နေ၀န်းနီ (မန္တလေး) - ဘုရားသခင်ကို ကျွန်တော်အားလုံးပြောပြမယ်
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅
ခေါင်းလောင်းသံတွေတိတ်သွားတဲ့
စာသင်ကျောင်းလေးအကြောင်း
အမဲရောင်ကျောက်သင်ပုန်းပေါ်
အနီရောင်သွေးကွက်တွေစွန်းနေတဲ့အကြောင်း
အမေပျောက်လို့ရှာနေတဲ့
ကလေးငယ်တစ်ယောက်အကြောင်း
သေနတ်ပစ်သံထက်
ငိုသံတွေက ပိုကျယ်နေကြောင်း
နောက်စံတင်းပြီးစားနေရတဲ့
ထမင်းတစ်လုပ်အကြောင်း
ဘုရားသခင်ကို ကျွန်တော်အားလုံးပြောပြမယ်
အရေးကြီးတာတစ်ခုက
တကမ္ဘာလုံးစစ်ပွဲတွေရပ်ပေးဖို့
ဘုရားသခင်ကို ကျွန်တော်ပြောပြမယ်။
{အသက် ၃ နှစ်အရွယ် စစ်ဘေးသင့် ကွယ်လွန်သွားသော ဆီးရီးယန်းကလေးငယ်သို့}
ချစ်ခြင်းအားဖြင့်
နေ၀န်းနီ (မန္တလေး)
သြဂတ်စ် ၂၀၊ ၂၀၁၅
(မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၅
ခေါင်းလောင်းသံတွေတိတ်သွားတဲ့
စာသင်ကျောင်းလေးအကြောင်း
အမဲရောင်ကျောက်သင်ပုန်းပေါ်
အနီရောင်သွေးကွက်တွေစွန်းနေတဲ့အကြောင်း
အမေပျောက်လို့ရှာနေတဲ့
ကလေးငယ်တစ်ယောက်အကြောင်း
သေနတ်ပစ်သံထက်
ငိုသံတွေက ပိုကျယ်နေကြောင်း
နောက်စံတင်းပြီးစားနေရတဲ့
ထမင်းတစ်လုပ်အကြောင်း
ဘုရားသခင်ကို ကျွန်တော်အားလုံးပြောပြမယ်
အရေးကြီးတာတစ်ခုက
တကမ္ဘာလုံးစစ်ပွဲတွေရပ်ပေးဖို့
ဘုရားသခင်ကို ကျွန်တော်ပြောပြမယ်။
{အသက် ၃ နှစ်အရွယ် စစ်ဘေးသင့် ကွယ်လွန်သွားသော ဆီးရီးယန်းကလေးငယ်သို့}
ချစ်ခြင်းအားဖြင့်
နေ၀န်းနီ (မန္တလေး)
သြဂတ်စ် ၂၀၊ ၂၀၁၅