Quantcast
Channel: MoeMaKa Burmese News
Viewing all articles
Browse latest Browse all 9633

ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြော သံလျင်မြို့တွင်ပြုလုပ်

$
0
0

ဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောသံလျင်မြို့တွင်ပြုလုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၂၂ရက်၊ ၂၀၁၅ခုနှစ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၂၁ရက် နေ့လည် ၃နာရီတွင်ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် ကျိုက်ဒေးယုံစေတီရင်ပြင်ကွင်း(သို့မဟုတ်) အာဇာနည် ကွင်း နေရာတွင်ပြုလုပ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦးမှလည်း နှုတ်ခွန်း ဆက်အမှာစကားပြောကြားပေးခဲ့သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ ရွေးကောက်ပွဲအတွက် ပညာပေး ရာတွင် ဒီမိုကရေစီ၏အခွင့်အရေးများကိုခံစားချင်သူများသည် ကိုယ့်တာဝန် ကိုယ် ကျေပွန်ရ မည်ဖြစ်ပြီး၊ မကျေပွန်လျှင် အခွင့်အရေးများဆုံးရှုံးသွားနိုင်ကြောင်း၊ စည်းရုံးရေးခရီစဉ်များတွင်လည်း ပြည်သူအတွက် အလုပ်မလုပ်သော ပါတီကိုမဲပေးမိလျှင် မဲများဆုံးရှုံးနစ်နာနိုင်ကြောင်း၊ အရွေးချယ်ခံသောကိုယ်စား လှယ်လောင်းများသည် ပြည်သူက အာဏာပေးခြင်းမဟုတ် တာဝန်ပေးခြင်းသာဖြစ်ကြောင်းပြောသည်။


         

 ဆက်လက်၍ “ကိုယ့်ကိုယ်မျက်နှာမူမယ့်အစိုးရမျိုး၊ ကိုယ့်ကိုတန်ဖိုးထားမယ့်အစိုးရမျိုး၊ ကိုယ့်ရဲ့အင်အားကို လေးစားရကောင်းမှန်းသိတဲ့ အစိုးရမျိုးကိုရွေးချယ်ဖို့လိုပါတယ်” ဟု ပြောသည်။
နိုင်ငံရေးလုပ်နည်းလုပ်ဟန်များကိုနားမလည်သလို ဒီမိုကရေစီစံနှုန်းများကို လေးစားမှုအားနည်းခြင်း များသည် အဖွဲ့ချုပ်တွင်ချို့ယွင်းချက်များရှိကြောင်း၊ ၄င်းချို့ယွင်းချက်များနှင့် လိုအပ်ချက်များကို ပြည်သူများထံ တွင် သင်ယူသွားမည်ဖြစ်ကြောင်း၊ NLD သည် အရင်အစိုးရများနှင့် မတူအောင် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်သဖြင့် မဲပေး၍စမ်းသပ်နိုင်ကြောင်း၊ သုံးသပ်နိုင်ကြောင်း၊ ဝေ ဖန်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ဆော်အောသတိပေးခဲ့သည်။


 ဆက်လက်၍ “နိုင်ငံကြီးတစ်ခုလုံးအနေနဲ့ပြောင်းလဲဖို့ ကျမတို့ရွေးကောက်ပွဲအတွက် ဆောင် ပုဒ်ကြွေးကြော်သံကလည်း ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲဖို့ဘာလိုလဲဆိုတော့ ခပ်တိုတိုပြောရရင် စနစ်ကိုကျမတို့ပြောင်းရမယ်၊ အစိုးရကိုကျမတို့ပြောင်းရမယ်”  ဟု ပြောသည်။



ဟောပြောပွဲနောက်ဆုံးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ (၇)ယောက်၏သိ လိုသော မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ဟောပြောပွဲသို့တက်ရောက် လာသော ပြည်သူလူ ထုသည် ထောင်ကျော်ရှိသည်။ ဟောပြောပွဲအပြီး ညနေ ၅နာရီတွင် ဒေါ်အောင်ဆန်းစုကြည်မှ NLD ကိုယ်စားလှယ်လောင်းများနှင့် ဆွေးနွေးရန် မြမြင့်မိုရ် ဟိုတယ်သို့ ဆက်လက်သွားခဲ့သည်။

Viewing all articles
Browse latest Browse all 9633

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...