လေ့ရှိပါသည်။ဥပမာဘောလုံးပွဲတပွဲတွင် အနီအသင်း နှင့် အစိမ်းအသင်းယှဉ်ပြိုင်မည်ဆိုပါက တသင်းလျှင်ကစားသမား၁၁ ယောက်ပါဝင်ရမည်ဟု စည်ကမ်းသပ်မှတ်ထားမည် ဆိုပါက အနီအသင်းဖြစ်စေ အစိမ်းအသင်းဖြစ်စေ ကစားသမား ၁၁ ဖြင့်ကစားမှသာ တရားမျှတသော စည်းမျဉ်း စည်း ကမ်းဟု လူအများနားလည်မည်ဖြစ်ပါသည်။ အနီအသင်းက ရယောက်ဘဲ ကစားရပြီး အစိမ်းအသင်းက ၁၁ ယောက် က စားခွင့်ပေးမည်ဆိုလျှင် အတော်အကြည့်ရဆိုးသောပြိုင်ပွဲတခုအဖြစ် လူအများနားလည်သတ်မှတ်မည်ဖြစ်ပါသည်။ ထို့ အတူပင် ဒိုင်သူကြီးလုပ်သူနှင့် စည်းကြပ်ဒိုင်များကိုပါ အစိမ်းအသင်း၏နည်းပြများကို တာဝန်ပေးမည်ဆိုပါက ပို၍ပင်မမျှ တသည့် အခြေအနေမျိုးဖြစ်ကာ ပွဲကြည့်ပရိတ်သတ်အနေနှင့် လူရီစရာကစားပွဲ သို့မဟုတ်မမျှတသော ကစားပွဲအဖြစ် ကဲ့ရဲ့ လှောင်ပြောင်ပြောဆိုကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲသည် အထက်ပါဘောလုံးပြိုင်ပွဲကဲ့သို့ ဖြစ်နေပါသည်။ ၂၅ % သော စစ်တပ်ကိုယ်စားလှယ်များသည် မည်သည့်ရွေးကောက်ပွဲမှ မ၀င်ရဘဲ အသင့်နေရာယူထားပြီးဖြစ်ရာ လွတ်တော်အတွက် ရွေးကောက်တက်မြှောက်ရန် ကိုယ်စားလှယ်အရေအတွက်သည် ၇၅%သာ ဖြစ်ရာ ၁၁ ယောက်နှင့် ရ ယောက် ဘော်လုံး ကန်သကဲ့သို့အခြေအနေမျိုးဟု ကျနော်တို့နားလည်သဘောပေါက်ပါသည်။

တဖန် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ တဦးဖြစ်သူ ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင်ဥက္ကဌခန့်၍ ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲ ကျင်းပစေခိုင်းခြင်းသည် အထက်ပါဘောလုံးပြိုင်ပွဲသဓကအတိုင်း တဖက်အသင်း၏နည်းပြချူပ်ကိုဒိုင်သူကြီးလုပ်ခိုင်းသည်နှင့်တူပါသည်။မည်သူ ကတရားမျှတမည်ဟု အာမခံမည်နည်း။သေချာသည်တခုမှာ တာဝန်ပေးသောပုဂ္ဂိုလ်နှင့်တာဝန်လက်ခံသောပုဂ္ဂိုလ်တို့ အနေနှင့်မည်မျှတရားမျှတပါမည်ဟု အကြိမ်ကြိမ်ဂတိစားများဆိုသော်လည်း လုပ်ရပ်မှာလူကြီးလူကောင်းမဆန်သော လုပ်ရပ်အဖြစ်ကျနော်တို့မှ မြင်ပါသည်။ မြန်မာနိုင်ငံတွင် ဦးတင်အေးမှလွဲ၍ အခြားတာဝန်ယူနိုင်သောပုဂ္ဂိုလ်မရှိတော့ဘူး လားဟူသောမေးခွန်းသည်သမ္မတဦးသိန်းစိန်နှင့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးတို့အတွက် အလွန်ရှက်ဖွယ် ဖြစ်ပါသည်။ကျနော်တို့အနေနှင့် ဦးတင်အေးအား ပုတ်ခတ်ပြောဆိုနေခြင်းမဟုတ်ပါ။ လုပ်ငန်းစဉ်မှာ လူကြီးလူကောင်း မဆန်သော အလွန်စိတ်ပျက်စရာကောင်းသောလုပ်ရပ်ဖြစ်နေသောကြောင့်ဖြစ်ပါသည်။

ရွေးကောက်ပွဲကော်မရှင်ဆိုတာ

ဥက္ကဌ
ကြည်း ၁၁၂၃၆၊ ဒုဗိုလ်ချုပ်ကြီးတင်အေး၊ စတသ(၉)
ညွှန်ချုပ်
ကြည်း ၁၈၈၈၀၊ ဒုဗိုလ်မှူးကြီးတင်ထွန်း
ဒုညွှန်ချုပ်
ကြည်း ၂၅၁၈၂၊ ဒုဗိုလ်မှူးကြီးဇေယျဇော်၊ ဗသက(၈၈)
ကြည်း ၁၈၈၆၆၊ ဒုဗိုလ်မှူးကြီးစိုးကျော်ဦး၊ စတသ(၂၆)
ကြည်း ၂၂၅၅၉၊ ဒုဗိုလ်မှူးကြီးနေမျိုး၊ စတသ(၃၂)

ညွှန်မှူး
(၁) ကြည်း ၁၇၀၆၃၊ ဒုဗိုလ်မှူးကြီးကျော်မင်း၊ ဗသက(၆၃)
(၂) ကြည်း ၁၉၆၇၁၊ ဗိုလ်မှူးဝင်းဦးခိုင်
(၃) ဗိုလ်မှူးရဲရင့်လွင်
(၄) ဗိုလ်မှူးညွန့်တင်
(၅) ဗိုလ်မှူးသိန်းဦး

(တိုင်းနှင့်ပြည်နယ်အဆင့်ရွေးကောက်ပွဲကော်မရှင် = ဒုညွှန်မှူး)
(၁) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည်း ၂၂၅၇၈၊ ဗိုလ်မှူးခင်ဇော်ထွန်း၊ စတသ(၃၂)
(၂) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မန္တလေးတိုင်းဒေသကြီး၊ ကြည်း ၂၅ဝ၉၈၊ ဗိုလ်မှူးကျော်ကျော်စိုး၊ စတသ(၃၅)
                                                                    လထညွှန်မှူး၊ ကြည်း ၂၉၄၃၇၊ ဗိုလ်မှူးအောင်မျိုးဆန်း
(၃) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကြည်း ၂၇၁၄၁၊ ဗိုလ်မှူးအောင်မျိုးလွင်၊ စတသ(၃၇)
(၄) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တနင်္သာရီတိုင်းဒေသကြီး၊ကြည်း ၃ဝ၂၉၄၊ ဗိုလ်မှူးထိန်လင်းဦး၊ တေဇ(၂၅)
(၅) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပဲခူးတိုင်းဒေသကြီး၊ ကြည်း ၂၄၁၈၂၊ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗသက(၈၅)
(၆) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မကွေးတိုင်းဒေသကြီး၊ ကြည်း ၂၉၄၆၈၊ ဗိုလ်မှူးစိုးထွဋ်ဦး၊ စတသ(၃၉)
(၇) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ဧရာဝတီတိုင်းဒေသကြီး၊ ကြည်း ၂၄၉၄၉၊ ဗိုလ်မှူးမျိုးသန့်ကျော်၊ တေဇ(၂ဝ)
                                                          လက်ထောက်ညွှန်မှူး ကြည်း ၂၂၅၉၅၊ ဗိုလ်မှူးရဲမြင့်ထွန်း၊ စတသ(၃၂)
(၈) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကချင်ပြည်နယ်၊ ကြည်း၂၆၇၆၁ ၊ ဗိုလ်မှူးထွန်းအောင်ခိုင်၊ တေဇ(၂၂)
(၉) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကယားပြည်နယ်၊ ကြည်း၂၅၀၁၂၊ ဗိုလ်မှူးကျော်ဆန်းဝင်း၊ တေဇ(၂၀)
(၁၀) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကရင်ပြည်နယ်၊ ကြည်း ၂၂၄၃၉၊ ဗိုလ်မှူးမိုးကျော်သူ၊ တေဇ(၁၇)
(၁၁) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ချင်းပြည်နယ်၊ ကြည်း ၂၅၇၈၃၊ ဗိုလ်မှူးလင်းကျော်၊ တေဇ(၂၁)
(၁၂) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မွန်ပြည်နယ်၊ ကြည်း ၂၉ဝ၈၁၊ ဗိုလ်မှူးဟိဏ်းလင်းထက်၊ တေဇ(၂၄)
                                                             လထညွှန်မှူး၊ ကြည်း ၂၄၂၇၀၊ ဗိုလ်မှူးခင်မောင်လွင်၊ ဗသက(၈၅)
(၁၃) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရခိုင်ပြည်နယ်၊ ကြည်း ၂၅၈၄၀၊ ဗိုလ်မှူးသူရိန်ထွဋ်၊ တေဇ(၂၁)
(၁၄) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရှမ်းပြည်နယ်၊ ကြည်း ၃၁၇၈ဝ၊ ဗိုလ်မှူးသန်းလွင်မြင့်၊ စတသ(၄၁)
                                                            လထညွှန်မှူး၊ ကြည်း ၂၆၇၇၅၊ ဗိုလ်မှူးနှစ်ဆန်းဦး၊ တေဇ(၂၂)
(၁၅) နေပြည်တော်နယ်မြေရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်၊(မသိသေးပါ)

(၁၆) ဗိုလ်မှူးစန်းမြင့်
(၁၇) ဗိုလ်မှူးလှမောင်ချို
(၁၈) ဗိုလ်မှူးအောင်မျိုးသန့်
(၁၉) ဗိုလ်ကြီးကောင်းမြတ်ဟိန်းသူ
(၂၀) ဗိုလ်ကြီးထွန်းထွန်းဦး

(ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်= လက်ထောက်ညွှန်မှူး)
(၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်မြောက်၊ ကြည်း ၂၇၄၂၃၊ ဗိုလ်မှူးအောင်စိုးဝင်း၊ ဗသက(၉၄)
(၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်တောင်၊ ကြည်း ၂၆၁၄၅၊ ဗိုလ်မှူးကျော်မင်းဇော်၊ ဗသက(၉၁)
(၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကြည်း ၃၁၇၈၄၊ ဗိုလ်မှူးမင်းကိုအောင် ၊ စတသ(၄၁)
(၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည်း ၃၁၃၈၃၊ဗိုလ်မှူးအာကာသောင်း၊ စတသ(၄၁)
(၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကြည်း ၂၃၉၂၂၊ ဗိုလ်မှူးသန်းဇော်ထွေး၊ စတသ(၃၄)
(၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြည်း ၂၃၀၉၈၊ ဗိုလ်မှူးမိုးသက်ထူး၊ တေဇ(၁၈)
(၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မန္တလေးခရိုင်၊ကြည်း ၂၅၁၁၅၊ ဗိုလ်မှူးတင်မင်းအေး၊ စတသ(၃၅)
(၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပြင်ဦးလွင်ခရိုင်၊ ကြည်း ၂၉၈၇ဝ၊ ဗိုလ်မှူးသန့်စင်စိုး
(၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြင်းခြံခရိုင်၊ ကြည်း ၃၃၃ဝ၅၊ ဗိုလ်မှူးအောင်ဇော်၊ စတသ(၄၃)
(၁၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိတ္ထီလာခရိုင်၊ ကြည်း ၂၃ဝ၁ဝ၊ ဗိုလ်မှူးကျော်စိုးနိုင်၊ တေဇ(၁၈)
(၁၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ညောင်ဦးခရိုင်၊ ကြည်း ၂၇၅၅၉၊ ဗိုလ်မှူးနေမျိုးဝင်း၊ ဗသက(၉၄)
(၁၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်ဆည်ခရိုင်၊ ကြည်း ၂၁၆၅၃၊ ဗိုလ်မှူးအောင်ဟိန်း၊ တေဇ(၁၆)
(၁၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရမည်းသင်းခရိုင်၊ ကြည်း ၂၇၂၉၁၊ ဗိုလ်မှူးထွန်းထွန်းဝင်း
(၁၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်ကိုင်းခရိုင်၊ ကြည်း ၃၁၄၅၇၊ ဗိုလ်မှူးဇော်နောင်လတ်၊ စတသ(၄၁)
(၁၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မုံရွာခရိုင်၊ ကြည်း ၂၆ဝဝ၅၊ ဗိုလ်မှူးသောင်းဒန်၊ စတသ(၃၆)
(၁၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရွှေဘိုခရိုင်၊ ကြည်း ၂၉၁၅၅၊ ဗိုလ်မှူးအောင်မင်းဦး၊ တေဇ(၂၄)
(၁၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကလေးခရိုင်၊ ကြည်း၂၈၁ဝ၇၊ ဗိုလ်မှူးသန့်ဇင်အောင်၊ စတသ(၃၈)
(၁၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မော်လိုက်ခရိုင်၊ ကြည်း ၂၄၃၁၅၊ ဗိုလ်မှူးကျော်အောင်၊ ဗသက(၈၅)
(၁၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကသာခရိုင်၊ ကြည်း၂၃ဝ၉၃၊ ဗိုလ်မှူးအောင်မင်းဦး၊ တေဇ(၁၈)
(၂၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ယင်းမာပင်ခရိုင်၊ ကြည်း ၊ ဗိုလ်မှူးအောင်ဇော်သန့်၊
(၂၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တမူးခရိုင်၊ ကြည်း၃ဝ၄၇၁၊ ဗိုလ်မှူးဇော်မိုးမြင့်၊ စတသ(၄ဝ)
(၂၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ထားဝယ်ခရိုင်၊ ကြည်း ၂၅၂၇၄၊ ဗိုလ်မှူးသက်ထူးတင်၊ ဗသက(၈၈)
(၂၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကော့သောင်းခရိုင်၊ (မသိရသေးပါ)
(၂၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြိတ်ခရိုင်၊ ကြည်း ၂၇၄၅၅၊ ဗိုလ်မှူးလှိုင်ဘွား၊ ဗသက(၉၄)
(၂၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပဲခူးခရိုင်၊ ကြည်း ၃၁ဝ၇ဝ၊ ဗိုလ်မှူးမင်းသက်နောင်၊ တေဇ(၂၆)
(၂၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တောင်ငူခရိုင်၊ ကြည်း ၂၇၁၆၆၊ ဗိုလ်မှူးကိုကိုဦး၊ စတသ(၃၇)
(၂၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပြည်ခရိုင်၊ ကြည်း၂၄၂၅၇၊ ဗိုလ်မှူးဝေနော်၊ ဗသက(၈၅)
(၂၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သာယာဝတီခရိုင်၊ ကြည်း ၂၃၁၆၆၊ ဗိုလ်မှူးထွန်းလွင်၊ စတသ(၃၃)
(၂၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မကွေးခရိုင်၊ ကြည်း ၃ဝ၅ဝ၈၊ ဗိုလ်မှူးမျိုးသန့်၊ စတသ(၄ဝ)
(၃၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မင်းဘူးခရိုင်၊ ကြည်း ၂၈၇၂၁၊ ဗိုလ်မှူးတင်ခိုင်ဇော်၊ ဗသက(၉၇)
(၃၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပခုက္ကူခရိုင်၊ ကြည်း ၂၁၁၁၆၊ ဗိုလ်မှူးဇော်သူ၊ တေဇ(၁၅)
(၃၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သရက်ခရိုင်၊ ကြည်း၂၄၁၁၆၊ ဗိုလ်မှူးဝင်းနိုင်၊ ဗသက(၈၅)
(၃၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဂန့်ဂေါခရိုင်၊ ကြည်း ၃ဝ၃၈၅၊ ဗိုလ်မှူးဇေတိုးအောင်၊ စတသ(၄ဝ)
(၃၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပုသိမ်ခရိုင်၊ကြည်း ၂၅၁၁၂၊ ဗိုလ်မှူးဇော်နိုင်ဦး၊ စတသ(၃၅)
(၃၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြောင်းမြခရိုင်၊ ကြည်း ၃၁ဝ၉၁၊ ဗိုလ်မှူးကျော်ဆန်းဝင်း၊ တေဇ(၂၆)
(၃၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဟင်္သာတခရိုင်၊ ကြည်း ၂၈၄၂၈၊ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗသက(၉၇)
(၃၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မအူပင်ခရိုင်၊ ကြည်း ၂၅ဝ၇၂၊ ဗိုလ်မှူးမြင့်နိုင်၊ စတသ(၃၅)
(၃၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖျာပုံခရိုင်၊ ကြည်း ၂၅၂ဝ၀၊ ဗိုလ်မှူးဇော်မင်းထွန်း၊ ဗသက(၈၈)
(၃၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လပွတ္တာခရိုင်၊ ကြည်း ၃၃၂၇၇၊ ဗိုလ်မှူးမင်းစိုးဦး၊ စတသ(၄၃)
(၄၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊မြစ်ကြီးနားခရိုင်၊ ကြည်း ၂၆၈၁၃၊ ဗိုလ်မှူးကျော်စိုးအောင်၊ တေဇ(၂၂)
(၄၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဗန်းမော်ခရိုင်၊ကြည်း ၂၈၅၅၈၊ ဗိုလ်မှူးကျော်သိန်းဦး၊ တေဇ(၁၈)
(၄၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပူတာအိုခရိုင်၊ ကြည်း ၂၈၅၈၅၊ ဗိုလ်မှူးအောင်ကျော်ဆင့်၊ ဗသက(၉၇)
(၄၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုးညှင်းခရိုင်၊ ကြည်း ၃ဝ၄၅၈၊ ဗိုလ်မှူးမျိုးမင်းဦး၊ စတသ(၄ဝ)
(၄၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လွိုင်ကော်ခရိုင်၊ ကြည်း ၃ဝ၃၈၈၊ ဗိုလ်မှူးညီညီမင်း၊ စတသ(၄ဝ)
(၄၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဘောလခဲခရိုင်၊ ကြည်း ၃ဝ၃၅၃၊ ဗိုလ်မှူးကျော်လင်း၊ စတသ(၄၀)
(၄၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဘားအံခရိုင်၊ ကြည်း ၂၅၂၅၄၊ ဗိုလ်မှူးမောင်မောင်နိုင်၊ ဗသက(၈၈)
(၄၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကော့ကရိတ်ခရိုင်၊ ကြည်း ၃ဝ၂၁၅၊ ဗိုလ်မှူးဝေဠုအောင်၊ တေဇ(၂၅)
(၄၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖာပွန်ခရိုင်၊ ကြည်း ၂၇၄၅၃၊ ဗိုလ်မှူးကျော်ကျော်ထွန်း၊ ဗသက(၉၄)
(၄၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြဝတီခရိုင်၊ ကြည်း ၃ဝ၄၆၂၊ ဗိုလ်မှူးလင်းနိုင်စိုး၊ စတသ(၄ဝ)
(၅၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဟားခါးခရိုင်၊ ကြည်း ၃ဝ၄၁၆၊ ဗိုလ်မှူးမျိုးမင်း၊ စတသ(၄ဝ)
(၅၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖလမ်းခရိုင်၊ ကြည်း ၃ဝ၂၄၈၊ ဗိုလ်မှူးမျိုးမင်းစိုး၊ တေဇ(၂၅)
(၅၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မင်းတပ်ခရိုင်၊ ကြည်း ၂၇၈၆၄၊ ဗိုလ်မှူးသောင်းတင်ငြိမ်း၊ တေဇ(၂၃)
(၅၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊မော်လမြိုင်ခရိုင်၊ ကြည်း ၂၈၆၈၃၊ ဗိုလ်မှူးထင်ကျော်၊ ဗသက(၉၇)
(၅၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သထုံခရိုင်၊ ကြည်း၂၈၆၆ဝ၊ ဗိုလ်မှူးသက်နိုင်ဦး၊ ဗသက(၉၇)
(၅၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်တွေခရိုင်၊ ကြည်း ၃ဝ၁၉၉၊ ဗိုလ်မှူးဇော်လင်းဦး၊ တေဇ(၂၅)
(၅၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်ဖြူခရိုင်၊ ကြည်း ၃ဝ၁၃၁၊ ဗိုလ်မှူးဌေးအောင်ခိုင်၊ တေဇ(၂၅)
(၅၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သံတွဲခရိုင်၊ ကြည်း ၂၉၁၂၃၊ ဗိုလ်မှူးသိန်းဦး၊ တေဇ(၂၄)
(၅၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ဘူးသီးတောင်ခရိုင်၊ (မသိရသေးပါ)
(၅၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြောက်ဦးခရိုင်၊ (မသိရသေးပါ)
(၆၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မောင်တောခရိုင်၊ ကြည်း ၃၁ဝ၁၁၊ ဗိုလ်မှူးဆန်းဝင်းထွန်း၊ တေဇ(၂၆)
(၆၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တောင်ကြီးခရိုင်၊ ကြည်း ၁၉၄၁၄၊ ဗိုလ်မှူးဇော်မြင့်ဝင်း၊ တေဇ(၁၂)
(၆၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လွိုင်လင်ခရိုင်၊ ကြည်း ၂၆၈၂၁၊ ဗိုလ်မှူးသိန်းနိုင်၊ တေဇ(၂၂)
(၆၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လင်းခေးခရိုင်၊ ကြည်း ၂၅၂၂၉၊ ဗိုလ်မှူးကျော်မိုး၊ ဗသက(၈၈)
(၆၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လားရှိုးခရိုင်၊ ကြည်း ၂၇၈၇၈၊ ဗိုလ်မှူးအောင်စိုးမင်း၊ တေဇ(၂၃)
(၆၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်မဲခရိုင်၊ ကြည်း ၂၆၁၄၇၊ ဗိုလ်မှူးကျော်ကျော်၊ ဗသက(၉၁)
(၆၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မူဆယ်ခရိုင်၊ ကြည်း ၃ဝ၅၁၂၊ ဗိုလ်မှူးအောင်ကျော်စိုး၊ စတသ(၄၀)
(၆၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တာချီလိတ်ခရိုင်၊ ကြည်း ၃ဝ၁၈၅၊ ဗိုလ်မှူးရန်နောင်စိုး၊ တေဇ(၂၅)
(၆၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုးမိတ်ခရိုင်၊ ကြည်း ၂၇၄၉၉၊ ဗိုလ်မှူးမောင်မောင်တင်၊ ဗသက(၉၄)
(၆၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျိုင်းတုံခရိုင်၊ ကြည်း ၂၆၂၆၇၊ ဗိုလ်မှူးကျော်ထူး၊ ဗသက(၉၁)
(၇၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုင်းဆတ်ခရိုင်၊ (မသိသေးပါ)
(၇၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုင်းဖြတ်ခရိုင်၊ (မသိသေးပါ)
(၇၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ (မသိသေးပါ)

(၇၃) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၀၇၁၊ ဗိုလ်မှူးဝင်းဇော်၊ ဗသက(၈၅)
(၇၄) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၂၀၁၊ ဗိုလ်မှူးနေမျိုး၊ ဗသက(၈၅)
(၇၅) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၂၁၅၊ ဗိုလ်မှူးသိန်းစိုး၊ ဗသက(၈၅)
(၇၆) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၂၄၂၊ ဗိုလ်မှူးဇော်မင်း၊ ဗသက(၈၈)
(၇၇) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၃၀၄၊ ဗိုလ်မှူးဇော်ဝင်းထိုက်
(၇၈) လက်ထောက်ညွှန်မှူး၊ ကြည်း ၃၁၁၂၇၊ ဗိုလ်မှူးအောင်သူရ၊ တေဇ(၂၆)
(၇၉) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၀၂၆၇၊ ဗိုလ်မှူးစိုးမင်း

ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၅၅၄၊ ဗိုလ်မှူးတင်မောင်လတ်
ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၆၂၁၃၊ ဗိုလ်မှူးတင့်နိုင်မောင်
ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၉၇၅၆၊ ဗိုလ်မှူးရဲခေါင်
ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ (စီမံ/ထောက်ပံ့/ဘဏ္ဍာ) ဗိုလ်ကြီးဝင်းလွင်ဦး၊ စတသ(၄၇)
ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ဗိုလ်ကြီးထွန်းမင်းလတ်၊ ဗသက(၁၀၅)

(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုရဲ့ ရွေးကောက်ပွဲကြီးကြပ်သူအရာရှိများ)
(၁) လထညွှန်ကြားရေးမှူး၊ ပအိုဝ်း၊ ကြည်း ၂၄၂၇၈၊ ဗိုလ်မှူးကိုကိုအောင်၊ ဗသက(၈၅)
(၂) လထညွှန်ကြားရေးမှူး၊ ကိုးကန့် (လောက်ကိုင်ခရိုင်)၊ ကြည်း၃ဝ၂၇၆၊ ဗိုလ်မှူးကျော်စွာဦး၊ တေဇ(၂၅)
                                   ဟိုပန်ခရိုင်၊ ကြည်း၂၉၄၅၃၊ ဗိုလ်မှူးနိုင်ဝင်းစိုး၊ စတသ(၃၉)
(၃) လထညွှန်ကြားရေးမှူး၊ ဝ ၊ ကြည်း ၃ဝ၉၃ဝ၊ ဗိုလ်မှူးမျိုးမင်းထိုက်၊ တေဇ(၂၆)
(၄) လထညွှန်ကြားရေးမှူး၊ ပလောင်၊ ကြည်း ၂၈ဝ၁ဝ၊ ဗိုလ်မှူးခွန်အောင်မျိုးဆွေ၊ တေဇ(၂၃)
(၅) လထညွှန်ကြားရေးမှူး၊ ဓနု၊ ကြည်း ၂၈ဝ၄၂၊ ဗိုလ်မှူးသန်းဇော်ဦး၊ တေဇ(၂၃)
(၆) လထညွှန်ကြားရေးမှူး၊ နာဂ၊ (မသိသေးပါ)

(မြို့နယ်ရွေးကောက်ပွဲကော်မရှင်အချို့)
(၁) မြို့နယ်ဦးစီးအရာရှိ၊ မြောက်ဥက္ကလာပမြို့နယ်၊ ကြည်း၃၈၆၈၉၊ ဗိုလ်ကြီးဝင်းမျိုးထက်၊ စတသ(၄၆)
(၂) မြို့နယ်ဦးစီးအရာရှိ၊ မင်္ဂလာဒုံမြို့နယ်၊ ကြည်း ၂၉၄၄၅၊ ဗိုလ်ကြီးတင်မောင်အေး၊ စတသ(၃၉)
(၃) မြို့နယ်ဦးစီးအရာရှိ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကြည်း ၅၁၀၆၆၊ ဗိုလ်ကြီးနန္ဒအောင်၊ စတသ(၅၀)
(၄) မြို့နယ်ဦးစီးအရာရှိ၊ လမ်းမတော်မြို့နယ်၊ ကြည်း ၃၅၅၈၃၊ ဗိုလ်ကြီးအောင်အောင်၊ စတသ(၄၅)
(၅) မြို့နယ်ဦးစီးအရာရှိ၊ မကွေးမြို့နယ်၊ ကြည်း ၂၈၅၉၅၊ ဗိုလ်ကြီးစောလွင်၊ ဗသက(၉၇)
(၆) မြို့နယ်ဦးစီးအရာရှိ၊ ချမ်းအေးသာဇံမြို့နယ်၊ ကြည်း၄၅၁၀၃၊  ဗိုလ်ကြီးကျော်ကျော်မြင့်၊ စတသ(၄၈)
(၇) မြို့နယ်ဦးစီးအရာရှိ၊ မိုးကုတ်မြို့နယ်၊ ကြည်း ၅၂၇၈၆၊ ဗိုလ်ကြီးလွင်မျိုးအောင်၊ စတသ(၅၁)
(၈) မြို့နယ်ဦးစီးအရာရှိ၊ တပ်ကုန်းမြို့နယ်၊ ကြည်း ၂၉၇၂၃၊ ဗိုလ်ကြီးခင်မောင်ဦး၊ ဗသက(၉၉)
(၉) မြို့နယ်ဦးစီးအရာရှိ၊ ဖျာပုံမြို့နယ်၊ ကြည်း ၄၂၆၄၃၊ ဗိုလ်ကြီးအောင်သူ
(၁၀) ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဦးစီးအရာရှိ၊ ကြည်း ၃၂၄၅၉၊ ဗိုလ်ကြီးဦးထွန်းရွေ
(၁၂) ရုံးချုပ်၊ ဦးစီးအရာရှိ၊ ကြည်း ၂၈၅၉၅၊ ဗိုလ်ကြီးခွန်မြတ်ဆန်းထွန်း၊ စတသ(၄၈)
(၁၃) …မှတ်ချက်။ စတသ-(DSA) စစ်တက္ကသိုလ်ဆင်း၊ ဗသက- (OTS) တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းဆင်း၊ တေဇ-အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း။

ဤပုဂ္ဂိုလ်များကိုရွေးကောက်ပွဲနီးကာမှ အမြန်ခန့်ထားခြင်းဖြစ်ပါသည်။ရွေးကောက်ပွဲကော်မရှင်ကို စစ်သားများသာတာဝန်ယူဆောင်ရွက် ရမည်ဟု ဥပဒေမရှိသည်မှာသေချာပါသည်။အဘယ်ကြောင့် အရပ်သားတဦးတလေမှ ရွေးကောက်ပွဲကော်မရှင်တွင်မပါရပါသနည်း။ သေချာသည်မှ အရပ်သားများမသိအောင် လျှို့ ဝှက်ဆောင်ရွက်ရန်ကိစ္စများကို ပိပိရိရိဆောင်ရွက်ရန်ဖြစ်သည်ဆိုသည်မှာအလွန် သေ ချာသော သုံးသပ်မှုဟု ပြောရပါလိမ့်မည်။ယ္ခုအခင်းအကျဉ်းသည် နိုင်ငံရေးကိစ္စုဖြစ်ပါသည်။စစ်ရေးလျှို့ ဝှက်ချက်တခုမှမပါပါ။အတတ် နိုင်ဆုံ ပွင့်လင်းမြင်သာရန်ကြိုးစားဘို့သာလိုပါသည်။လူထုအပါအ၀င် နိုင်ငံရေးပါတီများ နိုင်ငံတကာအဖွဲ့ အစည်းများမှ ရွေးကောက်ပွဲ ကော်မရှင်အား ပွင့်လင်းမြင်သာရန် တောင်းဆိုနေချိန်၊ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရမည့်တာဝန် မလွဲမသွေရှိနေစဉ် ဤဆောင်ရွက် မှုမျိုးသည် ကော်မရှင်၏တရားမျှတမှုအပေါ် သံသရဖြစ်ရန်ခိုင်လုံသော အကြောင်းတရပ်အဖြစ် ကျနော်တို့မှ ရှုမြင်ကြပါသည်။

မဲစာရင်းမမှန်ရင် ရွေးကောက်ပွဲ ရလဒ်က ကောင်းမှာ မဟုတ်ဘူး။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် ၁၃ ရပ်ကွက်မှ ရပ်/ကျေး ကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း မှ  ဧရာဝတီမဂ္ဂဇင်းနှင့် အင်တာဗျူး တွင် အောက်ပါအတိုင်း စိတ်မကောင်းစွာ ရင်ဖွင့်ထားသည်။

(စာရင်းရှိပြီး လူရှိ အမှန်တကယ်နေနေသူတွေ ၁၁၀၀၀ ကျော်လောက် ရှိတယ်။ အဲဒီထဲမှာ ပထမအကြိမ်က အချက်အလက်   အမှား ၄၀၀၀ ကျော် ရှိတယ်။ ကျနော်တို့ အားလုံးပြင်ပေးလိုက်ပြီးပြီ။ ဒါပေမယ့် ကျနော်တို့ကသာ တင်ပေးတယ်။ ပြန်ထွက်လာတော့  အဲဒီ အတိုင်း ပြန်ထွက်လာတယ်။ အရင်တင်ထားတဲ့အတိုင်းကိုမှ ဗြောက်သောက်ဖြစ်ပြီး ပြန်ထွက်လာတယ်။ အရင် ပါတဲ့  သူတွေတောင် အခု ပြန်မပါတော့တာတွေ တွေ့ရတယ်။ အခု ကျနော့်ရုံးမှာ ၂ မျိုး ကပ်ထားတယ်။ ပထမအကြိမ်က စာရင်းရော၊ ဒုတိယအကြိမ် စာရင်း ပါ ကပ်ပေးထားတယ်။ အဲဒီ ၂ ခုမှာ ပထမအကြိမ်ကပ်ထားတဲ့ မဲကကြည့်ရလွယ်တယ်။ဒုတိယအကြိမ် မဲစာရင်းက ကြည့်ရမလွယ်ဘူး ဆိုတာကို ပြည်သူလူထု သိအောင်ယှဉ်ပြထားတာပါ။)

အပြည့်အစုံကိုအောက်ပါလင့်မှာဖတ်ရှုနိုင်ပါသည်။

http://burma.irrawaddy.org/interview/2015/09/19/94999.html

မဲစာရင်းတွေ လူတွေပြောကြဆိုကြတဲ့ကြားက ဘာကြောင့်ဒီလောက်မှားယွင်းရပါသနည်း။နိုင်ငံတကာတွင်မဲစာရင်းမှန်ကန်ရေးမှာ ကော် မရှင်၏တာဝန်သာ ဖြစ်ပါသည်။အလွန်ဆုံး ၁%မှ၅%ကြားမှာ အတော်များလှပါသည်။ မဲစာရင်းမှန်ကန်ရေးကိုတာဝန်မယူနိုင်ပါက အစ ကထဲကပင် ကော်မရှင်တာဝန်ကိုမယူသင့်ပေ။ ဥက္ကဌဆိုသူမှာလုံးဝတာဝန်ရှိပါသည်။ ခက်သည်မှာ မဲစာရင်းမှန်ကန်ရေးကိုလဲ မြန်မာနိုင် ငံတွင် ကိုယ်ထူကိုယ်ထလုပ်နေကြရပြန်ပါသည်။ု မြန်မာနိုင်ငံတွင်ကိုယ်ထူကိုယ်ထ အလွန်ခေတ်စားပါသည်။ မွေးရာမှသေသည်အထိ ကိုယ်ထူကိုယ်ထလုပ်ရသောနိုင်ငံအဖြစ် ကမ္ဘာတွင်ပေဦးတော့မည်။ ကိုယ်ထူကိုယ်ထ ကုသိုလ်ဖြစ်ဆေးခန်းတွင်မွေး သို့မဟုတ် အရပ် လက်သည်ဖြင့်မွေး၊ ကိုယ်ထူကိုယ်ထကျောင်းတွင်ပညာသင်၊ ကိုယ်ထူကိုယ်ထအလုပ်ရှာ (နိုင်ငံတကာတွက် ကိုယ်ထူကိုယ်ထကျွန်ခံ)၊ သေသောအခါတွင် ကိုယ်ကျော်သူတို့ ကိုယ်ထူကိုယ်ထ ထူထောင်ထားသော ကုသိုလ်ဖြစ်မော်တော်ယဉ်ဖြင့် သချူင်္ိသို့သွားကြရပါသည်။

အစိုးရကမည်သည့်တာဝန်ယူမည်နည်း။

ရွေးကောက်ပွဲဆိုသည်မှာ မဲအနည်းအများ အရယှဉ်ပြိုင်ခြင်းဖြစ်ပေရာ မဲလိမ် မဲခိုး မဖြစ်စေရန် အလွန်အရေးကြီးပါသည်။

၁။ နိုင်ငံရပ်ခြားတွင် တရားဝင်ဖြစ်စေ တရားမ၀င်ဖြစ်စေ နေထိုင်အလုပ်လုပ်နေသူပေါင်း ၃သန်းခန့်ရှိသည်ဟု ခန့်မှန်းနိုင်သည်။ ထိုသူများ မှာ ဗမာပြည်သို့ပြန်၍ မဲထည့်နိုင်ရန်အခြေအနေ အလွန်နည်းပါသည်။ထို့ကြောင့် ထိုအရေအတွက်သည် မဲခိုးမဲလိမ်ရန်အလွန်စိုးရိမ်ရ သော အရေအတွက်တခုပင်ဖြစ်ပါသည်။

၂။ ဘုန်းတော်ကြီး သောင်းဂဏန်းခန့် လတ်တလောစာရင်းပေါက်နေခြင်းသည်လည်း မဲခိုးမဲလိမ်ရန် အလွန်စိုးရိမ်ရသော အရေအတွက် တခုပင်ဖြစ်ပါသည်။

၃။ စစ်သားဦးရေ ၂သိန်းကျော်၏ အမှန်တကယ်ဆန္ဒရယူရန် ဆိုလိုသည်မှာ လွတ်လပ်စွာ မဲပေးခွင့်သည်လည်း မဲခိုးမဲလိမ်ရန် အလွန် စိုးရိမ်ရသော အရေအတွက်တခုပင်ဖြစ်ပါသည်။

၎။ ကြံ့ဖွံ့ လက်ပါးစေ လက်ခွဲပါတီတွေ များပြားနေခြင်းသည်လည်း မဲခိုးမဲလိမ်ရန် အလွန် စိုးရိမ်ရသော အရေအတွက် တခုပင်ဖြစ်ပါ သည်။

မည်သို့ဆိုစေ လူထုအများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကိုမဲပေးမှာ သေချာသည်။
မည်သို့ဆိုစေ ၁၉၉၀ လူထုဆန္ဒသည် စက္ကူစုတ်ဖြစ်ခဲ့ပါသည်။
မည်သို့ဆိုစေ ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေး လူထုလက်မှတ် ၅သန်းသည်လည်း စက္ကူစုတ်ဖြစ်ခဲ့ရပါသည်။
မည်သို့ဆိုစေ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်သ၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သကဲ့သို့ လွတ်တော်တွင်လည်း အ၀ါကဒ် အနီကဒ်များကိုင်ဆောင်ထားသော အစိမ်းဝတ်ဖျက်မြင်းများနှင့်အပေါင်းပါများကသာ မဲလိမ်မဲခိုးခြင်းဖြင့် အများစုဖြစ်ဦးမှာ သေချာနေ ကြောင်းပါဗျား။

ကိုအောင်မှိုင်း

ကာတွန်း စောငို - မဲ တို့၏ မာယာ

$
0
0

ကာတွန်း စောငို - မဲ တို့၏ မာယာ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

မောင်မောင်စိုး - စစ်တပ်ကလည်း ပြည်သူလူထုအပေါ်နားလည်မှုရှိရန်လိုသည်

$
0
0

မောင်မောင်စိုး - စစ်တပ်ကလည်း ပြည်သူလူထုအပေါ်နားလည်မှုရှိရန်လိုသည်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅


တလျောက်လုံးကြားခဲ့ရသည်။ ယနေ့တိုင်လည်းကြားရဆဲ ဖြစ်သည်။ ၎င်းမှာ တပ်မတော်ပေါ်နားလည်မှုရှိဘို့ စစ်တပ်အပေါ် နားလည်မှုရှိဘို့ဆိုသည်ဖြစ်၏။ အမှန်ကတော့ အပြန်အလှန်ဖြစ် သည်။ စစ်တပ်အပေါ်နားလည်မှုရှိစေလိုလျင် စစ်တပ်ကလည်း လူထုနားလည်မှုရှိဘို့လိုသည်ကို လေးနက်ဘို့လိုသည်။

လူထုက ဒေါ်စုနှင့် NLD ကိုသဲသဲလှုပ် ဘာကြောင့်ထောက် ခံနေကြပါသလဲ။ စစ်တပ်အနေနှင့်ရော လေးလေးနက်နက် စဉ်း စားကြည့်ခဲ့သလား။ ထိုလူထုသည် မလာမနေရခေါ်ထားသူ တဦးမှမပါသည်ကို စစ်တပ်အနေနှင့် ကောင်းကောင်းသိသင့်ပါ သည်။ အလားတူပင် ၄၃၆ ပြင်ရန် လက်မှတ်ထိုးသော လူငါးသန်း သည် အမှန်အကန်ဖြစ်သည်ကို စစ်တပ်အနေနှင့် ကောင်းကောင်း သိသင့်ပါသည်။ စစ်တပ်အနေနှင့် လူထုကဘာကြောင့်အပြောင်းအလဲလိုချင် သည်ကို မျက်ကွယ်မပြုသင့်။ ဘာကြောင့် အပြောင်းအလဲလိုချင် သည်ကို ကောင်းစွာနားလည်မှုရှိဘို့လိုသည်။

လူထုအပြောင်းအလဲလိုချင်သည်မှာ ရိုးရိုးလေးဖြစ်သည်။ လူတိုင်းချမ်းသာချင်၍ ဖြစ်သည်။ လက်ရှိ စစ်တပ်အုပ်ချုပ်မှုအောက်တွင် မွဲပြာကြနေ၍ ဖြစ်သည်။ စင်္ကာပူတွင် လက်ရှိ လီရှန်လွန်းအစိုးရ ဆက်လက် အရွေးခံရသည်။ အတိုက်အခံတို့ ရှုံးသည်။ အကြောင်းမှာ လက်ရှိ လီရှန်လွန်းအစိုးရက တိုင်းပြည်ကို ချမ်းသာအောင်လုပ်နိုင်၍ ဖြစ်သည်။ ထိုင်းတွင်စစ်တပ်က အာဏာသိမ်းသည် ။သို့သော် ပြင်းပြင်းထန်ထန် တုန့်ပြန်မှုမကြုံရ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်ကိုချမ်းသာအောင် လုပ်ထားနိုင်၍ဖြစ်သည်။ တိုင်းပြည်ချမ်းသာအောင် လူထုချမ်းသာအောင် လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်း မှာ အဓိက အကြောင်းရင်းဖြစ်သည်။

ယနေ့မြန်မာပြည်တွင် တိုင်းပြည်ကဆင်းရဲသည်။ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်သည်။ လူတဦးချင်းဝင်ငွေ များစွာနိမ့်ကျသည်။ တိုင်းပြည်ဆင်းရဲ၍ အခြေခံအဆောက်အအုံအားလုံး ယိုယွင်းချိနဲ့နေသည်။ သို့သော် အုပ်ချုပ်သူ စစ်ခေါင်းဆောင်တချို့ ကျိကျိတက် ချမ်းသာနေသည်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းတုန်းက မြန်မာပြည်သည် အရှေ့တောင်အာရှတွင် အချမ်းသာဆုံး ထိပ်ဆုံးကဖြစ်သည်။ ရန်ကုန်မြူနီစပယ်အက်ဥပဒေကို ယူ၍ စင်္ကာပူကို တည်ဆောက်ခဲ့ရသည်။ ယခုတော့ မြန်မာပြည်သည် အရှေ့တောင်အာရှတွင် နောက်ဆုံးကဖြစ်သည် အဘယ်ကြောင့်ပါနည်း။

အကြောင်းရင်းကား စစ်အာဏာရှင် စနစ်ကျင့်သုံးခြင်းကြောင့်ဖြစ်သည်။ ဥပဒေများကိုချောင်ထိုးပြီး စစ်ခေါင်းဆောင်များ နှုတ်မိန့်ဖြင့် ထင်ရာစိုင်းခဲ့၍ဖြစ်သည်။ စစ်ဗိုလ်များနှုတ်မိန့်ဖြင့် ထင်ရာစိုင်းခဲ့၍ ဖြစ်သည်။ စစ်ဗိုလ်များ တိုင်းပြည်ချမ်းသာအောင် စီးပွါးရေးမလုပ်တတ်၍ ဖြစ်သည်။ မိမိ လူတစု ချမ်းသာအောင် လုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးပြု၍ ငွေရှာခြင်းကို စီးပွါးရေးလုပ်တတ်သည်ဟု မခေါ်ပေ။

ဤသည်မှာ လက်ရှိ ပကတိအခြေအနေဖြစ်သည်။ ဤအခြေအနေအောက် တွင် လူထုကအပြောင်းအလဲ လိုလားသည်။ သို့ဖြစ်ရာ ယင်းအခြေ အနေမှန်ကို စစ်တပ်က နားလည်မှုရှိရန် လိုအပ်သည်။ စစ်တပ်အနေနှင့်လည်း လူထုအပေါ်မှန်မှန်ကန်ကန် နားလည်မှ တိုင်းပြည်အခြေအနေ မှန်မှန်ကန်ကန် နားလည်မှ အဖြေမှန်ရနိုင် မည်။ စစ်တပ်အနေနှင့် လူထုအပေါ် နားလည်မှုရှိရန်အတွက် အတားအဆီးများ ရှိနေကလည်း ကျော်လွှားရန်လိုသည်။ လူထု နှင့်နီးနီးစပ်စပ်ရှိရန်လိုသည်။ သို့သော် လူထုမဆိုထားနှင့် အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖိတ်သည့် ထမင်းစား ပွဲသို့ပင် စစ်တပ်ကိုယ်စားလည်များ မတက်ရဲခဲ့ကြ။ လူထုကို ကိုယ်စားပြုသည့် အတိုက်အခံများနှင့် ထမင်းတဝိုင်းတည်းအတူ စားပြီး နားလည်မှုမတည်ဆောက်နိုင်ခဲ့ကြပေ။

အဘယ်ကြောင့်ပါနည်း။ စစ်တပ်နှင့် လူထုနီးစပ်နားလည်သွား မည်ကို စိုးရိမ်စိတ်များရှိနေ၍လော။ အတားအဆီးများရှိနေ၍လော။ စစ်တပ်အနေနှင့် လူထုက စစ်တပ်ကို နားလည်မှုပေးပါဟု တောင်းဆိုနေရုံမျှနှင့်မပြီးပေ။ စစ်တပ်ကိုယ်တိုင်လည်း လူထုကို ခြေခြေမြစ်မြစ် နားလည်သဘောပေါက်ရန် လိုအပ်နေပေသည်။

(ဓာတ်ပုံ - စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖေ့စ်ဘွတ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် သတင်းမီဒီယာများအား တွေ့ဆုံစဉ်။ နေပြည်တော်၊ စက်တင်ဘာ- ၂၁)

ကာတွန်း အောင်မော် - ရောင်းမစားပါရစေနဲ့

$
0
0

ကာတွန်း အောင်မော် - ရောင်းမစားပါရစေနဲ့
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ပြည်သူဖက်ကတော့ .......မဲ တမဲ

$
0
0
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) ပြည်သူဖက်ကတော့ .......မဲ တမဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ပြီးခဲ့တဲ့အတိတ်ကို အနောက်ချန်.. ကန်လန့်ကာချပြီး သင်ပုန်းချေတာ မချေတာတွေ ခဏထား၊ ညီအကို မသိတသိ နေဝင်မှောင်ရီဝိုးတဝါး အချိန်ကျော်လို့ ကြယ်..လ စုံမြူးအလင်းတောက်မှ မြင်လာ ကြုံလာရတဲ့  ရန် / ငါ စည်း  ရွှေးချယ်နေ တာ ခဏရပ်ထား ၊ ဒုက္ခ..သောကကြား၊ မုန်တိုင်းကြား၊ မျက်ရည်ကြားကနေ နှလုံးသားထဲက  မဲတပြားနဲ့ မဲရုံဆီအရောက် သွားဖို့ ကျားကုတ်ကျားခဲ   အားခဲနေတာ ခဏနေပါဦးလား.......၊၊

အချိန်ကာလ ၅ နှစ်၊ ပြည်သူ့ဘဏ္ဍာငွေ ကျပ် ဘီလီယံ ၅၈၊ နိုင်ငံတကာ အကူအညီဒေါ်လာ သန်း ၂၀ တွေနဲ့ တရင်းတနှီး မြှုပ်နှံ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့တဲ့  အထွေထွေရွှေးကောက်ပွဲကြီးအတွက်   အစပထမခြေလှမ်းက  အမှားအယွင်းကြီးကြီးနဲ့ စထွက်လို့လာပါပြီလေ။

အချိန် ၅ နှစ်နီးပါး  စီမ်ပြေလက်ပြေ၊ ခေါင်းအေးအေး၊ သွေးအေးအေးနဲ့ စနစ်တကျ အကွက်ကျကျ ၊တမင်ရည်ရွှယ်ချက်ရှိရှိပြင် ဆင်ထားတဲ့ မဲစာရင်းအမှားအယွင်းက ကန်လန့်ကာဖွင့်လို့ ကပြ အသုံးတော်ခံထွက်နေပါပြီ။ ပီပီပြင်ပြင်၊ သေသေသပ်သပ် ၊ ပါးပါးလှပ်လှပ်  တဆင့်ပြီး တဆင့်၊ တကွက်ပြီး တကွက်  ထစ်ထား၊ ညစ်ထား ၊ မြှုပ်ထားတဲ့ မဲစာရင်းရဲ့  အန္တရာယ်ပေါင်းစုံကို       ဒီနေ့ အမြန်ဆုံး ရင်ဆိုင် ဖြေရှင်းသင့်နေပါပြီ.......၊၊

အမှားအယွင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေရှိတယ်.......။
အမှားအယွင်းရဲ့တဖက်မှာ   နားလှည့် ပါးရိုက်အကွက်တွေ ရှိတယ်......။
အမှားအယွင်းရဲ့ ဦးတည်ရာက ဝိရောဓိ နေရာလွတ်တွေ ရှိတယ်.......။

"ဟုတ်လို့ကျော်...ပုပ်လို့ပေါ်  .."နေရာအနှံ တဖျပ်ဖျပ် တက်လာတဲ့သတင်း အစအန..စကားအပိုင်းအဖြတ်တွေက ကော လဟလ မဟုတ်၊ ရီစရာ ပြက်လုံးလည်းမဟုတ်၊ အတိတ် ဒဏ္ဍာရီလည်းမဟုတ်။ တကယ့်အဖြစ်၊ တကယ်အခြေ အနေမှန်ကို  သက်သေနဲ့တကွ  ဖေါ်ထုတ်နေတဲ့ မဲအမှားအယွင်းသတင်းကို  အားလုံးက  ဝိုင်းမီးမောင်းထိုးပြသင့်နေပါပြီ၊၊

သမိုင်းအသစ်၊ နိုင်ငံအသစ်၊ အနာဂတ်အသစ်ပြောင်းလဲဖို့အတွက် အိုးစည်ဗုံမောင်းနဲ့ မြို့ပေါ်အရပ်မှာ  စည်းလုံးရေးဆင်း နေတာထက် မဲစာရင်းအမှားအယွင်းကြီးရဲ့နောက်ကွယ်က လက်မဲကြီးတွေ၊ ဝိရောဓိအမြင် ရောထွေးစေမယ့်အဖြစ်တွေ  ပြည် သူအများရှင်းလင်းအောင်. ဖော်ထုတ်ဖွင့်ချသင့်နေပါပြီ။ ဂုဏ်ပြု ကြိုဆိုပန်းကုံးတွေနဲ့ တင်းတိမ် နှစ်သိမ့်မနေဘဲ        တောရွာအနှံ့၊ ဒေသအနှံ့၊ ခေါက်တုန့်ခေါက်ပြန် သွားလာ မေးမြန်းရှင်းလင်း အသိပညာပေးသင့်နေပါပြီ၊၊

ယခင်အတိတ်က ကမ္ဘာသိ မြန်မာသိ ပြည်သူတွေအားလုံးသိကြတဲ့ "ကြိုတင်မဲ"ဆိုတဲ့စကားလုံးအတွက် ဒီနေ့အဖို့  စိတ် လက်ချမ်းချမ်းသာသာနဲ့ မေ့ပစ် ဖျောက်ပစ်လိုက်လို့ရပါပြီ။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့သဘောတရားလား၊ အာဏာရှင် အဆက်ဆက် မရိုးနိုင်အောင် စကားလုံးအသစ်သုံးတာ အထုံဝါသနာသဘောတရားလား၊ လာမယ့်အထွေထွေရွေးကောက် ပွဲအတွက်  မဲစကားလုံး အသစ်သစ်တွေ အပြိုင်းပြိုင်း အရိုင်းရိုင်း ထွက်ပေါ်လာပါပြီလေ၊၊

ကိုယ့် မိသားစုဝင်အိမ်ထောင်စုစာရင်းထဲ ဘယ်သူဘယ်ဝါမှန်းမသိတဲ့အမည်တွေပါဝင်နေတာကိုတော့ "အမည်မသိမဲ....လူစိမ်းမဲ.....တစိမ်းမဲ"  လို့ ခေါ်လို့ရပါပြီ။ နေရာလွတ်တွေ  ချန်ထားရမယ်ဆိုတဲ့ အထက်ကအမိန့်နဲ့ သိန်းသန်း ချီတဲ့ရွှေပြောင်း အလုပ်သမားတွေရဲ့မဲက "ကိုယ်ယောင်ဖျောက်မဲ.... အရိပ်မဲ့မဲ....ကွက်ပျောက်မဲလို့ သမုတ်နိုင်ပါပြီ။ မှတ်ပုံတင်မရှိ .. ထောက် ခံစာနဲ့လာမယ့်ပြည်သူအတွက် သက်ဆိုင်ရာမဲရုံတာဝန်ခံက  တာဝန်ယူ၊  သိကြောင်းတာဝန်ခံရင် မဲဆန္ဒပေးခွင့် ရှိရမည်ဆိုကတည်းက အဲဒီမဲကို "တန်ခိုးရှင်မဲ... ဘိုးဘိုးအောင်မဲ...မိုးကျရွှေကိုယ်မဲ...မဲရုံမှူးမဲ"လို့ သတ်မှတ်လို့ရပါပြီ၊       လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်နဲ့ အခါခါနဲ့လွတ်လာတဲ့ ရာဇဝင်လူဆိုးတွေ၊ ကလေက၀တွေ၊ အလုပ်မရှိ ၁၀၉ / ၁၁၀ တွေနဲ့ အရေးပေါ် ဆွဲယူခန့်ခဲ့တဲ့ အထူးရဲတပ်ဖွဲ့ ထဲက "စွမ်းအားရှင်မဲ..တာဝန်မဲ..မျိုးချစ်မဲ"တွေလည်း ကျန်ပါသေးတယ်။

အဲဒီတော့ ရှင်းရှင်းလေး သူတို့ဖက်က    အာဏာရှင်တွေဖက်က "အမည်မသိမဲ၊ လူစိမ်းမဲ၊ တစိမ်းမဲ၊ ကိုယ်ယောင်ဖျောက် မဲ၊ အရိပ်မဲ့ မဲ၊ ကွက်ပျောက်မဲ၊ တန်ခိုးရှင်မဲ၊ ဘိုးဘိုးအောင်မဲ၊ မိုးကျ ရွှေကိုယ်မဲ၊ စွမ်းအားရှင်မဲ၊ တာဝန်မဲ၊ မျိုးချစ်မဲ၊ မဲရုံမှူးမဲ"             မဲတွေအများကြီးမှ  အများကြီး ပြည်သူဖက်ကတော့ လူတယောက်ရဲ့အသဲကြားထဲက မဲတမဲ.....မဲတမဲ.....မဲတမဲ၊၊

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)


Photo : scmp.com

ကာတွန်း ညီထွေး - တခါထုတ် .. တခါပြင် .. သူတို့ မဲစာရင်းဂွင်

$
0
0
ကာတွန်း ညီထွေး - တခါထုတ် .. တခါပြင် .. သူတို့ မဲစာရင်းဂွင်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ချမ်းမြ - တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ ငါမင်းဆီကိုဆက်​ဆက်​ပြန်​လာမယ်​...လမင်း

$
0
0
 ချမ်းမြ - တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ ငါမင်းဆီကိုဆက်​ဆက်​ပြန်​လာမယ်​...လမင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

အ​ရေး​တော်​ပုံဆိုတာ
ကန့်​လန့်​ကာဆွဲချပြီး အ​မှောင်​ချလိုက်​လို့လည်း
ပြီးဆုံးသွားမယ့်​အရာမဟုတ်​ဘူး... လမင်း

သူတို့က​ခေါ်​တော့ ဒုက္ခသည်​ပေါ့
ကိုယ့်​ကိုယ်​ကို​တော့ ​တော်​လှန်း​ရေးသမား​ပဲ

တကယ်​​တော့.... လမင်း​ရေ
ငါတို့အားလုံးဟာ ဘုန်း​မော်
ငါတို့အားလုံးဟာ တံတားနီ
ငါတို့အားလုံးဟာ ဦးဝင်းတင်
ငါတို့အားလုံးဟာ ​ကျောင်းသား
ငါတို့အားလုံးဟာ သမဂ္ဂ

ဒီကဗျာရဲ့​နောက်​မှာအသက်​ရှူ​နေတဲ့
သမိုင်း​တွေအများကြီးရှိတယ်

လမင်း​ရေ.....
တော်​လှန်​​ရေး​တွေပြီးတဲ့​နေ့ကျ
ငါမင်းဆီကို ဆက်​ဆက်​ပြန်​လာခဲ့ပါ့မယ်...။

ချစ်​ခြင်းအားဖြင့်
ချမ်းမြ
Sep'19 ၊ 2015 

ရန်ဝင်း (တောင်တံခါး) - နန္ဒမညာ ဂူဘုရား၊ မင်းနန်သူ

$
0
0
ရန်ဝင်း (တောင်တံခါး) - နန္ဒမညာ ဂူဘုရား၊ မင်းနန်သူ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
 
နန္ဒမညာ ဂူဘုရား၊ ယခင်

ပုဂံမြို့ဟောင်း၊ မင်းနန်သူအရပ်၊ ဘုရားသုံးဆူ ဂူဘုရားအတွဲရဲ့မြောက်ဘက် မလှမ်းမကမ်းမှာ နန္ဒမညာဂူဘုရား၊ ဘုရား အမှတ် (၅၇၇/၃၀၆-က) တည်ရှိပါတယ်။

အဲဒီ ဂူဘုရားနဲ့ကပ်လျက် ဥမင်တစ်ခုလည်းရှိပါတယ်။ အဲဒီဥမင်ထဲမှာတွေ့ရှိရတဲ့ သက္ကရာဇ် ၆၂၁ ရေးထိုးပါရှိတဲ့ ကျောက်စာ ကို အထောက်အထားပြုပြီး နန်းစံနှစ် သက္ကရာဇ် (၆၂၁ မှ ၆၃၈) နရသီဟပတေ့မင်းကြီးလက်ထက် ကာလအတွင်း၊ သခင် အနန္ဒပညာ ဘွဲ့တော်ရှိတဲ့ မထေရ်ကြီး သီတင်းသုံးရာ ဥမင် ဖြစ်တယ်လို့ ပြောဆိုနိုင်ပါတယ်။

ဥမင်နဲ့ ကပ်လျက်ဂူဘုရားကိုလည်း အနန္ဒပညာ - နန္ဒပညာ - နန္ဒမညာလို့ အခေါ်အဝေါ် ပြောင်းလဲလာပြီး၊ ဒီကနေ့ နန္ဒမ ညာ ဘွဲ့တော်အမည်တွင်နေတာ ဖြစ်နိုင်တယ်လို့ မှန်းဆရပါတယ်။

ဂူဘုရားအတွင်းမှာ တွေရတဲ့ နံရံဆေးရေး ပန်းချီတွေက တွေ့ရှိရသမျှ ပုဂံခေတ် နံရံဆေးရေးပန်းချီတွေထဲမှာ လက်ရာ အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်။ တန်ဆာဆင်မှု၊ အကြောင်းအရာ ဖွဲ့စည်းမှု၊ သရုပ်ဖေါ်မှု၊ ဆေးရောင်သွင်းမှုတို့မှာ အင်မတန်မှ လက်သားကျနေပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ အသေးဆုံးစုတ်တံ တွေကို အသုံးပြုရေးဆွဲထားတဲ့ အနုစိတ်လက်ရာတွေက ဒီကနေ့အထိ ထင်ရှားပြတ်သားနေဆဲပဲ ဖြစ်ပါတယ်။ ဗုဒ္ဓ ပုံတော် ပါရှိတဲ့ ပန်းချီကွက်ကြီး ၆ ခု၊ မတ်ရပ် နတ်ရုပ်ကြီး ၃ ခု၊ မယ်တော်မာယာ သားဖွားခန်းတွေအပါအ၀င် အသေးစိတ် ခြယ် မှုန်းထားပါတယ်။


နန္ဒမညာ ဂူဘုရား၊ ယခု

ဂူအမိုး မျက်နှာကျက်မှာ ရေးဆွဲထားတဲ့လက်ရာတွေကိုကြည့်ရင် ဒီလောက်တောင်မှ ကောင်းမွန်တဲ့လက်ရာတွေကို နေရာ ကပ်ကပ်သပ်သပ် အပေါ်တည့်တည့်မှာ ရေးဆွဲထားပုံက ပန်းချီပညာရှင်ရဲ့အရည်အချင်းကို ပြဆိုနေသလိုပဲ အံ့မခန်း ရှိလှပါ တော့တယ်။

ကျောက်စာဝန် ချားလ်စ် ဒူရွိုင်းဆဲလ် (Charles Duroiselle ) က နန္ဒမညာ ဂူဘုရားအထဲမှာရှိတဲ့ နံရံဆေးရေး ပန်းချီတွေကို လေ့လာပြီး ကောက်ချက် စာတမ်းတွေ ရေးခဲ့ပါတယ်။ သုတေသီပညာရှင်တွေက သူ့ ယူဆချက်တွေမှာ လက်မခံနိုင်စရာတွေ ပါရှိနေတယ်လို့ ထောက်ပြကြပါတယ်။ ရှေးဟောင်းသုတေသနဆိုတာ ရံဖန်ရံခါ တစ်ဦးနဲ့တစ်ဦး အယူအဆ မတူညီတာ တွေတော့ ရှိတတ်ကြပါတယ်။

အရှေ့ဘက် အ၀င်မုခ် နံရံပေါ်က ဗုဒ္ဓဆင်းတုတော်
အရှေ့တောင်ဘက် နံရံပေါ်က ဗုဒ္ဓ ဆင်းတုတော်

အထူးသဖြင့် ပုဂံရာဇ၀င်တွေမှာ ရေးသားလေ့ရှိကြတဲ့အတိုင်းပဲ၊ ပုဂံခေတ် အရည်းကြီးတွေနဲ့ပတ်သက်တာတွေကို ဂူဘု ရားနံရံတွေမှာ ရေးဆွဲထားတယ်လို့ ချားလ်စ် ဒူရွိုင်းဆဲလ်က ပြောဆိုရည်ညွှန်းထားချက်တွေကို လက်မခံနိုင်ကြတာပါ။ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရှိရာ ဗုဒ္ဓဆင်းတုတော်သီတင်းသုံးတဲ့ ဂန္ဓကုဋီတိုက်ထဲမှာ အရည်းကြီးတို့ရဲ့ လော ကီကိစ္စရပ်တွေကို ဘယ်လိုအကြောင်းကြောင့်မှ ရေးဆွဲမှာမဟုတ်တာက အင်မတန် သေချာခိုင်လုံတဲ့ အကြောင်းချင်းရာ တစ်ရပ်ပါပဲ။

အရှေ့တောင်ဘက်နံရံ ဆင်းတုတော်ပုံ ပန်းချီကွက်ကြီးရဲ့အောက်မှာ ချားလ်စ် ဒူရွိုင်းဆဲလ် ရဲ့ ကောက်ချက် မှတ်တမ်းတွေမှာ ပါရှိတဲ့ ပန်းချီကွက်တစ်ကွက် ရှိပါတယ်။ ဒူရွိုင်းဆဲလ်တင်ပြသလို အရည်းကြီးတွေဆီသို့ အမျိုးသမီးတွေကို ပို့ဆောင်တဲ့ပုံ လုံးဝမဟုတ်ပါ။


မာရ်နတ်ရဲ့ သမီးသုံးဦးတို့ ဖန်ဆင်းပြကြတဲ့ အမျိုးသမီးအရွယ်အမျိုးမျိုး

မြတ်စွာဘုရားထံကို လာရောက် ဖျားယောင်း သွေးဆောင်ကြတဲ့ မာရ်နတ်ရဲ့ သမီးသုံးဦးတို့ ဖန်ဆင်းပြကြတဲ့ အမျိုးသမီး အရွယ်အမျိုးမျိုး ပုံ ဖြစ်ပါတယ်။ ပန်းချီကွက်နှစ်ခုကိုပေါင်းစပ်ပြီး အဓိပ္ပါယ်ဖွင့်ဆိုရရင်၊ ဗုဒ္ဓမြတ်စွာဘုရား က “ယဿဇိတံ နာဝဇီယတိ ” နဲ့ “ ယဿဇာလိနီ ၀ိသတ္တကာ ”  အစချီတဲ့ ဂါထာတွေကို မြွက်ဆိုပြီး ကိလေသာတဏှာကို အောင်အပ်ပြီးကြောင်း မိန့်ဆိုနေဟန် ဖြစ်ပါတယ်။

အညွှန်း

- ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
- နံရံပန်းချီမှပြောသောပုဂံခေတ် ပုံရိပ်များ၊ စန္ဒာခင်၊ ပထမအကြိမ်၊ ၂၀၀၇ ခုနှစ်၊ ဧပြီလ
- ပိဋကတ်တော်လာ ပုဂံခေတ် နံရံဆေးရေးပန်းချီ (ဦးမျိုးညွန့်- ရှေးဟောင်းသုတေသနဌာန)   ပထမအကြိမ်၊ ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ
- Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
- Pictorial Guide to Pagan: Ministry of Union of Burma, Reprint 1971
- Historical Sites in Burma: Aung Thaw, Director of Archaeology: Reprint 1978

- http://www.baganmyanmar.com

Curl Fix Mascara အလှကုန်ပစ္စည်းသစ် Etude House မှ မိတ်ဆက်ခဲ့

$
0
0
Curl Fix Mascara အလှကုန်ပစ္စည်းသစ် Etude House မှ မိတ်ဆက်ခဲ့

ရန်နောင်(ဗိုလ်တထောင်)      မိုးမခ     စက်တင်ဘာ ၂၂ - ၂၀၁၅





       Etude House မှ အသစ်ထပ်မံထုတ်လုပ်လိုက်သော Curl Fix Mascara အသစ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့)  နေ့လယ် ၁ နာရီတွင် ဂျမ်းရှင်းမော်တင်၌ ကျင်းပပြုလုပ်ခဲ့သည်။
          အဆိုပါ Mascara သည် တနေ့တာလုံး ပုံစံမပျက်ပဲ ကော့ညွှတ်ခြင်း၊မျက်တောင်တချောင်းချင်းစီအား ထူထဲကော့ညွှတ်စေခြင်း၊Waterproof Effect ရှိခြင်း၊ အတွင်းပိုင်းမျက်တောင်များကို ထိထိမိမိ ထူထဲကော့ညွှတ်စေခြင်း စသည့် အကျိုးထူးများ ရရှိနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
          ထိုမိတ်ဆက်ပွဲတွင် မော်ဒယ် Dancer များ ၏ ဖျော်ဖြေမှု နှင့်အတူ အဆိုတော်အောင်ထက်နှင့် မိစန္ဒီတို့ကလည်း  သီဆိုဖျော်ဖြေခဲ့ကြသည်။

          Etude House မှထုတ်လုပ်သောအလှကုန်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်း La Source Trading Co.Ltd  မှတင်သွင်းဖြန့်ချိလျက်ရှိကြောင်းလည်း ထပ်မံသိရှိရသည်။

ရန်လင်းအောင် - ကြိုးမိန့်သံ

$
0
0
  ရန်လင်းအောင် - ကြိုးမိန့်သံ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

ရင်ခုန်သံ တသွေးတည်း
ရင်ဘတ်တွေ တသားတည်း
ကိုယ့်အရောင် သူ့အရောင်
အသံဆင်တူ
Link ချိတ်ထားတယ်။

မကောင်းသူထိပ် ကောင်းသူထိပ်ဟေ့
ခြေကျူးခြေဖြတ်
လက်ကျူးလက်ဖြတ်
မိစ္ဆာနှင်ခန်းမှာ
ပရိတ်အထာအသွင်ဆန်းတွေနဲ့
ပါပတရား ဖြူခါ ပြာခါ ခဝါကျသွားအောင်
ကြိုးမိန့်ပေးမယ့်
ဖဲကြိုးရောင်စဉ်တွေ  ……

ရန်လင်းအောင်

Photo : aung htet

ကာတွန်း မိုးသွင် - လူဟောင်းတွေလေ

$
0
0
ကာတွန်း မိုးသွင် - လူဟောင်းတွေလေ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

လှကျော်ဇော - ရဲဘော်ထွန်းသို့

$
0
0
၁၉၈၅ ခုနှစ် ပန်ဆန်းမှာကျင်းပခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တတိယကွန်ဂရက်အတွင်း
ဝဲ မှ ယာ-- ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော)၊ ရဲဘော်စံသူ၊ ရဲဘော်ထွန်း (ဗိုလ်ကြင်မောင်)
လှကျော်ဇော - ရဲဘော်ထွန်းသို့
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
 
ဒီနေ့ဒီအချိန်ကစလို့ ပါတီရဲ့ခေါင်းဆောင်မှုကို အခုထိုင်နေတဲ့ ရဲဘော်တို့ရဲ့ပုခုံးပေါ် လွှဲပြောင်းပေးလိုက်ပြီ။ ပါတီအလံကို မလဲအောင် ဆက်လက်ထိန်းသိမ်းကြပါ။
• • •

၁၉၈၉ ခုနှစ် ဧပြီလ (၁၇) ရက်နေ့ ပန်ဆန်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ဟာ ခွဲထွက်လူမျိုးစုတပ်ဖွဲ့တဖွဲ့ရဲ့ အာဏာသိမ်းခြင်း ခံလိုက်ရပါတယ်။ အဲဒီနေ့မှာပဲ ပါတီဗဟိုရုံးမှာနေထိုင်ကြတဲ့ ဗဟိုခေါင်းဆောင်များနဲ့ ကျန်အဆင့်အသီး သီးက ရဲဘော်များ၊ မိသားစုဝင်များ အားလုံးနီးပါး တဖက်ကမ်းကို ထွက်လာခဲ့ကြရပါတယ်။ ကျန် ဗဟိုဌာနအသီးသီးက ရဲဘော်များ၊ အရှေ့မြောက်စစ်ဒေသ ဌာနအသီးသီးက ရဲဘော်များ၊ ပန်ဆန်းအနီးတဝိုက်က ရဲဘော်များ စတဲ့ ပါတီဗဟိုကို ယုံကြည်ပြီး ပါတီနဲ့ တော်လှန်ရေးအလံကို ဆက်လက်စွဲကိုင်လိုတဲ့ ရဲဘော်အသီးသီးကလည်း ပါတီဗဟိုရှိရာ တဖက်ကမ်း ကိုကူးပြီး ပါတီဗဟိုနောက် လိုက်လာခဲ့ကြပါတယ်။

တဖက်နိုင်ငံက နယ်စပ်မြို့လေးတမြို့မှာ စုစည်းမိသမျှ ပါတီဗဟိုကော်မတီဝင်များ အစည်းအဝေးထိုင်ကြပြီး ရှေ့လုပ်ငန်းစဉ် တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီနောက်တော့ ပါတီအလံကို ဆက်လက်လွှင့်ထူနိုင်ဖို့ အခြေခံဒေသ အဟောင်းများ အပါအဝင် ပြည်တွင်းကို ဖောက်ဝင်ဖို့၊ ပါတီနဲ့တော်လှန်ရေး အခက်အခဲအကျပ်အတည်းဆိုက်နေချိန်မှာ ပါတီဝင်များ ရှေ့ထွက်ကြဖို့၊ ပါတီဗဟိုက ရဲဘော်ထုအကြား လှုံ့ဆော်လိုက်ပါတယ်။ ပါတီဗဟိုနောက် လိုက်ပါလာကြတဲ့သူများထဲက အားလုံးနီးပါး ပြည်တွင်းဆင်းရန် စာရင်းပေးကြပါတယ်။

ဒါပေမဲ့ လုပ်ငန်းတာဝန်ရဲ့ ကြီးလေးမှုနဲ့ အခြားလိုအပ်ချက်အရ တချို့ကို ချန်တားဖို့ စီစဉ်ရပါတယ်။ ဒါကြောင့် လူပေါင်း (၄၀) ကျော် (ပါတီဝင်တွေရော ပါတီဝင်မဖြစ်သေးသူတွေရော) ရှေ့တန်းထွက်မယ့် တပ်ဖွဲ့အဖြစ် ထွက်လာပါတယ်။ အဲဒီလူ စုကို ရဲဘော်ထွန်းက ဦးစီးပြီး ပထမတော့ သံလွင်မြစ်အနောက်ဘက်ကမ်းက မန်ဟိုင်းဆိုတဲ့မြို့ကလေးကနေ ပြည်တွင်းဆင်း ဖို့ လုပ်ကြပါတယ်။ အဲဒီလမ်းအဆင်မပြေတော့ (၁၀၁) စစ်ဒေသက ကန်ပိုင်တီဆိုတဲ့အရပ်ကို ဇွန်လ ကုန်လောက်မှာ ရွှေ့ပြောင်းလာခဲ့ရပါတယ်။

အဲဒီမှာ ပါတီရဲ့ ဒီလက်ကျန်ရဲဘော်တွေအနက် ပါတီဝင်တွေကို စနစ်တကျစုစည်းပြီး ရဲဘော်ထွန်းနဲ့ ရဲဘော်ခင်ညို ဦးဆောင် ကာ လျှို့ဝှက်မဲပေးစနစ်နဲ့ ကော်မတီဝင်အပြည့် ၅ ယောက်နဲ့ အရံ ၄ ယောက်ကိုရွေးကောက်တင်မြှောက်ပြီး အမှတ် ၉ ကော်မတီလို့ ပထမဆုံးဖွဲ့စည်းပေးလိုက်ပါတယ်။ အဲဒီနောက် ပါတီကော်မတီတွင်း တာဝန်ခွဲဝေမှုအဖြစ် တပ်မှူး၊ နိုင်ငံရေးမှူး တို့ကို မိမိတို့ဘာသာ ကော်မတီရဲ့ ပထမဆုံးအကြိမ်အစည်းအဝေးမှ ရွေးချယ်တင်မြှောက်ကာ စစ်ဦးစီးလုပ်ငန်းဌာန၊ ထောက်ပံ့ရေးလုပ်ငန်းဌာနနဲ့ လူထုစည်းရုံးရေးလုပ်ငန်းဌာနတို့ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီတပ်ဖွဲ့ “အမှတ် ၉ တပ်ဖွဲ့” လို့ အမည် ပေးလိုက်ပါတယ်။ ဌာနအလိုက် ကလာပ်စည်းကော်မတီများလည်း စနစ်တကျ ဖွဲ့စည်းခဲ့ပါတယ်။ ယာယီအားဖြင့် ကန်ပိုင် တီမှာ နေထိုင်စားသောက်ရေးကိုပြင်ဆင်ရင်း ပန်ဝါမှလာမယ့် ၈ - ၄ လုံး အရေးတော်ပုံက ထွက်ပေါ်လာတဲ့ ပါတီရဲ့ မြေ အောက်ရဲဘော်တွေနဲ့ စုစည်းထားတဲ့ ဒီပီအေတပ်ဖွဲ့ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲဒီတပ်ဖွဲ့ ကန်ပိုင်တီရောက်လာတဲ့အခါ ညီနောင်တပ်ဖွဲ့အဖြစ် “အမှတ် ၈၊ ဒီမိုကရေစီ ပြည်ချစ်တပ်မတော်” လို့ အမည်ပေးလိုက်ပြီး ကျွန်မတို့ကိုဖွဲ့စည်းပေးထားတဲ့ အမှတ် ၉ တပ်ဖွဲ့ကိုတော့ “အမှတ် ၉၊ ပြည်သူ့တပ်မတော်” အဖြစ် တရားဝင် ပြန်လည်အမည်သစ်ပေးလိုက်ပါတယ်။ ညီ နောင်တပ်ဖွဲ့ ၂ ခုပေါင်းလိုက်တဲ့အခါ စုစုပေါင်းအင်အား (၁၀ဝ) ကျော်သွားပါတယ်။ ဒီအင်အားစုတွေကို ရဲဘော်ထွန်းက တပတ် (၂) ကြိမ် နိုင်ငံရေး ဟောပြောပို့ချပါတယ်။ ကြားရက်တွေမှာ ကျွန်မတို့က လုပ်ငန်းဌာနအလိုက် ပြန်လည်ဆွေး နွေးကြပြီး မရှင်းလင်းတာတွေ ထပ်မေးချင်တဲ့မေးခွန်းတွေကို နောက်တရက်မှာ ရဲဘော်ထွန်းက ထပ်ရှင်းပေးပါတယ်။ ဆောင်းပါးအစမှာဖော်ပြထားတဲ့စကားစုဟာ အဲဒီနိုင်ငံရေးဟောပြောချက်တခုအတွင်း ရဲဘော်ထွန်းပြောခဲ့တဲ့ စကားရပ်တခုပါ။

အဲဒီသင်တန်းတွေမှာ ရဲဘော်ထွန်းက - ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုများအတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍ အကြောင်း ဟောပြောပို့ချပေးနေတာပါ။ ပါတီတွင်း အတက်အကျ အခြေအနေတွေကို မာ့က်စ်ဝါဒ အခြေခံပေါ်ကနေ နိုင်ငံတကာအခြေအနေများနဲ့ပါ ဆက်စပ်ပြီး ပြောပြပါတယ်။ ဟောပြောပို့ချနေတာနဲ့မတူဘဲ သာမန်စကားဝိုင်းလေးတခုမှာ စကားပြောနေသလို ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးလေး သူကပြောနေပေမယ့် သင်တန်းတက်နေရင်း မှတ်တမ်းရေးနေ ကြတဲ့ ကျွန်မတို့တတွေအတွက်ကတော့ အလွန်အဖိုးတန်လှတဲ့ နိုင်ငံရေးအမြင်တွေ အားမာန်သစ်တွေ ဝင်လာခဲ့ရပါတယ်။

အဲဒီတုန်းက ရဲဘော်ထွန်းပြောခဲ့တဲ့ မိမိတို့ရဲ့ ရှေ့လုပ်ငန်းနဲ့ပတ်သက်ပြီး ဆုပ်ကိုင်ရမယ့် သဘောထားတရပ်ကတော့ “ရဲဘော်တို့ ကိုယ်ရောက်တဲ့အရပ်မှာ ကိုယ့်ဟာကိုယ် အခြေခံဒေသ တည်ဆောက်ပါ။ ကိုယ်ရပ်နေတဲ့ကိုယ်ခြေထောက် (၂) ချောင်းအောက်က မြေကြီးဟာ ကိုယ့်အခြေခံဒေသလို့ မှတ်ယူပါ။ အဲဒီက စပါ။ ခင်ဗျားတို့ လူ (၁၀) ယောက်စုနိုင်ရင် တပ် စိတ်မှူးလုပ်၊ လူ (၁၀ဝ) စုနိုင်ရင် တပ်ခွဲမှူးလုပ်ပေါ့ဗျာ။ လူထုကို စည်းရုံးရာမှာ ဘာသာရေးကိုဆန့်ကျင်တာတွေ မလုပ်မိစေ နဲ့” လို့ပြောပြီး သူ့ပြောက်ကျားဒေသအတွေ့အကြုံတွေ နယ်စိမ်းတိုးစဉ် ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေကိုလည်း အသေး စိတ် ပြောပြခဲ့ပါတယ်။

ကျွန်မတို့တတွေဟာ ပန်ဆန်းမှာ ဌာနအသီးသီးမှာ တာဝန်အမျိုးမျိုးကို အဆင့်ဆင့်နဲ့ နှစ်ဆယ်နဲ့ချီပြီး ထမ်းဆောင်ခဲ့ကြ ရပေမယ့် နိုင်ငံရေးသင်တန်းတွေ စနစ်တကျ မတက်ခဲ့ရပါဘူး။ နေ့စဉ်လုပ်ငန်းတွေထဲ နစ်မြှုပ်နေကြရပြီးတချို့ရဲဘော်များဆိုရင် လိုတဲ့နေရာတွေမှာသွား၊ လိုသလို တာဝန်ပေးခိုင်းတာခံရလွန်းလို့ “ပရုပ်ဆီကေဒါ” ဆိုတဲ့အသုံးအနှုန်းတောင် ပေါ်ခဲ့ဖူးပါတယ်။ ကိုယ့်အချင်းချင်းလည်း သိပ်မတွေ့ဖြစ်ကြပါဘူး။ ပါတီရဲ့ အခါကြီးရက်ကြီး အခမ်းအနားများမှာသာ ဆုံမိကြ ပြီး ပါတီခေါင်းဆောင်များရဲ့ ဟောပြောချက်များသာ နားထောင်ကြ၊ ကြွေးကြော်သံများ လိုက်ဆိုကြနဲ့ ပေါ့ပေါ့ပါးပါး၊ ပျော် ပျော်ရွှင်ရွှင်ကြီး လူငယ်ဘာဝ မသိသားဆိုးဝါးစွာ နေလာခဲ့ကြတာပါ။ ကန်ပိုင်တီ ရောက်လာစမှာလည်း ငယ်သူငယ်ချင်းတွေ ပြန်ဆုံတွေ့ရသလို ပြောမဆုံးပေါင် တောသုံးတောင်တွေဖြစ်နေပါတယ်။ ဒါကြောင့်ပဲ ရဲဘော်ထွန်းက အခုလို ပါတီရဲ့ခေါင်း ဆောင်မှုကို ရဲဘော်တို့ကို လွှဲပေးလိုက်ပြီလို့ ပြောလိုက်တဲ့အခါအားလုံးတုန်လှုပ်သွားကြပြီး ရင်ထဲလည်း ကတုန်ကယင်နဲ့ လေးလံသွားကြပါတယ်။ တခါတည်း ငြိမ်ကျသွားပါတော့တယ်။ ဒီတော့မှပဲ ကျွန်မတို့ ကိုယ့်အခြေအနေ ကိုယ်သဘော ပေါက်ပြီး လေးနက်တည်ကြည်သွားပါတော့တယ်။

၁၉၈၉ ခုနှစ်ဟာ ကျွန်မတို့ပါတီအတွက် ကံဆိုးမိုးမှောင်ကျတဲ့နှစ်ပါ။ ဒိုမီနို ဖဲချပ်ပြသလို အခြေခံဒေသတွေတခုပြီးတခု ခွဲထွက်ကုန်ကြပါတယ်။ တပူပေါ်နှစ်ပူဆင့်ဖြစ်ရပ်ကတော့ ကျွန်မတို့ပါတီရဲ့ အမာခံ မြေအောက်အဖွဲ့အစည်းကြီးဖြစ်တဲ့ ၄၈၂၈ ပါတီကော်မတီ ဖော်ထုတ်ချေမှုန်းခြင်းခံလိုက်ရတာပါပဲ။ ဒီအခြေအနေအရပ်ရပ်ကို အတွင်းကျကျသိနေတဲ့ ရဲဘော် ထွန်းတယောက် ဘယ်လောက်များ သောကတွေရောက်နေမယ် မသိပါဘူး။ အဲဒီတုန်းက ကျွန်မတို့တတွေ မသိတတ်ခဲ့ကြ ပါဘူး။

အဲဒီကာလ ရဲဘော်ထွန်းဟာ အသက် (၇၀) ပတ်ဝန်းကျင်ပါ။ အသက်အရွယ်နဲ့မလိုက်အောင် ပြေးလွှားလှုပ်ရှားနေတာ တွေ့ရပြီး ကျွန်မတို့ တတွေကို ဘေးရန်ကင်းဝေးစွာနဲ့ ပြည်တွင်းဝင်သွားနိုင်ရေးအတွက် အစွမ်းကုန်óကးစားလုပ်ဆောင်နေတာကိုလည်း ရိပ်မိသိရှိနေရပါတယ်။ ဒီကြားထဲ ကျွန်မတို့ကို ယာယီခိုလှုံခွင့်ပေးထားတဲ့ ၁၀၁ စစ်ဒေသကလည်း တလှုပ် လှုပ်ပါ။ အစိုးရနဲ့စေ့စပ်ပြီး ကျွန်မတို့ကို အချိန်မရွေး ထိုးအပ်နိုင်တဲ့အန္တရာယ်ကလည်း ရှိနေတာမို့ရဲဘော်ထွန်းအဖို့ အလွန် တာဝန်ကြီးနေပါတယ်။ ရဲဘော်ထွန်းစကားနဲ့ပြောရရင် “ကျုပ်တို့ မရှိမဲ့ ရှိမဲ့ ကျန်နေတဲ့အင်အားလေး အပျောက်အပျက် မခံ နိုင်ဘူးဗျာ”တဲ့။

အမှတ် (၈) တပ်ဖွဲ့ လာပူးပေါင်းမှုက ကျွန်မတို့တတွေကို အားသစ်လောင်းပေးလိုက်သလို ရှိပါတယ်။ အထူးသဖြင့် ၈-၄လုံး (၁) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပပြီး ဒေသအသီးသီးက ရောက်လာတဲ့ ရဲဘော်များရဲ့သူတို့ဒေသအလိုက် မြို့ရွာအလိုက် အဖြစ်အပျက်အတွေ့အကြုံ ပြန်လည်ပြောပြချက်တွေက ကျွန်မတို့တတွေ ရင်နဲ့မမျှအောင် ခံစားနားထောင် ကြရပါတယ်။ မြောက်ဥက္ကလာပက အဖြစ်အပျက်နဲ့ စစ်ကိုင်းမြို့က အဖြစ်အပျက်တွေကြားရတဲ့အခါမှာတော့ ရင်ထဲအောင့် တက်လာကြပြီး ဒီသွေးမြေကျသွားရတဲ့ ပြည်သူတွေရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို မိမိတို့တတွေ ဆက်လက်ထမ်း ဆောင်ပါ့မယ်ဆိုတဲ့ သန္နိဋ္ဌာန်တွေ တညီတညွတ်တည်း ချလိုက်ကြပါတော့တယ်။

ဒီစိတ်ဓာတ်အခြေခံပေါ်မှာ အနှစ် (၅၀) ပြည့် ပါတီမွေးနေ့ (၁၉၈၉ သြဂုတ်လ ၁၅ ရက်) အခမ်းအနားကို ကျွန်မတို့ ကျင်းပကြပါတယ်။ အခမ်းအနားကို “ပြည်သူ့တပ်မတော် စစ်ချီသီချင်း” နဲ့ ဖွင့်ခဲ့ပါတယ်။ ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံ အဆက်ဆက်အတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်အပေါင်းကို အလေးပြုပြီးနောက် ရဲဘော်ထွန်းက “ဗမာပြည်ကွန်မြူနစ်ပါ တီသမိုင်း” ကို ဟောပြောပို့ချပါတယ်။ နောက် တပ်စိတ်မှူးများက တပ်စိတ်အလိုက် သန္နိဌာန်ပြုချက်များကို ဖတ်ကြားအပြီး မှာတော့ “နိုင်ငံတကာသီချင်း” နဲ့ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီနေ့ကိုတော့ ကျွန်မတသက် မေ့နိုင်မယ်မထင်တော့ပါဘူး။ ပါတီမွေးနေ့ကို ကိုယ့်မွေးရပ်မြေမှာ နောက်ဆုံးကျင်းပနိုင်ခဲ့တာဖြစ်ပြီး ပါတီကြီး အခုလို ကတိမ်းကပါးဖြစ်ချိန်မှာ (ရဲဘော်ထွန်းစကားနဲ့ပြောရရင် နစ်မြှုပ်ခါနီး သင်္ဘောကြီးပေါ်က ကြွက် တွေဆင်းပြေးနေသလို တချို့လူတွေ ဆင်းပြေးနေကြတဲ့အချိန်မှာ) ကျွန်မတို့တတွေ ဒီပါတီအလံကို မြဲမြဲဆုပ်ကိုင်ပြီး ဆက် လက်ချီတက်ကြမယ်။ ဘာကိုပဲ စွန့်လွှတ်ရ- စွန့်လွှတ်ရဆိုတဲ့ ပိုင်းဖြတ်ချက်တွေကို ချမှတ်ကြပြီး ဒီလိုအချိန်မျိုးမှာ ပါတီ တာဝန်တွေ လွှဲပြောင်းထမ်းဆောင်ရမှုကလည်း မိမိတို့ရဲ့တသက်တာအတွင်း ဂုဏ်အယူရဆုံးလုပ်ရပ်အဖြစ် သတ်မှတ်မိပါ တော့တယ်။

ဒီတော်လှန်ရေးအပေါ်၊ ပါတီအပေါ် ခိုင်မာစေတဲ့ စိတ်ဓာတ်တွေကို သွင်းပေးခဲ့သူကတော့ ရဲဘော်ထွန်းပါပဲ။ ကုသိုလ်ကံ အကြောင်းမလှစွာပဲ ကျွန်မတို့တတွေ ပြည်တွင်းဆင်းရေးစီမံကိန်း ပျက်ခဲ့ပါတယ်။ ဒါပေမဲ့ ကန်ပိုင်တီမှာ ရဲဘော်ထွန်းချမှတ် ပေးခဲ့တဲ့ စိတ်ဓာတ်နဲ့လုပ်ဟန်ကို ကျွန်မတို့တတွေ မယိမ်းမယိုင် အခုအထိ ဆက်လက်ကိုင်စွဲထားကြပါတယ်။

တော်လှန်ရေးမျိုးဆက်ဆိုတာ မိမိ အရင်မျိုးဆက်ထက်လည်း သာအောင်óကးစားရတယ်။ နောင်မျိုးဆက်ကိုလည်း မိမိတို့ ထက်သာအောင် ကူညီတည်ဆောက်ပေးရမယ်- တဲ့၊ ဆိုရိုးစကားရှိပါတယ်။ရဲဘော်ထွန်းဟာ ဒီတာဝန်ကို အကျေပွန်ဆုံး ပထမမျိုးဆက်ဟောင်းထဲက ခေါင်းဆောင်တဦးပါ။ ရဲဘော်ထွန်းဟာ မိမိကိုယ်ကို တံတားခင်းပြီး နောက်မျိုးဆက်ကို တည် ဆောက်ပေးခဲ့ပါတယ်။

ပါတီနဲ့ တော်လှန်ရေး အခက်အခဲဆုံးကာလမှာ ကျွန်မတို့တတွေကို ပါတီအလံ လဲမသွားအောင်၊ ပါတီအလံကို ကြံ့ကြံ့ခိုင်ခိုင် ဆုပ်ကိုင်ပြီး ကျွန်မတို့မျိုးဆက်တွေကို ရဲရဲဝံ့ဝံ့ စိတ်ချယုံကြည်စွာ လွှဲအပ်သွားခဲ့ပါပြီ။ ရဲဘော်ထွန်းရဲ့ဒီစိတ်ဓာတ် ထာဝစဉ် အဓွန့်ရှည်ပါစေ။ကျွန်မတို့မျိုးဆက်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အလံတော်ကို ဗမာပြည်တဝန်း မြင့်မြင့်မားမား လွှင့်
ထူနိုင်ရေးအတွက် မျိုးဆက်တဆက်ပြီးတဆက် နောက်ဆုံးအောင်ပွဲရတဲ့အထိ ချီတက်သွားဖို့ ခိုင်မာစွာ သန္နိဌာန်ချလုံးပန်းတိုက်ခိုက်နေပါတယ်။ရဲဘော်ထွန်းရဲ့စိတ်ဓာတ်ကိုလေ့လာပြီး ရဲဘော်ထွန်းတို့မျိုးဆက်ရဲ့ မပြီးဆုံးသေးတဲ့တာဝန်တွေကို ကျွန်မတို့မျိုးဆက် ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်းရှိသမျှ ဆက်လက်ထမ်းဆောင်သွားပါ့မယ်။ ရဲဘော်ထွန်းမှာကြားခဲ့တဲ့အတိုင်း
ပါတီအလံကို ငွားငွားစွင့်စွင့် လွှင့်ထူနိုင်ပြီး မျိုးဆက် တဆက်ပြီးတဆက် အောင်မြင်စွာ လက်ဆင့်ကမ်းသွား နိုင်ရေးကိုလည်း óကးစားအားထုတ်သွားပါ့မယ်လို့ အခုလိုရဲဘော်ထွန်း ကွယ်လွန်ခြင်း တလပြည့်နေ့မှာ ထပ်မံ ကတိပြုလိုက်ပါတယ်။

အသက် (၉၀) ကျော်တဲ့အထိ မနေမနား တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်လာခဲ့ရတဲ့ ရဲဘော်ထွန်းငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ရဲဘော်ထွန်းအပါအဝင် ဒီမိုကရေစီတော်လှန်ရေးအဆက်ဆက် တိုက်ပွဲဝင်အာဇာနည် အထောင်အသောင်းရဲ့ တော်လှန်ရေးစိတ်ဓာတ် ထာဝစဉ်ဥဒါန်း တွင်ရစ်ပါစေသတည်း။

လှကျော်ဇော
၃-၂-၂၀၁၅
ရဲဘော်ထွန်း ကွယ်လွန်ခြင်း (၁) လပြည့်နေ့ အမှတ်တရ၊

မှတ်ချက်။
အရေးတော်ပုံဂျာနယ်။ အတွဲ(၂) အမှတ် (၃)။
၂၀၁၅- ဇူလိုင် (၇) ရက်။

ကာတွန်း ATH - ရယ်ဒီမိတ် မဲ

$
0
0

ကာတွန်း ATH - ရယ်ဒီမိတ် မဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅

မောင်မိုးသူ - ကူညီပါရစေကို ကူညီကြပါနှင့် မောင်မိုးသူ

$
0
0
မောင်မိုးသူ - ကူညီပါရစေကို ကူညီကြပါနှင့် မောင်မိုးသူ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၅
 
မော်ဒန်သတင်းဂျာနယ်၊ ၁၈ စက်တင်ဘာလ ၂၀၁၅ မော်ဒန်သတင်းဂျာနယ် ပါ မောင်မိုးသူ၏ ဆောင်းပါးဖြစ်ပါသည်။



ပြည်သူ့ရဲရဲ့ ဆောင်ပုဒ်က `ကူညီပါရစေ ´ ဖြစ်ပါတယ်။

တစ်နေ့က ရုပ်မြင်သံကြားမှာ ပုဂံရှေးဟောင်းမြို့တော်မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ဦးက သူတို့ရဲသားများဟာ မနက်စော စော အရုဏ်အလှကို ထွက်ကြည့်ကြသူများကို စောင့်ရှောက်ဖို့၊ နောက် နေ့ခင်းနေ့လယ်တွေမှာ ဘုရားတွေနားတစ်ဝိုက်မှာ၊ ညနေကျတော့ ပုဂံအလှညနေရှုခင်း ကြည့်လေ့ကြည့်ထရှိတဲ့ ဘုရားတွေနားမှာ၊ ညပိုင်း စားသောက်ဆိုင်တဝိုက်နဲ့ အပြင် သွားလေ့ရှိသူများကို စောင့်ရှောက်ဖို့ ၊ ကူညီဖို့ အဆိုင်းဆိုင်းပိုင်းပြီး တာဝန်ယူထားကြရပါတယ်လို့ အင်တာဗျူးမှာဖြေထား ပါတယ်။ ဟုတ်ပါတယ်။ကိုယ့်တိုင်းပြည်ကိုလာတဲ့ နိုင်ငံခြားသားတွေကို ကူညီစောင့်ရှောက်ဖို့ ပြည်သူ့ရဲတွေမှာတာဝန်ရှိ တာပေါ့။ သည်လိုမှမဟုတ်ရင် နိုင်ငံရပ်ခြားဧည့်သည်တွေကို ချောင်ကြိုက်ကြိုက် အမှောင်ရိုက်ပြီး လုယက်လိုက်လို့ရှိရင် တိုင်းပြည်နာမည်လည်းပျက်၊ ဂုဏ်သိက္ခာလည်း ပျက်တာပေါ့။

သည်နေရာမှာ မောင်မိုးသူ မြန်မာနိုင်ငံမှာ လုံခြုံမှုရှိရဲ့လားဆိုတဲ့ ပြဿနာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မိသားစုတွေအကြားမှာ ညရေးညတာ အပြင်ထွက်တာကို ဆင်ခြင်ကြဖို့ သတိပေးစကားတွေ ပြောနေကြပါတယ်။ တက္ကစီ သမား အရိုက်ခံရ၊ အလုခံရသလို တက္ကစီသမားက ပါစင်ဂျာကို လုတာလည်း ရှိသတဲ့။ ပါစင်ဂျာက မိန်းကလေးဆိုပြီး လျှော့ မတွက်နဲ့၊သတင်းတွေထဲမှာ မိန်းကလေးများရဲ့အန္တရာယ်လည်း လူပြောသူပြော များပါတယ်။ အမျိုးသမီးဓားပြဂိုဏ်းဆိုတာ တောင် ရှိဆိုပဲ။စာနယ်ဇင်းတွေထဲမှာ ဖတ်ရတာပါ။

အဲ အဲ မန္တလေးမှာဆိုရင် ဆိုင်ကယ်စီးနင်းသွားသူတွေရဲ့ လက်ကိုင်အိတ်၊ လက်ဆွဲအိတ်တို့၊လက်ကိုင်ဖုန်းတို့ လုယက်ခံရတဲ့ သတင်းတွေ အများကြီး အများကြီးဖတ်ရပါတယ်။လုံခြုံရေး အခြေအနေက တယ်ဆိုးပါလား။

၁၆ ရက်နေ့ သတင်းစာမှာ ရေးနဲ့ သံဖြူဇရပ် ခရီးလမ်းကြား ခရီးသည်တင်ကားတစီး သေနတ်နဲ့အပစ်ခံရတဲ့ သတင်းနဲ့ ကျည် ဆန်မှန်တဲ့ ကားမှန်ကပုံတွေကို တွေ့ရပါတယ်။

ရဲတွေရဲ့ တာဝန်ကတော့ မြို့ပြလုံခြုံရေးလေ။ တလောကပဲ ရန်ကုန်ညပိုင်းတွေမှာ စက်ဘီးပတ္တရောင်လှည့်တာဟာ အကျိုး များတဲ့အကြောင်း ရုပ်မြင်သံကြားသတင်းတွေမှာ တွေ့ရပါတယ်။ရုပ်မြင်သံကြားမှာ `ရဲ ´ အခန်းတခု သီးသန့်ဖွင့်ပြီး ရဲတွေ ရဲ့ လှုပ်ရှားမှုတွေ၊မှုခင်းတွေ ထောက်လှမ်းမှု သတင်းတွေ၊ ဇာတ်လမ်းတွေ ၂၄ နာရီလုံးလုံး ထုတ်လွှင့်ပြနေတာကို စိတ်ဝင် စားရင် ကြည့်လို့ရပါတယ်။

တလောကပဲ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဥရောပသမဂ္ဂကလာပြီး သင်တန်းပေး၊ပေးပြီးလို့မှ မကြာခင်မှာပဲ မြို့တော်ခန်းမရှေ့ ကျောင်းသားများ ဆန္ဒပြပွဲမှာ ရုတ်ရုတ်သဲသဲ ရုန်းရင်းဆန်ခတ်ဖြစ်။  လက်ပတ်များနဲ့ ရဲဆိုပြီး နာမည်ကြီး နာမည်ကျော်ခဲ့ တာပေါ့။

ရဲဆိုလို့ လက်ပံတန်းကျောင်းသားသပိတ်နဲ့ ဝန်းရံသူတွေကို ရဲတွေက ဝင်ရိုက်တဲ့ သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရ တယ်ခင်ဗျ။ ရဲတွေက လူတွေ၊ ကျောင်းသားတွေကိုသာ ရိုက်တာ မဟုတ်ဘူး။ကိုကျော်သူရဲ့ နာရေး ဆေးလိုက်ကုပေး တဲ့ ကားတောင် အရိုက်ခံရတာ။ အဲသည်အကြောင်း ကိုကျော်သူ နာရေးခန်းမမှာ ကိုယ်တွေ့ကြုံရတဲ့ လူငယ်ပြောပြတာရယ်၊ အဲသည်မှာလိုက်ပါသွားတဲ့ ဒေါက်တာညိုညိုသင်း ကိုယ်တွေ့ပြောပြတဲ့စကားတွေ နားထောင်ခဲ့ရပါသေးတယ်။ ခုတော့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အဖမ်းခံရတာလည်းကြာပေါ့။ကျောင်းသားတွေက ရဲတွေကို တရားပြန်စွဲတာ၊ တရား ရုံးက ပယ်ချတယ်ဆိုတဲ့ သတင်းလည်း ဖတ်ရပါ့။ နောက်ဆုံး လူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာမှ တခုခု လုပ်ရမလို ဖြစ်နေတယ်ခင်ဗျ။

အားလုံးခြုံလိုက်ရင် ရဲဆိုတာ ပြည်သူရဲ့ လုံခြုံရေးကို တာဝန်ယူရတာ မဟုတ်လား။

ရဲရဲ့ ဆောင်ပုဒ်က ဘာတဲ့ `ကူညီပါရစေ ´တဲ့လေ။

ရဲတွေ၊ ကျောင်းသားတွေ လယ်သမားတွေအပေါ် အနိုင်အထက်လုပ်တာတွေကတော့ တာဝန်အရပေါ့ခင်ဗျ။တခါတလေ တာဝန်ဆိုတာ မေ့သွားမှာစိုးလို့ `တာဝန်´ ဆိုတဲ့ လက်ပတ်တောင် ပတ်ထားရဆိုပဲ။

အခု မောင်မိုးသူပြောချင်တာ၊ ရေးချင်တာက လုံခြုံရေးတာဝန်ယူထားရတဲ့ ရဲတွေကိုယ်တိုင် မလုံခြုံဘူး ဖြစ်နေတာခင်ဗျ။

တလောက သန်လျင်က တည်းခိုခန်းတခန်းမှာရှိတဲ့ တရားခံပြေးတယောက်ကို ဝင်ဖမ်းတဲ့ ရဲအရာရှိတဦးနဲ့ ရဲတပ်သားတဦး တရားခံပြေးက ဓားနဲ့ သမသွားလို့ ကွယ်လွန်သွားပြီး အသုဘအခမ်းအနားတောင် ရုပ်မြင်သံကြားမှာ တွေ့လိုက်ရသေး။ အဲသည် တရားခံပြေး ကိုလည်း အရပ်ဘက်ပြည်သူတွေက ဖမ်းပေးလို့ မိတာတဲ့။

တလောက စားသောက်ဆိုင် တဆိုင်မှာ ရဲဝန်ထမ်းနှစ်ဦးသုံးဦးကို အမည်မသိ လူတစုက ဝိုင်းရိုက်တာ ခံလိုက်ရတဲ့ သတင်း ဖတ်လိုက်ရသေးခင်ဗျ။

ဟိုတလောကလည်း ရှမ်းပြည်နယ်က ရဲစခန်းတခုကို လက်နက်ကိုင်တဖွဲ့က ပစ်ခတ်သွားတဲ့သတင်း ဖတ်လိုက်ရသေး။

တလောကပဲ မြန်မာနိုင်ငံရဲ့ လုံခြုံရေး တာဝန်ယူရတဲ့ ရဲဝန်ထမ်း အင်အား မလုံလောက်ဘဲဖြစ်နေတယ်ဆိုတဲ့ သတင်းလည်း ဖတ်လိုက်ရသေး။မကြာမတင်ပြုလုပ်တော့မယ့် နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးတာဝန်ယူရမယ့် ရဲဝန်ထမ်းတွေရော အလုံအလောက်ရှိရဲ့လား။

ကျောင်းသားတွေ၊ လယ်သမားတွေအပေါ်မှာ အနိုင်ယူခဲ့တဲ့ ရဲတွေဟာ တရားခံပြေးတို့၊ ထောင်က မကြာခင်ကမှ လွတ်လာ တဲ့ လူဆိုးလူမိုက်တွေကျတော့ မနိုင်တဲ့အပြင် ခံခံနေရလေတော့ ကူညီပါရစေ ဆိုတဲ့ ရဲဆောင်ပုဒ်ကို မောင်မိုးသူကတော့ ` ကူညီ ပါရစေကို ကူညီကြပါ´ လို့ ။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူငယ်အဖွဲ့များ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်

$
0
0
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင်လူငယ်အဖွဲ့များ ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ချီတက်ဟန်သစ်နိုင်၊ မိုးမခ၊ ၂၂ရက်၊ ၂၀၁၄
ကျောင်းသားလူငယ်နှင့် ပြည်သူများက စက်တင်ဘာ ၂၁ရက် အပြည်ပြည်ဆိုင်ရာငြိမ်း ချမ်းရေးနေ့တွင် မြန်မာနိုင်ငံပြည်ထောင်စုကြီး ကို စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စေရန်အတွက် ရည်ရွယ်ပြီး ချီတက်လမ်းလျှောက် ပွဲပြု လုပ်ခဲ့သည်။ ကျောင်းသားလူငယ်များသည် မြေနီကုန်း ပန်းခြံရှေ့မှ နေ့လည် ၂နာရီတွင် စတင်လမ်း လျှောက်ပြီး ဘားကရာလမ်း၊ ရှမ်းလမ်း၊ လှည်းတန်းဈေးမှ ပြည်လမ်းအ တိုင်းကြွေးကြော်သံများဖြင့် ချီတက် လာကာ အင်းလျားကန် ဘောင်တွင် အဆုံးသတ် ခဲ့သည်။ ပြည်ထောင် စုကြီး ငြိမ်းချမ်းရေး၊ စစ်ပွဲအားလုံး ရပ်ဆဲရေး၊ စစ်မှန်သောငြိမ်းချမ်း ရေးအတွက် နိုင်ငံ ရေးအကျဉ်းသား များချက်ချင်းလွှတ်၊ ကျောင်းသားအားလုံး ချက်ချင်းလွှတ်ဟု လမ်းတောက် လျှောက်ကြွေး ကြော်ခဲ့ကြသည်။
အင်းလျားကန်ဘောင်ဘေးတွင် ငြိမ်းချမ်းရေးချီတက်လာသောလူငယ်များနှင့် အဆိုတော်များက ငြိမ်းချမ်းရေးသီချင်းများကို သံပြိုင်သီဆိုကြပြီး ငြိမ်းချမ်းရေးနေ့အတွက် ငြိမ်းချမ်းရေးစကားများပြော ကြားခဲ့ သည်။ ကျောင်းသားလူငယ်ငြိမ်းချမ်းရေးချီတက်ပွဲပြုလုပ်ရာ အင်လျားကန်ဘောင်သို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ကိုမြအေးနှင့် AAPP မှ ကိုအောင်မျိုးကျော်တို့မှ လာရောက်အားပေး ကာ ငြိမ်း ချမ်းရေးစကားများပြောကြားပေးခဲ့ပြီး မလာရောက်နိုင်သော အဖမ်းဆီးခံကျောင်းသားများ၏ ငြိမ်းချမ်းရေးစကား အသံဖိုင်များလည်း ဖွင့်ပြပေးခဲ့သည်။
အပြည်ပြည်ဆိုင်ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲတွင် ရန်ကုန်တိုင်းမှ ဗကသများအဖွဲ့ချုပ်မှလူငယ် များ၊ generation wave မှလူငယ်များ၊ အဖြူရောင်တွဲလက်များမှ လူငယ်များအပါအဝင် လူငယ်အဖွဲ့ ၂၀ဖွဲ့ ပါဝင်ပူး ပေါင်းလုပ်ဆောင်ပြီး၊ တချိန်တည်းမှာပင် ဧရာဝတီတိုင်းတွင်လည်း လူငယ်အဖွဲ့များမှ ငြိမ်းချမ်း ရေး အတွက် လမ်းလျှောက်ကြမည်ဟု လူငယ်ခေါင်းဆောင် ကိုသီဟမောင်မောင်မှပြောပြသည်။
ဆက်လက်၍ “ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားတွေလည်း နိုင်ငံရေးတန်း တူညီမျှမှုအရ ပါဝင်ခွင့်ရအောင် လွှတ်ပေးဖို့အတွက်တောင်းဆိုရင်း ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်လေး ကို ဆောင်ရွက်ခြင်းဖြစ်တယ်၊ ငြိမ်းချမ်းရေးကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်” ဟုပြောသည်။
၈၈မျိုးဆက် ငြိမ်း/ ပွင့်မှ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ပွဲကိုလာရောက်အားပေးရင် ငြိမ်းချမ်းရေးလက်ဆောင်စကားပြောကြားပေးခဲ့သည်။ “မကြာခင်လာမယ့်ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်း စဉ်တွေမှာလဲ တရားမျှတခြင်းကိုဘယ် လောက်အခြေခံလဲ၊ လွတ်လပ်ခွင့်ကိုဘယ်လောက်ပေး သလဲ၊ တန်းတူ ညီမျှခြင်းကရောဘယ်လောက်ရမလဲ ဆိုတာ ကြည့်ရအုံးမှာပါ၊ ကျနော်တို့တိုင်းပြည်ဟာ တကယ်တော့ မရေရာ မှုတွေများစွာက မျက်နှာဖုံးပေါင်းများ စွာနဲ့ ကပြနေသလိုခံစားရပါတယ်၊ ကျနော်တို့ မျက်နှာဖုံးနောက် ကွယ်က အရာတွေအစစ်အမှန်တွေကိုကြည့် ရမယ်၊ ပြီးတော့တိုင်းပြည်နဲ့လိုက်ဖက် တဲ့တီးလုံး၊ အကကိုရွေးရ မယ်၊ စစ်မှန် တဲ့ငြိမ်းချမ်းရေးတီးလုံး စစ်မှန်တဲ့ဒီမို ကရေစီပြကွက်ဖြစ်ဖို့အတွက် ကျနော်တို့အားလုံး ဥာဏ်မျက်စိ သတိကြီး ကြီးနဲ့ ပူးပေါင်းကြပါစို့” ဟု ပြောသည်။
၈၈မျိုးဆက် ငြိမ်း/ပွင့်က ကိုမြအေးက “ ဒီနေရာမှ ကျနော်တို့ ပျော်ပွဲရွှင်ပွဲလာကျင်းပနေတာမဟုတ်ဖူး။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးလိုချင်လို့ ငြိမ်းချမ်းရေး တောင်းဆိုနေတာဖြစ်တယ်၊ ဒါကြောင့် ရှေ့လျှောက်မယ့် ခရီး မှာ တိုင်းရင်းသားတွေအားလုံး တန်းတူညီမျှအခွင့်အရေးကို ဖော်ဆောင်ပေးနိုင်တဲ့ ဖက်ထ ရယ်ပြည်ထောင်စုကို တည်ဆောက်ရင်း တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြပါစို့ ဟုပြောသည်။
AAPPမှ ကိုအောင်မျိုးကျော်က “စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေတစ်ယောက်မှမရှိမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမယ်၊ စစ်မှန်တဲ့အမျိုးသားပြန် လည် သင့်မြတ်ရေးရပါမယ်” ဟုပြောသည်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် လူငယ်များ ချီတက်လမ်းလျှောက်မည့်နေရာများကို သက်ဆိုင်ရာဌာနသို့တင်ပြတောင်းဆိုထားသော်လည်း ခွင့်မပြုပဲ ဟစ်တိုင်နေရာကိုသာ ခွင့်ပြုပေးခဲ့ သည့်အတွက် လူငယ်များမှ၎င်းတို့သက်မှတ်ထားသည့်လမ်းများအတိုင်းချီတက် ကာ ပြည်လမ်းရှိအင်းလျား ကန်ဘောင်တွင် အဆုံးသတ်ခဲ့သည်။ သက်ဆိုင်ရာမှလည်း ၄င်းတို့ပြုလုပ်သွားသည်ကို ဥပဒေအရအရေး ယူဆောင်ရွက်သွားမည်ဟု သိရသည်။
 

ဗိုလ်ထက်မင်း - ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ - အပိုင်း (၂)

$
0
0

ဗိုလ်ထက်မင်း -  ဘာကြောင့် ငြိမ်းချမ်းရေးနီးလျှက်နဲ့ဝေးနေရတာလဲ - အပိုင်း (၂)
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၅


 ၈။ ကိုးကန်ဒေသစစ်ပွဲဖြစ်စဉ်ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်တပ်မတော်စစ်ကော်မရှင် ဒုဥက္ကဌနဲ့ ဆက်ဆံရေး သိပ်အဆင်ပြေလှတယ်မဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ ပါတီ နှစ်နိုင်ငံစလုံးမှ ဝင်ရောက်စေ့စပ်ပေးနေရတယ်ဆိုတာ စာရေးသူ ယခင်ဆောင်းပါးတွေမှာ ဖေါ်ပြပြီးဖြစ်ပါတယ်။ အထူး သဖြင့် သစ်ခိုးတရုတ်တွေကို ဖမ်းတာဟာ တပ်မတော်ကဖြစ်လို့ တရုတ်တပ်ချုပ်က မကျေနပ်သလို မြန်မာတပ်ချုပ်ကလည်း တရုတ်စစ်တပ် နယ်စပ်မှာ စစ်ရေးလေ့ကျင့်ကာ လေထဲက ပစ်မှတ်ကို စက္ကန့် အနည်းငယ်အတွင်း ပစ်ချနိုင်တယ်ဆိုပြီး ခြိမ်းချောက်တာတွေ၊ နယ်စပ်လေယာဉ်ပျံသန်းမယ်ဆိုရင် သူတို့ဆီခွင့်တောင်းရမယ်ပုံစံမျိုး အသိပေးရတဲံ့အပေါ် မကျေနပ်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဖက်ဆစ်တော်လှန်းရေး အောင်မြင်ခြင်းအထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ အခြားနိုင်ငံတွေလို ဖြစ်နိုင်ရင် မြန်မာတပ်မတော်ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဥပယ်တမျဉ် ငြင်းခဲ့ဟန်တူ ပါတယ်။

၉။ တပ်ချုပ်ဟာ တရုတ်နဲ့မတည့်တဲ့ ဂျပန်နိုင်ငံကိုသွားရောက်ခဲ့ပြီး အမေရိကန်တပည့် ထိုင်းနိုင်ငံ လည်ပတ်ပြကာ ပြိုင်ဘက် အိန္ဒိယနိုင်ငံကို သွားသလို (JF17 တရုတ်နဲ့ဖက်စပ်) ဖိုက်တာဂျက်နဲ့တင့်ကားများ ကို တရုတ်ဆီမှမဝယ်ဘဲ နှစ်ဖက်ချွှန်ပါ ကစ္စတန်ဆီမှ ဝယ်ပြလိုက်တယ်။ တရုတ်က UWSA အဖွဲ့အစည်းကို တပ်မတော်ရဲ့MI35 , k8 နဲ့နေပြည်တော်ကို လှမ်းပစ်လို့ရတဲံ့ လက်နက်တွေထောက်ပံ့ထားတယ်လို့ ပြင်ပမှာ သတင်းတွေထွက်လာပါတယ်။ ဒါကြောင့်ကာကွယ်နိုင်ရန် တပ်ချုပ်ဟာ နည်းပညာမြင့်မားတဲ့ ရုရှား၊ ဂျပန် နဲ့အနောက်နိုင်ငံတွေဆီမှ ရဖို့ ၂၀၁၅ ခုနှစ် နှစ်ဆန်းကတည်းက ကြိုးစားခဲ့ပြီး ရုရှားနိုင်ငံမှ MIG(29/17/35/) AIR DEFENSE SYSTEM/KJB INTELLIGENCE NET CONNECTION ဝယ်ယူ လေ့လာဖလှယ်ခဲ့ပါတယ်။ အနောက်နိုင်ငံကြီးတွေက ပိတ်ဆို့ထားဆဲ ဖြစ်ပေမဲ့ အမေရိကန်နိုင်ငံရဲ့အချစ်ဆုံးတပည့်လည်းဖြစ်တဲံ့ အစ္စရေးနိုင်ငံကို စတင်ချဉ်းကပ်ပါတယ်။ တပ်ချုပ်က ကိုးကန့်စစ်ပွဲအရှိန်တက်နေစဉ် အစ္စရေးသံအမတ်ကြီးကို ခေါ်တွေ့ခဲ့ကာ အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ဟန်တူပါတယ်။ စက်တင်ဘာလဆန်းမှာ အစ္စရေးက တပ်ချုပ်ကို ဖိတ်ကြားလာပါတယ်။ အမေရိကန်ကလည်း မီးစိမ်းပြလို့လည်း ဖြစ်နိုင်ပါတယ်။ အစ္စရေးဟာ မြန်မာနဲ့ ယခင်ကတည်းက ခင်မင်မှူသံယောဇဉ်ရှိခဲ့ကါ နဝတခေတ်ကျတော့ ဗိုလ်မှူးချုပ်အေဘလ်ဟာ ဂျုးအမျိုး အနွယ်ဝင်ဖြစ်ပြီး ထိပ်ပိုင်းရာထူးကိုပေးထားရာ ချစ်ကြည်ရင်းနှီးမှူရှိခဲ့ပါတယ်။ တပ်ချုပ်ဟာ အစ္စရေးနိုင်ငံရဲ့ သမ္မတ၊ ကာကွယ်ရေးဝန်ကြီး၊ တပ်ချုပ်၊ မော့ဆက်အစ္စရေးထောက်လှမ်းရေးအကြီးအကဲ (အတည်ြ့ပုဆဲ) တို့ကိုတွေ့ခဲ့ပြီး အကူအညီတောင်းခဲ့ဟန်တူပါတယ်။ ဒီနေရာမှာလောလောဆယ် ဝယ်လိုက်တဲံ့ ကြည်း၊ ရေ နှစ်သွယ်သွား တင့်ကားများနဲ့အမြန်ရေယာဉ်တွေဟာ အဆင့်မြင့်နည်းပညာနဲ့တည်ဆောက်ထားတဲ့အပြင် တပ်ချုပ်ဟာ လေကြောင်းကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်တဲ့ စက်ရုံကိုသွားရောက်ကတည်းက နိုင်ငံလုံခြုံရေးအတွက်ဖေါ်ပြရန် မသင့်လို့ ကြိုတင်ကာကွယ်မည့်အစီအမံများ လုပ်ထားပြီးဖြစ်လောက်ပါတယ်။

 စက်တင်ဘာလ၂၁ရက်နေ့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ တရုတ်နိုင်ငံဘေဂျင်းမြို့တော်သို့ ရောက်ရှိ ခဲ့ပြီး တရုတ်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကြောင်းရင်းကတော့ တရုတ်-မြန်မာနယ်စပ်တွင် ရှိနေကြသော တရုတ် မြန်မာချစ်ကြည်ရေးကို အဟန့်အတား ဖြစ်စေတဲ့ကိုးကန့်၊ ဝ၊တအာင်း နဲ့ ကချင် လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းပစ်မယ် ဆိုတဲ့ ခေါင်း စဉ်တွေနဲ့ ဆွေးနွေးခဲ့ကြတယ် လို့ ဆောင်းပါးရေးနေတုံးမှာပင် နယ်စပ်က မိတ်ဆွေတစ်ဦးထံမှသိရပါတယ်။ စာရေးသူတို့ခန့်မှန်းချက်အရ ဟိုတလောက UWSA ထုတ်ပြန်လိုက်တဲ့ကြေညာချက် ဂယက်ရိုက်သွားဟန် တူပြီး တပ်မတော်က လက်မှတ်မထိုးခဲ့သူများအား ဖိအားပေးမည့် မဟာဗျူဟာနည်းလမ်းတစ်ခုဖြစ်ပါတယ်။

၁၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့မှ မိတ်ဆွေတစ်ဦးက စာရေးသူကို Code Of Conduct စပ်လျဉ်းပြီးအောက်ပါအတိုင်းဆွေးနွေးဖလှယ်ခဲ့ပါတယ်- တကယ်တော့ နှစ်ဖက်တပ်ဖွဲ့များ လိုက်နာရမည့် စည်းကမ်း၊ ကျင့်ဝတ်ကို တည်ငြိမ်မှူရှိတဲ့ စစ်ဆင်ရေးဧရိယာတခုမှာ စမ်းသပ်ကာလအချိန်တခု ထားကာ နမူနာ သရုပ်ပြလုပ်သင့်ပါတယ်။ အဲဒီလို စစ်ဘက်ဆိုင်ရာ Joint implementation coordination ကော်မတီက လုပ်ပြရာမှာ ပေါ်ထွက်လာနိုင်မည့် အားနည်းချက်များကို ပြန်လည်ညှိနှိုင်းပြင်ဆင်ပြီးမှ လက်မှတ်ထိုးတဲ့အဆင့် လုပ်ပါက ပိုပြီးတည်ငြိမ် အသက်ဝင် လာနိုင်ပါတယ် ။ ဒါတောင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိပုံအနေအထား ဧရိယာတခုနဲ့တခု မတူညီဖို့များပါတယ်။ တချို့ဧရိယာများဟာ အဖွဲ့ပေါင်းစုံ ရောထွေးနိုင်သလို၊ တဖွဲ့ တည်းမှာပင် အမြဲတမ်းတပ်နဲ့ ဌာနေပျောက်ကြားတပ်ဆိုပြီးရှိနေခြင်း၊ နယ်မြေတခုကို ပိုင်းခြားမှူပြသနာ ရှိနိုင်ပါတယ်။ အဲဒီလို သုံးသပ်ပြင်ဆင်နိုင်ရင် စာချုပ်အပေါ် လက်အောက်တပ်များက နားလည်ပြီး လိုက်နာမှူရှိလာကာ အနှစ်သာရပြည့်ဝတဲ့ အပစ်ရပ်စာချုပ်ဖြစ်လာပါမယ်။

၁၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပြောပြောနေတဲ့ တနိုင်ငံလုံးအပစ်ရပ်ဆိုတဲ့ မြန်မာစာလုံး အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အားလုံးပါမှ ကိုက်ညီလို့ ၃ဖွဲ့ကို ချန်ထားလို့မကောင်းဘူးဆိုတဲ့ တောင်းဆိုမှူ ဟာ အစိုးရအဖို့ အကျပ်အတည်းဖြစ်နေပါတယ်။ စာရေးသူတို့ စစ်ဖက်အရာရှိကြီးတွေဟာ တခါတလေ စကားလုံးရွေးချယ်မှူ ထိပ်ဆုံးကိုမှ ရွေးတတ်လွန်းတယ်။ မြန်မာ့အားကစား ကမ္ဘာလွှမ်းစေရမယ် ဆိုတဲ့ လူရယ်စရာဖြစ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဆိုလိုတာက လက်ရှိဖြစ်နိုင်တဲ့စွမ်းအား၊ ပေးလာတဲ့ အခွင့်အရေး၊ လတ်တလောအခြေအနေ၊ ပေးတဲ့အနေအထား၊ မူတည်ပြီးအကောင်အထည်ဖေါ်လို့အောင်မြင်နိုင်မဲ့ ရည်မှန်းချက်၊ စကားလုံးဝေါဟာရသာရွေးချယ်သင့်ပါတယ်။ အမှတ်ယူချင်တဲ့စိတ်၊ လုပ်ချင်နေတာကို လိုအပ်တာထက် မရမက ဆွဲတင်နေတဲ့ ပုံမျိုးပေါက်နေပါတယ်။ ဖြစ်သင့်တာက ၃ဖွဲ့ ကို လက်မခံနိုင် လောက်တဲ့ အကြောင်းပြချက်တွေ ခိုင်ခိုင်မာမာပြပြီး လူထုကို ချရှင်းရဲကာ တပ်ချုပ်နဲ့လေသံတထပ် တည်းဖြစ်သင့်တယ်။ တရုတ်ကို ကြောက်နေတာ သိသာလွန်းတယ်လို့သုံးသပ်ပါတယ်။

၁၃။ စာရေးသူရဲ့ခံယူချက်အရ မူလကတည်းက မြန်မာစာလုံးအဓိပ္ပါယ်အရ အငြင်းမပွါးရအောင် တနိုင်ငံလုံးအပစ်ရပ်စာချုပ်အစား ငြိမ်းချမ်းရေး အပစ်ရပ်စာချုပ်ဆိုပြီး ဝေါဟာရပြောင်းသင့်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေးအမှန်လိုလားသူတွေတိုင်း ဒီလက်မှတ်ကို လာထိုးကြမယ်။ MMDAA လိုမျိုး အချုပ်အချာအာဏာကိုထိပါးတဲ့အဖွဲ့ကိုပါမှ လက်မှတ်ထိုးမည်ဆိုတဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးမလိုလားသူအဖြစ် အော်တိုမစ်တစ်အဓိပ္ပါယ် သက်ရောက်သွားမှာဖြစ်တယ်။ အချုပ်အချာအာဏာ ထိပါးတယ်ဆိုတာကိုအဆုံးစွန်ထိ တွေးလိုက်ရင် ခွဲထွက်ခွင့်အခြေအနေဖန်တီးနိုင်တာမို့ အခြားအဖွဲ့တွေနဲ့တန်းတူမထားနိုင်တာ ပေါ်တင်ရှင်းလင်းသင့်ပါတယ်။

၁၄။ ယခုတော့ရွေးကောက်ပွဲက နီးလာလို့ နိုင်ငံရေးမူဘောင်ဆွေးနွေးမဲ့ကာလ ရက်ပေါင်း(၆၀)ဟာ အစိုးရအဖွဲ့အချိန်းအပြောင်းနဲ့ဘယ်လိုဆက်ပြီး စခန်းသွားကြမလဲ ဆိုတာတိုင်းရင်းသားအချို့ စိုးရိမ်စိတ်ဖြစ်ပေါ်နေတာနဲ့ စပ်လျဉ်း ပြီး ငြိမ်းချမ်းရေးစင်တာနဲ့နီးစပ်သူထံစာရေးသူမေးခဲ့ပါတယ်-

“ အကိုကြီးမင်္ဂလာပါ။ တချို့တိုင်းရင်းသားတွေကစိတ်ပူနေကြတယ်။ အရေးကြီးဆုံးဖြစ်တဲ့နိုင်ငံရေးမူဘောင်ရေးဆွဲကာလဟာ ရွေးကောက်ပွဲနဲ့တိုက်ဆိုင်နေတာမို့ နိုင်ငံရေးပါတီတွေက စိတ်မဝင်စားနိုင်ဘူး။ တကယ်လို့မပြီးဘဲ နောင်အစိုးရက ဒါကိုဆက်ပြီး အကောင်အထည်ဖေါ်တာဆိုရင်တမျိုးဖြစ်သွားမှာ စိုးရိမ်နေကြတယ်။”

“ ညီလေး၊ ဒါကို အပစ်ရပ်မထိုးခင် သိတဲ့အတိုင်း ယခုဆိုရင် ဦးအောင်မင်းတို့ အင်းယားလိပ်မှာ ကြိုတင်အစည်းအဝေးခေါ်နေပြီ။ သက်ဆိုင်ရာပါတီတွေနဲ့ တိုင်းရင်းသားတွေက သူတို့ဆွဲပြီးသား နိုင်ငံရေးမူဘောင်တွေကို တင်လာကြပြီ။ အဲဒီ စိုးရိမ်တယ်ဆိုတဲ့သူတွေက တကယ်လက်မှတ်မထိုးချင်လို့ အကြောင်းပြတာ ဖြစ်မယ်။ ဒီအဆင့်ဖြစ်လာဖို့အချိန်တွေများစွာယူပြီး နှစ်ဖက် သဘောထားပါအောင် ဆွဲထားတာဖြစ်တယ်။ အခုမှထပြီး ကောက်ဆွဲထားတဲ့ပုံစံမျိုး၊ ပြန်ညှိခိုင်းတဲ့ပုံစံမျိုး ပြောတဲ့ဟာကလည်း လက်မှတ်မထိုးဖို့ အပြုသဘောမဟုတ်ဘဲ အပျက်သဘော ဟန့်တာမျိုး မကောင်းဘူးပေါ့။ ထိုးပြီး ပြန်ပစ် ခတ်မှူမဖြစ်ဖို့Code Of Conduct တောင် နှစ်ဖက်တပ်မှူးတွေ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းတတိုင်းနဲ့ တတိုင်း မတူတဲ့အတွက် သေသေချာချာညှိရမှာ၊ ကော်မတီဖွဲ့ပြီးရင် အသေးစိတ်လုပ်ရမှာ၊ ဆိုပေမဲ့ စစ်တပ် ဆိုတော့ အစိုးရလို လူပြောင်းစရာ မရှိသေးတဲ့အတွက် ဒီစိုးရိမ်စိတ်ကို ဖြေဖျောက်နိုင်တယ်။”

 ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပြည်သူလူထုလိုလားနေပုံ ရှမ်းမြောက်ဒေသမှ တိုင်းရင်းသားတစ်ဦးရဲ့ ခံစားချက်၊ ယခုလို အပစ်ရပ်စာချုပ်နှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းရင်းများရှိရာ အစိုးရမှာ တာဝန်ရှိတဲံ့ အားနည်းချက် အပိုင်းမြင်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့လည်း တာဝန်ရှိတဲ့ အားနည်းချက် တွေကို နောက်အပိုင်း(၃)မှာ ဆက်လက်တင်ပြပါ့မယ်။

(Photo - Senior General - Min Aung Hlaing Facebook)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>