↧
ကာတွန်း ATH - သေရွာပြန် မဲစာရင်း
↧
ရန်လင်းအောင် - စား ကြွ င်း
ရန်လင်းအောင် - စား ကြွ င်း
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
ငလျင်ကြီးတွေထဲက
ကျကျန်ခဲ့တာ
မြစ်ရေကြီးမှုတွေထဲက
ကျကျန်ခဲ့တာ
အဓိကရုဏ်းတွေထဲက
ကျကျန်ခဲ့တာ
မီးတောက် မီးလျှံတွေထဲက
ကျကျန်ခဲ့တာ
ပြာပူတောထဲက
ကျကျန်ခဲ့တာ
အူအသည်း ဗြောင်းဆန်မှုတွေထဲက
ကျကျန်ခဲ့တာ
အာဏာရူးတွေလက်ထဲက
(မတော်တဆ) ကျကျန်ခဲ့တာ
မျိုးတုန်းသတ်ဖြတ်မှုတွေထဲက
ကျကျန်ခဲ့တာ
ဓါးကို ဓါးချင်း
လှံကို လှံချင်းဆိုတာတွေထဲက
ကျကျန်ခဲ့တာ
ဘယ်တော့မှ
မိုးပေါ်ထောင်ပစ်ဘူးဆိုတာတွေထဲက
ကျကျန်ခဲ့တာ
အသက်ရှူသံ
ဖိတ်တ၀က် စင်တ၀က်နဲ့
ကျကျန်ခဲ့တာ
မကြံကောင်း မစည်ကောင်းတွေနဲ့
ကျကျန်ခဲ့တာ
မကြံတတ် မစည်တတ်တွေနဲ့
ကျကျန်ခဲ့တာ
ကျကျန်ခဲ့တာ
အမှိုက်လိုလို ဒိုက်လိုလို
ကျကျန်နေခဲ့တာ
တူလိုလို ပေလိုလို
ဂုဏ်လုပ်ရခက်၊ တုန်လှုပ်ရခက်
ကျကျန်နေခဲ့တာ …။
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
ငလျင်ကြီးတွေထဲက
ကျကျန်ခဲ့တာ
မြစ်ရေကြီးမှုတွေထဲက
ကျကျန်ခဲ့တာ
အဓိကရုဏ်းတွေထဲက
ကျကျန်ခဲ့တာ
မီးတောက် မီးလျှံတွေထဲက
ကျကျန်ခဲ့တာ
ပြာပူတောထဲက
ကျကျန်ခဲ့တာ
အူအသည်း ဗြောင်းဆန်မှုတွေထဲက
ကျကျန်ခဲ့တာ
အာဏာရူးတွေလက်ထဲက
(မတော်တဆ) ကျကျန်ခဲ့တာ
မျိုးတုန်းသတ်ဖြတ်မှုတွေထဲက
ကျကျန်ခဲ့တာ
ဓါးကို ဓါးချင်း
လှံကို လှံချင်းဆိုတာတွေထဲက
ကျကျန်ခဲ့တာ
ဘယ်တော့မှ
မိုးပေါ်ထောင်ပစ်ဘူးဆိုတာတွေထဲက
ကျကျန်ခဲ့တာ
အသက်ရှူသံ
ဖိတ်တ၀က် စင်တ၀က်နဲ့
ကျကျန်ခဲ့တာ
မကြံကောင်း မစည်ကောင်းတွေနဲ့
ကျကျန်ခဲ့တာ
မကြံတတ် မစည်တတ်တွေနဲ့
ကျကျန်ခဲ့တာ
ကျကျန်ခဲ့တာ
အမှိုက်လိုလို ဒိုက်လိုလို
ကျကျန်နေခဲ့တာ
တူလိုလို ပေလိုလို
ဂုဏ်လုပ်ရခက်၊ တုန်လှုပ်ရခက်
ကျကျန်နေခဲ့တာ …။
ဓာတ်ပုံ / အောင်ထက်
↧
↧
သာထက်အောင် - တိုင်းပြည်ရဲ့ပုံရိပ် လူမျိုးရဲ့ ဂုဏ်သိက္ခာ
သာထက်အောင် - တိုင်းပြည်ရဲ့ပုံရိပ် လူမျိုးရဲ့ ဂုဏ်သိက္ခာ
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (၁၇.၆.၁၅) တုန်းက ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ရပ်ဘီပွဲကြီးတပွဲဝှဲချီး ကျင်းပခဲ့ပါတယ်။ ဘောလုံးထက် ရပ်ဘီကို ပိုမိုစွဲလမ်းရူးသွပ်တဲ့ ဩစီတွေအဖို့ အဲဒီနေ့ကကျင်းပတဲ့ (STATE OF ORIGIN) ပွဲမှာ ပရိသတ် ၉ သောင်းကျော် ကြည့်ရှုအားပေးခဲ့ကြပါတယ်။
Marrons လို့ခေါ်တဲ့ အင်္ကျီနီညိုရောင်ဝတ်ထားတဲ့ ကွင်းစလန်းပြည်နယ်အသင်းနဲ့ Blues လို့ခေါ်တဲ့ အပြာရောင်အင်္ကျီ ၀တ် ထားတဲ့ နယူးဆောက်ဝေးပြည်နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားတဲ့ပွဲကို တနိုင်ငံလုံးဝက်ဝက်ကွဲ အားပေးခဲ့ကြ ပါတယ်။ နှစ်စဉ် ဒီအချိန်ရောက်ရင်ဒီ ၂ သင်း၊ ဒီလိုပဲ အကြိတ်အနယ်ကစားပြီး ပရိတ်သတ်ကလည်း ဒီလိုပဲ ၀က်ဝက်ကွဲ အားပေးစမြဲမို့ သိပ်တော့မဆန်းပါဘူး။ ဒါပေမယ့် နည်းနည်းထူးခြားတာက ပွဲမစခင်မှာ မကြာခင်က ကွယ်လွန်သွားတဲ့ အိုလံ ပစ်ချန်ပီယံ အားကစားသမားဟောင်းကြီး (RON CLARKE) ဆိုတဲ့ပုဂ္ဂိုလ်ကို ဂုဏ်ပြုအောက်မေ့ပွဲလုပ်ပါတယ်။ အသက် ၇၇ နှစ်မှာကွယ်လွန်သွားတဲ့ အဲဒီအားကစားသမားကြီးဟာ သူငယ်ငယ် သြစတြေးလျမှာကျင်းပခဲ့တဲ့ အိုလံပစ်ပွဲမှာ အိုလံပစ်မီးရှူး တိုင်ကြီးကိုထွန်းညှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလည်းဖြစ်တော့ သြစတြေးလျနိုင်ငံရဲ့ အစဉ်အလာအတိုင်း ရပ်ဘီပွဲမစခင်အား ကစား သမားတွေရော ပွဲကြည့်ပရိသတ်တွေပါ သူ့ကို ဂုဏ်ပြုအောက်မေ့တဲ့အနေနဲ့ တစ်မိနစ် မတ်တပ်ရပ်ပြီး အလေးပြုပါတယ်။ ကွင်းထဲက တီဗွီကြီးပေါ်မှာလည်း သူ့ရုပ်ပုံနဲ့ လှုပ်ရှားမှုတွေပြပါတယ်။
ပြဿနာက အဲဒီမှာစပါတယ်။ လူကိုးသောင်းကျော်ကြည့်ရှုအားပေးတဲ့ မဲဘုန်းမြို့က အားကစားကွင်းကြီးထဲမှာ အားလုံး မတ်တပ်ရပ်ပြီး ကွယ်လွန်သူ နိုင်ငံဂုဏ်ဆောင်အားကစားသမားကြီးကို တစ်မိနစ် ငြိမ်သက်ဂုဏ်ပြုနေစဉ် ဆူပူအော်ဟစ်နေတဲ့ လူတစုရှိခဲ့ပါတယ်။ အဲဒီသတင်းကို တီဗွီချန်နယ်အသီးသီးက သတင်းအဖြစ်လွှင့်ထုတ်ခဲ့ပြီး ဒါဟာမလုပ်သင့်တဲ့အပြုအမူ၊ ရှက်စရာကောင်းတဲ့အပြုအမူလို့ ဝေဖန်ပြောဆိုသွားပါတယ်။ ဗစ်တိုးရီးယားပြည်နယ် ၀န်ကြီးချုပ်ကလည်း တစ်မိနစ် လောက်တောင် ကိုယ့်နှုတ်ကို မစောင့်စည်းနိုင်ဘူးလားဆိုပြီး ပြစ်တင်စကားချက်ချင်းပြောကြားတာကို တီဗွီက တိုက်ရိုက် လွှင့်ထုတ်သွားပါတယ်။ ပြီးတော့ တနိုင်ငံလုံးကတက်လာတဲ့ ဖေ့စ်ဘုတ်က Comments တွေထဲက တချို့ကိုထုတ်နှုတ်ပြီး ဒါဟာ တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုတ်သိက္ခာကိုထိခိုက်စေတဲ့အကြောင်း၊ ဒီလိုလူမျိုးတွေကို ထိုက်သင့်တဲ့အပြစ်ပေးအရေးယူမှု တွေပြုသင့်ကြောင်း စသဖြင့်ပေါ့လေ။ တစ်မိနစ်အတွင်း လိုက်နာရမယ့်လူ့ ကျင့်ဝတ်၊ လူ့စည်းကမ်းကို မလိုက်နာသူ (အချို့) ကြောင့် သောင်းနဲ့ချီသော ပရိတ်သတ်နဲ့အားကစားသမားများ နှလုံးမသာမယာဖြစ်ကြရပါတယ်။
ဒီကိစ္စဟာ သာမာန်ကြည့်ရင် အသေးအဖွဲလို့ထင်ရပေမယ့် ဒါဟာတိုင်းပြည်ရဲ့ပုံရိပ်-လူမျိုးရဲ့ဂုဏ်သိက္ခာနဲ့ တိုက်ရိုက်ဆက်စပ် နေပါတယ်။ ခက်တာက သြစတြေးလျက အားကစားကွင်းကြီးတွေမှာ အားကစားပွဲကျင်းပနေတုန်း ဘီယာဝယ်သောက်လို့ရတဲ့ဘီယာဆိုင်တွေကလည်းရှိလေတော့ တချို့က မူးနေပါပြီ။ အဲသလို အော်ကြ ဟစ်ကြအားပေးကြရတာကိုက သူတို့မှာ အရသာမို့ ဈေးကြီးလှတဲ့လက်မှတ်ဝင်ကြေးဖိုးကို ဂရုမစိုက်နိုင်ပဲ ကွင်းထဲအထိလာရောက်အားပေးရတာကို ပျော်နေတာပါ။ ဒါပေမယ့်အခုလိုလူတယောက်ရဲ့ နောက်ဆုံးအချိန် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်း ကြီးတယောက်ကို ဂုဏ်ပြုအောင်းမေ့တဲ့အနေနဲ့ တမိနစ်ငြိမ်သက်ရမယ့်အချိန်မှာ အော်ဟစ်ဆူပူသောင်းကျန်းနေတာ က တော့ နည်းနည်း တရားလွန်ပါတယ်။ ဒါပေမယ့် ခုလိုဆူပူအော်ဟစ်နေသူတွေဟာ လူများစုလား။ လူ ၉ သောင်း ကျော် အားပေးတဲ့ကွင်းကြီးထဲမှာ လူ ၉ ထောင်ကျော် ခုလိုပြုမူကျင့်ကြံရင် ၁၀ ရာခိုင်နှုန်း၊ လူ ၉ ရာကျော်ဆိုရင် ၁ ရာခိုင်နှုန်း။ ကျွန်တော်ထင်ပါတယ် ၁ ရာခိုင်နှုန်းမပြည့်သော လူနည်းစုလေးပဲ ခုလို မူးရူးအော်ဟစ်နေတာဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ပုံရိပ်ဂုဏ်သိက္ခာကို ထိခိုက်တာဖြစ်တဲ့အတွက် မီဒီယာတွေက လက်ပိုက်ကြည့်မနေပဲ ချက်ချင်း တုံ့ပြန်ကြပါတယ်။ ခုခေတ်မှာ လူတိုင်းလက်ထဲမှာ သေနတ်မရှိပေမယ့် ဖေ့စ်ဘုတ်ဆိုတဲ့လက်နက်တော့ ရှိကြပါတယ်။ သူတို့ကလည်း မတော်မတရားဘူးထင်ရင် ၀ိုင်းပစ်ကြတာပါ။ ကျွန်တော်တို့ ရွှေမြန်မာတွေလို ပက်ပက်စက်စက်၊ တစ်တစ်ခွခွ ဆဲရေး တိုင်းထွာတာမျိုးတော့ မလုပ်ကြပါဘူး။
ခုတလော နှစ်ပေါင်း လေးငါးဆယ်ကျော်ကြာ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ မြန်မာ့ဘော်လုံး နည်းနည်းခေါင်းထောင်လာပုံ ပေါ်ပါတယ်။ “မြန်မာနိုင်ပြီ” ဆိုတဲ့ သီချင်းဓာတ်ပြား ဖုံတက်နေတာကြာလှပေါ့။ ဟော ခု စင်္ကာပူဆီးဂိမ်းမှာ ငွေရလိုက်တော့ဇာတိမာန်တွေလှုပ်လှုပ်ရွရွဖြစ်လာတယ်လို့ကြားပါတယ်။ ဇာတိမာန်တက်ကြွတယ် မျိုးချစ်စိတ်ရှိတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပါ။ ဘယ်သူပဲဖြစ်ဖြစ် ရပ်ကွက်ဘောလုံးပွဲတောင် ကိုယ့်ရပ်ကွက်အသင်းပဲ နိုင်စေချင်တာ သဘာဝပါ။ ခွေးနှစ်ကောင် ကိုက်လည်း ကိုယ့်ခွေးပဲ နိုင်စေချင်တာပဲပေါ့။ ဒါပေမယ့် အားကစားဆိုတာ ခွေးနှစ်ကောင်ကိုက်တဲ့ပွဲ မဟုတ်ပါဘူး။ တရား နည်းလမ်းကျစွာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းက ယှဉ်ပြိုင်ရတာမို့ ရှုံးရင်လည်း အရှုံးကို လက်ခံနိုင်တဲ့ အား ကစားစိတ်ဓာတ်မျိုး ရှိရပါတယ်။ ထို့အတူပဲ အားပေးကြည့်ရှုသူတွေကလည်း ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ့် အသင်း အားပေးရင်းနဲ့ သူ့လူမျိုး သူ့တိုင်းပြည် သူ့အသင်းကို ထိခိုက်စော်ကားရာရောက်တဲ့ အပြောအဆို အပြုအမူအားလုံးကို ဆင် ခြင်ရပါလိမ့်မယ်။
ခက်တာက ခုခေတ်ဘောလုံးပွဲကိုအားပေးတယ်ဆိုတာက အားကစားကိုချစ်လို့ ဘောလုံးကိုချစ်လို့ အားပေးတဲ့သူက နည်း နည်း၊ အလောင်းအစားဆိုတဲ့ ‘စီးပွားရေး’ တွေပါ ပါလာတော့ ရှုံးရင် ရန်လိုတဲ့အပြုအမူတွေပါလာပြီး ဆဲဆိုကြိမ်းမောင်းအော်ဟစ်တဲ့လူတွေ အတွေ့ရများလာပါတယ်။ ဘောလုံးပွဲနဲ့ ဘ၀ပျက်တဲ့လူတွေ၊ အောင်ဆန်းကွင်းထဲမှာပဲ ဘောပွဲကြည့်ရင်းမွဲ သွားတဲ့သူတွေ တွေ့ခဲ့ဖူးတဲ့ ကျွန်တော့်အဖို့ ဘောပွဲတွေဟာ အားကစားသန့်သန့်မဟုတ်တော့ဘူးဆိုတာ ဟိုတုန်းကတည်း ကသိခဲ့ပါတယ်။ ဘောပွဲတွေက မသန့်တော့သလို ဘောပွဲကြည့်တဲ့ပရိသတ်လည်း ကိုယ်လောင်းထားတဲ့ အသင်းနိုင်ဖို့ဆိုတဲ့ ဦးတည်ချက်နဲ့ အားပေးကြတာများပါတယ်။ မသန့်သမှ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တောင် လာဘ်မတရားစားလို့ ဖမ်းရ ဆီးရ ကျော်မကောင်းကြားမကောင်းဖြစ်တာ ကမ္ဘာတ၀ှမ်း သိကြပါတယ်။
မှန်တာပြောရရင် ကျွန်တော်ဘောလုံးပွဲ မကြည့်ဖြစ်တာကြာပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကျင်းပလို့ တီဗွီက တိုက်ရိုက် လွှင့် တာနဲ့ကြုံရင် ကြည့်ဖြစ်တာကလွဲလို့ ဟိုတုန်းကလို တကူးတက ဘောပွဲသွားကြည့်ဦးမဟဆိုတာ မရှိသလောက်ဖြစ်သွားပါပြီ။ ဒါပေမယ့် ၀ါသနာအခံကို မစွန့်လွှတ်နိုင်တော့ ဆီးဂိမ်းဘောလုံးပွဲမှာ ဗမာဗိုလ်လုပွဲတက်တယ် ဘာညာဆိုတော့ ကျွန်တော် စိတ်ဝင်စားပါတယ်။ ဖေ့စ်ဘုတ်မှာလည်း ဗမာတွေ စည်းကမ်းရှိစွာအားပေးဖို့ တိုင်းပြည်နဲ့လူမျိုးဂုဏ်သိက္ခာကျမယ့် အပြုအမူ မျိုး မပြုလုပ်ဖို့ သတိပေးတဲ့ စာတွေ အကြံပေးတဲ့စာတွေဖတ်ရတော့ ဘာတွေများဖြစ်ကုန်ပြီလဲပေါ့။ ဒါနဲ့ ဘောလုံးပွဲသရဲတွေကို မေးကြည့်မှ ရွှေဗမာတွေက ထိုင်းနဲ့တွေ့ရင် ရိုးရိုးသားသား အားမပေးပဲ ဟိုတုန်းက ယိုးဒယားကိုသိမ်းခဲ့စဉ်ကဟာတွေ ဖော်ထုတ်ပြီး ပြောလိုပြော၊ ဦးအောင်ဇေယျလို မင်းဝတ်မင်းစားတွေ ၀တ်လိုဝတ်။ မင်းတို့ကို ဒို့က ငယ်နိုင်ပါဆိုတဲ့ အချိုးမျိုး ချိုးလိုချိုး။
သြော် ….. ခက်ပါလား ဘောလုံးပွဲကို ဘောလုံးပွဲလိုပဲ မြင်မှပေါ့။ ဦးအောင်ဇေယျနဲ့ ဘောလုံးပွဲ၊ အယုဒ္ဓယနဲ့ ဘောလုံးပွဲ ဘာ အကြောင်းနဲ့မှ ကပ်ပြစရာအကြောင်းမရှိပါဘူး။ ကိုယ့်တိုင်းပြည်ရဲ့လက်ရှိအခြေအနေက ဘာလဲဆိုတာလည်း နားလည်ဖို့ သင့်တယ်။ ဘောလုံးပွဲကြည့်ပရိသတ်ဆိုတာကလည်း ဉာဏ်ရည်၊ ပညာရည်အဆင့်အမျိုးမျိုးဆိုတော့ လူ့လွန်မသားတွေ လည်း ပါပေမပေါ့။ ခက်တာက အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ မင်းဆိုးမင်းညစ်အောက်မှာ ဘယ်အရာကိုမှ သိပ်မျှော် လင့်လို့မရပါဘူး။ ဒိုင်လူကြီးနေရာမှာနေရမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌလိုသူကတောင် ဘယ်သူ့ဂရုမစိုက်ဘူး ဘယ်ဝါ့ ဂရုမစိုက်ဘူးဆိုတဲ့ အသုံးအနှုန်းမျိုး၊ တေလေဂျပိုးစကားပြောနေမှတော့….
ဇာတိမာန်တက်ကြွကြပါ။ ကိုယ့်အမျိုးကိုချစ်ပါ။ အပြစ်မရှိပါဘူး။ ဇာတိမာန်တက်ကြွရင်း၊ ကိုယ့်အမျိုးကိုချစ်ရင်းနဲ့ သူများ အမျိုး၊ သူများတိုင်းပြည်စော်ကားသလိုမဖြစ်အောင်တော့ ဆင်ခြင်ရပါလိမ့်မယ်။ ခါးမှာ ပုဆိုးမကပ်တဲ့သူက သူများလိုလုံ အောင်ထိုင်ပါလို့တော့ လက်ညှိုးမထိုးမိပါစေနဲ့။ နောင်တရတတ်လွန်းလို့ပါ။
တခါတုန်းက (နည်းနည်းတော့ကြာပါပြီ) စက်ရုံတရုံမှာ ထိုင်းလူငယ်တယောက်နဲ့အတူ အလုပ်လုပ်ဖူးပါတယ်။ နေ့တိုင်း တစက်ရုံတည်း အတူလုပ်လာကြတော့ လူချင်းကလည်း အတော်ရင်းနှီးနေပါပြီ။ တခါတလေ အလုပ်ပါးရင် ဟိုအကြောင်း ဒီအကြောင်း သူ့ပြည် ကိုယ့်ပြည်အကြောင်း ပြောဖြစ်ကြပါတယ်။ တခါတော့ ရယ်ရင်းမောရင်းပြောရင်းနဲ့ စကားနိုင်လုသလို ဖြစ်လာပြီး ဒို့ဗမာက မင်းတို့အယုဒ္ဓယတို့ ဇင်းမယ်တို့ကို ဘယ်လိုနိုင်ခဲ့တာ ဘာညာနဲ့ ကျွန်တော်ဖိပြောမိတော့ သူငြိမ်နေပါ တယ်။ ပြီးတော့မှ မင်း ချင်းမိုင်တို့ မဲဆောက်တို့ရောက်ဖူးသလားတဲ့။ မရောက်ဖူးဘူးဆိုတော့ အေး.. မင်းအဲဒီကိုသွားကြည့်၊ အလုပ်ကြမ်း၊ ကြက်တန်း၊ အနှိပ်ခန်း၊ အိမ်ဖော် အများဆုံးလုပ်တာ မင်းတို့ ဖမတွေပဲတဲ့။ ကျွန်တော် ဘာတခွန်းမှမပြောနိုင်ပဲ မတ်တပ်ရပ်ကြီး အသက်ထွက်သွားပြီလားတောင် အောက်မေ့ရပါတယ်။ ဒါကြောင့် ရွှေမြန်မာ လူငယ်များကိုပြောပါရစေ။ မျိုးချစ်စိတ်ရှိပါ။ ဇာတိမာန်တက်ကြွပါ။ ပါးစပ်ကြီးနဲ့မျိုးချစ်စိတ်ရှိတာ၊ ပါးစပ်ကြီးနဲ့ ဇာတိမာန်တက်ကြွတာ လွယ်ပါတယ်။ တ ကမ္ဘာလုံးက အထင်ကြီးတဲ့တိုင်းပြည် တကမ္ဘာလုံးက လေးစားတဲ့လူမျိုးဖြစ်အောင် လုပ်ဖို့ဆိုတာကတော့ အတော်ခက်ပါ တယ်။
အချိန်ခဏလေးစောင့်ပါ။ ဆန္ဒတွေမစောကြပါနဲ့ဦး။ မြန်မာနိုင်ငံသားလူငယ်တွေ ပြည်ပကျွန်ထွက်ခံရ၊ အမျိုးသမီးတွေ အိမ် ဖော်ထွက်လုပ်ရတဲ့ဘ၀က ကျွတ်ပြီး ကျွန်တော်တို့ မလုပ်ချင်တဲ့အလုပ်ကြမ်းတွေ အိမ်ဖော်အလုပ်တွေကို တန်ဖိုးရှိလှတဲ့ မြန်မာ “ကျပ်ငွေ” ငမ်းငမ်းတက်လိုချင်လို့ အလုပ်လာရှာကြတဲ့နိုင်ငံခြားသားတွေကို လက်ညှိုးထိုး ခါးထောက်ခိုင်းနိုင်တဲ့ ဘ၀ရောက်ပြီဆိုရင် ‘မြန်မာကွ’ လို့ ကျွန်တော် လက်မထောင်နေမှာပါ။ ။
Photo / abc.net.au
↧
ဖိုးထက် - မတုံးစမ်းပါနဲ့
ဖိုးထက် - မတုံးစမ်းပါနဲ့
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
ဟေ့လူ မတုံးနဲ့ဗျ။
ခင်ဗျားက လွှတ်တော်မှာ ခြေဥပြင်ဖို့ မဲခွဲတာ မပြင်ဖို့ဘက်က နိုင်တဲ့ ကိစ္စကို ပျော်ရတယ်လို့ဗျာ။ သဘောထားကွဲလွဲပိုင်ခွင့် ဆိုတာ လူတယောက်ဖြစ်တဲ့ ခင်ဗျားအတွက် အပြည့်ဝရှိတယ်။ ဒါကို ကျွန်တော်လက်ခံတယ်။ ယုံကြည်တယ်။ ၅၉၊ ၄၃၆ ကို “က” ကန “အ” အထိ ပြင်ခြင်း မပြင်ခြင်းကိစ္စကို ကျွန်တော်က ပြောနေတာမဟုတ်ဘူးဗျ။ ကျွန်တော်ပြောချင်တာက အရှိကို အရှိအတိုင်းလက်ခံပြီး နောင်ရာစုနှစ်လောက် ကြိုးစားကြရမယ့်ခရီးကို ခြေတလှမ်းစလိုက်ဖို့ ပြောချင်တာ။ အခုတော့ ဒီမိုး ဒီလူ ဒီလှေတွေနဲ့ ကျွန်တော်တို့နိုင်ငံက ဘယ်တော့မှ အောက်တန်းစားနိုင်ငံက တက်မှာမဟုတ်ဘူး။
ဒီခရီးကို ဒီလမ်းက ဒီလူတွေနဲ့သွားနေမှတော့ ဒီပန်းတိုင်ဘဲရောက်မယ်ဆိုတာ အဘွားကြီးလိုလူမျိုး မပြောနဲ့ ကျွန်တော်လို အကောင်တောင် သိတယ်။ အခုလို Result ထွက်လာတော့ မထူးဆန်းပါဘူး။ မျှော်လင့်ပြီးသားကိစ္စပါဗျာ။ ဒါပေမယ့် အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့ပေါက်ရအောင် လုပ်နေကြတာဗျ။ လူ့သက်တမ်းတခုဟာ ဘာရှိမှာလဲ။ အလွန်ဆုံး နေရလှ နှစ်ပေါင်း ၈၀၊ ၉၀ ပေါ့ဗျာ။ အဲဒီ နှစ်အပိုင်း အခြားလေးထဲမှာ အများနဲ့သက်ဆိုင်တဲ့ ကိစ္စတခုကို ကောင်းကောင်းမွန်မွန်သွားလို့ ရပါလျက်နဲ့ ကိုယ့်နေရာ ကိုယ်မနေချင်ကြတဲ့ကိစ္စကို မုန်းတယ်ဗျ။
ခင်ဗျားလည်း ကိုချစ်စမ်းမောင်ကို သိမှာဘဲ။ IC က လိဒ်ဂစ်တာတီးတဲ့ ဘဲကြီးလေဗျာ။ ဒီလူကြီး ဂစ်တာတီးရင် ကျွန်တော်တို့ သိပ်ခိုက်။ သိပ်ကြိုက်ကြတယ်မို့လား။ ကြိုက်မှာပေါ့ဗျ။ သူ့အသက်မွေးဝမ်းကျောင်း Professional ကို သူက ပိုင်ပိုင်နိုင်နိုင်ရှိတာကိုးဗျ။ သူ့ Professional ကို သူက ပိုပိုပြီးတော်လာအောင် လေ့ကျင့်တယ်။ သင်ယူတယ်။ ကြိုးစားတယ်။ သူ့ကို တံ တားတစ်စင်းရဲ့တည်ဆောက်ပုံ သွားမေးကြည့်ပါ့လား။ အိမ်တအိမ်ရဲ့ လျှပ်စစ်ဝန်အားကို တွက်ခိုင်းကြည့်ပါလား။ ဒီလူကြီး ဘယ်လိုသိမလဲဗျ။ သိဖို့လဲ မလိုဘူးဗျ။ သူ့အသက်မွေးဝမ်းကျောင်းကို ကျွမ်းကျင်နေဖို့အဓိကဘဲလေ။
နောက်ပြီး ရှိပါသေးတယ်ဗျာ။ ထုတ်ပြရရင် အများကြီးဆိုတာ ခင်ဗျားသိပါတယ်။ ကျွန်တော်ပြောချင်တာက လူဆိုတာ ကိုယ့်အသက်မွေး ၀မ်းကျောင်းနဲ့ ကိုယ်နေရတဲ့ အသက်အရွယ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း သေကြရတာဗျ။ ဆရာဝန်တယောက်ဟာ အင်ဂျင်နီယာဘာသာရပ် သိဖို့မလိုဘူး။ ကားစက်ပြင်ဆရာတယောက်ဟာ နာရီပြင်တတ်ဖို့မလို ဘူး။ အခုတော့ စစ်သားက နိုင်ငံရေးလုပ်နေတယ်ဗျ။ ဒါကို ပြောချင်တာ။ ဆန္ဒနဲ့ ဘ၀နဲ့ တထပ်တည်းကျမှ အကောင်းဆုံး ဆိုတာ မျှော်လင့်လို့ရတာဗျ။
လူစိတ်ကင်းနေတဲ့ အစွန်းရောက် IS တွေကိုယ်ထဲကို ကျည်ဆန်အတွဲလိုက်ပစ်ထည့်နေတဲ့စစ်သားနဲ့ ဘာလက်နက်မှမရှိ တဲ့ လူအုပ်ထဲကို ကျည်ဆန်အတွဲလိုက်ပစ်ထည့်နေတဲ့ စစ်သားနှစ်ယောက်ဆိုပါတော့။ ဘယ်သူက သူ့အလုပ်ကို ပိုပြီး ခင် မင်တွယ်တာမယ်လို့ ထင်သတုံး။ လူဗျ။ လူ။ လူဆိုတာ မွေးရာပါ စိတ်ကောင်း စိတ်မြတ်လေးတွေ အနည်းနဲ့ အများ ရှိကြ တာချည်းဘဲ။ ၈၈ တုန်းက လူအုပ်ကြီးကို ပြစ်သတ်ခဲ့တဲ့ စစ်သားတွေ ပျော်နေခဲ့တယ်လို့ ခင်ဗျားထင်သလား။ ကျွန်တော်က မထင်ဘူးဗျ။ အခုလဲ လွှတ်တော်ထဲမှာ အသားလွတ်ကြီး ၂၅ ရာခိုင်နှုန်း ၀င်ထိုင်နေတဲ့ စစ်အရာရှိကြီးတွေ ပျော်နေတယ်လို့ ခင်ဗျား ထင်လား။ စစ်သားဆိုတာ စစ်ဘဲတိုက်ချင်တာ။ သေနတ်ဘဲ ကိုင်ချင်တာ။ ဒီလူကြီးတွေ ကိုယ်နဲ့မဆိုင်တဲ့နေရာမှာ အဆဲခံ၊ အဆူခံပြီး ထိုင်နေရတာ လုံးဝမပျော်ဘူးဆိုတာ ကျွန်တော်က လည်ပင်းဖြတ်ကြေးတောင် အလောင်းအစား လုပ် ချင်တယ်။
ဒါပေမယ့်ဗျာ….စနစ်ကြီးဆိုးကြီးတခု။ လက်တဆုပ်စာ လူတစု။ အာဏာရူးနေတဲ့ လူတချို့ရဲ့ ကြိုးဆွဲရာကို လိုက်ကနေကြ ရတာဗျ။ ဖြူလည်း မည်း။ မည်းလည်း မည်းနေခဲ့ကြရတော့ ငါ ဘာလုပ်နေသလဲဆိုတာ တွေးဖို့တောင် သူတို့မှာ အချိန်မရဘူး ထင်ပါတယ်။ သူတို့အသိုင်းအ၀ိုင်းကြီး တခုလုံးကို ကာပစ် ပစ်ပေးဖို့ငါတို့မှာ တာဝန်ရှိတယ်ဆိုတဲ့စိတ်နဲ့ ပေကတ်ကြီးတွေ လုပ်ပြီး လွှတ်တော်ထဲဝင်ထိုင်နေကြတာဗျ။
ခင်ဗျားလဲ သိတာဘဲဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံ ဘယ်လောက်လူပါးဝတယ်ဆိုတာ။ ကာချုပ်က အရာရာမှာ ဗိုလ်ကျလို့ရအောင် ရေးထားတဲ့ စာအုပ်ကြီးဗျ။ လူတယောက်အပေါ်ကိုစုပုံပြီး အာဏာတွေ အသားကုန်အပ်ထားတာဗျ။ ဒီခေတ်ကြီးမှာ လူ တယောက်အပေါ်ကိုဘဲ အစစအရာရာ ပုံအပ်ထားပြီး မင်းကောင်းတယ်ထင်ရင် လုပ်ဆိုတာ ဖြစ်သင့်သလား၊ မဖြစ်သင့် ဘူးလား စဉ်းစားပေါ့။ ခင်ဗျားလည်း ဆန်စားပြီး ကြီးလာတဲ့ မြန်မာဘဲ။
ကိုင်း..ထားပါ။ ၁၉၉၀ တုန်းက ငါတို့အာဏာလွှဲလိုက်ရင် လမ်းပေါ်မှာ ငါတို့လူတွေကိုပစ်သတ်ထားတဲ့အတွက် အဖမ်းခံရ လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အာဏာမလွှဲခဲ့ဘူး။ ထားပါတော့။ အခုက သားရွှေအိုးထမ်းလာမယ့်ကိန်းဗျ။ အရာရာအားလုံးက ချောချောမွေ့မွေ့နဲ့ ချစ်ချစ်ခင်ခင်နဲ့ ပြီးသွားရမယ့်အခွင့်အရေးကို ပုတ်ချ ဆောင့်ကန်လိုက်တာဘဲဗျ။ ခင်ဗျားက မေးမယ်။ ၄၃၆ ပြင်လိုက်လို့၊ ၅၉(စ) ပြင်လိုက်လို့ ဒေါ်စုအာဏာရရင် စစ်ခေါင်းဆောင်တွေ ခွေးဖြစ်မယ် မထင်ဘူးလားလို့ မေးလိမ့်မယ်။ မထူစမ်းနဲ့ဗျ။ ပြည်သူလူထုက လက်စားချေချင်ရင်တောင်မှ အဘွားကြီးက ခွင့်ပြုမှာမဟုတ်ဘူးဗျ။ ဒေါ်စုဟာ ဒီလို အောက် တန်း ခပ်ကျကျ မိန်းမကြီးမဟုတ်ဘူးဗျ။ သူ့စိတ်ထဲမှာ လူတိုင်းကို လူ့ဂုဏ်သိက္ခာ အပြည့်နဲ့ သူ့အသက်မွေး ၀မ်းကျောင်းနဲ့ သူ တိုးတက်ကြီးပွားစေချင်တာ တခုဘဲရှိတယ်။
အခုတော့ ကိုယ့်အရိပ်ကိုယ် ပြန်ကြောက်နေရတဲ့ အဲဒီ စစ်သားမပီသတဲ့စစ်သားတွေကို ကျွန်တော်ကတော့ သနားတယ်ဗျာ။ တော်ပါဗျာ။ အခု ဒီဥပဒေတွေ၊ စည်းကမ်းတွေ၊ စည်းမျဉ်းတွေကို မပြင်နိုင်လို့ ပြီးပြီလို့ ထင်သလားဗျ။ လုံးဝမှားမယ် ဆရာ ရေ့။ လူဆိုတာ ကိုယ်တိုင်သာ အမှားလုပ်ချင်လုပ်မယ်။ သူများကိုတော့ မှန်စေချင်ကြတဲ့အမျိုးကြီးဘဲ။ သူများ ပစ္စည်းလုယူတဲ့ ဓားပြတောင် ရိုးတဲ့ တပည့်ကို ညာလက်ရုံးခန့်ချင်တာဗျ။ အမှန်တရားကို အလွန်မြတ်နိုးတဲ့သတ္တ၀ါထဲမှာ လူက ထိပ်ဆုံးကဗျ။ လူမှာ လောဘရှိမယ်။ ဒေါသရှိမယ်။ မောဟရှိမယ်။ တချိန်တည်းမှာဘဲ သိပ်ပြီး အမှန်တရားကိုချစ်ခင်တွယ်တာတဲ့ သတ္တ၀ါ ဗျ။
ဘာဖြစ်လဲဗျ။ အခု မဲခွဲတာ ရှုံးတယ်။ ပွဲပြီးသွားပြီလို့ ထင်လို့လား။ ဟား…ဟား…။ သိပ်ရီရတဲ့လူဘဲဗျာ။ ခင်ဗျား…ဗျာ။ ဒေါ်စု သမ္မတမဖြစ်လို့ မီးသေသွားပြီလို့ ထင်သလားဗျ။ ကာချုပ်က အာဏာလက်ထဲကိုင်ထားရဆဲမို့ အေးဆေးဘဲလို့ ထင်သလား ဗျ။ ဘယ်တော့မှ မပြီးဆုံးမယ့်တိုက်ပွဲကြီးတခုကို သူတို့စလိုက်ကြတာဗျ။
နောက်ဆုံးမှာ ဘယ်သူ နိုင်မယ်၊ ရှုံးမယ်ဆိုတာ ခဏထားဗျ။ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေရှိလို့ ခိုးချင်တိုင်း ခိုးလို့ရချင်ရမယ်။ ယူချင်တိုင်း ယူလို့ရချင်ရမယ်။ အမှန်တရားဟာ ရွှေဘဗျ။ နောက်ဆုံးမှာ ရွှေဘဟာ ရွှေဘဘဲဖြစ်မယ်ဆိုတာ ထပ်ပြီး လောင်းလိုက်ချင်သေးတယ်။ ဂုဏ်ကျက်သရေကင်းမဲ့တဲ့ ငွေကြေး၊ ဥစ္စာတွေ သူတို့ ယူလို့ ရချင်ရမယ်။ လုပ်ချင်တိုင်း လုပ်လို့ ရချင်ရပါလိမ့်မယ်။ ကိုယ့် Professional နဲ့ကိုယ် မနေသမျှကာလပတ်လုံး ကျွန်တော်တို့နိုင်ငံဟာ ဘယ်တော့မှ အောက် တန်းစားနိုင်ငံက တက်မှာမဟုတ်ဘူးဆိုတာ သိထားစမ်းပါဗျာ။ အရာရာကို လုံခြုံရေးအမြင်နဲ့ကြည့်နေရင် လုံခြုံရေး အဆင့် လောက်ဘဲ ဖြစ်တော့မှာပေါ့ဗျ။
သြော်..ပြောရအုံးမယ်။ ကျွန်တော်တို့နိုင်ငံဆိုတော့ အဲဒီနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျွန်တော်နဲ့ ခင်ဗျားရော ပါတယ်။ မြန်မာစစ်တပ်လည်း ပါတယ်။ ထောင်ထဲရောက်နေတဲ့ ကျောင်းသားလည်း ပါတယ်။ လူအချင်းချင်း လည်လှီးချင် လာအောင်လုပ်နေတဲ့ ဘုန်းကြီးတွေလည်း ပါတယ်။ ဒီနိုင်ငံ အောက်တန်းကျရင် ပြည်သူလူထု တစုတည်း ကွက်ပြီး အောက် တန်းကျတယ်လို့ မထင်စမ်းပါနဲ့ဗျာ။ အားလုံး အောက်တန်းစားဖြစ်မှာဗျ။ လူတော မတိုးဖြစ်မှာဗျ။ အခုတောင် သူတို့ ကမ္ဘာ့အလယ်မှာ အောက်တန်းဘယ်လောက်ကျရသလဲ လိုက်ကြည့်ရင်တွေ့မှာဘဲ။ သူများနိုင်ငံကို ကြောက်ရပါတယ်တို့ ဘာတို့ ထုတ်ကိုပြောရလောက်အောင် ဓားမနောက်ပိတ်ခွေး ဖြစ်နေတာဗျ။
ပြောချင်တာက တခုတည်းပါ။ သိပ်ပြီး မတုံးနဲ့ဗျ။ ချီးလှီးလို့မှ သွေးမထွက်တဲ့ ဓားတုံးကြီးလို ခင်ဗျားဦးဏှောက်ကို အဖြစ် မခံနဲ့ဗျ။
မတုံးစမ်းပါနဲ့ဗျာ။
Photo / greenwichtime.com
↧
မောင်လူရေး - ကျွန်မက စစ်တပ်ပါမောင်
မောင်လူရေး - ကျွန်မက စစ်တပ်ပါမောင်
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
“၅၉”
“ဟေ့ ၅ ၉”
တိုးတိုးမျှ မထူး။
“၄၃၆”
“ဟေ့ ၄၃၆”
“၄ ၃ ၆”
တောက်တောက်မျှ မမြည်။
“ကျောင်းသားကိုယ်စားလှယ်”
“ဟယ် ကြည့်စမ်း မောင် ဘယ်တုန်းက ရောက်နေတာလဲဟင်”
“အမ်မလေးကွယ် ခေါ်လိုက်ရတာ တကမ္ဘာလုံးကြားမယ် မင်းတယောက်ဘဲမကြားတာ”
“ကြားနိုင်ပါ့မလားမောင်ရယ် ဒီလောက်အလုပ်တွေ ရှုပ်နေတာ”
“အောင်မြလေး ဘာတွေများ ရှုပ်နေရတာတုန်း”
“ရှုပ်တာတော့ မပြောနဲ့တော့ ဘယ်သူရှိရအုံးမှာလဲ တောင်သူတွေပေါ့၊ တဆိတ်ရှိ ဆန္ဒဘဲ ပြနေတယ်၊ အဆိုးဆုံးက လက်ပ တောင်း။ ဘုန်းကြီးတွေကပါ မနေနိုင် မထိုင်နိုင်ရောပြီးပါလာလို့ စိတ်တိုတိုနဲ့ ဘုန်းကြီးတင်ကို အပါးတရာကျော် မီးလောင် တိုက်သွင်းပစ်လိုက်တယ်၊ မိုးပါ မီးလောင်ပါရောလား၊ မောင့်မေမေကိုတောင် အကူအညီတောင်းရသေးတယ်၊ မောင့်မေမေ ပြောမှ နားသောတဆင်ကြတာတွေလေ။ တတ်နိုင်ဘူး၊ လူရော ဘုန်းကြီးရော ပစ်သတ်လိုက်ရတာဘဲ။ ကျွန်မက စစ်တပ်ပါ မောင်”
“ကန့်ဘလူဘက်ကတောင်သူတွေ၊ မတ္တရာဘက်ကတောင်သူတွေလဲ ဆူဆူပူပူလုပ်လွန်းလို့ မအားတဲ့ကြားက သွားပစ်သတ် လိုက်ရသေးတယ်၊ ကျွန်မက စစ်တပ်ပါမောင်”
“တခါလဲ ဧရာဝတီတိုင်းဘက်က တောင်သူတွေသောင်းကျန်းလို့ တတ်နိုင်ဘူး၊ ပစ်သတ်ရပြန်တာဘဲ၊ ကျွန်မက စစ်တပ်ပါ မောင်”
“ဒီလောက်သတ်နေတဲ့ကြားက မောင့်မေမေလဲ သေချာပြောရက်သားနဲ့ ဟို ဒေါ်ခင်ဝင်း၊ အတော်ဆိုးတယ်၊ ဒီလောက်ရှိလှဆို ပစ်သတ်လိုက်ကရော၊ ကျွန်မက စစ်တပ်ပါမောင်”
“အဲဒီလို မပြတ်တမ်း သတ်နေတဲ့ကြားကဘဲ၊ ဘယ်သူရှိရအုံးမှာလဲ မောင့်တို့အကိုကြီး ကိုပါကြီးပေါ့၊ ယောက္ခမမျက်နှာလဲ ထောက်မနေနိုင်ဘူး။ ပစ်သတ်လိုက်ရတယ်၊ ကျွန်မက စစ်တပ်ပါမောင်”
“မောင်ရယ် တွေ့ချင်တာပေါ့၊ ဘယ်လိုမှကို မအားလို့ပါ။ ဒီကြားထဲ အိုဗာတိုင်တောင် ဆင်းလိုက်ရသေး၊ ဟို ကိုးကန့်တွေလေ၊ တော်ပြီပေါ့၊ ကိုးကန့်ဆို။ ခုတော့ ဆယ်ကန့်ရချင်တယ်တဲ့။ ပစ်သတ်ရပြန်တာဘဲ။ ကျွန်မက စစ်တပ်ပါမောင်”
“အဲဒါတွေကြောင့် နားကို မနားရတာ။ နားရမလား အောင်မေ့ရတာ၊ ဟော တလောကဘဲ ကျောင်းသားတွေ၊ ကိုယ့်ဟာကိုယ် အေးအေးမနေဘူး၊ ဗဟိုချုပ်ကိုင်မှု လျော့ပေးရမတဲ့၊ ကျွန်မတို့ သားစဉ်မြေးဆက်ကြောက်ပါတယ်ဆိုတဲ့ သမဂ္ဂကိစ္စ ပြောလာ ပါရော။ ဖွဲ့ခွင့် ပေးရမတဲ့၊ ဘယ်တတ်နိုင်မလဲ၊ အကုန်လုံး ရိုက်နှက် ပစ်သတ်ရတော့တာဘဲ။ ကျွန်မက စစ်တပ်ပါမောင်”
“ဒါတောင် အမျှင် မပြတ်ချင်ဘူး၊ ပစ်မှန်း သတ်မှန်းသိရက်နဲ့ ရှေ့ဆက်တိုးကြတယ်၊ မောင်ဝင်ကယ်လို့သာ တော်တော့တယ်၊ မောင်တို့မိသားစုကို အရမ်းအရမ်းကျေးဇူးတင်ပါတယ်ကွယ်၊ ဘယ်လိုရှင်းရမှန်းမသိဖြစ်နေတဲ့ဟာ၊ မောင်က သမဂ္ဂဖြုတ်ပြီး ကျောင်းသားကိုယ်စားလှယ်လုပ်လိုက်လို့သာ ငြိမ်သွားတော့တယ်”
“တဆက်တည်း ပြောရအုံးမယ်၊ မာမီရွှေကလေ မောင်တို့တမိသားစုလုံးကို ကျေးဇူးတင်ကြောင်းပြောခိုင်းလိုက်တယ်”
“ဟုတ်လား၊ ဘာတွေများပါလိမ့်ကွယ်၊ ဘယ်လောက်မှ လုပ်ပေးရတာလဲ မဟုတ်ပါဘူး”
“အမ်မလေး မောင်ကသာ ဘာမှမဟုတ်ဘူးပြောနေ၊ သူလေ သွေးရူးသွေးတမ်းနဲ့ ထင်ရာလုပ်ထားတဲ့ဟာတွေ မောင်တို့တွေ ဖာထေးပေးလိုက်လို့ ခု ဘာမှပြောစရာမလိုလောက်အောင် ကောင်းသွားလို့တဲ့၊ ကျေးဇူးတွေတင်နေလိုက်ပုံများ”
“ဟုတ်လား၊ မောင်တို့တောင် သတိမထားမိဘူးကွယ်”
“ဟိုဟာလေ တကဲ့မင်းမဲ့စရိုက်၊ အရိုင်းအစိုင်းတွေလုပ်တဲ့ဟာမျိုးလေ၊ ဖွဲ့စည်းပုံဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ဟာလေ၊ အဲဒါ ကျွန်မတို့ မိသားစုဘွားဘွားဘီဘင်လိုက် သိက္ခာကျ အရှက်ရနေတဲ့ဟာကြီးလေ၊ အဲဒီဟာကြီးကို ဖွဲ့စည်းပုံဥပဒေကို ချွင်းချက်ပြုပြီးဆိုလား ပြောင်းပေးတာလေ၊ အဲဒါရယ် စစ်ရေးအမြင်ကို ကာကွယ်ရေးအမြင်တို့ဘာတို့လေ၊ နောက်ပြီးတော့”
“အိုကွာ ဒါတွေက အသေးအဖွဲတွေပါ၊ စိတ်ထဲ မထားပါနဲ့လို့ မာမီရွှေကို ပြောလိုက်ပါအုံး”
“ဒါနဲ့ ဒို့တွေ အေးအေးဆေးဆေးတွေ့ချင်တယ်ကွာ၊ တခါမှ စကားကောင်းကောင်းပြောရတယ်မရှိဘူး”
“ဒါတော့ မောင်ရယ်၊ လွှတ်တော်ထဲ တွေ့နေကြတာဘဲဥစ္စာ၊ လွှတ်တော်ထဲဘဲ တွေ့ကြတာပေါ့၊ လွှတ်တော်ကဘဲ စောင့်နေ မယ်လေ၊ မောင်သာ လွှတ်တော်ထဲ ရောက်အောင်လာပါ။ အဲဒီထဲမှာ မျက်လုံးချင်းဆုံ ရင်ခုန်ကြတာပေါ့၊ တခါတရံ မိတင်မှာ၊ တခါတလေ ဖိုရမ်လေးဘာလေးရှိရင်လဲ တွေ့လို့ရနေတာဘဲမောင်ရယ်”
“လွှတ်တော်ထဲတော့ သေချာပေါက်လာမှာပါကွာ”
“မောင် လွယ်လွယ်မပြောနဲ့မောင်၊ အရင်အခြေအနေမဟုတ်တော့ဘူး။ မောင် အိမ်တော်ပါတင်အေးကို ကျော်လွှားနိုင်မှရမယ်၊ သူက မောင်တို့ကို တစက်မှ ကြည့်ရတာ မဟုတ်ဘူး။ မောင်တို့ လုံးဝ မလာစေရဘူးတဲ့”
“ကျွန်မကလဲ အလုပ်က နဲနဲလေးမှ မအား၊ ပစ်ရ ခတ်ရတာနဲ့ကို တကယ် လက်မလယ်ဘူး၊ မောင်သာ လွှတ်တော်ထဲရောက် မလာရင် တွေ့ဖို့မလွယ်ဘူးနော်၊ အလုပ်သမားကလာရှုပ်လိုက်၊ လယ်သမားက လာရှုပ်လိုက်၊ ဘုန်းကြီးကရှုပ်လိုက်၊ ကျောင်း သားကရှုပ်လိုက်၊ ဟို တက်ကြွတွေက ရှုပ်လိုက်၊ အချိန်ရှိသမျှ ပစ်သတ်နေရတာဘဲ။ ကျွန်မက စစ်တပ်ပါမောင်”
မောင်လူရေး
သရုပ်ဖော်ကာတွန်း / စောငို
↧
↧
မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၆)
မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၆)
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၅
(စ) နယ်စပ်အရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာ
၁။ နှစ်ဖက်ဆွေးနွေး အဖြေရှာရေး
ကိုးကန့်စစ် စဖြစ်ကထဲက နှစ်ဖက်တွေ့ဆုံဆွေးနွေးအဖြေရှာရန် တရုတ်တို့က တိုက်တွန်းခဲ့သလို နယ်စပ်တလျှောက် မ တည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် မြန်မာအစိုးရကမူ ကိုးကန်နှင့် ဆွေးနွေးရေး ပယ်ချထားသည်။ တရုတ်အစိုးရကတော့ လက်မလျော့ အလျှဉ်းသင့်လျှင် သင့်သလို တွေ့ဆုံဆွေးနွေးအဖြေရှာဘို့ တိုက် တွန်းသည်။
ထို့ပြင် သူတို့ဖက်စတင်သည့် ပျော့ပြောင်းမှုကိုပြသည့်အနေနှင့် ဖုန်ကြားစင်းအားဆက်သွယ်ပြီး အပစ်ရပ်ဘို့ ဖိအားပေး ခဲ့သည်။ သို့နှင့် ၂၀၁၅ ဇွန်လ ၁၀ ရက်နေ့ ကိုးကန့်အဖွဲ့မှ တဖက်သတ်အပစ်ရပ်ကြောင်းကြေငြာသည်။ ကိုးကန့်တို့အနေနှင့် စတင်တိုက်ခိုက်များ လုပ်တော့မည်မဟုတ်ဘဲ ခုခံကာကွယ်မှုသာလုပ်သွာမည်ဟု ဆိုသည်။ ထိုကြေငြာချက်ထုတ်သည့်နေ့ သည် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သို့ အလည်အပတ်ခရီးစတင်လိုက်သည့်နေ့ဖြစ်သည်။
ဇွန်လ ၁၁ နေ့တွင် ဤကြေငြာချက်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူများက ပြောဆိုသည်။ ဇွန် ၁၂ ရက်တွင် တာဝန်ပြီးဆုံး၍ မြန်မာပြည်မှပြန်လည်ထွက်ခွာမည့် တရုတသံအမတ် ယန်ဟို့လန်က ကာချုပ်မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး တရုတ်အနေနှင့် ဖုန်ကြားစင်းအား ရှာပြီး ဖိအားပေး
တောင်းဆိုကာ အပစ်ရပ်စေခဲ့ကြောင်း ကိုးကန့်ပြဿနာအားနိုင်ငံရေးနည်းအရ ဖြေရှင်းရန်တောင်းဆိုခဲ့ပါသည်။ ထိုနေ့မှာပင် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကိုကန့်ပြဿနာအား အပစ်ရပ်ပြီး နိုင်ငံရေး နည်းအရဖြေရှင်းကြရန် တိုက်တွန်းခဲ့ပါသည်။
ဇွန်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဌာန ဒုဝန်ကြီးဖြစ်သူ ဦးသန့်ကျော်က လက်ရြှိပဿနာကို ဖုန်ကြားစင်းတို့ စတင်ခဲ့သည်ဖြစ်၍ ဖုန်ကြားစင်းမှ တာဝန်ယူရမည်ဖြစ်ပြီး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ ကိုးကန့်ဒေသတွင်လည်း ဇွန် ၁၂ ရက်နေ့စပြီး ကိုးကန့်စခန်းအချို့ကို မြန်မာစစ်ဖက်မှတိုက်ခိုက်သဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည်ဟု ဆိုပါသည်။ အခြေအနေသည် တရုတ်တို့မျှော်လင့်သလိုဖြစ်မလာဟု ဆိုရပေမည်။
၂။ ကိုးကန့်ပြဿနာအစ
ကိုးကန့်ပြဿနာကို စသည်မှာ အာဏာပြန်လိုချင်သော ဖုန်ကြားစင်းတို့က စသည်ဟု မြန်မာအစိုးရကသဘောထားသည်။ကိုးကန့်တို့ကမူ ၂ ဖက်သဘောတူထားသော ငြိမ်းချမ်းရေးကို ဖျက်ပြီး၂၀၀၉ တွင် အစိုးရတပ်က အင်အားသုံးမောင်းထုတ်ခံရ
သဖြင့် ယခု သူတို့အိမ်သူတို့ပြန်လာခြင်းဖြစ်သည်ဟု ဆိုသည်။ အကဲခတ်အချို့ကမူ ကိုးကန့်ပြဿနာကို တရုတ်ကစသည်ဟုဆိုကြသည်။ ၂၀၀၉ တွင် မူးယစ်နှင့်လက်နက်ကိစ္စကြောင့် ကိုးကန့်ကိုအရေးယူရန် မြန်မာအစိုးရကိုတောင်းဆိုခဲ့သူမှာ တရုတ်အစိုးရ အရာရှိများဖြစ်သည်။ တောင်းဆိုခဲ့သည်မှာ တကယ့်မူးယစ်နှင့်လက်နက်ကိစ္စကြောင့်လော (သို့မဟုတ်) ဖုန် ကြားစင်းတို့ ထိုစဉ်က ဂျပန်နှင့် ပူးပေါင်းလွန်းခြင်းကြောင့်လောဟု တွက်ဆကြသည်။ ထိုစဉ်က ကိုးကန့်ဒေသတွင် ဖုန်ကြား စင်းတို့မှ ဂျပန်အကူအညီနှင့် ဘိန်းအစားထိုးသီးနှံအဖြစ် ပန်းဂျုံစိုက်ပျိုးရေး ပြုလုပ်နေချိန်ဖြစ်သည်။
မည်သူကစသည်ဖြစ်စေ။ ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းနိုင်မှသာ ရလဒ်ကောင်းထွက်ပေမည်။ တရားခံရှာနေရုံနှင့် မပြီးပေ။
၃။ တရုတ်နယ်စပ် စစ်ရေးတင်းမာမှု
တကယ်တော့ ကိုးကန့်စစ်ပွဲစ၍ မကြာမှီမှာပင် ကိုးကန့်တို့ဘက်မှ တရုတ်ကြေးစားစစ်သားများ ဝင်ကူနေသည် ဟုလည်းကောင်း၊ တရုတ်မှစစ်လက်နက် ပစ္စည်းထောက်ပံ့သည်ဟုလည်းကောင်း၊ တရုတ်နယ်ထဲမှ ဝင်တိုက်သည်ဟုလည်း ကောင်း မြန်မာတို့ဘက်မှ စွပ်စွဲသည်မှ၍ တရုတ်နှင့်မြန်မာစစ်ခေါင်းဆောင်များကြား မကြည်လင်မှုများစသည်ဟု ဆိုရပေ မည်။
ကိုးကန့်စစ်ပွဲ ဖြစ်ပြီးမကြာခင် မြန်မာဘက် ဗုံးတစ်လုံး တရုတ်ဘက်သို့ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရမှု ရှိခဲ့သည်။ တရုတ်ထိပ်တန်းခေါင်းဆောင်များက မြန်မာအား ပြင်းထန်စွာ သတိပေးကန့်ကွက်ခဲ့သည်။ အစပိုင်းတွင် မြန်မာဖက်ကငြင်းဆန်သော်လည်း နှစ်နိုင်ငံပူးတွဲစစ်ဆေးမှုပြီးနောက် မြန်မာဖက် ဝန်ခံခဲ့ရသည်။ ထိုစဉ်မှ စ၍ တရုတ်မှ လေတပ် မြေပြင်တပ်နှင့် လေယာဉ်ပစ်ဒုံးများအပါ နယ်စပ်သို့ စတင်ပို့ဆောင်ခဲ့သည်။
နောက်ပိုင်းတွင်လည်း မြန်မာစစ်တပ်မှပစ်ခတ်သည့် အမြောက်ဆံများကျသည်ဆိုကာ ကန့်ကွက်မှုများ အကြိမ်ကြိမ်ရှိခဲ့သော်
လည်း မြန်မာဖက်မှငြင်းဆန်ခဲ့သည်။ ဤသို့ တဖြည်းဖြည်း ပို၍တင်းမာလာပုံရသည်။ မေလ ၃၀ ရက်နေ့က တရုတ်ရဲနှင့် စစ်တပ် အစောင့်မရှိသည့် တရုတ်နယ်မြေအတွင်းသို့ မြန်မာစစ်အင်အား ၂၀၀ ခန့်ဝင်ရောက်ခဲ့သည်မှအစပြု၍ ကိုးကန့်နှင့် ကပ်ရက် တရုတ်နယ်မြေထဲတွင် တရုတ်ကြည်းတပ်နှင့် လေတပ်တို့ပူးပေါင်းစစ်ရေးလေ့ကျင်ရန် တရုတ်သမတ ရှီကျင် ကိုယ်တိုင် အမိန့်ထုတ်လိုက်သည်။ တရုတ်နယ်မြေအတွင်းသို့ မြန်မာတိုက်ပွဲများ ကျူးကျော်ဝင်ရောက်မလာစေရန်နှင့် တရုတ်နယ်မြေအတွင်း အမြောက်ဆံဗုံးဆံ ကျရောက်သည်များနှင့်ပတ်သက်၍ မြန်မာဘက်က လုပ်ဆောင်မှုပျက်ကွက်တာကိုတုန့်ပြန်ခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဇွန်လ ၁ ရက်နေ့ ချင်တူး စစ်ဒေသထုတ်ပြန်ချက်အရ ကြည်းလေ ပူးပေါင်းစစ်ရေးလေ့ကျင်မှုကို ဇွန်လ ၂ ရက်မှ စတင်မည်ဖြစ်ကြောင်း ရက်အကန့်အသတ်မရှိကြောင်း လေယဉ်ပျံသန်းမှုတားမြစ်ထားပြီး ပစ်မိန့်ပေးထားကြောင်း စစ်လေ့ကျင့်ရာနယ်မြေအတွင်း မော်တော်ယာဉ်သွားလာခွင့်ပါ တားမြစ်ထားကြောင်း ကြေငြာလိုက်သည်။ ယင်းစစ်လေ့ကျင့်မှုသည် မြန်မာပြည်မှ တိုက်ပွဲများ တရုတ်ပြည်သို့ ထပ်မံလွင့်စင်မှုကို နောက်ထပ်သည်းမခံတော့ကြောင်း ဖော်ပြခြင်းဖြစ်သည်ဟု တရုတ်သတင်း ဌာနများက ဖော်ပြကြသည်။ ဤစစ်လေ့ကျင့်မှုအား ကျည်အစစ်ဖြင့် လေ့ကျင်မည်ဖြစ်သည်။
စစ်လေ့ကျင်မှုသတင်းထုတ်ပြန်ရာတွင် မြေပြင်လက်နက်ကြီးပစ်ခတ်သည့်နေရာကိုရှာဖွေပြီး လေယာဉ်မှ ပြန်လည်တုန့်ပြန်တိုက်ခိုက်ခြင်းကို ၈ စက္ကန့်အတွင်း အောင်မြင်စွာလေ့ကျင့်နိုင်ခဲ့သည်ဟုဆိုသည်။ မြန်မာဘက်မှ အမြောက်ဆံများကျခြင်းကို တိုက်ရိုက်ရည်ညွှန်းပုံရသည်။ ဤသို့ဖြင့် လက်နက်အပြည့်အစုံဖြင့် အသင့်ဖြစ်နေသော တရုတ်ကြည်းတပ်နှင့်လေတပ်တို့ တရုတ်-မြန်မာနယ်စပ်အနီး အချိန်အကန့်အသတ်မရှိ တပ်စွဲနေရာယူထားသောအခြေအနေတရပ် ပေါ်လာပေတော့သည်။
၎ ။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေ
သမတ ဦးသိန်းစိန်က သူ့လက်ထက်တွင် တပြည်လုံးအပစ်အခတ်ရပ်စဲရေး လုပ်နိုင်အောင် ဆောင်ရွက်သွားမည်ဟုဆိုသည်။
တပြည်လုံးငြိမ်းချမ်းရေးအကောင်ထည်ဖော်ရေးကော်မတီ UPWC ဖွဲ့စည်းဆောင်ရွက်သည်။
နော်ဝေးနှင့်ဥရောပ၏အကူအညီဖြင့် MPC မြန်မာ့ငြိမ်းချမ်းရေးစင်တာ ဖွဲ့စည်းသည်။ သို့သော် MPC သည် အစိုးရနှင့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် ညှိနှိုင်းပေးသည့်စေ့စပ်ပေးနိုင်သည့် သြဇာရှိသည့်အဖွဲ့အစည်းတရပ်အဖြစ်သို့ ရောက်မလာခဲ့ပေ။ UPWC မှ အစိုးရလူကြီးများ၏ ရုံးလုပ်ငန်းဆောင်ရွက်ပေးသည့်အဆင့်မျှသာရှိပြီး အစိုးရပေါ်လစီကို အကောင်ထည်ဖော်ပေးသူမျှသာဖြစ်သည်။
တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရာတွင် ဝ (UWSA)၊ မိုင်းလား (NDAA)၊ ရှမ်းတောင် (RCSS) ရွက်ဆစ်တို့နှင့်သီးခြားစီ ဆွေးနွေးပြီး ကျန်တိုင်းရင်းသားအဖွဲ့များကမူ နောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ EAOs ကိုယ်စားလှယ် အဖွဲ့ NCCT ဖွဲ့ပြီး အစိုးရ UPWC နှင့် ဆွေးနွေးသည်။
နောက်ဆုံးဆွေးနွေးပွဲကို မတ်လအတွင်း ရန်ကုန်မှာကျင်းပရာ နောက်ဆုံးအသေးစိတ်အချက်အလက်များကို သဘောတူ ညီမှုရရှိပြီဟု အစိုးရဖက်ကဆိုသည်။ သို့သော် NCCT ကမူ တိုင်းရင်းသားအဖွဲ့များညီလာခံတွင်ပြန်တင်ပြပြီး အတည်ပြုချက် ယူရဦးမည်ဆိုသည်။ ဆွေးနွေးပွဲကာလအတွင်း KIA နှင့်တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။ နောက်ပြဿနာမှာ အပစ်ခတ်ရပ် လက်မှတ်ထိုးမည့် NCA တွင် NCCT က ကိုးကန့် ပလောင် ရခိုင် ၃ ဖွဲ့စလုံးပါစေချင်သည်။ အစိုးရဖက်က လက်မခံ။
မေလထဲတွင် NCCT တွင်မပါသော UWSA NDAA တို့နှင့် KIA တို့ပူးတွဲ ကမကထပြု၍ ပန်ဆန်းညီလာခံကျင်းပသည်။ ကိုးကန့်အပါ ၃ ဖွဲ့တက်ခွင့်မပြုရန် အစိုးရက ကန့်ကွက်ခဲ့သေးသော်လည်း တိုင်းရင်းသားအဖွဲ့များက လက်မခံခဲ့ကြ။ ထို့ နောက် ဇွန်လအတွင်း လော်ခီးလာညီလာခံလုပ်ပြီးနောက် KNU မှ နော်စီဖိုးရာစိန်ဦးစီးသည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲစည်းလိုက်သည်။ ထပ်မံဆွေးနွေးပြင်ဆင်ရန် အချက် ၁၅ ချက်ရှိသည်ဟု ဆိုသည်။ NCA လက်မှတ် တန်းထိုးချင်သော အစိုးရခေါင်းဆောင်များ ဘဝင်ကျပုံမရ။ ယခုအချိန်ထိ ဆွေးနွေးပွဲဆက်မည်လော သို့မဟုတ် ဘယ်ပုံခရီးဆက်မည်ဆိုသည် နှင့်ပတ်သက်၍ ရေရေရာရာ အဖြေမထွက်သေးချေ။
တိုင်းရင်းသားအဖွဲ့အများစုက နိုင်ငံရေးအရ တိကျသောသဘောတူညီချက်ရမှ NCA လက်မှတ်ထိုးချင်ကြသည်။ တပ်မ တော်၏ မူ ၆ ချက် လက်နက်ဖြုတ်သိမ်းရေးနှင့် ၂၀၀၈ ခြေဥတို့သည် NCA လက်မှတ်ထိုးရန် အတားအဆီးဖြစ်နေဆဲဟု အကဲခတ်တို့က ဆိုကြသည်။ ဤသို့ NCA လက်မှတ်ထိုးရန်ခက်ခဲနေစဉ်မှာပင် UWSA နှင့် တင်းမာမှုများဖြစ်လာရာ တရုတ် တို့အတွက် နယ်စပ်အရေး စိုးရိမ်ဘွယ်ရာပင်ဖြစ်သည်။
၅။ အလားအလာ
အခြေအနေ အရပ်ရပ်ကို ပေါင်းထုတ်လျှင် လက်ရှိ မြန်မာစစ်ခေါင်းဆောင်များအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ပြဿနာကို ဖြေရှင်းနိုင်မည့်ပုံမပေါ်။ အပစ်အခတ်ရပ်စဲရေးလုပ်နိုင်မည့်အလားအလာ နဲပါးနေသည်။ ထိုအခါ နယ်စပ် တကျောစစ်ပွဲများကို တားဆီးနိုင်မည့်အလားလာမရှိ။
လက်ရှိ မြန်မာစစ်တပ်အင်အားနှင့်အခြေအနေအရလည်း တိုင်းရင်းသားလက်နက်ကိုင်များကို အမြစ်ပြတ်တိုက်နိုင်မည့် အ ခြေအနေမရှိပေ။ စစ်ပွဲဖြစ်ပွားလျှင်လည်း ကြာရှည်မည့်သဘောရှိသည်။ တရုတ်ပြည်ကို များစွာဂယက်ရိုက်မည်ကို သိနေကြ သည်။ ထို့ကြောင့် တရုတ်တို့သည် မြန်မာတို့၏ အချုပ်အခြာအာဏာကို လေးစားအသိမှတ်ပြုသော်လည်း တိုင်းရင်းသား လူမျိုးများအား စစ်ရေးအရ ဖိနှိပ်သည်ကို မမြင်တွေ့လိုဟု ဆိုခြင်းဖြစ်သည်။
ထိုအခြေအနေတွင် တရုတ်ခေါင်းဆောင်များက မြန်မာစစ်ခေါင်းဆောင်များ၏ လုပ်ဆောင်မှုများသည် နယ်စပ်အခြေအနေကို
ထိမ်းသိမ်းနိုင်စွမ်းမရှိဟု ယူဆလာကြပါသည်။ မြန်မာပြည်တွင် တိုင်းရင်းသားပြဿနာအပါ ပြည်တွင်းပြဿနာများကို တည် ငြိမ်အောင် ဖြေရှင်းနိုင်မည့်သူ တရုတ်နယ်စပ်တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်မည့်သူကို အမြန်ရှာဘို့လိုလာပြီဟု ယူဆလာပုံရသည်။ လက်ရှိအခြေအနေတွင် မြန်မာပြည်တွင် ဤသို့စွမ်းဆောင်နိုင်သူမှာ နှိုင်းယှဉ်ခြင်းအားဖြင့် ဒေါ်အောင် ဆန်းစုကြည်သာရှိသည်။
ထိုအခြေအနေအောက်တွင် တရုတ်တို့အဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ ပြောင်းရွှေ့ရပ်ခံမည်လောဆိုသည့်မေးခွန်း ပေါ်လာပေတော့သည်။
ဆက်လက်ဖော်ပြပါမည်။
↧
ကာတွန်း အောင်မော် - အမှားကြိုက်သူ
↧
ဆောင်းဖြူ - အစ်ကို
ဆောင်းဖြူ - အစ်ကို
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅
၁၆ နှစ်သားမှာ
ကုန်ကားပေါ်ကို
လွှားခနဲခုန်တက်သွားလိုက်တာ
‘မျောက်လွှဲကျော်’ တစ်ကောင်လိုပါပဲ။
အဖေတားလည်းမရ
အမေတားလည်းမရ
ပညာတစ်ပိုင်းတစ်စကို တာ့တာပြပြီး
သူ့ခရီးသူနှင်
သူ့လမ်းကိုသူထွင်သွားခဲ့တယ်။
သုံးနှစ်လောက်ကြာတော့
ကုန်ကားကြီးတစ်စီးကို ဝေါခနဲ ဝေါခနဲမောင်းပြီး
ကားနောက်မြီးကနေ
ကားရှေ့ခန်းကို ရောက်ခဲ့ပြန်တယ်။
ဒီလိုနဲ့
ကုန်ကားကြီးဟာသူ့ထမင်းအိုး
ရိုးမလမ်းတွေဟာ
သူ့ အိပ်ရာဖြစ်လာတယ်။
ခရီးကပြန်လာတိုင်း
အဖေနဲ့အမေဖို့
ညီလေးညီမလေးဖို့ဆိုတဲ့ သိတတ်မှုတွေကို
တစ်ပွေ့တစ်ပိုက်ကြီး ယူ ယူလာခဲ့တယ်။
ပြီးတော့
ကျွန်တော့်အတွက်
စကားလက်ဆောင်တွေလည်းပါလိုက်သေး …
“ညီလေးရေ
ငါတို့ကုန်ကား
ဟိုးတောင်ထိပ်ဖျားကို ရောက်တဲ့အချိန်
တိမ်တွေနဲ့ တစ်သားတည်းပဲကွ
ငါတို့ငယ်ငယ်က မော့မော့ကြည့်ခဲ့ရတဲ့တိမ်တွေလေ
ငါတို့ဘေးနားမှာ
ငါတို့အောက်ဘက်မှာ …
ပြီးတော့
ငါတို့ငယ်ငယ်က ချိုးခဲ့ရတဲ့ မိုးဆိုတာလည်း
ဒီနေရာမှာ
ငါတို့ခြေထောက်အောက်က ရွာတာကွ
ဒီမှာညီလေး
အမြင့်ကိုရောက်အောင်ကြိုးစား
အမြင့်ကိုရောက်ရင်
ကိုယ်တစ်ခါက မော့ကြည့်ခဲ့ရတဲ့အရာတွေဟာ
ကိုယ့်ရဲ့ဘေးမှာ ကိုယ့်ရဲ့အောက်မှာ ရှိနေလိမ့်မယ်”။
ဒီစကားတွေဟာ
လောကဓံနှိပ်စက်လို့
နှလုံးသားအသားမာတက်ပြီးပြောခဲ့လေသလား
ကျွန်တော်ေ၀၀ါးနေခဲ့တယ်။
အဖေကတော့ တုံဏှိဘာဝေ
အမေကတော့
သူ့သားကြီး အန္တရာယ်ကင်းဖို့
အဆိပ်ရည်တွေ မသောက်ဖို့
‘မ’ ဘက်လိုက်ပြီး မိုက်ဘက် မပါဖို့
ရှင်တော်မြတ်ဘုရားရှေ့မှာ
ဦးညွတ်ဝတ်တွားလို့
ဆုတောင်းမေတ္တာပို့သလို့
သိတတ်စ ညီမလေးတောင်
မျက်ရည်စို့နေခဲ့တယ် …။
တစ်ခါသားမှာတော့
အမြဲတမ်းဆီကြေး ( ဂျီး ) တပေပေ
စက်ဆီနံ့တသင်းသင်းနဲ့
ဟိုင်းဝေးခရီးပြင်းမောင်းနေတဲ့
ကုန်ကားဒရိုင်ဗာတစ်ယောက်မှာလည်း
နှလုံးသားရှိတဲ့အကြောင်းကို
အိမ်ရှေ့အိမ်နောက် မောင်းခတ်ပြီး
သူ့ချစ်သူနဲ့ လက်ထပ်ပြခဲ့တယ်။
သက်မဲ့ကုန်တွေကို တင် တင်ပြီး
လိုရာခရီးတွေကို နှင် နှင်နေရတဲ့ ဒရိုင်ဗာလေးဟာ
ခုတော့
အိမ်ထောင်ရေးကားကြီးကိုမောင်းရင်း
လောကဓံလမ်းကြောင်းပေါ်မှာ
ချစ်စရာရင်သွေးတွေကိုမွေးဖွား
သား ၁
သား ၂
ဒါတွေဟာ
သူ့ရဲ့ နှလုံးသားကုန်စည်အစစ်တွေဖြစ်တယ်။
အစ်ကိုရေ
အဝေးပြေးလမ်းတွေက
ဆိုရှယ်လစ်ခေတ်တုန်းကလို ကြမ်းနေဆဲလား
ရိုးမတောင်တွေက
စစ်အစိုးရခေတ်မှာလို ချောက်ချားစရာကောင်းနေဆဲလား
ဒရိုင်ဗာတစ်ယောက်ရဲ့ဘ၀ကလည်း
အခုလိုဒီမိုကရေစီခေတ်မှာ မွန်းကျပ်နေဆဲလား …
ကုန်ကားတစ်စီးရဲ့ကူရှင်ပေါ်မှာ
ဟိုင်းဝေးလမ်းတွေပေါ်မှာ
ရိုးမတောင်တွေပေါ်မှာ
ဘ၀ကို
အရုပ်လို ထိုင်ဆွဲနေခဲ့တာ
ဘယ်လောက်ကြာပြီလဲ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ …။ ။
ဆောင်းဖြူ @ Saung Phyu
(မျောက်လွှဲကျော် = စပယ်ရာ
ဆရာမင်းလူ၏ အသုံးအနှုန်း)
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅
၁၆ နှစ်သားမှာ
ကုန်ကားပေါ်ကို
လွှားခနဲခုန်တက်သွားလိုက်တာ
‘မျောက်လွှဲကျော်’ တစ်ကောင်လိုပါပဲ။
အဖေတားလည်းမရ
အမေတားလည်းမရ
ပညာတစ်ပိုင်းတစ်စကို တာ့တာပြပြီး
သူ့ခရီးသူနှင်
သူ့လမ်းကိုသူထွင်သွားခဲ့တယ်။
သုံးနှစ်လောက်ကြာတော့
ကုန်ကားကြီးတစ်စီးကို ဝေါခနဲ ဝေါခနဲမောင်းပြီး
ကားနောက်မြီးကနေ
ကားရှေ့ခန်းကို ရောက်ခဲ့ပြန်တယ်။
ဒီလိုနဲ့
ကုန်ကားကြီးဟာသူ့ထမင်းအိုး
ရိုးမလမ်းတွေဟာ
သူ့ အိပ်ရာဖြစ်လာတယ်။
ခရီးကပြန်လာတိုင်း
အဖေနဲ့အမေဖို့
ညီလေးညီမလေးဖို့ဆိုတဲ့ သိတတ်မှုတွေကို
တစ်ပွေ့တစ်ပိုက်ကြီး ယူ ယူလာခဲ့တယ်။
ပြီးတော့
ကျွန်တော့်အတွက်
စကားလက်ဆောင်တွေလည်းပါလိုက်သေး …
“ညီလေးရေ
ငါတို့ကုန်ကား
ဟိုးတောင်ထိပ်ဖျားကို ရောက်တဲ့အချိန်
တိမ်တွေနဲ့ တစ်သားတည်းပဲကွ
ငါတို့ငယ်ငယ်က မော့မော့ကြည့်ခဲ့ရတဲ့တိမ်တွေလေ
ငါတို့ဘေးနားမှာ
ငါတို့အောက်ဘက်မှာ …
ပြီးတော့
ငါတို့ငယ်ငယ်က ချိုးခဲ့ရတဲ့ မိုးဆိုတာလည်း
ဒီနေရာမှာ
ငါတို့ခြေထောက်အောက်က ရွာတာကွ
ဒီမှာညီလေး
အမြင့်ကိုရောက်အောင်ကြိုးစား
အမြင့်ကိုရောက်ရင်
ကိုယ်တစ်ခါက မော့ကြည့်ခဲ့ရတဲ့အရာတွေဟာ
ကိုယ့်ရဲ့ဘေးမှာ ကိုယ့်ရဲ့အောက်မှာ ရှိနေလိမ့်မယ်”။
ဒီစကားတွေဟာ
လောကဓံနှိပ်စက်လို့
နှလုံးသားအသားမာတက်ပြီးပြောခဲ့လေသလား
ကျွန်တော်ေ၀၀ါးနေခဲ့တယ်။
အဖေကတော့ တုံဏှိဘာဝေ
အမေကတော့
သူ့သားကြီး အန္တရာယ်ကင်းဖို့
အဆိပ်ရည်တွေ မသောက်ဖို့
‘မ’ ဘက်လိုက်ပြီး မိုက်ဘက် မပါဖို့
ရှင်တော်မြတ်ဘုရားရှေ့မှာ
ဦးညွတ်ဝတ်တွားလို့
ဆုတောင်းမေတ္တာပို့သလို့
သိတတ်စ ညီမလေးတောင်
မျက်ရည်စို့နေခဲ့တယ် …။
တစ်ခါသားမှာတော့
အမြဲတမ်းဆီကြေး ( ဂျီး ) တပေပေ
စက်ဆီနံ့တသင်းသင်းနဲ့
ဟိုင်းဝေးခရီးပြင်းမောင်းနေတဲ့
ကုန်ကားဒရိုင်ဗာတစ်ယောက်မှာလည်း
နှလုံးသားရှိတဲ့အကြောင်းကို
အိမ်ရှေ့အိမ်နောက် မောင်းခတ်ပြီး
သူ့ချစ်သူနဲ့ လက်ထပ်ပြခဲ့တယ်။
သက်မဲ့ကုန်တွေကို တင် တင်ပြီး
လိုရာခရီးတွေကို နှင် နှင်နေရတဲ့ ဒရိုင်ဗာလေးဟာ
ခုတော့
အိမ်ထောင်ရေးကားကြီးကိုမောင်းရင်း
လောကဓံလမ်းကြောင်းပေါ်မှာ
ချစ်စရာရင်သွေးတွေကိုမွေးဖွား
သား ၁
သား ၂
ဒါတွေဟာ
သူ့ရဲ့ နှလုံးသားကုန်စည်အစစ်တွေဖြစ်တယ်။
အစ်ကိုရေ
အဝေးပြေးလမ်းတွေက
ဆိုရှယ်လစ်ခေတ်တုန်းကလို ကြမ်းနေဆဲလား
ရိုးမတောင်တွေက
စစ်အစိုးရခေတ်မှာလို ချောက်ချားစရာကောင်းနေဆဲလား
ဒရိုင်ဗာတစ်ယောက်ရဲ့ဘ၀ကလည်း
အခုလိုဒီမိုကရေစီခေတ်မှာ မွန်းကျပ်နေဆဲလား …
ကုန်ကားတစ်စီးရဲ့ကူရှင်ပေါ်မှာ
ဟိုင်းဝေးလမ်းတွေပေါ်မှာ
ရိုးမတောင်တွေပေါ်မှာ
ဘ၀ကို
အရုပ်လို ထိုင်ဆွဲနေခဲ့တာ
ဘယ်လောက်ကြာပြီလဲ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ …။ ။
ဆောင်းဖြူ @ Saung Phyu
(မျောက်လွှဲကျော် = စပယ်ရာ
ဆရာမင်းလူ၏ အသုံးအနှုန်း)
↧
ခင်မောင်စော (ဘာလင်) - ပင်လုံစာချုပ်နှင့်ပြည်နယ်များ အကြောင်းတစေ့တစောင်း
ခင်မောင်စော (ဘာလင်) - ပင်လုံစာချုပ်နှင့်ပြည်နယ်များ အကြောင်းတစေ့တစောင်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅
၁။ နိဒါန်း
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ချုပ်ဆိုခဲ့သောပင်လုံစာချုပ်ကို အချို့သောသူများက ပြည်ထောင်စုကြီး၏ အုတ် မြစ်ဟုဆိုကြသကဲ့သို့ အချို့သောသူများကလည်း အနာဂတ်ပြည်ထောင်စုကြီးတွင်ပါဝင်ရမည့် တိုင်းရင်းသားအချို့ကို မဖိတ်ခေါ်ခဲ့၍ ပြည်ထောင်စုအစစ်၏ အခြေခံစာချုပ်မဟုတ်ဟု ဝေဖန် ကြပြန်သည်။ ဤစာတမ်းတွင် စာရေးသူသည် ပင်လုံစာချုပ်ဖြစ်ပေါ်လာရပုံကိုအခြေခံပြီး လေ့လာဝေဖန် သုံးသပ်ပြပါမည်။
၂း ၁ ကိုလိုနီခေတ် မြန်မာပြည်နှင့် ဒိုင်အာခီအုပ်ချုပ်ရေး
၂း ၁း ၁ ကိုလိုနီခေတ်ဦး
၁၈၈၅ ခုနှစ် နိုဝင်ဘာလအတွင်း အင်္ဂလိပ်စစ်တပ်များ ရတနာပုံနေပြည်တော် (ခေါ်) မန္တလေးမြို့ကို သိမ်းယူပြီးချိန်တွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင် သီပေါမင်းနှင့် မိဖုရားနှစ်ပါးဖြစ်သော စုဖုရားလတ်နှင့် စုဖုရားလေးတို့ကို အိန္ဒိယ နိုင်ငံသို့ ဖမ်းခေါ်သွားပြီး ဘုံဘိုင်နယ် ရတနာဂီရိတွင် အကျယ်ချုပ်ချထားသည်။ ၁၈၈၆ခု ဇန္န၀ါရီလ ၁ ရက်နေ့တွင် အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယအင်ပါယာအတွင်း သွတ်သွင်းလိုက်ကြောင်း ကြေညာလိုက်ပြီး အိန္ဒိယပြည်၏ ပြည်နယ်အဖြစ် အုပ်ချုပ်ခဲ့သည်။ မြန်မာတို့ကျွန်ဘ၀မှ သပေါက်ဘ၀သို့ ကျဆင်းသွားခဲ့ရသည်။
သီပေါမင်းခမျာမှာ ဘိုးလောင်းတော် ဘေးလောင်းတော်တို့ အိမ်နီးချင်း မွန်နိုင်ငံ၊ ယိုးဒယားနိုင်ငံ၊ ရခိုင်နိုင်ငံတို့အပေါ် မတ ရားတိုက်ခိုက်သိမ်းယူဗိုလ်ကျခဲ့သည်များအတွက် ကာလ၀ိပါက် နောက်ပိုးတက်သလို ၀ဋ်ခံခဲ့ရရှာသည်။ အကြီးဆုံးသမီး တော်မှာ အိမ်တော်မှ အစေခံကုလား၏ ခြေတော်တင်ခြင်းခံလိုက်ရပြီး လင်မရခင် ဗိုက်ကြီးလေတော့သည်။ ၎င်းကုလားမှာ လည်း သားကြီးမယားကြီး ရှိဟန်တူသည်။ ယခုတိုင် သီပေါမင်း၏ မြေး၊ မြစ်၊ တီ၊ ကျွတ်၊ ကုလားများ အိန္ဒိယပြည်တွင်ဆင်းရဲစွာရှိနေသည်။ မြန်မာစကားလည်း မတတ်ကြတော့ပေ။ လွန်ခဲ့သည့်သုံးနှစ်လောက်က သမတဦးသိန်းစိန် ၎င်းတို့ကို အိန္ဒိ ယ၌တွေ့ခဲ့၍ သနားပြီး ဒေါ်လာတထောင်ပေးခဲ့သည်ဟုဆိုသည်။ သီပေါဘုရင်မှာ ရင်ကွဲနာကျပြီး ငယ်ငယ်နှင့် နတ် ရွာစံရရှာ သည်။ သီပေါဘုရင်ထက်စောပြီး မိဖုရားငယ်ဖြစ်သော စုဖုရားလေး ကံတော်ကုန်သည်။ ၎င်းတို့၏ဂူများ ရတနာဂီရိတွင် ယနေ့တိုင်တွေ့နိုင်ပေသည်။ နောက်ပိုင်းတွင် မိဖုရားခေါင်ကြီး စုဖုရားလတ်ကို မြန်မာပြည်သို့ပြန်ခွင့်ပြုသော်လည်း ရန်ကုန် တွင်သာ နေရသည်။ မန္တလေးသို့ သွားခွင့်မပြုခဲ့ကြပေ။
အင်္ဂလိပ်များမြန်မာပြည်ကိုသိမ်းပြီးကာစက မြန်မာ့ဇာတိမာန်ကို ချိုးရန်အကြံထုတ်ရာ နောက်ဆုံး၌ လူဦးရေနည်းသော မြန်မာပြည်ကို လူဦးရေများသောအိန္ဒိယပြည်တွင်းသွင်းပြီး အိန္ဒိယပြည်၏ ပြည်နယ်တခုအဖြစ်ထားကာ သန်းချီသော ကုလားများကို မြန်မာပြည်တွင်းသွင်း၍ လူကိုလူချင်းမျိုသည့်နည်းဖြင့် မြန်မာလူမျိုး ပျောက်သွားစေရန် အကြံကို ရခဲ့ကြ သည်။ ၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ထင်အောင်က အောက်ပါအတိုင်းရေးခဲ့ပါ သည်။
“Lord Dufferin, finally decided to annex the territory altogether and, with a view to further humiliate the Burmese people, declared the whole country to be a mere province of the Indian empire. He probably hoped that the Burmese would lose their separate racial identity under the flood of Indian immigrants”. (See details: Maung Htin Aung, A History of Burma,Columbia University Press, 1967, p. 266)
၂း၁း ၂ မြန်မာပြည်အုပ်ချုပ်ရေးများ၊
၁၈၈၆ ခုနှစ်မှစပြီး မြန်မာပြည်ကို “ချိ ကော်မရှင်နာ” (Chief Commissioner) ခေါ် မဟာဝန်ရှင်တော် မင်းကြီးက အုပ်ချုပ် ခဲ့သော်လည်း ၁၈၉၇ ခုနှစ်မှ ၁၉၂၂ ခုအထိ လက်ဖ်တင်နင် ဂါဗာနာ (Lt. Governor) (ခေါ်) ဒုတိယဘုရင်ခံ အုပ်ချုပ်သည့်နယ် အဖြစ် အဆင့်မြှင့်ပေးခဲ့သည်။ ၁၉၁၈မှ ၁၉၂၂အထိ အုပ်ချုပ်ခဲ့ သော ဒုတိယဘုရင်ခံ Sir Reginal H. Craddock မှာ ရခိုင် သား ဆရာတော် ဦးဥတ္တမက “Craddock, Get out!” ဟု မောင်းထုတ်ခြင်းခံရသူ ဖြစ်သည်။ ကရက်ဒေါက်မှာ မြန်မာပြည်၏ နောက်ဆုံး ဒုတိယဘုရင်ခံ ဖြစ်သည်။ ဆရာတော်၏ မောင်းထုတ်မှုနှင့်လည်း သက်ဆိုင်နေသလောဟု တွေးတောစရာဖြစ် နေပါသည်။ ၁၉၂၃ ခုနှစ်မှ လွတ်လပ်ရေးရချိန်အထိ (ဂျပန်ခေတ်မှလွဲ၍) (Governor) ဂါဗာနာခေါ် ဘုရင်ခံ မင်းကြီး အုပ် ချုပ်သည့်နိုင်ငံအဖြစ် ထပ်မံအဆင့်မြှင့်ပေးခဲ့ပြီး ၁၉၃၇ ခုနှစ်မှစပြီး အိန္ဒိယပြည်နှင့် လုံးဝသက်ဆိုင်ခြင်းမရှိတော့သော “Crown Colony” ခေါ် သီးခြားကိုလိုနီ ဖြစ်လာခဲ့သည်။ မလေးယားပြည် (Malaya)၊ သီဟိုဠ်ကျွန်း (Ceylon)၊ ဟောင်ကောင် စသည်တို့မှာလည်း အာရှတိုက်ရှိ ဗြိတိသျှ ကရောင်း ကိုလိုနီနယ်များ ဖြစ်ခဲ့သည်။
၂း ၁း ၃ ဒိုင်အာခီအုပ်ချုပ်ရေး။ (Dyarchy or Dual Government)
၁၉၂၃ခုနှစ်တွင် ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ဖြင့် Burma Proper ခေါ် မြန်မာပြည်မကြီးနှင့် Frontier Areas ခေါ် တောင်တန်းဒေ သများအဖြစ် အုပ်ချုပ်ရေး ၂ ခု ခွဲလိုက်သည်။
ချင်းတောင်တန်းများ ကချင်တောင်တန်းများ (ပူတာအိုခရိုင်) ရှမ်းတောင်တန်းများနှင့် ကရင်နီနယ်များကို တောင်တန်းဒေ သများအဖြစ် မြန်မာပြည်ဘုရင်ခံက တိုက်ရိုက်အုပ်ချုပ်ခဲ့သည်။
ရခိုင်တိုင်း။ ဧရာဝတီတိုင်း။ ပဲခူးတိုင်း။ မန္တလေးတိုင်း။ စစ်တိုင်းတိုင်း (နာဂတောင်တန်းများ အပါအ၀င်) ။ မကွေးတိုင်း။ တနင်္သာရီတိုင်း (ယခုခေတ် ကရင်ပြည်နယ် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း) တို့ကို ပြည်မ (Burma Proper) အဖြစ် လွှတ် တော်ထားခွင့်ပြုပြီး ဘုရင်ခံနှင့် လွှတ်တော်လက်တွဲ၍ အုပ်ချုပ်ခဲ့သည်။ ယေဘုယျအားဖြင့် မြန်မာအမတ် ၅၈ဦး လူနည်းစု အမတ် ၂၄ ဦး ဘုရင်ခံက တိုက်ရိုက်ခန့်သောအမတ် ၂၄ ဦးရှိသော ပြည်မ၏ နိုင်ငံရေးအဆင့်အတန်းမှာ တောင် တန်းဒေသ များထက် မြင့်မားသည်ဟုဆိုနိုင်သော်လည်း လွှတ်တော်မှဆုံးဖြတ်ချက်အားလုံးကို ပယ်ချနိုင်သော ဗီတိုအာဏာကို ဘုရင်ခံ ကကိုင်ထားသဖြင့် လက်တွေ့တွင်မူ ခြားနားမှုမရှိလှပါ။ သွေးခွဲအုပ်ချုပ်သောစနစ် (Divided and Rule) သာ ဖြစ်ပါသည်။ ထိုအချိန်မှစ၍ ပြည်မနှင့် တောင်တန်းဒေသဟူဟော အသုံးများပေါ်လာပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဟောင်းဒေါက်တာ ထင်အောင်က အောက်ပါ အတိုင်းရေးခဲ့ပါသည်။
“The British has forced King Mindon to recognize the independence of the Karenni states, which had always been part of Burma, but after the fall of the Burmese kingdom they promptly turned the Karenni states into the British territory but kept them entirely separate from Burma. Now they were separating the hill regions of the Chins and the Kachins, and the plateau of the Shans entirely from the rest of Burma, on the excuse that the people in those regions were politically not advanced and must be kept under the direct control of the British governor of Burma, and they declared that the affairs of those regions were not discussable by the legislature that was to be established under the diarchy reforms. In addition, they divided the people in the plain into racial groups, namely Burmese, Indians, Anglo-Indians, and the Karens, on the excuse that racial minorities were entitled to special protection by the British government. Anglo-Indians included Anglo-Burmese, whose number was small because intermarriage between the British and the Burmese was not common. The total population of Anglo-Indians themselves was small and the majority of them had come from India; except that they wore trousers and coats and had English names, they were really Indians and could have been classified as such. As to the Karens, in spite of exaggerated claims by the Chistrian missionaries, at least 85 per cent were non-Christians, and thus the sake of a small Christian minority the idea of racial division was introduced”. (See details: Maung Htin Aung, A History of Burma,Columbia University Press, 1967, p. 285-86)
၂း ၁း ၄ အင်္ဂလိပ်ခေတ် လက်နက်ကိုင်တပ်များ
အစဦး၌ အင်္ဂလိပ်များသည် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် မြန်မာ မွန် ရခိုင် ရှမ်းစသည့် လူမျိုးစုများကို လက်နက်ကိုင်တပ် များအတွင်းသို့ ၀င်ခွင့်မပြုခဲ့ပေ။ ခရစ်ယာန်ဘာသာဝင် အများစုဖြစ်သည့် ချင်း ကချင် စသည့်တောင်တန်းသားများကိုသာ ၎င်းတို့ဖွဲ့သည့်တပ်များအတွင်း ၀င်ရောက်ခွင့်ပြုခဲ့သည်။ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူဟူ၍ သုံးမျိုးဖြစ် နေသော ကရင်များတွင်လည်း ခရစ်ယာန်ဘာသာဝင်များကိုသာ ဦးစားပေးလက်ခံခဲ့သည်။ သို့ရာတွင် King’s Commission ခေါ် ဘုရင်က တိုက်ရိုက်ခန့် သည့် ရာထူးများကိုမရဘဲ (Governor General’s Commission ) ခေါ် ဘုရင်ခံချုပ်ကခန့်သော ရာထူးများကိုသာ ရခဲ့ကြသည်။ ၎င်းရာထူးများမှာ အခေါ်အဝေါ်ကွဲသလို ရသည့်လစာများလည်း ခြားနားကြပါသည်။ ဘုရင် ခံချုပ်ကခန့်သည့် စစ်ဗိုလ် စစ်သားများကို ဂျမဒါ။ ဆူဗေဒါ ။ ရိုင်ဖဲမင်း စသည်ဖြင့်ခေါ်ပြီး King’s Commission က ခန့်သည့် စစ်ဗိုလ်များမှာ နိုင်ငံတကာ အခေါ်အဝေါ်အတိုင်း လက်ဖ်တင်နင်။ ကက်ပတိန်။ မေဂျာ စသည့်ရာထူးများဖြင့် ပိုကောင်းသော လစာနှင့် အခွင့်အရေးများ ရကြပါသည်။ ပထမကမ္ဘာစစ်ကြီးဖြစ်ပြီး စစ်သားများအလွန်လိုအပ်လာသောအခါ ဗုဒ္ဓဘာသာဝင် များကို စစ်ထဲဝင်ခွင့်ပြု လိုက်ပြီး မက်ဆိုပိုတေးမီးယား (Mesopotemia) ယခုခေတ်အခေါ် အရှေ့အလယ်ပိုင်း စစ်မျက်နှာသို့ ၀န်ထမ်းတပ်များ (Labour Corps) ဆပ်ပါမိုင်းနား (Sappers & Miners) ခေါ် မိုင်းရှင်း မိုင်းထောင်တပ်များ။ (Medical Corps) ဆေးတပ်သားများအနေနှင့် စေလွှတ်သည်။ နောက်ပိုင်းတွင်သီချင်းရေးဆရာ နာမည်ကြီးဖြစ်လာမည့် နန်းတော်ရှေ့ ဆရာတင်မှာ ဆေးတပ်သားဖြစ်ခဲ့သည်။ ရတောင့်ရခဲ King’s Commission ရာထူးကိုလည်း ဗုဒ္ဓဘာသာဝင်ထဲမှ ၄ ဦးကို ချီးမြှင့်ခဲ့သည်။ နောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အကြံပေးဖြစ်လာမည့် ဦးတင်ထွဋ်မှာ ၎င်းလေးဦးထဲမှ ၀ါအရင့်ဆုံး စစ်ဗိုလ်ဖြစ်သည်။
၂း၂ ပင်လုံအကြိုခေတ်
၂း၂း၁ ဒုတိယကမ္ဘာစစ်နှင့် မြန်မာစစ်တပ်
ဒုတိယကမ္ဘာစစ်မှာ ဥရောပတိုက်တွင် ၁၉၃၉ခု ဂျာမန်တို့ ပိုလန်ကို ၀င်ရောက်တိုက်ခိုက်စဉ်ကပင် စခဲ့သော်လည်း အာရှ တိုက်တွင်မူ တရုတ်-ဂျပန် စစ်ပွဲအဖြစ်သာရှိနေသေးသည်။ ၁၉၄၁ခု ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဟာဝိုင်ယီကျွန်း ပုလဲဆိပ် ကမ်းကို ဂျပန်တို့ စစ်မကြေညာဘဲ ၀င်ရောက်တိုက်ခိုက်သောအချိန်မှစပြီး အာရှတိုက်တွင်လည်း ဒုတိယကမ္ဘာစစ်ကြီး ဖြစ်တော့သည်။ အများသိပြီးဖြစ်သည့်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ် ဂျပန်အကူအညီဖြင့် ၁၉၄၁ခု ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယိုးဒယားပြည် ဘန်ကောက်မြို့၌ မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်တည် ထောင်သည်။ ဂျပန်များ မြန်မာပြည်ကိုသိမ်းပြီး ဘီအိုင်အေကိုဖျက်သိမ်းပြီး ဘီဒီအေအဖြစ် အသစ်ပြန်ဖွဲ့စည်းသည်။ အင်္ဂလိပ်များ မြန်မာပြည်ကို ပြန်သိမ်းပြီးချိန်၌ ဗိုလ်ချုပ်အောင်ဆန်းကမူ တပ်ကထွက်ပြီး နိုင်ငံရေးလုပ်သည်။ ဖဆပလ အဖွဲ့ ကြီး၏ ဥက္ကဌ ဖြစ်လာသည်။ ဂျပန်ခေတ် လက်ကျန် စစ်ဗိုလ် စစ်သား ၄၀၀၀ကို အင်္ဂလိပ်လက်အောက် ပြန်လည်ဖွဲ့စည်းသည့် မြန်မာ စစ်တပ်ကလက်ခံသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သူ့ရာထူးကိုဆက်ခံရမည့်သူအဖြစ်ရွေချယ်ပေးခဲ့သူ ဗိုလ် လက်ျာက ရာထူးအမြင့်ဆုံးအဖြစ် Colonel ရာထူးဖြင့်၎င်း။ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျနှင့် ဗိုလ်ကျော်ဇောတို့က Major ရာထူးဖြင့်၎င်း King’s Commission ရကြသည်။
၂း၂း၂ လွတ်လပ်ရေးတောင်းဆိုပွဲ
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ၏ လွတ်လပ်ရေးအတွက် အရေးဆိုပွဲများကို မြန်မာ လူထုကြီးက ထောက်ခံခဲ့ကြသည်။ ပုလိပ်သပိတ်အပါအ၀င် သပိတ်ပေါင်းစုံ ဖြစ်ပေါ်လာသောအခါ အင်္ဂ လိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ကျန်းမာရေးအကြောင်းပြပြီး အင်္ဂလန်သို့ပြန်လေသည်။ အင်္ဂလိပ် အစိုးရက Major General Sir Hubert Rance ကို မြန်မာပြည်ဘုရင်ခံသစ်အဖြစ် ခန့်အပ်လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဖဆပလကို ဘုရင်ခံကောင်စီ တွင် ၀င်ရောက်လုပ်ကိုင်ရန် ဘုရင်ခံသစ်ကကမ်းလှမ်းရာ ဖဆပလကလက်ခံလိုက်ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ ကောင်စီ၏ ဒုတိယသဘာပတိရာထူးဖြင့် ၀န်ကြီးအဖွဲ့ကိုဦးဆောင်သည်။ တနည်းအားဖြင့် ဝန်ကြီးချုပ်ရာထူးဖြစ်သည်။ တနှစ်အတွင်း လွတ်လပ်ရေးတောင်းဆိုသည်။
အင်္ဂလိပ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်း၏ ၀န်ကြီးအဖွဲ့ကို၎င်း။ မြန်မာပြည်ကို၎င်း Dominion နိုင်ငံတခုနှင့် ၎င်း၏ အစိုးရ အဖွဲ့အဖြစ် de facto အသိအမှတ်ပြုခဲ့သော်လည်း လွတ်လပ်ရေးပေးရာတွင် နိုင်ငံရေးအဆင့်မြင့်သည်ဟု ဗြိတိသျှအစိုးရက လုပ်ထားသော Burma Proper ခေါ် ပြည်မကြီးကိုသာပေးပြီး Frontier Areas ခေါ် တောင်တန်းဒေသများကို မပေးနိုင်သေးဟု ဈေးကိုင်သည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသ ခေါင်းဆောင်များနှင့် အရေးပေါ်ဆွေး နွေးပွဲများပြုလုပ်ပြီး Burma Proper နှင့် ပူးပေါင်းကာ တချိန်တည်း လွတ်လပ်ရေးယူကြရန် အကြံပြုသည်။ ၎င်းကိစ္စကို ရှမ်းတောင်တန်းဒေသရှိ ပင်လုံမြို့ငယ်တွင် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ၁၉၄၇ခုဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Burma Proper နှင့် Frontier Area များ အတူပူးပေါင်းပြီး လွတ်လပ်ရေးရယူကြရန် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်ထောင်စု မြန်မာနိုင်ငံ၊ ပြည်မ၊ ပြည်နယ်၊ စသော အသုံးအနှုံးများ ပေါ်ပေါက်လာပေတော့သည်။
၃။ ပင်လုံစာချုပ်
၃း၁ ပြည်နယ်များ
၃း ၁း ၁ ချင်းတောင်တန်း
ချင်းတောင်တန်းသားများက ပြည်နယ်အဆင့်ကိုမလိုချင်၊ မြန်မာပြည်မကြီးထဲတွင် တိုင်းတခုအဖြစ်သာနေလိုပြီး အခြား တိုင်းများအတိုင်း လုပ်ဆောင်ပေးရန် ဗဟိုအစိုးရကတာဝန်ယူရန် ပြောကြသည်။ ထို့ကြောင့်ချင်းပြည်နယ် Chin State အစား ချင်းဝိသေသတိုင်း Chin Special Divisionဟု ခေါ်သော်လည်း ပြည်နယ်အဆင့်မျိုးကို ရရှိသည်။ ချင်းပြည်နယ်ဝန်ကြီးဟု မခေါ်ဘဲ ချင်းရေးရာဝန်ကြီးဟု ခေါ်သည်။ ၎င်းဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင်ဖြစ်သည်။
၃း၁း ၂ ကချင်ပြည်နယ်
ကချင်တောင်တန်းဒေသသည် ပူတာအိုခရိုင်တခုသာရှိသည့်အတွက် ကျဉ်းသည်။ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ခေါင်း ဆောင်များကို ၎င်းအချက်ကို ထောက်ပြပြီး Burma Proper တွင်းရှိ မြစ်ကြီးနားခရိုင်နှင့် ဗန်းမော်ခရိုင်တို့ကို ချစ်ကြည်ရေး လက်ဆောင်အဖြစ် ကချင်ပြည်နယ်ထဲသို့ ထည့်သွင်းပေးမည်။ ထို့အတွက် ကချင်ပြည်နယ်သည် ပြည်ထောင်စုအတွင်းမှ လုံးဝ ခွဲထွက်ခွင့် မရှိကြောင်း ကချင်ခေါင်းဆောင် များနှင့် ဆွေးနွေးရာတွင် ကချင်ခေါင်းဆောင်များက ယထာဘူတကျသည် အပေးအယူမျှသည်ဟု လက်ခံလိုက်ကြသဖြင့် ပြည်ထောင်စုတွင်းမှ လုံးဝခွဲထွက်ခွင့်မရှိသည့် ကချင်ပြည်နယ်ပေါ်ပေါက် လာသည်။ ကချင်ပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင် ဖြစ်သည်။
၃း၁း ၃ ရှမ်းပြည်နယ်
ရှမ်းတောင်တန်းဒေသရှိ စော်ဘွား ၃၃ ဦးပိုင် နယ်များကို ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းသည်။ ရှမ်းပြည် နယ်သည် ပြည်မနှင့် ၁၀နှစ်ခန့် ယာယီပူးပေါင်းနေပြီး ၁၀နှစ်ကျော်ကာလအတွင်း ပြည်ထောင်စုအတွင်း ဆက်လက်နေလိုက နေနိုင်သည်။ မနေ လိုက ခွဲထွက်နိုင်သည်ဆိုသော အခွင့်အရေးကိုရသည်။ ရှမ်းပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ၏ ကက်ဘိနက်အဖွဲ့ဝင် ဖြစ် သည်။
၃း ၁း ၄ ကယားပြည်နယ်ခေါ် ကရင်နီပြည်နယ်
ကယားပြည်နယ်မှ စောဖျာများမှာလည်း ရှမ်းစော်ဘွားများနည်းတူ အခွင့်အရေးရသည်။ ပြည်မနှင့် ၁၀ နှစ်ခန့် ယာယီပူး ပေါင်းရန်။ ၎င်းနောက်တွင် ခွဲထွက်လိုကခွဲထွက်ခွင့်ရသည့် ပြည်နယ်ဖြစ်သည်။ ကယားပြည်နယ်ဝန်ကြီးသည် ဗဟိုအစိုးရ ကက်ဘိနက်အဖွဲ့ဝင် ဖြစ်သည်။
၃း ၁း ၅ အဖိတ်ကြား မခံရသူများ
ရခိုင်ကိုယ်စားလှယ်၊ မွန်ကိုယ်စားလှယ်၊ ကရင်ကိုယ်စားလှယ်တို့မှာ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပြည်နယ်အဖြစ်တည်ထောင် ပေးရန်ဆွေးနွေးရမည့် ကိုယ်စားလှယ်အဖြစ် ဖိတ်ကြားခြင်းမခံရ၍ မကျေနပ်ကြ။ ရခိုင်တို့က မိမိတို့လူမျိုးသည် ၁၇၈၄ခုအထိ ကိုယ့်မင်းကိုယ့်ချင်းဖြင့် မြန်မာဘုရင်များနှင့် ထီးပြိုင်နန်းပြိုင် နေလာခဲ့ကြသူများဖြစ်သည်။ မိမိတို့ကို မဖိတ်ကြားခြင်းမှာ လူမျိုးရေးအရ နှိမ်သည်၊ စော်ကားသည်ဟု ယူဆခဲ့ကြသည်။ မွန်တို့ကလည်း ရခိုင်နည်းတူ ထောက်ပြကြသည်။ ကရင်တို့က လည်း ပြည်နယ်မရ၍ မကြေနပ်ကြပေ။
၃း ၁း ၆ အဖိတ်ကြားမခံရခြင်း အကြောင်းရင်း
ပင်လုံစာချုပ်မှာ ပြည်ထောင်စုကြီး၏ အခြေခံအုတ်မြစ်ဟုသာ ဆိုရပါသော်လည်း အမှန်မှာ Burma Proper နှင့် Frontier Areasတို့ ပူးပေါင်းရေးစာချုပ်သာဖြစ်ပါသည်။ ထို့ကြောင့် Burma Proper ထဲသို့ ဗြိတိသျှတို့ကထည့်သွင်းထားခဲ့သည့် ရခိုင်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ တိုင်းရင်း သားများဖြစ်ကြသော ရခိုင်၊ မွန်နှင့် ကရင်တို့ကို ဖိတ်ရန်မလို။ ၎င်းတို့မှာ Burma Proper လွတ်လပ်ရေး ရသည်တွင် အလိုလိုပါလာပြီး ဖြစ်သည်။ ပြည်နယ်ကိစ္စ အစရှိသည်များကို နောင်ခါလာနောင်ခါဈေး လွတ်လပ်ရေးရပြီးမှ စဉ်းစားမည်ဟု ဖဆပလ ခေါင်းဆောင်တို့က ဆင်ဝှေ့ရန်ရှောင် လုပ်ခဲ့ကြဟန် တူ ပေသည်။ ၎င်းကိစ္စမှာ လွတ်လပ်ရေးရပြီးနောက် ပေါက်ကွဲလေတော့သည်။
၃း ၁း ၇ လက်တွေ့ပင်လုံစာချုပ်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ်သား ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့ကြသော ပြည်ထောင်စုစစ်စစ်မှာ ဗိုလ်ချုပ်တို့ ကျဆုံးသွားသည်နှင့် တပါတည်း ပျောက်ကွယ်သွားတော့သည်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး နှစ် ပတ်အတွင်း အသိအမှတ်ပြုလိုက် သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပြည်နယ် ခေါင်းဆောင်ကြီးများ ချမှတ်ခဲ့သော လမ်းကြောင်းပေါ်မှ လုံးဝသွေဖီသွားလေသည်။ ၎င်းကိစ္စကို ယာယီလွှတ်တော် (၀ါ) တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဆွေးနွေးမည်ကြံတိုင်း ဦးနု နှင့် ဖဆပလခေါင်းဆောင်များက “ဗိုလ်ချုပ်တို့သွေးတွေ ပြည်သူတွေမျက်ရည်တွေတောင် မခန်းမခြောက်သေးမီ ပြည် ထောင်စုအတွက် အန္တရာယ်ရောက်နိုင်မည့် လွတ်လပ်ရေးကို ခြိမ်းခြောက်နိုင်သည့်ကိစ္စတွေကို မဆွေးနွေးကြပါနှင့်။ လွတ် လပ်ရေးရပြီးမှ သွေးရင်းသားရင်းတွေ ဆွေးနွေးတိုင်ပင်ကြပါစို့” ဟူ၍၎င်း။ ယာယီသမတဖြစ်မည့် စ၀်ရွှေသိုက်ကလည်း တောင်တန်းသားများကို ပျားရည်နှင့်ဝမ်းချထားသဖြင့်၎င်း၊ လွတ်လပ်ရေး ရချိန်အထိ ဆွေးနွေးခွင့် မရခဲ့ကြပေ။
၎။ လွတ်လပ်ရေး ရပြီးချိန်။
၎း ၁ ကရင်။ ရခိုင်နှင့် မွန်ပြည်နယ် ကိစ္စများ
၎း ၁း ၁ ကရင်ပြည်နယ် ကိစ္စများ
ကရင်များက ၎င်းတို့သည် မြန်မာပြည်တွင် မြန်မာများမှလွဲလျှင် လူဦးရေအများဆုံးဖြစ်သည်။ ၎င်းတို့အတွက် ပြည်နယ်ရ သင့်သည်ဟု အရေးဆိုလာသည်။ ဖဆပလအစိုးရက ကရင်အများစုနေသည့်နယ် ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် သဘောတူလိုက်သည့်အခါ ကရင်များက ဧရာဝတီ တိုင်းကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုလိုက်တော့၏။ ထိုစဉ်က ဧရာဝတီတိုင်းတွင် ကရင်တသန်း နီးပါးရှိသည်မှာ မှန်ပါသည်။ သို့သော် မြန်မာ (၀ါ) ဗမာ ၂ သန်းလောက်ရှိနေသည်ကို ထောက်ပြပြီး ကရင်သည် ဧရာဝတီတိုင်းတွင် လူများစုမဟုတ်၍ ဧရာဝတီတိုင်းကို ကရင်ပြည်နယ်အဖြစ် မပေးနိုင် ကြောင်း အကြောင်းပြန်လိုက်ရာမှ မီးထဲဆီလောင်းလိုက်သလိုဖြစ်သွားပြီး ကရင်တို့တော်လှန်လေတော့သည်။ ကရင်တို့မှာ ဂျပန် ခေတ်က မြစ်ဝကျွန်းပေါ်တွင် ဘီအိုင်အေတပ်များက ကရင်များကို သတ်ထားသည်ကို မမေ့နိုင်သေး။ ၎င်းအပြင် မြန်မာနိုင်ငံ စစ်သေနာပတိ ကရင်လူမျိုး ဒုဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို အငြိမ်းစားပေးပစ်ခြင်း။ လေတပ်ဦးစီးချုပ် ကရင်လူမျိုး ဗိုလ်မှူးကြီး ရှီးရှိုးကို စစ်သံမှူးအဖြစ် နိုင်ငံခြားသို့ ပို့ပစ်ခြင်း။ အခြားကရင် စစ်အရာရှိကြီးများကိုလည်း စစ်သေနာပတိ၊ ကာကွယ်ရေး ဝန်ကြီးနှင့်ပြည်ထဲရေး ဝန်ကြီးသစ်ဖြစ်လာသူ ဗိုလ်နေဝင်းက ခြိမ်းခြောက်နုတ်ထွက်ခိုင်းခြင်း။ စသော မကျေနပ်စရာကိစ္စများ အများ အပြားလည်းရှိနေသည်။ (အမှန်မှာဗိုလ်နေဝင်းသည် ကရင်စစ်အရာရှိကြီးများသာမက အင်္ဂလိပ် ထောင်ခဲ့သည့်လက်နက်ကိုင်တပ်များမှပါလာသူ အားလုံးလောက်ကို လူမျိုးဘာသာမရွေးဘဲ ထုတ်ပစ်သူ ထုတ်ပစ်၊ ရာထူးချသူချ ခဲ့သည်။ အဖြုတ်ခံရသူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်သင်းမှာ ဗမာ၊ ဗုဒ္ဓဘာသာဖြစ်ပြီး ရခိုင်၊ ဗုဒ္ဓဘာသာဝင်ဖြစ်သော မေဂျာဂျင်နရယ် စစ်ရာထူးရထားသည့် ရဲချုပ် ဦး ထွန်းလှအောင် မှာလည်း ရဲချုပ် အဖြစ်မှအဖြုတ်ခံရကာ အင်္ဂလန်သို့ စစ်သံမှူးအဖြစ် “ပထုတ်” ခြင်းခံရ သည်။ စစ်သံမှူးရာထူးသည် ဗိုလ်မှူးကြီးအဆင့်ရှိသူများအတွက်သာဖြစ်ရာ ဗိုလ်ချုပ်အဆင့် ရှိသူ ဦးထွန်း၏လှအောင်မှာ ရာထူးချခံရခြင်းဖြစ်သည်။ ဤကားစကားချပ်။)
အစပိုင်း၌ သုံးပါတီမဟာမိတ် (ကရင်။ အလံဖြူ ကွန်မြူနစ်နှင့် အလံနီကွန်မြူနစ်) တို့သည် မြန်မာပြည်တွင် ဒုတိယအကြီး ဆုံးဖြစ်ပြီး အထက်မြန်မာပြည်၏ မြို့တော်ဖြစ်သော မန္တလေးနှင့် ရန်ကုန်မြို့၏ တံခါးဝဖြစ်သော အင်းစိန်မြို့တို့ကိုပင် ၀င်သိမ်းထားနိုင်ခဲ့၍ ဖဆပလအစိုးရမှာ ရန်ကုန်အစိုးရဟူသော နာ မည်ပြောင်ဖြင့် ခေါ်ဝေါ်ခြင်းခံခဲ့ရ၏။ နောင်တွင် အစိုးရ တပ်များက စစ်ရေးသာပြီး တမြို့ပြီးတမြို့ ပြန်သိမ်း ပိုက်နိုင်ခဲ့ကြသည်။ ရဲဘော်ဖြူ များသည် အစိုးရတပ်နှင့် ကွန်မြူနစ် များကြားတွင် ကြားနေခဲ့သော်လည်း အစိုးရတပ်နှင့် ကရင်များ တိုက်ရာတွင်မူ အစိုးရတပ်ဘက်မှ ၀င်ကူတိုက်ပေးခဲ့သည်။ ၎င်းကိစ္စမှာလည်း လူမျိုးရေးအရတွေးရသော် ကရင် များဘက်မှ စိတ်နာစရာပင် ဖြစ်သည်။ နောက်ဆုံးတွင် ကရင်နှင့် ဖဆ ပလ အစိုးရတို့ ဆွေးနွေးကြပြီး တနင်္သာရီတိုင်း မြောက်ပိုင်းဒေသများကို ဖားအံကို မြို့တော်ပြုပြီး ကရင်ပြည်နယ်အဖြစ် သတ်မှတ်လိုက်သည်။ ကရင်လည်း ခွဲထွက်ခွင့်ရှိသည့် ပြည်နယ်မဟုတ်ပေ။
၎း ၁း ၂ မွန်ပြည်နယ်အရေး
တချိန်က ပြည်မြို့အောက်ပိုင်းမှစပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရန်ကုန်၊ ပဲခူး၊ သထုံ၊ မုတ္တမ၊ မော်လ မြိုင်မှ ရေး အထိသည် ရာမညတိုင်း တလိုင်းသုံးရပ် ခေါ် မွန်ဒေသများ ဖြစ်ခဲ့ပါသော်လည်း အလောင်း ဘုရား မွန်နိုင်ငံတော်ကို တိုက်ခိုက်သိမ်းယူချိန်မှစပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ ပဲခူး၊ စသည်တို့ တွင် မြန်မာစကားပြောသူ များလာပြီး မွန်သွေးပါသူအများအပြားကလည်း မိမိကိုယ်မိမိ မြန်မာစာရင်း သွင်းလိုက်ကြသဖြင့် မွန်ပြည်နယ် သတ်မှတ်နိုင်ရေးမှာ ကြန့်ကြာနေခဲ့ရသည်။ ကရင်တို့KNDO တပ် ဖွဲ့ပြီး အစိုးရကိုတိုက်သကဲ့သို့ မွန်တို့ကလည်း MNDO တပ်ဖွဲ့ခဲ့သည်။ နောက်ဆုံးတွင် ဦးနုက ၁၉၆၀ ရွေးကောက်ပွဲနိုင်လျှင် မွန်ပြည်နယ်တည်ထောင်ပေးမည်။ တနင်္သာရီတိုင်း အလယ်ပိုင်းဖြစ်ခဲ့သည့် သထုံ ခရိုင်နှင့် မော်လမြိုင်ခရိုင် (ယခင် အင်္ဂလိပ်ခေတ်တွင် ကျိုက္ခမီခရိုင်) တို့ကို မွန်ပြည်နယ်အဖြစ် သတ်မှတ် ပေးမည်ဟု ကတိပေးသည်။ ရွေးကောက်ပွဲနိုင်ပြီး မွန်ရေးရာဝန်ကြီး ခန့်အပ်ပေးခဲ့သော်လည်း မွန် ပြည် နယ်အဖြစ်မကြေညာနိုင်ခင် ၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေ၀င်း အာဏာသိမ်းလိုက်သဖြင့် မွန်ပြည်နယ်စစ်စစ်မှာ ယနေ့တိုင်မရသေးပါ။
၎း၁း၃ ရခိုင်ပြည်နယ်ရရေး
ရခိုင်တို့ မှာ ပြည်မနှင့် ရိုးမတောင်တန်းကြီးခြားထားသဖြင့် နယ်နိမိတ်ပြဿနာ သိပ်မရှိလှပါ။ အင်္ဂလိပ် ခေတ်က ဂွမြို့နယ်၏အောက်ပိုင်း ရခိုင်ကမ်းရိုးတန်း ဟိုင်းကြီးကျွန်း စသည်တို့ ကို ဧရာဝတီတိုင်းတွင်း ပြောင်းထည့်လိုက်သည့်ကိစ၊္စ ၁၉၅၄ခုတွင် ဖဆပလအစိုးရက ပလက်ဝမြို့နယ်ကို ချင်းဝိသေသတိုင်း အတွင်း ထည့်လိုက်သည့် ပြဿနာများသာရှိပါသည်။ ရခိုင်တိုင်းအနှံ့တွင်လည်း တော်လှန်ရေးသမား အများအပြား ရှိနေပါသည်။ ပြဿနာအကြီးဆုံးမှာ စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တောကုလားပြဿ နာပါပေ။
ရခိုင်ပြည်သည် ၁၈၂၆ ခုနှစ်မှစပြီး အင်္ဂလိပ်ပိုင်နယ်ဖြစ်သွားရာ လူဦးရေနည်းသောရခိုင်ပြည်တွင် စပါး စိုက်ရန်နှင့်အခြားအလုပ်ကြမ်းများလုပ်ရန် အင်္ဂလိပ်အစိုးရက စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားအများအပြားကို ခေါ်ယူခဲ့သည်။ Burma Gazetteer, Akyab District, စာမျက်နှာ ၈၆ တွင် စစ်တွေခရိုင်၌ ၁၈၇၁ မှ ၁၉၁၁ အနှစ်လေးဆယ်အတွင်း စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တောကုလား ဦးရေ အဆမတန်တိုးပွားလာပုံကို အောက်ပါဇယားဖြင့်ပြထားပါသည်။
Races 1871 1901 1911
Mahomedan 58255 154887 178647
Burmese 4632 35751 92185
Arakanese 171612 230649 209432
Shan 334 80 59
Hill Tribes 38577 35489 34020
Others 606 1355 1146
Total 276691 481666 529943
၎င်းကိစ္စနှင့်ပတ်သက်၍ စစ်တွေခရိုင် လက်ထောက်ခရိုင်ဝန် R.B. Smart က အောက်ပါ အတိုင်းရေးခဲ့ ပါသည်။
“Since 1879, immigration has taken place on a much larger scale. Maungdaw Township has been overrun by Chittagonian immigrants. Butheedaung is not far behind and new arrivals will be found in almost every part of the district.”
သို့သော် ဗြိတိသျှအစိုးရက Akyab District Gazetteer 1906 တွင် တိုင်းရင်းသားများနှင့်နိုင်ငံခြားသား များကို အောက်ပါအတိုင်း တိကျသဲကွဲစွာမှတ်တမ်းတင်ခဲ့သည်။
Indigenous Races:
Arakanese (239649), Burmese (35751), Kamis (11595), Mros (10074), Chins (9415) Daingnets (3412), Chaungthas (247) and Thets (232).
Non-indigenous Races:
British (209), Eurasians (158), Chinese (439), Shaikhs (152074), Saiyards (1254), Pathans (126), Zairbadis (108) 0ther Musulman (1325), Sudras (6016), Kayasths (2888), Uriyas (625), Brahmans (398), Chatris (377), Dhobis (263), Waddars (233), Nats (226), Barua Maghs (165), Chetties (164), Doms (143), Malas (142), Marabans (125), Banias (114) and other Hindu Castes (2104).
ထိုသို့စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားအများအပြားကို အင်္ဂလိပ်တို့ ရခိုင်ပြည်တွင်း တံခါးမရှိ ဓားမရှိသွင်းလာသည့် ကိစ္စကြောင့် မြန်မာပြည်၊ အထူးသဖြင့်ရခိုင်ဒေသသည် တနေ့၌ ဌာနေတိုင်းရင်းသား များနှင့် အသစ်ဝင်ရောက်လာသူလူစိမ်းများအကြား လူမျိုးရေး ပြဿနာများကြုံရပြီး “ကမ္ဘာ့ အရှေ့ပိုင်း၏ ပါလက်စတိုင်း” ဖြစ်လာရလိမ့်မည်ဟု မြန်မာပြည်တွင် ကျောက်စာဝန်အဖြစ်တာဝန်ထမ်းဆောင်နေသော ဂျာမန်လူမျိုး ပါမောက္ခ ဒေါက်တာ အေမီးလ် ဖော့ရှ်ဟမ်းမား Prof. Dr. Emil Forchhammer က ၁၈၉၂ ခုနှစ်ကပင် ကြိုတင်သတိပေးထားခဲ့ပါသည်။
ပါမောက္ခ ဒေါက်တာအေမီးလ် ဖော့ရှ် ဟမ်းမား Prof. Dr. Emil Forchhammer ကြိုတင် သတိပေးထား ခဲ့သည့်အတိုင်း ၁၉၃၆ တွင် ပြဿနာ စလေတော့သည်။ ၁၉၃၇ ခုနှစ်တွင်မြန်မာပြည်ကို ဗြိတိသျှ အိန္ဒိယ အင်ပါယာမှ ခွဲထုတ်လိုက်ပြီး သီးခြား ဗြိတိသျှကိုလိုနီအဖြစ်မတည်ထောင်မီ ၁၉၃၆ ခုတွင် ရခိုင်ပြည် မြောက်ပိုင်းမှ စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တောကုလားများထဲမှအယူသည်း အစ္စလာမ်မစ် ခွဲထွက် ရေးသမားများသည် အိန္ဒိယပြည်သို့သွား၍ မူဆလင်လိဂ် ခေါင်းဆောင်များနှင့်တွေ့ ဆုံပြီး မောင်တော နှင့်ဘူးသီးတောင်မြို့ နယ်များကို မြန်မာပြည်နှင့်မတွဲဘဲ ဗြိတိသျှအိန္ဒိယနှင့်တွဲထားရန် အိန္ဒိယ မူဆလင် လိဂ် က ဗြိတိသျှအစိုးရထံ တရားဝင်တောင်းဆိုရန် အကြံပေးခဲ့သည်။ ၎င်းတို့၏တောင်းဆိုချက်မှာ မ အောင်မြင်ခဲ့ပါ။ အိန္ဒိယမူဆလင်လိဂ်က ၎င်းတို့ကိုမည်သို့မျှမကူညီနိုင်ပါ။ ဤကား စစ်တကာင်းသား ဘင်္ဂ လီ (ဝါ) ခေါ်တောကုလားများ၏ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် ပထမအကြိမ်ကြံစည်မှုဖြစ်သည်။ သို့သော် ၎င်းတို့သည် ထိုအချိန်က “ရိုဟင်ဂျာ” ဆိုသောအမည်ကိုမသုံးကြသေးပါ။
တဖန် ၁၉၄၆ခုနှစ်တွင် ဗြိတိသျှအိန္ဒိယသည် အိန္ဒိယနှင့် ပါကစ္စတန်ဟူသော ဒိုမီနီယံနိုင်ငံ၂ ခု အဖြစ် ဗြိတိသျှဓနသဟာယအသင်းတွင် ဆက်နေရန်တာစူနေသည်။ ယင်းအချိန်တွင် ရခိုင်ပြည်မြောက်ပိုင်းမှ စစ်တကာင်းသားဘင်္ဂလီ(ဝါ)ခေါ်တော ကုလားများထဲမှ (Juniyatu Olamai ) ဂျူနီယာတူအိုလာမိုင်း ဘာသာရေးအသင်းမှ ခေါင်းဆောင်တချို့ သည် ကရာချီမြို့သို့သွားပြီး ဘူးသီးတောင်၊ မောင်တော နှင့် ရသေ့ တောင်မြို့ နယ်များကို အရှေ့ ပါကစ္စတန်အတွင်း ပေါင်း ထည့်ရန်ဆွေးနွေး ခဲ့သည်။ ၎င်းအချက်မှာ ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်ပြည်ဖြစ်အောင် ဒုတိယအကြိမ် ကြိုးစားခြင်းပင်ဖြစ်သည်။ ၎င်း အဖွဲ့ သည်လည်း ၎င်းတို့ ကိုယ်ကို ၎င်းတို့ ”ရိုဟင်ဂျာ”များဟု သမုတ်ခြင်းမရှိခဲ့ပါ။
၎င်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ပါကစ္စတန်ခေါင်းဆောင် မိုဟာမက် အလီဂျင်းနားကို ခပ်ပြတ်ပြတ် ပြောလိုက်သည်ကတကြောင်း အာသံကို ပါကစ္စတန်ထဲတည့်ရန် ကြိုးစားစဉ်က အရေးနိမ့် ခဲ့သည်ကတကြောင်းတို့ကြောင့် ဂျင်းနားသည် ရခိုင်ပြည်မြောက်ပိုင်း ကိစ္စတွင် လုံးဝ ၀င်မစွက်ခဲ့ပေ။ သို့ သော် ရခိုင်ပြည်မြောက်ပိုင်းရှိ စစ်တကောင်းသားဘင်္ဂလီကုလားများသည် မြန်မာပြည်လွတ်လပ်ရေးမရမီ အင်္ဂလိပ်ဘုရင်ခံ Sir Hubert Rance ၏လက်ထက်တွင်ပင် တောခိုသွားကြပြီး သူတို့ ကိုယ်ကို သူတို့ ’မူ ဂျာဟစ်’ (ဘာသာရေးစစ်ပွဲဆင်နွဲသူ) များဟုခေါ်ကြပါသည်။ ၎င်းမူဂျာဟစ်များကို ကုလားဆိုးများဟု၎င်း၊ ခေါတောသူပုန်များဟု၎င်း၊ မူဂျာဟစ်သူပုန်များဟု၎င်း ခေါ်ခဲ့ကြပြီး ဗြိတိသျှစစ်ဗိုလ် Roger Campagnac ရောဂျာ ကန်ပက်ညက် ဦးဆောင်သော မြန်မာတပ်များက တိုက်ခဲ့ရပါသည်။ NLD နာယကကြီး ဦးတင်ဦး မှာ ထိုစဉ်က ဗိုလ်သင်တန်းဆင်းစ အရာရှိပေါက်စ ဖြစ်ပါသည်။ ဤကား ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် တတိယအကြိမ်ကြံစည်မှုဖြစ်သည်။ ၎င်းမူဂျာဟစ်သူပုန်များသည်လည်း ၎င်းတို့ ကိုယ်ကို ၎င်းတို့ ”ရိုဟင်ဂျာ” ဆိုသောအမည်ကို မသုံးခဲ့ပါ။
ထိုအချိန်ကစပြီး မူဂျာဟစ် ကုလားသူပုန် များ ၁၉၆၀ခုနှစ်တွင် ဇာတ်သိမ်းသွားသည့်အချိန်အထိ မြေပေါ် ရှိ စစ်တကောင်းသား ဘင်္ဂလီကုလားများ နှင့်မြေအောက် မူဂျာဟစ်သူပုန်များဟူ၍ အများအမြင်၌ အုပ် စုနှစ်စုရှိနေသော်လည်း ၎င်းတို့အားလုံး၏ ရည် မှန်းချက်မှာမူကား ရခိုင်ပြည်ကို မူဆလင်ပြည်ဖြစ်အောင် ကြိုးစားရန်ပင်ဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်ရရှိရေးအတွက် ရခိုင်တို့အရေးဆိုနေစဉ် ၁၉၅၁ခုတွင် မြေပေါ်ရှိ စစ်တကာင်း သားဘင်္ဂလီကုလား များသည် မောင်တောမြို့နယ်တွင်းက အလယ်သံကျော်ရွာတွင် စည်းဝေးကြပြီး ရခိုင် ပြည်နယ်ပေးပါက ရခိုင်တိုင်းမြောက်ပိုင်းကို မူဆလင် နယ်အဖြစ် သတ်မှတ်ပေးရမည်။ မူဆလင် “ရှာရီ ယာ” ဥပဒေဖြင့်အုပ် ချပ်ရမည်။ မိမိတို့လူမျိုးသည် ရခိုင်များနည်းတူ ရခိုင်ပြည်တွင် အခွင့်အရေးများ ရ သင့်သည်။ အူရဒူ ဘာသာ ကိုရုံးသုံးစာနှင့်စကားအဖြစ်သတ်မှတ်ပေးရမည်။ မူဆလင်များအားမြန်မာစာနှင့် စကား သင်ကြား ခိုင်းခြင်းမလုပ်ရ။ မူဆလင်များသည်မြန်မာနိုင်ငံတော်အလံကိုအလေးမပြုနိုင်၊ နိုင်ငံတော် သီချင်းသီဆိုမည် မဟုတ်။ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကို ရခိုင်တ၀က် မူဆလင် တ၀က် ခွဲဝေယူရမည်။ မြို့တော် စစ်တွေကို လည်း ရခိုင်တ၀က် မူဆလင်တ၀က် အုပ်ချုပ်ရမည်။ ဟူသော အချက် ၁၄ ချက်ပါ မတန်မရာ အခွင့်အရေး များ တောင်းလာပါသည်။ ရခိုင်များကို၎င်း အစိုးရကို၎င်း နိုင်ငံရေးအရရောစစ်ရေး အရပါ အကျပ်ကိုင် ခဲ့သည်။ ၄င်းတို့၏ တောင်းဆို ချက်များမရသောအခါ မြေပေါ်ရှိ ဘင်္ဂါလီပညာတတ် များက ၎င်းတို့လိုချင်သော အခွင့်အရေးများရရှိရေးအတွက် အတွင်းမှပူးသတ်ရန် ကြံကြပြီး ဦးနုနှင့် ဖဆ ပလကို ထောက်ခံကြသည်။ ဗဟိုအစိုးရ အဖွဲ့ အတွင်းမှမူဆလင်ဝန်ကြီးနှစ်ဦးဖြစ်သော ဦးရာရှစ် နှင့်ဦး အဗ္ဗဒူလတစ် ခေါ် ဦးခင်မောင်လတ်တို့ကလည်း ခေါ်တောကုလားများကို တိုက်ရိုက်တမျိုး သွယ်ဝှိုက်၍ တဖုံ အားပေးကြသည်။ ဘင်္ဂလီကုလားများ ရခိုင်ပြည်ကို မူဆလင်နိုင်ငံလုပ်ရန် စတုတ္ထအကြိမ် ကြံစည် ကြပြန်သည်။
ရခိုင်တို့က ဦးနုနှင့် ဖဆပလကို မထောက်ခံဘဲ အတိုက်အခံ ပမညတပါတီကိုအားပေးကြသည်။ ဦးနုနှင့် ဖဆပလတို့က ရခိုင်များကို မကြေနပ်ကြပေ၊ ရခိုင်များကို ဆုံးမရန် ဦးနုကလည်း သူတို့မဲရပြီး အစိုးရ ဖွဲ့နိုင်လျှင်ပြီးရော ရခိုင်ပြည်ဘာဖြစ်ဖြစ် မျက်နှာလွှဲခဲပစ်လုပ်လိုက်သည်။ ဖဆပလခေတ် တရားရေးဝန် ကြီး ဌာနကိုဦးစီးသူဝန်ကြီးသည် ဦးခင်မောင်လတ် ခေါ် အဗ္ဗဒူလတစ်ဖြစ်၏။ လူဝင်မှုကြီးကြပ်ရေးဌာန သည် တရားရေးဝန်ကြီးဌာန၏အောက်၌ရှိသဖြင့် ရခိုင်ပြည်မြောက်ပိုင်း၌ ခိုးဝင်နေသော ခေါ်တောကုလား သုံးသိန်းခန့်သည် ဝန်ကြီး ဦးခင်မောင်လတ်ခေါ် အဗ္ဗဒူလတစ်၏ကောင်းမှုကြောင့် မြန်မာစကားရော စာ ပါတလုံးမှမတတ်ပဲ အမျိုးသားမှတ်ပုံတင်ကတ်ပြားများရသွားကြပြီး မြန်မာနိုင်ငံသားဖြစ်သွားကြသည်။ ၎င်းကုလားများ၏မဲဖြင့် စူလတန် မာမွတ်။ အဘူဘော်ရှော။ အဘူခိုင်။ အဗ္ဗဒူ ဂဖါး ဆိုသော ဘင်္ဂါလီ အမတ် ၄ ဦး ပေါ်ပေါက်လာသည်။ မြေပေါ်ရှိ စစ်တကောင်းသား ဘင်္ဂလီကုလားများ၏ ဖဆပလ အစိုးရ ကိုအတွင်းမှပူးသတ်ရန်အကြံ ရာနှုန်းပြည့်မဟုတ်သော်လည်း ၅၀% ခန့် အောင်မြင်သွားသည်။
မစ္စတာ အဗ္ဗဒူဂဖား က “ရိုဟင်ဂျာ”ဟူသောအမည်ကို စတင်သုံးစွဲခဲ့သည်။ သို့ ရာတွင် မစ္စတာ အဗ္ဗဒူဂဖား သည် မြန်မာလွှတ်တော် နှစ်ရပ်စလုံးတွင် “ရိုဟင်ဂျာ” ဆိုသောအမည်ကို မသုံးနိုင်ခဲ့ပါပေ။ အကြောင်း မှာ ၎င်းတို့အဖွဲ့ အတွင်း၌ ဝါအရင့်ဆုံးသူဖြစ်သော မစ္စတာ စူလတန် မာမွတ်က “ရိုဟင်ဂျာ” ဟူသော အမည် ကို လက်မခံခဲ့ သောကြောင့်ဖြစ်သည်။ မစ္စတာ စူလတန် မာမွတ် က ( Arakani Muslims) “ရခိုင်နေ မူ ဆလင်များ” ဟူသောအခေါ်ကို ပို၍သဘောကျခဲ့ဟန်ရှိသည်။ ထို့ ကြောင့်လည်း ၁၉၃၆ ခုနှစ်နှင့် ၁၉၄၆ ခုနှစ်တို့ တွင်အိန္ဒိယသို့ သွားခဲ့ သောမူဆလင်အဖွဲ့ ၂ ဖွဲ့ စ လုံးသည်၎င်း၊ မူဂျာဟစ်သူပုန်များသည်၎င်း “ရိုဟင်ဂျာ”ဆိုသောအမည်ကို မသုံးနိုင်ခဲ့ခြင်းဖြစ်နိုင်ပါသည်။
၎း၁း၃:၁ “ရိုဟင်ဂျာ” ၏အဓိပ္ပါယ်
ဘင်္ဂလီဘာသာစကားတွင် ရခိုင်ပြည်ကို “ရိုဟန်” သို့ မဟုတ် “ရိုဆန်” ဟု ဘင်္ဂလီ ဒေသိယစကား အ လိုက်ခေါ်ကြသည်။ ရခိုင်ပြည်၏ဌာနေတိုင်းရင်းသားအစစ်များဖြစ်သောရခိုင်များကို ရိုဟန်ဂျာ၊ ရိုဟန်ဂါ၊ ရိုဆောင်ဂျာ၊ ရိုဆောင်ဂါ၊ အစရှိသဖြင့် ဘင်္ဂလီဒေသိယ စကားများအလိုက်ခေါ် ကြသည်။ ထို့ ကြောင့် “ရိုဟင်ဂျာ” ဆိုသော ဘင်္ဂလီစကားသည် ရခိုင်လူမျိုး (ဝါ) ဗုဒ္ဒဘာသာကို ကိုးကွယ်သော ဌာနေတိုင်းရင်း သားစစ်စစ်များကိုသာ ဆိုလိုသည်။ တနည်းအား ဖြင့်ဆိုရသော် ဘင်္ဂလီစကားတွင် “ရိုဟင်ဂျာ” ဟူသော စကား လုံး” မောက်” ဟူသော အခေါ်နှင့် “မာဂ်” ဟူသော ဝေါဟာရတို့သည် ကြောင်းတူသံကွဲ စကား လုံးများ ဖြစ်ကြပြီး ရခိုင်ဌာနေတိုင်းရင်းသား စစ်စစ်များ၊ ဗုဒ္ဒဘာသာဝင် ရခိုင်လူမျိုးအစစ်များကိုသာ ဆိုလို ပါသည်။ တနည်းအားဖြင့် “ရိုဟင်ဂျာ” ဆိုသော ဘင်္ဂလီစကားသည် “ရခိုင်သား” သို့မဟုတ် “ရခိုင်အစစ် များ” ဟု ဆိုလိုပါသည်။
သို့ရာတွင် ရခိုင်အများစု (ဘင်္ဂလီစကားတတ်သူများနှင့်သမိုင်းသုတေသီများမှတပါး) သည် ဘင်္ဂလီများက ၎င်းတို့ အား ရိုဟန်ဂါ၊ ရိုဆန်ဂါ၊ ရိုဟောင်းဂါ၊ ရိုဆောင်းဂါ သို့ မဟုတ် မောဂ်၊ မာဂ်၊ မို့ ဂ်၊ ဟုခေါ်ကြသည် ကို ယခင်ကမသိခဲ့ကြပါ။ ထိုနည်းတူစွာ ဗမာများသည်လည်း တရုတ်နှုင့် ဗီယက်နမ်များက ၎င်းတို့ ကို “မျန် တျင်း” ဟုခေါ်ကြောင်း ကုလားများက “ဗရမာ” ဟုခေါ်ကာ၊ ယိုးဒယား များက “ဖမာ” ဟုခေါ်၍ ကမ္ဘောဒီး ယား (ခမာ) များက “ဖူမီယာ” ဟုခေါ်သည်ကို ယခင်ကလည်းမသိခဲ့၊ ယခုတိုင်လည်း သိသူ အလွန်နည်းပါး ပါသည်။ ထို့ကြောင့်လည်း ဦးနုခေတ်တွင် “ရိုဟင်ဂျာ” ဆိုသောအမည်ကို ရခိုင်များက ခါးခါးသီးသီး မကန့် ကွက်ခဲ့ကြခြင်းဖြစ်သည်။ ယခုခေတ်မှာတော့ ဘင်္ဂလီစကားတတ်သူရခိုင်များနှင့် သမိုင်း သုတေသီများ၏ ရှင်းပြချက်များကြောင့် စစ်တကောင်းသားဘင်္ဂလီ ကုလားများက သူတို့ကိုယ်ကို သူတို့ ရခိုင်အစစ်များဟု ညာကြခြင်း၊ တနည်းအားဖြင့် မိမိတို့လူမျိးအမည်ကို အချောင် ဝင်နှိုက်ခြင်းကို ရခိုင်များ သိရှိသွားကြသဖြင့် စစ်တကောင်းသား ဘင်္ဂလီ (ဝါ) ခေါ်တော ကုလားများ “ရိုဟင်ဂျာ” အမည်ခံနေခြင်းကို လုံးဝလက်မခံနိုင် ဘဲ တူးတူးခါးခါး ကန့်ကွက်နေကြခြင်းဖြစ်သည်။
မစ္စတာ အဗ္ဗဒူဂဖား က ရခိုင်တိုင်းရင်းသားအစစ်များကို ဘင်္ဂလီဘာသာဖြင့်ခေါ်သည့်အခေါ်အား ပြန်ပေး ဆွဲသလို မတရားယူငင်သုံးစွဲလိုက်ခြင်းဖြစ်သည်။ ရခိုင်လူမျိုးအစစ်များကိုဘင်္ဂလီ စကားအရခေါ်သော ၎င်း”ရိုဟင်ဂျာ” ဟူသောစကားလုံးကို ထိုအချိန်ကစပြီး မြေပေါ်မြေအောက်ဘင်္ဂလီခွဲထွက်ရေးသမားများ က အခွင့်ရေးရတိုင်း သုံးစွဲလာကြတော့သည်။ အခွင့်ရေးရတိုင်း ရခိုင်ပြည်ကိုမူဆလင်နိုင်ငံလုပ်ရန်ကြံစည် ကြသည်။ ဂျာမန်လူမျိုး ပါမောက္ခ ဒေါက်တာ အေမီးလ် ဖော့ရှ် ဟမ်းမား Prof. Dr. Emil Forchhammer ၁၈၉၂ ခုနှစ်ကပင် ကြိုတင်သတိပေးထားချက် သွေးထွက်အောင်မှန်နေပေတော့သည်။
“ရိုဟင်ဂျာ” ဟူသောဝေါဟာရသည် မြန်မာသမိုင်းပါ ဝေါဟာရတခုမဟုတ်သကဲ့သို့  လူမျိုးစု တစု၏ အ မည်လည်းမဟုတ်ပါ။ ၎င်းအသုံးအနှုံးကို တည်ထွင်သူများက နိုင်ငံရေး လှုပ်ရှားမှု တခု ပြုလုပ်ရန် ရည် ရွယ်ချက်ရှိရှိဖြင့် တည်ထွင်ခဲ့သော နိုင်ငံရေးဝေါဟာရတခုသာဖြစ်ပါသည်။ ထို့ ကြောင့် ရိုဟင်ဂျာ” ဆို သည်ကို ရခိုင်၊ မြန်မာ နှင့် အခြားတိုင်းရင်းသားများသာမက မြန်မာပြည်ကို ဗြိတိသျှအိန္ဒိယအင်ပါယာ အတွင်း၌ထည့်ခဲ့သော ဗြိတိသျှကိုလိုနီအရာရှိများ ကိုယ်တိုင်လည်း တခါမှမကြားဘူးခဲ့၊ မှတ်တမ်းမတင် ခဲ့သော ဝေါဟာရဖြစ်သည်။ ထိုကြောင့်လည်းမြန်မာအစိုးရနှင့်တကွပြည်သူလူထုကြီးကပါ ယင်း “ရိုဟင် ဂျာ” အမည်ကိုလုံးဝလက်မခံနိုင်ကြခြင်းဖြစ်သည်။
အငြိမ်းစား ဗြိတိသျှသံအမတ်ကြီး “ ဒဲရက်ခ် တုံကင်” Derek Tonkin က “But supporters of Rakhine Muslims overseas should at the same time acknowledge that the particular designation ‘Rohingya’ had no serious historical validity prior to independence in 1948. If ‘Rohingya’ were felt to be a step too far, why not seek to modernise the ‘Arakan Muhammadan’ of 1901? ဟု “The ‘Rohingya’ Identity: The British Experience in Arakan” တွင်ထောက်ပြခဲ့ပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ရခိုင်သမိုင်းပညာရှင် “ယတ်ခ်လိုင်ဒါ” Dr. Jacques P. Leider ကလည်း ၂၀၁၂ ခု ဇူလိုင်လ ၉ ရက်က ဧရာဝတီမဂ္ဂဇင်းနှင့် “ဗျူး”ခဲ့ရာ၌
Q: Are the Rohingya an ethnic group of Burma?
A: My answer is that Rohingya is not an ethnic concept. Okay, they can stand up and say we are an ethnic group inside Myanmar. But I think that is not the best way. When you argue we are Muslims and we have been living in Rakhine for several generations, nobody can deny it. For me, Rohingya is the term, which is an old word that has been claimed as above all as a political label after the independence of Myanmar. For the moment, I do not see that all the people there readily submit to one and a single label. When I was in Bangladesh, people pointed out Muslims to me who originally lived in Rakhine. They have now moved to Bangladesh and when you ask them, “are you Rohingya coming from Rakhine?” they say, “no, we are Muslims who live in Rakhine, we do not take for us the label Rohingya.” ဟုတိကျစွာဖြေသွားပါသည်။
၎း၁း၃:၂ နိုင်ငံရေးသမားများ၏အမှားများ
(က) ဖဆပလ မှ ဦးနုရောဦးဗဆွေပါ မဲဆွယ်ရာ၌ “ရိုဟင်ဂျာ” အမည်ဖြင့် မဆင်မခြင် ခေါ်ဝေါ်မိခဲ့ကြ သည်။
(ခ) မူဂျာဟစ်များသည် လက်နက်ချသူချ အရှေ့ပါကစ္စတန် ပြေးသူပြေးနှင့် ၁၉၆၀ ခုနှစ်တွင် ဇာတ်သိမ်း သွားသော်လည်းဗိုလ်မှူးချုပ်အောင်ကြီးက လက်နက်ချပွဲတွင် သမိုင်း တလျှောက်လုံး မကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့် မဆင်မခြင် ခေါ်ဝေါ်မိခဲ့သည်။
(ဂ) ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင်ဦးနုသည် စစ်တကောင်းဘင်္ဂါလီစကား (၀ါ) ခေါ်တောစကား ကို သမိုင်းတလျှောက်လုံးမကြားဘူးသည့် “ရိုဟင်ဂျာ” အမည်ဖြင့် မြန်မာ့အသံတွဲဘက်အစီအစဉ်မှ တပါတ်နှစ်ခါ အသံလွှင့်ခွင့်ပြုခဲ့သည်။
(ဃ) တဘက်ကလည်း ဦးနုသည် ရခိုင်များကို ချွေးသိပ်ပြီး ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ်သတ်မှတ် ပေးရန် ကတိပေး သည်။ ၁၉၆၀ခုနှစ် ရွေးကောက်ပွဲနိုင်ပြီးချိန်တွင် ရခိုင်ရေးရာဝန်ကြီး ခန့်ပေးသည်။ သို့ရာတွင် ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်တိုင်း အောက်တွင်မထားဘဲ မေယုနယ်ခြားခရိုင် ဟူသောအမည်ဖြင့် ဝန်ကြီးချပ်ရုံးမှတိုက်ရိုက်အုပ်ချုပ်သည်။
(င) ဗိုလ်နေ၀င်းအစိုးရ တက်လာပြီးချိန်တွင် ၁၉၇၄ အခြေခံဥပဒေအရ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ပေါ်လာရာ မေယုနယ်ခြားခရိုင် ကိုဖျက်သိမ်းလိုက်ပြီး ဘူးသီးတောင် နှင့် မောင်တော တို့ကို ရခိုင်ပြည်နယ်အတွင်းပြန်ထည့်ပေးသည်။
သို့ပါသော်လည်း မဆလခေတ်ပြည်နယ်များနှင့်ပြည်နယ်ဥက္ကဌများ၏ရပိုင်ခွင့်နှင့်လုပ်ပိုင်ခွင့်များမှာ ဦးနု ခေတ်ကမြို့ပိုင်လောက်မျှပင်မရှိသဖြင့် ရခိုင် နှင့်မွန်တို့သာမက ပြည်နယ်အားလုံးမှာ ပင်လုံစာချုပ်အတိုင်း ပြည်နယ်စစ်စစ်ကို ယနေ့တိုင်မရနိုင်သေးပါ။
၅။ နိဂုံး
ပင်လုံစာချုပ်ကို ပြည်ထောင်စုကြီး၏ အုတ်မြစ်ဟုဆိုသော် မမှားသကဲ့သို့ အရေးကြီးသော အခြား တိုင်း ရင်းသားများကို မဖိတ်ခေါ်ခဲ့ခြင်းအတွက် နှစ်ဘက်စလုံး၌ ပေးစရာ ဆင်ခြေ ဆက်လက် အပြည့်ရှိကြ ပါသည်။
ပင်လုံစာချုပ်မှာ အကယ်စင်စစ်၌ Frontier Areas နှင့် Burma Proper ပေါင်းရန်ချုပ်ဆိုသော စာချုပ်သာ ဖြစ်ရကား Burma Proper အတွင်းရှိသည့် အခြားတိုင်းရင်းသားများ၏ ကိုယ်စားလှယ်များကို ဖိတ်ရန် မ လိုဟုဆိုလျှင်လည်း ထိုစဉ်က တည်ဆဲဥပဒေအရ မမှားပါ။ သို့ပါသော်လည်း တချိန်က ကိုယ့်ထီးကိုယ့် နန်းရှိခဲ့ပြီး မြန်မာတို့နှင့် ထီးပြိုင်နန်းပြိုင် ဖြစ်ခဲ့သော ရခိုင်နှင့် မွန်လူမျိုးကြီး ၂မျိုးနှင့် မြန်မာပြည်တွင် ဒုတိ ယ လူဦးရေ အများဆုံးဖြစ်သော ကရင်တို့ကို ချန်ထားခဲ့ခြင်းမှာ သင့်လျှော်ခြင်း အလျဉ်းမရှိပါ။ လူမှုရေး လူမျိုးရေး ရှုထောင့်များမှ ကြည့်လျှင်လည်း တရားမျှတမှုမရှိပါ။ ထိုစဉ်ကတည်ခဲ့သော ဥပဒေကိုထောက် ပြပြီး မဖိတ်ခဲ့ခြင်းမှာ ဥပဒေအရ မှန်ပါသည်ဟုပြောလိုသူများရှိပါကလည်း ဥပဒေကိုလက်တလုံးခြားလှည့် စားခြင်းသာဖြစ်ပါသည်ဟုထင်မြင်မိပေသည်။
ကိုးကားရာကျမ်းများ
(၁) THE CONSTITUTION OF THE UNION OF BURMA (1947)
(၂) The Panglong Agreement, 1947
(၃) Autobiography of Brigadier General Kyaw Zaw (in Burmese)
(၄) U Ba Than, ‘Burmese History’ (in Burmese)
(၅) ကြေးမုံဦးသောင်း၊ ဗိုလ်နေဝင်းဇာတ်လမ်းရှုပ်သမျှ ....၊ Morris Publishing, Florida,USA, 2001
(၆) Maung Htin Aung, A History of Burma, Columbia University Press, 1967
(၇) Burma Gazetteer, Akyab District
(၈) Forchhammer, Emil. 1892. Papers on Subjects Relating to the Archaeology of Burma: A Report on the History of Arakan. Rangoon: Government Press.
မှတ်ချက်။ ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။
↧
↧
ငြိမ်းချမ်းအေး - လူတစုတည်းကောင်းဖို့ရာ လူအများစုမှာပျက်လင့်ကာ
ငြိမ်းချမ်းအေး - လူတစုတည်းကောင်းဖို့ရာ လူအများစုမှာပျက်လင့်ကာ
(မိုးမခ / သည်လေဒီးစ်နယူးစ်) ဇွန် ၂၇၊ ၂၀၁၅
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြည်ထောင်စုလွှတ်တော်မှာ အတိုက်အခံ ဒီမိုကရေစီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်တဲ့ အကောင်အထည်ဖော်ရေး ကော်မတီက ၄၂ ချက်မှာ ၃၇ ချက် (၈၀ ရာခိုင်နှုန်းကျော်) ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အပြီးသတ်အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။ လွှတ်တော်ကလည်း လက်ခံမှတ်တမ်းတင်ခဲ့ပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ အစီရင်ခံစာအတိုင်း အမှန်မဖြစ်သေးကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့ ပြန်လည်ထောက်ပြ ဆွေးနွေးခဲ့ကြသလို၊ ဒေသခံတွေကလည်း အစီရင်ခံစာကို လက်မခံနိုင်ကြောင်း စာနယ်ဇင်း မီဒီယာကို ထုတ်ဖော်ပြောဆိုတာ ရှိခဲ့ပါတယ်။ အခြေခံ မဖြစ်မနေ ဖြည့်ဆည်း တာဝန်ယူပေးရမယ့် အချက်တွေကိုတောင် အပြည့်အဝ အကောင်အထည် မဖော်ပေးနိုင်သေးကြောင်းလည်း တွေ့ရတယ်။ ဥပမာ - ကြေးနီစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲံ လယ်ယာမြေ ဧက ၁၀၀၀ ကျော် အတွက် အစားထိုး နေရာပြန်ချပေးထားတာ ဧက ၁၀၀ အတွက်ပဲ ရှိသေးတာမျိုးပါ။
ဒီလို အာဏာပိုင်၊ စစ်တပ်ပိုင်၊ ဦးပိုင်နဲ့ အပေါင်းအပါ ပြည်တွင်းပြည်ပ အရင်းရှင် စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ဒေသခံ ပြည်သူတွေကြား နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ မြေသိမ်း၊ ယာသိမ်း ဖြစ်စဉ်တွေ၊ တဖက်စောင်းနင်း အဓမ္မအမှုတွေ အားလုံးဟာ တိုင်းပြည်ရဲ့ လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အဟန့်အတားတွေ ဖြစ်ပါတယ်။ မျက်မှောက်မှာ ကောင်းစားနေသူ လူတစု စီးပွားအုပ်စု ရှိနေမယ်၊ ဒါကို မှီခိုနေရတဲ့ လခစား ဝန်ထမ်းတချို့ အလုပ်ရနေမယ်။ ဒါပေမဲ့ လူထုအများအတွက် အကျိုးရလဒ်ကတော့ အင်မတန် နည်းလှပါတယ်။ အခု မျက်မှောက်တိုင်းပြည်ဟာ ပါလီမန် ပါတီစုံ လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ ဈေးကွက်ဗဟိုပြု အရင်းရှင် စီးပွားရေးစနစ်ကို သွားနေတယ် ဆိုကြပါတယ်။ ဒါပေမဲ့ ဒီလို အားကြီးသူ နိုင်ရာစား အဓမ္မပြုတဲ့ စစ်အာဏာရှင်စနစ် အကျင့်အကြံ အလုပ်တွေက မပျောက်သေးတော့ စစ်အုပ်စုနဲ့ အပေါင်းအပါ သူကြွယ်တစု စီးပွား၊ အာဏာ အကျိုး ကာကွယ်ရာ စစ်ခရိုနီအရင်းရှင်စနစ်သာ ဖြစ်နေသေးပါတယ်။
နဂိုရှိရင်းစွဲ အရင်းရှင်စီးပွားစနစ်မှာကိုကလည်း ဓန အင်အား ခိုင်မာ၊ သြဇာ အာဏာကြီးသူတွေသာ စံစားရတာ များပါတယ်။ ဒါပေမဲ့ ဒီအရင်းရှင်ဝါဒ စည်ပင်သာယာဝပြော ဆိုပြေစိမ်းလန်းဖို့ရာမှာ လူ့အသိုင်းအဝန်း၊ ဈေးကွက်နဲ့ ဥတုရာသီသဘာဝ မဖောက်ပြန် ရှင်သန်ဖို့က မရှိမဖြစ် အရေးကြီးတဲ့အတွက် ရှင်သန်အောင် စီမံဆောင်ရွက်ရတဲ့ အတွေးအခေါ်၊ အယူအဆနဲ့ လုပ်နည်းလုပ်ဟန်တွေ အရင်းရှင် ဈေးကွက်စီးပွားပုံစံမှာ မဖြစ်မနေ ထည့်သွင်း ကျင့်သုံးရပါတယ်။ ဒါကတော့ စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development) စီးပွားလုပ်ဟန်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လူမှုရေးတာဝန်ကျေရမှု (Corporate Social Responsibility) တွေပါပဲ။
စီးပွားရေး လုပ်ထားဟာ လူမှုရေးလုပ်ငန်းမဟုတ်တဲ့ အတွက် အကျိုးအမြတ်ကို အဓိကထားစဉ်းစားရတာလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ ခေတ်သစ်မှာ ရေရှည်ဖွံဖြိုးတိုးတက်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်ဖို့က အကျိုးအမြတ် တခုတည်း ရှေ့တန်းတင် စဉ်းစား လုပ်ဆောင်လို့ မရတော့ပါဘူး။ အခြား အရေးကြီးတဲ့ လူသားနဲ့ကမ္ဘာမြေအကျိုးတွေလည်း ထည့်သွင်းစဉ်းရပါမယ်။ အကျိုးအမြတ်အတွက် စီးပွားရှာ (Profit/Economics Based) လုပ်ရင်းနဲ့ တွဲလျက် လူ၊ လူမှုဘဝ၊ မြေကမ္ဘာနဲ့ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုဂေဟစနစ်ကိုလည်း မထိခိုက်ဘဲ၊ ရှေရှည်ရှင်သန်တိုးတက်ဖွံ့ဖြိုးအောင် (People, Social, Planet, Environment, Ecology) ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစား အကျိုးဖြစ်အောင်၊ အနည်းဆုံး အကျိုးမယုတ်အောင် ကြံဆောင်ရတဲ့ စီးပွားလုပ်ဟန်ကို ခေတ်သစ်ကမ္ဘာ့စီးပွားလုပ်ငန်းရင်းနှီးမြှုပ်နှံမှုတိုင်းဟာ ရေရှည်တည်တံ့နိုင်မှုနဲ့ အကျိုးအမြတ်အလို့ငှာ လုပ်ငန်းစီးပွားနည်းဗျူဟာမှာ မဖြစ်မနေ ထည့်သွင်းချမှတ်ရမယ်လို့ အရင်းရှင်စနစ်ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီတွေက ဆိုပါတယ်။
ဥပမာ – စီးပွားရေး လုပ်ငန်းအတွက် ဒေသခံတွေ ကို အတင်း အဓမ္မ နေရာ ဖယ်ခိုင်းခြင်းမျိုး၊ လက်ယာမြေ သိမ်းခြင်းမျိုး မရှိတာ၊ တကယ်လို့ မဖြစ်မနေ မြေနေရာ ရယူမှု လုပ်ရရင်လည်း ဒေသခံတွေရဲ့ သဘောဆန္ဒနဲ့အညီ ဖြစ်စေတာ၊ နစ်နာမှုတွေအတွက် ထိုက်သင့်တဲ့ လျော်ကြေး၊ ဘဝ အာမခံချက်နဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးတာ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဖော်ဆောင်ပေးတာမျိုးကို ဆိုလိုပါတယ်။ စီးပွားရှာရာဒေသက ဆိုင်ရာ ဓလေ့ ထုံးတမ်းစဉ်လာ ရိုးရာယုံကြည်မှု အတွေးအခေါ်တွေကိုလည်း လေးစားလိုက်နာ အသိအမှတ်ပြုရပါတယ်။ ဥပမာ - ‘လက်ပံတောင်းဒေသ လယ်တီစေတီနဲ့သိမ်တို့သည် ပထမလယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက်အအုံများ ဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ’ ဆိုပြီး ဒေသခံတွေရဲ့ ယုံကြည်မှုကို မျက်ကွယ်ပြု ဖျက်ဆီး၊ ရွှေ့ပြောင်းတာမျိုး လုပ်လို့ မရပါဘူး။
ဒါ့အပြင် စီးပွားလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်သူ အလုပ်သမားတွေအတွက်လည်း အခွင့်အရေး အပြည့်အဝ ပေးရပါတယ်။ ဥပမာ – လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၊ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်မှုမျိုး။ အလုပ်သမား ငှားရမ်း အသုံးပြရာမှာလည်း ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေနဲ့အညီ ဆောင်ရွက်ရပါတယ်။ ဥပမာ – အာဏာပိုင်နဲ့ပေါင်းပြီး ဒေသခံတွေကို အတင်းအဓမ္မအခမဲ့ (သို့မဟုတ်) လုပ်ခနည်း လုပ်အားပေး အလုပ်စေခိုင်း၊ ကူလီထမ်းခိုင်း၊ ပေါ်တာဆွဲခြင်းမျိုးတွေကို ရှောင်ကြဉ်ရပါတယ်။ ကိုယ့်လုပ်ငန်းထုတ်ကုန်ုကို သုံးစွဲသူ၊ စားသုံးသူတွေရဲ့ အခွင့်အရေးကိုလည်း ရှေးရှုရပါတယ်။ ဥပမာ- မိမိစီးပွားရေးလုပ်ငန်းရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုက လူနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာ၊ လုံခြုံစိတ်ချ အရည်အသွေး ပြည့်မီအောင်၊ အသက်အန္တရာယ် ကျန်းမာရေး မထိခိုက်အောင် အာမခံတာမျိုးတွေပါ။
ဒီ ခေါင်းစဉ်တွေကို လက်ရှိ တိုင်းပြည်မှာ လုပ်ပိုင်ခွင့်ရ၊ တွင်ကျယ်နေတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းကြီးတိုင်းက သူတို့ လုပ်ငန်း ရည်မှန်းချက် Mission တွေမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမဲ့ အများစုကတော့ စားသောက်ကောင်းအောင်၊ စီးပွားလုပ်ကိုင်ခွင့်ရအောင် ဟန်ပြ လုပ်ပြတဲ့ သဘောသာ ဖြစ်နေဆဲပါပဲ။ အခု လက်ပံတောင်း ဖြစ်စဉ်လို ကြီးကြီးကျယ်ကျယ် ပြဿနာတွေ တက်၊ လူစိတ်ဝင်စားမှုများတာမျိုးတောင်မှ စီးပွားစီမံကိန်းဖော်ဆောင်သူ လုပ်ငန်းရှင်ဘက်က လုပ်သင့်တဲ့ တာဝန်ယူ၊ တာဝန်ခံမှုမျိုး မရှိဘူးဆိုတာ အထင်အရှား တွေ့နိုင်တော့ တခြား လူမသိ၊ သူမသိ၊ စာနယ်ဇင်းမှာ အသားပေး (Highlight) အလုပ်မခံရတဲ့ နိုင်ငံအနှံ့က ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ စီးပွားရေး လုပ်ငန်း တည်ဆောက်မှုတွေမှာ ဘယ်လောက်များ ကျင့်ဝတ်တာဝန် ပျက်ကွက်မှုတွေ၊ မတရားမှုတွေ ဖြစ်နေမယ်ဆိုတာ တွေးကြည့်လို့ရပါတယ်။
ဒီလို သဘောကြောင့် နိုင်ငံခြား/ပြည်တွင်း ကုမ္ပဏီကြီးများ မြန်မာပြည်မှာ စီးပွားလုပ်ရင် သူတို့သာ ချမ်းသာ သထက် ချမ်းသာသွားပြီး ဒေသခံကျောမွဲ နင်းပြားများကတော့ မွဲသထက်မွဲ လူသွေးလူရောင် မပြောင်ဖြစ်ရတာကို လက်တွေ့ မြေပြင်မှာ မြင်တွေ့နေရခြင်းပါ။ ဒါမျိုးတွေကို အစိုးရ ရုပ်သံ၊ သတင်းစာမှာ၊ လွှတ်တော်မှာ၊ သမ္မတ လစဉ် မိန့်ခွန်းတွေမှာတော့ တွေ့ရမှာ မဟုတ်ပါ။
ဖောင်စီးရင်း ရေငတ်နေကြရတဲ့ ပြည်သူများရဲ့ ဘဝနဲ့အသက်ငင်နေတဲ့ မြန်မာ့သဘာဝအလှကို နိုင်ငံတဝှမ်းက ရွှေတွင်း၊ ကျောက်စိမ်းတွင်း၊ ကြေးနီ မိုင်း၊ သစ်လုပ်ငန်းလုပ်ငန်းကြီးတွေမှာ တွေ့နိုင်ပါတယ်။ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းခံပြည်သူတွေရဲ့ မျက်ရည်တွေ၊ သွေးစက်တွေ၊ မီးလောင်ဒဏ်ရာတွေမှာ ရှာကြည့်နိုင်ပါတယ်။ နိုင်ငံတကာစံနှုန်းတွေထက် အဆပေါင်းများစွာနည်းတဲ့ အခြေခံလစာလေးရဖို့အရေး ဖမ်းဆီး၊ ထောင်ကျ၊ အလုပ်ပြုတ်ခံ ဆန္ဒ ပြနေရတဲ့ အငတ်ဘေးသင့်အလုပ်သမားထုကြီး အသံကို နားထောင်ရင် ကြားသိရပါမယ်။ စီးပွားလုပ်ငန်းတွေရဲ့ ‘ဘယ်သူသေသေ ငတေမာ’ လုပ်နေမှုကို သေမလိုဖြစ်နေတဲ့ ဧရာဝတီမြစ်ကြီးကို တိုင်တည်ပြီးလည်း ကြည့်မြင်နိုင်ပါတယ်။ တောင်ကတုံးတွေအပြည့်နဲ့ ရိုးမတောင်တန်းကြီးတွေမှာလည်း လူတစု ထင်တိုင်းကြဲနေမှုကို ဖော်ထုတ်သိရှိနိုင်ပါတယ်။
မြန်မာပြည်လို အရပ်သား (ဆိုတဲ့) အစိုးရ၊ လွှတ်တော်နဲ့ ပေါင်း၊ နိုင်ငံရေးသမားဆိုသူတွေနဲ့ ပေါင်း၊ ဒါမှမဟုတ် ဒါတွေအားလုံးထက် အာဏာစောင်းထက်တဲ့ စစ်တပ်စီးပွားလုပ်ငန်း ဦးပိုင်နဲ့ပေါင်း စသလို အမျိုးမျိုး ‘ပေါင်းစား’ ကာ အာဏာ ငွေကြေး တောင့်တင်းသူ လက်တဆုပ်စာ အစစအရာရာ အသာစီးရ လုပ်သမျှတင့်တယ်နေတဲ့ တိုင်းပြည်မျိုးမှာတော့ စီးပွားသီအိုရီတွေ၊ စံသတ်မှတ်မှုတွေဟာလည်း အလကားပါပဲ။ ဒါတွေကို တည့်မတ်ထိန်းကျောင်းပြုပြင်ရမယ့် နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေက သေနတ်ပြောင်းအောက် စစ်တပ်လောင်းရိပ်မှာ အသံမဲ့နေကြတယ်။ ကျောသား၊ ရင်သား၊ ကျောင်းသား၊ စစ်သား၊ ဘုရားသား၊ ပြည်သူ့သား မခွဲခြား တပြေးညီ ကျင့်သုံး အာဏာစက်တည်တဲ့ တရားဥပဒေက မတည်ရှိဘူး။ တည်ဆဲ တရားဥပဒေတွေကလည်း တရားမျှတမှုကို ဖော်ဆောင်နိုင်မှုနည်းနေတယ်။ သမာသမတ်ကျတဲ့ တရားဥပဒေတွေကျလည်း အမှန်တကယ် လက်တွေ့ စိုးမိုးမှု မရှိ ဖြစ်နေတယ်။
ဆိုတော့ ဒီလိုအနေအထားမှာ လူထုဟာ လူတစု အကျိုးစီးပွားနဲ့ လွတ်ကင်းရာမှာ ကိုယ့်ဘာသာ ခပ်ကင်းကင်းနေ မသေထမင်း၊ မသေဟင်း ရှာစားရုံမှ အပ အခြားမရှိသလို ဖြစ်နေရပါတယ်။ လက်ရှိစနစ်၊ နောက်ခံ အနေအထားနဲ့ တိုင်းပြည်မှာ ဈေးကွက်မှာ ကုန်ပစ္စည်းတွေ အရင်ခေတ်တွေကထက်စာရင် ပိုပေါလာကောင်းလာပါမယ်။ ကားသစ်တွေ၊ နည်းပညာ ဆက်သွယ်ရေး ပစ္စည်း၊ လျှပ်စစ်သုံး လူသုံးကုန်တွေ အများအပြား တွေ့ကောင်းတွေ့ရပါမယ်။ ဒါပေမဲ့ အခြေခံလူထု ၇၅ ရာခိုင်နှုန်းကျော်ကတော့ ဒီလို ခေတ်သစ်ရဲ့ အကျိုးကျေးဇူး အသီးအပွင့်တွေကို အရည်အသွေးမီ ပြည့်ပြည့်ဝဝ သုံးစွဲခံစားခွင့်ရဖို့ အလှမ်းဝေးနေဦးမှာသာ ဖြစ်ပါတယ်။
တကယ်တော့ ဘာကိုမှ ဂရုမထားဘဲ ဒီလိုပဲ ကိုယ်နိုင်တဲ့ ပြည်သူကို အနိုင့်အထက် ကုပ်ခွစီးကာ ကိုယ်ကျိုးစီးပွားပဲ နင်းကန်ရှာရင်း ကိုယ်စီးပွားရှာတဲ့ဒေသနဲ့ လူ့အသိုင်းအဝန်းရဲ့ အထွေအထွဖွံ့ဖြိုးတိုးတက်မှု ကျဆင်းစေရင် ရေရှည်မှာလည်း နိုင်ငံတခုလုံးရဲ့ စီးပွားရေး မတိုးတက်နိုင်သလို ကိုယ့်စီးပွားလုပ်ငန်းလည်း ပျက်စီး ဆုတ်ယုတ်ရမှာ မလွှဲမသွေ ဖြစ်ပါတယ်။
အလားတူပဲ အစိုးရ စီမံကိန်းနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသရဲ့ သဘာဝပတ်ဝန်းကျင်ကို ဂရုမမူ မစောင့်ရှောက်ဘဲ ထင်တိုင်းသောင်းကျန်းနေရင် ရေရှည်မှာ ဒေသရဲ့ ပထဝီနဲ့ဂေဟစနစ် ပျက်ယွင်းပြီး ရာသီဥတုတွေ ဖောက်ပြန်၊ သဘာဝဘေးဒုက္ခတွေ ထူပြော၊ စီးပွားလုပ်ကိုင်ခွင့်တွေ လျော့နည်းကာ အနာဂတ်မှာ ဖွံဖြိုးတိုးတက် ရှင်သန်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။ (တိုင်းပြည်ရဲ့ စစ်အစိုးရ အဆက်ဆက် သမိုင်းမှာ ဒါတွေ ဖြစ်လည်း ဖြစ်ခဲ့ပါပြီ။)
ဆိုချင်တာက ရေရှည်မှာ ငါဖို့တခုတည်း ကြည့်သူတွေကိုယ်တိုင် ငါ့ဖို့ အတိုင်းအတာဟာ နည်းလာမှာသာ ဖြစ်ပါတယ်။
ဒီလိုအနေအထားနဲ့ ဒီသဘောကို ဂရုမစိုက်ဘဲ နေနိုင်သူတွေဟာ ခေတ်သစ်ကမ္ဘာမှာ မိမိအကျိုးစီးပွား ကို ရေရှည် ရပ်တည်နိုင်ဖို့ရာ မကြံဆောင်၊ မမြော်မြင်နိုင်လောက်အောင် အသိဉာဏ်ပညာတုံးနေတဲ့လူမျိုးတွေနဲ့ ဆူလွယ်နပ်လွယ် ရတုန်းလေးကို ဘယ်သူ.. ဘာ.. ဖြစ်ဖြစ် ရှာထားမယ်၊ အနာဂတ် နဲ့မျိုးဆက်သစ်အတွက် မစဉ်းစားဘူး လို့ ခံယူနိုင်လောက်အောင် စိတ်ဓာတ် အောက်တန်းကျနေတဲ့ လူမျိုးတွေပဲဖြစ်ပါမယ်။
ဝမ်းနည်းစရာနဲ့ အနာဂတ်အတွက်စိုးရိမ်ဖို့ ကောင်းတာက ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရနေတဲ့သူတွေနဲ့ လုပ်ပိုင်ခွင့်သာနေတဲ့ လက်ချိုးရေလို့ရတဲ့ မဟာစီးပွားလုပ်ငန်းရှင်ကြီးအများစုက အထက်မှာ ဆိုခဲ့တဲ့ လူနှစ်မျိုးဖြစ်တဲ့ — အနာဂတ်ကို မျှော်.. မြော်မြင် မကြည့်၊ မမြင်နိုင်လောက်အောင် ဉာဏ်ပညာနည်းနေသူတွေနဲ့ အနာဂတ်နဲ့ မျိုးဆက်သစ်အတွက် ထည့်မစဉ်းစားဘဲ နေနိုင်လောက်အောင် စိတ္တသတ္တိ စာရိတ္တချို့ယွင်း ပျက်စီးနေသူတွေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အတိတ်နဲ့ မျက်မှောက်မှာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက ပြည်သူလူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို အဓမ္မမုဒိမ်းကျင့်တဲ့ ဖြစ်ရပ်တွေ တလှေကြီး ပေါ်ခဲ့၊ ပေါ်လျက် ဖြစ်နေခြင်းပါပဲ။
နိဂုံးချုပ်ရရင် ဒီလို ငတေ၊ ငရွှေ၊ ငဇေ၊ ငပိုင်နဲ့ အပေါင်းအပါတွေချည်းပဲ အမြဲတမ်း ‘မာ’ နေ ခွင့်ရနေတာဟာ လက်ရှိတိုင်းပြည်ရဲ့ အဓိက ပြဿနာ ပါ။ အခြေခံလူထုအများကတော့ အဘက်ဘက်က နစ်နာရတဲ့ ဖွတ်ကျောပြာစု ခရုအဆံကျွတ် ဘဝတွေပါပဲ။ ဒီလို ဖြစ်နေတာဟာ ‘စစ်အာဏာရှင် + သူကြွယ် ခရိုနီ’ ပေါင်းခဲ့တဲ့ ခေတ်ဟောင်းဖြစ်ဖြစ်၊ အခု ဒီမိုကရေစီ အမည်ခံတဲ့ စစ်တပိုင်း အစိုးရအသစ် ရဲ့ ‘စစ်အုပ်စု + နိုင်ငံရေးသမား အမည်ခံများ + ပြည်တွင်း/ပြည်ပ အရင်းရှင်ခရိုနီ’ များပေါင်းစားတဲ့ ခေတ်သစ် ဖြစ်ဖြစ် သဘာကတော့ အတူတူပါပဲ။ လူအများ အကောင်းမြင် မျှော်လင့်စောင့်စားနေကြတဲ့ လာမယ့် ၂၀၁၅ နှစ်ကုန် ရွေးကောက်ပွဲ အပြီးမှာ လူထုလူအများ ဒီမိုကရေစီအရသာအမှန်တကယ်မြည်းစမ်းခံစားရဖို့ဆိုရင်တော့ ဒီလို တဖို့တည်းသမားတွေကို တိုက်ထုတ်မယ့် စနစ်သစ်၊ လူသစ်၊ မူဝါဒသစ်တွေ ချမှတ် အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ အဓိက ပျက်ရ၊ ဖျက်ရ၊ တိုက်ရမှာက ‘လူတစုတည်း ကောင်းဖို့ရာ ရောက်မှုအတွက် လူအများစုမှာ ပျက်လင့်ကာ’ ဖြစ်နေတဲ့ အကြောင်းခံသဘောကြီး ဖြစ်ကြောင်းပါ ခင်ဗျား။
ငြိမ်းချမ်းအေး
ဇွန် ၁၈၊ ၂၀၁၅ (စာပြီးရက်စွဲ)
(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၆)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၁၉) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။ ယခု မိုးမခတွင် အွန်လိုင်း ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.comသို့လည်း စာရေးနိုင်ပါသည်။)
Photo Credit: Derek Bacon / Shuttestock / Getty Images @ www.economist.com
↧
မောင်မောင်စိုး - အနိုင် အရှုံးနှင့် ကစားကွက်များ
မောင်မောင်စိုး - အနိုင် အရှုံးနှင့် ကစားကွက်များ
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၅
၂၀၁၅ ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်း ပုဒ်မ ၄၃၆ ပြင်ရေးနှင့် ပတ်သက်ပြီး လုံလောက်သော ထောက်ခံမဲမရသဖြင့် ၄၃၆ ပြင် ဆင်ရေးအဆိုရှုံးနိမ့်သည်ဟု ပြည်ထောင်စုလွှတ်တော်တွင်း ကြေငြာလိုက်သောအခါ စစ်တပ်ကိုယ်စားလည်များ၏ လက်ခုတ် သံများ ဖြင့်ဆူညံသွားသည်။ ကျန်ရွေးကောက်ခံအမတ်များမှာ ငြိမ်သက်နေကြပြီး လက်ခုတ်သံများ ရပ်သွားသည်နှင့် လွှတ်တော် တခုလုံး တိတ်ဆိတ်သွားသည်ဟု သတင်းထောက်တစ်ဦးက မှတ်တမ်းတင်ထားပါသည်။
ရှေးလူကြီးများပြောကြသည့် မရှိတာထက် မသိတာက ပိုခက်သည်ဟု မြန်မာစကားကို ပြေးသတိရမိသည်။
အနိုင်
တကယ်တော့ ၂၀၀၈ ခြေဥပြင်ရေးကို NLD နှင့် ၈၈ ငြိမ်းပွင့် တို့ပူးပေါင်းလှုံ့ဆော်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ ငါးသန်းထောက်ခံ လက်မှတ်ထိုးခဲ့ကြသည်။ ဒေါ်စုက လေးပွင့်ဆိုင်ကိုတောင်းဆို သည်။ တွေ့ဆုံ၍ ညှိနှိုင်းမှု ပြုရန်ဖြစ်သည်။ ဦးသိန်းစိန် တုတ်တုတ် မှမလှုပ်။ ဦးရွှေမန်းက လွှတ်တော်မှ ၆ ပွံင့်ဆိုင်ဖြင့် ဈေးဆစ်သည်။ ဒေါ်စုကလက်ခံခဲ့သော်လည်း ဦးသိန်းစိန်မှ နေ့ရွှေ့ညရွှေ့လုပ်သည်။ မဖြစ်မနေတွေ့ကြသော်လည်း ဘာဖြစ်လို့ တွေ့ကြမှန်း မသိသလို ယောင်ဝါးလုပ်လိုက်သေးသည်။ ဤတွင် လွှတ်တော်တွင်း ခြေဥပြင်ရေး ဖြစ်လာသည်။ သို့သော် NLD တောင်းဆိုသည့်အတိုင်းတော့ဖြစ်မလာ။ လွှတ်တော်တွင် အများစုဖြစ်နေသည့် ကြံ့ဖွံ့၏ ခြေဥပြင်ရေးဖြစ်လာသည်။
သို့သော် ကြံ့ဖွံ့တို့သည် NLD နှင့်ပြည်သူများပြင်ချင်သည့် ပုဒ်မ ၄၃၆ ပုဒ်မ ၅၉ စ တို့ကိုတော့ ပြင်ဘို့ထဲထည့်သည်။ သို့သော်သူတို့ပြင်တာ အပေါ်ယံမျှသာဖြစ်သည်။ NLD လိုချင်သည့်အတိုင်းအတာနှင့် အလှမ်းဝေးသည့်ပြင် မူလ ၂၀၀၈ ခြေဥနှင့် ဘာမှမထူးခြားပေ။ ထို့အတွက် NLD သဘောထားကို သီးခြားမှတ်တမ်းတင်ပြီး ကြံ့ဖွံ့၏ ခြေဥပြင်ရေးကို မဲခွဲကြသည်။ ပုဒ်မ ၆ ခုပြင်ဆင်ရန် မဲခွဲ ကြရာ ပုဒ်မ တခုသာ လိုအပ်သည့်မဲရပြီး ပြင်ဆင်ခွင့်ရသည်။ ကျန်ပုဒ်မ ၅ ခုအဆိုရှုံးနိမ့်သည်။ ပြောရလျင် စစ်တပ်ထွက် ဗိုလ်ချုပ်ဟောင်းများ ၏ကြံ့ဖွံ့ပါတီအရေးနိမ့်ပြီး လက်ရှိ စစ်ဗိုလ် များအနိုင်ရသွားသည်ဟုဆိုရမည်။
အရှုံး
NLD အဖို့ပြောရလျင် မဲမခွဲခင် ကထဲက ရှုံးပြီးသားဖြစ်သည်။ မဲခွဲဘို့ ကြံ့ဖွံ့တို့တင်လိုက်သော အဆိုသည် NLD တို့အလိုကျ မဖြစ်သဖြင့် မည်သည့်ရလဒ် ထွက်ထွက် NLD ၏ ခြေဥပြင်ရေး မအောင်မြင်သေးဟုသာ ဖြစ်သည်။ ပြည်သူတွေပြင်ချင်လျင် ပြင်ရမှာပေါ့ဆိုကာ အပေါ်ယံကြော ပြင်ဘို့လုပ်သော ကြံ့ဖွံ့တို့တော့ မဲရလဒ်အရတော့ ရှုံးသွားသည် ဟုဆိုရမည်။
တကယ့်ရလဒ်
နိင်ငံတကာနှင့် ပြည်တွင်းအမြင်မတော့ ပြုပြင်ပြောင်းလဲရေး ၏ အဓိကအတားအဆီး အဖြစ်၎င်း နဲနဲလေးမှတောင် ပြောင်းလဲ ချင်စိတ်မရှိသူများအဖြစ်၎င်း စစ်တပ်ကိုမြင်သွားတော့သည်။ စစ်တပ်ကိုမြင်သည်ထက် စစ်တပ်ကိုချုပ်ကိုင်ထားသော သမတ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့သည် ပြုပြင်ပြောင်း လဲလိုစိတ်မရှိသူများအဖြစ် မြင်ကြတော့သည်။
ဤနေရာတွင် လွှတ်တော်ထဲရှိ စစ်တပ်ကိုယ်စားလည်များသည် ဒီမိုကရေစ်ီကျ ရွေးကောက်ခံကိုယ်စားလည်များ မဟုတ်ဘဲ ကာချုပ် စေလွှတ်မှုဖြင့်လာထိုင်နေခြင်းဖြစ်သလို ကာချုပ်အမိန့်နာခံပြီး မဲပေ့းနေသည်ကို လူတိုင်းသိကြသည်။ အများ လိုလားမှုမရှိကြ။
ထို့ပြင် ထိုပုဒ်မများပြင်ဆင်မရသည်ဆိုသော်လည်း လွှတ်တော် ကိုယ်စားလှယ် အားလုံးပေါင်း၏ ၆၀% ဝန်းကျင်နှင့် ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံးပေါင်း၏ ၆၉%မှ ၈၃% ထိရခဲ့သည်။ မဲအရလည်း 50% အထက်မှာ အားလုံးရှိသညိ။ ရွေးကောက်ခံ မဟုတ်သော စစ်တပ်ကိုယ်စားလည်များအနေနှင့် ဤသို့သော အခြေအနေအောက် တွင် ဘာမှဂုဏ်ယူစရာမရှိပေ။
၇၅ %အထက်မှ စစ်တပ်ကသဘောတူမှ ဘာလုပ်လုပ် လုပ်လို့ ရမည်ဆိုတာ လက်တွေ့ အကောင်ထည်ဖေါ်ပြခြင်းမျှသာဖြစ်သည်။ ၂၀၀၈ ခြေဥ ဒီမိုကရေစီ မကျသည်ကို ဖေါ်ပြခြင်းမျှသာဖြစ်သည်။
ထိုပြင် နိုင်ငံတကာရော ပြည်တွင်းကပါအာရုံစိုက်ကြည့်နေချိန်တွင် စစ်တပ်ကိုယ်စားလည်များ၏ လက်ခုတ်သံသည် မီးလောင်ရာလေ ပင့်သလိုဖြစ်သည်။ လူကြီးလူကောင်းမဆန်ရာလည်းကျသည်။ သံခင်းတမန်ခင်း နားမလည်ရာလည်းကျသည်။ မယဉ်ကျေးရာ လည်းရောက်သည်။ ဗဟုရော သုတပါ မရှိရာရောက်သည်။ တပည့်တွေမကောင်းတော့ ဆရာ့တွေခေါင်းပိုရောက်တော့သည်။
သိုသော်လည်း ဦးရွှေမန်းနှင့် ကြံ့ဖွံ့ ခေါင်းဆောင်အချို့မှာတော့ ပြင်ဆင်ရေးအဆိုရှုံးသော်လည်း ပြုပြင်ပြောင်းလဲရေးကို လိုလား သူများအဖြစ် ပုံရိပ်ထင်ကျန်ခဲ့သည်။ နဲနဲလေးဖြစ်ဖြစ် အပေါ်ယံ လေးဘဲဖြစ်ဖြစ် ပြောင်းချင်စိတ် တော့ရှိကြသားဟု အသိမှတ်ပြု ခံလိုက်ရသည်။ ဦးရွှေမန်းနှင့်ဦးသိန်းစိန် ရလဒ်ပြောင်းပြန်ထွက် သွားသည်။ လွှတ်တော်နှင့်ကြံ့ဖွံ့ နောက်နေ့တွင် ကြံ့ဖွံ့ နာယက ဦးအောင်သောင်းက ပြည်သူ တွေကခြေဥကိုပြင်ချင်ရင် ပြင်လို့ရပါတယ်ဟုဆိုလိုက်သေးသည်။ ပြင်ရေးကို သူတို့ ကြံ့ဖွံ့လူကြီးပိုင်းက ဆွေးနွေးသဘောတူပြီးသား ပါဟုပင်ဆိုလိုက်သေးသည်။ စစ်တပ်မပါသည်ကတော့ ထပ်ကြိုး စားရမည်ဟု ပြောလိုက်သေးသည်။
တကယ်တော့ ခြောက်ပွင့်ဆိုင်တွင် သမတနှင့်ကာချုပ်တို့ ညှိနှိုင်းသဘောတူမှု ပါမှသာ ခြေဥပြင်၍ရမှန်းသိသော ဦးရွှေမန်း သည် ခြောက်ပွင့်ဆိုင်တွင် သမတမှ လှိုက်လှိုက်လှဲ မရှိသော အခါ ခြောက်ပွင့်ဆိုင်ကိုမစောင့်ဘဲ လွှတ်တော်တွင်း ခြေဥပြင်ရေး ကိုတွန်းလုပ်သည်။ မဲခွဲမည့်နေ့က ပန်ကြားလွှာပင်ထည့်လိုက် သေးသည်။ထိုပြင် မဲခွဲသည့်နေ့ မတက်သူများကို ကန့်ကွက်မဲတွင်း သို့ပင်ထည့်လိုက်သေးသည်။ မဲခွဲသည့် အနိုင်အရှုံးနှင့် ထွက်ပေါ် လာမည့် ရလဒ်ကို ကြိုသိနေသလိုပင်။
ဒေါ်အောင်ဆန်းစုကြည် ထိုနေ့တွင် ဒေါ်စုက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်သူ လူထုကို စိတ်ဓါတ်မကျဘို့ ပြောဆိုပြီး ပြုပြင်ပြောင်းလဲဘို့ နဲနဲလေး တောင် သဘောထားမရှိတာကို ပြစ်တင်ရှုံ့ချလိုက်သည်။ ရွေး ကောက်ပွဲဝင်ဘို့ကို ခြေဥပြင်ရေးနှင့် ချိတ်ဆက်မထားဟုဆိုလိုက် သည်။ ခြောက်ပွင့်ဆိုင်ကိုကိုသိပ်စိတ်ထဲမှာ မထားတော့ဟု ဆို လိုက်သည်။ ပြုပြင်ပြောင်းလဲလိုစိတ်မရှိသူများနှင့် ဆက်လက် မညှိနှိုင်းတော့ဟူသည့် အဓိပ္ပါယ်ရသည်။
အဆုံးသတ်
ရွေးကောက်ပွဲကား သူအစီအစဉ်တိုင်းပုံမှန်ဆိုပါက လေးလခန့် သာလိုတော့သည်။ မြန်မာ့နိုင်ငံရေး အရွေ့များကား စိတ်ဝင်းစား ဘို့ကောင်းလှသည်။
ဒါတောင် သခွတ်ပင်က မီးတကျည်ကျည် များမလာသေး။
ပြည်တွင်း ပြည်ပတွင် ပြုပြင်ပြောင်းလဲရေး၏ အဟန့်အတား အဖြစ် ပုံရိပ်ထင်သွားသော ဦးသိန်းစိန်နှင့် ကိုမင်းအောင်လှိုင်တို့ မည်သို့တန်ပြန်မည်ဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။
ဒေါ်စု ကစိတ်ထဲ သိပ်မထားတော့ဟု ဆိုသော်လည်း ခြောက်ပွင့်ဆိုင် ကားပြီးပြတ်သေးသည်မဟုတ်။ နောက်ဆုံးအဖြေထွက်နိုင်သော နေရာလည်း ဖြစ်နိုင်သေးသည်။ သို့မဟုတ်ရေစုန်လည်းမြောနိုင် သည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ သူတို့အနေနှင့် ဘာလုပ်ရမှန်း ပြတ်ပြတ်သားသားဖြစ်သွားစေခဲ့ပြီဟုဆိုသည်။
↧
ခက်ဦး - အစောင့်မလုံတဲ့နတ်
↧
ကာတွန်း ဇာနည်ဇော်ဝင်း - မောင်ဘသားတွေ လွှတ်တော်တက်နေတယ်
↧
↧
ရသေ့တောင် ကျောင်းတိုက် မှ သံဃာတော်များအား နှင်ထုတ်ခံရခြင်း နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
ရသေ့တောင် ကျောင်းတိုက် မှ သံဃာတော်များအား နှင်ထုတ်ခံရခြင်း နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ - ဇွန် ၂၇ ၂၀၁၅
ရွှေညဝါဆရာတော် ဦးပညာသီဟ |
လက်ရှိကျောင်းထိုင်ဆရာတော် ဦးခေမာစာရ |
ပိုင်ဆိုင်မှု စာချုပ်စာတမ်းများအားပြသနေစဉ် |
ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ၊ထောက်ကြန့်၊မြောက်ပိုင်းရပ်ကွက် ၊ပြည်လမ်း ၊ရသေ့တောင် ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမာစာရ မှအပ ကျန်သံဃာ( ၃၂) ပါးတို့အားကျောင်းတိုက်မှ နိုင်ငံတော် သံဃဝိနိစဆ္ဆယအဖွဲ့အမှတ် ( ၃၈/ ၁၂) အရ ကျောင်းမှ နှင်ထုတ်ခြင်းနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ၂၆-၆-၂၀၁၅ နေ့ နံနက် (၉) နာရီတွင် အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရွှေညဝါဆရာတော် ဦးပညာသီဟ မှ ဦးဆောင်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျောင်းတိုက်သည် မူလဆရာတော် ဦးတိဿသီဟ က စတင်တည်ထောင်ခဲ့ပြီး ၁၉၈၅ ခုနှစ် ဦးတိဿသီဟ ပျံလွန်တော်မူသောအခါ ယခုလက်ရှိ ဆရာတော် ဦးခေမာစာရအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အမှုဖြစ်ရခြင်းအကြောင်းမှာ ဆရာတော် ဦးတိဿသီဟ ပျံလွန်တော်မူပြီးနောက် ရသေ့တောင်ကျောင်းတိုက်ကို ဆရာတော် ဦးတိဿသီဟ မှ ဒေါ်ကျင်မှုံအား ( ၃၁-၁၂-၈၃) ရက်စွဲပါစာချုပ်ဖြင့် ပေးစွန့်ခဲ့သည်ဆိုကာ ဒေါ်ကျင်မှုံ၏ သားဖြစ်သူ တရားပြိုင် ဦးတင်လှိုင်က ၎င်းပိုင်ဆိုင်ကြောင်းတင်ပြပြီး စင်ပြိုင်ဘုန်းကြီးကျောင်းများထားခြင်း၊ ကျောင်းအပ်စာချုပ်များချုပ်ဆိုအပ်နှံခြင်း၊ ကျောင်းတိုက်နေသံဃာတော်များအား စိတ်အနှောင့်အယှက်ပြုခြင်းတို့ကြောင့် ကျောင်းပိုင်ဆိုင်ခွင့် အမှုဖြစ်ပွားရခြင်း ဖြစ်သည်။
ရသေ့တောင်ဘုန်းကြီးကျောင်းတည်ရာမြေသည် အစိမ်းရောင်ချယ်ပြထားသော အခွန်လွတ်သာသနာ့မြေအမျိုးအစားဖြစ်၍ လူပုဂ္ဂိုလ်များအနေဖြင့် ပိုင်ဆိုင်ခွင့်မရှိသလို နေထိုင်ခွင့်လည်း မရှိပါကြောင်း၊ သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှုဌာန၏ မြေပုံရာဇဝင်ကိုလည်းစိစစ်သုံးသပ်ခြင်း မပြုဘဲ ဦးတင်လှိုင် ပိုင်သည်ဟု မဟန က ဆုံးဖြတ်ခဲ့သည်။ ၎င်း အခွန်လွတ်အစိမ်းရောင်ချယ် သာသနာမြေကိုလည်း မူလတိုက်တည်ဆရာတော်ကြီး ဦးတိဿသီဟ ကိုယ်တိုင် ဝယ်ယူ ကျောင်းတိုက်တည်ထောင်ခြင်းဖြစ်၍ ဘုရား၊သိမ်၊ကျောင်း တည်ရှိရာ သာသနာ့မြေဖြစ်ပါသည်။
အများပြည်သူစုပေါင်း လှူဒါန်းထားကြသော ရသေ့တောင် ဘုန်းတော်ကြီးကျောင်း တိုက် ပိုင်ဆိုင်ခွင့် ၊ထိန်းသိမ်းခွင့် အငြင်းပွားမှုခင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဂိုဏ်းပေါင်းစုံ တိုင်းသံဃဝိနစ္ဆယ အဖွဲ့အမှတ် (၈/၁၂) က “ ရသေ့တောင်ကျောင်းတိုက်သည် (တရားပြိုင်၊ လူပုဂ္ဂိုလ် ) ဒကာပိုင် ကျောင်းတိုက်ဖြစ်သည် ” ဟုဆုံးဖြတ်ခဲ့ပြီး နိုင်ငံတော်သံဃဝိနစ္ဆယအဖွဲ့အမှတ် (၃၈/ ၁၂) ကလည်း ယင်းဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း အဓမ္မဆုံးဖြတ်ခဲ့ပြန်ပါသည်။
ရသေ့တောင် ဘုန်းတော်ကြီးကျောင်းတိုက်ကို ပိုင်ဆိုင်ပါသည်ဟု ဆိုသည့် တရားပြိုင် ဦးတင်လှိုင် ကိုယ်တိုင်ကလည်း ဆရာတော်ဦးခေမာစာရ အား (၁၆-၂-၈၆) ရက်စွဲပါ စာချုပ်ဖြင့် တာဝကာလိက အဖြစ် လှူဒါန်းထားသောကြောင့် ရေစက်ချလှူဒါန်းထားပြီး သောအရာကို အလိုလောဘဖြင့် လိမ်ညာကောက်ကျစ်ပြီး ပြန်ယူခြင်း သည်၎င်း ၊ ယခုအခါ သာသနာတော်ပိုင် ဘုန်းတော်ကြီးကျောင်းတိုက်တွင်းမှ သံဃာတော်များကို ခြိမ်းခြောက်နှင်ထုတ်နေကြခြင်းသည်၎င်း ၊ အဂတိလိုက်၍ တဖက်သတ် ဆုံးဖြတ်ခြင်းသည်၎င်း ၊ ဗုဒ္ဓဘာသာတရားတော်များ ၊လောကဥပဒေများ နှင့် ဆန့်ကျင်နေလျက်နှင့် နိုင်ငံတော်သံဃဝိနစ္ဆယအဖွဲ့အမှတ်(၃၈/ ၁၂) ၏ ဆုံးဖြတ်ချက်သည် အဂတိလိုက်စားစွာ လုပ်ဆောင်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နှင်ထုတ်ခံရသော သံဃာတော်များသည် ကျောင်းမှ ၂၈-၆-၂၀၁၅ နေ့ နောက်ဆုံးထားပြီး ထွက်ခွါရမည်ဖြစ်သော်လည်း ဆရာတော်ကြီးအား စွန့်ခွါ၍ ထွက်ခွါသွားမည် မဟုတ်ကြောင်း လည်း ထပ်မံပြောကြားခဲ့သည်။
တကယ်တော့ ငါတို့က နောက်ထပ် သန္တိသုခ လို အဖြစ်မျိုး မဖြစ်အောင် ကြိုတင်ကာကွယ်တာပါ။ နောက် ဒီလို အဖြစ်မျိုးတွေ ကို မဟန က ဘုန်းကြီးတွေ လုပ်တာကို မကြိုက်လို့ ငါကိုယ်တိုင် ဦးဆောင်ပြီး ဒီသတင်းစာရှင်းလင်းပွဲကို လုပ်တာ ဟုလည်း ရွှေညဝါဆရာတော်မှ မိန့်ကြားခဲ့သည်။
↧
ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်
ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်
ရန်နောင်( ဗိုလ်တထောင်) မိုးမခ - ဇွန် ၂၇ ၂၀၁၅
လင်းနိုင်ဦး (အလင်းတန်းဂျာနယ် - အယ်ဒီတာ) |
ကိုစိန္တာ(ကံတရားဇာတ်ရုံ) |
သားသား |
ဆရာအောင်သျှံဝိုင်း မုဒိတာစကားပြောနေစဉ် |
ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် စီစဉ်သူနှင့် သီဆိုသူများ |
ကိုစိန္တာ (ကံတရားဇာတ်ရုံ) စီစဉ်ပြီး Love for Love Music Production မှ မူပိုင်ထုတ်လုပ်သော “ ချစ်ခြင်း ဂီတ နှလုံးသားဝိညာဉ် ” တေးစီးရီး စာနယ်ဇင်း မိတ်ဆက်ရှင်းလင်းပွဲကို ၂၅-၆-၂၀၁၅ နေ့ နေ့လည် (၁) နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ Orchid Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားမှူး အဖြစ် အလင်းတန်းဂျာနယ် အယ်ဒီတာ ဆရာလင်းနိုင်ဦးက ဆောင်ရွက်ခဲ့ပြီး စီစဉ်သူ ကိုစိန္တာ ၊ အဆိုတော် သားသား နှင့် သက်မိုးဆွေ တို့မှ တေးစီးရီး စီစဉ်ဖြစ်ခဲ့ပုံ နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ စာနယ်ဇင်းမီဒီယာများကိုယ်စား ဆရာအောင်သျှံဝိုင်း မှ မုဒိတာစကားပြောကြားပေးခဲ့သည်။
အဆိုပါ တေးစီးရီးတွင် သက်မိုးဆွေ၊ ကာရံ၊ သားသား ၊Heater၊ PK ၊ဖြူဖွေး ၊ဗာစ်ကို တို့မှ သီဆိုထားကြသည်။ အချစ်သီချင်း ချိုချိုလေးများကို ကြိုက်နှစ်သက်သော ပရိတ်သတ်အတွက် ချစ်ခြင်း နှလုံးသား ဂီတ နှလုံးသားဝိညာဉ် တေးစီးရီး ကို မြန်မာတနိုင်ငံလုံးသို့ ၂၆-၆-၂၀၁၅ နေ့မှစ၍ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။
↧
မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၇)
မောင်မောင်စိုး - တရုတ်ပေါ်လစီအရွေ့နှင့် မြန်မာ့ပြည်တွင်းရေး - အပိုင်း (၇)
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၅
(ဆ) တရုတ်၏သဘာဝနှင့် တရုတ်တို့၏ခြေလှမ်းများ
၁။ တရုတ်တို့ပြောင်းတတ်သလော
၁၉၆၆ ယဉ်ကျေးမှုတော်လှန်ရေးကစတင်ကိုင်စွဲခဲ့သော မူဝါဒများအရ တရုတ်ကွန်မြူနစ်များသည် ဗကပတို့အားညီနောင်ပါတီ အဖြစ် သဘောထားခဲ့ပြီး အကူအညီအထောက်အပံ့များ ပေးခဲ့သည်။ ၁၉၇၇ တိန့်ရှောက်ဖိန်ပင်တက်လာပြီးတရုတ်တို့ ပေါ်လစီပြောင်းခဲ့သည်။ ကြောင်ဖြူဖြစ်ဖြစ် ကြောင်မဲဖြစ်ဖြစ် ကြွက်ဖမ်းတတ်ဘို့ဘဲတို့ ချမ်းသာတာမင်္ဂလာပါတို့ ဖြစ်လာသည်။ ဗကပတို့အား အကူအညီ တစ တစ လျော့ချပြီး နောက်ဆုံးရပ်ဆိုင်းခဲ့သည်။
နယ်စပ်တွင် အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံကြရာတွင်လည်း ယခင်ပြောနေကြ နှစ်ပါတီ တပ်မတော်နှစ်ရပ် နှစ်နိုင်ငံပြည် သူတွေမပါတော့ နယ်စပ်ဒေသပြည်သူများ ချစ်ကြည်ရေးဖြစ်သွားသည်။ ညီနောင်ပါတီဟု မသုံးတော့။ လက်တွေ့တွင်လည်း ဤသို့ပင် သဘောထားပြောင်းသည်။ ၁၉၈၉ ကိုးကန့်အာဏာသိမ်းပွဲစတော့ ကိုးကန့်ဒေသ လောက်ကိုင်ဒေသတွင် စသည်။ နယ်စပ်နှင့်ကပ်ရက် တရုတ်တို့သိသည်။ သို့သော် ယခင်သူတို့၏ညီနောင်ဖြစ်ခဲ့ဘူးသော ဗကပတို့အား တခွန်းမှမဟချေ။ အာဏာသိမ်း ကိုးကန့်တို့က သံလွင်မြစ်အနောက်ဖက်ကမ်းကူး၍ မြစ်အနောက်ဖက်ရှိ ဗကပတပ်များကို စည်းရုံးကာ ဗကပ မြောက်ပိုင်းဗျူရိုကို အာဏာသိမ်းရန်လာတော့မှ ဗကပဗဟိုက သိတော့သည်။ တကယ်တော့ကိုးကန့် လောက်ကိုင်မှာ အာဏာသိမ်းပြီးတပတ်ကျော်လောက်မှကိုးကန့်တို့ ဗကပ မြောက်ပိုင်းဗျူရိုကို အာဏာလာသိမ်းခြင်းဖြစ်သည်။ ထိုရက်များအ တွင်း တရုတ်ကွန်မြူနစ်များသိသော်လည်း ဗကပတို့အား အသိပေးခြင်းမပြုခဲ့ချေ။ တရုတ်တို့သည် ယခင် သူတို့၏ညီနောင် ဟုဆိုခဲ့သူများ သူတို့အားပေးကူညီထောက်ပံ့ခဲ့သူများ၏ဇတ်သိမ်းကို လက်ပိုက်၍ စောင့်ကြည့်နေခဲ့သည်။ ထိုမျှမက ထို အပြောင်းလဲကာလအတွင်း ယခင်သူတို့၏ ညီနောင်ဆိုခဲ့သောဗကပများအား ဖမ်းဆီး၍ စစ်အစိုးရအား အပ်နှံရန်ပင် ဝန်မ လေးကြပေ။
တရုတ်တို့အဘို့ အခြေအနေကိုသုံးသပ်၍ ချမှတ်ထားသည့်လမ်းစဉ်ပေါ်လစီအရ ရန်သူ မိတ်ဆွေ ခွဲခြားသတ်မှတ်လုပ် ဆောင်ခြင်းဖြစ်သည်။ သူတို့အတွက် အမြဲတန်းရန်သူ အမြဲတမ်း မိတ်ဆွေမရှိချေ။ ချမှတ်သည့် ပေါ်လစီကို အောင်မြင်အောင် အကောင်ထည်ဖော်ဘို့သာ လိုပေသည်။ ချမှတ်သည့် ပေါ်လစီပြောင်းသည်နှင့် တရုတ်တို့ကောင်းကောင်း ပြောင်းတတ်ကြ သည်။ ဤသို့ပြောင်းလဲလုပ်ဆောင်ရာတွင် ပြောင်မြောက်သည့် တရုတ်များအား အရပ်စကားနှင့်ပြောရလျှင် အလွန်မျက်နှာ ပြောင်သောတရုတ်များဟု ဆိုရပေမည်။
၂။ တရုတ်နှင့်ဗီယက်နမ်
တရုတ်နှင့်ဗီယက်နမ်စစ်ပွဲသည် အရှေ့တောင်အာရှတွင် တရုတ်၏ ကောင်းကောင်းစွက်ဖက်နိုင်စွမ်းရှိသည်ကို ပြသသည့် ပွဲဖြစ်သည်။ သို့သော် တရုတ်တို့သည် ဗီယက်နမ်စစ်ကို မတိုက်မှီအရှေ့တောင်အာရှရှိ နိုင်ငံများ၏ ထောက်ခံမှုကိုရယူခဲ့ သည်။ ထိုစဉ် ဗီယက်နမ်တပ်များသည် ကမ္ဘောဒီးယားကိုဖြတ်၍ ထိုင်းနိုင်ငံနယ်စပ်ကိုရောက်ရှိနေရာ စစ်သွေးကြွ ဗီယက်နမ် စစ်တပ်အန္တရာယ်ကို အရှေ့တောင်အာရှနိုင်ငံများ စိုးရိမ်နေရသည်ဖြစ်ရာ တရုတ်က ဗီယက်နမ်ကို တိုက်မည့်အရေးကို သ ဘောတူ လက်ခံထားကြသည်။ ဒေသတွင်းနိုင်ငံများ သဘောတူထားသည်ဖြစ်၍ အမေရိကန်နှင့် အနောက်အုပ်စုက လက်ပိုက်ကြည့်နေလိုက်သည်။
တရုတ်တို့က ဗီယက်နမ်အား အချိန်အကန့်အသတ် နေရာအကန့်အသတ်ဖြင့် ဝင်ရောက်တိုက်ခိုက်သည်။ စစ်ပွဲ၏ နာမည်ကို ဆုံးမပညာပေးရေးစစ်ပွဲဟု နာမည်တပ်သည်။ တရုတ်တို့အကျအဆုံးများသည်ဆိုသော်လည်း ဗီယက်နမ်တို့ အရေးနိမ့်သည်။ ထိုမှစ၍ ဒေသတွင်း ဗီယက်နမ်စစ်တပ် ထိုးထိုးထောင်ထောင် ကြွစောင်း ကြွစောင်းလုပ်မှု အဆုံးသတ်သွားသည်။
၃။ မြန်မာနှင့် သံခင်းတမန်ခင်း
ဒေသတွင်း နိုင်ငံများနှင့် နီးကပ်ရင်းနှီးသော ဆက်ဆံရေးမရှိပေ။ နယ်စပ်ချင်းဆက်နေသော ထိုင်းနှလည်းကောင်း၊ ဘင်္ဂလားဒက်ရှ်နှင့်လည်းကောင်း ပြေပြေလည်လည်မရှိလှ။ မကြာခဏတင်းမာမှုများရှိသည်။ လောလောဆယ် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ အရေးနှင့်ပတ်သက်ပြီး ASEAN အတွင်းရှိ မွတ်စလင်နိုင်ငံများက မကျေမလည်ဖြစ်နေသည်။ မလေးရှားဝန်ကြီး ချုပ်ဟောင်း မဟာသီယာက မြန်မာအား ASEAN မှထုတ်ပယ်ရန်အထိပင် တောင်းဆိုလာသည်။ ပြဿနာ၏ အမှန် အမှားက ပြဿနာတခု၊ သံတမန်ရေးအကြပ်အတည်းက ပြဿနာတခုဖြစ်သည်။
ယခုနောက်ပိုင်း မြန်မာအစိုးရနှင့်ဆက်ဆံနေသော အမေရိကန်အင်္ဂလန် ဥရောပ ဂျပန် တောင်ကိုရီးယားတို့၏ ဆက်ဆံမှု များသည် မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် အခြေပြုထားသည်။ ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို အလေးထားစောင့် ကြည့်နေသည်။ အရပ်စကားနှင့် ဒေါ်စုမပါလျှင် ဘာမှအလုပ်မဖြစ်နိုင်။
အချို့ သံခင်းတမန်ခင်းဆရာကြီးများအဆိုအရ မြန်မာသည် တရုတ်နှင့်အိန္ဒိယ နိုင်ငံကြီး နှစ်ခုကြားမှာရှိသဖြင့် ပါဝါထိန်းညှိ ရေး ဘာရေး ညာရေး ပြောကြသော်လည်း လက်တွေ့တွင် အိန္ဒိယသည် မြန်မာအပါ အရှေ့တောင်အာရှနိုင်ငံငယ်များ အပေါ် အာရုံမကျ။ သူ၏ အာရုံစိုက်မှုသည် တောင်အာရှနိုင်ငံများအပေါ်၌သာရှိသည်။ ထို့ပြင် အိန္ဒိယသည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်လေရာဖဆပလခေတ်က မြန်မာနှင့်ရင်းနှီးမှုရှိသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ခပ်ခွာခွာနေခဲ့သည်ကို တွေ့ရသည်။ ယေဘုယျအားဖြင့် အိန္ဒိယသည်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်သို့ တိမ်းညွှတ်မှုရှိသည်။
တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်အရေးကြောင့် တရုတ်နှင့် ဒေသတွင်းနိုင်ငံများကြား တင်းမာမှုရှိသည်။ အမေရိကန်ကလည်း သူ၏ လေယာဉ်တင်သင်္ဘော ရော်နယ်ရီဂင်ကိုစေလွှတ်၍ အင်အင်အားဖြည့်ထားသည်။ အမေရိကန်အနေနှင့် ပစိ ဖိတ်ဒေသတွင်း သူအဓိကအင်အားများကို ဖြန့်ကျက်မည်ဟု ကြေငြာပြီးဖြစ်သော်လည်း ယူကရိန်းမှစလိုက်သော အမေရိ ကန် ဥရောပတို့နှင့် ရုရှားတို့၏ ထိပ်တိုက်ရင်ဆိုင်မှုက ရှေ့ရောက်လာရာ ပစီးဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်တို့ မဟာမိတ်ဖွဲ့လာဘွယ်ရှိသည်။ တရုတ်တို့ ရုရှားနှင့်ပေါင်းဘွယ် မရှိချေ။ ထို့ပြင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများတွင် ဖြစ်ပွားနေသော မွတ်စလင်အစွန်းရောက် အကြမ်းဖက်သမားများ ဆန့်ကျင်ရေးစစ်ပွဲအတွက်လည်း တရုတ်သည် အမေရိ ကန်နှင့် ပေါင်းဖို့သာရှိသည်။ ထို့ပြင် တရုတ်နှင့်အမေရိကန်သည် တဖက်က အားပြိုင်နေသလို တဖက်ကလည်း စီးပွားဖက် များဖြစ်ကြသည်။
ဤသို့သော အခြေအနေအောက်တွင် မြန်မာစစ်ခေါင်းဆောင်များဖက်က အနှစ် ၂၀ ကျော်ရပ်ခဲ့သော တရုတ်တို့ ဘက် ပြောင်းမပြောင်းသည် လွန်စွာအရေးကြီးပေသည်။
ဘုရင့်နောင်တို့ အလောင်ဘုရားတို့ ချပ်ဝတ်တန်ဆာဝတ်၍ အယုဒ္ဓယကိုသိမ်းခဲ့တာကွ ကြွေးကြော်နေသူများရှိသည်။ ခါး တောင်းကျိုက်၍ ဝါးရင်းဒုတ်ကို အသားပေးနေသူများတွေ့ရသည်။ သို့သော် မြန်မာဘုရင်များ ကြက်ကလေး ငှက်ကလေးလို အဖမ်းခံရပြီးမြန်မာတွေထီးနန်းပြတ်ခဲ့သော်လည်း ထိုင်းနိုင်ငံတွင် ယနေ့တိုင် ဘုရင်မင်းဆက်ကမပြတ်ပေ။ ဝါးရင်းဒုတ်ဖြင့် မိုက်လုံးကြီးသည်ထက် ကျွမ်းကျင်ပါးနပ်သော သံခင်းတမန်ခင်းက ကိုယ့်ထီး ကိုယ့်နန်းကို ကာကွယ်နိုင်သည်ကိုတွေ့ရပေ မည်။
၎။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးသြဇာ
တိုင်းပြည်တိုင်းတွင် အရည်အချင်းရှိသော ခေါင်းဆောင်ကောင်းများမွေးထုတ်ရန် မခက်ခဲသော်လည်း လူပုဂ္ဂိုလ်အရ သြဇာကြီးမားသော ခေါင်းဆောင်တယောက်ပေါ်ထွက်လာဘို့ မလွယ်ပေ။ ထိုသို့ သြဇာကြီးသော ခေါင်းဆောင်တယောက် သည် အပြောင်းအလဲကြီးတခုကို ဦးဆောင်နိုင်စွမ်းရှိမှန်း တရုတ်တို့ ကောင်းကောင်းသိကြသည်။ ၁၉၆၆ ခုနှစ်တွင်ဖြစ်ပွား သော တရုတ်တပြည်လုံး သိမ့်သိမ့်တုန်၍ ကျွမ်းထိုးမှောက်ခုံဖြစ်သွားခဲ့သော တရုတ်ယဉ်ကျေးမှုတော်လှန်းရေးသည် CPC ဥက္ကဌမော်စီတုန်း၏ လူပုဂ္ဂိုလ်ရေးသြဇာအောက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မော်စီတုန်းကိုယ်တိုင် သူ၏ပုဂ္ဂိုလ်ရေးသြဇာကိုသုံး၍ ယဉ်ကျေးမှုတော်လှန်ရေးအရှိန်ကိုတွန်းတင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပုဂ္ဂိုလ်ရေးသြဇာကြီးမားသည့် နိုင်ငံရေးသမားတယောက်ဖြစ်ကြောင်း ပြည်တွင်းတွင် သာမက ပြည်ပတွင်ပါ သြဇာရှိသူဖြစ်ကြောင်း အပြောင်းအလဲကြီးတခုကို စေ့ဆော်ဦးဆောင်နိုင်လောက်အောင် သြဇာကြီး မားသူဖြစ်ကြောင်း တရုတ်တို့ ကောင်းစွာသိကြသည်။ တရုတ်တို့အနေနှင့် အခြေအနေကိုစောင့်ကြည့်နေသော်လည်း နယ်စပ်ဒေသ စစ်ပွဲဂယက်က တရုတ်တို့ကို တွန်းပို့နေပုံရသည်။
အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည်နီးလာပြီဖြစ်ရာ ထိုရွေးကောက်ပွဲမှာ မြန်မာအပြောင်းအလဲကို သွေးထွက်သံယိုမရှိ ဘဲ ပြောင်းလဲနိုင်သည့် အခွင့်အလမ်းဖြစ်ပေရာ တရုတ်တို့ ခြေလှမ်းသွက်လာပုံရသည်။
၅။ မြန်မာအရေးအတွက် တရုတ်သံတမန် ၃ ဦး
၂၀၁၂ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်းရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ယန်ဟို့လန် ရောက်ရှိလာပြီး နောက် တရုတ်သံအမတ်သစ် ယန်ဟို့လန်သည် ဒေါ်စုနှင့်ရင်းနှီးသောဆက်ဆံရေး စတင်ခဲ့သည်။ သို့သော် ဒေါ်စု ခရီးစဉ်အ တွင်း ယန်ဟို့လန်၏ သက်တမ်းကုန်သွားခဲ့သည်။
ဒေါ်စုခရီးစဉ်အတွင်း ပေါ်ထွက်လာသောသတင်းများအရ တရုတ်အစိုးရနိုင်ငံရေးဝန်ကြီးဌာနမှ ဒေါ်စုအား ဖိတ်ကြားရန် အချိန်မသင့်ဆိုကာ နှောင့်နှေးနေသဖြင့် CPC နိုင်ငံတကာဆက်ဆံရေးဌာနမှ ရှီကျင့်ပင်အမိန့်ဖြင့် တိုက်ရိုက်ဖိတ်ကြားလိုက်ရ သည်ဟု တရုတ်သတင်းများကဆိုသည်။
သတင်းများအရ တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် ရွေးကောက်ပွဲရလဒ်စောင့်ကြည်လိုသည့် သမရိုးကျ စဉ်းစားနည်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ CPC ကမူ တက်ကြွရှေ့ဆောင်သော ပေါ်လစီ ဖော်ဆောင်မည့်ဖက်မှ စဉ်းစားပုံရ သည်။ နောက်အသစ်ခန့်အပ်မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်သစ်သည် ပေါ်လစီအသစ်နှင့် လာဖွယ်ရာရှိသည်။
ဒုတိယ သံတမန်မှာ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလည် ဆွန်ကော့ရှန် Sun Guoxiang ဖြစ်သည်။ သူ့အား နိုင်ငံခြားရေးဝန်ကြီးဌာနကစေလွှတ်သလား CPC နိုင်ငံတကာဆက်ဆံရေးဌာနက စေလွှတ်သလား မသဲကွဲပါ။ ဆွန်ကော့ရှန်သည်တိုင်းရင်းသားလက်နက်အဖွဲ့များ၏ဆွေးနွေးပွဲများ အစိုးရနှင့်တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးပွဲများသို့ ကြားလူအဖြစ် တက်ရောက်ကာ အခြေအနေများကို နားလည်ယူနေသည်ကို တွေ့ရသည်။
တရုတ်မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဌ ကင်ကျိယွင်Geng Zhiyuan ကို တရုတ်တို့၏ တတိယမြောက်သံတမန်အဖြစ် ယူဆရပေမည်။ ကင်ကျိယွင်သည် ယခုနှစ်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအပါ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သူဖြစ်သည်။ အကယ်၍ ဒေါ်စုအား CPC နိုင်ငံတကာဆက်ဆံရေး ဌာနမှ ဖိတ်ကြားသည်ဆိုပါက ကင်ကျိယွင်သည် CPC နိုင်ငံတကာဆက်ဆံရေးဌာန၏ သံတမန် ဖြစ်ဘွယ်ရှိသည်။
ကင်ကျိယွင်သည် မြန်မာပြည်အရေးနှင့်ပတ်သက်ပြီး တိကျသော သဘောထားများပြောလေ့ရှိပါသည်။ ထို့ပြင် သူသည် မော်စီတုန်းခေတ် CPC ဗဟိုကော်မတီ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကင်ပြောင်၏သားဖြစ်ပြီး တရုတ်ထိပ်ပိုင်းခေါင်းဆောင်းအဝန်းအဝိုင်းသို့ပေါက်ရောက်သူ ဖြစ်သည်။ မြန်မာပြည်အရေးနှင့်ပတ်သက်ပြီးကင်ကျိယွင်၏ ပြောကြားချက်များမှာ
- စစ်ပွဲမှ ကျော်ကျသော အမြောက်ဆံ ဗုံးဆံများကြောင့် တရုတ်နိုင်ငံသားများ သေဆုံးဒဏ်ရာရခြင်းများရှိ၍လည်းကောင်း၊ စစ်ဘေးဒုက္ခ သည်များပြေးဝင်လာခြင်းကြောင့်လည်းကောင်း၊ မြန်မာပြည်အရှေ့မြောက်ပိုင်းပဋိပက္ခဟာ တရုတ်ကို ဂယက် ရိုက်မှုကြီးမား။
- တရုတ်အနေနှင် မြန်မာ့အချုပ်အခြာ အာဏာကိုလေးစားပေမဲ့ မြန်မာပြည်တွင်း တိုင်းရင်းသားလူမျိုးများအား စစ်ရေးအရ ဖိနှိပ်နေသည်ကို မတွေ့မြင်လိုကြောင်း။ အရှေ့မြောက် ပဋိပက္ခအား ထိမ်းမနိုင် သိမ်းမရအခြေအနေသို့ ရောက်ရှိမည်ကိုမမြင် တွေ့လိုကြောင်း။
- လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာကောင်းပေမဲ့ကိုးကန့်အဖွဲ့ကို ဆွေးနွေးဘို့ လက်မခံဘူးဆိုရင် ပြဿနာ ဖြေရှင်းဘို့ ခက်ခဲမြဲ ခက်ခဲနေမှာဖြစ်ကြောင်း အဓိက အစိုးရသဘောထားသားသာဖြစ်ပြီး ယခင်ကလည်း အပစ်ရပ်နိုင်ခဲ့လို့ ငြိမ်းချမ်းရေးကာလများရှိခဲ့ကြောင်း။
- ကိုးကန်တွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပေမဲ့ တရုတ် ဟန်လူမျိုးများဖြစ်ကြကြောင်း၊ တရုတ်တွေနဲ့ ဆွေးမျိုးသားချင်းများဖြစ်ကြကြောင်း။ မိမိဆွေမျိုးသားချင်းတွေ အတိုက်ခံနေရတဲ့အချိန်မှာ တရုတ်တို့အနေနှင့် မိမိသားချင်းများအတွက် စိတ် ပူကြောင်း။
- တိုင်းရင်းသားဆွေးနွေးပွဲမှာ အဓိက မပြေလည်တဲ့အချက်က အစိုးရအနေနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား လက် နက်ချခိုင်းခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ချက်ချင်းကြီး လက်ခံရန် ခက်ခဲမည်ဖြစ်ကြောင်း။
စသည်တို့ဖြစ်ပြီး မြန်မာပြည်နှင့်ပတ်သက်သည့် နယ်စပ်တိုင်းရင်းသားအရေးနှင့်ပတ်သက်သည့် တရုတ်တို့၏ သဘောထား ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသည်။
ဆက်လက်ဖေါ်ပြပါမည်။
↧
ကလိုမူး (တေးပြု) - ပြန်တမ်းဝင်
ကလိုမူး (တေးပြု) - ပြန်တမ်းဝင်
(ကိုယ်တွေ့ဝတ္ထုတို) (မိုးမခ) ဇွန် ၂၈၊ ၂၀၁၅
“ဒီနေ့ကဒ်ယူသွားလေ..” ဇနီးဆီက အချိုမြိန်ဆုံးသော စကားလုံးတို့သည် ပျားရည်မြစ်ထဲမှ ကတို့လှေများကဲ့သို့ ရင်ထဲကူးခတ်သွားလာသလို ခံစားမိလိုက်သည်။
ပျံ့လွင့်သော စိတ်အစဉ်ကို ချုပ်ထိန်းကာ သုံးနေကျ မဟုတ်သော အင်္ဂလိပ်စကားဖြင့် "Cheryl.. you say something".. ဇနီးဖြစ်သူက စားပွဲပေါ်က ပိုက်ဆံအိပ်ကိုမေးငေါ့ ပြရင်း"အိပ်ထဲက ဘဏ်ကပ်ယူလိုက်"။
ဇနီးဆီက Confirmation ရလိုက်ချိန် နားထဲတွင် ဇေယျဝတီသကြားစက်ကြီး ပြိုကျလာသလို ခံစားလိုက်ရသည်။ သူမ၏ ချိမြိန်သော စကားသံသည် ကြံသကာရည်ကို သာမက ဆေးသကြားရည်ကိုပါ ဖြတ်သန်းသွားသလို ထပ်မံခံစားရသည်။
မယ်မင်းကြီးမသက်တော်ရာကျော်ရှည်ပါစေ…။
ဘုရားသခင်ကောင်းချီးပေးပါစေ (ခရစ်ယာန်လို)..။
တတ်သမျှ မှတ်သမျှ ဆုတွေ သူမကို ပေးလိုက်ပါသည်။ သူမပေးသော ဘဏ်ကဒ်ကို လှမ်းယူစဉ် အင်္ဂလန် ရာသီဥတုကြောင့် လားမသိ၊ ထိုင်းနိုင်ငံတွင် သက်တော်စောင့် (Bodyguard) အလုပ်ရစဉ် ကိုင်ခဲ့ရသည့် ၉မမ ပစ္စတို သေနတ်လို အေးစက်စက်နိုင်လှသည်။ လေးတာနဲ့ ပေါ့တာပဲကွာမည်။
ကျွှန်တော် ကိုယ်တိုင် စိတ်လှုပ်ရှား၍ ဖြစ်မှာပါ။
"Pin.. နံပတ်သိလား..”။
(အစ္စရေး မော့ဆက်အဖွဲ့ကို အားကျသော ကျွှန်တော် ဤကဒ်နံပါတ်ကို မသိဘဲ နေမလာ..။)
သိသိ မသိသိ ခေါင်းခါလိုက်သည်။ သူမစိတ်ပြောင်းသွားလျှင် ကဒ်ပြန်ယူမှာစိုးရသည်။
သို့သော် အပူရုပ်ကို ဟန်လုပ်၍ ဤကဒ်ကို စိတ်မဝင်စားသလို နေပြလိုက်သည်။
"မှတ်သွား.၊ ၁××××"။
“ကဲ.. ပြန်ရွတ်ပြ..”။
ကျွှန်တော် ကျွှမ်းကျင်စွာ ပြန်ရွှတ်ပြလိုက်သည်။ ဇနီး၏ စိတ်ကျေနပ်သည့် အရိပ်အယောင် တွေ့သည်နှင့် အာဘွားပေး၍ တချိုးထဲ လစ်တော့သည်။ ဘူတာရုံ အသွား လူရှင်းသည်နှင့် အိတ်ကပ်ထဲက ကဒ်ပြားကို ယုယစွာ ထုတ်ကြည့်ပုံမှာ နှစ်ပေါင်းများစွာ ကွဲကွာသော သူငယ်ချင်းဟောင်းကို ပြန်တွေ့ရသလို။ ကဒ်ပေါ်တွင် ကျွှန်တော့် နံမည် အသေအချာပင်၊ ငယ်ငယ်က အဖေပေးသည့် ဗတ္တိဇံ နံမည်၊ ကျောင်းနံမည်၊ အမျိုးသားမှတ်ပုံတင်ထဲက နံမည် ‘စောဗစ်တာကလိုမူး’..။
တချိန်က ဤနံမည်ကြောင့် အတန်းဖော်များ၏ လှောင်ပြောင်ခြင်းကိုခံရသည်။ အေး.. မိုးကောင်းတုံး ရွှာထားပေါ့ကွာ...။ အခုတော့ကိုယ့်ခေတ်ရောက်ပြီ..။ ခေတ်မကောင်းလို့ ရှုးချင်ယောင်ဆောင်နေတာ၊ ဒါတွေထားလိုက်ပါတော့..။
ကဒ်ကလေးပါ ကျွှန်တော့် နံမည်မှာ နိုဘယ်လ်ဆုရှင် အမည်လည်းမဟုတ်ရပါ။ သို့သော် ဇနီးသည်၏ အိတ်ကပ် ထဲမှာ ဆယ်စုနှစ်ကျော် အကျယ်ချုပ် အထိန်းသိမ်းခံခဲ့ရသောကြောင့်ပင်။
(စကားချပ် - နိုဘယ်လ်ဆုရှင်အများစုသည် ထိန်းသိမ်းခံရဖူးသည်။)
ငွေထုတ် စက်ရှေ့ရောက်တော့ အာရုံကို စုစည်းပြီး အသက်ကို ဖြည်းညင်းစွာ ရှုထုတ်မိသည်။ မှား၍မဖြစ်၊ ဘဝရဲ့ အချိုးအဆစ် အပြောင်းအလဲမှာ အမှားခံ၍မရ။
စက်ထဲ ကဒ်ဝင်သွားလျှင် ဘဝပျက်မည်။ မိမိလူပြန်ဖြစ်သည်မှာ မိနစ်ပိုင်းမျှပင်ရှိသေး၊ အရင်ဘဝကို ပြန်မသွားနိုင်။ မိမိဆုံးဖြတ်ပြီးသား၊ ဤကဒ်ကို လွတ်ငြိမ်းချမ်းသာခွင့်ရရန် အပြီးအပိုင် ဆုံးဖြတ်ပြီးသား။ ပြန်မရလျှင် ဥပဒေကြောင်းနှင့်သွားမည်။ နိုင်းဝမ်းဝမ်း ခလုတ်ကို အကြိမ်ကြိမ်ကြည့်မိသည်။
ဟင်း... အသက်ကို ရှုထုတ်လိုက်သည်။ လူနှင့်ကဒ် အတူနေရသော ရွှေခေတ်များကို ပြန်လည်အောက်မေ့လျက် စက်ပေါ်က ခလုတ်တို့ကို စတင်ကိုင်တွယ်သည်။ အရေးထဲ နေရောင်က ငွေထုတ်စက်၏ ဖန်သားပြင်ကို ကျရောက် နေသည်။ အားစိုက်ကြည့်ကာ ဘဝတွင် သမိုင်းတွင်မည့် ကြိုးပမ်းမှုတခုကို အောင်မြင်စွာ ဖြတ်သန်းခဲ့သည်။ အဖြစ်အပျက်တို့က မြန်ဆန်လွန်းသည်။ လက်ထဲတွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံးငွေကြေး ‘စတာလင်ပေါင်’ အချို့ နတ်ရေကန်ထဲ ရေဆင်းချိုးပြီးသည့် အလား../
ဤအောင်မြင်မှုသည် နေ့ချင်းညချင်း ရခဲ့သည် မဟုတ်။ ဇနီးသည်၏ ယုံကြည်မှု ရအောင် အနစ်နာခံ ပေးဆပ် တည်ဆောက်ခဲ့ရသည်။ (အမလေး.. နိုင်ငံတည်ထောင်တာကျနေတာပဲ။)
ရထားစီးရင်း ဒီဇိုင်နာ ကြော်ငြာတွေကို ဟန်ပါပါကြည့်နေမိသည်။ ရုပ်ကိုက တဈေးလုံးကို ဝယ်မည့်ရုပ်။ သို့သော် ဈေးမသွားဖြစ် အလုပ်ဝင်ရဦးမည်။ အလုပ်ရောက်တော့ သပ်ယပ် သေသပ်စွာဝပ်ဆင်ထားသည့် လုံခြုရေးက မိမိကိုမနှုတ်ဆက်။
ဒေါသထောင်းခနဲ..။ မိမိ ဤအဖြစ်မျိုးဖြစ်လေ့မရှိ၊ ဧကန္တ သူကြီး သေနတ်ထဲမှာကျည်အပြည့်ရှိလို့ ဖြစ်ပါလိမ့်မည်။
ဪ ငွေ ငွေ ယခင်က သေနတ်သာရှိသည်၊ ကျည်မရှိ။ တနည်းဆိုသော် အာဏာသာရှိ၊ ငွေမရှိ၊ ကံဆိုးချင်တော့ ဆရာသမားက အင်္ဂလိပ် ဖြစ်နေသည်။ မိမိဇာတိသွေးဇာတိမာန်တို့ တဖွားဖွားပေါ်လာသည်။ အမိ မြန်မာနိုင်ငံကိုကျွန်ပြုအုပ်ချုပ်ပုံကို တရေးရေး မြင်လာသည်။ တဆက်တည်းပင် ဘုံဘေဘားမား၊ စတီးဘရားသား၊ ဘီအိုစီ... အားပါးပါး ငါတို့နိုင်ငံက မတရားခေါင်းပုံဖြတ် သွေးစုပ်သွားခဲ့ပါလား။
ဆရာဗိုလ်ကလေးတင့်အောင်၏ ပြဇာတ်ထဲကလို အကယ်ဒမီ ညွှန့်ဝင်း၏ ကြွေးကြော်သံအတိုင်း “သူ့ကျွန်မခံပြီ.... သူ့ကျွန်မခံပြီ..”။
ကဲ အလှည့်ကျ မနွဲ့စတမ်း၊ လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံးလ စိုက်၊ ဗ.. ဗလ အင်အားပြ၊ အချိန်နှင့်ဒီရေသည်လူကိုမစောင့်..။ ဘာမသိ ဘာမဆိုင် ပထမတန်းဖတ်စာက အကြောင်းအရာများသည် အစီအရီဝင်ရောက်လာသည်။
တကယ်တော့ မိမိသည် ဤဌာန၏ ပြန်တမ်းဝင် အရာရှိတယောက်။ သင်း.. ဒါကိုသိလျက်နှင့် ဖုန်းပြောနေသည်။ လောလောဆယ် ကိုယ်ရွှေ အင်္ဂလိပ် ပြစ်မှုနှစ်ခုကျူးလွန်နေပြီ။ တခုက အထက်အရာရှိကို မလေးစားမှု၊ နံနက်တိုင်း နှုတ်ဆက်လေ့ရှိသော အင်္ဂလိပ် ထုံးတမ်းစဉ်လာကို ဖောက်ဖျက်မှု။ ထိုပြစ်မှုနှစ်ခုထဲနှင့် ပြဿနာ ရှာရန် လုံလောက်ပြီ။ မချေမငံပြန်ပြောလျှင် Human Resource ကိုတိုင်မည်။ ဟိုက အရေးမယူလျှင် "လူတန်းစားခွဲခြားမှုပုဒ်မ"နဲ့ တရားစွဲမည်။ လူ့အခွင့်အရေး ရှေ့နေဦးရောဘတ်စန်းအောင်လို ပုဒ်မ တသီကြီးနဲ့အလုပ်ရှုပ်သွားသည်။
ဪ.. ခဏခဏ ပြဿနာရှာတာတော့ ဟုတ်ပါပြီ..။ ဘယ်လို စ ရှာရပါ့မလဲ..။ မိမိ အင်္ဂလိပ်စာ အခြေအနေ မိမိသာ သိသည်။ အလုပ်ဖြစ်အောင်တော့ ပြောတတ်သည်။ အမှုအခင်း ဖြစ်ရန်လောက်တော့ မိမိအင်္ဂလိပ်စာကို မကျွမ်းကျင်။ ဒီအချိန်ကျမှ ဇနီးဖြစ်သူကို ဖုန်းဆက်လှမ်းမေးရင် ကိုယ့်ရှုးကိုယ်ပတ်မည်။ ပြဿနာ ပြန်ရှာခံရတာ ကိုယ်ကိုယ်တိုင် ပြန်ဖြစ်မည်။ ခေါင်းထဲတွင် ပြဿနာ ရှာရန် စာကြောင်းရလိုက်ပြီ။ ကျိန်းသေအောင် စိတ်ထဲတွင် ပြန်ရေရွတ်မိသည်။
You Are Rude!
ဟုတ်ပြီ.. ကျိန်းသေပြီ..။
(စာဖတ်သူများခင်ဗျာ.. ဤအဖြစ်အပျက်သည် စာအရ ရှည်လျားသောလည်း တကယ်တမ်း စက္ကန့်ပိုင်းအတွင်းမှာပင် ဖြစ်ပါသည်၊ သိပ္ပံပညာရှင်များ၏ အဆိုအရ လူ့စိတ်သည် အလင်းတန်းကဲ့သို့ပင် မြန်ဆန်သည်။)
ကဲ.. မိမိ ပြဿနာရှာရန် မောင်းတင်လိုက်ပြီ..၊ ကျည်ဆန်လည်းရှိပြီ (အသပြာ)၊ ကျည်မီးကူးရန် ယမ်းအား (You are rude စကားလုံး) လည်း အဆင်သင့်ဖြစ်ပြီ..။ ဘာလိုဦးမည်နည်း..။
ထိုအခိုက် အဖိုးဖြစ်သူကို ရုတ်ခြည်း သတိရလိုက်သည်။ ပြောရန် စကားများ တွန့်သွားသည်။ တကယ်တော့ အဖိုးဖြစ်သူ စောပန်းတုတ်မှာလည်း မိမိလို အင်္ဂလိပ်ဗြူရိုကရေစီ ယန္တရား၏ ပြန်တမ်းဝင်အရာရှိတဦးပင်။ အင်္ဂလိပ်ခေတ်ဟောင်းနှင့် ခေတ်သစ်သာကွာသည်။ သိပ်တော့မကွာ နှစ်ပေါင်း ၁၀၀ လောက်။
ကိုလိုနီခေတ် ဂျပ်ဆင်ကောလိပ်ဘွဲ့ရ စောပန်းတုတ်သည် မြို့ပိုင် တယောက် ဖြစ်ခဲ့သည်။ သူနှင့်ကျောင်းအတူပြီးသော ကရင်လူမျိုးများမှာ ဒေါက်တာချစ်မောင်၊ ဦးပေါ်သစ်တို့ဖြစ်သည်။ မြို့ပိုင်လေး စောပန်းတုတ်သည် ညောင်ဦးမြို့တွင် တာဝန်ကျခိုက် ရှေ့နေကြီး၏သမီး ကျွန်တော့်အဖွား ညောင်ဦးသူ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင်ကျသည်။ ဒေါ်ကြည်ကြည်၏မောင်နှမများမှာ ယခင် ရုပ်ရှင်ကောင်စီ ဥက္ကဌ ဒါရိုက်တာ ဦးချင်းစိန်(ရွှေညာမောင်)၊ တော်လှန်ရေးကောင်စီခေတ် ပ.လ.က က ဗိုလ်မှုးထင်ပေါ်၊ ဒေါ်တင်တင်၊ ဒေါ်မမလေး၊ အခြားသူများမှာ ကျွန်တော်မမှတ်မိတော့။
ဆော်ရီးဗျာ..။ ကျွန်တော်သမိုင်းဘက် နွယ်သွားတယ်။ (သမိုင်းဘက်လည်း နွယ်မှာပေါ့၊ အင်းစိန်မှာနေခဲ့တာကိုး။)
ပြန်ဆက်မယ်နော်..။ ယခင် အင်္ဂလိပ်ခေတ်အရာရှိများမှာ သေနတ် တရားဝင်ကိုင်ခွင့်ရ၏။ တကယ့်သေနတ်၊ ကျွန်တော့်လို ပါးစပ်သေနတ်မဟုတ်။
တနေ့ ညောင်ဦးမြို့ပိုင် ဦးပန်းတုတ် တပည့်တပန်းများနှင့် အမဲလိုက်ခိုက် တပည့် တယောက်ကို သားကောင်နှင့် လူမှားပစ်မိရာ ထိုသူမှာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားသည်။ ဘာသာရေးအလွန်ကိုင်း ရှိုင်းသော ဦးပန်းတုတ်မှာ အလွန်ယူကျုံးမရဖြစ်ပြီး မိမိ အလွန်နှစ်သက်သော အင်္ဂလိပ် ပြန်တမ်းဝင်အရာရှိ ဘဝကို စွန့်လွတ်ကာ ခရစ်ယန် သာသနာ့ဘောင် ထဲသို့ဝင်ကာ တောင်ငူ ပကူးကျောင်းအုပ်/နှစ်ခြင်း သင်းအုပ်ဆရာဘဝဖြင့် သေသည်အထိ အရိုးထုတ်သွားသည်။ (ထိုအဖြစ်မှန်ကို၂၀၁၃ခုနှစ် ဆန်ဖရန်စ္စကို
ရောက်မှ ရှေ့မီနောက်မီ ဦးနပိုလီယံကွေး ပြောပြ၍ သိရသည်။ မိဘများကမပြောပြ။ ဦးနပိုအား ဤစာစုကနေ ကျေးဇူးတင်အပ်ပါသည်။)
အဖိုး အကြောင်းပြန်စဉ်းစားခိုက် ပစ်အံ့ဆဲဆဲ မိမိပါးစပ်သေနတ်က ကျည်တို့သည် ‘အ’ ကုန်၏။ အဖိုးကဲ့သို့ မှားပစ်မိရင် ဒုက္ခ။ တောင်တွေးမြောက်တွေး အတွေးတွေ ထပ်ကုန်သည်။ အလုပ်ချိန်မှာ ဖုန်းပြောသူ အင်္ဂလိပ်မှာ ခေသူမဟုတ်နိုင်။ နယူးယောက်ဌာနချုပ်နှင့် အလုပ်အကြောင်း ဖုန်းပြောတာလည်း ဖြစ်နိုင်သည်။
လွန်ခဲ့သည့် နှစ်က အလုပ်က ဟော်တယ်ပိုင်ရှင် ကာတာစော်ဘွားရှိတ်နှင့် ဒီလုံခြုံရေး အင်္ဂလိပ် တရင်းတနှီး ဖက်လဲတကင်း စကားပြောတာ ပြန်အမှတ်ရလာသည်။ မှားပြီ၊ မိမိမုဆိုးဘဝကနေ သားကောင် ပြန်ဖြစ်သလို ခံစားမိလိုက်သည်။
အလိုလို ဇော်ချွေးများပင် ပြန်လာသည်။ သားကောင် မှားပစ်တော့မလို့။ ခက်တာက မိမိ၏ သိက္ခာ၊ အပြင် ပန်းအနေဖြင့် ကြည့်လျှင် သူက လုံခြုံရေး၊ ကိုယ်က ဒီဟော်တယ်၏ ဌာနတခုမှာ ဒုတိယ အရေးပါဆုံး ပုဂ္ဂိုလ်။ ဒီက ဝန်ထမ်းတိုင်း သိသည်။ တွေ့ရင် နှုတ်ဆက်သည်။ မိမိကို မသိနိုင်စရာ အကြာင်းမရှိ။ မိမိ၏ ကြော်ငြာ ပိုစတာက ဟော်တယ်မျက်နှာစာမှာ တကမ္ဘာလုံးကိုကြည့် ပြုံးပြနေတယ်။
ဒီတိုက်ပွဲက မိမိ၏ သိက္ခာ ထိန်းသိမ်းပွဲ၊ အခန့်မသင့်လျှင် အလုပ်ပါ ပြုတ်နိုင်သည်။ စက်ထဲကဒ်ဝင်သွားတာက ရှင်း၍ ရသည်။ အလုပ်မရှိတော့ဘူးဆိုလျှင် အတွေးကဝင်လာတော့.. ပညာဆုံးခန်း မရောက်သေးသည့် သမီးလေးမျက်နှာ၊ နာမကျန်း ဖြစ်နေတဲ့ မိခင်ကြီးရဲ့မျက်နှာ၊ လခထုတ်တိုင်း ဟင်းကောင်း ချက်ကျွေးတတ်သည့် ယောက္ခမမျက်နှာ။
တဖက်မှာလည်း တချိန်တုန်းက အောင်မြင်ခဲ့သည့် တေးရေးဆရာတယောက်၏ အနုပညာမာန။ လန်ဒန်ရွှေမြို့တော်ကြီး၏ ပျိုတိုင်း ကြိုက်သည့် စာဖိုမှုးဘဝ။ (မည်သည့် အပျိုမှ မိမိကိုမကြိုက်ပါ၊ တင်စားခြင်းသာ။)၊ နှစ်ဖက်မိဘပိုင် ခြံမြေများ စသည့် အတွေးများလွန်ဆွဲလို့နေသည်။
မိမိ ဆယ်ကျော်သက် အရွယ်မဟုတ်တော့၊ ပိုးဖလံမျိုးမို့ မီးကိုတိုး ပြောလျှင် ပြောပါစေတော့။ မိမိ ပါးစပ် သေနတ်ကို ထိုလုံခြုံရေး ရင်ဝနှလုံးသားကို ပစ်ချလိုက်သည်။ စစ်မရောက်ခင်က မြားကုန်ချင်နေသော မိမိ၏ စကားလုံး ကျည်ဆံသည် လိုရင်းကိုမရောက်။
“Hello...” တဖက်က လုံခြုံရေး ပြူးပြူးပြာပြာ ဖြစ်သွားသည်။ သူ၏မျက်နှာသည် တမုဟုတ်ချင်း ပြောင်းသွားသည်။ စစ်၏ သဘော သဘာဝအရ ထိုးစစ်ကို ပီပြင်အောင် မတိုက်နိုင်လျှင် တန်ပြန်ထိုးစစ်သည် ကြောက်စရာကောင်းလှသည်။ တနည်းဆိုသော် ကျားနာကို မှန်အောင် မပစ်နိုင်လျှင် ကျားနာ၏ ခုန်အုပ်ခြင်းကိုခံရမည်။
ထိုအချိန်တွင် မဆီမဆိုင် ဘဏ်ကပ်ပေးလိုက်သော ဇနီးကို အပြစ်တင်မိသည်။ ဒီဘဏ်ကဒ် ကြောင့် မကိုင်ဖူးသည့် ငွေတွေကိုင်၊ ပုန်းကွယ်နေသည့် မာနတွေ သွေးနားထင်ရောက်၊ အခုတော့မဖြစ် သင့်တာတွေ ဖြစ်တော့မည်။ မိမိ မျက်စေ့တွေ ဝေဝါးလာသည်။
သို့ပေမဲ့ တဖက်က မမျှော်လင့်သော တုန့်ပြန်သံကြောင့် ဝေဝါးသော မျက်လုံးများ ကြည်လင်လာသည်။
Good Morning, CHEF! (မင်္ဂလာနံနက်ခင်းပါ.. စာဖိုမှုး)..။
ပြုံးရွှင်နှစ်လိုဖွယ် မျက်နှာဖြင့် လုံခြုံရေး၏ တုံ့ပြန်သံ၊ မိမိက အပြုံးရဲ့ရဲ့ဖြင့် လက်ပြ အသိအမှတ်ပြုလိုက်သည်။ တိုက်ပွဲတခု ပြီးသွားပြီ။ သေချာတာက မိမိထိုတိုက်ပွဲကို မနိုင်ချင်တော့ စက္ကန့်ပိုင်းအတွင်း လူရော စိတ်ရော ပင်ပန်းလှပြီ။
တဆက်တည်း ဓာတ်လှေကားပေါ် တက်ပြီး သက်ပြင်းအရှည်ကြီး တခုကို ချရင်း ဆုံးဖြတ်ချက်တခုကို ပီပြင်စွာချလိုက်သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
နောက်တနေ့နံနက်
နေရာ.... လန်ဒန်ဆင်ခြေဖုံး
အချိန်.... ဂရင်းနစ်စံတော်ချိန် ၇:၄၅
အိပ်မောကျနေသော ဇနီးသည်ကို တလှည့်၊ လက်ထဲက ဘဏ်ကဒ်ကို တလှည့်ကြည့်ရင်း အတန်ကြာ ငေးငိုင်နေသည်။ စိတ်ထဲမှာတော့ နယူးယောက်စတော့ဈေးကွက်၊ ခေတ်မီ ဖက်ရှင်ပြကွက်များ၊ ငယ်ငယ်က ရိုဒီးရှား အသားအရောင် တိုက်ဖျက်ရေး ဆန့်ကျင်ပွဲ၊ ဗီယမ်နမ်စစ်ပွဲ၊ လူ့အခွင့်အရေးကြေညာာစာတမ်း… …။
“အလုပ်သွားတော့မလား..” ။
ဇနီးသည်၏ အသံကြောင့် အတွေး ကမ္ဘာထဲက ရုတ်ခြည်း လန့်နိုးလာသည်။ တချက်ပြုံးပြရင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်သော တိုင်းရင်းသား ခေါင်းဆောင်တို့၏ မျက်နှာဖြင့် “ကဒ်.. စားပွဲပေါ်တင်ထားခဲ့တယ်.."။
ဇနီးသည်၏ အပြုံးကို မကြည့်ဘဲနှင့် သိနိုင်သည်။ သူမအပြုံးက "တပ်မတော်၏ သဘောထား အမှန်ကို ထင်ဟပ်သော ဗိုလ်ချုပ်မှူးကြီးလို အောင်နိုင်သူအပြုံး.."။
ကလိုမူး (တေးပြု)
↧
↧
ကာတွန်း မောင်မောင်ဖောင်တိန် - သမိုင်းဘီး ပြန်လည်ဆန်းသစ်
↧
မျိုးမြတ်လွင် - ကိုယ်ပိုင်ဗားရှင်း (မြန်မာ့နည်း မြန်မာ့ဟန်တဲ့လား)
မျိုးမြတ်လွင် - ကိုယ်ပိုင်ဗားရှင်း (မြန်မာ့နည်း မြန်မာ့ဟန်တဲ့လား)
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၅
ဒီမိုကရေစီ အစစ်တွေကို
ဒီမိုကရေစီ ဘိုးအေကြီးတွေ
စုပ်ယူစားသောက်လိုက်တော့..
ဒီဘက်ခေတ်မှာ
ဒီမိုကရေစီ အတုတွေပဲ
အသုံးများလာတယ်။
ကိုယ်နားလည်သလို ရေရွတ်ရင်း
ကိုယ် ကိုယ်တိုင်က
ဘောင်တွေထဲ ကမ္ဘာလား
ကမ္ဘာတွေထဲက ဘောင်လား
မကွဲပြားသေးဘူး။
ဒီလို အပြိုင်ဈေးကွက်မှာ
ဒီစကားလုံး လေးလုံးက
လာဘ်ခေါ် ဂါထာလေး တပုဒ်ပေါ့
ဟောဒီက ဒီမိုကရေစီ ဆိုပြီး ဈေးခေါ်နေတာ။
ဒို့များဆီမှာတော့
ဖိုးခွားလေး အီးပါသလိုမျိုး
မျက်နှာစာကို လုံအောင်ခြုံပြီး
တင်ပါးနှစ်ချပ်ကတော့
ပြောင်ပြောင်ရောင်ရောင်လေး
တင်းရင်းနေလေရော့..။
မျိုမြတ်လွင်
↧
ဇွန် ၂၇၊ ၂၀၁၅ ၊ သခင်ဗဟိန်း (၁၉ ၁၇ - ၁၉ ၄၆) - ၉၈ နှစ်ပြည့်တဲ့ အမှတ်တရနေ့
ဇွန် ၂၇၊ ၂၀၁၅ ၊ သခင်ဗဟိန်း (၁၉ ၁၇ - ၁၉ ၄၆) - ၉၈ နှစ်ပြည့်တဲ့ အမှတ်တရနေ့
သခင်ဗဟိန်း (၁၉၁၇-၁၉၄၆) - Thakhin Ba Hein (1917 - 1946)
(မောင်ဇေယျာရေး မြန်မာလူကျော် ၁၀၀ စာအုပ်မှ ကူးယူဖော်ပြပါသည်)
သခင် ဗဟိန်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူ သခင် ဗဟိန်းကို ၁၉၁၇ ခုနှစ်၊ ဇွန် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အင်းဝမြို့၊ ကိုင်းတန်းရပ်၌ အဖပွဲစားကြီး ဦးမှင်၊ အမိဒေါ်ဦးတို့မှ မွေးဖွားခဲ့သည်။ မူလတန်းကို အင်းဝတွင် သင်ကြားခဲ့ပြီး အလယ်တန်း၊ အထက်တန်းကို မန္တလေးတွင် သင်ကြားခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာ၊ အင်္ဂလိပ်၊ ရာဇဝင် သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ၁၉၃၅-၃၇ တွင် မန္တလေး ဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေ အထက်တန်းကို ပါဠိဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၇-၃၈ တွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာသင်ခဲ့သည်။
၁၉၃၈-၃၉ ခုနှစ် ဘီအေ အထက်တန်း တက်နေစဉ် ရေနံမြေသပိတ် ပေါ်ပေါက်လာသဖြင့် နိုင်ငံရေးလောကသို့ အချိန်ပြည့် ကူးပြောင်း ရောက်ရှိခဲ့သည်။
သခင် ဗဟိန်း ရုပ်ရည်အားဖြင့် နုနယ်သိမ်မွေ့ကာ၊ စာပေ၊ ဂီတ၊ အနုပညာ နှစ်သက်လိုက်စားသော်လည်း ယုံကြည်ချက် ခိုင်မာပြင်းထန်ပြီး အများက ချစ်ခင်လေးစားခံရသူ ဖြစ်သည်။ အထက်တန်းကျောင်းသား ဘဝကပင် မျိုးချစ်စိတ်ထက်သန်သူ ဖြစ်သည်။ မန္တလေးတွင် ပါတော်မူနေ့ အထိမ်းအမှတ် ဆီမီးထွန်းညှိ လှုံ့ဆော်ခဲ့သည်။
၁၉၃၅-၃၆ ခုနှစ်၊ မန္တလေး ဥပစာကောလိပ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့သည်။ ၁၉၃၇ မေ ၉ ရက်နှင့် ၁ဝ ရက် တွင် ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ညီလာခံကို မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်း၌ ဦးစီးကျင်းပခဲ့ရာ ထိုညီလာခံမှစ၍ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၏ ခေါင်းဆောင်မှုစွမ်းရည် ထင်ရှားလာခဲ့သည်။ ၁၉၃၇-၃၈ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)၏ အလုပ်အမှုဆောင် ဖြစ်လာသည်။ ဗကသမှ ထုတ်ဝေသည့် မျိုးညွန့် မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ၁၉၃၈-၃၉ တွင် တကသ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ် တကသနှင့် ဗကသနှစ်ခုလုံး၏ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဆန်းမှာ တို့ဗမာအစည်းအရုံးသို့ ရောက်သွားသဖြင့် ဒုဥက္ကဋ္ဌ ကိုလှရွှေ ကိုယ်စား ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
၁၉၃၈၊ နိုဝင်ဘာ ၃ဝတွင် ရေနံမြေ အလုပ်သမားသပိတ်တပ်ကြီး ရန်ကုန်သို့ ချီတက်လာရာ၊ မကွေးမှ ဆက်လက်ချီတက်ရန် အခက်အခဲများ ကြုံတွေ့နေရသဖြင့် တို့ဗမာအစည်းအရုံး ဌာနချုပ်နှင့် ကျောင်းသား သမဂ္ဂခေါင်းဆောင်များ အစီအစဉ်အရ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ မကွေးသို့ သွားရောက်သည်။ ၁၉၃၈၊ ဒီဇင်ဘာ ၁၂ ရက်တွင် မကွေးမြို့ မဲထီးကျောင်းတိုက်တွင် ပြုလုပ်သော ရေနံမြေ အလုပ်သမားများ တရားပွဲတွင် သခင်စိုး၊ သခင်ထိန်ဝင်း တို့နှင့်အတူ တက်ရောက် တရားဟောသည်။
ထိုတရားပွဲတွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်း ကြုံးဝါးခဲ့သော““မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်ရမယ်””ဟူသော စကားမှာ နိုင်ငံအနှံ့ လွင့်ပျံသွား၍ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ကျောချမ်းစေကာ အလုပ်သမား ကျောင်းသား ပြည်သူအားလုံးကို အားတက်စေခဲ့သည်။ ထိုတရားပွဲအပြီးတွင် သခင်စိုး၊ သခင်ထိန်ဝင်း၊ ကိုဗဆွေတို့နှင့်အတူ အဖမ်းခံရပြီး ထောင်ဒဏ် ၃ လအချခံရကာ အင်းစိန်ထောင်သို့ ချက်ချင်း အပို့ခံရသည်။
ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ဖမ်းဆီးခံရမှုကြောင့် ဒုဥက္ကဋ္ဌ ကိုလှရွှေနှင့် သမဂ္ဂ ခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ၁၉၃၈ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့ရသည်။ ဒီဇင်ဘာ ၁၅ ရက် တွင် ပုဒ်မ ၁၄၄ ကိုဆန့်ကျင်၍ သမဂ္ဂဦးဆောင်မှုဖြင့် ကျောင်းသားများ ရန်ကုန်မြို့အတွင်း လှည့်လည် ဆန္ဒပြကာ ချုပ်ချယ်သည့် ဥပဒေများ ပယ်ဖျက်ရေး၊ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ကို အမြန်လွှတ်ပေးရေး တောင်းဆိုကြသည်။ မရသဖြင့် ဒီဇင်ဘာ ၂ဝ ရက်တွင် အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒပြရာ၊ ကိုလိုနီပုလိပ်တို့ လက်ချက်ဖြင့် သမဂ္ဂခေါင်းဆောင် ဂျပ်ဆင်ကောလိပ် ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရ သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ကိုအောင်ကျော် ဈာပနအခမ်းအနား ကျင်းပရာ ဥက္ကဋ္ဌ ကိုဗဟိန်းက အင်းစိန်ထောင် အတွင်းမှနေ၍ ကို အောင်ကျော်ကို ချီးကျူးဂုဏ်ပြုလွှာ ရေးပို့ခဲ့သည်။
အင်းစိန်ထောင်အတွင်း အကျဉ်းကျနေစဉ် ဓနရှင်လောက ၁၉၃၉၊ ကျောင်းသားအရေးတော်ပုံ ၁၉၃၉ နှင့် ကမ္ဘာစစ် နှင့် ဗမာ့နောင်ရေး ၁၉၃၉ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ သခင်လှဖေ (ဗိုလ်လက်ျာ)၏ ကမ္ဘာ့နိုင်ငံရေး မြေပုံ ၁၉၃၉ ကို တည်းဖြတ်ပေးခဲ့သည်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊ ဝတ္ထုဆောင်းပါးများကို ဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ စာရေး ကောင်းသူ အနုပညာအားကောင်း သူအဖြစ် သတ်မှတ်ခံရသူဖြစ်ကာ ဒဂုန်တာရာ၏ မေ ၁၉၄ဝ ဝတ္ထုပါ၊ ကိုဗဟိန်း၏ အမှာသည် မြန်မာစာ ပေလောကတွင် ထင်ရှားသည်။
အင်းစိန်ထောင်မှ လွတ်ပြီး နောက်တွင် ဘီအေစာမေးပွဲ ဆက်မဖြေတော့ဘဲ၊ နိုင်ငံရေးလောကသို့ အချိန်ပြည့် ဝင်ရောက်ခဲ့သည်။ ၁၉၃၉ သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိ ကိုဗဟိန်း အိမ်တွင် သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်စိုး၊ ရဲဘော်နတ် (ဂ) တို့နှင့်အတူ မြေအောက်ကွန်မြူနစ် ပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။
၁၉၃၉ အောက်တိုဘာ ၁ တွင် ဗမာ့ထွက်ရပ်ဂိုဏ်း ဖွဲ့စည်းနိုင်ရေး အတွက် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သည်။
၁၉၄ဝ-၄၁ တွင် မြန်မာ့အလင်း သတင်းစာ ဘာသာပြန် အယ်ဒီတာအဖြစ် ဆောင်ရွက်၍ တစ်ဖက်တွင် နိုင်ငံရေးလုပ်ခဲ့သည်။ ၁၉၄ဝ တွင် ဆရာအတတ်သင် ကျောင်းသူ မခင်ကြီးနှင့် လက်ထပ်ပြီး နှစ်ဦးစလုံး ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်သည်။
၁၉၄ဝ မတ် ၁၂ တွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်အရ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့်၊ သခင်ခင်အောင်၊ သခင်အုန်းဖေ (ဝါးခယ်မ)တို့နှင့်အတူ အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံသို့ တက်ရောက်ခဲ့သည်။
၁၉၄၁ မတ် ၁ဝ ရက်တွင် ပဲခူးမြို့၌ ကျင်းပသော ပဉ္စမမြောက် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံး ဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit)၏ ဝါဒပြန့်ပွားရေး တာဝန်ခံအဖြစ် တာဝန်ပေးခံရ သည်။ ထိုတာဝန်အရ အရေးတော် ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင် များကို ကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။ လျှို့ဝှက်တာဝန် ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊ မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ မန္တလေး ထောင်တွင် သခင်စိုး၊ သခင်ကျော်စိန်၊ သခင်မြသွင်၊ သခင်နုတို့နှင့် အတူ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများ ဆွေးနွေးပြီး သခင်နုနှင့်အတူ ပြည်တွင်းမှ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ယူခဲ့သည်။
၁၉၄၂-၄၅ တွင် နိုင်ငံခြားရေးဝန်ကြီး သခင်နု၏ ဒုတိယ အတွင်းဝန်အဖြစ် ဆောင်ရွက်၍ သခင်သန်းထွန်းနှင့်အတူ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်ငန်းတာဝန်များ ယူခဲ့သည်။ ၁၉၄၄ စက်တင်ဘာတွင် သခင် ဗဟိန်းတို့ ဇနီးမောင်နှံသည် ကိုထွန်းလှိုင် မသန်းမြင့်ဟူသော အမည်ဖြင့် ဖက်ဆစ်တော်လှန်ရေးအတွက် ဖြူးမြို့နယ်သို့ ထွက်ခဲ့ပြီး ဖြူးမြို့နယ်ကို အခြေစိုက်၍ ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးရေး၊ ကရင်-ဗမာချစ်ကြည်ရေး၊ စစ်ရေး၊ သဘောတရားရေး သင်တန်းများ ပို့ချခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင် တောင်ငူခရိုင်ပြောက်ကျား စစ်တာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။
ဖက်ဆစ်တော်လှန်ရေးပြီး နောက်တွင် ကွန်မြူနစ်ပါတီဗဟို ကော်မတီဝင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ)ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်များကြောင့် ကျန်းမာရေးချို့တဲ့လာသော်လည်း အနားမယူဘဲ၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေ ဆောင်ရွက်ခဲ့သည်။
၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ် ၇ ရက် အထိ ကျင်းပသော ကွန်မြူနစ်ပါတီ အစည်းအဝေး၌ သဘာပတိအဖြစ် ဖြင့် ပါတီတွင်း ဂိုဏ်းခွဲမှုကျူးလွန် သည့် သခင်စိုး၏ တပည့်ရင်း ၇ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့သည်။
၁၉၄၆ မတ် ၁ဝ ရက်တွင် သခင်စိုး ဦးဆောင်သော ကွန်မြူနစ်ပါတီ ဗမာပြည်(အလံနီပါတီ)သည် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။
သခင်ဗဟိန်းမှာ သခင်သန်းထွန်း၊ သခင် သိန်းဖေတို့နှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အဖြစ် ကျန်ရစ်သည်။ ပါတီကွဲပြီးနောက် သခင်ဗဟိန်း၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ဆိုးဝါးလာသဖြင့် ပါတီမှ ခွင့်တောင်း၍ မန္တလေးရှိ မိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ၁၉၄၆ နိုဝင်ဘာ ၂ ရက်၌ ဖဆပလ အဖွဲ့ချုပ်က ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်သည့် သတင်း ကြားသိခဲ့ရာ အလွန်အမင်း စိတ်ထိခိုက် သွားခဲ့သည်။ ၁၉၄၆ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့တွင် မန္တလေး ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။
(ရည်ညွှန်း ဗမာလူကျော် ၁၀၀၊ မော်ငဇေယျာ)
ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ ခေတ်ပြိုင်စာပေ မိတ်ဆွေများ ပြခန်း နဲ့ အွန်လိုင်းစာမျက်နှာကနေ ကူးယူပါတယ်
http://colorfulpeople.moemaka.net
↧