Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၃

$
0
0


မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၁၃
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆
သေဆုံးခြင်း
မိမိတို့အုတ်ဖိုသို့ပြောင်းလာပြီး မကြာခင်မှာ မိခင်ဘက်ကအဘွားကို အိမ်မှာခေါ်ထားသည်။ အဘွားနံမည်က ဒေါ်သန်းစိန်ဟုခေါ်သည်။ နားနည်းနည်းလေးသည်။ အဘွားက ဖြူဖြူ သေးသေးလေး ဖြစ်သည်။ အဘွားက မိမိတို့နှင့် လိုက်ပြောင်းနေမည်ဟုဆုံးဖြတ်တော့ သာကေတကအိမ်ကို ရောင်းခဲ့သည်။ ပေ ၂၀ပေ ၆၀ မြေပေါ်တွင်ဆောက်ထားသော ခြေတန်ရှည် တထပ်သစ်သား အိမ်လေးကိုရောင်းရာ ၂၀၀၀ ကျပ်ရသည်ဟုဆိုသည်။ ၁၉၇၀/ ၇၁ ခန့်က ဖြစ် သည်။ ထိုစဉ်ကရွှေဈေးမှာ တကျပ်သား ၂၀၀ ဟုဆိုပါသည်။ ခုတော့ ဒဏ္ဏာရီလေး ဖြစ်သွားချေပြီ။

မိမိတို့နှင့်လာနေပြီး များမကြာမီ ၁၉၇၂ နှစ်ဆန်းတွင် အဘွားဆုံးသည်။ တမနက် အိမ်သားများ အိပ်ရာထ၍ အဖွါးအားသွားနှိုးသောအခါ အသက်မရှိရှာတော့။ သေဆုံးခြင်းကို မိမိနီးကပ်စွာ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ညက သမီးများနှင့်စကားပြောပြီး အိပ်ရာဝင်သွားသောအဘွားသည် အိပ်နေရင်းနှင့်ပင် ငြင်သာစွာ အသက်ထွက်သွားပုံရသည်။ ရိုးသားစွာပြောရလျှင် အဘွားဆုံးသွား၍ မိမိတို့မြေးများ သိပ်စိတ်ခိုက် ခြင်း မရှိလှပါ။ ထို့ကြောင့်ပင် ရှေးလူကြီးများက အဘိုးအဘွားသေလျှင် မြေးပျော်သည်ဟု ဆိုကြပုံ ရသည်။

သို့သော် အနီးကပ်တွေ့လိုက်ရသော သေခြင်းတရားသည် မိမိအား တုန်လှုပ်မှုတော့ဖြစ်စေသည်။ သို့သော်နောင်သေခြင်းများစွာကြုံတွေ့ရသော ညင်သာစွာ ဝေဒနာမခံစားရဘဲ အသက်ထွက် သွားသော သေခြင်းမျိုးကား အသေကောင်းပေစွ စဉ်းစားမိသည်။

အောင်စာရင်း
၁၉၇၂ နှစ်လည်ခန့်ကထင်သည်။ ဆယ်တန်းအောင်စာရင်းထွက်သည်။ မိမိရော သူငယ်ချင်းဖြစ်သူ မောင်မောင်ကြည်ရော နှစ်ယောက်စလုံးထိပ်ဆုံးမှအောင်ကြသည်။ အောင်ပုံချင်းတော့ မတူခဲ့ပေ။ ထိုစဉ်က ဆယ်တန်းအောင်စာရင်းကို "က"အဆင့် A list နှင့် "ခ"အဆင့် B list ဟူ၍ နှစ်မျိုး ခွဲထုတ်သည်။ ထို ၂ ခုတွင်မပါမှ ကျသည်ဟုသတ်မှတ်သည်။ "ခ"အဆင့်မှအောင်သူများကို ဒီပလိုမာကျောင်းများ တက်ခွင့်ပြုသည်။ ခုံနံပါတ် ၂ နှင့် ဖြေဆိုသူ မောင်မောင်ကြည်က "က "အဆင့်အောင်စာရင်းမှာ ထိပ်ဆုံးကပါပြီး ခုံနံပါတ် ၇ နှင့်ဖြေဆိုသူ မိမိက "ခ"အဆင့် အောင်စာရင်း မှာ ထိပ်ဆုံးက ဖြစ်သည်။ မိမိမှတ်မှတ်ရ မပျော်နိုင်သည့်နေ့ ဖြစ်သွားသည်။ စိတ်ပျက်လက်ပျက်ဖြစ်နေသော မိမိကြောင့် "က"အဆင့်ဖြင့်အောင်၍ တက္ကသိုလ်တက်နိုင်
သည့် မိမိသူငယ်ချင်း မောင်မောင်ကြည်ပင် စိတ်လွတ်လက်လွတ်မပျော်နိုင်ဖြစ်သွားခဲ့သည်။

ဆယ်တန်းဘီနှင့်ပါ၍ အိမ်က သိပ်မဆူသော်လည်း အိမ်၌သိပ်မျက်နှာကောင်းမရတော့။ အပြင်စာဖတ်တာကို အနည်းငယ်ကန့်သတ်လာသည်။ သို့နှင့် ဆယ်တန်း နောက်တနှစ်ပြန်တက်ရသည်။ မိမိတို့အတန်းကိုဆယ်တန်း နှစ်ကျတန်းဟု ခေါ်ကြသည်။ တတန်းလုံးအကျ သို့မဟုတ် ဘီနဲ့အောင်ခဲ့သူများသာဖြစ်သည်။ ထိုစဉ်ကအောင်ချက်သည် ၁၀ % သာသာ သာရှိသည်။ ယခုလည်း သိပ်မကွာလှသေးပေ။ ထိုနှစ်က မိမိသာ ဘီနှင့်ပါသော်လည်း နိုင်ငံအဓိပတိ ဗိုလ်နေဝင်း၏သမီး ကြေးမုံဝင်းနှင့် ပညာရေးဝန်ကြီးဒေါက်တာလှဟန်သား ထူးဟန်တို့ ၆ ဘာသာ ဂုဏ်ထူးနှင့်အောင်ကြသည်။ အဖေများလည်းတော် သားသမီးများလည်း တော် တော်လွန်း လှပေစွဟု ဆိုရမည်။  ထိုသူ ၂ ဦးလည်း မြန်မာပြည်၏ အစောဆုံး ၆ ဘာသာဂုဏ်ထူးရှင်များအဖြစ် မှတ်တမ်းဝင် ပေ လိမ့်မည်။

မည်သို့ဖြစ်စေ ဆယ်တန်းတွင် တနှစ်ထိုင်လိုက်ရတော့ ဆယ်တန်းအောင်ချင်စိတ် ပေါ်လာသည်။ မိမိသူငယ်ချင်းများနည်းတူ တက္ကသိုလ်တက်ချင်စိတ် ပေါ်လာသည်။ မခံချင်စိတ်ပေါ်လာသည်ဟုဆိုရမည်။ ထို့ပြင် မိမိကျောင်းပိတ်ရက်ကာလတွင် ရန်ကုန်တက္ကသိုလ် ရောက်သွားသောသူငယ်ချင်းများထံသွားလယ်ရင်း သူတို့၏အဆောင်နေကျောင်းသားဘဝကို အားကျသည်။ ခန့်ညားထယ်ဝါသော ကျောင်းဆောင်ကြီးများတွင် တယောက်ခန်း နှစ်ယောက်ခန်း များတွင် လွတ်လပ်ပေါ့ပါးစွာနေရသောသူငယ်ချင်းများ၊ ထမင်းစားဆောင်တွင် ဇွန်းနှင့်ခက်ရင်းနှင့် ဟန်ပါစားနေသော သူငယ်ချင်းများ၊ အထက်တန်းကျောင်းသားဘဝလို စာအုပ်တထပ်ကြီးပါသော လွယ်အိတ်ကြီးလွယ်စရာမလိုဘဲ King Note ခေါ် သားရေဖုန်းမှတ်စုစာအုပ်ပါးလေးတအုပ်ကိုင်၍ အတန်းတက်နေသောသူငယ်ချင်းများ၊ ကျောင်းစိမ်းနှင့်အဖြူဝတ်စရာမလိုဘဲ မိမိနှစ်သက်ရာ ရောင်စုံ ဝတ်တက်၍ ရသောသူငယ်ချင်းများတို့၏ တက္ကသိုလ်ကျောင်းသားဘဝကား အားကျဖွယ် ဖြစ်တော့သည်။

သိ့သော် ပုသိမ်ကောလိပ်ကိုတော့ မိမိသဘောမတွေ့လှပေ။ မိမိသူငယ်ချင်း မောင်မောင်ကြည်ထံ သွားလည်တော့ အဆောင်မလောက်င၍ သူတို့ ပထမနှစ်ကျောင်းသားများမှာ တိုးချဲ့ဆောင်တွင် နေရသည်ကို တွေ့ရသည်။ ကန်သုံးဆင့်ကွင်းပြင်တွင် ထရံကာ သွပ်မိုးအဆောင်များနှင့် ဖြစ်သည်။ အဆောင်တွင်၌ ၂ ထပ် ခုတ်လေးများနှင့် တခန်းကို ၆ ယောက်လား ၈ ယောက်လား နေရသည်ထင်သည်။ ထိုထရံကာ သွပ်မိုးအဆောင်လေးများ ကိုသူရတို့ သုတတို့ဟု အဆောင်နံမည်ပေးထားကာ သံဆူးကြိုး ဝင်းထရံခတ်ထားသည်။ မိမိကြည့်ဖူးသည့် ဒုတိယကမ္ဘာစစ်ရုပ်ရှင်များထဲမှ နာဇီ စစ်သုံ့ပန်း စခန်းများနှင့် တူလှသည်ဟုထင်မိသည်။

ထိုစဉ်က အုတ်ဖိုကျောင်းက အောင်သူများ ရိုးရိုးမေဂျာ ဝါ အဓိကဘာသာတွဲဖြင့် တက္ကသိုလ် တက်ရက ပုသိမ်ကောာလိပ်သို့ တက်ကြရသည်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ရမှ ရန်ကုန်တွင်တက္ကသိုလ်တက်ခွင့်ရပေသည်။ ခန်းနားထည်ဝါ စည်ကားလှသော ရန်ကုန်ရှိ တက္ကသိုလ်တွင် ကျောင်းတက်ချင်သောမိမိသည်လည်း အနည်းငယ်ကြိုးပမ်းအားထုတ်ဖို့လိုနေသည်ဟု ကိုယ့်ကိုကိုယ် သတိပေးမိသည်။ သို့ဖြစ်ရာ ဆရာဝန်ဖြစ်ရန် အင်ဂျင်နီယာဖြစ်ရန် ဟူသော ရည်မှန်းချက်မျိုးမရှိဘဲ ရန်ကုန်တွင် တက္ကသိုလ်တက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ဆယ်တန်း ဒုတိယနှစ်တွင် စာဘက် ပြန်အာရုံစိုက်ခဲ့မိတော့သည်။

သို့အတွက် ဝတ္ထု၊ မဂ္ဂဇင်းများ၊ ကဗျာများ၊ နိုင်ငံရေးစာအုပ်များကို ဖတ်ခြင်းများ သိသိသာသာ လျှော့ချလိုက်ပြီး ကျောင်းစာဘက် အာရုံစိုက်ရသည်။ ထိုစဉ်ကတည်းက ပညာရေးမှာ အလွတ်ကျက် ပညာရေးဟုသာ ဆိုရမည်။ သင်္ချာမှလွဲလျှင် အကုန်အလွတ်ကျက်ရတော့သည်။ ကျောင်းကဆရာဆရာမများ ရှင်းလင်းထား၍ နားလည်က ပို၍ ကျက်ရမှတ်ရလွယ်သည်။ သင်္ချာကတော့ ကျက်မရ၍ တွက်ရသည်။ ထပ်ခါထပ်ခါ တွက်ရသည်။ ကျောင်းကပေးသောပုစ္ဆာများရော အပြင်ကပုစ္ဆာများပါ ရှာတွက်ရသည်။ အချိန်တော့ အတော်ပေးလိုက်ရသည်။ တခုတော့ ရှိသည်။ အလွတ်ကျက်ထားသောစာများသည် စာမေးပွဲပြီး၍ နောက်နေ့မှစကာ ခေါင်းထဲ၌ မရှိတော့ချေ ။

ယခုအခါ စာတစောင်ပေတပုဒ်ကို ဖွဲ့နွဲ့ရေးနေသော ထိုစဉ်ကကျောင်းစာအပြင် အပြင်ဝတ္ထုစာအုပ် ပေါင်းစုံဖတ်နေသော မိမိသည် စာစီစာကုံးတပုဒ်ကို မိမိဘာသာ မရေးတတ်ပါ။ စာစီစာကုံးအတော်များများ အလွတ်ကျက်ပြီး ပေးထားသည့် မေးခွန်းနှင့်ကိုက်အောင် ဟိုကတပိုဒ် ဒီကတပိုဒ် ဆီလျော်အောင်အတင်းလိုက်ပေါင်း၍ ရေးနေရသည်။သို့သော် ထိုစဉ်က "ငါလိုလူစား အများကြီးဟေ့"ဟုဆိုရပါမည်။ သို့နှင့် တတွတ်တွတ်စာအော်ကျက်၍ ဆယ်တန်း ဒုတိယနှစ်ကို ကျော်ဖြတ်ရပါတော့သည်။

တကယ်တော့ ကျောင်းသားတယောက်သည် စာမေးပွဲဖြေပြီးသည်နှင့် ကိုယ်ဖြေနိုင် မဖြေနိုင် အောင်မလား ကျမလားဆိုသည်ကို သိကြသည်ဟုဆိုရမည်။ တကယ်တော့ ပထမအကြိမ် ဆယ်တန်းစာမေးပွဲကို အင်္ဂလိပ်စာဖြေပြီးကထဲက လွတ်လွတ်ကျွတ်ကျွတ် မအောင်နိုင်မှန်း သိပါသည်။ သို့သော် အောင်စာရင်းထွက်တော့ အောင်များအောင်မလား သက်ညှာစွာစဉ်းစားပေး ခံရမလားဟု မျှော်လင့်မိခြင်းသာ ဖြစ်သည်။

နောက်တကြိမ်မှာတော့ ကောင်းစွာဖြေနိုင်သည်။ မိမိကိုယ်မိမိအောင်မည်ဆိုသည်ကိုစိတ်ချ ယုံကြည်သည်။ ဂုဏ်ထူးထွက်မည့်ဘာသာကိုလည်း တွက်၍ရသည်။ သို့သော် ဆယ်တန်း နောက်ဆုံးဘာသာဖြစ်သည့် ဇီဝဗေဒဖြေရသည့်နေ့ကတော့ သိပ်မကောင်းပါ။ စာမေးပွဲခန်းကထွက်လာတော့ ဇီဝဗေဒသင်သည့်ဆရာ ဦးတင်သိန်းက "ဟေ့ကောင်ဘယ်လိုလဲ အခြေအနေ "ဟုမေးသောအခါ "ဂုဏ်ထူးတော့မထွက်နိုင်တော့ဆရာရေ Zoo ( သတ္တဗေဒ)
တခုပဲဖြေနိုင်တယ် Botany ( ရုက္ခဗေဒ )မရဘူးဟုဆိုလိုက်ရာ "မင်းကွာ"ဟုဟူ၍ ဆရာ ဦးတင်သိန်း အတော်စိတ်ပျက်သွားပုံရသည်။

ထိုစဉ်က ကျောင်းမှဆရာများက အတန်းထဲက ဂုဏ်ထူးထွက်နိုင်သူများ မှန်းထားပြီးဖြစ်ကဲ့သို့ သူတို့သင်သည့်သင်သည့်ဘာသာ ဂုဏ်ထူးထွက်စေချင်ကြသည်။ ဆရာဦးတင်သိန်းသည် အုတ်ဖိုသားမဟုတ်။ ရန်ကုန်မှ လာသင်နေသောဆရာဖြစ်သည်။ ထိုစဉ်က အသက် ၃၀ ပင် မပြည့်တတ်သေး။ ကျောင်းသားများနှင့် ရင်းရင်းနှီးနှီးနေတတ်သည်။ အသင်အပြလည်းကောင်းသည်။ သို့သော် အလွတ်ကျက်သော မိမိက စာမေးပွဲနောက်ဆုံးနေက ကျက်စာများပြီး ဟုန်သွားသည်။ ရုက္ခဗေဒကို မှတ်မရတော့။ သတ္တဗေဒတခုသာမှတ်မိတော့ရာ ရုက္ခဗေဒကို ဖြီးဖြန်း ဖြေဆိုခဲ့ရတော့သည်။ နားလည်အောင်မမှတ်ဘဲ အလွတ်ကျက်ခဲ့သည့်ဒဏ်ဟုဆိုရမည်။

သို့နှင့် ဆယ်တန်း ဒုတိယနှစ်စာမေးပွဲကိုအောင်မြင်စွာ ကျော်လွှားခဲ့သည်ဟုဆိုရပါမည်။

အလွတ်မကျက်သူ

မိမိဆယ်တန်းနှစ်က အတန်းဖော်သူငယ်ချင်းတယောက် ရှိသည်။ သူနံမည်က ကိုတင်ဦးဟု ခေါ်သည်။ မိမိထက် ၂ နှစ် ၃ နှစ်ခန့်ကြီးနိုင်သည်။ အိန္ဒိယနွယ်ဖွားတယောက်ဖြစ်ပြီး ဘာလူမျိုးဘာဘာသာဆိုသည်ကို သတိမပြုမိခဲ့ပါ။ သပ်သပ်ရပ်ရပ်ဝတ်စားတတ်ပြီး အေးအေးဆေးဆေးနေတတ်သည့် ကျောင်းသားတဦးဖြစ်သည်။ သူသည် အခြားဘာသာများတွင် သိပ်မထူးချွန်သော်လည်း အင်္ဂလိပ်စာတော်သူတဦး ဖြစ်သည်။

မိမိခေတ်က အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်မှာ Six tales from Shakespear ရှိတ်စပီးယား၏ ပုံပြင် ၆ ပုဒ်နှင့် Seven Inventors တည်ထွင်သူ ၇ ဦးတို့ ဖြစ်သည်။ မိမိတို့ကျန်ကျောင်းသားများ အင်္ဂလိပ်စာနှင့်ပတ်ပြီး မေးခွန်းတို မေးခွန်းရှည် ကွက်လပ်ဖြည့်ခြင်းနှင့် အက်ဆေးစသည့်တို့ကို အလွတ်ကျက်နေချိန်တွင် ကိုတင်ဦးက အလွတ်ကျက်ခြင်း မရှိပေ။ ထိုပြဋ္ဌာန်းစာအုပ်များကို ဝတ္ထု ဖတ်သလိုဖတ်ပြီး နားလည်မှတ်မိအောင် လုပ်နိုင်သည်။ စာမေးပွဲမေးခွန်းများအားလည်း သူ နားလည်မှတ်မိသည်အပေါ်မှ ပြန်လည်ဖြေဆိုလေ့ရှိသည်။

ဤသည်မှာ သင်ကြားဖြေဆိုမှု ပုံစံမှန်ဟုဆိုရမည်။ သင်ကြားလိုက်သော ဘာသာရပ်ကို ကျောင်းသားများ မည်မျှနားလည်သနည်းကို စစ်ဆေးသည်ကို စာမေးပွဲဟုခေါ်ဆိုရပေမည်။ ယခုတော့ သင်ကြားလိုက်သည့်စာများကို နားလည်အောင်လုပ်ပေးဖို့ လုပ်ကြဖို့ မစဉ်းစားဘဲ အလွတ်ကျက်ကြသည်။ စာမေးပွဲသည် ကျောင်းသားတို့အတွက် မည်မျှနားလည်သဘောပေါက်သည်ကို စစ်ဆေးခြင်း မဟုတ်တော့။ အမှတ်မည်မျှ များများရသည်ကို ရလဒ်အဖြစ် ရယူကြသည်ပွဲ ဖြစ်သွားသည်။

ဤသည်မှ ရေရှည်ဘဝအာမခံချက် အလုပ်အကိုင်နှင့် သက်ဆိုင်သွားပုံရသည်။ ကျောင်းသားတို့ရည်မှန်းချက်မှာ ဆရာဝန်နှင့်အင်ဂျင်နီယာ ဖြစ်လာသည်။ ထိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းများသည် ဂုဏ်သိက္ခာရှိ၍ ဘဝအာမခံချက်ရှိသည်ဟု အားလုံးက ယူဆလာကြသည်။ ထိုသို့ စုပြုံတိုးလေ ထိုကျောင်းများ၏ဝင်ခွင့်ရမှတ်များမှာလည်း တနှစ်ထက်တနှစ် ပိုမြင့်လာသည်။ ကျန်သောဘာသာရပ်များဖြင့် အသက်မွေးဝမ်းကြောင်း အဖြစ်ရပ်တည်ရန် လမ်းမပွင့်သည့်စနစ်ကြောင့်လည်း ပါပုံရသည်။

သို့နှင့် ထူးချွန်သောကျောင်းသားများလည်း ဆေးကျောင်းနှင့် စက်မှုတက္ကသိုလ်သို့ စုပြုံတိုးသည်။ လူငယ်များ၏ ဝါသနာနှင့် ထက်သန်မှုများ နောက်သို့ အပို့ခံလိုက်ရသည်။ တချိန်တည်းတွင် အခြားဘာသာရပ်များ၌ ထူးချွန်သူများ လျော့ပါးလာသည်။ ဆယ်တန်းတွင်အမှတ်ကောင်းဖို့ မိဘရော ကျောင်းသားပါအပြိုင်အဆိုင် လုံးပန်းလာကြသည်။ ထို့နောက်တွင်တော့ ကျူရှင်များ guide ( စာကျက်လမ်းညွှန်) များ ခေတ်ကောင်းလာသည်။ ကြက်တူးရွေးစာအံသလို အလွတ် ကျက်ပညာရေးသည် ပို၍ပို၍ အားကောင်းလာတော့သည်။

ထို့ပြင် ကျောင်းတွင်သင်ကြားနေသောဆရာ ဆရာမ၏ဝင်ငွေက တက်မလာဘဲ ကုန်းဈေးနှုန်းက တက်လာနေသည်။ ၁၉၇၀/၁၉၇၁ လောက်က တကျပ်သား ၂၀၀ ခန့်သာရှိသော ရွှေဈေးသည် ၁၉၇၄ တွင် တကျပ်သား ၄၀၀ ကျပ် ဖြစ်သွားသည်။ ဈေးနှစ်ဆတက်၍ ငွေကြေးဖောင်းပွ သွား သည်။ ကုန်ဈေးနှုန်းတွေ တက်လာသည်။ ဆရာ ဆရာမတို့၏ဝင်ငွေကတက်မလာခဲ့ပေ။ ဆရာဆရာမတို့ အပြင်ဝင်ငွေ ရှာသည့်ကျူရှင်များထွက်ပေါ်လာသည်။ ထို့ပြင် ပညာရေးစနစ် ကလည်း ခဏခဏပြောင်းသည်။ ဤသို့နှင့် တိုင်းပြည်၏ချွတ်ခြုံကျမူမမှန်သည့် စီးပွားရေး ဘဝအတွင်းမှ အလွတ် ကျက် ပညာရေးသည် မိမိတို့ခေတ်ကာလမှစ၍ အမြစ်တွယ်စ ပြုလာသည် ဟု ဆိုရမည်။


ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )

photo credit Than Zaw Nyunt

မင်းကိုနိုင် ● ပြိုင်ဘက်အစစ်က ....

$
0
0
မင်းကိုနိုင် ● ပြိုင်ဘက်အစစ်က ....
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

၁၀ တန်းအောင်ပြီး တက္ကသိုလ်ရွေးမယ့် ကျောင်းသားတွေစကားဝိုင်းကို နားထောင်မိပါတယ်။ ထုံးစံအတိုင်း အမှတ်မြင့် သူ တွေအတွက် အိမ်တွေက သတ်မှတ်ပြီးသားဖြစ်တဲ့ တက္ကသိုလ်ကိုယ်စီ ရွေးပြီးသား။ အလယ်အလတ်အမှတ်ပိုင်ရှင်များက ဒီနှစ် ဘယ်တက္ကသိုလ်ကဖြင့် အမှတ်ဘယ်လောက်။ သာမန်အောင်မှတ်တွေနဲ့ အောင်သူတွေကတော့“မှီတဲ့အမှတ်နဲ့ပေါ့ ကွာ” စသဖြင့် နှစ်စဉ်တွေ့နေကျ မြင်ကွင်းတွေပါ။

များသောအားဖြင့် သာမန်အောင်သူတွေဟာ “ဘာတက်ရမှန်းမသိဘူး” လို့သာ ငေးကြောင်ကြောင် ဖြေတတ်ကြပါတယ်။ ပြီးတော့ ဘာတက်ရင်ကောင်းမလဲ အားကိုးတကြီး မေးကြပါတယ်။ အထူးသဖြင့် - B.S.c ၊ B.A တက်ကြမယ့်သူတွေဟာ မေဂျာခေါ်တဲ့ အဓိကဘာသာရပ်တွေအကြောင်း ဘာတွေသင်ရမယ်၊ ဘာတွေ တတ်လာမယ်၊ သိလာမယ်ဆိုတာ မသဲ ကွဲကြသူ များပါတယ်။

အဲဒီအတွက် ပညာရေးနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တက္ကသိုလ်ဘယ်လိုရွေးကြသလဲဆိုတာ နှိုင်းယှဉ်ကြည့်ပါတယ်။ အဲဒီနိုင်ငံ တွေက တက္ကသိုလ်တွေဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်ပေါ်မူတည်ပြီး ရွေးတာ မဟုတ်တော့ကျောင်းသား တွေအတွက် ရွေးချယ်ခွင့်ရှိတယ်ပဲ ပြောပါတော့။ တက္ကသိုလ်ကြီးများမှာ ယူနီအိုးပင်းဒေး (Uni Open Day) ဆိုတာ ရှိပါသ တဲ့။ အပြင်ကလူတွေ လာလေ့လာလို့ရအောင်ဖွင့်ပေး ထားတဲ့နေ့ပါ။

သူတို့နိုင်ငံတွေမှာက Year 11 -12 စတဲ့ အထက်တန်းနောက်ဆုံးနှစ်တွေမှာကတည်းက ကိုယ်ဆက်တက်ချင်တဲ့အသက် မွေးဝမ်းကျောင်း Institute တွေ၊ တက္ကသိုလ်တွေကို စိတ်ထဲက ရွေးပြီးသား များပါတယ်။ အခု ယူနီအိုးပင်းဒေးမှာက ကျောင်းတခွင်လုံး လှည့်ပြတာကိုကျောင်းသားတွေက လေ့လာတဲ့ သဘောပါပဲ။ တက္ကသိုလ်တခုရဲ့အောက်မှာပဲ ဆေးပညာ၊ အင်ဂျင်နီယာပညာ၊၀ိဇ္ဇာ သိပ္ပံဘာသာရပ်များ၊ ဥပဒေ၊ ဘောဂဗေဒဘာသာရပ်များ စသဖြင့် ရှိပြီးသားဆိုတော့ အဲဒီဘာသာ များအတွက် စာသင်းခန်း၊ လက်တွေ့ စမ်းသပ်ခန်း၊ စာကြည့်တိုက်များကို တခမ်းတနားရှိတယ်ဆိုတာ ကျောင်းက လိုက်ပြ ပါတယ်။

တက္ကသိုလ်ကြီးများဟာ တခုနှင့်တခု ဗိသုကာပညာအရဖွဲ့စည်းတည်ဆောက်ပုံ၊ ၀န်းကျင် အရိပ် အာဝါသ ဟန်ပန်များ မတူကြပါ။ အချို့က ခေတ်မီသစ်လွင် ဒီဇိုင်းများဖြင့် တက်ကြွရွင်လန်းဖွယ်၊ အချို့က တည်ငြိမ်ခန့်ထည် ဗိသုကာလက်ရာများနဲ့ အစဉ်အလာ သမ္ဘာကြီးမားမှု စသဖြင့် ရင်ခုန်စရာရွေးချယ်ခွင့်တွေ များပါတယ်။

ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်ဆိုရင် နိုင်ငံတ၀ှမ်းမှာရှိသမျှ တက္ကသိုလ်တွေထဲ ထိပ်တန်းလည်းဖြစ်၊ ၀င်ခွင့်လည်းလွန် စွာခက်ခဲတဲ့ ကျောင်းဖြစ်ပါသတဲ့။ ဘာကြောင့်ပါလဲ - ကမ္ဘာကျော်နိုဘယ် ဆုရှင်များအပါအ၀င် သိပ္ပံပညာရှင်များစွာ၊ အသိပညာရှင်များစွာမွေးထုတ်ပေးနိုင်ခဲ့တဲ့ အစွမ်းတွေကြောင့်ပါပဲ။ ကျွန်တော်တို့ဂုဏ်ယူစရာအနေနဲ့က မြန်မာနိုင်ငံက သွားတက်တဲ့ကျောင်းသားတယောက်နာမည်ကိုလည်း သိပ္ပံပညာရှင်တယောက်အနေနဲ့ မွေးထုတ်ခဲ့တယ်ဆိုတာ မှတ်တမ်းတင်ခံထားရ လို့ပါပဲ။

သူ့နာမည်ဟာ ကမ္ဘာကျော် ရူပဗေဒနိုဘယ်ဆုရ ပုဂ္ဂိုလ် Hideki Yukawa၊ ဆိုနီကော်ပိုရေးရှင်းရဲ့တည်ထောင်သူ Akio Morita၊ ဆေးပညာထူးချွန်ဆု (Wolf Prize) ရ Osamu Hayaishi၊ ယနေ့ခေတ်စားနေတဲ့ လက် (ပ်) တော့ (Laptop) နဲ့ စမတ်ဖုန်းများမှာ မရှိမဖြစ် အသုံးပြုရတဲ့ လီသီယမ် ဘတ္ထရီတီထွင်သူ Akira Yoshino တို့နှင့်အတူ မှတ်တမ်းတင်ခံရလို့ပါပဲ။

ဆိုဖီယာတက္ကသိုလ်ဆိုရင် ဂျပန်နိုင်ငံထဲက ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ ကျောင်းသား အများဆုံးရွေးချယ်ကြတဲ့ တက္က သိုလ်တွေထဲက တခုဖြစ်ပါတယ်။ သူကတော့ နိုင်ငံဝန်ကြီးချုပ်အပါအ၀င်၊ နိုင်ငံရေးခေါင်းဆောင်အများအပြား မွေးထုတ်ခဲ့ သလို ဥပဒေပညာရှင်များ၊ လွှတ်တော်အမတ်များ၊ ကုလသမဂ္ဂလိုအဖွဲ့အစည်းမျိုးမှာမဟာမင်းကြီးရာထူးနဲ့ ထမ်းဆောင်ခဲ့ ကြတဲ့ အသိပညာများကိုလည်း မွေးထုတ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

အဲဒီလိုကျောင်းမျိုးတွေဖြစ်တဲ့ အနောက်နိုင်ငံတက္ကသိုလ်တွေမှာ လှည့်ပတ်ကြည့်ရှုပြီးတဲ့အခါ မိမိ သင်ယူချင်တဲ့ ဘာသာရပ် အကြောင်း အသေးစိတ်လေ့လာဖို့ သတင်းလွှာသိမှတ်စရာတွေကို ဝေငှပေး ပါတယ်။ ဘယ်ဟာကိုရွေးချယ်မလဲဆိုတာလည်း အတိုင်ပင်ခံများက ဆွေးနွေးအကြံပေးပါတယ်။ ဥပမာ ကျောင်းပြီးတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်းအပါအ၀င် ဒီဘာ သာရပ်သင်ယူပြီးသူများရလဒ်ဟာ ကမ္ဘာပေါ်မှာ နံပါတ်ဘယ်လောက်ရှိတယ်၊ တက္ကသိုလ်ကြီးတခုလုံးကလည်း ကမ္ဘာ့အဆင့် ဘယ်လောက်ရှိတယ်ဆိုတာကိုပါ သိခွင့်ရမှာပါ။

ယူနီအိုးပင်းဒေးပြီးတဲ့အခါ သင်ယူလိုတဲ့ကျောင်းသားတွေနဲ့သီးခြား ချိန်းဆိုကြပြီး အတိုင်ပင်ခံများနဲ့ ဆွေးနွေးခွင့်ရကြစမြဲပါ။ မြို့လယ်က ရှော့ပင်းစင်တာတွေထဲ အဲဒီတက္ကသိုလ်လက်ကမ်း ကြော်ငြာများဝေတဲ့အခါ ကျောင်းသားလူငယ်တွေရဲ့ မျက် လုံးများ ချက်ချင်းတောက်ပလာကြပြီး စိတ်အားထက်သန်မှုတွေ အတိုင်းသားတွေ့ရပါတယ်။ ထိုနိုင်ငံများကကျောင်း သား တွေဟာ တက္ကသိုလ်နဲ့ အသက်မွေးမှု ရွေးချယ်ရာမှာ ယောင်နနဖြစ်နေတာမျိုး မရှိ။ ကိုယ်ပိုင်စဉ်းစားပြီးသားအပေါ် တက္က သိုလ်ကြီးတွေက အချက်အလက်ပေး အကြံဉာဏ်ပေးမှုကိုယူပြီး ကိုယ်တိုင်ဆုံးဖြတ်ကြတာပါ။

တက္ကသိုလ်ဝင်တန်း အမှတ်နဲ့ စဉ်းစားရတဲ့ စနစ်မျိုး မဟုတ်ပါဘူး။ အဲဒီလိုနိုင်ငံတခုမှာရောက်နေတဲ့ မြန်မာကျောင်းသား တယောက်ကို မိဘအသိုင်းအ၀ိုင်းတွေက ကျနော်တို့ နိုင်ငံမှာ ခေတ်စားမြဲဖြစ်တဲ့ အသက်မွေးမှုပညာရပ်အချို့ ရွေးချယ်ခိုင်း တဲ့အခါ ခေါင်းရမ်းပါတယ်။ သူ့ရဲ့ပင်ကိုယ်စိတ် သဘာဝနဲ့အဲဒီအသက်မွေးမှုတွေ မကိုက်ညီကြောင်း အချက်ကျကျရှင်းပြသလို လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အခက်အခဲရှိနိုင်ကြောင်း ပြောပါတယ်။

ဒါဖြင့် ဘာလုပ်ချင်လဲ၊ ဘာရွေးမှာလဲဆိုတော့ ကျောင်းဆရာမပဲ လုပ်ချင်တယ်တဲ့။ သူ့စိတ်ထဲ ကလေးတွေဆိုတာ ပျိုးပင်လေး တွေလိုပဲ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွေတဖြည်းဖြည်း ကြီးထွားလာတာမြင်ရတာ စိတ်ချမ်းသာတယ်ဆိုပဲ။ ထိုနိုင်ငံများမှာ Year 12 ပြီးရင် တက္ကသိုလ်ရွေးဖို့၊ ဥပမာ အင်္ဂလန်မှာဆိုရင် အောက်စဖို့ဒ်တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ဟားဗဒ်တက္ကသိုလ်၊သြစတေးလျမှာ ဆစ်ဒနီတက္ကသိုလ် စသဖြင့် သွားလေ့လာကြစမြဲပါ။

အချို့က ဖွံ့ဖြိုးဆဲနိုင်ငံတွေသွားပြီး NGO တွေမှာ အလုပ်ဝင်၊ ကမ္ဘာကြီးရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေ ဘာများပါလိမ့် ဆိုတာ သဲကွဲအောင်ကြည့်ပြီး ကမ္ဘာကြီးအတွက်ကွက်လပ်ဖြည့်ဖို့အထိ စဉ်းစားကြပါတယ်။ တချို့များ တက္ကသိုလ်ရွေးချယ်ဖို့ အချိန်ယူလေ့လာကြတာ နှစ်ပတ်လည်အောင်ကြာတာမျိုး တွေ့ဖူးပါတယ်။ ကျွန်တော်တို့ဆီက မိဘများသဘောတူနိုင်ပါ့ မလား။ ဟဲ့-ဟိုဘက်အိမ်က ကောင်မလေးကနင်နဲ့ပြိုင်ဘက်လေ အလကားနေရင်း သူ တတန်း ပိုကျောသွားမှာပေါ့။ စသ ဖြင့် အထိတ်တလန့် တုံ့ပြန်ချက်များသာ ကြားရပါတယ်။

၁၉၇၀ လွန်နှစ်များလောက်က ထင်ပါတယ်။ ဆရာသိန်းဖေမြင့်ရဲ့တက္ကသိုလ်မိတ်ဆက်စာအုပ်ထဲ ရန်ကုန် ၀ိဇ္ဇာ-သိပ္ပံတက္ကသိုလ်ကရွေးချယ်စရာဘာသာရပ်တွေရဲ့အကြောင်းကို လူပြိန်းနားလည်အောင်၊ နားလည်ရုံမက စိတ်ဝင်စားနှစ်ခြိုက်အောင်မိတ်ဆက်ပေးထားတဲ့ စာအုပ်ပါ။ အဲဒီထဲက ရုက္ခဗေဒဆိုရင် ကျွန်တော်တို့ အထက်တန်းမြန်မာစာမှာ သင်ရိုးအဖြစ် ပြ ဌာန်းခံရလို့ ကောင်းကောင်းမှတ်မိနေပါသေးတယ်။ ဖတ်လို့လည်းကောင်းဘာသာရပ်တွေရဲ့တန်ဖိုးတွေကိုလည်း သိခွင့်ရ ၊ လေးစားစိတ်တွေပေါ်ခဲ့ဖူးပါတယ်။

ကျွန်တော် ဒုတိယနှစ်သတ္တဗေဒသင်တုန်းက သင်ခန်းစာတခုကိုအမှတ်ရပါတယ်။ မွေးလာတဲ့ ကလေးမျက်လုံးအရောင်ဟာ မိဘနှစ်ပါးရဲ့ မျက်လုံးအရောင်နဲ့မတူလို့ ဖခင်က သံသယ၀င် စွပ်စွဲချက်အပေါ် ဒီကလေးဟာ မျိုးရိုးဗီဇအရ ဒီမိဘနှစ်ပါးက မွေးတာဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို ဆန်းစစ် အဖြေရှာရတဲ့ လက်တွေ့သင်ခန်းစာပါ။ဖြေရှင်းပုံတွေ မမှတ်မိတော့ပေမယ့် ဒီဖခင်ရဲ့ကလေး ဖြစ်နိုင်တယ်ဆိုတာ အဖြေထုတ်ခဲ့ပြီး ကျနော်တို့ ကျောင်းသားတွေ ပျော်ရွှင်ခဲ့ရကြောင်းတော့ ကောင်း ကောင်းမှတ်မိနေပါတယ်။

ဘ၀မှာ ကိုယ့်အတွက် ပြိုင်ဘက်ဆိုတာ အိမ်နားက၊ အတန်းထဲက သူငယ်ချင်းမဟုတ်။ ကမ္ဘာကြီးကို စိန်ခေါ်ခြိမ်းခြောက်နေတဲ့အရာများသာ ကိုယ့်ပြိုင်ဘက်ဖြစ်တယ်လို့ ခံယူတဲ့မျိုးဆက်သစ်များအတွက် တက္ကသိုလ် မိတ်ဆက် စာအုပ်ကောင်းများရှိရင် “ရော့ - အင့် ” ဆိုကာ ညွှန်းချင်စမ်းပါဘိ။

- ‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၂၊ ဆောင်းပါး ]

မိုးမခ လူငယ်စကားဝိုင်း (MoeMaKa Youth Talk) ဖိတ်ကြားအပ်ပါသည် (ဇူလိုင် ၂၃၊ ၂၀၁၆၊ စနေနေ့)

$
0
0

မြန်မာလူငယ်များနှင့် ပညာရေး အလားအလာ (Myanmar Youth and Education Prospect)
မိုးမခ လူငယ်စကားဝိုင်း (MoeMaKa Youth Talk) ဖိတ်ကြားအပ်ပါသည် (ဇူလိုင် ၂၃၊ ၂၀၁၆၊ စနေနေ့)


ကမ္ဘာအနှံ့က အဆင့်မြင့် တက္ကသိုလ်ကြီးများတွင် စကော်လားရှစ်ဆုများ ရယူကာ ပညာသင်ယူနေကြသည့် ပညာတော်သင်လူငယ်များက ၎င်းတို့ ဖြတ်သန်းခဲ့ရသည့် မြန်မာပြည်ပညာရေးနှင့် နိုင်ငံတကာတွင် ရရှိခဲ့သည့် ပညာရေး အခြေအနေနှစ်ရပ် နှိုင်းယဉ်သုံးသပ်ခြင်း၊ အမြင်များကို ဆွေးနွေးခြင်း၊ ၎င်းတို့ ပညာသင်ဆုရယူနိုင်ခဲ့သည့် အတွေ့အကြုံများကို ဝေငှခြင်း၊ မျိုးဆက်သစ် လူငယ်များအတွက် ရှာဖွေနိုင်သည့် ပညာရေးအခွင့်အလမ်းများ အကြံပြုခြင်း စသည့် ပညာ့ရေးရာ ဆွေးနွေးမှုများကို မိုးမခနှင့် အတူ စကားဝိုင်းဖွဲ့ကြမည်ဖြစ်ပါသောကြောင့် စိတ်ဝင်စားသူ ကျောင်းသားလူငယ်များ၊ မိဘများနှင့် စာနယ်ဇင်း မိတ်ဆွေများအား တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် ● ၂၃ ဇူလိုင် ၂၀၁၆ (စနေနေ့)
အချိန် ● နေ့လည် ၂ နာရီ - ၅ နာရီ
နေရာ ● Pen Myanmar ရုံးခန်း ခန်းမ၊ အမှတ် ၄၄၅/၄၄၇၊ PK ကွန်ဒို ၄ လွှာ၊ အနော်ရထာလမ်းမနှင့် အောက်ပုဇွန်တောင်လမ်းဒေါင့်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
စီစဉ်သူ ● ငြိမ်းချမ်းအေး (မိုးမခ)
ဆက်သွယ်ရန် ● +၉၅ (၀) ၉ ၅၀၄ ၁၀၅၈ / nyeinchanaye81@gmail.com

#Moderator

Aung Thu Nyeen
Development Administration at National Institue of Development Administration, Thailand
Public Administration, Harvard University
Studied Medicine and Surgery at Institute of Medicine 2

ပညာရေး အတွေ့အကြံများနှင့် အမြင်များကို ဆွေးနွေးကြမည့် လူငယ်များ

Ko Ye' Win (YoYam Hnine)
Member of National Network for Education Reform - NNER
Co-founder and Program Manager at ISchool - Myanmar

Linn Phyo Maung
M.B.,B.S (Institute of Medicine I Yangon, Myanmar)
MA Political Science (Ramkhamhaeng University, Thailand)

Phone Thit
M.B.,B.S (Institute of Medicine Mandalay, Myanmar)

Aye Lei Tun
Master of Development Practice (Advanced), University of Queensland, Australia. Master of Human Rights, Gender and Conflict Studies (Social Justice Perspective), International Institute of Social Studies (ISS), the Hague

Barblut Eugene Sein
Bachelor of Arts (Honors) in Liberals Studies Education (Minor) in Communication for Policies and Governance,
The Education University of Hong Kong (EdUHK)

Shin Thant
Bachelor of Social Sciences (Honours) in Applied Sociology
City University of Hong Kong

Hpone Myint Thu
University of Hong Kong (HKU)
Bachelor of Economics & Finance, Class of 2017


Moemaka Media

Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://www.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka

မိုးမခ မဂ္ဂဇင်း

ဆက်သွယ်ရန် ● ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ ။

ဉာဏ်ကြီးရှင် Genius Shan Highlands Coffeeကလည်း ပြည်တွင်းဖြစ် ရှမ်းတောင်တန်းထွက် ကော်ဖီ ဖြင့် မိုးမခနှင့်အတူ ပူးပေါင်းပါဝင် ဧည့်ခံပါမည်။

ညိုထက်ညို ● ဦးကြင်

$
0
0




ညိုထက်ညို ● ဦးကြင်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

အဲဒီနေ့က ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဘုရင်ခံအတိုင်ပင်ခံ ကောင်စီ (Governor’s Executive Council) ရဲ့အစည်းအဝေးကို ဗိုလ်အောင်ကျော်လမ်းက အတွင်းဝန်များရုံး (Scretariat) မှာ ကျင်းပပါတယ်....။

အရင်က ဘုရင်ခံကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်နဲ့ထိုင်ပြီး အလုံလမ်းက ဘုရင်ခံအိမ်တော် (မဆလခေတ် လွှတ်တော်ဝင်းရှိ သမ္မတ အိမ်တော်) မှာ လုပ်လေ့ရှိပေမယ့် လွတ်လပ်ရေးရခါနီးလာတဲ့နောက်ပိုင်းမှာ ဘုရင်ခံကိုယ်တိုင် အစည်းအဝေးမတက်တော့ဘဲ ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကဦးဆောင်ပြီး အတွင်းဝန်များရုံးမှာ တပတ်တကြိမ် လုပ်တယ်။

အစက အစည်းအဝေးကို ဇူလိုင်လ ၁၆ ရက်နေ့မှာလုပ်ဖို့စီစဉ်ထားပေမယ့် လွှတ်တော်အစည်းအဝေးနဲ့တိုက်နေလို့ ဇူလိုင်လ ၁၉ ရက်နေ့ကိုရွှေ့ပြီး ကျင်းပတယ်....

ဒီလိုနဲ့ပဲ အဲဒီနေ့မနက် ဆယ်နာရီလောက်မှာ အတွင်းဝန်များရုံးထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းထဲက ဂငယ်ပုံအစည်း အဝေးစားပွဲကြီးမှာ အစည်းအဝေးကို စတင်ကျင်းပခဲ့ကြပါတော့တယ်.....။

ထိပ်စားပွဲ အလယ်မှာ ဗိုလ်ချုပ်အောင်ဆန်းထိုင်တယ်....။

ညာဘက်က စားပွဲမှာ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ဦးဘဝင်းနဲ့ မန်းဘခိုင်တို့ ထိုင်ကြတယ်....

ဘယ်ဘက်ကစားပွဲမှာတော့ ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော် (ICS) နဲ့တကွ ဝန်ကြီး ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်ကြတယ်....

ညာဘက်က သခင်မြတို့ စားပွဲထိပ် ကုလားထိုင်မှာတော့ အစည်းအဝေးမှာ ဆွေးနွေးတဲ့ကိစ္စနဲ့ဆိုင်တဲ့ ဝန်ကြီးဌာနရဲ့ အတွင်း ဝန်က ထိုင်ရတယ်.....။

အစည်းအဝေးမှာ ဗိုလ်ချုပ်နဲ့ ဝန်ကြီးခြောက်ဦး ပါတယ်....

ပြီးတော့ အစည်းအဝေးကို စတင် ကျင်းပခဲ့ကြပါတော့တယ်....။

ဆယ်နာရီခွဲခါနီးလောက်ကျတော့ အစည်းအဝေးအစီအစဉ်အရ အတွင်းဝန်ဦးကြင်ရဲ့အလှည့်ကို ရောက်လာတယ်....
ဒါပေမဲ့ ဦးကြင်လိုပဲ အစည်းအဝေး တက်ဖို့ရောက်လာတဲ့ တတိယအတွင်းဝန် ဦးအုန်းမောင်က သူ့မှာ အခြားအရေးကြီးတဲ့ ကိစ္စရှိလို့ ဦးကြင်အစား အစည်းအဝေးခန်းထဲ အရင်ဝင်ပါရစေ ခွင့်ပန်တယ်....

ဒီလိုနဲ့ပဲ အစည်းအဝေးခန်းထဲကို သူရေးထားတဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းအကြောင်း ရှင်းလင်းတင်ပြဖို့ ဦးကြင်အစား ဦးအုန်းမောင် ဝင်ရောက်လာခဲ့ပါတော့တယ်.....။

ဗိုလ်ချုပ်ရဲ့ဘယ်ဘက်ကပ်လျက် ကုလားထိုင်မှာ ဦးအုန်းမောင် ထိုင်တယ်....။

နောက် သုံးလေးမိနစ်နေတော့ ဂဠုန်ဦးစောလွှတ်လိုက်တဲ့ လူသတ်သမားတွေ ရောက်လာတယ်....

ပြီးတော့ အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်နဲ့တကွ ဦးအုန်းမောင်အပါအဝင် ကိုးဦးကျဆုံးသွားကြပါတော့တယ်.....။

လောကမှာ ကံကြမ္မာဆိုတာ အတော်ထူးဆန်းတယ်.... ။ သေနေ့မစေ့တော့ ကိုယ်တိုင်သေရမယ့် အဖြစ်က ဦးကြင်လွတ် မြောက်သွားပြီး သူ့အစား သေနေ့စေ့သွားပုံရတဲ့ ဦးအုန်းမောင်က အစားသေသွားခဲ့ရတယ်....။

လွန်ခဲ့တဲ့ သုံးလေးနှစ်ကမှ နောင်အခါမှာ သံအမတ်ကြီးဖြစ်သွားတဲ့ ဦးကြင် ဆုံးရှာတယ်....။

အသက်က ၁၀၁ နှစ် တဲ့ ။    ။

ကိုးကား ။   ။ ဝန်ကြီး ဦးဘဂျမ်း၏ပြောပြချက်များ။

ညိုထက်ညို

ဇွန်မိုး ● သမိုင်းခြေရာမပျောက်တဲ့နေ့ (မြန်မာပြည်မှပေးစာ ...)

$
0
0
ဇွန်မိုး ● သမိုင်းခြေရာမပျောက်တဲ့နေ့ (မြန်မာပြည်မှပေးစာ ...)
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

အဝေးမြေတွေမှာ ကုန်ဆုံးသွားခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကာလအတွင်း အစဉ်အမြဲ အမှတ်ရနေခဲ့တဲ့ နေ့ရက်တစ်ရက်ကို ဒီနှစ်တော့  အခွင့်အခါသာ ပါဝင်ဆင်နွှဲခွင့်ရမှာမို့ ဒီရက်အတွင်း စိတ်တွေ သိသိသာသာ လှုပ်ရှားနေခဲ့တယ်။

မင်းတို့လည်း အမှတ်ရ တမ်းတနေမှာပါ … မှတ်မိသေးလား ဒို့တတွေ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝတုန်းက လေးစားချစ်ခင်ဖို့ကောင်းတဲ့ ဆရာဦဖိုးသီးရဲ့  ကျေးဇူးနဲ့ နှစ်စဉ် ဒီအချိန်အခါဆို ဗိုလ်ချုပ်အောင်ဆန်းအိမ်၊ အာဇာနည်ကုန်း၊ ရွှေတိဂုံ၊ တိရစ္ဆာန်ဥယျာဉ်တွေကို သွားရောက်လည်ပတ်ခဲ့ကြတယ်။

အခုတော့ ကိုယ်က လူကြီးဆရာလုပ်ပြီး လာမယ့် အင်္ဂါနေ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ ဆယ်ကျော်သက် တူတူမလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းအိမ် (ပြတိုက်) နဲ့ အာဇာနည်ဗိမာန်ကို လိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်။ ပြီးတော့ သူတို့လေးတွေ သိသင့်သိထိုက်တာတွေကို ရှင်းလင်းပြောပြမယ်လို့ စဉ်းစားထားတယ်။

ဒီလို သူတို့ကို ခေါ်သွားဖို့အကြောင်းက မနေ့တနေ့က တူတူမလေးတွေနဲ့ အမေအိမ်နားက ကလေးတွေကို အာဇာနည် ပုဂ္ဂိုလ်ကြီးတွေအကြောင်း မေးကြည့်တော့ သူတို့လေးတွေ အာဇာနည်နေ့ နဲ့ အာဇာနည်ကြီးတွေအကြောင်း ဘာမှမသိတာကို ဝမ်းနည်းစွာ ကြားသိရတယ်။ ငါ့အနေနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို မကြိုက်၊ အားမပေးဘူးဆိုတာ မင်းတို့ သိပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ ပုဂ္ဂိုလ်ထူး ဖြစ်နေလို့ပါ။

ဒီနေ့ ကလေးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း မသိတာ သူတို့ အပြစ်မဟုတ်ပါဘူး။ အပြစ်ကျူးလွန်သူတွေက သမိုင်းကို ဖျောက်ဖျက်ခဲ့တဲ့ စစ်အာဏာရှင်၊ သမိုင်းမှန်တွေကို ချိုးဖျက်ခဲ့တဲ့ သမိုင်းမရှိတဲ့ ဗိုလ်ရှုပ်တွေပါ။ ပြီးတော့ ဗိုလ်ရှုပ်တွေ သေနတ်မိုးဓါးမိုး ဖိနှိပ်မှုအောက်မှာ အကြောက်တရားနဲ့ သမိုင်းမဟုတ်တဲ့ သမိုင်းမှားတွေကို သင်ကြားနေခဲ့ရတဲ့ ဆရာ၊ ဆရာမတွေ။ အမှောင်ခေတ်ထဲ ရုန်းကန်ရှင်သန်နေခဲ့ရတဲ့ သားသမီးတွေအတွက် အချိန်မပေးနိုင်ခဲ့တဲ့ မိဘတွေ - ဒီလိုနဲ့ ကလေးတွေ အတုယူ စံထားရမယ့် အာဇာနည်သူရဲကောင်းတွေအကြောင်း ဘာမှမသိ၊ ဗိုလ်ချုပ်ဆိုရင် တိုင်းပြည်ကို ဆင်းရဲတွင်းနက်အောင် ပို့ခဲ့တဲ့ ကိုယ်ကျိုးရှာသူတွေလို့ တွေးထင်ခဲ့တာ မဆန်းပေါ့။

ပြန်ပြောမယ်ဆိုရင် ဒို့တတွေ ခွဲခွါခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်ကာလရှည်ကြီးအတွင်း ဘယ်နေရာရောက်ရောက် အမြဲသတိရတမ်းတ နေမိခဲ့တဲ့ ငယ်ဘဝ အတူလှုပ်ရှားသွားလာခဲ့တဲ့ ရက်တွေထဲမှာ အာဇာနည်နေ့က အထူးခြားဆုံး၊ မမေ့နိုင်တဲ့ နေ့ရက်ပေါ့ … ငါတို့တွေ အိပ်ရာထနောက်ကျ၊ မလိုက်ရမှာကြောက်လို့၊ ဆရာအိမ်မှာ ဇူလိုင်လ (၁၈) ရက်နေ့ညကတည်းက သွားအိပ်၊ နောက်နေ့ မနက်အစောကြီးထ စီစဉ်ထားတဲ့ ဘတ်စ်ကားကြီးစီးပြီး ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို ဦးစွာသွားခဲ့ကြတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အိမ်ကို လာရောက်လည်ပတ်၊ ဂါရဝပြုကြသူတွေက စည်းကမ်းတကျ နတ်မောက်လမ်းတလျှောက် စီးတန်းလမ်းလျှောက် ဝင်ကြပြီး၊ အဖွဲ့လိုက် အလှည့်ကျ အိမ်ခြံဝင်အတွင်းကို ဝင်ရောက်လည်ပတ်ကြတယ်။ နတ်မောက် လမ်းနားရောက်တာနဲ့ ဗိုလ်ချုပ်အကြောင်း၊ အာဇာနည်တွေအကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုအကြောင်း ရေးသီဖွဲ့ထားတဲ့ သီချင်းတွေကို ကြက်သီးတဖြန်းဖြန်းထ ဝမ်းနည်ကြေကွယ်စွာ နားထောင်ပြီး ဒို့တတွေ ဗိုလ်ချုပ်အိမ်ထဲကို ဝင်ရောက် ကြည့်ရှုကြကာ ဗိုလ်ချုပ်ရဲ့  အငွေ့အသက်တွေကို ခံစားရှာဖွေကြတယ်။

ငါတို့အနေနဲ့ ဘဝမှာ အရိပ်အငွေ့တောင် မမြင်လိုက်ရတဲ့ နိုင်ငံ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး၊ ရိုးသား တည်ကြည်ဖြောင့်မတ်တဲ့ လူသာသေပေမယ့် နာမည်မသေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့  (ဒီနေ့ ဗိုလ်ချုပ်တွေနဲ့ နတ်ပြည် နဲ့ ငရဲပြည် ကွာခြားလှတယ်) ဘဝတစိတ်တပိုင်းကို သူ့ နှစ်အနည်းငယ်မျှ နေထိုင်ခဲ့တဲ့ အိမ်ကြီးကို မဖော်ပြနိုင်တဲ့ ဝမ်းနည်း ကြေကွဲ ခံစားမှုတွေနဲ့ လည်ပတ်ကြည့်ရှုခဲ့ကြတယ်။ မင်းတို့နဲ့အတူ အကြိမ်များစွာ ရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်အိမ်ကို နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အမှတ်ရ၊ မဖျောက်ဖျက်နိုင်ခဲ့ဘူး။

ဗိုလ်ချုပ်အိမ်ကို လေ့လာကြည့်ရှုပြီးနောက် ဒို့တတွေ ကန်တော်ကြီးဗိုလ်ချုပ်ကြေးရုပ်ကိုသွား ဂါရဝပြု၊ စိမ်းလန်းစိုပြေ အေးချမ်းလှတဲ့ မြေပဒေသာကျွန်ကို ဖြတ်လျှောက်ကာ အာဇာနည်ကုန်းရှိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို သွားရောက်အလေးပြုကြတယ်။

အာဇာနည်ခေါင်းဆောင်ကြီးတွေကို တလေးတစား အလေးပြုဂါရဝပြုပြီးတော့ ဒို့တတွေ ရွှေတိဂုံဘုရားပေါ်တက် အာဇာနည် ခေါင်းဆောင်ကြီးများကို ရည်စူးမေတ္တာပို့ အမျှဝေကြပြီး၊ နေလယ်ပိုင်းမှာ ငါးပြတိုက်နဲ့ တိရစ္ဆာန်ဥယျာဉ်မှာ တောရဲသားကောင် တွေကို ဆရာ၊ ဆရာမတွေရဲ့  ရှင်းပြပြောဆိုမှုနဲ့ လေ့လာကြည့်ရှုကြတယ်။ နောက် တိရစ္ဆာန်ဥယျာဉ် မြက်ခင်းပြင်တနေရာမှာ ယူလာတဲ့ မုန့်တွေထမင်းတွေကို စားသောက်၊ တနေ့တာ လည်ပတ်သွားလာခဲ့တာတွေကို စားမြုံ့ပြန်ပြောကြပြီး လွတ်လွတ် လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင် အနားယူကြတယ်။ ဆရာ့ကျေးဇူးကြောင့် ဒို့တတွေ ဒီိလိုနေရာမျိုးတွေ ရောက်ခဲ့သလို၊ တန်းဖိုးမ ဖြတ် မေ့မရနိုင်တဲ့ ဗဟုသုတ၊ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုခွင့်ရခဲ့တယ် မဟုတ်လား။

ဒီလို နှစ်ဆယ့်ရှစ်နှစ်ကျော် ကာလတုန်းက အကြောင်းအရာတွေကို တစက်မမေ့ တမ်းတပြန်တွေးကြည့်ရင်  တကယ်တော့ ဒို့ဗိုလ်ချုပ် ရဲ့  အသက်ကို အာဏာရူး ဂဋ္ဌုန်ဦးစော က ထုတ်နှုတ်ယူသွားခဲ့ပေမယ့် ဒို့ပြည်သူတွေက သူတို့ချစ်တဲ့ ဗိုလ်ချုပ်ကို  အမြင့်မြတ်ဆုံး အာဇာနည်ခေါင်းဆောင်ကြီးအဖြစ် ဂုဏ်ပြုခဲ့ကြတယ်။ ဒါကို ဗိုလ်ချုပ်သွေး တစက်မရှိ၊ ဗိုလ်ချုပ်စိတ်ဓါတ် နိတ္တိ၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ကိုယ်ကျိုးအနစ်ခံစိတ် စိုးစဉ်မျှ မရှိကြတဲ့ မျိုးချစ် (ကိုယ့်အမျိုးကိုယ်ချစ် - ကိုယ့်အမျိုး ကြီးပွားရေး၊ ဘယ်သူသေသေ ငတေမာပြီရော) ဗိုလ်ရှုပ်တွေက ပြည်သူချစ်တဲ့ ဗိုလ်ချုပ် Legacy ဗိုလ်ချုပ်ဝိညာဉ်ကို ဖျက်ဆီးဖျောက်ဖျက် ခဲ့ကြတာ အဆိုးဆုံး ရာဇဝတ်ကျူးလွန်မှု ဖြစ်တယ်။ ဒါကို ဒီနေ့ တပ်မတော်သားတွေ ပြောင်းလဲချိန်မှာ ပြောင်းလဲဖို့ အရေးကြီး တယ်။

အခုတော့ ဒို့နိုင်ငံသူနိုင်ငံသားတွေ ပြည်သူချစ်တဲ့ခေါင်းဆောင် ဗိုလ်ချုပ်သမီး ဦးဆောင်တဲ့ ပြည်သူ့အစိုးရလက်အောက်မှာ လွတ်လွတ်လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဂုဏ်ပြုနိုင်ကြပြီ။ ငါတို့လည်း လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲနိုင်ကြလို့ အတိုင်း ထက်အလွန် ဝမ်းမြောက်ဂုဏ်ယူနေတယ်။

ကဲ ပြောခဲ့တဲ့အတိုင်း လာမယ့် (၁၉) ရက်နေ့ တနေ့လုံး အာဇာနည်ဗိမာန်ကို တခေါက်တခါမှ မရောက်ဘူး၊ မတွေ့မြင်ဘူးကြတဲ့ တူတူမလေးတွေကို ဒို့ငယ်ဘဝတွေအကြောင်း၊ ဒီနေ့ သူတို့သိနေတဲ့ တိုင်းပြည်ကို ဖျက်ဆီးခဲ့တဲ့၊ သူတို့ပညာရေးကို အမှောင်ချခဲ့တဲ့၊ သူတို့ အနာဂတ်တွေကို ရိုက်ချိုးခဲ့တဲ့ --- ဗိုလ်ရှုပ် (ချုပ်) တွေနဲ့ မတူခြားနားတဲ့ မဟာလူသား အာဇာနည် ဗိုလ်ချုပ်အကြောင်းကို ပြောပြပြီး ငယ်ငယ်တုန်းက ဒို့သွားခဲ့တဲ့ ခြေရာတွေအတိုင်း ခြေရာကောက်သွားဖို့ စီစဉ်ထားတယ်။

မင်းတို့လည်း သားသမီးတွေ၊ ကလေးတွေခေါ်ပြီး လာကြကွာ။ ပြောင်းလဲလာတဲ့ ပြည်သူ့ခေတ်ကြီးမှာ ဒို့ဗိုလ်ချုပ် နဲ့ အာဇာ နည် ခေါင်းဆောင်ကြီးတွေကို အတူဂါရဝပြုကြရင် မပျောက်ဆုံးသေး၊ မပျောက်ပျယ်သင့်တဲ့ ဒို့နိုင်ငံသမိုင်းကို ပြန်ဖော် ထုတ်ကြမယ်။

ချစ်ခင်စွာဖြင့် … မင်းတို့ရဲ့ 
ဇွန်မိုး

မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်

$
0
0
   
မင်းညွှန့်လှိုင် ● RC 2874 ရဲ့ ကြေကွဲခြင်းအနက်ရောင်
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၆

ငါဟာ မော်တော်ကားတစင်းပါ
ငါဟာ ခေတ်ဟောင်းမော်တော်ကားတစင်းပေါ့
ခုတော့ဖြင့် လမ်းတွေကိုငတ်မွတ်နေရပြီ
ခရီးမိုင်တွေကိုဆာလောင်နေရပြီ
အများပြည်သူအကြည့်ရှုခံရုံသက်သက်
တိတ်ဆိတ်ငြိမ်သက်နေရပြီ။

ဟိုအရင်ကဆို
ငါ့သခင်ကိုထမ်းပိုးလို့
ကိုးကုန်းကိုးကျင်း
ဒီတိုင်းပြည်ရဲ့တနံတလျား
သမိုင်းဝင်ခရီးတွေငါသွားခဲ့တာပေါ့။

ငါ့သခင်နဲ့
သူချစ်တဲ့ရဲဘော်ရဲဘက်တွေကို
သူချစ်တဲ့သူ့မိသားစုကို
သူကလည်းချစ် သူ့ကိုလည်းချစ်ကြတဲ့
မြေပြန့်တောင်ပေါ်အညာအကြေ
ပြည်သူတွေရှိရာဆီငါဆောင်ပို့ခဲ့ရ
ရွှေထီးဆောင်းခဲ့ရတဲ့နေ့ရက်တွေပေါ့။

ငါ့သခင်က
အာဂယောက်ျား အာဂခေါင်းဆောင်
တိုင်းနိုင်ငံရဲ့နှလုံးသည်းပွတ်
ကမ္ဘာကြီးကစောင့်ကြည့်ရတဲ့
တောက်ပတဲ့ ကြယ်တပွင့်ပေါ့။

အဲသလို သခင်မွန်ကိုမှ
သူကြွေကျမယ့်တွင်းနက်ကြီးထဲ
မိုက်မိုက်မဲမဲ
အရောက်ပို့ပေးခဲ့မိတဲ့ငါ့အဖြစ်
ဘယ်လိုမှ
မဖြေသိမ့်နိုင်တဲ့အဖြစ်ဆိုးကြီးပါလေ။

အို..
၁ ၉ ၄ ၇
အတွင်းဝန်ရုံး
အမှောင်မိုက်ဆုံးရက်တရက်
ဇူလိုင် ၁၉ ရဲ့မိုးစွေစွေမနက်ခင်း
ကျည်တစ်တောင့်မှမထိပဲနဲ့ငါ
စင်းစင်းကြီး သေဆုံးခဲ့ရပါပြီ။

ဒီမယ်ကြည့်ကြ
တာဝါလိန်းအိမ်တော်ရှေ့
ဂိုဒေါင်ဟောင်းလေးမှာ
ဒဏ်ရာမပေါ်တဲ့မြစ်အသေလို
ငါ့ကိုမြင်တွေ့နိုင်ပါပြီ။

ကြားကြရဲ့လား
နှစ်စဉ်နှစ်တိုင်း
အမှောင်ဆုံးသောနေ့ရက်မှာ
မနက် ၁၀ နာရီ ၃၇ မိနစ်
ဝူစလီ*ကားတစင်းရဲ့
အနက်ရောင်....
အော်သံ !

မင်းညွန့်လှိုင်

* Wolsely

မောင်မောင်စိုး ● တောင်တရုတ်ပင်လယ်၊ ကိုးကန့်တရုတ်၊ တရုတ်ပြည်နှင့် ကျွန်ုပ်တို့မြန်မာ - အပိုင်း (၂)

$
0
0


 မောင်မောင်စိုး ● တောင်တရုတ်ပင်လယ်၊ ကိုးကန့်တရုတ်၊ တရုတ်ပြည်နှင့် ကျွန်ုပ်တို့မြန်မာ - အပိုင်း (၂)
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

● တောင်တရုတ်ပင်လယ်နှင့် မြန်မာ
တောင်တရုတ်ပင်လယ်နှင့်ဆက်စပ်နေသောနိုင်ငံများတွင် မြန်မာနိုင်ငံမပါဝင်သော်လည်း အာဆီယံနိုင်ငံနိုင်ငံဖြစ်သည့်ပြင် တရုတ်နှင့် မိုင်ထောင်ချီ ၍နယ်စပ်ချင်း ဆက်စပ်နေသော နိုင်ငံတနိုင်ဖြစ်သည့်အားလျော်စွာ တောင်တရုတ်ပင်လယ်ပြဿနာနှင့်ပတ်သက်သော သဘောထာားကို ပျော့ပြောင်းစွာဖေါ်ပြရန် လိုအပ်နေသည်။

၂၀၁၆ ဇူလိုင်လ ၁၃ ရက်နေ့စွဲပါ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တိုက်တွန်းထားသည်။ အဆိုပါအငြင်းပွားမှုကို ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCLOS အပါအဝင် နိုင်ငံအားလုံးမှ အသိအမှတ်ပြုသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေအခြေခံမူများနှင့်အညီ ဖြေရှင်းရန်တိုက် တွန်းသကဲ့သို့ တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေငြာချက် DOC အပြည့် အဝနှင့် ထိရောက်စွာအကောင်ထည်ဖေါ်ရေးကိုလည်း ရည်ညွှန်းသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင်း ကျင့်သုံရမည့်ကျင့်ထုံးတရပ် ဆောလျင်စွာပေါ်ထွက်ရေးအတွက် တူညီဆန္ဒပေါ်အခြေပြု ၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့နှင့်ဆက်လက်လက်တွဲလုပ်ကိုင်သွားမည်ဟု ဖေါ်ပြပါရှိသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတွင် တရုတ်တို့လိုလားသည့် DOC ကြေငြာချက်ကို ထည့်သွင်းဖေါ်ပြထား၍ တရုတ်တို့ သဘောကျဖွယ်ဖြစ် သော်လည်း ၁၉၈၂ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ UNCLOS အခြေခံမူများကိုပါ ထည့်သွင်းဖေါ်ပြ ထားသည်။

ထို့ပြင် DOC ကြေငြာချက်နှင့်အတူ ပြဿနာဖြေရှင်းရေးနှင့်ပတ်သက်ပြီး တရုတ်တို့တင်ပြသည့် Dual-track Approach ဆို သည့် အငြင်းပွားသည့်နိုင်ငံနှစ်နိုင်ငံမှ တိုက်ရိုက်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်း အငြင်းပွားမှု အားဖြေရှင်းခြင်းနည်းလမ်းနှင့် ပတ်သက်၍ မည်သည့်သဘောထားမျှ ဖေါ်ပြထားခြင်းမရှိရာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေငြာချက်သည် တောင်ပင် လယ်ပြဿနာတွင် ကြားနေသည့်မူဝါဒကို ဖေါ်ပြလျှက်ရှိပြီး တရုတ်တို့အကြိုက်တော့ မဖြစ်ခဲ့ပေ။ အငြင်းပွားနေသော နိုင်ငံ အချင်းချင်း ညှိနှိုင်းဖြေရှင်းကြရန်ဟူသော ကြေငြာချက်မျိုးသာ တရုတ်တို့အကြိုက်ဖြစ်ပေလိမ့်မည်။




တကယ်တမ်းဆိုလျှင် တောင်တရုတ်ပင်လယ်ပြဿနာ မပေါ်မှီကပင် မြန်မာပြည် အရပ်သားအစိုးရသစ်သည် တရုတ်နှင့် အမေရိကန် ဂျပန်တို့၏ ပိုမိုပြင်းထန်လာနေသော အားပြိုင်မှုကြားတွင် မြန်မာပြည်ရောက်နေသည်ကို ကောင်းစွာရောက်နေ သည်ကို ကောင်းစွာသဘောပေါက်ပုံရသည်။ တရုတ်နှင့်ဂျပန်တို့ အပြိုင်အဆိုင်ဖိတ်ခေါ်မှုများကြားတွင် အစိုးရသစ်၏ အဓိ ကပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တုတ်တုတ်မှ မလှုပ်သည်ကို တွေ့ရသည်။ အစိုးရသစ်တက်ပြီး ၃ လကျော်သည်အထိ မည်သည့်နိုင်ငံမှ အလည်အပတ်သွားခြင်းမရှိသကဲ့သို့ ထိုနိုင်ငံများနှင့် ထူးခြားသည့်ဆက်ဆံမှု ထူးခြားသည့် နိုင်ငံရေး စီးပွား ရေးသဘောတူညီမှု တခုမျှ မပြုသေးသည်ကို တွေ့ရသည်။ တရုတ်နှင့် အမေရိကန် ဂျပန်တို့ကြားတွင် တဖက်ဖက်က ရပ် ခြင်းသည် မြန်မာနိုင်ငံအတွက် အကျိုးမရှိ ကြားနေရေးဝါဒသည်သာ မြန်မာနိုင်ငံ အကျိုးဖြစ်ထွန်းမည်ဆိုသည်ကို အရပ် သားအစိုးရသစ်အနေနှင့် ကောင်းစွာသဘောပေါက်သကဲ့သို့ သတိကြီးစွာထား၍ ကိုင်တွယ်ချဉ်းကပ်နေပုံရသည်။

တောင်တရုတ်ပင်လယ်ပြဿနာသည် တောင်ပင်လယ်နှင့် ဆက်စပ်နေသောနိုင်ငံများနှင့် နိုင်ငံတကာအင်အားချိန်ခွင်လျှာအတွက် အရေးပါသော ပြဿနာတရပ်ဖြစ်သော်လည်း ကျွန်ုပ်တို့တိုင်းပြည်အတွက်တော့ တိုက်ရိုက်ဆက်စပ်နေသော ရှေ့ တန်းရောက်သောပြဿနာတော့ မဟုတ်ပေ။ လက်ရှိမြန်မာပြည်အနေအထားနှင့် တက်ကြွစွာပါဝင်ရန်လည်း သင့်မည်မ ဟုတ်ပေ။ကျွန်ုပ်တို့အတွက် ရှေ့တန်းရောက်သော အရေးပါသော ပြဿနာမှာ တရုတ်ပြည်နှင့် ကိုးကန့် တရုတ်ပြဿနာများ ကိုင်တွယ်ဖြေရှင်းရေးသာဖြစ်သည်။ တောင်တရုတ်ပင်လယ်ပြဿနာကတော့ မိမိတို့အတွက် ကြားနေရေးမူဝါဒကိုစမ်း သပ်ခြင်းဖြစ်နိုင်သည်။

● မြန်မာပြည်နှင့် တရုတ်ပြည်မကြီး
နယိနမိတ်ချင်းမိုင်ထောင်ချီ ဆက်နေသော ကျွန်ုပ်တို့နှင့်တရုတ်တို့ပြဿနာမှာ နိစ္စဓူဝပြဿနာဖြစ်သည်။ လူဦးရေလည်း သန်းထောင်ချီရှိ၍ တိုင်းပြည်ကြီးလည်းဖြစ်ကာ စီးပွားရေး စစ်ရေးအရ မိမိတို့ထက်များစွာတောင့် တင်းသည့် တရုတ်ပြည် အနေနှင့် မြန်မာပြည်အား၎င်းတို့၏ အနာဂါတ်သေနင်္ဂဗျူဟာအတွင်း ထည့်သွင်းရေးဆွဲထားရာ မြန်မာပြည်နှင့် ပတ်သက် သည့်တရုတ်တို့၏ပေါ်လစီသည် တက်တက်ကြွကြွ တွန်းတွန်းထိုးထိုး ဖြစ်မည်မှာအမှန်ပင်ဖြစ်သည်။ မြန်မာပြည်အဖို့တော့ မိမိအကျိုးစီးပွားကာကွယ်မူဝါဒဖြင့် မိမိတိုင်းပြည်အကျိုးဖြစ်ထွန်းမည့်အခြေအနေများကို တရုတ်မြန်မာဆက်ဆံရေးမှ ဖေါ် ထုတ် သွားရပေမည်။

တရုတ်နှင့်ကွန်ုပ်တို့ကြား များပြားသောပြဿနာများရှိသည်အထဲမှ တိုင်းပြည်အကျိုးငှာ လက်ငင်းကိုင်တွယ်ဖြေရှင်းရန် လိုသည်ဟုထင်သော အရေးပါသော ပြဿနာများကို ကောက်နှုတ်ဖေါ်ပြလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ တရုတ်ပြည် အနေနှင့် မြန်မာပြည်နှင့်ဆက်ဆံရာတွင် စီးပွားရေးအကျိုးစီးပွားသက်သက် အမြင်ဖြင့် ချဉ်းကပ်ကြည့်မြင်ခြင်းမပြုရန် ဆိုခဲ့ သော်လည်း တရုတ်တို့၏ မြန်မာပြည်အား ၎င်းတို့ သေနင်္ဂဗျူဟာအတွင်း ထည့်သွင်းထားခြင်းသည် စီးပွားရေးအကြောင်း အချက်က အဓိကကျပေသည်။

မြန်မာပြည်တွင်း၌လည်း ယခင်အစိုးရ၏သဘောတူထားသည့် လုပ်ငန်းများတွင် ခြံဝင်းကြီးများခတ်၍ သောင်းနှင့်ချီသော တရုတ်အလုပ်သမားများလုပ်ကိုင်နေကာ မြန်မာပြည်သူ သိရှိခွင့်မရသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများသည် ကျွန်ုပ်တို့မြန်မာပြည်ပြည်အတွက် အကျိုး ရှိ/မရှိ ဆန်းစစ်ကြဖို့ လိုပါသည်။

ပထမအချက်ကတော့ တရုတ်တို့၏မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပြဿနာဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်တို့က အများဆုံးဖြစ်သည်။ တရုတ်တို့၏ရင်းနှီးမြှုပ်နှံမှုများ၏ ၉၉ ရာခိုင်နှုန်းသည် မြန်မာပြည်၏ သဘာဝရင်းမြစ်များထုတ်ယူသုံးစွဲမှုပေါ်၌ အခြေပြုသည်။ ရေအားလျှပ်စစ်တွင် ၆၃ ရာခိုင်နှုန်း၊ ရေနံ သဘာ ဝဓါတ်ငွေ့နှင့် သတ္တုတူးဖေါ်ရေးတွင် ၃၆ ရာခိုင်နှုန်းရှိပြီး အခြားမြှုပ်နှံမှုမှာ ၁ ရာခိုင်နှုန်းသာ ရှိသည်။ သို့ဖြစ်ရာ တရုတ်တို့၏မြန်မာသယံဇာတများထုတ်ယူသုံးစွဲမှုတွင် ၉၉ ရာခိုင်နှုန်းရှိသော တရုတ်တို့၏ရင်းနှီးမြှုပ်နှံများမှ မြန်မာတို့ မည်မျှအကျိုးရှိ သည်ကို ပြန်လည်သုံးသပ်သင့်သည်။ နိုင်ငံတကာနှင့်ချုပ်ဆိုထားသော စာချုပ်စာတမ်းများကို အလေးထားရမည်ဖြစ်သော် လည်း ထိုစာချုပ်များ တိကျစွာကိုယ်တွယ် ကြပ်မတ်ခြင်း၊ အခြေအနေနှင့်လျော်ညီသည့် ပြန်လည်သုံးသပ်ချုပ်ဆိုမှုများလုပ် ရန် လိုအပ်ပေလိမ့်မည်။

၁။ ထိုလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်ထိခိုကမှု ရှိ/မရှိအား အစိုးရကကြပ်မတ်ရန်လိုသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများအား လိုက်နာမှုရှိစေရန် ထိမ်းကျောင်းကြပ်မတ်ရန်လိုသည်။

၂။ ထိုလုပ်ငန်းများမှ မြန်မာနိုင်ငံအတွက် ရရှိသည့် အကျိုးအမြတ်များရရှိမှု သင့်တင့်လျောက်ပတမှု ရှိ/မရှိ စိစစ်ရန်လိုသည်။

၃။ ထိုလုပ်ငန်းများကြောင့် ဒေသခံလူထု၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအား လျော်ကြေးပေးလျော်မှုအခြေအနေအား စိစစ်ပြီး အမြန်ဆုံးလျော်ကြေးငွေကိစ္စများအား ပြီးပြတ်အောင်ပြုလုပ်ပေးရမည်။

၎။ ထိုလပ်ငန်းများရှိရာဒေသများ၌ အစိုးရ ရင်းနှီးမြှုပ်နှံသည့်ကုမ္မဏီနှင့် အရပ်ဖက်လူ့အဖွဲ့စည်းများပေါင်း၍ သင့်တော်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရမည်။

၅။ ထိုလုပ်ငန်းများတွင် မြန်မာပြည်မှ အလုပ်သမားအချိုးအစားပါဝငမှုနှင့်ပတ်သက်၍ စီးမံခန့်ခွဲမှုပညာရှင် အတတ်ပညာ သည်များ ရိုးရိုးအလုပ်သမား စသည့်အစိတ်အပိုင်းအားလုံးတွင် မြန်မာပြည်သားများပါဝင်မှုကို စိစစ်မြှင့်တင်ရန် လိုသည်။

၆။ ယခုသဘောတူညီချက်ရရှိပြီး ဆောင်ရွက်ရန်ပြင်ဆင်နေ သည့် ကျောက်ဖြူစက်မှုဇုံနှင့်ပတ်သက်ပြီး မြန်မာပြည်အတွက် အကျိုးအမြတ်ရှိသည့် သဘောတူညီချက်များ ရရှိဆောင်ရွက်ရန်လိုသကဲ့သို မြန်မာပြည်သားများ အလုပ်ရရှိမှု အလုပ်ခန့် ထားမှုအားလည်း သေချာစွာ သတ်မှတ်ရန်လိုသည်။

၇။ မြန်မာပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံသောလုပ်ငန်းများတွင် မြန်မာပြည်သား အလုပ်ခန့်ထားမှုနှင့်ပတ်သက်၍ စီမံ ခန့်ခွဲမှုအပိုင်း၊ ပညာရှင်အပိုင်း၊ အတတ်ပညာသည်အပိုင်း သာမန်အလုပ်သမားအပိုင်းအားလုံး၌ ရာခိုင်နှုန်း ၈၅ အထိ ခန့် အပ်ရေးအတွက် ဥပဒေပြဌာန်းရန်လိုအပ်သည်။ စီမံခန့်ခွဲမှုပညာရှင် အတတ်ပညာအပိုင်းများ၌ ချက်ခြင်းခန့်ထားရန် မလွယ် ပါက မြန်မာပြည်သားများအား လေ့ကျင့်ပေးပြီး နှစ်ပိုင်းအလိုက် တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များ၌ မြန်မာပြည်သားများ ခန့်အပ်ရေးဥပဒေအား တိကျစွာ ရေးဆွဲပြဌာန်းရန်လိုသည်။ မြန်မာပြည်သားခန့်ထားမှု သတ်မှတ် မှုအား ယေဘုယျသာသတ်မှတ်ပါက အချို့က အောက်ခြေ လစာနည်းဝန်ထမ်းတွင်သာ မြန်မာတို့အား ခန့်အပ်လေ့ရှိရာ မြန် မာပြည်မှပညာတတ်များ အလုပ်အကိုင်မရနိုင်သည့်ပြင် ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာပြည်သားတို့ မည်သည့် အတတ်ပညာမှ မရ ဖြစ်သွားမည်။

၈။ ထိုသို့ဥပဒေပြုရေးသည် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတိုင်းနှင့်ဆိုင်သကဲ့သို့ တရုတ်တို့နှင့်လည်း အဓိကသက် ဆိုင်သည်။ လက်ရှိ တရုတ်တို့လုပ်ကိုင်နေသည့် တကောင်းနီကယ် ထုတ်လုပ်မှု၊ လက်ပတောင်းတောင်ကြေးနီထုတ်လုပ်မှု ၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းတို့တွင် တရုတ်ပြည်မှ အလုပ်သမား သောင်းနှင့်ချီ၍ လာရောက် အလုပ်လုပ်နေကြပြီး မြန်မာအလုပ်သမားများ အလုပ်အကိုင်ရရှိမှု နည်းပါးသည်။ ထို့ပြင် အလုပ်ရသော မြန်မာ ပြည်သားအချို့မှာလည်း အောက်ခြေလစာနည်း အလုပ်ကြမ်းသမားသာများပြီး စီမံခန့်ခွဲမှုပညာရှင် အတတ်ပညာသည်များ အလုပ်အကိုင်ရရှိမှု လွန်စွာနည်းပါးသည်။

၉။ မကြာမီကထုတ်ပြန်တဲ့ တရုတ်ပြည် ဘေကျင်းမြို့တော်အခြေစိုက် GlobalEnvirronmental Institute ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်သိပ္ပံမှ သုတေသီ ၃ ဦးရေးသားသော Chinese Investment in Myanmar မြန်မာပြည်မှ တရုတ်ရင်း နှီးမြှုပ်နှံများဆိုသည့် ၄၅ မျက်နှာစာတမ်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့စည်းထိခိုက်မည့်အန္တရာယ်အား တရုတ် ကုမ္ပဏီများ သဘောပေါက်သော်လည်း လက်တွေ့အကောင်အဖေါ်သောဘက်တွင် မထိရောက်ဟု သုံးသပ်ထားသည်။ မြန်မာနှင့်ဖက်စပ်လုပ်ကိုင်သော တရုတ်ကုမ္ပဏီများကတော့ မြန်မာဖက်မှ တာဝန်ယူကြရမည်ဟုယူဆပြီး မြန်မာပြည်က အရပ်ဖက်အဖွဲ့အစည်းတွေကို တရုတ်ကုမ္ပဏီများက မကိုင်တွယ်တတ်ခြင်းကြောင့်လည်း တရုတ်ဆန့်ကျင် ရေးပြင်းထန်ရ သောအကြောင်းဟု ဆိုသည်။ အရပ်ဖက်အဖွဲ့အစည်းများနှင့် သဟာဇာတဖြစ်ရေးဟာ တရုတ်ကုမ္ပဏီများ၏ ရည်ရွယ်ချက် ဖြစ်သင့်ကြောင်း အဆိုပါစာတမ်းတွင် သုံးသပ်ထားသည်။

၁၀။ အထက်ပါ စာတမ်းအရ တရုတ်တို့သည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍အဆင်ပြေရန် သုံးသပ်လုပ်ကိုင်မှု များရှိလာသည်ကို တွေ့ရသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့်ပတ်သက်၍ မြန်မာဖက်ကသာတာဝန်ယူရမည်ဆိုသည်မှာ သဘောတရားအရလွဲချော်သည်။ ပူးပေါင်းတာဝန်ယူရမည်။ ထို့အတူ မြန်မာပြည်ဘက်ကလည်း လာဘ်ပေး လာဘ် ယူကိစ္စများကို တိကျစွာကိုင်တွယ်ရန်လိုသည်။ လျော်ကြေးကိစ္စရှင်းရန် လာဘ်ယူပြီး မရှင်းဘဲထားသော တာဝန်ရှိသူများကို အရေးယူရန်လိုသည်။ တရုတ်တို့အနေနှင့် အလားတူသုံးသပ်သကဲ့သို့ မြန်မာပြည်သားများ အလုပ်ကိုင်ခန့်ထားရေးပြဿ နာအား သုံးသပ်နားလည်လာစေရန် မြန်မာပြည်မှ တွန်းအားပေးရန်လိုအပ်သည်။

ဒုတိယအချက်အနေနှင် တရုတ်တို့၏ ပိုးလမ်းခါးပတ်နှင့်ပတ်သက်၍ဖြစ်သည်။ မြန်မာပြည်ကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ဖောက်ထွက်မည့် တရုတ်တို့၏ အနောက်သွား ပိုးလမ်းခါးပတ်စီမံကိန်းတွင် မြန်မာပြည်သည် အရေးပါသောအနေအထား တွင်ရှိသည်။ ထိုကြောင့်လည်း မြန်မာနှင့်ဆက်ဆံရာတွင် တရုတ်တို့ သွက်လက်သက်ဝင် (active) နေခြင်းဖြစ်သည်။ အဆို ပါစီမံကိန်းအရ ကျောက်ဖြူမှ တရုတ်နယ်စပ်အထိ ရထားလမ်း၊ ကားလမ်းဖောက်လုပ်သွယ်တန်းရန် လိုအပ်သည်။ အဆို ပါစီမံကိန်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကြည့်မြင်ရန် လိုအပ်သည်မှာ မိမိတိုင်းပြည်အတွက် မည်မျှအကျိုးရှိမည်နည်းဆိုသည့်အချက်ကအဓိကဖြစ်သည်။ ၎င်းစီမံကိန်းကိုလက်ခံလျင်သတိပြု ရန်လိုသည်များသာရှိသည်။

၁။ ထိုလမ်းမ ဖောက်လုပ်ရေးနှင့်ပတ်သက်ပြီး လုံလောင်ခိုင်မာသည့် မြန်မာတို့၏ရေရှည်အကျိုးစီးပွားအတွက် အာမခံချက် ရှိရန်။

၂။ ထိုလမ်းများဖောက်လုပ်မှု သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထု ထိခိုက်မှုများအား ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် အချိန်နှင့်တပြေးညီရရှိရန်။

၃။ ထိုလမ်းပိုင်းများအား ထိမ်းချုပ်ခွင့်သည် မြန်မာအစိုးရလက်ဝယ်တွင်ရှိပြီး မြန်မာအချုပ်အခြာအာဏာထိပါးခြင်း မရှိစေ ရန်။

၎။ ထိုလမ်းပိုင်းများတွင် ဖြတ်သန်းသွားလာသော တရုတ်ကုန်စည်များကြောင့် ပတ်ဝန်းကျင်နှင့်ဒေသခံတို့အား ထိခိုက်မှု ရှိ ပါက လုံလောက်သောအာမခံမှုအား တရုတ်တို့ကပေးရန်။

၅။ ဘေးအန္တရယ်ရှိသော ပစ္စည်းများဖြတ်သန်းခွင့်မပြုရန်။

၆။ အဆိုပါ လမ်းကြောင်းများဖေါက်လုပ်ရာတွင်၎င်း ၎င်းလမ်းကြောင်းများထိမ်းချုပ်မောင်းနှင်ရာတွင်လည်းကောင်း၊  မြန်မာ ပြည်မှ အလုပ်အကိုင်ရရှိမှု အဆင့်အားလုံးတွင် ၈၅ ရာခိုင်နှုန်း အနည်းဆုံးရရှိရန်။

၇။ လုပ်ငန်းဆိုင်ရာသဘောတူညီချက်များကို လွှတ်တော်တွင် တင်သွင်းအတည်ပြုရန်နှင့် လွှတ်တော်မှလိုအပ်သည့် ဥပဒေ များ ပြဌာန်းရန်။

၈။ တိုင်းပြည်အကျိုးစီးပွားကို ရောင်းစားပြီး လာဘ်ယူ၍ ကိုယ်ကျိုးစီးပွားရှာသည့် တာဝန်ရှိသူများအား ပြတ်ပြတ်သားသား အရေးယူရန်။

သို့ဖြစ်ရာ တရုတ်တို့သေနင်္ဂါဗျူဟာ စီးပွားရေးရည်မှန်းချက်တွင်ကျွန်ုပ်တို့ တိုင်းပြည်အတွက် အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုပေသည်။

တတိယအချက်နှင့် တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာပြည်မှ တားမြစ်ထားသည့် ကုန်ပစ္စည်းများအား မြန်မာ ကုန်သည်များက မှောင်ခိုထုတ် ရောင်းချနေခြင်းကို ဖြေရှင်းရန်အတွက် ပူးပေါင်းနည်းလမ်းရှာကြရန်လိုအပ်သည်။

ဤသည်တို့ကား လက်ရှိ တရုတ်မြန်မာမာဆက်ဆံရေးတွင် ကျွန်ုပ်တို့ တိုင်းပြည်အတွက်အရေးကြီးသော ပြဿနာဖြစ်ပေ သည်။ ဤကား စီးပွားရေး ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ရေးပြဿနာဖြစ်သည်။ တောင်တရုတ်ပင်လယ်တွင်း တရုတ်တို့ စိုးမိုးထက် လက်တွေ့ကျသော ဖြေရှင်းရန်လိုအပ်သော မြန်မာ့ပြည်တွင်းမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သည့် ဆက်လက် တိုးချဲ့ မြှုပ်နှံရန်လည်း ကြိုးစားနေသည့် တရုတ်တို့၏စီးပွားရေးလုပ်ငန်းကြီးများအား ကောင်းမွန်စွာဖြင့် တိုင်းပြည်အတွက် အကျိုးရှိစေရန် ထိမ်းကြောင်းနိုင်ရေးပြဿနာဖြစ်သည်။ ကျွန်ုပ်တို့အတွက် တောင်ပင်လယ်ထက်အရေးပါသည့်လက်တွေ့ကျသည့် ပြဿနာဖြစ်ပေသည်။

တရုတ်တို့က တရုတ်တို့၏အကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်ခြင်းသည် သဘာဝကျသကဲ့သို့ ကျွန်ုပ်တို့ မြန်မာပြည်သား များအနေနှင့်လည်း မိမိတို့တိုင်းပြည်အကျိုးစီးပွားအတွက် စဉ်းစားလုပ်ကိုင်ခြင်းသည်လည်း ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စဖြစ် ပေသည်။

နောက်ပြဿနာတခုကတော့ တရုတ်တို့နှင့်ဆက်နွယ်ပတ်သက်နေသည့် နိုင်ငံရေးပြဿနာ နယ်စပ်ပြဿနာ ကျွန်ုပ်တို့၏ ငြိမ်းချမ်းရေး ပြဿနာဟု ဆိုရပေမည်။

ဆက်လက်ဖေါ်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)

photo တကောင်း နီကယ်စက်ရုံ

ကာတွန်း တော်တော်တည် - မ၀ါးတော့ပါဘူး

$
0
0


ကာတွန်း တော်တော်တည် - မ၀ါးတော့ပါဘူး
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

ကျော်မောင်(တိုင်းတာရေး) - ကျော်သွားခဲ့သော အပိုင်းများ

$
0
0


ကျော်မောင်(တိုင်းတာရေး) - ကျော်သွားခဲ့သော အပိုင်းများ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

ဖတ်ပြီးသား စာအုပ်တစ်အုပ်ကို ပြန်လည်ဖတ်ရှုမိသောအခါမှ သတိထားမိလေသည်။ ထိုအရာမှာ ယခင်ဖတ်တုန်းက သေသေချာချာမဖတ်ဖြစ်ခဲ့ဘဲ ကျော်သွားခဲ့သော အပိုင်းများ ဖြစ်သည်။ ထိုတစ်ခေါက်တုန်းက အဘယ်အကြောင်းကြောင့် မဖတ်ဘဲ ကျော်လွှားသွားခဲ့ရပါသနည်း။ ဆန်းစစ်ကြည့်ရာမှ အဖြေတစ်ခုထွက်လာသည်။ ပထမတစ်ခါဖတ်စဉ်က နားမလည်သောကြောင့် ရှည်ရှည်ဝေးဝေး မတွေးတောတော့ဘဲ ကျော်ကာ ဖတ်ရှုခဲ့ခြင်းဖြစ်ကြောင်း တွေ့လာရခြင်းပင်။ ယခု ဖတ်သောအခါ ကျော်ခဲ့သော ထိုအပိုင်းသည် အရေးပါသော အပိုင်းဖြစ်နေကြောင်းတွေ့ရသည်။

ရုပ်ရှင်ကားဟောင်းတစ်ကားကို အပျင်းပြေပြန်ကြည့်မိသည်။ ကြည့်ဖူးသည့်အတွက် ဘယ်အပိုင်းပြီးလျှင် ဘယ်အပိုင်း၊ ဘယ်ဇာတ်ကွက်ပြီးလျှင် ဘယ်ဇာတ်ကွက်လာမည်ဆိုသည်ကို ကြိုသိနေသည်။ ပြန်ကြည့်နေရင်းမှာပင် ဇာတ်ကောင်တစ်ယောက်ပြောသော စကားက အသစ်အဆန်းကဲ့သို့ဖြစ်နေပြန်သည်။ ကြည့်ခဲ့တုန်းကလည်း ထိုစကားပြောခန်းကို နားထောင်ခဲ့ဖူးသည်။ သို့သော် ထိုအခါက ယခုလိုမျိုး အမြင်မရခဲ့။

စွဲခဲ့ဖူးသော ကဗျာတစ်ပုဒ်ကို အခေါက်ခေါက်အခါခါ ပြန်ဖတ်မိပြန်သည်။ ရရှိလာသော စာပေအရသာသည် မပြောင်းလဲ။ သို့သော် ထိုကဗျာဖတ်ရင်း ဖြစ်ပေါ်လာသော အတွေးအမြင်အယူအဆများကား ပြောင်းလဲသွားခဲ့ပေသည်။

အခေါက်ခေါက်အခါခါ သီဆိုခဲ့ဖူးသော သီချင်းတစ်ပုဒ်ကို ဂစ်တာဟောင်းလေးဖြင့် ပြန်လည်တီးခတ်မိသည်။ ထိုသီချင်းဖြစ်ပေါ်လာပုံအကြောင်းနှင့် သီချင်းစာသားပါ အကြောင်းအရာများအား ရှင်းပြထားသည့် ဆောင်းပါးတစ်ပုဒ်ကို မကြာမီကာလက ဖတ်လိုက်ရသည်။ ယခုတစ်ဖန် ပြန်လည်သီဆိုချိန်တွင် သီချင်းနောက်ခံအကြောင်းအရာနှင့် စာသားအဓိပ္ပါယ်တို့၏ နက်ရှိုင်းလေးနက်မှုတို့ကို သိရှိသွားခဲ့ပြီဖြစ်သည့်အတွက် သီဆိုတီးခတ်ရသည်မှာ အရင်အခါများနှင့်မတူဘဲ တစ်မူထူးခြားသွားခဲ့ပြန်သည်။

ဆယ်ကျော်သက်ကာလများဆီကို အမှတ်ရမိသည်။ အသစ်အဆန်းဟူသမျှကို သိချင်သည်၊ စူးစမ်းချင်သည်။ ထိုအရွယ်တွင် နာမည်ကျော်စာရေးဆရာကြီးတစ်ယောက်ဘာသာပြန်သော တက်ကျမ်းစာအုပ်တစ်အုပ်ကို လက်ကမချဘဲ စွဲစွဲမြဲမြဲဖတ်ရှုခဲ့သည်။ ကြိုက်နှစ်သက်သော စာသားများကို မျဉ်းသားကာ မှတ်သားသည်။ ထိုဘာသာပြန်တက်ကျမ်းတွင် တစ်ချို့သော အပိုင်းများကို မည်သို့ပင်ဖတ်ဖတ်၊ အထပ်ထပ်အခါခါဖတ်သော်လည်း နားမလည်ခဲ့သောကြောင့် ကျော်လွှားခဲ့ရသည်များလည်း ရှိသည်။

လူလတ်ပိုင်းအရွယ်ရောက်လာသည့်အခါ ထိုစာအုပ်အား ပြန်လှန်ဖတ်ရှုကြည့်ပြန်သည်။ ယခင်ကလောက် တက်တက်ကြွကြွဖြင့်ဖတ်ချင်စိတ် မရှိတော့။ သို့သော် စိတ်မပါတပါဖြင့် ဖတ်နေရင်းမှာပင် ယခင်က နားမလည်ခဲ့သောအပိုင်းများကို ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ်သားသား နားလည်လာကြောင်း တွေ့ရသည်။

ပညာရပ်တစ်ရပ်ကို လေ့လာနေစအခါတွင် ထိုပညာရပ်နှင့် သက်ဆိုင်သောဂျာနယ်ဆိုသည်ကို စတင်မြည်းစမ်းဖတ်ရှုကြည့်မိသည်။ ပါဝင်သော ဆောင်းပါးအားလုံးနီးပါးသည် ကိုယ်နှင့်မဆိုင်သလိုဖြစ်နေလေသည်။ အကြောင်းအရာတွေမှာ သုတများဖြစ်နေသည့်အပြင် ဖတ်သောအခါ ထိုထိုဘာသာရပ်များနှင့် အတော်အလှမ်းဝေးနေကြောင်း အကဲခတ်မိသည်။ ကျော်သွားရင်း ကျော်သွားရင်းဖြင့် ပေါ့ပေါ့ပါးပါးပြန်ရေးထားသော အင်တာဗျူးဆောင်းပါးမျိုးကိုသာ ဖတ်နိုင်ခဲ့သည်။ ထိုအထဲတွင်ပင် ပညာရပ်ဆိုင်ရာအမေးအဖြေတွေပါလာသောအခါ တွေးရခက်သောကြောင့်၊ လိုက်မမီသောကြောင့် ကျော်သွားခဲ့ရပေသည်။

နှစ်နှစ်ကျော် သုံးနှစ်နီးပါးကြာသောအခါ ထိုဂျာနယ်မျိုးအား ပြန်လည်ဖတ်ကြည့်မိသည်။ ထိုအခါမှ မည်သည့်ဆောင်းပါးက မည်သည်ကို ဆိုလိုကြောင်းမြင်တွေ့နားလည်သွားသည်။

စာပေဖတ်ရှုရာတွင် တချို့၏ စွဲနေသော အယူအဆများကို လေ့လာမိသည်။ ဒီအရွယ်နှင့် ဒီကလေး ဒီစာကို ဖတ်ရင် နားမလည်နိုင်ဘူးဆိုသည့် အစွဲဖြစ်သည်။ ထိုထိုစာတွေက အလွန်မြင့်သည့်အတွက် မဖတ်သင့်သေးဟု တားဆီးပိတ်ပင်မှုတွေရှိသည်။ ဆယ်ကျော်သက်ပိုင်း မရောက်သေးသော ကလေးသူငယ်တစ်ယောက် ဂန္ထ၀င်စာအုပ်တစ်အုပ်ကို ဖတ်နေလျှင် စာကြီးပေကြီးတွေဖတ်လှချည်လားဟု ပြောကြဆိုကြသည်။ ထိုကလေး၏ လူကြီးသူမတွေကို သတိပေးကြသည်။

အမှန်မှာ ထိုကလေးများသည် စာကြီးပေကြီးများကို ဖတ်ရာတွင် သူတို့အတွက် အလွန်အမင်းမြင့်နေခြင်းမှာ မှန်နိုင်ပါသည်။ အကောင်းဆုံးမှာ သူ့အရွယ်နှင့်သူ့စာ အံဝင်ခွင်ကျ ဖတ်ရှုစေလျှင် သင့်တော်ပါသည်။ အကယ်၍ စာကြီးပေကြီးများကို မြည်းစမ်းဖတ်ရှုနေသည်ကို တွေ့ပါကလည်း ပူပင်စရာမလိုပါ။ သူတို့နားလည်သမျှလောက်ကိုသာ သူတို့ဖတ်သွားမည်ဖြစ်ပါသည်။ နားမလည်သောအပိုင်းများကို ထိုကလေးမှ ကျော်ဖတ်သွားသည်ကို လူကြီးတွေ မသိနိုင်။ ကျော်သွားသော အပိုင်းများကို နားလည်နိုင်သည့်အရွယ်တွင် နားလည်သွားပါလိမ့်မည်။

မှတ်မှတ်ရရ ကြုံဖူးသည့် အတွေ့အကြုံတစ်ခုရှိသည်။ စာမေးပွဲတစ်ခုအတွက် သူငယ်ချင်းများနှင့်စုပေါင်းကာ တွက်ကြချက်ကြသော အခါကဖြစ်သည်။ ပုစ္ဆာတွေကို တစ်ပုဒ်ပြီးတစ်ပုဒ်တွက်လိုက်၊ ရှင်းလိုက်၊ ငြင်းလိုက် ခုံလိုက်နှင့် အတော်ပျော်စရာကောင်းသောအချိန်။ ပျော်စရာနှင့်အတူ စိုးရိမ်စိတ်က ကပ်ခိုလျက် ပါနေကြောင်း တွက်ရင်းတွက်ရင်းနှင့် သတိထားလာမိသော ကာလလည်း ဖြစ်သည်။ အချိန်က တစ်ညပဲရသည်။ ဒီတစ်ညမှာ ပြန်လည်လေ့ကျင့်စရာများ၊ ပြန်လည်နွှေးလိုသည်များ ပြီးမှ ပြီးပြတ်နိုင်ပါ့မလား ဟူသော စိုးရိမ်စိတ်ဖြစ်သည်။

သင်ခန်းစာ အခန်းနှစ်ခန်းလောက် တွက်အပြီးတွင် အနည်းငယ်ပင်ပန်းသွားသောကြောင့် ကြမ်းပြင်ပေါ်တွင် လဲလျောင်းကာ တခဏ အနားယူလိုက်သည်။ စာကြည့်ဖော်ဖြစ်သော ကျန်သုံးယောက်က ဇွဲကြီးကြသည်။ ဆက်လက်တွက်ချက်နေကြသည်။ ပုစ္ဆာတစ်ပုဒ်ကိုတွက်နေကြရာ အဖြေက ရှိသော်လည်း ဘယ်သို့ဘယ်ပုံ ထိုအဖြေရသည်ကို သုံးယောက်စလုံးရှာလို့မရကြ။ အကူအညီပေးနိုင်လို ပေးနိုင်ငြား ထကာကြည့်သောအခါ ကိုယ်တိုင်လည်း မဖြေရှင်းနိုင်ခဲ့။

လေးယောက်တွင် သုံးယောက်က မရသောထိုအပုဒ်ကို ချန်ကာ ကျော်သွားကြမည်၊ ရှေ့ဆက်သွားကြမည်ဟု အကြံပေးသည်။ တစ်ယောက်သောသူက ဒီပုစ္ဆာကိုပဲ မရမက ရအောင်တွက်ကြမည်ဟု ဆိုလာသည်။ ကျော်မသွားချင်။ ကျန်သူများက ဖျောင်းဖျသည်။ ဒီပုစ္ဆာကြောင့် အချိန်ကုန်မည်၊ စာမေးပွဲကလည်း နီးနေပြီ၊ အချိန်တိုအတွင်းမှာ ကျန်အပိုင်းများကို ပြီးအောင်လုပ်နိုင်ဖို့ လိုသည်။ ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကြောင့် တစ်ခြားကြည့်ရမည့်အပိုင်းတွေ လွတ်သွားနိုင်သည်။ ထို့အပြင် မရသောဤအပုဒ်လိုမျိုးက စာမေးပွဲမှာ မေးမည် မမေးမည်က မသေချာ။

ထိုအခါ ကျော်မသွားချင်သောသူက ယခုလို အကြောင်းပြသည်။ သူ့တွင် အစွဲတစ်ခုရှိကြောင်း၊ ထိုအစွဲမှာ တစ်ခုခုလေ့လာသည့်အခါ ဘယ်အရာကိုမှ ကျော်မသွားချင်သည့် အစွဲဖြစ်ကြောင်း၊ ငယ်စဉ် အတန်းကျောင်းဘ၀မှာကတည်းက နားမလည်သည်ကို နားလည်အောင်လုပ်ရင်းဖြင့် တစ်တန်းပြီး တစ်တန်းဖြတ်ကျော်ခဲ့သူဖြစ်ကြောင်း၊ ယခုလည်း အခက်အခဲတွေ့နေသောပုစ္ဆာကို မဖြစ်ဖြစ်အောင် ဖြေရှင်းပြီးမှသာ ရှေ့ဆက်သွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။

နောက်အကြောင်းပြချက်တစ်ခုမှာ အကယ်၍ မေးခွန်းတွင် ယခုမဖြေရှင်းနိုင်သော ပုစ္ဆာပါလာပါက မည်သို့လုပ်ကြမည်နည်းဟု ဖြစ်သည်။ ဤသို့ဖြင့် ကျော်သွားပြီးရှေ့ဆက်သွားမည်ဟု ပြောဆိုသူနှင့် ဒီပုစ္ဆာကိုပဲ မရရအောင်တွက်မည်ဟု တောင်းဆိုသူတို့ အချေအတင်ဆွေးနွေးညှိနှိုင်းနေကြသည်။ နောက်ပိုင်းဘယ်လိုဖြစ်သွားသည်မသိ၊ ထိုညတွင် အိပ်ရေးကောင်းကောင်းဝသွားသည်က အမှန်ပင်ဖြစ်သည်။

လွန်ခဲ့သော နှစ်ကာလများဆီက ကျော်သွားခဲ့သော အပိုင်းများကို ပြန်လည်သုံးသပ်ကြည့်မိသောအခါ တစ်ချို့ကို လွယ်ကူသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို ခက်ခဲသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို စိတ်မ၀င်စားသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို နောက်မှ ရှင်းထုတ်မည်ဟု တေးမှတ်ထားသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို တတ်သိနားလည်သူများထံ မေးမည်ဟု ကြံသောကြောင့် ကျော်ခဲ့သည်။ တစ်ချို့ကို တတ်သိနားလည်သူများမှ ဖြေကြားသော်လည်း နားမလည်နိုင်သေးသောကြောင့် ကျော်ခဲ့သည်။

ဤသို့ ကျော်ခဲ့သည်များသည် တန်ဖိုးရှိသည်လည်း ဖြစ်သည်၊ တန်ဖိုးမဲ့သည်လည်း ဖြစ်သည်၊ တန်ဖိုးမသိသည်လည်း ရှိသည်၊ တန်ဖိုးသိသည်လည်း ရှိသည်။

ကျော်သွားခဲ့သောအပိုင်းများသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးဝင်လာကောင်း ၀င်လာနိုင်သည် မ၀င်လာနိုင်သည်ဆိုသည်ကိုမူ မည်သူမျှ တပ်အပ်သေချာ ပြောပြနိုင်မည်မဟုတ်ပါချေ။

နီဇူလိုင် - "နှစ်လကြာရှည် ခါရာသီ ရွှေ့ပေမဲ့..."

$
0
0



နီဇူလိုင် - "နှစ်လကြာရှည် ခါရာသီ ရွှေ့ပေမဲ့..."
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

ဇူလိုင် မိုးတွေ တဖွဲဖွဲ စွေနေတဲ့ ကလေး ဘ၀တနံနက်မှာ ဖေဖေ့ စက်ဘီးဘားတန်း လေးပေါ်မှာ ထိုင်ရင်းပေါင်းတည် မြို့ရဲ့ အာဇာနည်နေ့ အခမ်းအနား တခုကို စတင် မြင်ဖူးခဲ့ ပါတယ်။ မြို့လည် ဈေးရှေ့ က အာဇာနည်ကျောက်တိုင်မှာ ပန်းခွေ ရောင်စုံလှိုင်း ထလို့။ ကျောင်းသူ ကျောင်းသားတွေ၊ ၀န်ထမ်းတွေ၊ ဈေးသူ ဈေးသားတွေ က အလှည့်ကျ ဦးညွှတ် ဂုဏ်ပြုကြ။ ဘင်ခရာတီးဝိုင်းရဲ့ ခရာ မှုတ်သံက လွမ်းလွမ်း ဆွတ်ဆွတ် ကြေကြေ ကွဲကွဲ။ ဟိုး- တိုင်ထိပ်က ၀မ်းပမ်းတနဲ လျောဆင်း လာတဲ့ နိုင်ငံတော် အလံက တဖျပ်ဖျပ် တုန်ခါ နေတာကို ကြည့်ရင်း ဘာမှန်းမသိ ဆို့နစ် ရှိုက်ငင်မိ။ အာဇာနည်နေ့
အခမ်းအနားကို လိုက်ပြတဲ့ ဖေဖေက ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီး တွေ အကြောင်း ပြောပြတော့ နှမျော တသ စိတ်တွေ တဖွားဖွား။

နံနက် ၁၀နာရီ ၃၇မိနစ် မှာ တမြို့လုံး မှာရှိတဲ့ ဆန်စက်ကြီးတွေ၊ အထည်စက်ကြီးတွေရဲ့ ဘွိုင်လာ ဥသြ မှုတ်သံကြီး တွေက ရုတ်တရက် ပြိုင်တူ ဆွဲဆွဲ ငင်ငင် ရှိုက်ငို လိုက်ကြ သလို။ လမ်းမ ပေါ်မှာ ရှိတဲ့ ကားတွေ အားလုံး ဟွန်းတွေ သံရှည် ဆွဲရင်း ရပ်တန့်ကြ။ လမ်းသွား လမ်းလာ အားလုံး ခေတ္တ ခဏ
ရပ်တန့်ကြ။

ညဘက်မှာတော့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်မှာ မီးရောင်စုံ ထွန်းညှိလို့ ။ ဗိုလ်ချုပ် အောင်ဆန်းရဲ့တိုတို ပြတ်ပြတ် အသံနဲ့ မိန့်ခွန်း တွေကို ဖွင့်လို့။ တမြို့လုံး ကြေကြေ ကွဲကွဲ။ တနိုင်ငံလုံး ကြေကြေ ကွဲကွဲ။ ည-၈နာရီ သတင်းအပြီးမှာ မြန်မာ့ အသံ ရေဒီယိုက လွှင့်တဲ့ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း တွေကို မောင်နှမ တတွေ နားထောင်ရင်း မျက်ရည် မဆည် နိုင်တာတွေ၊ အဆိုတော်ကြီး ဒေါ်မေလှမြိုင်ရဲ့ အာဇာနည်နေ့ သီချင်းသံကို နားဆင်ရင်း ရှိုက်ငင် ကြေကွဲခဲ့ တာတွေ။
အို--မနေ့တနေ့ ကလို ပါဘဲ လား။

ဒီနေ့တော့ ရာဇ၀င် ရိုင်းခဲ့ ပြီကော။


၁၉၈၉-ခု ဇူလိုင်လ (၂၀ )ရက်နေ့

ဒီညမှာ.. ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ် အကျယ်ချုပ် တားဆီးမိန့် ထုတ် ခဲ့ပြီကော။ ပြစ်မှုက (၄၂) နှစ်မြောက် အာဇာနည်နေ့ မှာ မတရား ချုပ်ချယ် ကန့်သတ်ချက် တွေကို ဖီဆန်ပြီး၊ ပြည်သူလူထုနဲ့ အတူ အာဇာနည် ဗိမာန်ကို ချီတက် အလေးပြုဘို့ ဆုံးဖြတ်ချက် ချခဲ့လို့ပါဘဲ။ ဗမာ တပြည်လုံးနဲ့ ရန်ကုန်မြို့ရဲ့ အာဇာနည်နေ့ အကြိုတင်းမာမှု တွေဟာ ကျမတို့ မြို့ကလေးကိုလည်း ဂယက် ထခဲ့ ပါတယ်။

အာဇာနည်နေ့မှာ ပါတီ အဖွဲ့အစည်းတွေ တဖွဲ့ကို လူ(၂၀)ဘဲ ချီတက် ရမယ်လို့ ကန့်သတ် ထားပေမဲ့ ကိုယ့် ခေါင်းဆောင်ရဲ့ လမ်းစဉ် အတိုင်း မြို့ကလေးရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်တွေဟာ မတရားတဲ့ အမိန့် အာဏာ ဟူသမျှကို တာဝန်အရ ဖီဆန် ကြပါပြီ။ လူ(၂၀၀)ကျော် ပါဝင်တဲ့ အဖွဲ့ဝင် တွေဟာ ပန်းနီနီ
တွေနဲ့ အဖွဲ့ချုပ် အလံ ပုံစံဖော်ကျူးထားတဲ့ ပန်းအလံကြီးကို ကိုင်ဆောင်လို့ မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် ရှိရာ ချီတက် လာကြပါပြီ။ လမ်းဘေး ၀ဲယာ တလျှောက်က အားပေး နေတဲ့ ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားထဲမှာ ကျမဟာ နေမကောင်းတဲ့ ကြားထဲက စီးမျော ပါဝင်
သွားမိ ပါပြီ။

မြို့လေးရဲ့ အာဇာနည် ကျောက်တိုင် သွားရာ လမ်းမှာ မီးရထား သံလမ်းဂိတ် တခုကို ဖြတ်ရတယ်။ အိုး-ရထား တံခါး ပိတ်ထား ပါလား။ဥသြသံ မြည်ပြီး မီးရထားကြီး ၀င်လာ ပါတယ်။ အဖွဲ့ဝင် တွေ ချီတက် လာတဲ့ လမ်းရှေ့မှာ မီးရထားကြီးက ကန့်လန့်ဖြတ် အနေအထားနဲ့ ရပ်လိုက် ပါရော။ ဒါပေမဲ့ ရထား
စက်ခေါင်း မောင်း သမားကြီးက ချီတက်လာတဲ့ လူတန်းကြီးနဲ့ အဖွဲ့ချုပ်ရဲ့ ပန်းအလံကြီးကိုမြင်လိုက်တဲ့အခါမှာ ဥသြ တချက် ထပ်ဆွဲပြီး ရထားကြီးကို နောက်ပြန် ဆုတ် သွားပါတယ်။ အဖွဲ့ချုပ် ခေါင်းဆောင်က လူအုပ်ထဲက ထွက်လာပြီး ရထားလမ်း တံခါးထိန်းဆီ သွားပြီး တံခါး ဖွင့်ပေးပါလို့ ပြောတော့ သူက ရထား ရှိနေတယ်လို့ ပြန်ပြော ပါတယ်။ ဒီအချိန်မှာ စက်ခေါင်း မောင်း သမားကြီးက ခေါင်းတွဲထဲက ပြေးဆင်းလာပြီး ``ဟေ့- ဖွင့်ပေးလိုက်..မောင်းတဲ့ ငါမရှိဘဲ
ရထား မထွက်ဖူးကွ´´ဆိုတော့မှ ရထား တံခါး ပွင့်သွား ပါတယ်။ အဲဒီတော့မှ လူတန်းကြီးက အရှိန်မပျက် ဆက်လက် ချီတက် သွားချိန်မှာ လမ်းဘေး တလျှောက်က ပရိသတ်ရဲ့ လက်ခုပ်သံ တဖြောင်းဖြောင်း ညံသွားပါတော့တယ်။

အာဇာနည် ကျောက်တိုင် ရှေ့မှာတော့ တခြား အဖွဲ့တွေရဲ့ ပန်းခွေတွေ ချထားနှင့် ပါပြီ။ မဝေးသေးတဲ့ လှုပ်ရှားမူ အရှိန်အဟုန်တွေ နဲ့..ပြည်သူလူထု ရဲ့ အားပေး မူ.. အဖွဲ့ချုပ် ရဲ့ အင်အား တွေကြောင့် တဖက်
အာဏာပိုင် တွေက လေးစားမှု ရှိတော့ ဘာမှ ကန့်ကွက်မှု မရှိဘဲ အေးအေး ဆေးဆေး ပန်းခွေ ချခဲ့ ရပါတယ်။

 ++++++++

(၁၉၉၀) (၄၃) နှစ်မြောက် အာဇာနည်နေ့-

အဲဒီနှစ်က စလို့.. မြို့ကလေးရဲ့ အာဇာနည် ကျောက်တိုင် လေးဟာ အချုပ်ကျ တော့ တာပါဘဲ။ အာဇာနည် ကျောက်တိုင် နားကို ဘယ်သူမှ ပန်းခွေချလို့ မရအောင် (၁၈)ရက်နေ့ ညကတည်းက ပီနံကြိုး ကြီးတွေနဲ့ လမ်းကို ဖြတ်ချည်ပြီး အကျည်းတန်စွာ လမ်းပိတ်ခံ ရပါတယ်။ လမ်းသွား လမ်းလာ တောင်ဖြတ်ခွင့် မပြုပါဘူး။ မြို.လေးရဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ ကျောင်းသားထုက
နည်းမျိုးစုံနဲ့ ပန်းခွေချဖို့ ကြိုးစားကြလို့ အတားအဆီး ခံကြ ရပါတယ်။ အဲ့ဒီ မနက်က အိမ်က ညီမတွေ အကုန်လုံး အာဇာနည်နေ့ ကျောင်းသား အခမ်းအနား တခုမှာ ပါဝင်ဖို့ အိမ်က ထွက်သွား ကြတော့ အိမ်မှာ ဖေဖေနဲ့ ကျမ နှစ်ယောက်ထဲ ကျန်ခဲ့ပါတယ်။ မြို့ထဲက အာဇာနည်နေ့ အခမ်းအနား ကျင်းပမဲ့ သူတွေကို စိတ်ပူရင်း၊ ဖေဖေက ``ကဲ-ဒီနေ့တော့ တို့အိမ်မှာဘဲ ဗိုလ်ချုပ်တို့ကို အလေးပြု ကြမယ်´´တဲ့။

သားအဖ နှစ်ယောက်သား မြန်မာ့အသံ ရေဒီယိုကို ဖွင့်ပြီး (၁၀)နာရီ (၃၇)မိနစ်မှာ ဥသြ ဆွဲမဲ့ အသံကို စောင့်နေ ပါတယ်။ ဘာ ဥသြ ဆွဲသံမှ ထွက်မလာ ပါလား။ ခါတိုင်းဆို ရေဒီယိုက ဥသြဆွဲသံ အပြီးမှာ မေလှမြိုင်ရဲ့ ``နှစ်လ ကြာရှည် ခါရာသီ ရွေ့ပေမဲ့......အာဇာနည်နေ့ ကိုတော့ မမေ့သင့်ပါပြီ´´
ဆိုတဲ့ သီချင်း သံလေးကို လွမ်းဆွတ် နာကျင်စွာ ကြားနေကြပါ..။ ခုတော့ အာဇာနည်နေ့နဲ့ ဘာမှ မဆိုင်တဲ့ ရေဒီယို အစီအစဉ် တွေဘဲ လာနေ ပါလား။  မြို့ထဲက ခါတိုင်းလို ဥသြဆွဲသံ တွေလဲ တိတ်လို့။ သားအဖ နှစ်ယောက်သား ရင်ထဲမှာ ကြေကွဲစွာ။ ခံပြင်းစွာ။ ၀မ်းနည်းခြင်း ကြီးစွာနဲ့ ကိုယ့်
အထိမ်းအမှတ်နဲ့ ကိုပဲ မိနစ် အနဲငယ် ငြိမ်သက် အလေးပြု ခဲ့ကြရ ပါတယ်။

++++++

အဲဒီ နှစ်က စလို့ နှစ်စဉ် နှစ်တိုင်း အာဇာနည်နေ့ ရောက်ရင် အိမ်ရှေ့ ဧည့်ခန်းက ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံကြီးရှေ့ မှာ ရပ်ပြီး ၁၀နာရီ ၃၇မိနစ် တိတိမှာ ကျမတို့ သားအဖ နှစ်ယောက် အလေးပြု ဖြစ်ပါတယ်။ ဖေဖေက`သတိ..ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော..အာဇာနည်
ခေါင်းဆောင်ကြီးများကို အလေးပြု´´လို့ အမိန့် ပေးပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမြဲ။ ဖေဖေရဲ့ အမိန့်ပေးသံ ထဲမှာ လှိုက်လှဲ ဆွတ်ကျင်တဲ့ ခံစားချက်တွေ ပါနေတော့ အလိုလို နေရင်း မျက်ရည်တွေ ၀ဲလာတယ်။

  ပေါင်းတည်မြို့လေးရဲ့ အာဇာနည် ကျောက်တိုင်ဟာ အဝေးပြေး ကားလမ်းမကြီး ဘေးမှာ ခြုံနွယ် ပိတ်ပေါင်းတွေ ဖုံးလွှမ်းလို့ မြို့လေးရဲ့ သမိုင်း ဂုဏ်သိက္ခာ တွေကို နင်းခြေ ဖျက်ဆီး ခံနေရသလို။

 +++

(လွန်ခဲ့တဲ့ (၆)နှစ်က ကျမရဲ့ ကိုယ်ပိုင်ဘလော့စာမျက်နှာ http://nijuly.blogspot.com/2010/04/blog-post_3745.htmrမှာ ရေးခဲ့မိတဲ့  ဒီစာစုကလေးကို ပြန်ဖတ်မိတော့..နည်းနည်း ထပ်ဖြည့်ချင်ပါတော့တယ်)

 ၂၀၁၆ ဇူလိုင်လ(၁၈)ရက် အာဇာနည်နေ့အကြို ည မှာတော့ ပေါင်းတည်မြို့ လည် ရန်ကုန်-ပြည်ကားလမ်းဘေးက အာဇာနည်ကျောက်တိုင်လေးဟာ  ဆေးရောင်အသစ်များနဲ့ တောက်ပနေပါပြီ..။ ဇူလိုင်(၁၇)(၁၈)ညများကတည်းက အာဇာနည်ကျောက်တိုင်တ၀ိုက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်းရဲ
့မိန့်ခွန်းတွေကို ဖွင့်လှစ်ထားပါပြီ..။မီးရောင်စုံထွန်းညှိထားတဲ့ အာဇာနည်ကျောက်တိုင်ကလေးမှာ နက်ဖန်မနက်ဆို မြို့လုံးကျွတ် အစုအဖွဲ့အသီးသီးက လှပခမ်းနားတဲ့ ပန်းခွေတွေနဲ့ လာရောက် အလေးပြုကြပါလိမ့်မယ်..။အာဇာနည်ကျောက်တိုင်ကလေးကတော့ သူဖြတ်သန်းခဲ့တဲ့ ခေတ်သမိုင်းမျိုးစုံကို ရင့်ကျက်စွာ ဖြတ်ကျော်နေဦးမှာပါ..။ ။

၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့… (မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)

$
0
0
image-child 
၈၈ အနှစ် ၂၀ (အခန်းဆက်များ)

၁၉၈၉ ဇူလိုင် ၁၉ … တခုသော အာဇာနည်နေ့…

(မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ)

မောင်ရစ် ။ ဇူလိုင် ၁၆၊ ၂၀၀၈ (မိုးမခပြန်လည်ဆန်းသစ်ခြင်း)
(1988 Burma Democracy Uprising - File Photo, Internet)

ပါတီတွေရဲ့ အစ
၁၉၈၈ စက်တင်ဘာ ၁၈ မှာ စစ်တပ်က အကြမ်းဖက်ပြီး တိုင်းပြည်အာဏာကို သိမ်းခဲ့ပါတယ်။ ၁၉၈၈ နှစ်ကုန်ပိုင်းကနေ ၁၉၈၉ ဇူလိုင်လအထိကို ပြန်ကြည့်ရင် ကျောင်းသားလူငယ်တွေရဲ့ တပ်ဦး၊ သမဂ္ဂနဲ့ နိုင်ငံရေးပါတီတွေ အပြိုင်းအရိုင်းနဲ့ အင်အားတွေ စုစုစည်းစည်း ရှိနေတဲ့အချိန်တွေ ဖြစ်ပါတယ်။
၁၉၈၈ စက်တင်ဘာ ၂၇ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီ)ကို စစ်တပ်ဆီမှာ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ ဖွဲ့လိုက်ပါတယ်။ အခြား လူကြီး လူငယ်ပါတီတွေလည်း ဖွဲ့ခဲ့ကြတယ်။ အဲဒီတုန်းက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြဖို့ မဟုတ်ပါဘူး။ တပါတီအာဏာရှင်ကနေ စစ်အာဏာရှင်အဖြစ် အရေခွံလဲလိုက်တဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေကို နည်းမျိုးစုံ နေရာမျိုးစုံကနေ ဆက်တိုက်ပွဲဝင်ဖို့ နေရာယူကြတာပဲ ဖြစ်ပါတယ်။
တရားဝင် ရပ်တည်ခွင့်မရတဲ့ လူငယ်တပ်ဦးတွေ၊ ကျောင်းသားသမဂ္ဂတွေက အင်အားတွေဟာ တရားဝင် ရပ်တည်လိုက်ကြတဲ့ ပါတီပေါင်းစုံရဲ့ ဌာနချုပ်တွေ၊ ရုံးခန်းတွေမှာ စုဝေးညီညွတ်ခွင့် ရကြပါတယ်။ ရွေးကောက်ပွဲကာလမတိုင်ခင်မှာ ကြားဖြတ်အစိုးရ တရပ်ဖြစ်စေ၊ အိမ်စောင့်အစိုးရ တရပ်ဖြစ်စေ တခုခုတည်ဆောက်ထူထောင်ကြဖို့နဲ့ စစ်အစိုးရရဲ့ တရားဝင်ရပ်တည်ခွင့်ကို ပြည်တွင်းမှာကော၊ ပြည်ပမှာပါ စိန်ခေါ်ခွင့်ရနိုင်ကြဖို့ဆိုတာ လက်တကမ်းမှာဆိုတဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက် တသွေးတမွေးတွေနဲ့လို့ ဆိုရမယ် ထင်ပါတယ်။
18218494.dassk941 
1986 July 19th - Martyrs Day Event in Rangoon, Daw Khin Kyi, Aung San Suu Kyi with her son

မာရှယ်လောအောက်က ပထမဦးဆုံးလူထုစုဝေးချီတက်မှုကြီး
၁၉၈၈ ဒီဇင်ဘာလ ၂၇ မှာ နာမကျန်းဖြစ်နေတဲ့ ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်မိခင်) ကွယ်လွန်ပါတယ်။ စစ်တပ်ဖိနှိပ်ထားတဲ့ အစောပိုင်းကာလမှာ ပထမဦးဆုံး အတိုက်အခံ ဒီမိုကရေစီအင်အားစုကြီး ပြန်လည်စုစည်းကြပြီး လမ်းမများပေါ်မှာ အင်အားပြချီတက်ကြတဲ့ အကြီးကျယ်ဆုံးသော ဈာပနအခမ်းအနား ဖြစ်ခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် စစ်တပ်နဲ့ အတိုက်အခံတို့ အင်အားစမ်းကြတဲ့ ပွဲလို့ ဆိုနိုင်ပါမယ်။
အဲဒီအချိန်မှာ သေနတ်မောင်းတံပေါ်မှာ စစ်သားတွေရဲ့ သွေးဆာနေတဲ့ လက်တွေ အဆင်သင့်ဖြစ်နေချိန်မှာ လူထုကြီးဟာ ကျောင်းသားလူငယ်တွေနဲ့အတူ စုဝေးချီတက်လို့ ၈၈ ရဲ့ တော်လှန်ရေးသီချင်း၊ ဥဒါန်းသီချင်းဖြစ်တဲ့ ကမ္ဘာမကြေဘူး ကို လမ်းပေါ်မှာ သိမ့်သိမ့်တုန်အောင် ဟစ်ကြွေးခဲ့ကြပါတယ်။ အဲဒီ ဈာပနမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့မိခင်ကို တိုင်တည်ပြီးတော့ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သားများအားလုံးအတွက် ဒီမိုကရေစီရေးကို သူ မြုပ်နှံဆောင်ရွက်မယ်လို့ ကတိသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။

image88 
1988 August 28th, Rangoon University Campus, Min Ko Naing at the Student Union Conference

မြန်မာပြည်လူ့အခွင့်အရေးနေ့ အဖြစ်သတ်မှတ်တဲ့ ဒုတိယအကြိမ်မြောက် လူထုလှုပ်ရှားမှု
၁၉၈၉ မတ်လ ၁၃ မှာတော့ ရန်ကုန်ပင်မတက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ်ဝင်းထဲမှာ ဖုန်းမော်ကျဆုံးခြင်း ပထမနှစ်လည် လူထုစည်းဝေးပွဲ အခမ်းအနားနဲ့ မြန်မာပြည် လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
အဲဒီကစပြီးတော့ စစ်တပ်ရဲ့ သွေးခွဲ ဖမ်းဆီးနှိမ်နှင်းမှုတွေကို စတင်ရင်ဆိုင်ကြရတော့တာ ဖြစ်ပါတယ်။ ဗကသ ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မတ်လကုန်ပိုင်းမှာ ဖမ်းလိုက်ပါတယ်။ သို့ပေမယ့် စစ်တပ်ကို ဘက်ပေါင်းစုံက၊ နည်းပေါင်းစုံကနေ ၀ိုင်းဝန်းပြီး တိုက်ခိုက်ကြဖို့၊ ရင်ဆိုင်ကြဖို့ စိတ်ရော ကိုယ်ရော အင်အားပြည့် လတ်ဆတ်နေတဲ့ ဒီမိုကရေစီရေး အတိုက်အခံ အင်အားစုကြီးကတော့ မျှော်လင့်ချက် ခွပ်ဒေါင်းအလံတွေ အမြင့်ဆုံး လွှင့်ထူနေကြတာပါပဲ။

အာဏာဖီဆန်ခြင်းအစ - အင်န်အယ်ဒီသင်္ကြန်ပွဲနဲ့ တတိယအကြိမ် လူထုစုဝေးမှုကြီး
၁၉၈၉ ဧပြီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးစိုက်ရာ တက္ကသိုလ်ရိပ်သာလမ်း ဒေါ်စုအိမ်ရှေ့လမ်းမပေါ်မှာ စင်ထိုးပြီး ဒီမိုကရေစီသင်္ကြန်နဲ့ သံချပ်ပြိုင်ပွဲ ပြုလုပ်ပါတယ်။ ကျောင်းသား၊ လူငယ်၊ ပါတီ၊ တပ်ဦးပေါင်းစုံအပြင် ပြည်သူလူထုကြီးတရပ်လုံးက ချိန့်ချိန့်သဲ အားပေးခဲ့ကြပါတယ်။
ပွဲတော်များ၊ အခမ်းအနားများရဲ့ ထုံးစံအတိုင်း ပွဲပြီးတိုင်း ခေါင်းဆောင်များ၊ အင်အားစုများကို စစ်အစိုးရက လိုက်လံဖမ်းဆီးတာတွေ၊ ထိမ်းသိမ်းအကျဉ်းချတာတွေကို ပြုလုပ်လာပေမယ့် အဲဒီအချိန်က အတိုက်အခံတွေက ချိနဲ့တွန့်ဆုတ်သွားတယ်ရယ်လို့ မရှိပါဘူး။
အင်န်အယ်ဒီသံချပ်ပြိုင်ပွဲမှာ နံမည်ရခဲ့တဲ့ သံလျင်အဖွဲ့ကို စစ်ထောက်လှမ်းရေးက အပြန်လမ်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲန်အယ်ဒီ လူငယ်အဖွဲ့ရဲ့ အစဦးအင်အားတခုဖြစ်တဲ့ သုံးရောင်ခြယ် ကျောင်းသားအဖွဲ့က လူငယ်တွေကိုလည်း ဖမ်းဆီးခြင်း ခံရပါတယ်။ ကျောင်းသားသမဂ္ဂ၊ လူငယ်တပ်ဦးနဲ့ ပါတီဝင်လူငယ်တွေ (လူငယ်ပါတီများ၊ လူ့ဘောင်သစ်ပါတီ၊ အင်အယ်ဒီလူငယ်) ကို စစ်ခုံရုံးတင်ပြီး ၃ နှစ်၊ ၅ နှစ် ထောင်ချနေပြီဆိုတာကို အတိုက်အခံအင်အားစုအားလုံးက ရင်ကော့ပြီး ရင်ဆိုင်ကြတဲ့ အချိန်ဖြစ်ပါတယ်။ ၅ (ည) တို့၊ ၁၀ (က) တို့ ပုဒ်မတွေရဲ့ အစပိုင်း ကာလများ …
suu & Moe Thu somewhere Rgn 
Early Days in 1989, U Win Tin, Daw Aung San Suu Kyi and U Moe Thu at one NLD meeting

စစ်တပ်၏ နှိပ်ကွပ်မှုများနဲ့ အာဏာဖီဆန်ရေး တိုက်ပွဲများအစ
အဲဒီအချိန်တွေကစပြီး အာဏာသိမ်း စစ်တပ်ခေါင်းဆောင်များကိုယ်တိုင် ဦးဆောင်ပြီး တိုင်းပြည်သို့ ထုတ်လွှင့်တဲ့ မိန့်ခွန်းရှည်များ၊ သတင်းစာ ရှင်းလင်းပွဲများနဲ့ သတင်းစာ ကာတွန်း ဆောင်းပါး များကတဆင့် စွပ်စွဲပုတ်ခတ် တိုက်ခိုက်မှုတွေ မြှင့်တင်လာတဲ့ ကာလတွေလို့ ပြောရပါမယ်။
၁၉၈၉ မေလ နောက်ပိုင်းက စပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်ပါတီများ တင်လာတာကတော့ အာဏာဖီဆန်ရေးပဲ ဖြစ်ပါတော့တယ်။
ရန်လိုလာတဲ့ အာဏာရှင်တွေ၊ တဖက်သတ် အကြမ်းဖက်လာတဲ့ စစ်တပ်၊ စစ်ထောက်လှမ်းရေးကို အစွမ်းကုန်အသုံးချပြီး အတိုက်အခံအင်အားစုတွေကို စတင်ဖြိုခွဲလာနေတဲ့အချိန်၊ ရှေ့ရေးအလားအလာ မသေချာတဲ့ ပါတီစုံ ရွေးကောက်ပွဲဆိုတာတွေကြောင့် - "မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ "ဆိုတဲ့ ကြွေးကြော်သံကို ဒီမိုကရေစီအင်အားစုက တပြိုင်နက်တည်း ထောက်ခံလာတာ ဖြစ်ပါတယ်။
အာဏာဖီဆန်ရေး တိုက်ပွဲလမ်းကြောင်းဟာ ၁၉၈၉ ဇူလိုင် ၁၉ နဲ့လည်း တိုက်ဆိုင်လာနေပါတယ်။
စစ်အစိုးရဟာ အဲဒီအချိန်တုံးက ကွန်မြူနစ်တွေ လက်ဝဲအုပ်စုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းယံပြီး ကြိုးဆွဲနေကြောင်း တွင်တွင်ကြီး စွပ်စွဲပါတယ်။ ၁၉၈၈ ဒီဇင်ဘာ ၃ ကတည်းက အထက်ပါ စွပ်စွဲချက်တွေနဲ့ ပါတီက နှုတ်ထွက်ခဲ့သူ အောင်ကြီးကိုလည်း ကိုးကားလို့ ကောင်းနေတဲ့အချိန်မှာ အာဏာဖီဆန်ရေး လမ်းကြောင်းကို ချေမှုန်းဖို့အတွက် ဦးဝင်းတင်က အစပြုလို့ အဲန်အယ်ဒီရဲ့ အင်အားစုတခုဖြစ်တဲ့ တတ်သိပညာရှင်တွေကို အမှုအမျိုးမျိုးဆင်ပြီး ဖမ်းဆီးထောင်ချတာတွေ ကျုးလွန်ခဲ့ပါတယ်။
File Photo

၁၉၈၉ အာဇာနည်နေ့ အခမ်းအနားဖြင့် လူထု ချီတက်ပွဲဆီသို့
ကျောင်းသားလူငယ်တွေကတော့ ၁၉၈၉ ဇူလိုင် ၁၉ ကို ပစ်မှတ်ထားပြီး အာဏာဖီဆန်ရေးတိုက်ပွဲကို စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဆင်နွဲမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့အတိုင်း ပြင်ဆင်နေကြတော့တာပါပဲ။ ဗကသ အဖွဲ့ချုပ်က ကိုကိုကြီးတို့ ဦးဆောင်တဲ့ ကျောင်းသားလူငယ်တွေက မြို့ပြင် လမ်းကြောင်းတခု။ ဂျွိုင့်အက်ရှင်ကော်မီတီ - ဂျေအေစီ လို့ခေါ်တဲ့ သီးခြားသမဂ္ဂတွေ၊ လူငယ်တပ်ပေါင်းစုတွေပါတဲ့ အစုအဖွဲ့တခုက မြို့ထဲက လမ်းကြောင်းတခုနဲ့ အာဇာနည်ကုန်းကို ချီတက်ကြမယ်လို့ ပြင်ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီပါတီကတော့ ရွှေဂုံတိုင်ကနေ ပါတီရုံးချုပ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကနေ ချီတက်လာမယ်လို့ စဉ်းစားခဲ့ကြပုံ ရပါတယ်။
စစ်တပ်က အမိန့်ထုတ်ပြန်ထားတဲ့အတိုင်း ၅ ယောက်ထက် ပိုပြီး လူ မစုပါဘူး။ ဒါပေမယ့် လူတွေကို ၃ ယောက်၊ ၄ ယောက် တတန်း တန်းစီပြီး အင်အားကို ရာ ထောင်ချီတဲ့အထိ ချီတက်ကြမှာပါ။ ချီတက်သူများက လမ်းခရီးမှာ ကြွေးကြော်သံတွေ အော်ဟစ်တာ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မလုပ်ပါဘူး။ အသံတိတ် စုဝေးချီတက်ပွဲ တခု ဆင်နွဲမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်များက တားဆီးလာတဲ့ လုံခြုံရေးတွေ စစ်သားတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး ဖြေရှင်းမှာ ဖြစ်ပါတယ်။ မဆူ မပူဘဲ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့ လာတဲ့ ကျောင်းသား လူငယ်တွေကို ဘာအမှုနဲ့ ဖမ်းမှာတဲ့လဲ။
ဖမ်းရင်လည်း အဖမ်းခံကြဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ တယောက်ဖမ်းရင် သူနဲ့အတူ လိုက်အဖမ်းခံကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ စစ်တပ်က အဲဒီတုန်းက လူစုလူဝေးတွေကို ဖြိုခွဲဖို့အတွက် စစ်ကားပေါ်က ခုန်ဆင်း၊ ညာသံပေးပြီး တုတ်တွေနဲ့ လိုက်ရိုက်၊ အလဲလဲ အပြိုပြိုနဲ့ ပြည်သူတွေကို စစ်ကားတွေအပေါ် တိရစ္ဆာန်တွေလို ပစ်တင်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်ကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် "အားလုံး မပြေးဘူး၊ အရိုက်ခံမယ်။ ငါတို့တွေရဲ့ သတ္တိကို အသေခံပြီး ပြကြမယ်"လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

စတုတ္ထအကြိမ်နဲ့ နောက်ဆုံးအကြိမ် အာဏာဖီဆန်တဲ့ လူထုစုဝေးချီတက်ပွဲ
အကြမ်းမဖက်၊ ငြိမ်းချမ်းတဲ့၊ ညီညွတ်စုစည်းတဲ့၊ အာဏာဖီဆန်မှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ စစ်အစိုးရကို စိန်ခေါ်ကြမယ်လို့ ပြင်ဆင်ထားသမျှဟာ ဇူလိုင် ၁၈ မှာ ပျက်စီးမတတ်ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ အဲင်န်အယ်ဒီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ၀င်ရောက်ဖမ်းဆီး ချုပ်နှောင်လိုက်ခြင်းနဲ့ စစ်တပ်က တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။
အဲဒီတုန်းက သမဂ္ဂတွေ လူငယ်တပ်ဦးတွေက ၁၉၈၉ ဇူလိုင် ၁၉ ကို သူတို့ချည်းနဲ့ ရင်ဆိုင်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အားလုံးနဲ့ တိုင်ပင်ထားတဲ့အတိုင်း ဆင်ခြေဖုံးဖက်က စစ်ကြောင်းတခု၊ မြို့ထဲက စစ်ကြောင်းတခုနဲ့ ချီတက်ဖို့ စုဝေးကြခဲ့ကြတယ်။
အဲဒီတုံးက အာဇာနည်နေ့ တနေ့ဟာဖြင့် အဲဒီတုန်းက ပါဝင်ဆင်နွဲခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအားလုံးအတွက် ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်အတွင်း နောက်ဆုံးအကြိမ် အင်အားကုန်ထုတ်သုံးပြီး ဆင်နွှဲခဲ့တဲ့ အာဏာဖီဆန်တဲ့ ဆန္ဒပြပွဲကြီးတခုအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
မြို့ထဲက ချီတက်လာတဲ့ ဂျေအေစီ အစုအဖွဲ့က မနက်ကတည်းက လေဟာပြင်ဈေးနားက စုဝေးပြီး မင်းမနိုင်အရပ် ဦးဝိစာရလမ်းအတိုင်း အာဇာနည်ကုန်းကို ၂ ယောက်တတန်း ငြိမ်သက်စွာ ချီတက်ခဲ့ကြပါတယ်။ လူတန်းကြီးက ထောင်ချီမယ်လို့ ခန့်မှန်းခဲ့ကြပြီး သူတို့တွေ အသံတစက်မှ မထွက်ခဲ့ကြပါဘူး။ အချင်းချင်း လက်တို့ပြီး သတိပေးနေတာက စည်းကမ်းရှိဖို့၊ မပြေးဖို့၊ အဖမ်းခံဖို့၊ အရိုက်ခံဖို့နဲ့ တစုတစည်းတည်း ရင်ဆိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ တာဝန်ခံတဲ့ ခေါင်းဆောင်တွေက အဆင့်ဆင့် သတင်းပို့ပြီး တားဆီးလာတဲ့ စစ်တပ်က အရာရှိတွေကို ငြိမ်းချမ်းစွာ ရင်ဆိုင်ဆွေးနွေးဖို့ကိုပြင်ဆင်ထားပါတယ်။
သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရှေ့မှာ တကြိမ် အတားခံရပေမယ့် အဲဒီက စစ်ဗိုလ်က မဆူတဲ့ လူတန်းကြီးကို သွားခွင့်ပြုလိုက်ပါတယ်။ သို့ပေမယ့် တပ်မတော် ခမ်းမရှေ့နားမှာတော့ ထိုစဉ်က ရန်ကုန်တိုင်း တိုင်းမှူး မျိုးညွန့်ကိုယ်တိုင် စီးနင်းလာတဲ့ သံချပ်ကာ ကားများ၊ စစ်ကားများက ပိတ်ဆို့ပြီး လူစုခွဲတာကို သူတို့ ကြုံခဲ့ကြပါတယ်။
စစ်သားတွေက ညာသံပေးပြီး တုတ်တွေ ဝှေ့ရမ်းကာ လူအုပ်ထဲကို ပြေးဝင်လာခဲ့ကြပေမယ့် သူတို့တွေက တပ်ဦးမပျက်ခဲ့ကြဘူး။ ရောက်နေတဲ့နေရာမှာ သူတို့ရပ်ပြီးတော့ ရင်ဆိုင်ပါတယ်။ ရှေ့ဆက်သွားလို့မရတဲ့အခါ စည်းကမ်းတကျပဲ နောက်လှည့်ပြီး ပြန်ချီတက်ကြပါတယ်။ စစ်သားတွေက အတင်းတိုးဝင်လာကြလို့ စစ်သားတွေက ချီတက်သူတွေ ကြားထဲ ပြန့်ဝင်ပြီး ကျွံကုန်ကြလို့ ကစဥ့်ကလျားဖြစ်မယ့် ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးမယ်ဆိုတဲ့ အခြေအနေ မရလို့ စစ်သားတွေ အံ့အားသင့်ကျန်ရစ်ခဲ့ကြပါတယ်။
အဲဒီ နေ့ အဲဒီအချိန်မှာ ပြသလိုက်နိုင်တဲ့ သက်သေ (အမြတ်) ကတော့ အာဏာဖီဆန်တဲ့ ထိပ်တိုင်ရင်ဆိုင်တဲ့ ငြိမ်းချမ်းစွာ တည်တည်ငြိမ်ငြိမ် တစုတစည်းထဲ လှုပ်ရှားမှုဆိုတာ လက်နက်ကိုင်ထားတဲ့ အာဏာရှင်တွေကို ခြိန်းခြောက်နိုင်တယ်။ ခြောက်ခြားအောင် လုပ်နိုင်တယ် ဆိုတာပါပဲ။ ရလိုက်တဲ့ သင်ခန်းစာကတော့ အဲဒီအချိန်မှာ နိုင်ငံရေးအရ ဦးဆောင်မှု ဆုံးဖြတ်မှု လုပ်ငန်းစဉ် ဆက်လက်ချမှတ်ပေးနိုင်မယ့် ဦးဆောင်သူများနဲ့ အဆက်ပြတ်တောက်ပြီး အားပျော့သွားခဲ့ကြရတာပါ။
ညဖက်မှာ စစ်အစိုးရ ရုပ်မြင်သံကြားကနေ ဆူပူလှုံ့ဆော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဥပဒေနှင့်အညီ အရေးယူဖမ်းဆီးခြင်း၊ ဖြိုခွဲလိုက်ကြောင်း ကြေငြာပါတယ်။ မြို့ထဲက ချီတက်တဲ့ လမ်းကြောင်းက ကျောင်းသားခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေကို ချက်ခြင်း ဖမ်းဆီးခြင်း မခံခဲ့ရပေမယ့်၊ မြို့ပြင်လမ်းကြောင်းက ကိုကိုကြီးနဲ့ ကျောင်းသားခေါင်းဆောင်အချို့ကိုတော့ စစ်တပ်က ခေတ္တဖမ်းဆီးထိမ်းသိမ်းခဲ့ပါတယ်။
14 
In 2007 July 19th Martyrs Day Event, Ko Ko Gyi, Min Ko Naing & Htay Kywe

၁၉၈၉ ဇူလိုင် ၁၉ နောက်ဆက်တွဲ

မြန်မာပြည်ရဲ့ အာဇာနည်နေ့တိုင်းဟာ စစ်အစိုးရကို အာဏာဖီဆန်တဲ့ အထိမ်းအမှတ်နေ့ အဖြစ် ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးပါတီဝင်တွေအတွက် စွဲမှတ်ပြီး ကျန်ရစ်တယ်လို့ ပြောချင်ပါတယ်။
အဲဒီနေ့ကို နှစ်စဉ် ဖြတ်သန်းကြတိုင်းမှာ
- စစ်အစိုးရ မတရားသိမ်းပိုက်ထားတဲ့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ဖို့၊
- စစ်အစိုးရ ဖျက်ဆီးဖျောက်ဖျက်ဖို့ ကြိုးစားနေတဲ့ လွတ်လပ်ရေးနဲ့ အမျိုးသားရေးခေါင်းဆောင်ကြီးတွေကို ပြည်သူတို့ ထာဝရ သတိရနေကြောင်း ပြသဖို့နဲ့
- အာဇာနည်ကြီးတွေရဲ့ အမွေ တပ်မတော်စစ်သည်တွေကို မတရားသိမ်းပိုက်ထားတဲ့ စစ်အာဏာရှင်တွေရဲ့လက်ထဲကနေ ပြည်သူတွေဆီ စည်းရုံးဖို့အတွက်
ရဲရင့်တဲ့ ပြည်သူလူထုကြီးက စစ်အစိုးရရဲ့ မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ပြီး မြန်မာ့ဒီမိုကရေစီရေးအာဇာနည်တွေ အင်အားပြကြတဲ့ မြင့်မြတ်တဲ့ နေ့တနေ့ပဲ ဖြစ်ပါတော့တယ်။

ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ အဘ ...

$
0
0


ကာတွန်း မောင်ရစ် - ဟုတ်ကဲ့ပါ အဘ ...
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆

ဗိုလ်ထက်မင်း - ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား - အပိုင်း ၁

$
0
0
တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး စခန်းတခုဖြစ်သည့် ထီးခီးဂိတ်ပြဿနာ နှစ်ဘက်ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပြီးနောက် (ဧရာဝတီ) ဇူလိုင် ၆၊ ၂၀၁၆


ဗိုလ်ထက်မင်း - ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား - အပိုင်း ၁

(မိုးမခ) ဇူလိုင် ၁၉ ၂၀၁၆


၁။ အစိုးရ၊တပ်မတော် နဲ့ နှစ်ပေါင်း(၆၀)ကြာ အချိန်ကြာရှည်စွာ တိုက်ပွဲ ဖြစ်ပွါးခဲ့တဲ့ KNU ကို အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ယခင် တပ်မတော်အစိုးရတုံးက ကြိုးစားခဲ့ပေမဲ့ အောင်မြင်မှူမရဘဲ ပျက်ပြားခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နှစ်ဖက်ညှိနှိုင်းသူများဟာ အချိန်၊ ငွေကြေး (နိုင်ငံတကာ အထောက်အပံ့မရ
သေးခင်) စိုက်ထုတ်ရသလို၊ မိမိပင်မအလုပ်တာဝန်ကို ပစ်ပယ်ထားရပြီး ကိုယ်ရေးကိုယ်တာ ဘေးချိတ်ကာ လူရော စိတ်ပါ အာရုံစူးစိုက် အားထည့်ရတာကြောင့် အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ရတယ်လို့ ငြိမ်းချမ်းရေးစင်တာနဲ့ နီးစပ်သူများက ဆိုပါတယ်။ နှစ်ဖက်ယုံကြည်ဖို့ လိုလားချက်၊ မူဘောင်တွေကို ရရှိနိုင်ရေး အစိုးရနဲ့ တပ်မတော်တို့ရဲ့မဟာဗျုဟာ မူဝါဒလိုင်းပေါ်မှာ ချဉ်းကပ်နိုင်စေမည့် နည်းဗျုဟာတွေကို စဉ်းစားချင့်ချိန်ရသလို  တဖက်ရင်ထဲက ဘာရှိနေလဲ ဆိုတာခန့်မှန်းရခက်တဲ့ စိတ်ဖိအား၊ မီဒီယာတွေရဲ့ ဆွေးနွေးပွဲရလဒ် မေးခွန်းတွေအား ဖြေကြားရတဲ့ အလုပ်တွေကို ထိန်းထိန်းသိမ်းသိမ်း ငြိမ်းချမ်းရေးစင်တာက လုပ်နေခဲ့တယ်လို့ ဆိုကြပါတယ်။

၂။ KNU ဘက်မှာလည်း ခံစားခဲ့ရတဲ့ ဒုက္ခဆင်းရဲ၊  သေကြေဒဏ်ရာရ အနာအိုင်းကြီးလိုဖြစ်ခဲ့ရတာမို့ NCA စာချုပ် ချုပ်ဆိုဖို့အရေး သဘောထားတင်းမာသူများရဲ့ထောက်ပြဝေဖန်မှူတွေ၊ အစိုးရနဲ့တပ်မတော်က ဂတိတည်မှာလား၊ စာချုပ်ကို အကာအကွယ်ယူကာ နယ်မြေချဲ့ထွင် အင်အားတိုးချဲ့ အခိုင်အမာတည်ဆောက်ကာ အနိုင်ကျင့်လာမယ် စတဲ့ မေးခွန်း တွေနဲ့ သံသယတွေက လွှမ်းမိုးနေတာမို့အချင်းချင်း နားချ ဖြေရှင်းခဲ့ဟန်တူပါတယ်။ တိုင်းရင်သား လူထုဘက်ကသာ ငြိမ်းချမ်းရေးငတ်မွတ်မှုရှိနေတာကြောင့် အားသာချက်ရှိပေမဲ့လို့ သဘောထားတင်းမာသူများထောက်ပြသလို အစိုးရကဘဲဖြစ်ဖြစ်၊ တပ်ကဘဲဖြစ်ဖြစ် ဖေါက်လာခဲ့ရင် လက်မှတ်ရေးထိုးသူ KNU ထိပ်ပိုင်းလူကြီးများအဖို့ တာဝန်ရှိလာမှာ ဖြစ်လာမှာမို့ အထူးသတိထားပြီး လုပ်ကိုင်ခဲ့ဟန်တူပါတယ်။ တိုင်းရင်းသားတွေဘက်က စိုးရိမ်ပူပန်မှူ လျော့ကျသွားစေတာကတော့ NCA စာချုပ်ကို ပြောင်းလွယ် ပြင်လွယ်လုပ်ထားပြီး နှစ်ဖက်စေတနာမှန်မှန် တစိုက်မတ်မတ် လုပ်ထားတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံ အသိအမှတ်ပြုလိုက်ပြီး လုပ်ငန်းစဉ်အတိုင်း ဆက်သွားမှာ ဖြစ်သလို လုပ်ငန်းစဉ်မှာ ပါခဲ့တဲ့ လူဟောင်းတော်တော်များများ ပြန်လည်တာဝန်ပေးအပ်တာမို့ မူလက တိုင်းရင်းသားတွေနဲ့ ယုံကြည်မှူ တည်ဆောက်ထားလို့ ငြိမ်းချမ်းရေးခရီးလမ်း ဆက်သွားဖို့အဆင်ပြေသွားပါတယ်။ ပိုပြီးဝမ်းသာစရာကတော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ NCA လုပ်ငန်းစဉ်တခုလုံးကို အနီးကပ်ကြပ်မတ်ရာမှာ ပြန်လည်ဖွဲ့စည်းလိုက်တဲ့ NRPC ကိုလည်း သူမကိုယ်တိုင် ထပ်ပြီး ဦးဆောင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ POWER SHARING နဲ့သယံဇာတ အကျိုးစီးပွါးခံစားခွင့်လိုမျိုး ကျယ်ပြန့်နိုင်လို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့အကြံပေးအဖွဲ့ ဖွဲ့ခဲ့ပါတယ်။ အကြံပေးအဖွဲ့ခေါင်းဆောင်အား တပ်မတော်က ဗိုလ်ချုပ် အောင်ကြည်(ငြိမ်း) အပါအဝင် ပညာရှင်များနဲ့ ဝိုင်းရံထားတာ တွေ့ရပါတယ်။

၃။ ယနေ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့UNFC ခေါင်းဆောင်များတွေ့ဆုံပွဲလုပ်နေတာမို့ ကြိုဆိုပြီး အရှိန်အဟုန်နဲ့ သွားနေတာကို ဝမ်းသာမိပါတယ်။ စာရေးသူ ဆောင်းပါးတင်ပြရတဲံ့ ရည်ရွယ်ချက်ဟာ တိုင်းရင်းသားများ စိုးရိမ်မှု မဖြစ်ပွါးစေရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဏမှာ ပါဝင်မည့် တိုင်းဒေသကြီး ၊ပြည်နယ် အစိုးရအဖွဲ့တွေနဲ့တိုင်းမှူးများက ပင်လုံညီလာခံ ဖြစ်မြောက်ရေး ဝိုင်းရံပေးဖို့ အပြုသဘော တိုက်တွန်းထားပါတယ်။ တပ်မတော်က အရာရှိကြီးတွေကို အမျိုးသားပြန်လည်သင့်မြတ်ရေးအရ ပြန်လည် လက်တွဲလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာ ရောင်ပြန်ဟပ်တဲ့ ရလဒ်ကတော့ ယခင်တပ်မတော်က တင်းမာစွာရပ်တည်ထားတဲ့ NCA လက်မှတ်မထိုးသူ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲမှာ  မတက်ရဆိုတာကို တပ်ချုပ်က လိုက်လျောပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ခရီး ဖြောင့်ဖြုးဖို့ ရောင်ခြည်သန်းနေချိန်မှာ တိမ်တိုက်တခုဖုံးလွှမ်းသွားတာမို့ဘယ်သူတွေက တိမ်တိုက်အဖြစ် ဟန့်တားသလို ဖန်တီးနေကြသလဲဆိုတာ ဟိုလေးကျော်သွားတဲ့ ဖြစ်စဉ်အား တင်ပြသွားပါ့မယ်။

၎။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ခရီးအစမှာ KNU ရဲ့ပထမဆုံး မီးရှူးသန့်စင်ပေါက် ဖွား လာတဲ့ အစိုးရ ငြိမ်းချမ်းရေးကို ယုံကြည်မှု စ ပေးလာတဲ့ တပ်မဟာကတော့ တနင်္သာရီတိုင်းဒေသကြီး KNU မြိတ်ထားဝယ်ခရိုင်နဲ့တပ်မဟာ(၄) ဖြစ်ပြီး အဲဒီနောက် တပ်မဟာ(၆)က ပါ လိုက်လာကာ တပ်မဟာ (၇) နဲ့ ကျန် တပ်မဟာများ ဆက်တိုက် လိုက်လာ ပါတယ်။ အထူးသဖြင့် တပ်မဟာ(၄)က စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး စောမူကယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်သလို တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ဒုဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ယူ ထားသူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် ဇွန်လ (၂၀)ရက်မှာ တပ်မဟာ(၄) က စခန်းထိုင်ထားတဲ့ တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မြန်မာ-ထိုင်း နယ်စပ်ဂိတ်အနီး ထီးခီးဂိတ်အား (၃) ရက်အတွင်း ဖယ်ရှားပေးဖို့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်မှ ယာယီ စစ်ဗျုဟာမှူး ဒုဗိုလ်မှူးကြီး သိန်းလင်းက အမိန့်ပေးခဲ့ရာမှ အချေအတင်ဖြစ်ခဲ့ရာ တပ်မဟာ (၄) စစ်ဆင်ရေးမှူး
 ဗိုလ်မှူးကြီးစောမူကယ်က စိတ်ပျက်ကာ တနင်္သာရီတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S) ဒုဥက္ကဋ္ဌ (၁) တာဝန်မှ ၂၀၁၆၊ ဇွန်လ (၃၀) ရက်မှာ နှုတ်ထွက်သွားခဲ့ပါတယ်။

၅။ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်လည်း အပူတပြင်း ထီးခီးဂိတ်ကို သွားရောက် ရှင်းလင်းလိုက်ရသလို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးက (JMC-S) အစည်းအဝေး ကပျာကယာ လုပ်ပြီး နားလည်မှုလွဲတာပါ ဆိုပြီး လေချိုသွေးကာ အဆင်ပြေသွားပြီလို့ ဇွတ် သတင်း ထုတ်ရတဲ့ အခြေအနေဆိုက်ရောက်ခဲ့ရပါတယ်။

၆။ ဒီဇာတ်လမ်းအသေးစိတ်ကို စာရေးသူ ဦးနှောက်ခြောက်ကာ လက်လှမ်းမှီသရွေ့ စုံစမ်းခဲ့ရပါတယ်။  KNU မိတ်ဆွေတွေက ဦးသိန်းစိန်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအစပိုင်း NCA စာချုပ်ကို တန်ဖိုးထားသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင် တာထွက်မဲ့ ခရီးစဉ်မှာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ စာရေးသူက သူတို့ကို မေးခဲ့ရာမှာ သဘောထားရင့်ကျက်စွာနဲ့ ရေငုံနှုတ်ပိတ် နေခဲ့ပါတယ်။ ထင်တဲ့အတိုင်း ဖြစ်လာတာဘဲလို့ အစွန်းရောက်တင်းမာသူတွေက စွပ်စွဲနိုင်ရာ ဒီဖြစ်စဉ်ကို ဖေါ်ထုတ်ဖို့ စာရေးသူဆန္ဒပြင်းပြပြီး အချက်အလက်များ ခက်ခဲစွာ စုဆောင်းရပါတယ်။ ဖြစ်စဉ်အရ တပ်မတော်၊ KNU၊ တနင်္သရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆက်စပ်ပါဝင်နေလို့ ဘယ်သူ့တွေမှာ တာဝန်ရှိလဲ၊ အမိန့်အရ ဘယ်သူတွေက အကောင်အထည်ဖေါ်ရသလဲ၊ ဖြစ်သင့်လား၊ နောက်ကွယ်မှာ ဘာတွေ ရှိနိုင်သေးလဲ၊ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံခရီးကို ဝန်းရံ ပံ့ပိုးပေးရမည့်အစား မိမိတို့ လုပ်ရပ်ကြောင့် ဟန့်တားနေသလို ဖြစ်သွားတာလား၊ နောင်မဖြစ်ပွါးအောင် သင်ခန်းစာ ဖေါ်ထုတ် သုံးသပ်ရပါမယ်။

၇။ ဝန်ကြီးချုပ်နဲ့တိုင်းမှူး ဆက်စပ်ဆောင်ရွက်မှု အားနည်းတာလား၊ လက်ရှိတိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကို အထောက်အကူပေးမဲ့  (နယ်/လုံ) ဝန်ကြီးတွေက တကယ်ကော ပံ့ပိုးရဲ့လား၊ဒီကိစ္စကို မလုပ်သင့်ကြောင်း ထိထိမိမိတင်ပြရဲ့လား၊ လူဟောင်းဆိုပြီး လုပ်ချင်ရာ လုပ်နေတာလား၊ ရှေ့တန်းစစ်ဆင်ရေးဒေသတွေမှာ ဗျူဟာမှူး၊ တပ်ရင်းမှူးတွေက ဂိတ်တွေကို ယခင်လို မထိုင်ရတာမို့ EMOTION မြှင့်နေတတ်သလား၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့တိုင်းမှူးတွေက ထိပ်ပိုင်းခေါင်းဆောင်တွေ သွားနေတဲ့ လမ်းကြောင်းမူဝါဒ၊ NCA စာချုပ်၊ လုပ်ထုံးလုပ်နည်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို မာတိကာ ကြည့်ယုံနဲ့ မပြီးဘဲ သေသေချာချာ လေ့လာပြီးရဲ့လား၊ စိတ်ကော ဝင်စားကြရဲ့လား၊

(အပိုင်း ၈ ကို မိုးမခအယ်ဒီတာက ဖြုတ်ထားပါသည်)

၉။ ထားဝယ်ခရိုင် ထီးခီးဂိတ်မှာ ရှိတဲ့ အစိုးရဌာနဆိုင်ရာတွေကတော့ နယ်စပ်ကုန်သွယ်ရေး၊ လဝက၊ စရဖ၊ ရဲတပ်ဖွဲ့ တို့ဖြစ်ပြီး နယ်စပ်ဝင်ထွက်သွားလာတဲ့ ကုန်စည်တွေအပေါ် တရားမဝင်ညှိနှိုင်းကာ ပုံစံအမျိုးမျိုးနဲ့အပိုဝင်ငွေရအောင် အကြံအဖန်လုပ်ကြတယ်လို့သိရပါတယ်။ KNU ကလည်း အကောက်ဂိတ်ဖွင့်ပြီး အခွန်ကောက်ကာ လွန်ခဲ့တဲ့ (၄) နှစ်ကာလကမှ စခဲ့တယ်လို့သိရပါတယ်။ အဲဒီတုံးက ယခင်အစိုးရအနေနဲ့ ငြိမ်းချမ်းရေး စတင်တဲ့ ကာလဖြစ်တာမို့ သက်သာချောင်ချိရေး အစိုးရက မလုပ်ပေးနိုင်သေးတာမို့ နားလည်မှုနဲ့ မသိချင်ယောင်ဆောင်ပေးခဲ့ဟန်တူပြီး KNU အနေနဲ့ အာရှလမ်းမကြီး၊ မြဝတီကော့ကရိတ်လမ်းကြီးကို သဘောထားကြီးစွာ အကောက်ဂိတ်တွေ ရုပ်သိမ်းပေးလိုက်တာမို့လည်း အစိုးရက တပေါက် ဖွင့်ပေးလိုက်ဟန်တူပါတယ်။ KNU ဂိတ်ရဲ့ အားသာချက်က ရှေ့တန်းနယ်မြေတောင်ကုန်းဒေသများကို ထိုင်ထားတဲ့အတွက် တချို့ကုန်သည်တွေက လောဘဇောတက်ပြီး အခွန်မပေးချင်လို့ ဂိတ်ကိုမဖြတ်ဘဲ တဖက်နိုင်ငံကို ဝင်ထွက်ပို့သယ်ရတဲ့ ကုန်ပစ္စည်းတွေအတွက် အကောက်ကောက်ရငွေရှိတာမို့ ဝင်ငွေပိုကောင်းတယ်လို့သိရပါတယ်။

၁၀။ ဒီသတင်းကို နယ်စပ်ကုန်သွယ်ရေး လက်ထောက်ညွှန်မှူး က ယာယီစစ်ဗျုဟာမှုးနဲ့စကားလက်ဆုံကျရင်း သတင်းဖလှယ်ကြတယ်လို့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကဆိုပါတယ်။ အဲဒီအခါမှာ ယာယီစစ်ဗျုဟာမှူးအနေနဲ့ EMOTION ရသွားဟန်တူပါတယ်။ စာရေးသူ တပ်မှာနေခဲ့စဉ်က တပ်မတပ်တွေက တောင်တက်၊စစ်ဆင်ရေးလုပ်နေရလို့ ပင်ပန်းဆင်းရဲသလောက် တိုင်းစစ်ဌာနချုပ်တပ်တွေက စခန်းထိုင်ရကာ အကောက်ကောက်ခွင့် ရတာမို့ စိုစိုပြေပြေ ရှိနေတာကို အချင်းချင်း မခံချိမခံသာဖြစ်ဖူးပါတယ်။ ယနေ့ခေတ်မှာ ပိုလို့တောင် ဝေးကွာ သွားကာ ဂိတ်၊ စခန်းတွေကို ရဲတပ်ဖွဲ့ကိုလွှဲပေးလိုက်ဟန်တူပြီး ယာယီစစ်ဗျုဟာမှူး အနေနဲ့ အခြားဝန်ထမ်းတွေ သာသာယာယာ ဖြစ်နေချိန်မှာ ကိုယ့်ရဲဘော် တွေက တောင်တက် ပင်ပန်းဆင်းရဲနေတာကို နှိုင်းယှဉ်ပြီး သက်သာချောင်ချိရေး အတွက် ရှာဖွေပေးချင်စိတ် FEELING ဖြစ်နေတာလား၊ သူကိုယ်တိုင်က ကိုယ်ကျိုးစီးပွါးလုပ်ချင်တာလား ဆိုတာကိုတော့ ကာယကံရှင်သာ အသိဆုံးသာဖြစ်တယ်လို့ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

၁၁။ စာရေးသူ တပ်မတော်မှာနေခဲ့စဉ်က ရှေ့တန်းနယ်မြေမှာ ကြုံတွေ့ခဲ့ရတဲ့ တရားမဝင် အကောက် ကောက်တဲ့ ဖြစ်စဉ်၊ တရားမဝင် ဖြတ်သန်းသွားလာနေတဲ့ ကုန်သည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရဲ့ ဖြစ်စဉ်ကို ယာယီစစ်ဗျုဟာမှူးဖြစ်စဉ်နဲ့ဆက်စပ်ပြီး စာဖတ်ပရိသတ် လေ့လာနိုင်အောင် မျှဝေ ပေးလိုပါတယ်။ စာရေးသူတပ်ရင်းဟာ ရှေ့တန်းအဖြစ် ကယားပြည်နယ်စစ်ဆင်ရေးဝင်ရကာ လွိုင်ကော်(ဒကစ)ကို သတင်းပို့ရပါတယ်။ စစ်ဆင်ရေးခန်းမမှာ BRIEFING ဝင်ရကာ ဒကစမှူး နဲ့စစ်ဦးစီးမှူး (ဒုတိယတန်း) G2 တို့က မြေပုံနဲ့ ရန်သူ့နောက်ဆုံးအခြေအနေကို အောက်ပါအတိုင်းရှင်းပြပါတယ်။

G2 -  “ တပ်ရင်းမှူး ဝင်ရမဲ့ဂွင်က ရန်သူ အဝင်အထွက် ခန့်မှန်းရခက်တယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေလည်း ရှိတယ်။ တပ်ချင်းမမှားအောင် တပ်တည်တွေက မြို့မှာနေခိုင်းလို့၊ သူတို့ဝင်လာရင် သီးခြားကြေးနန်းပို့မယ်။ ရွာတွေက စုစည်းရွာတွေ ရှိသလို ရွာပုန်းတွေလည်း ရှိတာမို့ ရန်သူ့ရဲ့စပါးကျီလည်းဖြစ်တယ်။ တပ်ရင်းမှူးတို့ဟာ တပ်မတပ်ဖြစ်ပေမဲ့ ဧရိယာမှာ ရန်သူ့ကို ထိန်းချုပ်ထားတဲ့ စခန်းတခုကို စီနီယာတပ်ခွဲမှူးတစ်ဦး တာဝန်ပေးပါ၊ ရန်သူ့သတင်း ဆက်ဖေါ်ထုတ်ပြီး တပ်မကို စီမံချက် တင်ြပကာ ချေမှုန်းဖို့ ရပခတိုင်းက ညွှန်ကြားပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်က တနေ့မြေပုံ တတောင် - မိုင်(၂၀) ကို သွားပြီး စစ်ကြောင်း (၁/ ၂) ကွက် ပြည့်နင်း ရှင်းပါ။” လို့ပြောပါတယ်။ စာရေးသူက မရှင်းတဲ့ စစ်ဆင်းရေးကိစ္စ၊ လက်နက်ကြီး ကျဉ်သယ်ဖို့ အထမ်းသမား ပေါ်တာ ရနိုင် မနိုင်မေးပါတယ်။

G2 - “ ဆောရီး အကိုကြီး၊ လူအခွင့်အရေးအဖွဲကတွေ ထောက်နေလို့ မစီစဉ်ပေးဖူး။ ဒါပေမဲ့ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်မည်ဆိုတဲ့ ထောင်ထဲက အကျဉ်းသားတချို့ ထည့်ပေးလိုက်ပါမယ်။” စာရေးသူက ခေါ်သွားရမည့် အကျဉ်းသားတွေရှိတဲ့နေရာကို သွားကြည့်ရာ ပိန်လှီ ချို့တဲ့နေသူများကို တွေ့လိုက်ရလို့ ဒီလူတွေကို သနားမိပါတယ်။ သူတို့စိုးရိမ်နေတဲ့ မျက်နှာတွေ့လိုက်ရလို့ စာရေးသူပြောလိုက်ပါတယ်။  “ခင်ဗျားတို့ ပျော်ပွဲစားထွက်သလို သဘောထားနော်။ တပ်ရင်းနဲ့အတူတူပြန်တဲ့အချိန်ကျရင် ထောက်ခံစာပေးရင် ထောင်က လွတ်မှာ"လို့ အားပေး စကားပြောလိုက်မှ သူတို့မျက်နှာဝင်းပသွားပါတယ်။ အဲဒီအချိန်မှာဘဲ G2 ခပ်သုတ်သုတ် စာရေးသူဆီ လာပြောပါတယ်။

၁၂။ G2 “ အကိုကြီး တခုကျန်သွားတယ်။ ဒီလိုပါ၊ အကိုကြီးတို့ဂွင်က မှောင်ခိုလမ်းကြောင်းရှိတာမို့ လမ်းမှာ စစ်ကြောင်းနဲ့တွေ့ရင် ဖမ်းနော်။ ကျွဲနွားပစ္စည်းတွေနဲ့လူပါဖမ်းပြီး ကျွန်တော်တို့ အပ်နော်။” လောဘဇောမျက်နှာနဲ့ စာရေးသူကိုပြောနေလို့ ခေါင်းရှုပ်သွားခဲ့ကာ “ငါ ဒါတွေ စိတ်မဝင်စားဖူး၊ စစ်တိုက်ဖို့နှောင့်နှေးတယ်၊ မင်းတို့က တနေ့ မိုင် (၂၀) လည်း သွားခိုင်းသေးတယ်။ တိုးခဲ့ရင် နည်းဗျုဟာသတင်းပို့ပြီး နီးစပ်ရာ ရဲစခန်းကို အပ်ခိုင်းလိုက်မယ်၊” လို့ ဖြတ်ချကာ ဒကစရုံးမှ ထွက်လာပါတော့တယ်။ ဂိတ်ဝကျတော့ ထလတ တပ်မှူးကားနဲ့ ဆုံပြီး ပြောစရာရှိလို့ ဆိုကာ သူတို့တပ်ဆီ ဖိတ်လို့ တလက်စထဲ လိုက်သွားပါတယ်။ ထောက်လှမ်းရေးတပ်မှူး၊ ဗိုလ်မှူးနဲ့ စာရေးသူတို့ဟာ တန်ပြန်ထောက်လှမ်းရေးသင်တန်း တက်ခဲ့သူများဖြစ်လို့ သင်တန်းမှာ အတူတူ လက်တွေ့ လက်တွဲ လုပ်ဆောင်ခဲ့တာမို့ ရင်းနှီးနေတာလည်းပါလို့ လိုက်သွားတာဖြစ်ပါတယ်။ သူ့ရုံးခန်းရောက်တော့ စကားပြောဖြစ်ကြပါတယ်။

၁၃။ ထလတတပ်မှူး - "ဘယ်လိုလဲ တပ်ရင်းမှူးကြီး၊ မိသားစုကော နေကောင်းရဲ့လား၊ အဆင်မပြေတာရှိရင် ရှေ့တန်းကနေ လှမ်းပြောလိုက်၊ နောက်တန်းကို မှာပေးမယ်။ တပ်ရင်းမှူးကြီးက ဟိုတခါ စစ်ဆင်းရေးတိုက်ပွဲတွေမှာ လက်နက်တွေ ရလို့ တယ်ဟုတ်ပါလား၊ ချီးကျုးပါတယ်။”

စာရေးသူ - "ဟ ... ထောက်လှမ်းရေးတပ်မှူးရုံးခန်းက သားနားလှချည်းလာ၊ ကတ္တီပါကော်ဇောခင်းထားတာ၊ ကျွန်တော့် တောစီးဖိနပ် ရွှံပေတာနဲ့ နင်းရက်စရာ မရှိဖူး၊ အားနာတယ်၊ ကြည့်စမ်း အရက်ဆိုရင် ကောညှက်၊ ဂျော်နီလမ်းလျှောက်၊ ဂေါက်ဆက်က အကောင်းစား လန်ထွက်နေတာဘဲ။  ကုသိုလ်ကံကောင်းဗျာ။ ခင်ဗျားလက္ခဏာကိုကြည့်ပြီး ကျွန်တော့် လက်မှာ ထွင်းရမလိုဖြစ်နေတယ်။” စာရေးသူ ပြောသာ ပြောလိုက်ရတာ တကယ်ထွင်းမိရင် နောင် ထောက်လှမ်းရေးတွေကို ဆွဲစိခံရလို့ ထောင်ကျရမယ့် လက္ခဏာမှန်း မသိလိုက်ဖူး၊ ပြန်တွေးရင်ပြုံးမိပါတယ်။

ထလတ တပ်မှူး - "ခင်ဗျားက အရက်မသောက်တာမို့ မပေးတော့ပါဖူး။ ဒါပေမဲ့ ရှေ့တန်းမှာ ဆေး၊ ငါးရံခြောက်၊ ငါးသေတ္တာ၊ ကော်ဖီမစ်၊ ကိတ်ခြောက် ပေးလိုက်မယ်။ ဒါနဲ့ ရင်းမှူးတို့ရှေ့တန်းနယ်မြေက ရွာတွေက သိတဲ့အတိုင်း တရွာနဲ့တရွာ စကားမတူကြတော့ ရန်သူ့သတင်းရဖို့ ခက်တယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေဆီကဘဲ ရတယ်။ သတင်းရရင် ကျွန်တော်တို့ကို သတင်းရှယ်ပါဦး၊”

စာရေးသူ -  "တရားဝင်ဆက်သွယ်ရေး စက်လိုင်း မရှိဖူး။ ခင်ဗျားသိတဲ့အတိုင်း ကျွန်တော့်မှာ အဖေအရင်း တပ်မ၊ အနီးကပ်ဆရာ နည်ဗျုဟာ၊ ပထွေး ဒကစ၊ အဖိုး ရပခတိုင်း၊ ဆရာများတယ်။ နည်းလမ်းရှာတာပေါ့၊ နောက် ကျွန်တော် စည်းရုံးရေးအရရော အထက်လူကြီးကို ဖါးရအောင် မသောက်ပေမဲ့ အရက်တဖါယူမယ်”

ထလတတပ်မှူး ရယ်ပြီး - "ဟုတ်ပ၊ ရင်းမှူးလည်း မလွယ်ဖူး၊ တခုတော့ရှိတယ်၊ ရိက္ခာထုတ်ရင် မြို့ဆင်းရတယ် မဟုတ်လား။ အဲဒီမှာ ထလတတပ်ဆွယ် ကျွန်တော့်တပည့်တွေ ရှိတယ်။ သူတို့ကို စာချိတ်ပိတ်ပေးပါဗျာ။ ကျေးဇူး မမေ့ပါ။ ကျွန်တော်လည်း ဒီအရက်တွေ သောက်နေတာ မကုန်နိုင်မဲ့အတူတူ အရက်ကော အစားအသောက်ပါ ယူသာ သွားဗျာ’’

စာရေးသူ -"ထလတ တပ်မှူးဆိုတော့ ကြောက်ရတယ်၊ Report တင်တာမျိုး၊ ကိုယ်တင်တဲ့ သတင်းကို ထလတ က ထပ်ပြီးတင်၊ ဂျာအေးသူ့အမေရိုက်ပြီး ကျွန်တော်တို့ကို အထက်က ပြန်ခိုင်းနေမှ ဒုက္ခ၊ ကြည့်လုပ်ဦး ဆရာရေ၊” ပြောရာ၊ လက်ကာပြကာ မပူနဲ့လို့ ပြောပါတယ်။ သူက ခေါင်းရှေ့တိုးပြီး အလေးအနက်ပြောတာက -

၁၄။ ထလတတပ်မှူး -  "ရင်းမှူးရေ ... အထူးမှာချင်တာက ငြိမ်းချမ်းရေးယူထားတဲ့ တပ်ဖွဲတွေ စီးပွါးရေးလုပ်နေတဲ့ မှောင်ခိုလမ်းကြောင်းကို မဖမ်းစေချင်ဖူးဗျာ။ ကျွန်တော်တို့က သူတို့တပ်ဖွဲ့ဝင်တွေရဲ့ သက်သာချောင်ချိရေးကို အပြည့်အစုံ မလုပ်ပေးနိုင်တာမို့ ဒါကို မသိချင်ယောင်ဆောင်ပေးနေရတယ်။ နို့မို့ရင် တောထဲပြန်ဝင်သွားမယ်၊ သူတို့ကို တတ်နိုင်သရွေ့ ခွင့်ပြုပေးစေချင်ပါတယ်။” ပြောရာ စာရေးသူ စိတ်အိုက်သွားရပြန်တယ်။

စာရေးသူ - "သူတို့က ဘယ်လို လုပ်နေတာလဲ။ ကုန်သည်နဲ့ညှိပြီး အကောက်ကောက်တာလား။ ကိုယ်တိုင် လုပ်နေတာလား။ နောက် ပြန်တောခိုသွားတဲ့ KNPP ကရော အဲဒီ မှောင်ခိုအုပ်စုထဲ ပါရင် ဘယ်နဲ့လုပ်မလဲ”

ထလတ တပ်မှူး - "မပူပါနဲ့၊ သူတို့အချင်းချင်း ထမင်းအိုးထဲ လက်လျှိုနှိုက်တဲ့ အလုပ် မလုပ်ဖူး။ သူတို့ဧရိယာ ခွဲထားတယ်၊ ငြိမ်းချမ်းရေးအဖွဲ့တွေက ပုံမှန်မရှိဖူး၊ တခါတလေ ကုန်သည်ဆီက အကောက်ယူပြီး လွှတ်ထည့်လိုက်သလို၊ ကိုယ်တိုင် အရပ်ဝတ်နဲ့ လိုက်လုပ်တာလည်း ရှိမယ်၊ သူတို့က နီးစပ်ရာ ရွာလူကြီးနဲ့ ချိတ်ပြီး ရင်းမှူးထံ ချဉ်းကပ်လိမ့်မယ်။”

စာရေးသူ - "ဒကစကတော့ ဖမ်းခိုင်းနေတယ်ဗျ။”

ထလတ တပ်မှူး - "ဒီလူတွေက ဝါးဖို့ဘဲကြည့်နေတာ။ ငြိမ်းချမ်းရေးပျက်ရင် ဒီလူတွေကို ပွိုင့်ရှေ့ကနေ တက်ရှင်းခိုင်းမယ်။ သေပါစေ။ မဟာဗျူဟာ အမြင်မရှိဖူး၊ ငြိမ်းချမ်းရေးအဖွဲ့ ထိန်းရတာ၊ သူတို့မထိန်းရတိုင်း လွယ်တယ်များ အောက်မေ့တယ်။”

စာရေးသူ - "ကဲဗျာ၊ အခြေအနေကြည့်ပြီး မီးစင်ကြည့် ကပေးပါ့မယ်။ တပည့်တပ်ဆွယ်ကို မှာထားပါ”

၁၅။ စာရေးသူအပြန်လမ်းခရီးမှာ ကားပေါ်မှာ လေပူတချက် မှုတ်ထုတ်ရင်း အဖေအရင်း တပ်မ၊ အဖိုး ရပခတိုင်း၊ အနီးကပ်ဆရာ နည်းဗျူဟာမှူး၊ ပထွေး ဒကစ၊ ပျော့ပျောလေးနဲ့ နံတဲ့ ကြောင်ချီး ထလတ တပ်မှူး စတဲ့ ဆရာ့ ဆရာတွေကြားမှာ ဘယ်လို အသုံးတော်ခံရမလဲဆို အတွေးနယ်ချဲ့မိပါတယ်။

ကယားပြည်နယ် စစ်ဆင်ရေးဒေသဟာ ရှမ်းနဲ့ကရင်ပြည်နယ်ရှိ တောင်တန်းတွေလို ပြေပြစ်ခြင်းမရှိဘဲ မတ်စောက်မြင့်မားတဲ့ ကျောက်ဆောင်တွေများသလို ရွာတွေဟာ ဘာသာစကားမတူတဲ့အတွက် ရန်သူသတင်းရဖို့ အရမ်းခက်ပါတယ်။ ဒါ့အပြင် မိုင်းပေါပြီး ရေရှားတဲ့အတွက် အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ငယ်စဉ်က ကယားပြည်နယ်ဝင်ချိန်မှာ ခေါင်းတွင်တွင်ခါတဲ့အထိ စိတ်ပျက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုခက်ခဲမှန်း သိလျှက်နဲ့ ရပခတိုင်းမှူးက တနေ့ မိုင် (၂၀) သွားရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ လက်တွေ့ မဖြစ်နိုင်မှန်း သိသိကြီး ဇွတ်အတင်း သေခိုင်းတဲ့ သဘောဖြစ်နေပါတယ်။

၁၆။ စစ်သည်တွေဟာ ရေရှားလို့ တောင်တက်ရင်း အမောဆို့နေရတဲ့ ဒုက္ခကို မကြည့်ရက်နိုင်သလို မိုင်းဖြစ်စဉ် ဖြစ်ရင်လည်း ခုံရုံးဖွဲ့စစ်ဆေးမည် လုပ်နေတာမို့ မတရားတဲ့ အမိန့် ညွှန်ကြားချက်ဖြစ်တယ်လို့  သုံးသပ်မိပါတယ်။ ပေးလိုက်တဲ့ အကျဉ်းသားတွေဟာ သယ်ရမည့် ရိက္ခာနဲ့ ကျည်ကို သယ်ဖို့ မလောက်ငှတာကြောင့် စစ်သည်တွေရဲ့ ပခုံးပေါ်သာ ရောက်လို့ လေးလံပြီး စစ်ကြောင်းချီတက်မှု နှေးကာ အဆင်မသင့်လို့ရန်သူက (ခြုံခို/မိုင်း) နဲ့ တိုက်တာမျိုး၊ ဖြစ်လာရင် အနှုတ်လက္ခဏာဆောင်ဖို့ များတယ်။ ဒါကြောင့် စစ်သည်တွေရဲ့မိသားစုတွေ ရှေ့တန်းထွက်ခါနီး မိမိ မျက်နှာကို အားကိုးတကြီး 'အဘ ... ကျွန်မတို့ ယောကျာ်း တတ်နိုင်သမျှ အတူတူပြန်လာအောင်စောင့်ရှောက်ပေးပါ'ဆိုတဲ့ တောင်းပန်တိုးလျှိုးတဲ့ မျက်ရည် ဝဲနေတာ မျက်လုံးထဲမှာ သံမှိုလိုစွဲနေသလို နောက်တန်းမှာ အန္တာရယ်ကင်း ဓမ္မာစင်္ကြာ၊ ပရိတ်ကြီး (၁၁) သုတ် ဆက်တိုက် ရွတ်ပေးမယ် ဆိုတဲ့ အားပေးလိုက်တဲ့ အသံတွေ နားထဲမှာ ကြားယောင်မိရင်း အဓိပ္ပါယ်မရှိတဲ့ စစ်ဆင်ရေးကို အတိအကျ မလုပ်တော့ဘဲ တတ်နိုင်သမျှ မြေပုံပေါ်မှာဘဲ ပြဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။

(ဆက်လက် ဖော်ပြပါမည်)

ဝင်းအောင်ကြီး ● ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု

$
0
0


ဝင်းအောင်ကြီး ● ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှု
(မိုးမခ မဂ္ဂဇင်း ဇူလိုင်-၂၀၁၆ ပါ ‘သက်ကြီးစကား’ ဆောင်းပါး)
(မိုးမခ) ၁၉ ဇူလိုင်၊ ၂၀၁၆

အာဇာနည်နေ့ရောက်တိုင်း မြင်နေကျ ဓာတ်ပုံကိုမှတ်မိကြပါလိမ့်မယ်။ အဲဒီတော့ အသက်ငယ်ငယ်နဲ့ တာဝန်ယူကြီးကြီးယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအပိုင်းကို လေ့လာကြည့်ကြပါစို့။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့နဲ့ ဆွေးနွေးနိုင်စွမ်းထက် အာဇာနည်ကြီးများလို့ သိကြတဲ့ သူ့အစိုးရအဖွဲ့အပေါ် ဦးဆောင်ပုံကို ကြည့်ရင်ပိုရှင်းပေလိမ့်မယ်။ ၀န်ကြီးအားလုံးရဲ့ အသက်တို့ ၀ါတို့ သူနဲ့ဘယ်လောက်ကွာသလဲကြည့်။



ဒါပေမယ်လို့ သူထိပ်က ပြတ်ပြတ်သားနေပုံ သမိုင်းပညာရှင်များ ရေးသားထားတာက ဒီလိုပါ၊

Aung San is at the helm of collective leadership of top individuals.

ကိုယ်စီတော်တဲ့ ၀န်ကြီးတွေရဲ့ စုပေါင်းခေါင်းဆောင်မှုကို ထိပ်ကနေပဲ့ကိုင်တယ်။ ဘောလုံးလိုဆို သူဟာအသင်း Captain မို့ ကျန် ၁၀ ယောက်နည်းတူ ကိုယ်တိုင်လည်း ကစားရင်း ခေါင်းဆောင်တာပါ။ လှေပြိုင်ပွဲနဲ့ယူကြည့်ရင်တော့ သူဟာ Cox လှေပဲ့ထိန်း၊ In လို့အမိန့်ပေးရင် တက်များကိုရေးထဲနှစ်ထားကာ Out လှော်လို့အော်လိုက်အခါ ကျမှသာ လှေထိုးသမားတွေက တပြိုင်တည်းလှော်ရတယ် မဟုတ်လား။

ဥပမာ ၁၉၄၇ ခု၊ ဖွဲ့စည်းပုံထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ထည့်ရေး ဒီးဒုတ်ဦးဘချို အဆိုတင်သွင်းတော့ သူကန့်ကွက်ပုံထဲက ကောက်နှုတ်ကာ “ --- ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံးဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမယ့်လူတွေ ပေါ်မလာစေမယ့် နိုင်ငံရေးစိတ်ဓာတ် တခုတည်းရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ်---“ စသဖြင့် ထိမိပြတ်သားတဲ့ စကားလုံးတွေ သုံးတယ်။

၁၉၂၀ ပြည့်၊ပထမ ကောလိပ်သပိတ်ကာလ ဒီးဒုတ်ဦးဘချိုတို့ အမျိုးသား တက္ကသိုလ်ထူထောင်ဖို့ လုပ်ဆောင်ကြချိန်မှာ မောင်အောင်ဆန်းမသကာရှိ ၅ နှစ်သား၊ ကကြီးခခွေးတောင် တတ်မှတတ်သေးရဲ့လား။ အဲဒါက အကြောင်းမဟုတ်၊ အဓိကက သူ့ရဲ့အမြော်အမြင်ကြီးမားမှုနဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှုကြောင့် ဒီးဒုတ်ဦးဘချိုသာမက သခင်နုအပါအ၀င် အားလုံးက လက်ခံခဲ့ကြရတာပါ။




သူ့ရဲ့တခြားမိန့်ခွန်းများကို လေ့လာကြည့်ကြရအောင်။

ဒီဘက်ကပ်လိုက် ဟိုဘက်ပါလိုက် လုပ်နေသူတွေကို ဆိတ်လစေ့လို့သုံးတာနဲ့ သတင်းစာထဲကနေ ကာတွန်းဦးဘဂျမ်းက ဆိတ်တကောင်က သူ့ပေါင် နှစ်ဖက်ကို အ၀တ်နဲ့စီးထား၊ ခပ်ပြုံးပြုံးမျက်နှာလေးနဲ့ “ဒါလေးတော့ ချမ်းသားပေးပါ ဗိုလ်ချုပ်ရယ်” ဆိုတဲ့ပုံနဲ့ ကလိလိုက်တာကို သိပ်သဘောကျသွားတာမို့၊ “..အဲဒီလို ခပ်ရိုင်းရိုင်းပြောမှလည်း လူတွေကမှတ်မိကြမှာ ဟဲဟဲ…” လို့ ပြောသွားတာ သတိထားမိကြမှာပေါ့။

သူက လယ်သမားကို လယ်သမားလို့သာခေါ်ကာ လယ်လုပ်သူတိုင်းလယ်ပိုင်ရေး။ ဦးကြီးလို့ခေါ်သူတွေက လယ်တွေသိမ်းပိုက်နေတယ်။

“ခင်ဗျားတို့ရဲ့ အကျင့်ဆိုးတွေ၊ စောက်ကျင့်တွေ” လို့သူပြောတာ ဘာဖြစ်လို့ ကျနော်တို့နားဝင်ချို ခေါင်းထဲစွဲနေပြီး၊ “မိဘပြည်သူများ ခင်ဗျား” ဆိုတဲ့အသံ နားခါးနေရတာလဲ။

တုတ်ဆွဲ ဓားဆွဲ မော်တော်ဆိုင်ကယ် တပ်တွေနဲ့ အုပ်စုဖွဲ့ထင်တိုင်းကြဲ နေကြတာတွေကို ကျနော်တို့ မျက်စိမှိတ် ပါးစပ်ပိတ်ကြည့်နေကြရင်၊ လွတ်လပ်ရေးမရသေးဘူး၊ လမ်းပေါ်ဆေးရိုးလှမ်းနေတဲ့ စည်းကမ်းမဲ့မှုကို ထောက်ပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရာရောက်ပါ့မလား။

မောင်အောင်ဆန်းအဖို့ “ဒေါ်စုသည်အမိ၊ ဦးဖာသည်အဖ”၊ ဗိုလ်ချုပ်အောင်ဆန်းအဖို့ကတော့ “လူထုသည်သာအမိ လူထုသည်သာအဖ” ဆိုတာ သူမပြောပေမယ့် ဘာဖြစ်လို့ သူချစ်တဲ့ပြည်ထောင်စုသား အားလုံးကသိနေကြရတာလဲ။

သာမန်လူ တယောက်ချင်းရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသလို၊ သာမန်လူ တယောက်ချင်းရဲ့ အစွမ်းအစကိုလည်း သူသိတယ်၊ ယုံတယ်။ အဲဒီလိုလူတွေ စုစည်းညီညွတ်လာရင် ဧရာမစွမ်းအားဖြစ်လာကာ ဘယ်လောက်မှောင်မိုက် ကြီးမားပါစေ၊ ထိုးဖောက်ဖြိုခွင်းနိုင်တယ်ဆိုတဲ့ တွေးမြင်မှုကို သူ့အကြောင်းစာအုပ်တွေမှာ တွေ့ရတယ်။ ရှာကြ ဖွေကြ၊ ဖတ်ကြ လေ့လာကြပါ။

ဒါမှသာ သူ့လိုလူထူကြား တသားတည်းနေတဲ့ လူထုခေါင်းဆောင်အစစ် ရလာမှာ။ ပဒေသာပင်ဆိုတာ မြေကြီးအလိုလို ပေါက်လာမှာ မဟုတ်ဘူလို့ ကြိုမြင်ကြိုတင် သတိပေးသွားတယ်လေ။ သူ့ကိုသေးသိမ်အောင်၊ သူ့အခန်းကဏ္ဍကို မှေးမှိန်အောင် စနစ်တကျလုပ်နေကြတာ မတွန်းလှန်နိုင်ရင်၊ သူ့ဘွဲ့မရပါဘူးဆိုရာကနေ တနေ့သောအခါမှာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်တဲ့ ဗိုလ်တေဇဟာ အောင်ဆန်းမဟုတ်ဘူး ဆိုတဲ့အထိ ရောက်မသွားဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။

၂၀၁၆ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ ကွယ်လွန်သွားတာ ၆၉ နှစ်ပြည့်တော့မယ်၊ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကနည်းနည်း ကိုယ့်အကြောင်းကများများ၊ ယုတ္တိမဲ့ အရေးအသားများကြား ရွေးဖတ်ကြပါ။ စာတတ်လို့ စာဖတ်မှတော့ အညံ့မခံကြပါနဲ့။ အာဇာနည်နေ့ အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ ဆိုသလို ပွဲပြီးမီးသေမဖြစ်စေချင်ပါ။

လေ့လာလိုပါက

၁။ လူတွေကြားက လူအောင်ဆန်း (ဘ၀တက္ကသိုလ်စာပေထုတ်)

၂။ The Leadership by John F. Kennendy တို့ကိုဖတ်ဖို့ တိုက်တွန်းပါရစေ။

ဝင်းအောင်ကြီး

(မိုးမခ မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၇)၊ ဇူလိုင်လ ၂၀၁၆ ခုနှစ်ထုတ်တွင် ပုံနှိပ်ခဲ့ပြီး ဖြစ်သည်။)

ငြိမ်းချမ်းအေး - သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့

$
0
0

ငြိမ်းချမ်းအေး - သွေးစွန်းသမိုင်းမှသည် အနာဂတ်သစ်ဆီသို့
(The Ladies News / မိုးမခ) ၁၉ ဇူလိုင်၊ ၂၀၁၆





လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ခေတ်စနစ်မှာတော့
သမိုင်းက သွေးစွန်းခဲ့မှု အစုစု ဒဏ်တွေ၊ နောက်ဆက်တွဲ အမုန်းတွေကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရေစင်ပက်ဖျန်း ဆေးကြောကာ၊ သတ်ဖြတ်မှုတွေအားလုံး ကျော်လွှား ချေဖျက် သမိုင်းသစ်တွင်ဖို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက မျှော်လင့်နေကြပါတယ်။

တိုင်းပြည်မှာ လက်နက်ကိုင် ဖိနှိပ်ခြင်းဓလေ့၊ အင်အားကြီးသူ အောင်နိုင်တဲ့ တောတွင်းလုပ်ထုံး၊ အကြမ်းဖက်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ သွေးစွန်းရက်စွဲများ လုံးဝ ရပ်တန့် ပပျောက်အောင် လူထု၊ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနဲ့ အင်အားကြီး တပ်မတော်တို့ ပူးပေါင်း ဒီမိုကရေစီ လောက နိဗ္ဗာန်တည်ဆောက်နိုင်ဖို့ မျှော်ရည်နေကြပါတယ်။ အမှန်တကယ်ဖြစ်မြောက်အောင်လည်း ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။

ဒီနည်းဖြင့်သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အကောင်းဆုံး တသ အောက်မေ့ ဝမ်းနည်း အထိမ်းအမှတ်ပြုခြင်း မည်ပါမယ်။

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ သမိုင်းဝင် လုပ်ကြံခံရမှုဖြစ်စဉ်ကြီးမှာ သမိုင်းသင်ခန်းစာထုတ် ဆင်ခြင်စရာအများကြီး ရှိပါတယ်။ ဥပမာ - မြန်မာပြည်ရဲ့ ကိုလိုနီသူ့ကျွန်ဘဝအောက်က ရုန်းထွန်ရာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ နိုင်ငံသား လူမျိုး၊ ဘာသာစုံ ပါဝင်ခဲ့တယ်ဆိုတာကိုလည်း လုပ်ကြံခံရချိန် လူမျိုး၊ ဘာသာ အရောင်အသွေးစုံပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ကက်ဘိနက်က သက်သေပြနေပါတယ်။

ဒါ့အပြင် လုပ်ကြံမှုနောက်ကွယ်မှာ အကျိုးအာဏာစီးပွား ရောယှက်ဆက်စပ် ပါဝင်ပတ်သက်ခဲ့ကြတဲ့ လက်ရင်း တရားခံ မျိုးချစ်အယောင်ဆောင် လက်ယာစွန်း ဦးစောနဲ့ အပေါင်းအပါများ၊ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးယူရင်း တည်ဆောက်နေတဲ့ လက်ဝဲအင်အားစုများနဲ့ ညီညွတ်ရေးလမ်းစဉ်ကို မလိုလားတဲ့ လက်ယာဖောက်ပြန်ရေးသမားများနဲ့ ဖဆပလ အတွင်းရှိ ဆိုရှယ်လစ်အုပ်စုများ၊ သွေးထိုး မြှောက်ပင့် နောက်ကွယ်က ထောက်ပံ့ပေးခဲ့သူ အင်္ဂလိပ်အရင်းရှင်အစိုးရနဲ့ ကုန်သည်ကြီးများ စတဲ့ နောက်ခံသမိုင်းအကျယ်ကိုလည်း ခြုံငုံသင်ခန်းစာ ယူတတ်ရပါမယ်။

အရေးကြီးဆုံး သင်ခန်းစာယူစရာ တခုကတော့ ပဒေသရာဇ်ခေတ် လူသတ်နန်းလုဓလေ့ဟာ ခေတ်သစ်တိုင်းပြည်သမိုင်းမှာလည်း ကျင့်သုံးခဲ့တယ် ဆိုတာပါပဲ။ တွင်ကျယ်ဆဲလို့လည်း ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျိုးဆက်သွေး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၈၈ နောက်ပိုင်း နိုင်ငံရေးဘဝ၊ ဒီမိုကရေစီခရီးကြမ်း တလျှောက်ကို လေ့လာကြည့်ရင် ဖိနှိပ်အုပ်စိုးခဲ့သူ အာဏာပိုင်များရဲ့ အသက်ကိုရန်ရှာတဲ့အထိ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကို တွေ့နိုင်ပါတယ်။ ၂၀၀၃ မေ ၃၀ ဒီပဲယင်း လူသတ်အကြမ်းဖက်မှုကြီးကနေ သီသီကလေး အသက်ဘေးလွတ်ခဲ့ရတာက သက်သေပါပဲ။

မြန်မာ့နိုင်ငံရေးဓလေ့မှာ အာဏာအတွက် အသက်လုပ်ကြံခံရခြင်း အခြား သာဓကများစွာလည်း ရှိပါသေးတယ်။

လွတ်လပ်ရေးယူခါနီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ ဖွား -၁၉၄၇ ဆုံး) အစိုးရအဖွဲ့ရဲ့ စီးပွားရေးဝန်ကြီး အင်္ဂလိပ်ခေတ် ရှေးဦး အိုင်စီအက်စ် အရာရှိ ဦးတင်ထွဋ် (၁၈၉၅ ဖွား - ၁၉၄၈ ဆုံး) ဆိုရင်လည်း ၁၉ ဇူလိုင် လုပ်ကြံခံရမှုမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး အသက်ဘေးက လွတ်ခဲ့ပေမယ့် နောက် တနှစ်အကြာ ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ကားပေါ်ဗုံးခွဲလုပ်ကြံခံခဲ့ရပါတယ်။ ၁၉ ဇူလိုင် သမိုင်းဝင် လူသတ်ပွဲကြီး နောက်ဆက်တွဲ ကွင်းဆက်ထဲမှာပါတဲ့ နိုင်ငံရေးလုပ်ကြံမှု တခုပါပဲ။

လွတ်လပ်ပြီး တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ရှမ်းအမျိုးသား စဝ်ရွှေသိုက် (၁၈၉၄ ဖွား - ၁၉၆၂ ဆုံး) ဆိုရင်လည်း ၁၉၆၂ ဗိုလ်ချုပ်နေဝင်း (၁၉၁၀ ဖွား - ၂၀၀၂ ဆုံး) စစ်အာဏာသိမ်းတက်ခဲ့တဲ့ တော်လှန်ရေးစစ်ကောင်စီလက်ထဲမှာ နိုင်ငံရေးနဲ့ လူနည်းစု လူမျိုးစုရေးရာအရ ဖမ်းဆီးထိန်းသိမ်း ထောင်အတွင်းမှာပဲ သတ်ဖြတ်ခံခဲ့ရပါတယ်။ သူ့သားတယောက်ဆိုရင်လည်း ၁၉၆၂ မတ်လ ၂ ရက်နေ့ စစ်အာဏာသိမ်းစဉ်မှာ သတ်ခံခဲ့ရပါတယ်။

ဟိုတလောက လူ့အခွင့်အရေးနဲ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် မှာ ပြသခွင့်ပိတ်ခံထိခဲ့တဲ့ “Twilight over Burma” ရုပ်ရှင်ဇာတ်လမ်းရှင် သီပေါစော်ဘွား စပ်ကြာဆိုင်ဆိုလည်း ဗိုလ်နေဝင်း စစ်အစိုးရ ထောင်အတွင်းမှာ လက်စဖျောက် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

လက်ရှိခေတ်လို့ ဆိုနိုင်တဲ့ အချိန်ထိလည်း ကရင်လူမျိုးစုတော်လှန်ရေးတပ်ခေါင်းဆောင် KNU (Karen National Union) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလဖန် (၁၉၄၃ ဖွား - ၂၀၀၈ ဆုံး) တယောက် ၂၀၀၈ ဖေဖော်ဝါရီ ၁၄ Valentine’s Day မှာ လုပ်ကြံခံရခြင်းလို နိုင်ငံရေးဆက်စပ် သွေးစွန်းတဲ့ သတ်ဖြတ်မှုတွေ ဖြစ်နေဆဲပါပဲ။

ကရင့် တော်လှန်ရေးသမိုင်းအတွက် ခေါင်းဆောင်မှု အပိုင်း၊ နိုင်ငံရေးအရ အကြီးကျယ်ဆုံး ဆုံးရှုံး လုပ်ကြံခံရမှု ကတော့ ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ မှာ အစိုးရစစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းခံခဲ့ရတဲ့ KNU ပထမဆုံး ဥက္ကဋ္ဌ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး (၁၉၀၅ ဖွား - ၁၉၅၀ ဆုံး) လုပ်ကြံခံခဲ့ရမှုပါ။ ဒီစစ်ဆေးရေးမှာ အောက်ခြေအရာရှိအဖြစ် ပါဝင်ခဲ့သူ စစ်ဗိုလ်တဦးကတော့ ၁၉၈၈ ခုနှစ် လုထူအုံကြွမှုကြီးကာလ ၁၇ ရက်တာ သမ္မတ ဘဝ မှာ “The Butcher of Rangoon -- ရန်ကုန်မြို့ရဲ့ သားသတ်သမားကြီး” အဖြစ် သမိုင်းနာမည်ဆိုးတွင်ခဲ့သူ ဗိုလ်မှူးချုပ်စိန်လွင် (၁၉၂၃ ဖွား - ၂၀၀၄ ဆုံး) ပါပဲ။ စောဘဦးကြီး ရုပ်အလောင်းကိုဆိုရင် အစိုးရစစ်တပ်က နောင်မှာ နိုင်ငံရေးအရ အထိမ်းအမှတ်ပြုမှု၊ ကရင့်တော်လှန်ရေး အမှတ်အသား အဖြစ်ဂုဏ်ပြုမှု ဖြစ်မှာ မလိုလားတဲ့ အတွက် တရားဝင် ဂူသွင်း မြှုပ်နှံခွင့်မပေးပါဘူး။ မီးရှို့ဖျောက်ဖျက်ပစ်ခဲ့ပါတယ်။ ပြာကို ပင်လယ်ထဲလွှင့်ပစ်လိုက်တယ် ဆိုကြပါတယ်။

အစိုးရစစ်တပ်ရဲ့ တိုင်းရင်းသားဒေသ စစ်ဆင်ရေးတွေ ပြည်တွင်းစစ်ဗျူဟာတွေမှာ ကျင့်သုံးတယ်လို့ နိုင်ငံတကာနဲ့ လူမျိုးစုတော်လှန်ရေးတပ်တွေက အမြဲ စွပ်စွဲ ခံရလေ့ရှိတဲ့ အစိတ်သားလည်း မချန်နဲ့ (ဗိုက်ထဲက ကလေးကို ပြောတာပါ) ဆိုတဲ့ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ အတွေးအခေါ် Mindset က ဒီလို သမိုင်းဖြစ်စဉ် နိုင်ငံရေး လုပ်ကြံမှုတွေက အခြေတည်လာခဲ့တာပါ။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပြည်ထောင်စု စစ်စစ်တည်ဆောက်ရေး တိုင်းပြည်အနာဂတ်အတွက် အင်မတန် ဆင်ခြင်ဖွယ် ကောင်းပါတယ်။

ဒီလို နိုင်ငံရေးအရ အစီစဉ်တကျ အကွက်ချ သတ်ဖြတ်မှု သမိုင်းဖြစ်စဉ်ဟာ အစိုးရစစ်တပ်မှာချည်း ရှိတာမျိုးလည်း မဟုတ်ပါ။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ညာလက်ရုံး စစ်ခေါင်းဆောင် ဗိုလ်လက်ျာ (သခင်လှဖေ ၁၉၁၁ ဖွား - ၁၉၇၉ ဆုံး) ဆိုရင်လည်း ၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်နေဝင်း အစိုးရကို လက်နက်ကိုင်ပြန်လည် တော်လှန်ဖို့ သူဦးဆောင် ဖွဲ့စည်ခဲ့တဲ့ “ဗမာ့မျိုးချစ်တပ်မတော် (၁၉၆၉ မှာ ဖွဲ့) နဲ့အတူ တောတွင်းမှာ လက်နက်ကိုင်လှုပ်ရှားနေစဉ် နိုင်ငံရေးအရ မဟာမိတ်ပြုထားတဲ့ KNU ခေါင်းဆောင်မှု အကွဲအပြားမှာ KNU ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အခြား ရဲဘော်သုံးကျိပ်ဝင် တယောက်ဖြစ်သူ ဗိုလ်ဇေယျ (သခင်လှမောင် ၁၉၁၃ ဖွား - ၁၉၆၈ ဆုံး) ဆိုရင်လည်း ကွန်မြူနစ်ပါတီရဲ့ စစ်ခေါင်းဆောင်ဘဝနဲ့ ၁၆ ဧပြီ ၁၉၆၈ မှာ ဗိုလ်နေဝင်းအစိုးရတပ် လက်ချက်ကြောင့် တိုက်ပွဲကျခဲ့ရတာပါပဲ။

သူ့ကျွန်ဘဝ လွတ်မြောက်ရေး သမိုင်းမှာ အရေးကြီး ကဏ္ဍအဖြစ်ပါခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကိုကြည့်ရင်လည်း ခေါင်းဆောင် သခင်သန်းထွန်း (၁၉၁၁ ဖွား - ၁၉၆၈ ဆုံး) ဟာ အစိုးရတပ်ဆီ လက်နက်ချမယ့် လက်အောက်ငယ်သားများရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ် (စက်တင်ဘာ ၂၄၊ ၁၉၆၈)။ သခင်သန်းထွန်း ဖော်ဆောင်ခဲ့တဲ့ မူဝါဒအမှား ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်စဉ် ၁၉၆၇ လမ်းစဉ်မှာဆိုရင်လည်း သမိုင်းဆိုးတွင်ခဲ့တဲ့ ဖြုတ်ထုတ်သတ် ဖြစ်စဉ်တွေ အကြီးအကျယ် ဖြစ်ခဲ့တာ သမိုင်းအထင်အရှားပါပဲ။ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ပြီး ၁၉၆၂ ခုနှစ် 7th July ဖြစ်စဉ်လို ဗိုလ်နေဝင်းရဲ့ စစ်တပ်က အကြီးအကျယ် နှိပ်ကွပ် သတ်ဖြတ်ခံရမှုကြောင့် နိုင်ငံရေးနည်းသာမက၊ စစ်ရေးနည်းနဲ့ပါ တန်ပြန်ဖို့ တောတွင်းရောက်လာခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတချို့ အသက်စတေးခဲ့ရပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်အောင် (သခင် လှမြိုင် ၁၉၁၇ ဖွား - ၁၉၆၇ ဆုံး) တောင် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ် (ဒီဇင်ဘာ ၂၆၊ ၂၉၆၇)။

ကချင်လက်နက်ကိုင် တော်လှန်ရေး သမိုင်းကို လေ့လာရင်လည်း KIO (Kachin Independence Organization) အတွင်း အာဏာလုပွဲနဲ့ နိုင်ငံရေးအယူဝါဒ ကွဲပြားမှုတွေကြောင့် ဇော်တူး၊ ဇော်ဆိုင်း အစရှိသူတို့ လုပ်ကြံခံခဲ့ရတယ် အဖြစ်အပျက်တွေ ရှိပါတယ်။

ဆိုချင်တာက မြန်မာ့နိုင်ငံရေး မျက်မှောက်နဲ့ အတိတ်သမိုင်း ဓလေ့မှာ ရှေးပဒေသရာဇ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ လူသတ်အာဏာယူထုံး၊ လက်နက်နဲ့ နိုင်ငံရေးရာပြဿနာကို ဖြေရှင်းကြတဲ့အလေ့ဟာ ဝမ်းနည်းဖွယ် တွင်ကျယ်နေခဲ့၊ နေဆဲဆိုတာပါ။ နောင်အနာဂတ်သမိုင်းလှဖို့ဆိုရင်တော့ အတွေးအမြင် အယူဝါဒ မတူသူတွေ အချင်းချင်း တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖြေရှင်းရေး အလေ့အကျင့်ကို ဒီမိုကရေစီယဉ်ကျေးမှု စနစ်အောက်မှာ ပြုစုပျိုးထောင် အမှန်တကယ် လက်တွေ့ကျင့်သုံးကြဖို့လိုပါတယ်။

ဒီဓလေ့ဟာ အခုအထိ အခြေမတည် အလုပ်မဖြစ်သေးဘူးဆိုတာကို ဒီမိုကရေစီခေါင်းဆောင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင်စနစ်အမွေခံ စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်များ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြတဲ့ အပွင့်ဆိုင်တွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလုံးစုံ အောင်မြင်ပြီးမြောက်ခြင်း မရှိဖြစ်ခဲ့တဲ့ အသွင်ပြောင်း ပြီးခဲ့တဲ့ စစ်တပိုင်းအစိုးရ ငါးနှစ်တာက ပြသခဲ့ပြီးပါပြီ။ တိုင်းရင်းသားအရေးမှာ အဖြေရှာမရရင် အဆုံးမှာ လက်နက်ချည်း ပြန်ကိုင် တိုက်နေကြတာ မျက်မြင်ပါပဲ။

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် ခေတ်စနစ်မှာတော့ သမိုင်းက သွေးစွန်းခဲ့မှု အစုစု ဒဏ်တွေ၊ နောက်ဆက်တွဲ အမုန်းတွေကို ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရေစင်ပက်ဖျန်း ဆေးကြောကာ၊ သတ်ဖြတ်မှုတွေအားလုံး ကျော်လွှား ချေဖျက် သမိုင်းသစ်တွင်ဖို့ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုက မျှော်လင့်နေကြပါတယ်။ တိုင်းပြည်မှာ လက်နက်ကိုင် ဖိနှိပ်ခြင်းဓလေ့၊ အင်အားကြီးသူ အောင်နိုင်တဲ့ တောတွင်းလုပ်ထုံး၊ အကြမ်းဖက်ဝါဒ၊ စစ်အာဏာရှင်စနစ်နဲ့ သွေးစွန်းရက်စွဲများ လုံးဝ ရပ်တန့် ပပျောက်အောင် လူထု၊ အစိုးရ၊ အရပ်ဘက်အဖွဲ့စည်းများနဲ့ အင်အားကြီး တပ်မတော်တို့ ပူးပေါင်း ဒီမိုကရေစီ လောက နိဗ္ဗာန်တည်ဆောက်နိုင်ဖို့ မျှော်ရည်နေကြပါတယ်။ အမှန်တကယ်ဖြစ်မြောက်အောင်လည်း ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။ ဒီနည်းဖြင့်သာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ခေါင်းဆောင်များ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ကို အကောင်းဆုံး တသ အောက်မေ့ ဝမ်းနည်း အထိမ်းအမှတ်ပြုခြင်း မည်ပါမယ်။
နိဂုံးချုပ်ရရင် မြန်မာ့နိုင်ငံရေး ဓလေ့မှာ အခြေတည်နေတဲ့ လက်နက်နဲ့ အင်အားသုံး လူသတ်ဖြေရှင်းတဲ့ ဓလေ့ ဘယ်လောက် အခြေခံကျကျ အရိုးစွဲ တည်ရှိနေတယ်ဆိုတာကို သိမြင် အမှန်ပြင်နိုင်ဖို့ မဖြစ်မနေလိုနေပါတယ်။ လူသတ်အကြမ်းဖက်ဝါဒ၊ လက်နက်အားကို အာဏာယူ၊ အားကြီးသူနိုင်ရာစားတဲ့ ပဒေသရာဇ် အတွေးအခေါ်၊ စစ်အာဏာရှင်ဓလေ့တွေ အမြန် ပျောက်ဖို့လိုနေပါတယ်။ ရက် ၁၀၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ပြည်သူ့အစိုးရ ဖြတ်သန်းရမယ့် လာမယ့် ၅ နှစ်တာ ခေတ်စနစ် မြန်မာ့နိုင်ငံရေးမှာ လက်နက်အားကိုး မင်းမူ ထင်တိုင်းကြဲ ခြယ်လှယ်တာတွေ အဆုံးသတ်နိုင်ဖို့ လက်နက်ကိုင်ထားသူ တပ်မတော်နဲ့ ဗိုလ်ချုပ်အဟောင်း အသစ်ကြီးများကို သတိပေး မေတ္တာရပ်ခံတိုက်တွန်းပါတယ်။ ဒီမိုကရေစီအရိပ်အာဝါသအောက်ကိုဝင် လက်နက်အားကိုး နိုင်ငံရေးအာဏာ၊ အုပ်ချုပ်ရေး နေရာယူတတ်တဲ့ အကျင့်တွေ ဖျောက်နိုင်ဖို့ မျှော်လင့်ပါကြောင်း မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ တိုင်းပြည်အထိနာလှဆုံး လူသတ်လုပ်ကြံ အကြမ်းဖက်ခံခဲ့ရမှုကြီး ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်းသမိုင်းကို အခြေခံ သွေးစွန်းသမိုင်းများကတဆင့် သင်ခန်းစာယူနိုင်ဖို့ရာ တင်ပြဆွေးနွေးလိုက်ကြောင်းပါ။

လူသတ်အကြမ်းဖက်ဝါဒကျဆုံးပါစေ … …။

ငြိမ်းချမ်းအေး
(ဆက်သွယ်ရန်နှင့် ပြန်လည်ဝေဖန်ရန် - nyeinchanaye81@gmail.com)

(The Ladies Journal တွင်လည်း ဖော်ပြခဲ့သည်။)
https://web.facebook.com/News.TheLadies/posts/594983450676628:0
http://theladiesnewsjournal.com/articles/mon-2016-07-18-1322/2796

ဧရာဝတီတွင်လည်း “သွေးစွန်းသမိုင်းက သင်ခန်းစာယူပါ” အမည်ဖြင့် အလားတူ ရေးသားခဲ့ဖူးသည်။
http://burma.irrawaddy.org/opinion/viewpoint/2015/07/29/78746.html

Title Photo Photo taken by Auchwaswisser (31. Oct. 2006), tatue of Aung San on Natmauk Road on the northern shore of Kandawgyi Lake in Yangon.

ကာတွန်း သူရမိုး - ရက် ၃၀ စီမံကိန်း

$
0
0
 
ကာတွန်း သူရမိုး - ရက် ၃၀ စီမံကိန်း
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

ကိုသန်းလွင် - ဗုဒ္ဓသာသနာအစ မိဂဒါဝုန်

$
0
0

ကိုသန်းလွင် - ဗုဒ္ဓသာသနာအစ မိဂဒါဝုန်

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆

(၁)

ရဟန်းတို့ ငါဘုရားသည် လူနတ်တို့၌ဖြစ်သော ကိလေသာကျော့ကွင်းမှ လွတ်တော်မူပြီ၊

ရဟန်းတို့ သင်တို့သည်လည်း လူနတ်တို့၌ ဖြစ်သော ကိလေသာကျော့ကွင်းတို့မှ လွတ်ကြကုန်ပြီ။

များစွာသောလူတို့၏ အစီးအပွား ဖြစ်ခြင်းငှါ၊ လောကကိုစောင့်ရှောက်ရန်အလို့ငှါ၊ နတ်လူတို့၏ အကျိုးစီးပွား ဖြစ်ခြင်း၊ ချမ်းသာခြင်းငှါ ဒေသစာရီ လှည့်လည်ကုန်လော့၊ ခရီးတကြောင်းလျင် နှစ်ပါးမသွားကုန်ကြလင့်၊

ဝိနယမဟာဝဂ္ဂပါဠိတော်လာ ဗုဒ္ဓဘုရားရှင်က စုစည်းမိသော ရဟန္တာ ၅၉ ပါး တို့အား မြွက်ကြားသော အမှာစကားတော်ဖြစ်ပါသည်၊ ဗုဒ္ဓသာသနာ ဓမ္မဘီးကို စတင်လည်ပတ်စေခဲ့ခြင်းဖြစ်ပါသည်။

(၂)

ကျွန်တော်တို့သည် ၂၀၁၄ ခု ဒီဇင်ဘာလ ဆီးနှင်းများ ထူထပ်စွာကျနေသော ဆောင်းအခါကာလနံနက် ရ နာရီ ခန့်တွင် ဗုဒ္ဓဘုရားရှင် ဓမ္မစင်္ကြာတရားဦးဟောခဲ့ရာမိဂဒါဝုန်တောရှိ ဓမ္မေခ စေတီပုထိုးတော်ကြီးဘေးသို့ရောက်ရှိ သွားကြပါသည်။

ဆီးနှင်းတွေကျနေပုံမှာပုထိုးတော်ကြီးဘေးတွင်မိုးကာအခင်း ခင်း၍ထိုင်နေကြသည့်တိုင် ပုထိုးတော်ကြီး၏ ထီးတော်ကိုမမြင်နိုင်၊ ဘုန်းတော်ကြီးတွေ ရှေ့ကချပေးသော ဓမ္မစင်္ကြာသုတ်၊ အနုတ္တလက္ခဏာသုတ်တော်တို့ ကိုကျွန်တော်တို့လိုက်ပြီးဆိုခဲ့ကြပါသည်၊ ဤနေရာအနီးတ၀ိုက်မှာပင် ဗုဒ္ဓဘုရားရှင်က တရားအားထုတ်ဖက်၊ ပဉ္စ၀ဂ္ဂီ ငါးဦးတို့ကို မိမိကျင့်ကြံအားထုတ် တွေ့ရှိခဲ့သော ဘ၀သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းတရား တော်ကို လွန်ခဲ့သောနှစ်ပေါင်း၂၅၀၀ကျော်က ဟောကြားတော်မူခဲ့သည်ဆိုသော အသိကကျွန်တော်တို့၏ရင်ကို နွေးထွေးစေပါသည်၊ အပြင်ကအအေးဓါတ်ကို ကျွန်တော်တို့ဂရုမစိုက်နိုင်အားပါ။

သက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်နေ့က ဗောဓိမဏ္ဍိုင်တွင် ဘုရားအဖြစ်သို့ရောက်ရှိခဲ့သောဗုဒ္ဓဘုရားရှင် သည် ဗောဓိပင်ရင်း၌ သတ္တဌာနတွင် ၇ ရက်စီ စုစုပေါင်း ၄၉ ရက်စံနေတော်မူခဲ့သည်။ ထို့နောက် တရားဟောရမည့် ပုဂ္ဂိုလ်များကို ကြည့်ရူတော်မူရာ မိမိနှင့် တရားရှာဖက် ငါးဦးသော မိတ်ဆွေတို့ကို မြင်တော်မူသည်။

ဣသိပတန၊ ရသေ့ ရဟန်းများနေထိုင်ကြရာ မိဂဒါဝုန်တောသည် ဗာရာဏသီမြို့ကြီးနားမှာရှိသည်၊ ဂါယာမြို့နှင့်ဆိုသော် မိုင် ၁၃၀ ခန့်ဝေးပါသည်။ ၀ါဆိုလပြည့်နေ့ ညနေချမ်းအခါတွင် ပဉ္စ၀ဂ္ဂီငါးဦး ရှိရာ မိဂဒါဝုန်တောသို့ ဘုရားရှင်ရောက်ရှိလာသည်၊ အစက  မယုံမကြည်ဖြစ်နေကြသော မိမိ၏ မိတ်ဆွေဟောင်းများ၏ သံသယကိုချေဖျက်တော်မူခဲ့သည်။

ဓမ္မစက္က ပ၀တ္တန သုတ်ဟုဆိုအပ်သော ဓမ္မစင်္ကြာတရားဦးကို မိန့်မြွက်ရာတွင် ကာမ္မသုခလ္လိကနုရောဂ ဆိုသော အစွန်းတပါး၊ အတ္တကိလ္လမဏ နုရောဂ ဆိုသော အစွန်းတပါးကို ရှောင်ကျဉ်၍မဇ္ဖျိမပဋ္ဋိပဒါ အလယ်အလတ် လမ်းစဉ်အတိုင်းကျင့်ကြံကြရမည်ဟု ဗုဒ္ဓကမြွက်ကြားသည်၊ ပဌမဆုံး အညာသိ ကောဏ္ဍညက သောတ္တပတ္တိ ဖိုလ်သို့တည်ခဲ့သည်၊ တနေ့လျင်တဦးကျ ပဉ္စ၀ဂ္ဂီငါးဦး အစဉ်အတိုင်းတရားအမြင်ပေါက်ခဲ့ကြသည်။

ထို့နောက်တွင်မှ ဤ မိဂဒါဝုန်တောမှာပင် သူကြွယ်သား ယသ မှအစပြု၍ သူ၏မိတ်ဆွေအပေါင်းကိုတရား  ရေအေးတိုက်ကျွေးနိုင်ခဲ့သည်၊ ပဌမဆုံးသော ရဟန်းသံဃာအစုအဝေးဖြစ်လာခဲ့သည်၊

ထိုအခါဗုဒ္ဓရှင်တော်မြတ်က…. ရဟန်းတို့ အစ၏ကောင်းခြင်း၊ အလယ်၏ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်း ရှိသော၊ အနက်နှင့်ပြည့်စုံသော၊ သဒ္ဒါနှင့်ပြည့်စုံသောတရားကို ဟောကြကုန်လော့၊ အထက်ဝန်းကျင် စင်ကြယ်သောအကျင့် ကိုပြကုန်လော့၊ မြတ်သောအကျင့်ကိုပြကုန်လော့ ဟုတိုက်တွန်းခဲ့ပါသည်။

ကျွန်တော်တို့ထိုင်မိကြရာ ဤနေရာတ၀ိုက်မှာပင်ဘုရားရှင်က ရဟန်းပရိတ်သတ်ကို အမှာ စကားချွေခဲ့ခြင်းဖြစ် ပါသည်။

(၃)

ဓမ္မစင်္ကြာတရားတော်၏အနှစ်သာရမှာ သစ္စာလေးပါးတရားတော်ဟုဆိုနိုင်ပါသည်၊ လူဟူ၍ ဖြစ်တည်လာပြီး မွေးဖွားမှု သံသရာလည်ပတ်နေရခြင်းသည် ဒုက္ခသာဖြစ်သည်၊ ထိုဒုက္ခမှာ လိုအင်ဆန္ဒ၊ တပ်မက်ခြင်းတဏှာ ကြောင့်ဖြစ်ရသည်၊ ထိုဒုက္ခဆင်းရဲမှ လွတ်မြောက်ကြောင်းလမ်းကြောင်းအမှန် နိရောဓ သစ္စာတရားရှိသည်၊ ဒုက္ခသံသရာမှ လွတ်မြောက်ရန်အတွက်မဂ္ဂသစ္စာတွင် မဂ္ဂင်ရှစ်ပါးဟုဆိုအပ်သော နည်းလမ်းအသွယ်သွယ် ကိုညွှန်ပြခဲ့သည်၊

ဗုဒ္ဓဓမ္မ၏ အရေးကြီးသော တရားတော် နောက်တခုမှာသံသရာစက်ဝိုင်းအတွင်း မှဖြစ်ပျက်သမျှ အကြောင်း အရာများသည်တခုနှင့်တခုမှီခိုဆက်နွှယ်နေကြသည်ဆိုသော ပဋ္ဋိစ္စသမုပ္ပာဒ် တရားတော်ဖြစ်သည်၊ တခုဖြစ်ဖို့ တခုလိုသလို၊ တခုမဖြစ်ရန် အတွက် တခုကဖြစ်မလာဖို့လိုသည်၊ အ၀ိဇ္ဇာတရားသည် သင်္ခါရတို့၏ ဖြစ်ပေါ် ကြောင်းဖြစ်သည်၊ သင်္ခါရတို့ကြောင့်သာ ၀ိဥာဏ် ဖြစ်ပေါ်ရသည်၊ ၀ိဥာဏ်ကြောင့်နာမရူပတို့ဖြစ်ပေါ်လာရသည်၊ ဤအင်္ဂါ ၁၂ ရပ် ပါဝင်သော တရားတော်တွင် မွေးဖွားရခြင်းဖြစ်သည်နှင့်အိုခြင်း၊ နာခြင်း၊ ဆင်းရဲခြင်း တို့ဖြစ်ရမည် ဟုဆိုခဲ့သည်၊

ပုထုဇဉ်လူသားတို့အဖို့ ဥာဏ်ထောက်မမှီသမျှ ပဋိစ္စသမုပ္ပာဒ် တရားတော်၏ဖြစ်စဉ်ကို ရဟန္တာသူတော်စင်များ မြင်သလိုမမြင်နိုင်ပါ၊ သံသရာဝဲသြဂထဲ၌ လူတို့၏ ဆင်းရဲဒုက္ခဖြစ်ရပုံကို ရိပ်စားမိရုံနားလည်မိကြပါသည်၊

တတိယအရေးကြီးသောအချက်မှာ ဗုဒ္ဓကလူတို့ဖြစ်စဉ်ကိုခန္ဓာငါးပါးဖြင့် ရှင်းလင်းပြခဲ့ခြင်းဖြစ်ပါသည်၊ လူပုဂ္ဂိုလ်၊ မိမိဟူ၍ ကျွန်တော်တို့ယုံကြည်နေကြသော အရာမှာ ပဉ္စ္စခန္ဓာဟုခေါ်သော ခန္ဓာငါးပါး၏အစုအပေါင်းကိုခေါ်ပါ သည်၊ ရူပက္ခန္ဓာ၊ ဝေဒနာက္ခန္ဓာ၊ သညာခန္ဓာ၊ သင်္ခါရ ခန္ဓာနှင့် ၀ိဥာဏက္ခန္ဓာဟူ၍ ငါးမျိုးပေါင်းစပ်မှုကိုသာလူအဖြစ် သတ်မှတ်နိုင်သည်ဆိုသောကြောင့် “ လူသည် ဘာဖြစ်သည် “ ဆိုခြင်းထက် “လူသည် ဘယ်လိုဖြစ်ပေါ်နေကြ သည်” ဆို သောအကြောင်းကိုသာ ဗုဒ္ဓက ရှင်းပြခဲ့ပါသည်၊

အနတ္တလက္ခဏသုတ် ၏ဆိုလိုချက်မှာ “ထိုခန္ဓာငါးပါး အစုအပေါင်းသည် ဒုက္ခဖြစ်သည်” ဟူသောအချက် ပင်ဖြစ်ပါသည်၊ ဤသုတ်ကိုကြားနာပြီးချိန်တွင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးစလုံး အာသဝေါကုန်ခမ်းပြီး ရဟန္တာ များဖြစ် ခဲ့ကြပါသည်၊ သုတ္တန်ပိဋကတ်တော် ခန္ဓ၀ဂ် တခုလုံးမှာ ဗုဒ္ဓက လူ၊ ပုဂ္ဂိုလ်အမျိုးမျိုးတို့အား ဤခန္ဓာငါးပါးနှင့် ပါတ်သက်၍ ဒုက္ခအစုအပေါင်းသာဖြစ်ကြောင်း အကြိမ်ကြိမ်ဟောပြတော်မူပါသည်၊

ခန္ဓာငါးပါး၏ဖြစ်စဉ်ကိုမြင်လျင် လူ၌အတ္တဆိုသည့်ဝိဥာဉ်ကောင် မရှိကြောင်း၊ လူပု၈္ဂိုလ် ငါ ဆိုသည်မှာ မိမိ ဖါသာ သတ်မှတ်ယုံကြည်ထားမှုသာဖြစ်ကြောင်း တရားသဘောကိုမြင်နိုင်ကြပါသည်၊ သမုဒ္ဒရာရေသည် ငံသည့်တခု တည်းသော အရသာကိုသာပေးသလို ဗုဒ္ဓတရားတော်များ၏ အနှစ်သာရမှာ ၀ိမုတ္တိ၊ လွတ်မြောက်ရေး သဘော ကိုသာဦးတည်နေကြပါသည်၊ တရားတော်အားလုံး၏ တခုတည်းသောရည်ရွယ်ချက်မှာ လူတို့၏မွေးဖွားမှု သံသရာမှ လွတ်မြောက်နိုင်ရေးသာဖြစ်ပါသည်၊

လူတို့၏အသိဝိဥာဏ်ဆိုသည်မှာ အာယတန ၆ ပါးနှင့် အာရုံခံပစ္စည်းတို့တွေ့ထိခိုက်စဉ် ခဏတာသာဖြစ်ပေါ် သည်၊ မြစ်ရေသည် စဉ်ဆက်မပြတ်စီးဆင်းနေပေရာ ယနေ့ဆင်းပြီး ရေချိုးခဲ့သောမြစ်သည် မနက်ဖြန်တွင် မရှိတော့ပေ၊ ဆင်းသည့် ပုဂ္ဂိုလ်ကလည်းနက်ဖြန်ဆိုလျင် ယနေ့ပုဂ္ဂိုလ်မဟုတ်တော့ပြီ၊ အမြဲဖြစ်တည်သည်ဟုမရှိ ဆက်တိုက်ဖြစ်ပေါ်နေသော လူတို့၏ ရပ်တည်မူမှာအစစ်အမှန်မဟုတ်၊ လူတို့၏ ခံယူယူဆချက်သာ ဖြစ်သည်၊

လူဖြစ်လာပြီဆိုသည်နှင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟူ၍ လက္ခဏာရေးသုံးပါး အထင်အရှားဖြစ်ရသည် ဟုလည်းဟောခဲ့ပါသည်၊ သံသရာတွင် အရာဝတ္ထုမှန်သမျှ မတည်မြဲရခြင်းမှာ အနိစ္စတရား၏ လက္ခဏာဖြစ်ပါသည်၊ထိုအရာတို့မှာ ဒုက္ခဖြစ်ရသည်ဟု ပထမသစ္စာကဆိုပါသည်၊ ကံ၊ ကံ၏ အကျိုးဟုဆိုအပ်သော ကာမနိယာမ တရားအရ လူတို့၏စေတနာ အပြုအမူနှင့် ကံတရားမှာ ပျက်ပြယ်၍မသွား၊ ကောင်းမှုသည်ကောင်းမှုအလျောက် အကျိုး စီးပွားဖြစ်စေလိမ့်မည်၊ ဒုတိယသစ္စာကလူတို့၏စိတ်ဆန္ဒ အစွဲအလန်းနှင့်ပြုသမျှကံတို့ကြောင့် စိတ်အလိုမကျ ခြင်း ဆင်ရဲဒုက္ခဖြစ်ရသည်ဟုဆိုခဲ့သည်၊

ထိုဆင်းရဲအပေါင်းမှ ငြိမ်းရာ ချုပ်ရာ နေရာကို နိဗ္ဗာန်ဟု ဗုဒ္ဓကဟောခဲ့ပါသည်၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မ၀ါယမ၊ သမ္မာသတိ၊ သမ္မာသမ္မာဓိ ဟူသော မဂ္ဂင်ရှစ်ပါးသည်း နိဗ္ဗာန်သို့တက်လှန်း ရန်တခုတည်းသောလမ်းကြောင်းဖြစ်သည်ဟုဟောပြခဲ့သည်။

(၄)

ဗုဒ္ဓ၀ါဒသည်လူတို့အား မြင့်မြတ်သော အသိကိုပေးသည်၊ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း လမ်းကို ညွှန်ပြသည်၊ နက်နဲလှသော တရားတော်၏ အတိမ် အနက်ကိုမူအလွယ်တကူ ထောက်မမှီနိုင်ပါ၊

၁၉၂ရ ခုနှစ်က ရူရှားပညာရှင် ပရော်ဖက်ဆာ စတာချာဘက်စကီး (Stcherbatsky) က ဥရောပပညာရှင်များ သည် နှစ်ပေါင်း ၁၀၀ကျော် လေ့လာဆန်းစစ် ပြီးကြသည့်တိုင်ဗုဒ္ဓတရားတော်များ၏ ဒဿနကို ချေချေမြစ်မြစ် နားမလည်နိုင်ကြသေးပါဟု ပြောခဲ့ဘူးသည်၊ ထိုစကားသည် ယခုအချိန်အထိ မှန်ကန်လျက်ရှိပါသေးသည်၊

ဓမ္မေခ ပုထိုးတော်ကြီးဘေးမှာထိုင်ရင်း ကျွန်တော်တို့၏စိတ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော် ဘုရားရှင်လက်ထက်တော်က အချိန်များဆီသို့ အာရုံညွှတ်သွားမိကြပါသည်၊ ကျွန်တော်တို့သည် ထေရ၀ါဒ နိုင်ငံတော်တွင် ဗုဒ္ဓ ၏အဆုံးအမတို့ဖြင့် ကြီးပြင်းခဲ့ကြသူများဖြစိပါသည်၊ သို့တိုင် လူပေါင်းများစွာတို့ကို တရား ဓမ္မ အလင်းရောင်ပေးခဲ့သော တရားတော်များသည် ယခုအခါ၌ပင်လျင် ကျွန်တော်တို့အဖို့ ရိပ်စားမိရုံလောက် သာနားလည်နိုင်ကြပါသည်၊

ကိုသန်းလွင်
(Photo credit - http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:404526?xg_source=activity)

နေဘုန်းလတ် - ရောယှက်မှုလွန် လောက

$
0
0




နေဘုန်းလတ် - ရောယှက်မှုလွန် လောက
(Popular News Journal) မိုးမခ၊ ဇူလိုင် ၂၀၊ ၂၀၁၆
 
ပြီးခဲ့တဲ့အပတ်တုန်းက မိုးမခက ပြုလုပ်တဲ့ ‘အိုင်တီနည်းပညာခေတ်နှင့် မြန်မာစာရေးဆရာများ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှုမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်က ရေးသားမှုအကြောင်းတွေ အနည်းငယ်စကားစပ်ဖြစ်ကြတယ်။

ဘလော့ဂ်တွေရေးကြတဲ့ ခေတ်တုန်းက Blogosphere လို့ခေါ်တဲ့ ဘလော့ဂ် ရပ်ဝန်းထဲမှာ ရေးတဲ့သူကရေး၊ ဖတ်တဲ့သူတွေကလည်း သေချာဖတ်ပြီးတော့ Cbox လို့ခေါ်တဲ့ Comment Box တွေထဲမှာ မှတ်ချက် (Comment) တွေရေးကြ အပြန်အလှန်ဆွေးနွေးကြနဲ့ ရေးသူဖတ်သူ နွေးနွေး ထွေးထွေးရှိကြတဲ့အကြောင်းတွေကို ပြောမိကြရင်းကနေ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျတော့ရော ဘယ်လိုလဲဆိုတဲ့ မေးခွန်းကဝင်လာတယ်။ သိပ်စဉ်းစားစရာမလိုလိုက်ပါဘူး… ကိုယ် အဲဒီ့မေးခွန်းကို လျင်လျင်မြန်မြန်ပဲ အဖြေပေးလိုက်တယ်။ ”ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ကွန်မန့်တွေကို လိုက်ခံစားနေရင် ရူးသွားဖို့ပဲရှိတယ်” လို့။

ဟုတ်တယ်…။ ဘလော့ဂ်ခေတ်တုန်းကလို သတ်သတ်မှတ်မှတ်နဲ့ သီးခြားဆန်တဲ့ ရေးသူ၊ ဖတ်သူဆိုတာမျိုး မဟုတ် တော့ဘဲ နယ်ပယ်စုံ၊ လူစုံ၊ အတွေးအခေါ်စုံ၊ အယူအဆစုံ အလွန်အကျွံ ရောယှက်လာပြီး Super Mix (Super Coffee Mix မဟုတ်ပါ)ဖြစ်လာတဲ့အခါ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာတစ်ခုခုအပေါ် လာပေးတဲ့ မှတ်ချက်တွေကလည်း အမျိုးအစားအတော်ကို စုံလာတယ်။ ထောက်ခံတဲ့သူ၊ ကန့်ကွက်တဲ့သူဆိုတဲ့ဘက်နှစ်ခုအပြင်၊ အသားလွတ်လာဆဲသူ၊ စဆရကလို့ Facebooker တွေသုံးကြတဲ့ ဆရာကြီးလာလုပ်သူ။ ရေးထားတာကို လိုရာဆွဲတွေးပြီး ထင်ရာမြင်ရာတွေလျှောက် ရေးသွားသူ စသဖြင့် စုံစီနဖာဖြစ်လာတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ စာရေးတော့ ရှည်ရှည်ဝေးဝေးအစား၊ တိုတိုတုတ်တုတ်တွေ ပို ရေးဖြစ်တယ်၊ စာချည်းပဲအစား ပုံလေးတွေ နဲ့ တွဲဆက်တင်ဖြစ်တယ် စတာတွေ ပြော ဖြစ်ပြီး နောက်တစ်ခုကိုယ်ပြောလိုက်မိတာက ”ဖေ့စ်ဘွတ်ခ်ပေါ်မှာ တွေးစရာတင်လို့မရဘူး” ဆိုတာပဲ။ ကိုယ်က သေချာကို စမ်းသပ်ဖူးတယ်။

သုံးမိနစ်လောက် အချိန်ယူဖတ်ရမယ့် စာရှည်ရှည်တစ်ပုဒ်တင်ကြည့်တယ် ‘စက္ကန့်ပိုင်းအတွင်းပဲ Like အချို့တက်လာတယ်။ သိလိုက်ပြီး သေချာမဖတ်ဘဲ Like ကြ တာ။ စာတိုတိုတင်ကြည့်တယ် စာရှည်ရှည်ထက် Like ပိုရတယ်။ Comment တွေ ဝင်ရေးတယ်။ စာကိုလိုက်ဖက်မယ့်ဓာတ် ပုံလေးနဲ့ တွဲတင်ကြည့်တယ်။ စာချည်းပဲထက် Like ပိုရတယ်။ ၈၈ က ကိုကိုကြီးက နိုင်ငံရေးကိစ္စတွေတင်တော့ Share မယ့်သူမရှိ၊ Like မရ၊ Comment တွေမရေးကြပေမယ့် ကလေးအနှီးလျှော်နေတဲ့ပုံတွေ၊ ကလေးထိန်းနေတဲ့ပုံတွေတင်တော့ ရလိုက်တဲ့ Like တွေဆိုပြီး မချိတင်ကဲနဲ့ ပြောဖူးတယ်။

ရိုးရိုးစာတွေတောင် ဒီလိုဖြစ်နေတာ တွေးစရာလေးတွေရေးပြီး တွေးခိုင်းလိုက်ပြီဆိုတော့ ပိုခက်ကုန်တော့တာပေါ့။ ကိုယ်တွေက ပို့စ်မော်ဒန် ခေတ်မှာကြီးလာပြီး ပို့စ်မော်ဒန်စာပေတွေနဲ့ ယဉ်ပါးလာတော့ ကိုယ်တွေကို အတုံးလိုက်အတစ်လိုက်ကြီး လက်ချာလာရိုက်နေတာမျိုးကို သိပ်သဘော မတွေ့ခဲ့ဘူး။ ပျင်းတယ်။ တစ်ခုခုဆိုရင် တွေးစရာလေးပါမှ၊ တွေးခွင့်လေးပေးထား မှ ဆိုတာမျိုး။ စာဖတ်သူရဲ့လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတဲ့စာပေမျိုးတွေကို တရှိုက် မက်မက်ဖြစ်ဖူးတယ်။ကိုယ်စာရေးဖြစ်တော့လည်း အဲဒီ့စိတ်ကလေး အခြေခံနဲ့ ရေးဖြစ်တယ်။ ကိုယ်က ကိုယ့်စာဖတ်တဲ့သူတွေကို လွတ်လွတ်လပ် လပ် တွေးစေချင်တယ်။ လက်ချာရိုက် ချင်ရုံသက်သက်၊ ပညာပေးချင်ရုံသက်သက် ဆို ကိုယ် စာရေးဆရာဘယ်လုပ်မလဲ။ ကျောင်းဆရာပဲလုပ်တော့မပေါ့။ ဒါပေ မယ့် ခက်တာက မတွေးတဲ့လူတွေကြားမှာ တွေးစရာတစ်ခုခုတင်လိုက်တဲ့အခါ အလွဲ ပေါင်းများစွာ ဖြစ်လာတော့တာပဲ။ ”လူ တွေရဲ့ ၂ ရာခိုင်နှုန်းက တွေးကြတယ်၊ ၃ ရာခိုင်နှုန်းကတော့ သူတို့တွေးတယ်လို့ ထင်ကြတယ်။ ကျန်တဲ့ ၉၅ ရာခိုင်နှုန်း က တော့ တွေးမလား၊ သေမလားဆို သေဖို့ လမ်းကို ရွေးကြလိမ့်မယ်”လို့ပြောဖူးတဲ့ ဂျော့ရှ်ဘားနပ်ရှောကိုတောင် သတိရမိသေးတယ်။ တွေးစရာတင်လို့မရဘူးဆိုတဲ့ ကိုယ့် ရဲ့စကားကို ဆရာမောင်လွင်မွန် (ကသာ) က ဖေ့စ်ဘွတ်ခ်ပေါ်မှာ သရော်လို့လည်း မရဘူးဆိုပြီး ထပ်ဖြည့်တယ်။ အဲဒါလည်း ဟုတ်တယ်။ သရော်တာကို သရော်တာလို့ နားမလည်တဲ့ သူတွေများစွာကြားမှာ သရော် စာရေးတဲ့ ဆရာတွေ ဆဲခံရတာလည်း အခါခါပေါ့။ ဒီလိုတွေပြောတော့ ဖေ့စ် ဘွတ်ခ်ပေါ်မှာ ကာတွန်းလေးတွေ ရေး တင်လေ့ရှိတဲ့ လဂွန်းအိမ်ရဲ့ ကာတွန်းတစ် ကွက်အကြောင်းနဲ့ ကွန်မန့်အချို့အကြောင်း ပြောချင်သေးတယ်။

သူက ဒီလိုကာတွန်းဆွဲတယ်။ နောက် ကျောကို ဓားနဲ့အထိုးခံထားရတဲ့ လူနာတစ်ယောက်ကို ဆရာဝန်တွေ သူနာပြုတွေကသွေးတိုင်းတဲ့သူတိုင်း၊ ခေါင်းက အာလူး သီးကို ဆေးထည့်ဖို့ ကြိုးစားသူက ကြိုးစား၊ မျက်လုံးဖြဲ ကြည့်သူကကြည့် လုပ်နေကြချိန်မှာ လူနာကတော့ပြောရှာတယ် ”နောက် မှာ …နောက် …ကျော…အာ …အ…တဲ့။ ဆရာဝန်ကလည်းပြန် ပြောတယ် ”နောက်ကျောထက်အရေး ကြီး တာတွေလုပ်နေတယ် အော်မနေနဲ့”တဲ့။ ဒါပဲ။ဒီကာတွန်းလေးက ဂျာနယ်တစ်ခုခုမှာ ပါလာတယ်ဆိုရင် သိပ်ပြဿနာ မကြီးလောက်ဘူး။ ဒါပေမယ့် အတွေးအခေါ် ပေါင်းစုံနဲ့ လူပေါင်းစုံရှိနေတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် ရောက်လာတော့ ပြဿနာတက်ကရော။ ကိုယ်တွေကတော့ နိုင်ငံရေး သမားမို့လို့ပဲ လားမသိဘူး ကာတွန်းလေး ကို ကြည့်လိုက်တာနဲ့ မယောင်ရာဆီလူး နေတဲ့ခေတ်ကိုတန်းမြင်ပြီး ကာတွန်းဆရာ ရဲ့သရော်ချက်ကို ပြုံးမိတယ်။ ဒါပေမယ့် အဲဒီ့ကာတွန်းကို ဆရာဝန် တစ်ယောက်က တွေ့သွားတဲ့အခါကျတော့ ဆရာဝန်တွေကို စော်ကားပါတယ်ဆိုပြီး ဖြစ်သွားတယ်။ အဲဒီ့လိုခံစားမိလိုက်တဲ့ ဆရာဝန်မလေးတစ်ယောက်က ဒီလိုတင်တယ် ”ဓားကို အရင်နုတ်ဖို့ထက်၊ သွေး ပေါင်ချိန်၊ သွေးခုန်နှုန်းတွေ အရင်စစ်ဖို့က အရေးကြီးတယ်ဆိုတာကို မသိဘဲနဲ့ မဝေ ဖန်ပါနဲ့” တဲ့။

အဲဒီ့လိုနဲ့ အဲဒီ့ ကာတွန်းအောက်မှာ အငြင်းအခုံလေးတွေဖြစ်ရာက ဂယက်ရိုက်သွားခဲ့ပြီး လဂွန်းအိမ်ရဲ့ပို့စ်က Like 3.8K, Share 1283 နဲ့ Comment 213 ခု ဖြစ်သွားပါလေရော။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကို မငြင်းချင်ပါဘူး။ ကာတွန်းဆရာရဲ့စဉ်းစားပုံ၊ ဆရာဝန်ရဲ့စဉ်းစားပုံ၊ ကာတွန်းဆရာအတွက် အရေးကြီးသောအရာ၊ ဆရာဝန်တွေအတွက် အရေးကြီးသောအရာ စတာစတာတွေဟာ မတူညီနိုင်ပါဘူး။ကာတွန်းဆရာနဲ့ ဆရာဝန်မှ မဟုတ်ပါဘူး အခြားသော နယ်ပယ်တွေမှာလည်း ဒီသဘောတရားပါပဲ။ မုန့်တစ်ခုနဲ့ စာအုပ်တစ်အုပ်ဘယ်ဟာ ယူမလဲလို့မေးရင်ကိုယ် တစ်ယောက်တည်း ဆိုရင်တောင် ဗိုက်ဆာနေတဲ့အချိန်နဲ့ ဗိုက်ပြည့် နေတဲ့အချိန် ရွေး ချယ်မှုတွေကွဲလွဲနိုင်ပါသေးတယ်။ လူနှစ် ယောက်ဆိုရင်တော့ မတူနိုင်ဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ထားပါ ”ဒီနေရာမှာတော့ အမှန်၊ အမှားထက်အခြားသောကြားခံနယ် Medium တွေနဲ့ မတူတဲ့ Facebook ရဲ့ သဘောသဘာဝကို နှလုံးသွင်းကြစေချင်ပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ။ ဒီကာတွန်းဟာ ဂျာနယ်တစ်စောင်မှာပါလာရင် ဒီလိုပြဿနာမျိုး ပေါ်ပါ့မလား။

သေချာပါတယ် ဒီလိုကာတွန်းမျိုးကို ထည့်မယ့်ဂျာနယ်ဟာ နိုင်ငံရေးနွယ်တဲ့ ဂျာနယ်မျိုးပဲဖြစ်မှာပါ။ အဲဒီ့တော့ အဲဒီ့ ဂျာနယ်ကိုဖတ်မယ့် ပရိသတ်ကရော…နိုင်ငံရေးကို စိတ်ပါဝင်စားကြသူတွေပဲ များပါလိမ့်မယ်။ ဆိုတော့ကာ ကာတွန်းကို တွေ့လိုက်တာနဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ဂျာနယ် တစ်စောင်ကို နိုင်ငံရေးကို စိတ်ပါဝင်စား သောစိတ်နဲ့ဖတ်နေတာ ဖြစ်တဲ့အတွက် ဆို လိုရင်းကိုတန်းမြင်ဖို့ ရာခိုင်နှုန်းများပါတယ်။

အရင်းစစ်တော့ ပြဿနာက Super Mix ပါပဲ။ ဖေ့စ်ဘွတ်ခ်ဟာ ရောထွေးယှက် တင်မှုနှုန်း သိပ်များတဲ့ နေရာတစ်ခုဖြစ် တယ်ဆိုတဲ့အချက်ကို ကိုယ်တို့အားလုံး သတိချပ်ထားကြဖို့ လိုပါလိမ့်မယ်။ အဲဒီ့ အတွက် မျိုးစုံသောတုံ့ပြန်မှုတွေ ရှိနေနိုင်တယ်ဆိုတာကိုလည်း လက်ခံထားရမယ်။ အားလုံးကို ရင်ဘတ်ကြီးနဲ့ ခံစား မနေဘဲ လျစ်လျူရှုသင့်သလောက် ရှုနိုင်ဖို့လည်း ပြင်ဆင်ထားကြရပါမယ်။ ဒါပေမယ့် ခက်တော့ ခက်နိုင်တယ်။ တုံ့ပြန်မှုတွေကို သိပ်စဉ်းစားလေ့မရှိတဲ့ လဂွန်းအိမ်လို လူမျိုးတောင် နောက်ထပ် ကာတွန်းတွေထပ်ဆွဲပြီး ရှင်းပြနေတာကိုတွေ့ရတော့ ကိုယ်ပြုံးမိတယ်။ အနုပညာရှင်တစ်ယောက်ရဲ့လွတ်လပ်ခွင့်နဲ့ ခံစားသူတို့ရဲ့ လွတ်လပ်ခွင့်တွေအကြောင်းကိုတော့ အလျဉ်းသင့်ရင်ဆက်ရေးပါဦးမယ်။

လဂွန်းအိမ်က ရေငုပ်ကိရိယာတွေနဲ့ ရေငုပ်နေတဲ့ကြောင်လေး တစ်ကောင်ပုံ ဆွဲထားတာကို ကြိုက်လို့ယူပြီး ”ကြောင် ကြာကြာရေမငုပ်ဘူးလို့ ဘယ်သူပြောသ လဲ” ဆိုတဲ့စာသားလေးနဲ့ တွဲတင်လိုက်တယ်။ လာရေးကြတဲ့ ကွန်မန့်အချို့က ဒီလိုပါတဲ့ ဗျာ.. .။ ”ဟား…ဟုတ်ပါ့ဗျာ ဒီလို တော့လည်း ကြောင်ကြာကြာရေငုပ်နိုင်တာ ပေါ့နော”။ ”ကြိုက်သလောက် ငုပ်အချိန် တန်ရင် ကြောင်က ကြောင်ပါပဲ အောက်စီ ဂျင်ပြတ်တာနဲ့ ပေါ်လာမှာ”။ ”ခက်တာက ရေငုပ်နေရင်း ကြောင်သူတော်ကြီး လုပ်ပြနေတယ်”။ ”သွေးနွေး သတ္တဝါမို့ ရေထဲမှာ ကြာကြာမနေနိုင်တာကို ပြောတာပါရှင့်”။ ကိုယ်ကတော့ အကုန်လုံးကို လိုက်ခံ စားမနေသလို…အကုန်လုံးကိုလည်း လိုက်ရှင်းပြမနေတော့ဘူး။ ငယ်ငယ်က ကစားကြဖူးသလိုပေါ့…”ဗိုလ်ကျား သေနတ် ကိုယ်ကြိုက်တာ ကိုယ်လုပ်”။ချစ်ခြင်းမေတ္တာကို မြတ်နိုးပါ။ ဥာဏ်ပညာကိုတန်ဖိုးထားပါ၊ အနုပညာကိုခံစားတတ်ပါစေ။

နေဘုန်းလတ်

Credit - http://popularmyanmar.com/afpopular/?p=21471 

ပန်းချီ သန်းဌေးမောင် - မွေးရပ်မြေသို့ နေ့စဉ်အိပ်မက် # ၁

$
0
0

ပန်းချီ သန်းဌေးမောင် - မွေးရပ်မြေသို့ နေ့စဉ်အိပ်မက် # ၁
(သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၀၊ ၂၀၁၆

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၂

$
0
0
 
ထီးခီးဂိတ်တွင် တွေ့ရသည့် KNU တပ်မဟာ ၄ စစ်ဆေးရေးဂိတ် (ကရင်အမျိုးသားမီဒီယာ)

ဗိုလ်ထက်မင်း – ၂၁ရာစု ပင်လုံညီလာခံခရီး အတားအဆီးများ ရှိနေသလား – အပိုင်း ၂
(မိုးမခ) ဇူလိုင် ၂၀၊  ၂၀၁၆


၁၇။ စာရေးသူက လက်ရှိတိုင်းဝန်ကြီးချုပ်ပြောနေတဲ့ "အကောက်ကောက်တာ ၊လောင်းကစားဖွင့်တာ လက်မခံဘူး"ဆိုတဲ့ သူတော်စင်စကားသဖွယ် စံနမူနာပြ မွန်မြတ်လှပါသော်လည်း စာရေးသူကတော့ မိုးခါးရေသောက်ကာ လက်တွေ့နယ်ပယ်မှာ သတိတရားထားပြီး အဖွဲ့ပေါင်းစုံကြား မညှပ်အောင် ဆောင်ရွက်ခဲ့လို့အောင်မြင်ခဲ့တာ တင်ပြသွားပါ့မယ်။ စာရေးသူ ရှေ့တန်းမှာ စုစည်းရွာ လုပ်ခံရလို့ ဒုက္ခ ရောက်နေတဲ့ ရွာသားတွေကို ကရုဏာသက်ခါ ဖျားနာနေသူများ၊ ကလေးမွေးခါနီး ကိုယ်ဝန်ဆောင်များ၊ အသက်ကြီးသူများကို ကုသရန် ဆေးအဖွဲ့အား တာဝန်ပေးထားလို့စည်းရုံးရေး အတော် အောင်မြင်နေပါတယ်။ သူတို့ရဲ့မေတ္တာရောင်ပြန်ဟပ်တာကတော့ စာရေးသူ လက်အောက်ခံ တပ်ခွဲမှူးထိုင် စခန်းတခုကို လစဉ် ရိက္ခာပို့တဲ့ တာဝန်ကလည်း အင်မတန်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်ပြီး၊ ရန်သူက မျှော်မှန်းလို့ရရာ လမ်းကြောင်းကလည်း အကန့်အသတ်ရှိလို့ စဉ်းစားကြပ်နေချိန်မှာ ရွာသူကြီးက ယုံကြည်ရင် ပို့ပေးပါမယ်ဆိုလို့ သူတို့ကူညီမှူ ရကာ ပထမလမှာ အသက်ရှု ချောင်သွားခဲ့တြဲ့ဖစ်စဉ် တင်ပြပါမယ်။ အကျဉ်းသားတစ်ဦးဟာ နေမကောင်းဖြစ်နေလို့ ပွိုင့်ကျောပိုးအိတ် လိုပေါ့ပေါ့ပါးပါး ဝန်ကို မသယ်နိုင်တာကို စစ်သည်တစ်ဦးက စိတ်တိုပြီး ငေါက်ငမ်းနေတာကို စာရေးသူက ဟန့်လိုက်ပြီး စာရေးသူက ယူပိုးလိုက်ကာ ရွာထိပ်ထွက်လာစဉ် သူကြီးနဲ့ဆုံပါတယ်။

၁၈။ သူကြီး - “ ဟာ တပ်ရင်းမှူးကြီး ကျောပိုးအိတ်ကြီးလွယ်လို့ မသင့်တော်ပါဖူး၊ ဒါနဲ့စစ်ကြောင်းကရိက္ခာပို့တာ အဆင်မပြေဖူးလို့ C.Q ဆရာကြီး ခိုငြီးနေတာ ကြားရတယ်။ ကျွန်တော်တို့တောင်ယာသွားမဲ့သူတွေ ယူသွားပေးလိုက်မယ်လေ၊ စိတ်ချယုံကြည်ရင်ပေါ့။ ဆန်တစေ့ မပျောက်စေရဖူး၊ တခါတည်းတော့မရောက်ဖူး၊ ဒါပေမယ့် ၃ ကြိမ်လောက်ဆို အကုန်ရောက်လောက်မယ်။ အခြားရွာကလည်း ကျွန်တော်ပြီးရင် ပြီးပါတယ်။ ခေါ်လိုက်မယ်။”

စာရေးသူ - "ဟာ - မလုပ်ပါနဲ့ ၊ အဓမ္မလုပ်အားပေးဆိုပြီး ဘီဘီစီက တက်လာရင် ဒုက္ခဘဲ၊ အကျဉ်းသားတွေက ပန်းနေတယ်။ ကိစ္စမရှိပါ။ စစ်ကြောင်းဝိတ်လျော့ပြီး LIGHT EQUIPMENT နဲ့ အခေါက်ခေါက်အခါခါ သယ်ရမယ်။ရန်သူ တိုက်ရင်လည်း ချတာပေါ့၊ မတတ်နိုင်ဖူး။ သူတို့လာချရင် ရွာသားတွေမထိအောင် တောင်ယာမှ ပြန်ခေါ်ထားနော်။ ကျွန်တော့်ရဲဘော် ထိရင်တော့ လက်နက်ကြီးကို အသားကုန်တီးမှာမို့ မဆိုင်တာ ထိကုန်မှာစိုးလို့ပါ။”

သူကြီး - "ဟာ - မဟုတ်တာဗျာ။ ရင်းမှူးတို့ ကုသပေးတဲ့ စေတနာ ဟိုတလောက မီးမဖွားနိုင်လို့ရယ်၊ ငှက်
ဖျားဆေး မက်ဖလိုကွင်း အကောင်းစားပေးတာရယ်၊ မီးလောင်လို့ ဝိုင်းငြိမ်းသတ်ပေးတာရယ်၊ ရွာသားတွေက ချစ်ကြပါတယ်။ ဒီတော့ ရင်းမှူးတို့ မလိုက်နဲ့၊ ကျွန်တော်နဲ့စာရေးတို့ တလှည့်စီ ရွာသားချည်း ပို့ပေးမယ်။ တိုင်လို့ မရတော့ဖူး။ နောက်တိုက်ပွဲဖြစ်ရင် ရင်းမှူးတို့ ပစ်ရင် လက်နက်ကြီးထွက်သံကြားရုံနဲ့ ရွာသားတွေ ကြောက်ကုန်တယ်။ အလုပ်လည်းပျက်တယ်။ တောကအကောင်တွေက ကျွန်တော်တို့ဆီကို အကောက်ကောက်နေတာ၊ သူတို့အမျိုးတွေ လုပ်ရဲရင် လုပ်စမ်းပါစေ” ဆိုပြီး စကားကျွှံသွားမှန်းသိလို့ စာရေးသူက မသိချင်ယောင်ဆောင်လိုက်ကာ စမ်းလုပ်ကြည့်တာပေါ့ ဟု ပြောကာ စခန်းကို သေချာစွာ အချိတ်အဆက်လုပ်ပေးရာ အောင်မြင်ခဲ့ပါတယ်။

၁၉။ စခန်းကို ရိက္ခာရောက်သွားလို့ ဝန်ထမ်းရိက္ခာကို အရက်လက်ဆောင်တန်ခိုးနဲ့ နည်းဗျုဟာရုံးနဲ့ ညှိကာ ရွာသားတွေကို တိုက်ခိုက်ရေးရိက္ခာထုပ်များ၊ ဝန်ထမ်းဆန်များ ပေးခဲ့ရာ စေတနာတန်ဖိုး မဖြတ်နဲ့လို့သူကြီးပြောစကား စာရေးသူ အရှိုက်ထိခဲ့ရပါတယ်။ ထလတ တပ်မှူးရဲ့ ကျမျက်ရည် ဂျော်နီလမ်းလျှောက် အရက် ၁ လုံး ဇွတ်ပေးလိုက်တော့ သူကြီးရဲ့ အံ့သြတဲ့ မျက်နှာနဲ့ ကြည့်တာ ခံရပါတယ်။ အဲဒီဂျော်နီလမ်းလျှောက်အရက် တန်ခိုးက အစွမ်းအစ ဘယ်လောက်ကြီးသလဲဆိုရင် ဗျုဟာမှူးနဲ့ တပ်မမှူးတို့ကို လက်ဆောင်ပေးလိုက်လို့လားမသိ၊
စာရေးသူတို့ မြေပုံမှာတင် လမ်းလျှောက်နေတာကို မသိချင်ယောင်ဆောင်ပေးနေပါတယ်။ ထလတ တပ်မှူး ကို တွေ့ရင် လမ်းလျှောက်အရက်တန်ခိုးကြောင့် စစ်သည်တွေ အနားရကာ မြေပြင်မှာ တကယ်လျှောက်စ
ရာ မလိုတော့တဲ့အကြောင်း ဖေါက်သည်ချရဦးမယ်။ အကောက်ကောက်တဲ့ ဇာတ်လမ်းကတော့ စာရေးသူတို့ ရိက္ခာစုံပုံမဲ့ အစီအစဉ်အရ - မြို့ကိုဆင်းပြီးခေတ္တ အခြေပြုနေစဉ် ညည့်အချိန် အိပ်ခါနီး ထောက်လှမ်းရေးအရာရှိ (ထလရ) PA က စာရေးသူကို သတင်းပို့လာပါတယ်။

၂၀။ ထလရ - "အဘ၊ ရွာသူကြီးတွေနဲ့ငြိမ်းချမ်းရေးအဖွဲ့က တွေ့ချင်လို့ ခွင့်တောင်းနေတယ်။ အရေးကြီး

အကူအညီတောင်းစရာ ရှိလို့ပါတဲ့၊ ဘာကိစ္စလဲ မေးတော့၊ သူတို့မပြောချင်ဖူး။ အဘနဲ့ တိုက်ရိုက်ပြောပါရစေတဲ့”။

စာရေးသူက မိမိစည်းရုံးရေးနယ်မြေက သူကြီးတွေဖြစ်နေလို့ လက်ဖြောင့်အနီးကပ်လုံခြုံရေးတပ်စိတ်ကို

နေရာယူချိန်ထားရာမှ သက်သာ၊ အေးစေပေးခိုင်းပြီး ဝင်ခွင့်ပေးကာ ဧည့်ခန်းမှာ မီးထွန်း ပြင်ဆင်လိုက်ပါတယ်။


သူကြီး - "တပ်ရင်းမှူးကြီးအိပ်နေတာ အားနာတယ်။ ငြိမ်းချမ်းရေးအဖွဲ့ အကူအညီတောင်းတာ အရေးကြီး

လို့ ခွင့်လွှတ်ပါ။”


စာရေးသူ - "မအိပ်သေးပါဖူး၊ ဘုရားရှိခိုးဖို့ပြင်နေတာပါ၊ ဖထီးရေ၊ အားမနာပါနဲ့၊ ပြောရမဲ့လူတွေ မဟုတ်ပါ၊ ကျွန်တော်စစ်ကြောင်း ညည့်နက်ချိန်ရောက်တုံးကလည်း ဖထီးတို့ ဧည့်ဝတ်ကျေတာဘဲ၊ မိသားစုတွေဖြစ်နေပြီ၊ ဆို ဘာကူညီပေးရမလဲ”


သူကြီး - "ဒါကတော့ ... ငြိမ်းချမ်းရေးအဖွဲ့မှ စီးပွါးရေးတာဝန်ခံ ဗိုလ်ကြီးပါ။ သူတို့တပည့်တွေ စားရေး

သောက်ရေးအတွက် အစီအစဉ် အကူအညီတောင်းချင်လို့ပါတဲ့”


ဗိုလ်ကြီး - "ဒီလိုပါ ၊ ကျွန်တော့်တပ် သက်သာချောင်ချိရေး ရံပုံငွေကို လစဉ်ရှာဖွေပေးနေရတာ ခေါင်း

ကိုက်တယ် အဘရေ၊ အဲဒါ အဘတို့ဧရိယာမှာ ဂျို (ကျွဲ၊နွား) တအုပ်ဖြတ်ချင်လို့ လာပြီး ခွင့်တောင်းတာပါ။”


စာရေးသူ -“ ကျွန်တော့်မိတ်ဆွေ ထလတတပ်မှူးလည်း မှာထားပါတယ်။ မူးယစ်ဆေး၊ သစ်တို့ပါရင် မရဖူးနော်။ ရှော့ရှိတယ်။ အကောင်က ဘယ်လောက်လဲ၊ ဘယ်နေ့ ဘယ်လမ်းကြောင်းအတိုင်း သွားမလဲ၊”


ဗိုလ်ကြီး - "ရှော့ရှိတာတွေ မပါဖူး။ အာမခံတယ်။ အကောင်က ၅၀၀၊ အဘတို့ကိုင်ထားတဲ့ စခန်းနား

က ချောင်းကို အမှီပြုပြီး စခန်းကနေ မလှမ်းမကမ်းကနေ ဖြတ်ကာ စစ်ကြောင်း(၂) နယ်မြေရွာအနီး တောင်

ကြောကနေ နယ်စပ်ကို ထွက်သွားမှာပါ၊ နောင်၂ရက်လောက်ကျရင် စချင်ပါတယ်။ ခွင့်ပြုမလား”

 ၁၉။  စာရေးသူက လုံခြုံရေးနဲ့ ရန်သူသတင်းကိုတော့ ရအောင်မေးပြီးမှ ခွင့်ပြုပေးမယ်လို့ ချိန်ဆလိုက်တယ်။


စာရေးသူ - "ခင်ဗျားတို့သတင်းထွက်လာရင် ရန်သူကလည်း သတင်းထွက်တယ်။ သူတို့ပါလား၊ သူတို့

သတင်းက ဘာထူးလဲ။ တော်ကြာ သတင်းပေါ်လို့ ကျွန်တော်က မတင်နိုင်ရင် အထက်က ထုခံရမယ်၊ နောက် ရန်သူဝင်လာလို့ ကျွန်တော်တို့တပ်ကို ဝင်ဆောင့်ရင် မကောင်းဖူး။ သတင်းမပေးနိုင်ရင်တော့ ခွင့်မပြုနိုင်ဖူး”

ဗိုလ်ကြီး - "သူတို့မပါဖူး၊ စိတ်ချပါ။ နယ်စပ်ကျမှ သူတို့က အကောက်ကောက်မှာပါ။ ကျွန်တော်တို့လည်း

မပါဖူး၊ ဒါပေမဲ့ လမ်းဆုံ ပွိုင့်တွေမှာ အငှားလိုက်တဲ့ အထိန်းသမားတွေကို စစ်ဆေးဖို့ ကျွန်တော်တို့လူတွေ အရပ်ဝတ်နဲ့ ဒီနေရာတွေမှာ ရှိနေပါတယ်။” လို့ ပြောရာ စာရေးသူက ဘဝင်မကျတဲ့ ပုံစံနဲ့ မေးစေ့ အသာပွတ်နေလိုက်တယ်။ သူကြီးက ရိပ်မိပြီး ကယားလို ဗိုလ်ကြီးအား ပြောပြီးမှ သူက လှည့်ပြောလာပါတယ်။


သူကြီး - "ရင်းမှူးကြီး ဒီလိုရှိတယ်။ သူက အမှန်တကယ်ဘဲ တောထဲက အကောင်တွေ (ရန်သူ) မသိ

သေးတာပါ။ သိရင်တော့ သူပြောပါတယ်။ တခုရှိတာက ရွာက သူတို့အမျိုးတွေဆီက အသံကြားတာက

သူတို့မိသားစု မြို့တက်ဖို့ ရှိတာတောင် မသွားခိုင်းဖူး သတင်းသဲ့သဲ့ကြားတယ်။ သူ့သားမက်က စခန်းကိုလ

မည့် အခါကြီးရက်ကျရင် ပစ်ဖို့ သူတို့အထက်က တာဝန်ပေးတယ်လို့ ယူဆတယ်။ သားမက်အမည်ကို ဒီ

ဗိုလ်ကြီးကို မေးလိုက်တော့ အဲဒီကောင်က ဌာနေပျောက်ကြားဖြစ်တာ အတည်ပြုတယ်။ ဟိုတလောက

ဗိုလ်ကြီးတို့အိုင်ကွန်စက်ထဲမှာ သူတို့စကားပြောတာ လူနဲ့ အမည်ရွာ မတွဲမိလို့ဖြစ်နေတာ၊ အခုကျွန်တော်တို့ ဆက်စပ်လိုက်တော့ အတည်ြ့ပုသလိုဖြစ်သွားတာပေါ့။”

စာရေးသူ - "အေးဗျာ၊ အခုလို သတင်းပေးတာ ကျေးဇူးတင်တယ်၊ ခင်ဗျားတို့လည်း ရဲဘော်တွေရှာဖွေ
ရတာ ပင်ပန်းလှပါတယ်။ သွားခွင့်ပြုတယ်။”

ငြိမ်းချမ်းရေးစီးပွါးရေးတာဝန်ခံက ဝမ်းသာအားရနဲ့ ပါလာတဲံ့ အိတ်ရဲ့ဇစ်ကို ဆွဲဖွင့်လိုက်ပြီး ထောင်တန်အုပ်
လိုက်၊ အထပ်လိုက် မြင်သာအောင်ပြကာ ကျွန်တော်ထံ ထိုးပေးမည်လုပ်ပါတယ်။

၂၀။ စာရေးသူ - "ဟာ ... ဘာလုပ်တာလဲ၊ ကျွန်တော် ဒါတွေ မမက်ဖူး၊ သူကြီးပြောတဲ့စကားနဲ့ ပြန်တုန့်ပြန်မယ်၊ စေတနာကိုတန်ဖိုး မဖြတ်ပါနဲ့၊ ကျွန်တော့် နောက်ကြောင်း ခင်ဗျားတို့ ဆက်ဆံနေတဲ့ ထလတ တပ်မှူး ကိုမေးကြည့်ပါ၊ ရန်ကုန်မှာ တိုက်နဲ့ကားနဲ့ ပြည့်စုံပြီးသား၊ ကြွားတာမဟုတ်ဖူး၊ ဆိုလိုတာက တချို့ဆင်းရဲတာတောင် ဂုဏ်သိက္ခာ၊ ရာထူး၊ မလဲဘဲ စေတနာနဲ့ လုပ်ပေးတတ်တယ်၊ ကျွန်တော့်ဇနီးလည်း တိုင်းရင်းသူဘဲ။ အချင်းချင်း စစ်တိုက်ရတာ စိတ်ကုန်နေပြီ။ ရဲဘော်တွေကို အရမ်းသနားတယ်။ ကိုယ်ချင်းစာလို့ကူညီတာပါ။ ကျွန်တော်ဆို နောက်တန်းပြန်လို့ ညစာစားပွဲတွေမှာ ချစ်တီးဟင်းကို ဖက်နဲ့ရဲဘော်တွေနဲ့အတူတူစားတဲ့အထိ ပြုမူတယ်။”


သူကြီး - "ဒီတပ်ရင်းမှူးကြီးကို ဆက်ဆံတာ သတိထားရတယ်ဗျို့ ... ဗိုလ်ကြီးရေ။ အရင်လာတဲ့ အဘဆိုတဲ့

ရင်းမှူးတွေနဲ့ တစက်လေးမှ မတူဖူး၊ အရက်လည်း မသောက်ဖူးဆို၊ ဘယ်လို အမှတ်တရ မေတ္တာလက်ဆောင် ပေးခိုင်းရမလဲနော်။” စကားတတ်ရင်လည်း ဗမာလိုက်မမှီအောင် တိုင်းရင်းသားတွေ ကမ္မဝါဖတ်ပြောလိုက်ပုံက ...


ဗိုလ်ကြီး - "ဒီလိုရှိပါတယ်။ ယခင်တပ်ရင်းမှူးတွေ တော်တော်များများယူကြပြီး အခု အဘက မယူတော့

 ကျွန်တော်တို့ ဥက္ကဌက ညှိတာသေချာရဲ့လားဆိုပြီး ကျွန်တော့်ကို အပြစ်တင်နေပါဦးမယ်။ ဒီတော့ ငွေဆိုတာက ဟုတ်ပါတယ်။ မကောင်းပါဖူး၊ ကျွန်တော်တို့ကလည်း အရက်မသောက်တဲ့ သူကို အရက်ပေးသလို ဖြစ်နေမှာစိုးလို့ လိုအပ်တာ စိတ်ကြိုက်ဝယ်လို့ရအာင် ပေးတာပါ၊ ဒီတော့ အဘ ကုသိုလ်လုပ်ချင်ရင်ဖြစ်ဖြစ်၊ လိုအပ်ချက် ပစ္စည်းပြောပါ။ ဖြစ်အောင်ဖန်တီးပြီး ပေးပါ့မယ်။”


၂၁။ စာရေးသူ - "ဒီလောက်ပြောနေမှာတော့ ခင်ဗျားတို့ဆန္ဒအရ အထက်လူကြီးကို ကန်တာ့ဖို့ ဒုတ်ကတော့ လိုချင်တယ်။ ခင်ဗျားတို့ဘက်က အကုန်အကျ သက်သာတာပေါ့” ပြောရာ သူကြီးက သူ့အိမ်က တောင်ဝှေးဒုတ်တစ်ချောင်းရှိတယ် ပေးလို့ရတယ်ပြောလို့ ဗိုလ်ကြီးက အသံထွက် ရယ်လိုက်ကာ အားရဝမ်းသာပြောပါတယ်။

“ ဖထီးကလည်း လုပ်ပြီ၊ တပ်ရင်းမှူး ပောတာ သေနတ်ပြောတာပါ။ ရတာပေါ့၊ M-16/ AK-47 ယူမလား”

စာရေးသူ - “ တမျိုးကိုနှစ်လက်စီ ရရင်ဖြစ်မလား။ အသစ်စက်စက် မလိုချင်ဖူး၊ ပစ်ပြီးသားအဟောင်းဆိုဖြစ်
တယ်။ ခင်ဗျားတို့တပ်မှာ သုံးနေတာလည်းဖြစ်တယ်။ နောက်တခုက ရဲဘော်တွေ ငတ်နေတယ်။ စစ်ကြောင်း (၂) ပါ ဆို အမဲနှစ်ကောင်လောက် ပေါ်ကျွေးပါ”

ဗိုလ်ကြီး - "ဟာ သိပ်ရတာပေါ့၊ အမဲပေါ်ဖို့ သူကြီးကိုဘဲ အကူအညီတောင်း ငွေပေးလိုက်မယ်။ ဒုတ် ၄ လက် နောက်နေ့ကျရင် ကျွန်တော်ကိုယ်တိုင် လာပို့ပေးပါမယ်။ အဘက သက်သာအောင် စစ်သည်တွေရဲ့
သက်သာချောင်ချိရေး ပိုမိုလုပ်ပေးနိုင်တဲ့အတွက် ကျေးဇူးတသက် မမေ့ပါဖူး၊ ဖထီး ... KNPP က ထောင်ထားတဲ့ မိုင်းခင်း သူတို့ပြောထားလိုက်ပါလား၊ အဲဒါအဘတို့ရဲ့ ရဲဘော်တွေ မထိအောင် ပြထားလိုက်ဦးလေ၊ ဒါဟာ အဘကို ကျေးဇူးဆပ်နည်း ပထမအကြိမ်ပါ၊” ဆိုတဲ့ သူ့လေသံဟာ နားထဲ စောင်းသံလိုချိုမြိန်လှပါတယ်။

၂၂။ စာရေးသူအဖို့ ဒီအခေါက် စစ်ဆင်ရေးကြီးမှာ အကျိုးအမြတ်များစွာ ရလိုက်ပါတယ်။ မိမိစခန်းကို အခါ
ကြီးရက်ကြီးမှာ လာပစ်မည့် ရန်သူကို ကင်းပုန်းထိုးခိုင်းပြီး အသေပစ်နိုင်လို့ အထက်က ဂုဏ်ပြု ချီးကျူးခဲ့ပေမယ့်၊ သူတို့ခိုင်းတာ မသွားဘဲ မြေပုံချပ်ပေါ်မှာ (မြေပုံချပ်ကြီး တွန့်ကျေတဲ့အထိ) တိုက်ပွဲတွေ တဒိန်းဒိန်းနဲ့ မြေပြင်မှာ တကယ်ဖြစ်နေသလို တိုက်ပြတာ သိသွားခဲ့ရင်တော့ “ပေါင်ချိန်” ဓါးစက်နဲ့ စီရင်ခံရလောက်မှာ သေချာပါတယ်။

စစ်ဆင်ရေး လေးလပါတ်နီး တပ်မမှူး မျက်နှာရစေဖို့ ငြိမ်းချမ်းရေးအဖွဲ့က လက်ဆောင်ရတဲ့ ဒုတ် ခပ်လတ်
လတ်နဲ့တိုက်ပွဲပြ သေနတ်တွေ ရတယ်ဆိုပြီး ကန်တော့ပေးရသူအဖို့ တပ်မမှူးရဲ့သာဓုခေါ်တာ ကုသိုလ်ရ မလွှဲဧကန်ဖြစ်ပါတယ်။ အရက်နဲ့ဆေးတန်ခိုးတွေနဲ့ ဒေသခံပြည်သူတွေကို စည်းရုံးလိုက်နိုင်တဲ့ မေတ္တာစွမ်းအားဟာ ဘယ်လောက်ထိ အောင်မြင်သလဲဆိုရင် ရိက္ခာကို ရွာသားတွေက သူတို့ဖါသာ သယ်ပြီး စခန်းကိုပို့ပေးတဲ့ မေတ္တာစေတနာ အေးမြတာ ခံယူတာရယ်။ နောက်ဆုံးဒီစခန်းရှိတာဟာ ရွာလူထုဝန်ပိပြီး ဒေသအကျိုးမရှိဘဲ လုံခြုံရေးအရ မထိခိုက်ပါဖူးလို့ ဒီဒေသ လုံခြုံရေးတာဝန်ယူပါတယ် ဆိုတဲ့ အချက်အလက်နဲ့ထောက်ခံချက်ပေးခဲ့လို့ စခန်းဖျက်သိမ်းခွင့်ပြုခဲ့ရာ ကျေးရွာလူထုနဲ့လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များကပါ အံ့သြခဲ့ရပါတယ်။

အထူးသဖြင့် အောင်မြင်မှူ အရှိဆုံးမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေရဲ့ သက်သာချောင်ချိရေးအတွက် သူတို့အပေါ် တပ်က အကောက်မကောက်ဘဲ စာနာမှု ပေးခဲ့လို့ ကျွန်တော်ရဲဘော်တွေ အကြောက်ဆုံးဖြစ်တဲ့ မမြင်ရတဲ့ လက်နက်ပုံး ၊မိုင်းခင်းထားတဲ့ လမ်းကြောင်းကို သိခွင့်ရသွားပြီး အန္တာရယ်ကင်းလာကာ ရှေ့တန်းအပြန် ကြိုဆိုသူ ရဲမေမိသားစုတွေရဲ့ ကျေးဇူးတင်တဲ့ မျက်လုံးတွေဟာ အမောပြေစေပါတယ်။ စစ်ပါရဂူတွေ ဆိုရိုးစကားအတိုင်း သေနတ်သံ တချက်မဖေါက်ဘဲ စစ်ပွဲကို နိုင်လိုက်တာဟာ တန်ဖိုးအရှိဆုံး ဆိုထားရာ ဒီတန်ဖိုးပေးနိုင် တာက စစ်ရေးစွမ်းရည်ကို ကျော်လွန်သွားနိုင်တဲ့ စည်းရုံးရေးစွမ်းရည်ဖြင့် ဘာနဲ့မှ နှိုင်းလို့ မရတဲ့ ပြည်သူလူထုရဲ့ မေတ္တာစေတနာဖြစ်ပါတယ်။ မြေပိုင်ရင် စစ်နိုင်တာထက် ပြည်သူကို ပိုင်ရင် စစ်နိုင်တယ်။ ပြည်သူဟာ စာရေးသူ တို့ကို ယုံကြည်မှု ရှိလာရင်တော့ (သူတိုအမျိုးဘဲ ဖြစ်ပါစေ) တပ်ကို လာချောင်းပစ်တာဟာ မိန်းမဆန်တယ်၊ မိုင်းထောင်တာ လူသားမဆန်ဖူး၊ လက်သီးပုန်း၊ မတရားဖူးဆိုတဲ့ ရပ်တည်ချက်အဖြစ် ကျွန်တော့်တပ်ကို မေတ္တာစောင်အဖြစ် နွေးနွေးထွေးထွေးခြုံရလိုက်တာဟာ ရင်ထဲမှာ အမှတ်တရဖြစ်သွားစေပါတော့တယ်။

၂၃။ စာရေးသူ အထက်ပါဖြစ်စဉ်အရ မိုးခါးရေသောက်ခဲ့တာ မှန်သလား၊ မမှန်ဖူးဆိုတာ ပြည်သူ အသိဆုံးပါ။ကိုယ်ကျိုးစီးပွါးအတွက် မိုးခါးရေ မသောက်တာ  လိပ်ပြာလုံသော်လည်း ပြည်သူအတွက်၊ အဖွဲ့အစည်းအတွက်၊ ရဲဘော်တွေအတွက် မိုးခါးရေသောက်တာဖြစ်ပါတယ်။ တပ်မှာဆို ပိုဆိုးပြီး စေတနာမှန်သော်လည်း စည်းကမ်း မူဘောင်မဝင်ရင် ဖက်ပေါ်ဆူးကျသလို ခံရပါတယ်။ မလုပ်ချင်ဘဲ လုပ်နေရတာမို့ အဓိကတော့ နိုင်ငံ ဆင်းရဲလို့ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ပြောသလို ဥပဒေကြောင်းအရ လက်မခံဘဲ၊ (ဒကစ)ပြောသလို ဒီလို မှောင်ခိုတွေကို ဖမ်းလိုက်ပြီဆိုရင် နောက်ဆက်တွဲ ဆိုးဝါးတဲ့ဂယက်ကို ဝန်ကြီးချုပ် ဖြေရှင်းဖို့ သိပ်ခက် သွားပါလိမ့်မယ်။ တောထဲပြန်ဝင်သွားတဲ့ တိုင်း၇င်းသားလက်နက်ကိုင်တွေကို တပ်မတော်က အခုထိ တော်တော်ပြန်ခေါ် မရတာရှိပါ တယ်။ စစ်အာဏာရှင်စနစ်ကို စာရေးသူ လက်မခံပါ။

အုပ်ချုပ်တဲ့သူဟာ စစ်ရေးအမြင်၊ မဟာဗျုဟာသုံးသပ်တတ် ဖို့လို့ပါတယ်။ ဆရာဝန်ပီပီ ဘာမီတွန်သောက်၊ ပျောက်ယုံနဲ့မရဘဲ ကင်ဆာလိုအမြစ်တွယ်တဲ့ ဒီရောဂါဆိုးကြီးကို တရားသဘောနဲ့ဝင်လေထွက်လေမှတ်ကာ  သတိတရား လက်ကိုင်ထား ဆောင်ရွက်ထားမှ တော်ရုံကျပါတယ်။ အာဏာရှင်စနစ်ကြောင့် ဆင်းရဲကျပ်တည်းနေတဲ့ တိုင်းရင်းသားတွေနဲ့သူတိုဆီက ပေါက်ဖွားဆက်နွယ်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ရပ်တည်ရေး၊ စားဝတ်နေရေး ရုန်းကန်နေရမှုကို မိမိက လက်တွေ့ကျကျ စာရွက်ပေါ်မှာတောင် ချမပြနိုင်သေးဘဲ ယခင်အစိုးရထက် အများကြီးလုပ်ပေးနိုင်တယ် ဆိုတဲ့ ပျားရည်ဆမ်း နှစ်သိမ့်ယုံနဲ့ မလုံလောက်ဖူးလို့ ထင်မြင်မိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>