Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

အမှိုက်တွေရှင်းလို့လဲ မကုန်နိုင်ပါလားနှင့် မောင်မိုးသူ

$
0
0



အမှိုက်တွေရှင်းလို့လဲ မကုန်နိုင်ပါလားနှင့် မောင်မိုးသူ 
 (ကုမုဒြာဂျာနယ်၊ ဇူလိုင် ၁၄၊ ၂၀၁၆) မိုးမခ၊ သြဂုတ် ၁၉၊ ၂၀၁၆

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး လူ ထုလှုပ်ရှားမှုကတော့ သူကိုယ်တိုင် အမှိုက်ကောက်၊ ပြည်သူတွေကိုလည်း အမှိုက် ကောက်၊ အမှိုက်သိမ်းစေခဲ့ခြင်းပဲ ဖြစ်ပါ တယ်။ အဲသည်လို စတင်ခဲ့တဲ့ အမှိုက် ကောက်၊ အမှိုက်ရှင်း အလုပ်တွေက မကုန် မဆုံးနိုင်အောင် များပြားနေတာကို တွေ့ရ ပါတယ်။ သည်တော့ အမှိုက်ကောက်၊ အ မှိုက်ရှင်းနေ ကြတဲ့နေရာမှာ အမှိုက်တွေက တောင်ပုံရာ ပုံကြီး ဖြစ်နေလို့ ရှင်းလို့မကုန်၊ ကောက်လို့ မကုန်နိုင်ဘူး ဖြစ်နေပါတယ်။
အမှိုက်ဆိုတာ စည်ပင်အမှိုက်ပုံးထဲကို ထည့်ရတဲ့ ထည့်ရမယ့် အမှိုက်မျိုးသာမက ပါဘူး။ အရင်အစိုးရလက်ထက်က လုပ်ခဲ့၊ ကိုင်ခဲ့တဲ့ စီမံကိန်းတွေ လုပ်ရပ်တွေလည်း ပါပါတယ်။ ထိုနည်းတူ လယ်သိမ်းယာသိမ်း တွေလည်း ပါပါတယ်။ ကျူးကျော်အိမ်ရာ ကိစ္စတွေလည်း ပါပါတယ်။ အရင်အစိုးရရဲ့ နောက်ဆုံးနှစ် ၊နောက်ဆုံးလ၊ နောက်ဆုံး ရက်တွေမှာ ကတိုက်ကရိုက် ချမှတ်လိုက် တဲ့ လုပ်ရပ်တွေ စီမံကိန်းတွေလည်း အများ ကြီး အများကြီး ပါပါတယ်။

လယ်ယာမြေသိမ်းဆည်းမှုဆိုတဲ့ နေရာမှာအရင်ကတပ်ကသိမ်းတာတွေ၊လုပ်ငန်းရှင်သူဌေးခရိုနီတွေကသိမ်းကြတယ်ဆိုတာထက်အံ့ဩလောက်အောင်လယ်ယာမြေနဲ့ လုံးဝလုံးဝမပတ်သက်၊စဉ်းစားမရတဲ့အဖွဲအစည်းတွေကပါ လယ်သိမ်း ယာသိမ်း လုပ်ခဲ့လို့ တောင်းဆို တောင်းခံမှု တွေ တွေ့ ရပါမှ သည်လိုအဖြစ်တွေရှိခဲ့ပါ သလားလို့ သိရတာတွေ ရှိပါတယ်။ အံ့ဩ ကုန်နိုင်ဖွယ် ဖြစ်ရပ်များ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ပြည်သူများ အနားယူအ ပန်းဖြေနိုင်တဲ့နေရာတွေကို ခွဲဝပိုင်းဖြတ် ပြီး အဆောက်အအုံတွေ ဆောက်လုပ်တာ တွေ တွေ့နေရပါတယ်။
နောက်ဆုံး တွေ့လိုက်ကြရတဲ့ဖြစ်ရပ် မှာ ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံ များ အဆင့်မီ မမီ စစ်ဆေးမှုများ ပြုလုပ်ရာ ဆောက်လုပ်ရေး ၃၆ ခုဟာ စံချိန်စံညွှန်းနဲ့ မကိုက်ညီကြောင်း တွေ့ရှိရတာကြောင့် ရပ်ဆိုင်းဖို့ သတ်မှတ်ခဲ့ကြောင်း သိရပါ တယ်။ တစ်ချိန် တည်းမှာ မစစ်ဆေးရသေး တဲ့ လုပ်ငန်းများ အများကြီး အများကြီး ရှိနေသေးကြောင်း သတင်းများအရ သိနေရပါတယ်။

ဒါလည်း ရှင်းရမယ့် အမှိုက်၊ ကောက် ရမယ့် အမှိုက်တွေပဲခင်ဗျ။ အဲသည်လို အဲသည်လို အမှိုက်တွေ အမှိုက်တွေက တောင် ပုံရာပုံ ဖြစ်နေပါတယ်။ ရှင်းလို့မဆုံး ကောက်လို့ မဆုံး ဖြစ်နေပါတယ်။
ပညာသင်ကြားရေးမှာလည်း မူကြို မူလတန်းကအစ အလွတ်ကျက်စနစ်မှ သည် စူးစမ်းမေးမြန်းခွင့်ရရှိရေး၊ မိမိတို့ ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုကို အား ပေးမှုတွေ အခြေခံ မူကြို၊ မူလတန်းက စနေကြရတာမို့ အဆင့်မီပညာရှင် ပညာ တတ်ကလေးများ ပေါ်ပေါက်ဖို့ အချိန်ပေး စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။

ပညာရေးဆိုလို့ လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သားများ မရှိကြဘူးဆိုတဲ့ ပြဿနာကလည်း အတော်ကြီးကို ကြီးမားတာ တွေ့ရ ပါတယ်။ ရန်ကုန်မြို့ရှိ ကြီးမားမြင့်မားတဲ့ အ ဆောက်အအုံများ ဆောက်လုပ်ရာမှာ နိုင်ငံ ခြားသား အလုပ်သမားများကသာ အဓိက နေရာက ပါဝင်လုပ်ကိုင်နေတာ တွေ့ရပြီး မြန်မာလုပ်သားများကတော့ အလုပ်ကြမ်း ဘဝမှာပဲ ရှိနေတာ တွေ့ရပါ တယ်။

ဒါနဲ့ပတ်သက်ပြီး အလယ်တန်း စက်မှု လက်မှုလုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင် တန်းကျောင်းတွေ ဖွင့်လှစ်ပေးဖို့ လိုအပ်နေတာ တွေ့ရပါတယ်။
အရင့်အရင်အစိုးရလက်ထက်က နတ် မောက်တို့ ၊ စက်မှုကျောင်းထွက်တွေဟာ အရှေ့တောင်အာရှ လုပ်ငန်းနယ်ပယ်တွေမှာ အရာရောက် အရေးပါခဲ့ပေမဲ့ စစ်အစိုးရ နှစ် ၅၀ ကျော်အတွင်းမှာ နတ်မောက်တို့ ၊ စက်မှုကျောင်းတို့ပိတ်သိမ်းခဲ့ရပြီး ဘွဲ့ပေးတာ မဟုတ်ဘဲ ဒီပလိုမာပဲပေးတဲ့ စင်ကာပူ က ပိုလီတက်ဆိုတာကို ငွေကြေးကုန်ကျ စရိတ်တွေ ကျခံပြီး သားသမီးတွေပို့လွှတ်၊ ဒီပလိုမာရတော့ စင်ကာပူက PR ပေးလို့၊ အလုပ်ပေးလို့ ဟိုမှာပဲ အလုပ်ဝင် လုပ်ကိုင် ကြလေတော့ မြန်မာမိဘများအတွက် တော့ ကုန်ကျစရိတ်လည်းဆုံး၊ သားသမီးလည်းဆုံး၊ မိအေး နှစ်ခါပြန်နာတဲ့ကိန်း ဆိုက်ရပါတော့တယ်။

လယ်သိမ်းယာသိမ်းတွေကြောင့်၊ ပြည်တွင်းစစ်ဒဏ်ကြောင့် ထိုင်းနဲ့ မလေးရှားမှာ သွားရောက်လုပ်ကိုင်ကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေရဲ့ ဘဝကလည်း ရင်နာစရာကောင်းလှပါတယ်။ မကြာသေး သောကာလကထိုင်းနိုင်ငံအလုပ်သမား ဆိုင်ရာဥပဒေအရ မြန်မာရွှေ့ပြောင်းလုပ် သားများ အဖမ်းအဆီးခံရတာတွေ ကြားရသိရပါတယ်။သည်မတိုင်ခင်က မြန်မာနိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထိုင်းကိုသွားရောက်ခဲ့ပြီးရွှေ့ပြောင်းလုပ်သားများ မျှတ တန်းတူတဲ့အခွင့်အရေး၊ လစာများ ရရှိဖို့ လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရွှေ့ပြောင်းလုပ်သားများရဲ့ လုပ်ပိုင်ခွင့်ကို အလုပ်ရှင်က တာဝန်ယူရမှာ ဖြစ်ပြီး စက်ရုံအလုပ်သမားများဟာ စက်ရုံ အလုပ်ကလွဲပြီး အရောင်းအဝယ် ကျပန်း အလုပ်များ လုပ်ခွင့်မရှိကြောင်း သိရပါ တယ်။ Overstay သတ်မှတ်ချိန်ထက်ကြာ လွန်သူများ အရေးယူတာ ခံနေရပါတယ်။ မြန်မာပြည်ပြန်ပို့၊ ပြန်လာကြလို့ ထောက်ပံ့ ကူညီမှုများ လုပ်ဆောင်ပေးနေ ရတာတွေ ရှိပါတယ်။

မနေ့တစ်နေ့ကပဲ မလေးရှားအကျဉ်း စခန်းက လွတ်လာတဲ့ မြန်မာနိုင်ငံလုပ်သား များ တချို့ကို မလေးရှားက ကူညီမှုသတင်း နဲ့ မြန်မာနိုင်ငံက ဆရာတော်တစ်ပါးရဲ့ နေ ရာထိုင်ခင်းပေးမှု၊ ကျွေးမွေးစောင့်ရှောက်မှု တွေ လုပ်နေတဲ့သတင်း ဖတ်ရပါတယ်။ ပြန် လည်လွတ်မြောက်လာတဲ့ အကျဉ်းသား တစ်ဦးရဲ့ ပြောဆိုချက်အရ မလေးရှား အ ကျဉ်းထောင်တွေထဲမှာ ရွှေ့ပြောင်း ပြစ် ဒဏ်ကျ အကျဉ်းသား ၂၀ဝ၀ ကျော်ရှိနေ သေးကြောင်း သိရပါတယ်။
အဲဒါတွေလည်း အမှိုက်တွေပဲခင်ဗျ။

အမှိုက်ကောက် အမှိုက်ရှင်းစနစ် စတင်လုပ်ဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ပြည်သူ့အစိုးရဟာ အမှိုက်ရှင်း အမှိုက်ကောက် အလုပ်တွေ သိမ်းမကုန် ရှင်းမကုန်အောင် ဆက်ပြီး လုပ်နေကြရ ဦးမှာ ဖြစ်ပါတယ်။

နောက်ဆုံး အမှိုက်တစ်ခုကတော့ အရင်အစိုးရခေတ်က အဓိကအားဖြင့် တရုတ်စီးပွားရေးလုပ်ငန်းများနဲ့ မြန်မာအစိုးရ ထိပ်ပိုင်းကသူများ ဦးပိုင် ဒါမှမဟုတ် ခရိုနီတို့နဲ့ ပူးပေါင်းပြီးလုပ်ခဲ့တဲ့ စီမံကိန်း တွေအားလုံးကလည်း ပွင့်လင်းမြင်သာမှု မရှိဘဲ ပြည်သူရဲ့အကျိုးစီးပွားကို ထိခိုက် နစ်နာမှုတွေ ဖြစ်ကြရပါတယ်။

အဓိကပြောစရာကတော့ မြစ်ဆုံကိစ္စ၊ လက်ပံတောင်းတောင် စီမံကိန်းကိစ္စနဲ့ ကြေးနီစီမံကိန်းတွေကလည်း အပုပ်နံ့ တထောင်းထောင်းထွက်ပြီး ကန့်ကွက်ဆန္ဒ ပြ ပြောဆိုမှုတွေ ခံနေရတာ တွေ့နေရပါတယ်။
မြန်မာပြည်မြောက်ပိုင်းက သစ်တော များကို ကြိုက်သလောက်ခုတ်ပြီး တစ်ဖက် နိုင်ငံကို တင်ပို့နေမှုများကလည်း ဖမ်းပြီး တရားစွဲ ပြစ်ဒဏ်ချပြီးသားတွေတောင် ရက်ပိုင်းနဲ့ လွှတ်ပေးနေရတာတွေ ရှိပါတယ်။
နာမည်ကျော် ဖားကန့်မှာ ကျောက် စိမ်းတူးဖော်မှုမှာလည်း ယန္တရားကြီးတွေနဲ့ တူးဖော်ပြီး ဘယ်ရောက်သွားမှန်းမသိ ဖြစ်ရချိန်မှာ မြန်မာပြည်သားများကတော့ အသက်လုပြီးရေမဆေးကျောက်တွေကိုအလုအယက်ရှာဖွေကြရင်း မြေစာပုံပိပြီး သေဆုံးကြရတဲ့ သတင်းများလည်း နား မဆံ့အောင် ကြားနေရပါတယ်။

အမှိုက်ရှင်း အမှိုက်ကောက်စီမံကိန်း စတင်လုပ်ဆောင်ခဲ့တဲ့ ပြည်သူ့အစိုးရဟာလည်း အမှိုက်တွေ အမှိုက်တွေကောက်လို့ ရှင်းလို့ မကုန်နိုင်ပါကလား ဟရို့။
အမှိုက်တွေ ရှင်းလို့လည်း မကုန်နိုင်ပါလားနှင့် မောင်မိုးသူပါ။

မောင်မိုးသူ

ဆောင်းဝေ - ကော်ဖီဆိုင် (၃)

$
0
0
Weekend Art - Visual Diary by Than Htay Maung


ဆောင်းဝေ - ကော်ဖီဆိုင် (၃) 

(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၆

အမြင့်ဆီပျံတတ်သွားပြီး နှုတ်သီးနဲ့ထိုးဆိတ်လိုက်တော့ လေထဲမှာ ဘာမှမရှိဘူး ရေတွေတဝေါဝေါ စီးနေတာ ကြည့်ပြီး လေတွေ တဖျပ်ဖျပ်တိုက်ခတ်နေတာမြင်ပြီး ဒီအတိုင်းဆို ဒီနံရံထဲလည်း တခုခုစီးဆင်းနေမှာပဲပေါ့ ထားခဲ့ရမယ့်အတူတူ ငါမအောင်မြင်ခဲ့တာ ၀မ်းသာစရာပေါ့ ညကြီးထဲ ကြယ်တွေလိုအဖြစ်အပျက်တွေ ပေါလောဆက်မျောနေကြအုံးမှာပဲ။ ငါတော့ ဖျားနာနေပြီ နေ့ဆိုလည်းနေ့မို့ ညဆိုလည်းညမို့ ဖုန်းခေါ်သံထဲ သူ့ဆံပင်ကိုလက်နဲ့သပ်တင်ပေးနေရတယ် ဒီအတိုင်းတော့ ငါလည်းရပ်တန့်မနေနိုင်ဘူးဆိုပြီး မြေကြီးပေါ်တုတ်ချောင်းနဲ့ သူနာမည်တွေချည်းထိုင်ရေးနေလိုက်တယ် ကမ္ဘာမှာနေ့နဲ့ညတွေ ဖယ်လိုက်ရင်ဘာကျန်မလဲ ငါလိုချင်ခဲ့တာတွေလည်း ခုမမှတ်မိတော့ တောင်ထိပ်ပေါ်တတ်ကာ အလံကိုမစိုက်ဘဲ ပြန်သယ်ယူလာခဲ့တယ် ညနေခင်းရဲ့စီးကျနေတဲ့သီချင်းထဲ သူမကို ထိုင်ခုံပေါ်ထိုင်ခိုင်းထားတယ် ဆူညံမလား တိတ်ဆိတ်မလား ဇာတ်လမ်းကိုစလို့ရပြီ သူကြားချင်တဲ့စကား ငါမပြောခင်ကတည်းက သူက ကြားပြီးသား။ ။

ဆောင်းဝေ(နတ်မောက်)

ကာတွန်း ကိုခေတ် - မင်း မှ မင်း ပဲ

$
0
0

ကာတွန်း ကိုခေတ် - မင်း မှ မင်း ပဲ
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၆

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၂

$
0
0

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၂
(မိုးမခ) သြဂုတ် ၁၉၊ ၂၀၁၆


 သမဂ္ဂဝင်း ဗိုလ်အောင်ကျော်ကျောက်တိုင်နှင့် ၇ ရက် ဇူလိုင်

မိမိတို့ကျောင်းရောက်သည့် ၁၉၇၃ ခုနှစ်တွင် သက်တမ်း ၅၀ ကျော် ရှိသည့် ပင်မတက္ကသိုလ်သမိုင်းတွင် ၁၁ နှစ်ရှိသွားပြီဖြစ်သည့် ၇ ရက်ဇူလိုင် သမိုင်းသည် လတ်ဆတ်သစ်လွင်ဆဲဖြစ်သည်။ စိန်ပန်းတွေ ကန့်ကော်တွေ၏ ငိုကြွေသံသဲ့သဲ့ကြားနေရဆဲ သစ်ပုတ်ပင်အိုမ၏ရှိုက်သံသဲ့သဲ့ ကြားနေရဆဲ ဖြစ်သည်။ အဓိပတိလမ်းအတွင်းပျော်ဝင်သွားသည့် ကျောင်းသားတို့၏ စီး ထန်းသောသွေးများ  တင်ကျန်ရစ်ဆဲဖြစ်သည်။ ဟင်းလင်းပြင်သမဂ္ဂ အဆောက်အအုံဝင်းအတွင်း အထီးတည်း တည်ရှိသော သော့ခတ်ပိတ်လှောင် ခြင်းခံနေရသော ဗိုလ်အောင်ကျော်ကျောက်တိုင်က သမိုင်းဖြစ်ရပ်များကို ပြောပြနေဆဲဖြစ်သည်။ ဤအကြောင်းအချင်းအရာများသည် ဆွေးမြေ့မသွား နှစ်စဉ် နှစ်စဉ် လတ်ဆတ် သစ်လွင်လျက် ရှိနေပေသည်။

မိမိတို့မတိုင်မှီ ဆယ်စုနှစ်အထိ ကျောင်းသားသမဂ္ဂဆိုသည့် ကျောင်းသားအခွင့်အရေးကို ရပ်တည်ပေးသည့် ကျောင်းသားသမဂ္ဂရှိသည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံရှိသည်။ ထိုသမဂ္ဂ ထိုအဆောက်အအုံတွင် ကျောင်းသားတို့ စုဝေးကြ၍ ကိုလိုနီခေတ်မှစ၍ သမိုင်းခေတ်အဆက်ဆက်၏
နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးမှ နင်းချေ ဖျက်ဆီးခံခဲ့ရတော့သည်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီး ၄ လအကြာ ဇူလိုင်လ ၇ ရက်တွင် ကျောင်းသားများဆန္ဒပြပွဲများ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းဖြစ် ပွါးသည်။ ကျောင်းသားများကအဓိပတိလမ်းမတလျောက် တန်းစီဆန္ဒပြကြ သည်။ ဖိနှိပ်ချုပ်ချယ်သော တဖက်သတ်အဆောင်စည်းကမ်းများကို ဖျက်သိမ်း ပေးဖို့ တကသမှဦးဆောင်၍ ကျောင်းဝင်းအတွင်း ဆန္ဒပြခြင်းဖြစ်သည်။ ထိုစဉ် အဓိပတိလမ်းမ ရေတမာပင်တန်း တလျောက် အဓိကရုန်းနှိမ်နင်းသည့် ရဲတပ်ဖွဲ့က နေရာယူပြီး မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ပြီး နံပတ်ဒုတ်နှင့် ဝင် ရောက်ရိုက်နှက်ပြီး တကသ ခေါင်းဆောင်များကိုဖမ်းဆီးသည်။ ကျောင်းသား များကလည်း ခဲများနှင့် ပြန်လည်ပစ်ပေါက်ကြတော့သည်။ ထိုသို့ရုန်းရင်းဆန်ခတ်များဖြစ်သော မန္တလေးဆောင်ဘက်မှ ကျောင်းသားများလည်း မခံမရပ် နိုင်ကြတော့ဘဲ ထွက်၍ ဆန္ဒပြကြတော့သည်။

ထိုစဉ်ကျောင်းအပြင်က ဝိုင်းထားသော စစ်တပ်က သေနတ်နှင့်ပစ်ခတ်တော့သည်။ ထိုတပ်ကို ဦးဆောင်သူ သားသတ်သမားဟု ကျောင်းသား များက နံမည်ပေးထားသည့် ဒုဗိုလ်မှူးကြီးစိန်လွင်ဟုဆိုကြသည်။ ထိုသို့ပစ်ခတ်မှု ဖြစ်ပွါးပြီး စစ်ကား ၃ စီးဖြင့် သေဆုံးသွားသော ကျောင်းသား အလောင်းများကို သယ်ထုတ်သွားကြသည်ဟုဆိုသည်။ သေနတ်မှန်ခဲ့သော ကျောင်းသားတစ်ဦး၏ မန္တလေးဆောင်နံရံတွင် 7/7/1962 ဟု သွေးနှင့် ကမ္ဗည်းရေးထိုးထားခဲ့သည်။ သို့သော် ဆန္ဒပြကျောင်းသားများကား ကျန်နေ ဆဲဖြစ်သည်။ ထိုကျောင်းသားများသည် မှောင်သွားတော့ သမဂ္ဂအဆောက်အ အုံ တွင်၍ နေကြသည်။ ဇူလိုင် ၈ ရက် နံနက်တွင်တော့ ကျောင်းသားများရှိ သည့် သမိုင်းဝင် သမဂ္ဂအဆောက်အအုံအားမိုင်းဖြင့်ခွဲ၍ ဖျက်ဆီးခဲ့သည်။ 

ပြီးတော့ တက္ကသိုလ်ကြီးအား ၄ လခန့်ပိတ်ခဲ့သည်။ မြန်မာ့အသံမှ "ဒါးဒါး ချင်း လှံလှံချင်းရှင်းမည် "ဗိုလ်နေဝင်း၏ စကားသံထွက်ပေါ်လာခဲ့တော့ပေ သည်။ဤကားအများသိကြသည့် ၇  ရက် ဇူလိုင် ဖြစ်စဉ်အကျဉ်းဟု ဆိုရပါမည်။

ဖြစ်စဉ်ကိုပြန်ကြည့်လျင် ကျောင်းသားများက ကျောင်းဝင်းထဲ၌သာဆန္ဒပြနေကြသည်။ ကျောင်းဝင်းပြင်သို့ မထွက်ခဲ့ကြ။ ကျောင်းသားတို့ အဓိကဆန္ဒ ပြသည့်အချက်မှာ အဆောင်စည်းကမ်းများနှင့် ပတ်သက်၍ ဖြစ်သည်။ သို့သော် ထိုအဆောင်စည်းကမ်းကို ဆွေးနွေးညှိနှို င်းဖြေရှင်းခြင်းမရှိဘဲ အင်အားသုံးဖြို ခွင်းခဲ့သည်။ အဓိကရုန်းနှိမ်နင်းရေးရဲ နံပတ်ဒုတ် မျက်ရည်ယိုဗုံးတို့နှင့် ပတ်သက်၍ နိုင်ငံတကာလုပ်ထုံးလုပ်နည်းဟု ဆိုနိုင်သေးသော်လည်း စစ်တပ်အင်အားသုံး၍ ပစ်ခတ်ခြင်းကား လွန်ကဲသော လုပ်ဆောင်မှု ဟုဆိုရမည်။ ထို့အပြင် သမိုင်းဝင် သမဂ္ဂအဆောက်အအုံကို မိုင်းခွဲ၍ ဖြို ချ
ဖျက်ဆီးခြင်းသည် မယုံနိုင်စရာကောင်းလောက်သည့် စက်ဆုတ်စရာလုပ်ရပ်ဟုသာ ဆိုရပေမည်။

ထိုစဉ်က အပြောများသည်မှာ သမဂ္ဂအတွင် CPB ယူဂျီ များဝင်ရောက် နေ၍  ရှင်းလင်းရသည်ဟု အကြောင်းပြကြသည်။ အသက် ၂၀ အရွယ်တက္ကသိုလ်ကျောင်းသားအားလုံးသည် ရဲရဲတောက် ကွန်မြူ နစ်အမာခံများဖြစ်နိုင်ပါ၏လော။ ကျောင်းသားဆိုသည်မှာ လေ့လာစူးစမ်းကာစ အရွယ်များသာဖြစ်
ကြသည်။ သူတို့၏အနာဂါတ်ပိုင်နိုင်စွာ ဆုံးဖြတ်ချက်ရန် အချက်အလက်ရှာ ဖွေစုဆောင်းကာစ အရွယ်များသာဖြစ်ကြသည်။ လက်ဝဲဝါဒအပါ အယူအဆ ပေါင်းစုံ အတွေ့အကြုံ ပေါင်းစုံအား စူးစမ်းနေသော ရောင်စုံဖူငုံစ ပန်းပွင့်များ သာဖြစ်နေသေးရာ တဖက်သတ်အရောင်ဆိုး၍မရပေ။

၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်ကာလကိုဖြတ်သန်းခဲ့သူ ရှေ့နေဦးကျော်ရင် (ကွယ်လွန်) က
"အဲဒီတုန်းက အဓိပတိလမ်းမ အဝင်ပေါက် အုတ်တိုင်ပေါ်တက်ပြီး စစ်တပ်ကိုလက်ညိုးထိုးပြီး ၃ ယောက်ပေါင်းလို့ ၁၀ တန်းအောင်တဲ့သူတွေ မဟုတ်ဘူးလို့ တရားဟောခဲ့တာ တက္ကသိုလ်ကာယဗလမောင် မောင်မောင်သန်းပေါ့ကွ ။ ကိုသန်းထွန်းတို့ဆိုတာလဲ အဲဒီတုန်းက အရေးအခင်းမှာ ပါခဲ့တဲ့ တိုးတက်ကျောင်းသားတွေပေါ့ "ဆိုခဲ့ဘူးပါသည်။

သူပြောသည့် ဦးမောင်မောင်သန်းမှာ နောင်တပ်ထဲဝင်ပြီး ဒုတိယဗိုလ်မှူးကြီးအထိ တာဝန်ယူခဲ့ပြီး နောက်ပိုင်း အင်းစိန် CID တွင်ပြောင်းရွှေ့အမှု ထမ်းခဲ့သူဖြစ်သည်။ အလားတူ သူပြောသည့် ဦးသန်းထွန်းမှာလည်း နောက် ပိုင်းတွင် တပ်ထဲသို့ဝင်ခဲ့ပြီး ဗိုလ်မှူးချုပ်အထိဖြစ်ကာ ဗိုလ်ခင်ညွန့်အောက်၌
ထောက်လှမ်းရေး ဒုညွှန်မှူး တာဝန်ယူခဲ့ဘူးသည်။ နောက်ပိုင်း ဝန်ကြီးဌာနတခု၏ ဒုဝန်ကြီးအဖြစ် တာဝန်ယူပြီး အနားယူသွားခဲ့သည်။

မိမိ၏ရဲဘော်ဟောင်းတစ်ဦးဖြစ်သု ပခုက္ကူ သား ကိုသိန်းဆွေခေါ် ကိုမင်းထင်  ကလည်း မိမိအား ဤသို့ပြောဖူးသည်။

 "ဇူလိုင် ၇ ရက် တုန်းက ကိုယ်တို့က အလယ်တန်းကျောင်းသားလောက် ဘဲရှိသေးတာ အရေးအခင်းပြီးတော့ ကိုကက်တို့ တက္ကသိုလ်ကပြန် လာပြီး အရေးအခင်းအကြောင်းပြောကြ သူတို့ကျောင်းသားတွေ ဘယ်လိုပါ ဝင်ခဲ့ကြတယ်ဆိုတာ ပြောပြတာကို နားထောင်ခဲ့ရတာလေ "

သူပြောသည့် ကိုကက်ဆိုသည်မှာ ပခုက္ကူ သား ဦးကက်စိန်ဖြစ်သည်။ သူလည်းတပ်ထဲဝင်ပြီး ဗိုလ်ချုပ်အဆင့်အထိရောက်ရှိပြီး နဝတခေတ်တွင်  တိုင်းမှူး ကျန်းမာရေးဝန်ကြီး စသည့်တာဝန်များယူခဲ့သည်။ ဤအကြောင်း အရာများနှင့်ပတ်သက်၍ အချို့ကတော့ ဤသို့ဆိုလေ့ရှိသည်။ ၇ ရက် ဇူလိုင် အရေးအခင်းပြီးတော့ တိုးတက်ကျောင်းသားအချို့က စစ်တပ်ကိုပြောင်းလဲရန် တပ်ထဲဝင်၍ ပြောင်းလဲမည်ဟုဆိုကာ တပ်ထဲဝင်ကြသည်ဟုဆိုကြသည်။ မိမိ အထက်ဖေါ်ပြပါ ကျောင်းသားကြီး ၃ ယောက်က မည်သည် ရည်ရွယ်ချက်ဖြင့် ဝင်ကြသည်ဆိုသည်ကို သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။ ထို့အတူ ၁၉၄၉/၁၉၅၀ ပြည်တွင်းစစ်က ရန်ကုန် အင်းစိန်သို့ရောက်နေစဉ် တက္ကသိုလ်ကျောင်းသားများသည် ဖဆပလ အစိုးရတပ်မှ ဝင်တိုက်ပေးခဲ့သည်ကို
လည်းတွေ့ရသည်။

သို့ဖြစ်ရာ မိမိအဓိကပြောချင်သည်မှာ ထိုစဉ်က ဆန္ဒပြပွဲတွင် ပါဝင်ကြသူအားလုံးသည် ကွန်မြူ နစ်များ မဟုတ်ခဲ့ကြဟူသည့် အချက်ဖြစ်ပါ သည်။ ကျောင်းသားတို့၏ တက်ကြွမှုမဟုတ်မခံစိတ်ဓါတ် နှင့် မတရားမှု ကိုခေါင်းငုံ့မခံနိုင်ကြသည့်စိတ်ဓါတ်တို့ကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ထို ကျောင်းသားလှု ပ်ရှားမှု ကို ကွန်မြူ နစ်များဟုစွပ်စွဲပြီးအကြမ်းဖက် နှိမ်နင်းခြင်းသည် လုံလောက်သည့် အကြောင်းပြချက် မဟုတ်ပေ။

ဆိုးဝါးလွန်းခဲ့သည်က နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ဤကိစ္စသည် အလွန်ကြီးမားသည့်ကိစ္စ သမိုင်းတရားခံအဖြစ်အမည်တွင်မည့် ကိစ္စဖြစ်သည်။ ထို့ကြောင့်လည်း ၁၉၈၈ အရေးအခင်းကာလတွင်
ပြောကြဆိုကြရာ၌ အဆိုပါကိစ္စနှင့်ပတ်သက်၍ တာဝန်ယူမည့်သူ တာဝန်ခံ မည့်သူမရှိချေ ။ ဗိုလ်နေဝင်းကလည်း ခေါင်းရှောင်သည်။ ဗိုလ်အောင်ကြီး ကလည်းခေါင်းရှောင်သည်။ ထိုစဉ် လုံခြုံ ရေးကော်မတီ ဥက္ကဌ တာဝန်ယူခဲ့ သည်ဆိုသော ဗိုလ်မှူးကြီးကျော်စိုး ဆိုသူထံမှလည်း ဘာသံမှ မထွက်ခဲ့ချေ ။

ထိုစဉ် တပ်၏ထိပ်ဆုံးနေရာတွင်ရှိသူ ၂ ဦးတောင်မှ တာဝန်မယူရဲမှတော့ ကျန်သူများ ဆိုဖွယ်မရှိချေ ။ ဗိုလ်နေဝင်းနှင့်စစ်အာဏာရှင်စနစ်အတွက် ဖျက် မရသည့်အမဲစက်ဖြစ်ခဲ့တော့သည်။

ဗိုလ်နေဝင်းက သူအမိန့်မပေးပါဟု ဗြောင်ငြင်းနေသော သမဂ္ဂအဆောက်အဦး မိုင်းခွဲခံရပြီး "ဒါးဒါးချင်းရှင်းရမည် လှံလှံချင်းရှင်းရမည် ဟု အသံလွှင့်ပြောကြားခဲ့သည်မှာ သူမဟုတ်၍တော့ ငြင်းမရနိုင်ပါ။ သူ၏ ပြောဆိုချက်သည် ကျောင်းသားများကို ကျောင်းသားသပိတ်များကို ရန်သူသဖွယ် သဘောထားသည် ကျောင်းသားများကို စစ်ကြေငြာလိုက်ခြင်းဖြစ်သည် ဆိုသည်ကတော့ ငြင်းပယ်၍ မရနိုင်ပေ။

ဗိုလ်နေဝင်း၏ အထက်ပါသဘောထားသည် နောက်ပိုင်းတွင်လည်း သူ၏လူများမှတဆင့် ဆက်လက်ဖေါ်ပြသည်။ ထိုအရေးအခင်းကာလနောက်ပိုင်း ၁၉၇၄/၇၅ ကာအထိ ဖမ်းမိသူများအား ဗိုလ်နေဝင်းလက်စွဲထောက်လှမ်း ရေး မျက်မှန်တင်ဦးနှငူ့်သူ့လူများက ဖမ်ဆီးခံရသော ကျောင်းသားများ တက် ကြွလှု ပ်ရှားသူများအား မင်းတို့မကြေနပ်ရင် မြို့ ပေါ်မှာ ဆူမနေကြနဲ့ တောခို ကြကွဟု ဆိုလေ့ရှိသည်။ ထို့ပြင် ထိုဗိုလ်နေဝင်း၏ ဒါးဒါးချင်း လှံလှံချင်း အယူအဆကို လက်ကိုင်ထား၍ နောက်ပိုင်း မည်သည့် ကျောင်းသား အလုပ် သမားလှု ပ်ရှားမှု ကိုမှ စေ့စပ်ညှိနှို င်းဖြေရှင်းခြင်းမပြု ဘဲ အIင်အားသုံးချေ
မှု န်းခဲ့သည်ကိုသာတွေ့ရသည်။

ကျောင်းသားသမဂ္ဂသည်၎င်း သမဂ္ဂအဆောက်အဦးသည်၎င်း ကျောင်းသားများ ဆန္ဒပြရန် ဖွဲ့စည်း တည်ဆောက်ထားခြင်း မဟုတ်ပေ။ ကျောင်းသား များ၏ သာရေးနာရေး ပညာရေး ကျန်းမာရေး လူမှု ရေးစသည့် ကျောင်းသား အကျိုးစီးပွါးများအတွက် ကျောင်းသားများ ဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက်
ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကျောင်းသားတို့၏ဆန္ဒပြမှု သပိတ်မှောက်မှု စသည်များသည် ခေတ်ကာလ အခြေအနေများနှင့် တရားမျှ တမှု တို့နှင့်သာ သက်ဆိုင်ပေသည်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးအခင်းအပြီး ကျောင်းများ ကို ၄ လပိတ်ခဲ့သည်။ သို့သော် ကျောင်းသားများကား သွေးအေးမသွားခဲ့ပေ။ ကျောင်းများပြန်ဖွင့်တော့ ပြန်လည် သပိတ်မှောက်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၄ ရက်နေ့တွင် သပိတ်မှောက်ကျောင်းသားများက အရေးတော်ပုံ ရာကျော်ကျောက်တိုင်ကို ဗိုလ်အောင်ကျော်ကျောက်တိုင်ဘေး၌ ညတွင်းချင်း
စိုက်ထူခဲ့ကြသည်။ အမြင့် ၇ ပေ ၇ လက္မ အကျယ် ၆၂ လက္မရှိသော 7/7/62 နေ့ကို အထိမ်းအမှတ်ပြုသည့် ကျောက်တိုင်ဖြစ်သည်။ နောက်ပိုင်းတွင်  ကျောင်းသားသပိတ်များ ဖြို ခွဲခံရသည်။ သမဂ္ဂများဖျက်သိမ်းခံရသည်။ ရာကျော်ကျောက်တိုင်လည်း ဖျက်ဆီးခံခဲ့ရသည်။

အပေါ်ယံကကြည့်လျင် ဗိုလ်နေဝင်းနှင့်သူလူများ နိုင်သည်။ အရေးအခင်းကို အောင်မြင်စွာဖြို ခွဲနိုင်ခဲ့သည်။ သမဂ္ဂအဆောက်အဥင်္ီးအားလက်စ ဖျောက်ပစ်နိုင်ခဲ့သည်။ သို့သော် လက်တွေ့တွင် ထိုဖြစ်ရပ်က တပြည်လုံးအား စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်စိတ်ဓါတ်ကို မွေးဖွါးပေးလိုက်သည်။ ထိုဖြစ်ရပ်သည် စစ်အာဏာရှင်စနစ်အား အမြဲတစေ ခြောက်လှန့်နေသည့် အတိတ်တစ္ဆေ ဖြစ်သွားသည်။ အမြဲတမ်းခြောက်လှန့် ခံနေရတော့သည်။ စစ် အာဏာရှင်စနစ်၏ ရာဇာပလ္လင်သည် မတည်ငြိမ်ခဲ့တော့ပေ။ ခေတ်အဆက်ဆက် အကြပ်အတည်းတခုမဟုတ် တခု ဆက်တိုက်လို ကြုံ နေရတော့သည်။

 ခေတ်ကာလများ ကြာလာသော်လည်း အမြဲတစေ အသစ်ဖြစ်နေသည်။ အဟောင်း တို့နေရာတွင် အသစ်အသစ်တို့အစဉ်အမြဲ အစားထိုးဝင်ရောက်လာနေသည်။ မြန်မာပြည်လူ့အဖွဲ့အစည်း၏ မဆုံးနိုင်သည့်ပဋိပက္ခနှင့် အံတုယှဉ် ပြို င်မှု ကို မွေးထုတ်ပေးခဲ့သည်။ စစ်အာဏာရှင်စနစ်က မည်သို့ပင် အင်အား ကြီးထွားလာသည်ဖြစ်စေ ခေါင်းငုံ့မခံသည် မျိုးဆက်သစ်တို့ ခေတ်တိုင်း ပေါ်ထွက် လာတော့သည်။ ဤကား ၇ ရက် ဇူလိုင်မှမွေးထုတ်ပေးလိုက်သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင့်သည့် စိတ်ဓါတ်နှင့် မျိုးဆက်တို့ပင်ဖြစ်သည်။

၁၉၈၈ အရေးအခင်းကာလက ရက်ပိုင်း သမတဖြစ်ခဲ့သော ဒေါက်တာမောင်မောင်က သမဂ္ဂအဆောက်အဦး ပျော်ပျော်ပါးပါးကြီးအုတ်မြစ်ချ ကြတာပေါ့ဟုဆိုခဲ့သော်လည်း သမိုင်းဘီးသည် နောက်သို့ပြန်လိမ့်သွားခဲ့ သည်။ နာကျင်ခဲ့ရသောရက်များသည်မပျောက်နိုင်သေး ။ အတိတ်တစ္ဆေ သည် ခြောက်လှန့်နေဆဲဖြစ်သည်။ သမိုင်းဆိုင်ရာ အရေးပါလှသည့် နိုင်ငံရေးပြသ
နာများကို မေ့ပျောက်၍လည်းမရ။ ဖျောက်ဖျက်ပစ်၍လည်းမရ။ ကျော်လွှား သွား၍လည်းမရနိုင်ပေ။ စစ်အာဏာရှင့်ဒီမိုကရေစီပြသနာကို ဖြေရှင်းနိုင် ဖို့ဆိုလျင် ကျောင်းသားသမဂ္ဂများနှင့် သမဂ္ဂအဆောက်အအုံကြီး ပြန်လည်ပေါ် ထွန်းလာရန်လိုပေလိမ့်မည်။ အမျိုးသားရင်ကြားစေ့ရေး သင်ပုန်းချေရေး အတွက်ဆိုလျင် အနာဟောင်းမဖွစေချင် မဆွစေချင်ဟုသာ ပြောနေ၍ မရဘဲ
ပျက်စီးသွားသည်များကို အကောင်းပကတိဖြစ်ရန် ပြန်လည်တည်ဆောက် ပေးဘို့လိုအပ်ပေမည်။

ယခုနှစ်ပိုင်းများတွင် ကျောင်းသားသမဂ္ဂများ ပြန်လည်အသက်ဝင်စပြု လာသည်ကို တွေ့ရသည်။ သမဂ္ဂဝင်းအတွင်းရှိ ဗိုလ်အောင်ကျော်ကျောက်တိုင် အား ၇ ရက် ဇူလိုင်တွင် လာရောက်အလေးပြု ခွင့်ရလာသည်ကို တွေ့ရသည်။ ပြီးပြည့်စုံမှု မရှိသေးသော်လည်း အကောင်းဘက်သို့  အရွေ့ဟုတော့ ဆို၍ရမည် ထင်ပါသည်။ သို့သော် ပန်းတိုင်တော့မရောက်သေးပေ။

ရန်ကုန်တက္ကသိုလ်ပင်မဝင်းအတွင်းရှိ သမဂ္ဂဝင်း ဟင်းလင်းပြင်အတွင်း ခန့်ငြားထည်ဝါသော သမဂ္ဂအဆောက်အဦးတခုပေါ်ထွန်းလာဘို့ လို အပ်နေပေးသေးသည်။ သံဝင်းထရံကြားမှ အထီးတည်းရပ်တည်နေသော ဗိုလ်အောင်ကျော်ကျောက်တိုင်သည် သမဂ္ဂအဆောက်အဦးသစ်ကြီးအား၎င်း
ခေတ်အဆက်ဆက်တိုက်ပွဲများစွာတွင် စွန့်လွှတ်တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားရဲဘော်များအတွက် အထိမ်းအမှတ် ကျောက်တိုင်တခုအား၎င်း ငံ့လင့်၍ နေပေသည်။ သံတိုင်ကြားမှ လှမ်းမြင်ရသည့် ဗိုလ်အောင်ကျော် ကျောက်တိုင်သည် ဖြတ်သန်းခဲ့ရသော သမိုင်းကို ပြောပြနေခဲ့သို့ သမိုင်းသစ်
ကိုလည်း ငံ့လင့်၍နေပေသည်။

မိမိတို့ ရန်ကုန်တက္ကသိုလ် ခြေချ စ နှစ်များက အဓိပတိလမ်းမအဝင်ဝတွင် သံတိုင်များကြားမှ လှမ်းမြင်ရသည့် ကျောက်တိုင်ငယ်ကား ကြံ့ခိုင်လွန်း လှပေစွ။

ဆက်လက်ဖေါ်ပြပါမည်။
Mg Mg Soe ( မောင်မောင်စိုး )
photo credit မူရင်းပိုင်ရှင်

ေ အာ င်ေ ၀း - ပန်း နု ရောင် အို ဋီ ကာ ၊ ဒဂုန်တာရာ (၁၉၁၉ - ၂၀၁၃)

$
0
0

BURMA: HOMAGE TO DAGON TARYAR

ေ အာ င်ေ ၀း - ပန်း နု ရောင် အို ဋီ ကာ ၊ ဒဂုန်တာရာ (၁၉၁၉ - ၂၀၁၃)
(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း) သြဂုတ် ၁၉၊ ၂၀၁၆

“အိုနု ပျိုရင့်
သူနှင့်ချယ်ရီ၊ ရီဝေယစ်သန်း
ပန်းနုရောင်အို ...”
(ဒဂုန်တာရာ)


ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားတယ်။


သခင်ကိုယ်တော်မှိုင်း
ဇော်ဂျီ
မင်းသုဝဏ်
ဒဂုန်တာရာ
ကြီးလေးကြီးအစဉ်အလာ
ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထားခဲ့တယ်။


ပါဘလိုနီရူဒါရေ...
ဂုဏ်ပြုအပ်တဲ့
မိတ်ဆွေတစ်ယောက်ကို
ဆီးကြိုပါတော့။


ဝင်းမော်ဦးရေ...
သမီးရေ...
နွေဦးအမတ
မသေညမှာ
သည်းတို့ အဘကို
ထကြိုပါဦး။


သမီးတို့ အတန်းက
ရှေ့ ဆုံးခုံတန်းလေး
ထိုင်သူဝေးခဲ့တာ။


သက်ဝင်းအောင်ရေ...
နေရောင်တစောင်း
မင်းတို့ ကျောင်းက
ခွပ်ဒေါင်းအလံကလေး
သွေးစွန်းခဲ့တာ။


ငှက်ရေ...
ရာဇ၀င်ဖြတ်သန်း
အိပ်မက်တင်းကျမ်း
ခေတ်ရဲ့ လမ်းမှာ
ပန်းတွေ ကြယ်တွေ
ကြွေနေခဲ့တာ။


ဟောဒီ
ကြယ်အကြွေကြမ်းတဲ့
သြဂုတ်လသရမ်း
ဇာတ်ဝင်ခန်းမှာ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။


အဝေးကလွမ်း
ဟိုး... အောင်ပန်း
မဲနယ်တောင်တန်း
အမှောင်သန်းချိန်
ငြီမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကွယ်လွန်ခဲ့ပြီ။


မိုးဝေးရေ...
ငါတို့ ဆရာ ကွယ်လွန်ခဲ့ပြီ။


အေးမင်းစောရေ...
အစ်ကိုတို့ ဖခင် ကွယ်လွန်ခဲ့ပြီ။


မမခင်ဦးစံပယ်ရေ...
ကျနော်တို့ ခေါင်းဆောင် ကွယ်လွန်ခဲ့ပြီ။


မြရာတောကြီးတစ်ခုလုံး
မီးဟုန်းဟုန်းတောက်
လမ်းပျောက်တဲ့ မြိုင် ရေ...
“ဌေးမြိုင်”လာပြီလေ။


“ကိုဌေးမြိုင်
ကျနော်တို့ ဘက်က
ရပ်တည်ပေးတဲ့အတွက်
ကျေးဇူးတင်တယ်”
(သန်းထွန်း)


တောထဲကလာတဲ့စာလေးတစ်စောင်ရယ်
တော့ ကာ သာ ဘဲ ရယ်နဲ့ 
ဆရာဗန်းမော်တင်အောင်ရယ်
ဆရာမြသန်းတင့်ရယ်
သခင်မြသန်းရယ်
အဘလေထီးဦးအုန်းမောင်ရယ်
ကျဆုံးလေပြီးသောပန်းပွင့်များရယ်
၃၉ လရောင်
ကိုလိုနီနှောင်ကြိုးအောက်က
လားရှိုးလမ်းမကြီးရယ်
မတ်လတော်လှန်ရေးရယ်
စာပေသစ်ရယ်
လွမ်းရစ်တော့သက်လှယ်ရယ်။


ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
အောင်ဆန်းကလည်း ချစ်တာပဲ
အောင်ဆန်းသမီးကလည်း
ချစ်တာပဲ။


ဆရာ့ ကိုဆိုရင်
(ကိုဌေးမြိုင်ဆိုရင်)
ဗဟိန်းကလည်း ချစ်တာပဲ
ဗဟိန်းဇနီး
မခင်ကြီးကလည်း ချစ်တာပဲ။


အမေလူထုဒေါ်အမာရယ်
ဆရာ့ ကိုဆိုရင်
တောကြိုအုံကြား
ဘုံကျွန်တွေအလား
အခြေခံလူတန်းစား
အလုပ်သမား လယ်သမား
ငသြတွေ ငဘတွေ
ပြည်သူတွေကလည်း ချစ်တာပါပဲ။


ပြည်သူတွေလက်နဲ့ 
အထက်သန်ဆုံး
နှလုံးသားမြှုပ်ကူ
(ဆရာ့ ရဲ့ )
ငြိမ်းချမ်းရေးအုတ်ဂူမှာ
ရန်သူတွေ ဒူးထောက်ရစေသား။


ဒဂုန်တာရာ
ဘုံကဗျာကို
လင်းယုန်စောင့်ရှောက်ပါစေသား။


သစ်ခွပြာရိုင်း
မိုးလုံးမှိုင်းတွေ
ဒုန်းစိုင်း ဒုန်းစိုင်း
အို...မြင်းရိုင်းတွေ
တောရိုင်းတောင်ရိုင်း
မြစ်တံတိုင်းတွေ
ရေရိုင်းမြေရိုင်း
ပင်လယ်လှိုင်းတွေ
သမိုင်း သမိုင်း
တို့ သမိုင်းမှာ
“မှိုင်း” နဲ့ ”ဆန်း” ရဲ့ 
အတိုင်းမဲ့အလွမ်းတွေ
“ဆန်း” နဲ့ ”ဟိန်း” ရဲ့ 
လွမ်းဖွဲ့ ယိမ်းနွဲ့ 
ငြိမ်းချမ်းရေးက
လေနုအေးက
တနွဲ့ နွဲ့ နော့နေဆဲလား။


မေရေ...
မေရေ...
နွေဦးသေပြီ။


ကြည်အေးရဲ့ မီ
တီဘီ ရေ...
နွေဦးသေပြီ။


နှင်းဆီ နှင်းဆီ
အနီထဲက
နွေဦးသေပြီ။


အချစ်ရေ...
မျက်ရည်တစ်စ
ကြွေမကျနဲ့ 

ညဆိုတာ
မှောင်မှာပဲလေ။


မှောင်တာကိုက
အလင်းရောင်ပဲလေ။


အမှောင်ထဲမှာမှ
ကြယ်တွေရဲ့ အလှကို
မြင်ခွင့်ရ
ဘ၀ဟာ ညပဲ။


မြရာပင်ထက်မှာ
ကြယ်တွေကြွေသက်ခဲ့ကြပြီ။


ဆိတ်ဖလူးရနံ့ တောမှာ
ကြယ်တွေ ကြွေလျှောခဲ့ကြပြီ။


အဓိပတိလမ်းပေါ်မှာ
ကြယ်တွေကြွေရော်ခဲ့ကြပြီ။


ဧရာဝတီရေ...
ကြယ်ကြွေရေဆန်
မုန်တိုင်းထန်ပါလော့ ။


ပုန်ကန်နွယ်တို့ အဖေရေ...
မေရဲ့ ကဗျာဆရာကို
အပြာတို့ အ၀ါတို့ နဲ့ ကြိုပါတော့။
အစ်ကိုသခွပ်ရေ...
“ဒဂုန်တာရာကစ
မောင်လေးအောင်အဆုံး
ပန်းတစ်ကုံးပဲ”
ရေးပါဦးလား
နောက်ဆုံးတိုက်ပွဲ
ကဗျာပဲလေ။


ဟေမာနေ၀င်းရေ...
ဒိုရာသန်းအေး
လှေကလေးနဲ့ 
ဆွေးပါဦးလား။


နှလုံးသားထဲ
မြားဝင်ထုတ်ချင်း
မြစ်တစ်စင်းဟာ
ရင်တွင်းလှိုင်းရိုက်
ဦးညွှတ်လိုက်ပါရဲ့ ။


ဆရာ့ ကိုဆိုရင်
(ဒဂုန်တာရာဆိုရင်)
မောင်ယဉ်မွန်ကလည်းကြိုမယ်
ဖော်ဝေးကလည်းကြိုမယ်
ဒေါင်းနွယ်ဆွေကလည်းကြိုမယ်
အောင်လင်းကလည်းကြိုမယ်
နိုင်ဝင်းဆွေကလည်းကြိုမယ်
ခင်ဝမ်းကလည်းကြိုမယ်
မောင်ချောနွယ်ကလည်းကြိုမယ်
တင်မိုးကလည်းကြိုမယ်
ကြည်အောင်ကလည်းကြိုမယ်
မောင်ရန်ပိုင်ကလည်းကြိုမယ်
မင်းလူကလည်းကြိုမယ်
မောင်ဝံသကလည်းကြိုမယ်။


ဆရာရေ..
ဆရာနဲ့ ကျနော်တို့ တွေ
ရုပ်မြင်သံကြားတယ်လီဖုန်းကနေ
တွေ့ ကြမယ်လေ။


ဒီနေ့ မှာ
ဆွေးမြေ့ ကြေကွဲ
အလံကို
တိုင်တစ်ဝက်ပဲလွှင့်ထူထားခဲ့ပါတယ်။


ဟံသာဝတီဦးဝင်းတင်အစ
ဒေါ်အောင်ဆန်းစုကြည်အလယ်
မင်းကိုနိုင်အဆုံး
အားလုံးကို အကြောင်းကြားပါရဲ့ ။


အခုအချိန်ကစပြီး
ငြိမ်းချမ်းရေးဟာ
ထွက်ခွာသွားပါပြီ။


“အကောင်းကိုရှာ၏
အကောင်းကားမရှိတော့”


အကောင်းကိုရှာ၏၊ အကောင်းကားမရှိတော့။ ။


(ဒီကဗျာဟာ ဆရာဒဂုန်တာရာ၏ခြေအစုံက မြေမှုန်ငယ်တမျှသာပါ)


အောင်ဝေး
သြဂုတ် ၂၀- ၂၀၁၃

ခေတ္တ- မစ်ရှီဂန်။
(သရုပ်ဖော် - ဂရပ်ဖစ် ကိုမျိုး+)

မောင်မောင်စိုး - အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ သိက္ခာရှိသောထွက်ပေါက်

$
0
0


မောင်မောင်စိုး - အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအရ သိက္ခာရှိသောထွက်ပေါက်
(မိုးမခ) သြဂုတ် ၁၉ ၊ ၂၀၁၆

၂၁ ရာစုပင်လုံညီလာခံဆိုသည်မှာ နိုင်ငံရေးပြသနာကို စားပွဲဝိုင်း ပေါ်ထိုင်၍ နိုင်ငံရေးနည်းအရပြသနာဖြေရှင်း ဖြစ်သည်။ လွယ်ကူလှသည်တော့မဟုတ်ပေ။ နှစ် ၇၀ နီးပါး ဖြစ်ပွါးခဲ့သော လက်နက်ကိုင်ပဋိပက္ခများ
အတွင်း ပေးခဲ့ရသော စတေးခဲ့ရသော အသက်သွေးပေါင်းများစွာရှိခဲ့သည်။ ယင်းအခြေအနေများအောက်တွင် နာကျည်းမှု များ အာဃတများ အမုန်းတရားများ များစွာကြားမှ ဤစားပွဲဝိုင်းသို့ လာရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အမျိုးသားရင်ကြားစေ့ရေးဟု ခေါ်ကြပါသည်။

၂၀၁၆ သြဂုတ်လ ၁၈ ရက်နေ့စွဲဖြင့် TNKA တအန်းပလောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ MNDAA ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ULA/AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ ကြေညာချက်ထွက် လာသည်။ ၂၁ ရာစု ပင်လုံသို့ တက်ရောက်ရန်လိုလားကြောင်း ဖေါ်ပြထား၍ အချို့ က ထို့ ၃ ဖွဲ့တက်ရန် သဘောတူပြီဟု ထင်ကြပါသည်။ သို့သော် လက်ရှိပြသနာက ထိုသို့မဟုတ်ချေ။

၂၀၁၆ ဇူလိုင်လအတွင်း အဆိုပါ ၃ ဖွဲ့နှင့် ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ မိုင်းလားတွင် အလွတ်သဘောတွေ့ဆုံသည်။ ထို့နောက် မိုင်းလားခေါင်း ဦးစိုင်းလင်း၏ကြားဝင်ညှိနှိုင်းမှု ဖြင့် ၂၀၁၆ သြဂုတ်လ ၉ ရက် နေ့တွင် မိုင်းလားတွင် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးသိန်းဇော် ဦးခင်ဇော်ဦး ဦးအောင်ကြည်တို့နှင့် PSLF/TNLA ဥက္ကဌ မိုင်အိုက်ဖုန်း ULA/AA ဥက္ကဌ ဦးထွန်းမြတ်နိုင် MNDAA ဥက္ကဌ ဖုန်တရွှင် အတွင်းရေးမှူးဦးထွန်းမြတ်လင်းတို့ တွေ့ဆုံခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူများဘက်မှ အဆိုပါ ၃ ဖွဲ့ပါ ကြေငြာချက်တခု ထုတ်ပြန်ရန်တောင်းဆိုသည်ဟုဆိုပါသည်။ တောင်းဆိုသည့် ကြေငြာချက်ပါ အချက်များစွာညှိနှိုင်း၍ ရသော်လည်း ညှိနှိုင်း၍ မရခဲ့သည်မှာ ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ တောင်းဆိုသည့် "လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်ရေး"ဆိုသည်ကို အဆိုပါ ၃ ဖွဲ့က လက်မခံခဲ့ခြင်းဖြစ်သည်။ အဆိုပါ ၃ ဖွဲ့ သုံးစွဲလိုသည့် "လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး"ဆိုသည်ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ သွား ရောက်ဆွေးနွေးသူများက လက်မခံနိုင်သဖြင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့သည်။

သို့ဖြစ်ရာ ၂၁ ရာစု ပင်လုံသို့ ထို ၃ ဖွဲ့တက်ရောက်ရေးနှင့်ပတ်သက်၍  ငြိမ်းချမ်းရေးကော်မရှင်မှ တာဝန်ရှိသူများနှင့် ထို ၃ ဖွဲ့ကြား သုံးစွဲလိုသော စကားလုံး(ဝါ) ဝေါဟာရ ညှိမရ၍ ကြန့်ကြာ သဘောတူညီချက်မရဟု ဆိုပါသည်။

မြန်မာစစ်ဖက် ဘက်ကတော့လည်း သုတို့ဘက်ကလျှော့ပေးသည်ဟု ယူဆသည်။ ပထမ "လက်နက်စွန့်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲပါဝင်ခွင့်ပြု နိုင်မည်"ဟု ဖေါ်ပြသည်။ ဒုတိယ "လက်နက်စွန့်စရာမလိုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါဝင်ခွင့်ပြု မည်"ဟု ဖေါ်ပြသည်။ သို့သော် "လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်"ဟု ကြေညာချက်ထုတ်ရမည်ဟုဆိုသည်။ သို့သော် ထို ၃ ဖွဲ့ကတော့ "လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး"ဟု ဖေါ်ပြချင်သည်။ သို့နှင့် ထိုဝေါဟာရပေါ်၌ ညှိနှိုင်းမရခဲ့ပေ။

ဝေါဟာရသည် အရေးကြီးပါသလော။ ကြည့်မြင်ပုံ လုပ်ကိုင်ပုံ ကွဲလွဲနိုင်ပါသည်။ သို့သော် ရန်ကုန်တွင် သြဂုတ် ၁၁/၁၂/၁၃ ပြုလုပ်သော နိုင်ငံရေး မူဘောင်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများဆိုသည့်နေရာတွင် "တရားဝင် နိုင်ငံရေးပါတီများ"ဟုပြင်ပါသည်။ သြဂုတ် ၁၅/၁၆ တွင်ပြုလုပ်သော UPDJC အစည်းအဝေးတွင် "ညီလာခံကိုယ်စားလည်"ဟူသော စကားလုံးအား "ညီလာခံတက်ရောက်သူ"ဟုပြင်ပါသည်။ တခါတရံတွင် စကားလုံးများသည် အရေးပါပုံရပါသည်။ ထို့ကြောင့် ရှေးလူကြီးများက ပညတ်သွားရာ ဓါတ်
သက်ပါသည်ဟု ဆိုကြပုံရသည်။

အခြားသတင်းများအရ အဆိုပါ ၃ ဖွဲ့သည် UWSA ဌာနချုပ် ပန်ဆန်းတွင် အစည်းအဝေးလုပ်ပြီး ၂၀၁၆ သြဂုတ်လ ၁၈ ရက်နေ့တွင် ကြေညာချက် တရပ်ထုတ်ပြန်ခဲ့သည်။ အချို့က အဆိုပါ ၃ ဖွဲ့ ၂၁ ရာစုပင်လုံတက်မည်ဟု ကြေညာခြင်းဖြစ်သည်ဟု ဆိုနေကြသည်။ တကယ်တော့ အဆိုပါ ၃ ဖွဲ့ ပင်လုံတက်ရေး မတက်ရေးမှာ လက်ရှိအချိန်တွင် မြန်မာစစ်ဖက်ခေါင်းဆောင်များနှင့် ဆိုင်သည်ဟုဆိုရမည်။ ၎င်းတို့ကြေညာချက်တွင် "လက်နက် ကိုင်လမ်းစဉ်စွန့်ရေး"မပါပေ။ "လက်နက်ကိုင် ပဋိပက္ခအား နှစ်ဖက်ညှိနှိုင်း ဖြေရှင်းရေးသာပါသည်။ ထို ၃ ဖွဲ့၏ကြေညာချက်တွင် ပြည်တွင်းစစ်မီး ငြိမ်း သတ်ရန် နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးအဖြေရှာရန်ဟုသာ ဖေါ်ပြသည်။ ထိုဖေါ်ပြချက်သည် လုံလောက်ခြင်း ရှိမရှိ အားလုံးစဉ်းစားသုံးသပ်ကြရန်လိုသည်။ အဆိုပါဖေါ်ပြချက်နှင့်ပတ်သက်၍ မြန်မာစစ်ဖက်ခေါင်းဆောင်များ လက်ခံနိုင်ပါမည်လော။ ဤကား အားလုံးအတွက် ပဟေဠိဟုဆိုရမည်။ အားလုံးစောင့်ကြည့်နေသောအချက်ဖြစ်သည်။

ခက်ခဲသောအချိန်ကာလဖြစ်သည်။ တိုက်ဆိုင်စွာပင် ထိုကြေညာချက် သည် ဒေါ်အောင်ဆန်းစုကြည် ဘေကျင်းသို့ရောက်သည့်နေ့တွင် ထွက်ပေါ်၍ လာပါသည်။

၂၁ ရာစု ပင်လုံဆိုသည်မှာ အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်းရေး အခြေခံပေါ်မှ လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။

နိုင်ငံရေးပြသနာကို နိုင်ငံရေးအရဖြေရှင်းရန် အခြေခံလိုအပ်ချက်မှာ ပါဝင်သင့်သူအားလုံး ပါဝင်ရေးဖြစ်သကဲ့သို့ ပါဝင်သူအားလုံးအား "နိုင်ငံရေးအရ သိက္ခာရှိသော ထွက်ပေါက်ပေးရေး"သည် အခြေခံအကျ
ဆုံး လိုအပ်ချက်ဖြစ်ပါသည်။ သို့မှသာ "အမျိုးသားရင်ကြားစေ့ရေး ငြိမ်းချမ်း ရေး"ကို ဖေါ်ဆောင်နိုင်ပေလိမ့်မည်ဖြစ်သည်။

Mg Mg Soe ( မောင်မောင်စိုး )

ကာတွန်း တော်တော်တည် - ဒု သု နဲ့ ဘု

$
0
0

ကာတွန်း တော်တော်တည် - ဒု သု နဲ့ ဘု
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆

တော်လှန်ရေး၊ တည်ဆောက်ရေး နဲ့ ဘကြီးမိုး

$
0
0




တော်လှန်ရေး၊ တည်ဆောက်ရေး  နဲ့ ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ ရန်ကုန်၊ ဇူလိုင် ၂၀ ထုတ်) မိုးမခ၊ သြဂုတ် ၂၀၊ ၂၀၁၆

မြန်မာနိုင်ငံဟာနှစ်ပေါင်း ၅၀ ကျော် တပ်မတော်၏ အုပ်ချုပ်မှုအောက်မှာနေခဲ့ရပြီး တစ်ချိန်က ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးအရ ဦးဆောင်နိုင်ငံ အဖြစ်မှအဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိခဲ့ပါတယ်။ အရင်ဦးနုအစိုးရ လက်ထက်က နေရူး၊ ချူအင်လိုင်း၊ ဆူကာနို၊ ဦးနု အစရှိတဲ့ ဘန်ဒေါင်းညီလာခံရဲ့ ခေါင်းဆောင်မှု အပိုင်းမှာရှိခဲ့ဖူးပါတယ်။ တစ်စတစ်စတိုင်းပြည်တစ်ခုလုံး ရစရာမရှိအောင်ဆိုးရွားဆင်းရဲလာပြီး အိမ်နီးနားချင်းနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံတွေမှာလေးငါးခြောက်သန်းသွား ရောက်လုပ်ကိုင်ကြရတဲ့ဘဝကိုရောက်ရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ ကျောင်းသားများဦးဆောင်တဲ့ ၈၈ အရေးတော်ပုံကြီးကိုပြည် သူပြည်သားများအားလုံး ပါဝင်လမ်းပေါ်ထွက်ခဲ့ကြရာက စစ်အစိုးရယိမ်းယိုင်သွားခဲ့ပါ တယ်။ ၈၈ အရေးတော်ပုံကြီးမှ ဒီမိုကရေစီတပ်ပေါင်းစုဖြစ်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဖြစ်ပေါ်ခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပေမဲ့ အုပ်ချုပ်မှုအာဏာ မအပ်သည့်ပြင် အနိုင်ရခေါင်းဆောင်များကိုထောင်ထဲထည့်ခဲ့ပါတယ်။

အဲသည်နောက် မြန်မာနိုင်ငံဟာ သမိုင်းမှာအဆိုးရွားဆုံး နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ပြည်သူပြည်သားသိန်းချီဆုံးရှုံးခဲ့ရပြီး အိုးအိမ်လယ်ယာမြေများမှာလည်း ဆုံးရှုံးပျက်စီး ခဲ့ပါတယ်။ တပ်မတော်ရဲ့ အုပ်ချုပ်မှုပုံစံပြောင်းကာ ၂၀ဝ၈ မှာ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကိုအတည်ပြုပြီး အရပ်ဘက်လူမှုရေးအသင်းဖြစ်တဲ့ ကြံ့ခိုင်ရေးကို ပါတီအသွင်ပြောင်း ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့အခါမှာ လွှတ်တော်အစိုးရဖြစ်လာပြီး သမ္မတ ဦးသိန်းစိန်အစိုးရ ဖြစ်ပေါ်လာပါတယ်။ ၂၀၁၀ မှာ အင်န်အယ်လ်ဒီက ဝင်ရောက်အရွေးခံခြင်းမပြုခဲ့ပေမဲ့ ၂၀၁၂ ကြားဖြတ်မှာဝင်ရောက်အရွေးခံလို့ အင်န်အယ်လ်ဒီဟာ လွှတ်တော်မှာ အတိုက်အခံအဖြစ် ရပ်တည်နေခဲ့ပါတယ်။

ဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရဟာ ငါးနှစ်သက်တမ်းအတွင်း တိုင်းပြည်ရဲ့ဖွံ့ဖြိုး တိုးတက်မှုကိုဘာမှမည်မည်ရရ မလုပ်နိုင်တဲ့အတွက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အင်ပြည့်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များကို တောင်ပြိုကမ်းပြို အရှုံးပေးရပြီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖြစ်ပေါ်လာခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်ရဲ့ ပြည်ထောင်စုအစိုးရ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩ ဇာအရှိန်ဟာကြီးမားလို့ စင်ကာပူခေါင်းဆောင်များကပဲ အာဆီယံမှာ ဦးဆောင်မှု ပေးဖို့ ပြောဆိုလာတာတွေ ရှိပါတယ်။

အဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရလို့ လွှတ်တော်သုံးရပ်စလုံးမှာအနိုင်ရပြီး ပြည်ထောင်စုအစိုးရနဲ့အတူတိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ အစိုးရဖွဲ့စည်းနိုင်ခဲ့တာတော့ရှိပါတယ်။ ဒါပေမဲ့ အဲသည် အစိုးရအဖွဲ့မှာ ရွေးကောက်တင်မြှောက်စရာမလိုတဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး တပ်မတော်ကကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်တာဝန်သုံးရပ်ကိုဆုပ်ကိုင်ထားဆဲရှိပြီး အစိုးရအဖွဲ့အစည်းအားလုံးမှာလည်း နံပါတ်နှစ်နေရာမှာ တပ်ကပုဂ္ဂိုလ်တွေ အရယူထားတာကိုတွေ့ရပါတယ်။

ယခုအခါမှာ တော်လှန်ရေးကာလ ၇၅ ရာခိုင်နှုန်းအောင်မြင်ခဲ့ပြီး အစိုးရဖွဲ့စည်းနိုင်ပြီမို့ တည်ဆောက်ရေးတာဝန်တွေ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ တော်လှန် ရေးနဲ့ တည်ဆောက်ရေးနှစ်ရပ်ရဲ့ သဘောသဘာဝကမတူညီကြပါဘူး။ တော်လှန်ရေးဆိုတာ နိုင်ငံရေးစိတ်ဓာတ်ခိုင်မာပြီး တိုက်ပွဲဝင်ကြတဲ့ ရဲဘော်များ ရဲ့လုပ်ရပ်ဖြစ်ပါတယ်။ တည်ဆောက်ရေးကတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ စီမံကိန်းတွေ အများကြီးလိုအပ်တာတွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီ အစိုးရဟာ ပြည်သူအတွက် ရက် ၁၀ဝ စီမံကိန်းချမှတ်ပြီး လုပ်ဆောင်လာတာတွေ့ရပါတယ်။ လုပ်ဆောင်ရာမှာ ဦးဆောင်မှုသာပေးနိုင်ပြီး ယန္တရားအဟောင်းကြီးနဲ့လည်ပတ်နေရတဲ့ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါ တယ်။ လယ်သိမ်းယာသိမ်းတွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေ ပြန်လာရင်နေမှု ထိုင်မှု စားမှုသောက်မှုတွေကအစအခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရပါတယ်။ ယခင်အစိုးရရဲ့ နောက်ဆုံးခြောက်လ တစ်နှစ်မှာ အမြန်စီမံကိန်းတွေ ချမှတ်လုပ်ဆောင်ခဲ့တာတွေကို ရပ်တန့်ဖို့လုပ်ရာ မှာလည်း ပြဿနာတွေ အများကြီးရှိနေပါတယ်။ ဆောက်လုပ်ရေးစီမံကိန်း ၁၂ ခုကို စိစစ်ရာမှာစံချိန်မမီတဲ့အတွက် ရပ်ဆိုင်းဖို့လုပ်ဆောင်ကြရပါတယ်။ နောက်ထပ် စိစစ်ဖို့ ၂၀ဝ ကျော်ရှိသေးတယ်လို့ဆိုပါတယ်။ စံချိန်မမီလို့ရပ်ဆိုင်းလိုက်တဲ့အခါမှာလုပ်ငန်းရပ်ပြီး အလုပ်သမားတွေလည်း ရပ်နားသွားရပါတယ်။ အဲသည်စီမံ ကိန်းတွေဟာတိုက်ခန်းဝယ်သူကြိုပွိုင့်တွေရဲ့ ပိုက်ဆံနဲ့ ဘဏ်များကချေးယူထား တဲ့ငွေနဲ့လုပ်ထားတာဖြစ်ပါတယ်။ ကြိုပွိုင့်ဝယ်ယူထားသူများ အခန်းမရတဲ့ဆုံးရှုံးမှုရှိ နိုင်သလိုဘဏ်က ချေးငွေများကလည်း အတိုးကတော့ ပေးနေရမှာဖြစ်ပါတယ်။ ဒိုမီနိုသီအိုရီလို တစ်တုံးလဲရင် အကုန်လဲသွားနိုင်တယ်ဆိုတာလည်း တွက်ဆကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုပြိုလဲတဲ့စီးပွားရေးစီမံကိန်းတွေဟာ အခွင့်ထူးခံလူတန်း စားများနဲ့ ကိုယ်ကျိုးရှာအာဏာပိုင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာတွေက အများစုဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ဖို့ဆိုရင် ငြိမ်းချမ်းရေးကအရေးကြီးတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရကသတ်မှတ်ထားလို့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင် ကြဖို့လုပ်နေပါတယ်။ အမည် အားဖြင့် ၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်ဆိုထားပါတယ်။ အဲသည်ညီလာခံကို အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးထားတဲ့ အဖွဲ့များအပြင် လက်မှတ်မရေးထိုးရသေးသောအဖွဲ့တွေပါ ညှိနှိုင်းလုပ်ဆောင်တာတွေရှိနေပါတယ်။ ယနေ့ဆိုရင် ရန်ကုန်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များတွေ့ဆုံဖို့ ရှိနေပါတယ်။

တော်လှန်ရေးမှာ ပြည်သူလူထုရဲ့ ပါဝင်ပတ်သက်မှုအရေးပါခဲ့သလို တည်ဆောက်ရေးမှာလည်း အစိုးရ၊ ဝန်ထမ်းနဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင်လုပ်ဆောင်မှအောင်မြင်နိုင် မှာဖြစ်တယ်။

ပြည်သူ့အတွက် ရက် ၁၀ဝ ဟာ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်။ လုပ်နိုင်တာတချို့ ရှိခဲ့သလို မလုပ်နိုင်တာတချို့လည်း ရှိနေဆဲဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းဆိုတာ ရက် ၁၀ဝ နဲ့ ဥုံဖွမန်းသလိုဖြစ်လာမှာမဟုတ်ပါ။ တက်ညီလက်ညီ ဝိုင်းဝန်းကူပြီး လုပ်ဆောင်ကြမှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။

တော်လှန်ရေးမှာ ပြည်သူတစ်ရပ်လုံးပါဝင်ခဲ့ကြသလို တည်ဆောက်ရေးမှာလည်း ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ပါမှအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

တော်လှန်ရေး၊ တည်ဆောက်ရေး နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး

ကျော်ဟုန်း - ဆူရှီဓါးသွားအောက်မှာ

$
0
0


ကျော်ဟုန်း - ဆူရှီဓါးသွားအောက်မှာ
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆

(နိဒါန်း)

အိပ်မောကျကောင်းဆဲ
အာရုံလွန် မနက်ခင်းတိုင်း
မျက်နှာကို ဝါဆာဘီမှုန့် နဲ့ အပက်ခံရသလို နှိုး။

သွားတိုက် မျက်နှာသစ် ရေချိုး
အလင်းအလျဉ်နဲ့ ကမူးရှူးသိုး။

ဆီးသွားဖို့ အတွက်တောင် တန်းစီ
ကားပေါ် မြင်းခုန်သလို ပြေးတက် အပီ
ဆံငုတ်တိုကို လက်နဲ့ သပ်
အင်္ကျီကြယ်သီး မညီမညာတပ်
ထွက်တော်မူ သတ်ကွင်းဆီလာမယ် ဒရစပ်။

(စာကိုယ်)
Starbucks ကော်ဖီဆိုင်က
မျက်စောင်းထိုး လက်တကမ်းအကွာမှာ
ဟေ့... င့ါအတွက် ကော်ဖီတခွက်လို့ 
အော်မှာလို့  မရ
ယဉ်ကျေးမှုတိုင်းပြည်မှာ တန်းစီမှ။

ဆိုင် ရောက်ရောက်ချင်း
ညကျန် ဆူရှီဘူးတွေ ရှင်း
ရှိုးကေ့စ်ကို မြန်မြန်သုတ်
အအေးခန်းထဲ အပြေးဝင်
သခွါး ထောပတ်သီး မုန်လာနီ
ဆန် ဗန်နီကာ ဂျင်း စုံစုံလင်
ကြက်သား ငါးရှဉ့် သား နှမ်းထုပ်ငင်
ရေခဲမှုန့် တပုံးခပ် သော့သော့နှင်
မာရသွန်ခြေလှမ်းနဲ့  သယ်ရတယ်။

ဆူရှီထမင်း အမြန်ချက်
စပိုက်စီရိုးနဲ့  ဆနပ်ဖက်
လွယ်လွယ် ကာနီဖိုးနီးယားလိပ်တွေ
ဘူး ၂၀ စာ အသော့ထုတ်
ကတုန်ကယင်လက်နဲ့  ငိုက်မျက်လုံး
ပါစင်နယ်ဟိုက်ဂျင်း ခဏနေဦး။

မျက်လုံးကို ဒေါက်ထောက်ဖို့ 
လူရှင်းစဉ် ကော်ဖီဆိုင် တန်းစီ
ဆိုင်အပြင်မှာ ကော်ဖီမော့ရင်း
ကင်းဆိုဒ်စီးကရက် ရောရှိုက်ငင်
ဘိုးရင်းအင်ဂျင်နှုန်းလို စားသောက်
ဆူရှီသမားရဲ့ ဘဝမနက်ခင်းဟာ
ဖရိုဖရဲတွေကို ကြင်ဖော်လုပ်။

မနက်စာလား
နေ့ လည်ပြန် ၂ ချက်ထိုး
စားရကံ မကြုံ ရိုး
ဆီးဝိရိုး၊ ကရင်ချီရိုး
တူနာ၊ ဆယ်လ်မွန် အလှဆင်ဦး။

ထမင်းကျက်ပြီလား
ဗန်နီကာ သမထား
အအေးခန်းထဲ အပြေးလွှား
ချွေးပြန် မောလျသွား။

အမယ်စုံ ဘူး ၆၀
တထောက်နား စားသောက်မယ်
ထမင်းမရှိ ဟင်းမသိ
ဘေးနားက ဒေးလီးမှာ
ကြက်ကြော်ဝယ် ခေါက်ဆွဲမှာ
မြှုံးကာ မျှောချရ အခါခါ။

ညနေခင်း တကြော
ကသောကမျော ပြန်လိပ်
နောက်တနေ့ စာ ဆိုဒ်ဂျော့ပြင်
သခွားခြစ် မုန်လာခြစ်
ဂျင်းဖြည့်၊ နှမ်းဖြည့်၊ ငါးသားလွှာ
အိုးခွက်ဆေး ဆိုင်လှဲကျင်း အမှိုက်ပစ်
စက်ရုပ်တောင် မနိုင်ဝန်ထမ်းခိုင်းရင်
ငြင်းပိုင်ခွင့်ရှိပေမယ့်
င့ါမှာတော့ မငြင်းပယ်သာ။

ငါက ဆူရှီဆိုင်ဖွင့်ထားတယ်လေ
တပတ် ၆၀၀၀ ပေါက်တဲ့ဆိုင်ပေါ့
သူများမေးရင် ပါးစပ်အရသာခံရုံပြော
လုပ်ငန်းသဘောက ဆုံလည် နွားလို။

ဖရန်ချိုင်စီတဲ့ ...
ကိုယ့်ပိုက်ဆံနဲ့  ရင်း
ကိုယ့်လုပ်အားနဲ့  ခင်း
ကျွန်လုပ်ပေးရတဲ့ ဝဋ်
မထူးပါဘူး
ကိုယ့်ပါးစပ်နဲ့ မြက်ခြောက်စားရင်း
(ကုတ်)ဂုတ်ကောင်းတဲ့ ဆုံလည်နွားပမာ။

တကယ်တော့
၁ ပတ် ဒေါ်လာ ၆၀၀၀
၁ လ ဒေါ်လာ ၁၈၀၀၀ ကြီး
(အဟီးဟီး ဟီး)
ကုမ္ပဏီစာရွက်ပေါ်က ကိန်းဂဏန်း
ကိုယ်ပိုင်ရ ဝင်ငွေ မဟုတ်
ပုံသေ ဝင်ငွေ မဟုတ်
ကိန်းဂဏန်းအရ မှန်လည်း
၃ နဲ့ စားလိုက်
ကုမ္ပဏီအတွက်က တစ်ခုခွဲ
အလုပ်သမားကြေးက တစုကွဲ
ကျန် တစုပဲ့ပဲ့ကိုမှ ကိုယ့်အတွက်မှတ်
အဲ့ဒိ တစုပဲ့ထဲက
အိမ်ဖိုး ကားဖိုး စားသောက်ဖိုး
(နာမကျန်းဖိုး မပါ) နုတ်လိုက်
ညဘီယာဖိုးဟာ နပ်မမှန် ဟန်ကိုယ့်ဖို့ သာ။

ဒီကြားထဲ ကြောက်စရာ လူတွေစာရင်း
ဟဲသ် ဒပါမင့် ကိုယ်တော်ကို မျက်နှာချိုသွေးရ
ဒေးလီးဝန်ထမ်းနဲ့  ဘေကလီမယ်တော်များ
မတ်ကက်မန်နေဂျာဆီ ဂုံးလွှတ်မှာ ပူရ
ကုမ္ပဏီ မန်နေဂျာ၊ ကိုယ်စားလှယ်
ဝင်ဟောက် ဘဝင်နှောက်မှာ စိုးရ
ကုမ္ပဏီချင်းဘိလို့  ဆိုင်ပျောက်မှာ ပူရ
အချိုးမကျလှတဲ့ ဘဝ ဘဝ။

ဒီလိုနဲ့ ညနေ အိမ်ပြန်ရောက်
ဘီယာ(သို့ မဟုတ်)အရက်၊ စီးကရက်သောက်
သောက်တာပေါ့ကွဲ့  ဘာတဲ့
ဆူရှီသမားရဲ့ အပမ်းဖြေ ညခင်းဟာ
နွားချေးပိုးလို ဇိမ်ပမာ
ဘဝမှာ ဒါလေးမှ ဇိမ်မရစ်ရရင်
ဆူရှီဒါးနဲ့ ကိုယ့်ဖာသာကိုယ် ဆူဆိုက်လုပ်ချင်စရာ။

(နိဂုံး)

ဖက်ဆစ်နားနီး ဖက်ဆစ်
အရင်းရှင်နားနီး အရင်းရှင်
ဆူရှီနားနီး ဆူရှီ
ဆူရှီက ဖက်ဆစ်နဲ့ အရင်းရှင်
စပ်ထားတဲ့ ခေတ်သစ်တစ္ဆေပါ။

ကုမ္ပဏီ ငပါးက ဆူရှီဓါးနဲ့ 
ဖရန်ချိုင်စီကို အတုံးအတစ် လှီးတယ်
ဖရန်ချိုင်စီက ကိုယ့်အလုပ်သမားကို
ဆူရှီဓါးနဲ့  ပါးပါးလွှာတယ်။

နေမကောင်းဖြစ်တောင်
ဆေးသောက် အလုပ်ဆင်းပဲ
မတ်ကက်ကို
တရက်ပျက် တရာမပေးနိုင်လို့ 
ဆက်တိုက်မပျက်ရဲ ဆိုင်သိမ်းမခံနိုင်လို့ ။

စနေ၊ တနင်္ဂနွေ ၊ အခါရက်ကြီး
နေမကောင်းနဲ့  လူမှုရေး
အိပ်မက်တောင် မမက်နဲ့ ခေါက်ထား
ဘာမှ နားခွင့် မရှိ၊ မရှိ၊ မရှိ။

လူ့ အခွင့်အရေး၊ လုပ်သားအခွင့်အရေးများ
ကိုယ့်လောဘနဲ့ ကိုယ့်ရွေးချယ်မှုကြား
ကျက်တင်ခံလိုက်ရတာ
ဒီမိုကရေစီနိုင်ငံက ဆူရှီသမား။ ။

ကျော်ဟုန်း
၂၀၁၆၀၈၀၁။

အင်္ဂလိပ်စာ အညွှန်းများ
ဆူရှီ sushi
ဝဆာဘီ wasabi
ရှိုးကေ့စ် showcase
ဗန်နီကာ vinegar
စပိုက်ဆီရိုး spicy roll
ဆနပ်ပက် snack pack
ဆီးဝိရိုး seaweed roll
ကရင်ချိရိုး cream cheese roll
ဒေးလီ deli
ဖရန်ချိုက်စီ franchisee
ဟဲသ် ဒပါမင့် health department
ဘေကလီ bakery
မာကက် မန်နေဂျာ market manager
ဘိ beat
ဆူဆိုက် sucide
မာကက် market

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၄

$
0
0

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၄
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆


အီကို ကိုအောင်ရင့်ဆိုင်နှင့် သူငယ်ချင်းများ

မိန်းထဲတွင် အီကိုတွင်းလည်းအပေါင်းအသင်းများရှိလာသည်။ သူငယ်ချင်းများဟုဆိုရသော်လည်း ထိုသူတို့မှာ မိမိထက်အသက်လည်းကြီး ဝါလည်းကြီးသူများဖြစ်သည်။ မိမိက ပထမနှစ်ကျောင်း ရောက်စ ရှိသေးသော်လည်း အီကိုမှ မိတ်ဆွေများက တတိယနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသား များဖြစ်ကြရာ မိမိ၏စီနီယာများဟုဆိုရပါမည်။ မိမိထက်ကြီးသူများနှင့်သွားပေါင်း ပြီး စကားကြီး စကားကျယ်များပြောဆိုဆွေးနွေးငြင်းခုံခဲ့သည်ဟု ဆိုရမည်။

အီကိုတွင် မိမိတို့ထိုင်လေ့ရှိသောဆိုင်မှာ AE 10 လား AE 11 လား မသဲကွဲတော့သည့် စာသင်ဆောင် နားမှ ကိုအောင်ရင့်လက်ဖက်ရည်ဆိုင်ဖြစ်သည်။ လက်ဖက်ရည်သောက်ရင်း ဆွေးနွေးငြင်းခုံခဲ့ကြသည့် ဆိုင်လေးဖြစ်သည်။ ကျောင်းသာူများအပေါ်လည်း အနွံအတာခံ၍ ထိုင်ဖြစ်ခြင်းလည်းဖြစ်သည်။ နံမည်ကြီးဦးယမ်းဘီလူးအအေးဆိုင်ကတော့ မိမိတို့သိပ်မထိုင်ဖြစ်ကြ။ ထိုဆိုင်တွင် ကျောင်းသူများနှင့် စုံတွဲများထိုင်လေ့ရှိသည်။

မိမိသိသောအီကိုကျောင်းသားများထဲကအခြားသူများထက် ခေါင်းတလုံး ပိုမြင့်သူကား ကိုချစ်ဆောင်ဦး ဖြစ်သည်။ ပြည်အနီး ပေါက်ခေါင်းမြို့နယ်ထဲရှိ ချောင်းဂေါင်းရွာမှဖြစ်သည်။ ဗိုလ်နေဝင်းခေါ်သခင်ရှုမောင်နှင့် တရွာတည်းသားဖြစ်သည်။ ထိုချောင်းဂေါင်းရွာ အလယ်မှ ချောင်းတချောင်းဖြတ်စီးနေပြီး ရွာနှစ်ပိုင်းကွဲနေသကဲ့သို့ အယူအဆလည်းကွဲနေသည်။ ရွာတခြမ်းက မဆလအားလိုလားပြီး တခြမ်းက ကွန်မြူ နစ်လိုလားသည်။ ကိုချစ်ဆောင်ဦးကား ကွန်မြူ နစ် လိုလားသော ရွာအခြမ်းက ဖြစ်သည်။ နဝင်းချောင်းဖျားဒေသ CPB အာဏာနီ တည်ဆောက်ရာ ဒေသဖြစ်သည့် ပေါက်ခေါင်းနယ်တွင် CPB သြဇာအတော်အသင့်ရှိသည်ဟုဆိုရမည်။

ကိုချစ်ဆောင်ဦးကား အသားဖြူ ဖြူ ရုပ်ဆိုးဆိုးဟုဆိုရမည်။ သူ့မျက်နှာတွင် ပါးစပ်တခုလုံး ရှေ့ရောက် နေသည့် ထူးခြားချက်ရှိသည်။ သို့သော် အသားဖြူ သူဖြစ်၍ ဘာဝတ်ဝတ် အဆင်ပြေသည်။ ထိုစဉ်ကထဲက အရောင်အနုအရွများကို နှစ်သက်စွာ ဝတ်ဆင်လေ့ရှိသည်။ တိုက်ပုံအင်္ကျီလည်း ခုံမင်စွာ ဝတ်ဆင်လေ့ရှိသည်။ အရောင်နုလေးများ ကြိုက်တတ် ဝတ်ဆင်တတ်သူဟုဆိုရမည်။ ထို့ပြင် သေသေသပ်လည်း ဝတ်စားဆင်ယဉ်သူ ဖြစ်သည်။ သူ့အားမည်သည့်အခါ စုတ်တီးစုတ်ဖတ် ညစ်တီးညစ်ပတ်မတွေ့ရ။ အသန့်အပြန့်လည်းကြို က်ပုံရသည်။ သို့သော် သူ၏စိတ်ဓာတ်ကတော့ မနုရွချေ ။ မာကြော၍ အလွန်ပြင်းထန်သော စကားလုံးများ ရဲရဲတောက်စကားလုံးများ ဆိုလေ့ ရှိသူဖြစ်သည်။

ထိုစဉ်ကာလ ၁၉၇၄/၇၅ ကျောင်းသားလှုပ်ရှားမှု များတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းလည်း မပြတ်ပါဝင် နေ၍ ထောင်ထဲဝင်လိုက်ထွက်လိုက်နှင့် နှစ်ပေါင်းများစွာ အုတ်နံရံတွင် နေခဲ့ရသည်။ နောက်ဆုံးတခေါက်တော့ အတော်ကြာပုံရသည်။ သမ္မတဟောင်းဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့်မှ ပြန်လွတ်လာသည်ကို ကြားရသည်။  ခုတော့ ပြည်သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက် တွင် ပါဝင်လှုပ်ရှားနေသည်ဟု ကြားရသည်။ မိမိနှင့်မဆုံသည် ကတော့ နှစ် ၄၀ ခန့်ရှိပြီ။ သို့သော် အင်တာနက်လူမှုကွန်ယက်များတွင်တော့ သတင်များကြားရတွေ့နေရသည်။ ယခုအခါ အသက်က ၆၅ နှင့် ၇၀ တန်းလောက်ရောက်နေသော်လည်း အဝတ်အစားကတော့ အနုအရွလေးများနှစ်သက်စွာ ဝတ်ဆင်နေဆဲ။ သန့်ပြန့်နေဆဲ ။ အလားတူ လေသံကလည်း မာနေဆဲ ကျယ်လောင်နေဆဲ ရဲရဲတောက်နေဆဲ ။

နောက်တဦးကတော့ ကိုခင်မောင်လေးဖြစ်သည်။ အသားဖြူ ဖြူ ခပ်ဝဝဖိုင့်ဖိုင့်နှင့် မျက်နှာချိုသူ ဖြစ်သည်။ အဝတ်အစားဝတ်သည်ကို သိပ်အလေးမထားတတ်ချေ ။ တွန့်လိမ်နေသော သူဆံပင်ကို လည်း သိပ်ဖီးလေ့မရှိပေ။ သူကား မိတ္ထီလာချည်မျှင်နှင့်အထည်စက်ရုံ အလုပ်သမားမိသားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ မိတ္ထီချည်မျှင်နှင့် အထည်စက်ရုံက ထိုစဉ်က အစိုးရပိုင်ဖြစ်သည်။ ယခုတော့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံဖြစ်သွားပြီး တပ်ပိုင်ဖြစ်နေချေပြီ။ သူသည် လက်ခတ်နှင့်တီးရသော မြန်မာဂီတာ တီးခတ် ခြင်း မြန်မာသီချင်းများသီဆိုခြင်းများ ဝါသနာထုံသကဲ့သို့ ကဗျာရေးစပ်ခြင်းလည်း ဝါသနာထုံသည်။ ကဗျာရေးရာတွင် ဇော်မှိုင်းဆိုသည့် နံမည်နှင့် ရေးလေ့ ရှိသည်။

သူလည်း ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပျော်ရွှင်စွာ ပါဝင်လေ့ရှိသူဖြစ်သည်။ ထိုကာလလှုပ်ရှားမှုတခုက သူအိမ်ပြန်နေစဉ်ဖြစ်သွားပြီး လွဲချော်သွား၍ တက်တခေါက်ခေါက် ဖြစ်ခဲ့သူဖြစ်သည်။ ထောင် ဘယ်နှစ်ကြိမ်ကျခဲ့သည်လည်းတော့ မမှတ်မိ။ နောက်ဆုံးလွတ်လာသည်က ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ဖြစ်သည်။ နှစ်ရှည်ထောင်ကျနေ၍ သားတယောက်နှင့်ရုန်းကန်နေရသော ဇနီးဖြစ်သူက မကြည်ဖြူ ၍ အိမ်ထောင်ရေး
အဆင်မပြေဟု ကြားရသည်။ နောက်လေဖြတ်၍ ညီမအိမ်ရောက်သွားပြီး ကွယ်လွန်သွားသည်ဟု ကြားရသည်။ ပေးဆပ်သူတိုင်း ပြန်ရတတ်သည် မဟုတ်ပေ။

နောက်တဦးကား ကိုရဲထွဋ် ဖြစ်သည်။ ဆံပင်လှိုင်းတွန့်နှင့် နေကာ မျက်မှန်နှင့်စတိုင်ကျ ဂိုက်ကောင်း သူ ဖြစ်သည်။ စောစောပိုင်းကာလများက ဖမ်းဆီးခံရသည်ကို မကြားမိခဲ့ရပေ။ သို့သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ ပဲခူးတိုင်းမြို့နယ်တခုမှ NLD အမတ်အဖြစ် အရွေးခံရသည်။ ထိုကာလ NLD
အမတ်တို့ကံကြမ္မာအတိုင်း အဖမ်းခံရလိုက်သည်ဟု ကြားသိရသည်။ ထောင်ကလွတ်ပြီး နိုင်ငံရေး နယ်ပယ်မှ စွန့်ခွာသွားသည်။ ဆရာဝန်မတဦးနှင့်အိမ်ထောင်ကျပြီး အိမ်ထောင်ရေး စီးပွားရေး အဆင်ပြေပုံရသည်။

ကိုလေးဟုခေါ်ကြသော ကိုလှသိန်းလည်း ဤအီကို အပေါင်းအဖော်များတွင် ပါလေ့ရှိသည်။ သူကတော့ ကျောက်ဆည်မြို့နယ် တမန်တလင်းရွာမှ ဖြစ်သည်။ အနေအေးသည်။ စကားသိပ်များလေ့မရှိ။ တိတ်တိတ်ဆိတ်ဆိတ်နားထောင်လေ့ရှိသည်။ သူနဲ့အချိန်တချို့ ထပ်မံ တွေ့သေးသည်။ နောက်ပိုင်းတွင်ထပ်မံဖော်ပြပါမည်။

အီကိုမှ ပေါင်းသင်းဖြစ်သူ ခင်မင်ဖြစ်သူ နောက်တဦးကတော့ ကိုတင်မောင်သန်းဖြစ်သည်။ သူနဲ့ပတ်သက်၍ ၂၀၀၇ ခုနှစ်က နွယ်နီမဂ္ဂဇင်းတွင် ဝတ္ထုတပုဒ်ပင်ရေးသားခဲ့ဖူးသည်။ သူသည် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင့် သပ်သပ်ရပ်ရပ်ဝတ်စားတတ်သူ ဖြစ်သည်။ တိုက်ပုံအင်္ကျီ ကို ဝတ်သည်ထက် ညာဘက်ပုခုံးပေါ်လွှဲတင်ပြီး ညာဘက်လက်ဆွဲကိုင်ထားတတ်သည်။ လဘက်ရည်ဆိုင်ထိုင်၍ စကားပြောကြလျှင် သူစကားပြောမည်ဆိုလျှင် သူ့၏ခေါင်းရှေ့သို့ တိုးလာတတ်ပြီး ညာဘက်လက်ကိုမြှောက်၍ ရှေ့သို့ ဆန့်ထုတ်တတ်သည်။ သူလည်း စာဖတ်ဝါသနာ ထုံသူဖြစ်သကဲ့သို့ နိုင်ငံရေးတွင် တက်ကြွသူဖြစ်သည်။

သူ၏ဖခင်ဖြစ်သူက ဗိုလ်တင်ကွန့်ဖြစ်သည်။ ၁၉၄၈ ခုနှစ် CPB တောခိုစဉ် CPB ဗဟိုကော်မတီဝင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းကော်မတီ ဥက္ကဋ္ဌဖြစ်သည်။ နောက်ပိုင်း လက်နက်ချ သွားခဲ့သည်။ မိခင်ဖြစ်သူက ဒေါ်ကျင်သန်းဖြစ်သည်။ ဒေါ်ကျင်သန်းကလည်း မြစ်ဝကျွန်းပေါ်တိုင်း အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ အဖြစ် လည်း ၁၉၄၈ ဝန်းကျင်က ဆောင်ရွက်ခဲ့ဘူးသည်။ လေထီးဗိုလ်အုန်းမောင်ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်နှင့် ညီအမများဖြစ်ကြသည်။

မိမိနှင့် ကိုတင်မောင်သန်းနှင့်သိရှိခင်မင်ကြချိန်တွင် ကိုတင်မောင်သန်း၏မိဘနှစ်ပါးက လမ်းခွဲထားပြီး ဖြစ်သည်။ ကိုတင်မောင်သန်းက မိခင်ဖြစ်သူနှင့်အတူ တောင်ဥက္ကလာပတွင် နေသည်။ ထိုစဉ်က မိမိမကြာမကြာရောက်တတ်သည့် အိမ်ဖြစ်သည်။ စားအိမ်သောက်အိမ်ဟု ဆိုရမည်။ငယ်စဉ်ကတည်း က ငါးပိရည်မကြို က်သော မိမိသည် ကိုတင်မောင်သန်းမိခင်၏ လက်ရာငါးပိရည်ဖျော်ကို ခံတွင်း တွေ့သွားသည်။ ငါးပိရေကြိုကို မြေအိုးလေးနှင့်ကျိုသကဲ့သို့ ငါးရံ့ခပ်သေးသေး နှစ်ကောင်ခန့်ကိုလည်း မြေအိုးလေးနှင့်ပြု တ်၍အသားကိုနွှာပြီး ငါးပိရေကျိုထဲထည့်ပြီး ဖျော်ထည့်၍ ပိုအရသာရှိသည်လား မပြောတတ်ပေ။ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်းတို့ထောင်းထည့်ထားပြီး ငရုတ်သီးခြောက်ကိုလှော်၍ ထောင်းထည့်ထားသည့် ငါးပိရည်ခွက်သည် မွှေးပျံ့နေပြီး မစားမီကထဲက စားချင်စဖွယ်ဖြစ်နေပေ သည်။

မိမိနှင့်စကားစပ်မိပြီး မိမိပုသိမ်ဇာတိဖြစ်ကြောင်းပြောဖြစ်တော့ ကြီးကြီးဒေါ်ကျင်သန်းက မိမိတို့ အိမ်နေရာကိုသိသွားပြီး "ဟဲ့ အဲဒီအိမ်မှာ ငါတို့နေဖူးတယ်လေ အဲဒီအိမ်က သံချောင်းလား
သံလုံလား တယောက်တောထဲရောက်လာသေးတယ်လေ "ဟုမေးပြော ပြောသည်။
"တောထဲရောက်လာတာက သံချောင်းပါ ။ ကျနော့်အဖေပါ "ပါပြန်ဖြေခဲ့ရသည်။

၁၉၄၈ ခုနှစ် CPB တောခိုတော့ မြစ်ဝကျွန်းပေါ်တိုင်းက ဗိုလ်တင်ကွန့်တို့ ဗိုလ်အုန်းမောင်တို့ဦးစီးပြီး တောထဲရောက်သွားချိန် ဒေါ်ကျင်သန်း ဒေါ်မြင့်မြင် ညီအမများက တောမခိုသေး ပုသိမ်မြို့ပေါ်တွင် ကျန်နေခဲ့သည်။ ထိုစဉ်က သူတို့တွေ ပုသိမ်က မိမိတို့အဘိုးအိမ်၏ အဖီလေးတွင် ငှားနေကြပြီး နောက်မှ တောခိုသွားကြခြင်းဖြစ်သည်။ ထိုစဉ်က အိမ်ရှိ မိမိတို့ အဖေညီအကို ၃ ယောက်၏ ငယ်နံမည်များဖြစ်သော သံလုံး၊ သံချောင်း၊ သံခဲတို့ကိုမှတ်မိခဲ့ပုံရသည်။ ပို၍မှတ်မိသည်မှာ ထိုညီအကို ၃ ယောက်ထဲတယောက်ဖြစ်သော မိမိဖခင်က ၁၉၅၀ စွန်းစွန်းတွင် မြစ်ဝကျွန်းပေါ်တိုင်း တောတွင်းဌာနချုပ်သို့ ရောက်ရှိသွား၍ ဖြစ်ပုံရသည်။

ဒေါ်ကျင်သန်းကား သူ၏ညီအမဖြစ်သူ ဒေါ်မြင့်မြင့်နှင့်မတူ။ ဒေါ်မြင့်မြင့်က အေးဆေးစကားနည်း သော်လည်း သူမကတော့ ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းပြောတတ်သည်။ ၁၉၉၆ ခန့်က မိမိရန်ကုန်ပြန်ရောက်ပြီး တောင်ဥက္ကလာအိမ်သို့ရောက်သွားခဲ့ရာ ကိုတင်မောင်သန်းနှင့်တော့မတွေ့။ ကြီးကြီးဒေါ်ကျင်သန်းနှင့်တွေ့ရသည်။ အတော်အိုစာသွားသော်လည်း ယခင်ကဲ့သို့ အသံကမာဆဲ။ ဟောဟောဒိုင်းဒိုင်းပြောဆဲဖြစ်သည်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ တွေ့တွေ့ချင်းတော့ မိမိနှင့် မောင်မောင်ထွေးကို သိပ်မသဲကွဲ။ မတွေ့တာလည်း နှစ် ၂၀ ကျော်ခန့်ကြာသွား၍ ဖြစ်သည်။ နောက်တော့ မိမိအား မှတ်မိသွားသည်။ မှတ်မိသွားတော့လည်း သူမပြောချင်တာ ဒဲ့ပြောသည်ကိုကြားရပြန်သည်။

"ကဲပါကွယ် အေးအေးဆေးဆေးနေပါတော့ ။ သခင်သန်းထွန်းတို့လို လူတော်တွေလုပ်တာတောင် မရတာ မင်းတို့လုပ်ဘယ်ရမလဲ "ဟုဆိုသည်။ မိမိကတော့ ဘာမှပြန်မပြောခဲ့ပါ။ ပြုံး၍သာ နားထောင်ခဲ့သည်။

၂၀၀၀ စွန်းစွန်းတွင်ဆုံးရှာသည်ထင်သည်။ သူမ ဆုံးတော့ ကိုတင်မောင်သန်း
က ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း မိမိခရီးလွန်နေ၍ သူမ၏နောက်ဆုံးခရီးအား လိုက်မပို့ နိုင်ခဲ့ပါ။ ကျောင်းသားဘဝကတော့ ထိုအိမ်သည် မိမိတို့ စားအိမ်သောက်အိမ် ဆွေးနွေးငြင်းခုံခဲ့ကြရာ အိမ်ဖြစ်ခဲ့သည်။

အီကိုကဆရာများ
အီကိုကခင်မင်ခဲ့သူများတွင် ကျောင်းသားများသာမက ဆရာတယောက်လည်းပါသည်။ ထိုသူကတော့ အီကိုတွင် သရုပ်ပြဆရာလုပ်နေသောကိုကြီးမြင့်ဖြစ်သည်။ ကိုကြီးမြင့် ဖခင်က မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းစတင်အစပျိုးခဲ့ကြသည့် အာမခံဦးကိုကိုကြီးဖြစ်သည်။ ထိုစဉ်က အီကိုတွင်
လည်း ဧည့်ပါမောက္ခတာဝန် ယူနေသည်ထင်ပါသည်။ ဖခင်ဖြစ်သူ၏ရာထူးဂုဏ်သိမ်နှင့် အင်းယားကန်စပ်ရှိ ဘဏ်အရာရှိရိပ်သာဝင်းအတွင်းရှိ လုံးချင်းနှစ်ထပ်တိုက်နှင့်ကားနှင့် နေနိုင်သော ကိုကြီးမြင့်သည် အနေအထိုင် မဝင့်ဝါခဲ့။ ရိုးရိုးကုပ်ကုပ်သာ ဖြစ်သည်။ အသားခပ်လတ်လတ် ခပ်ပိန် ပိန် မျက်မှန်ထူထူနှင့် တိုက်ပုံအင်္ကျီ ဝါဖန့်ဖန့်လေးနှင့် ခပ်ကုပ်ကုပ်သာနေတတ်သည်။

ကိုကြီးမြင့်ကား အင်ယားကပ်စပ်က လုံချင်းနှစ်ထပ်တိုက်ကြီးတွင် နေထိုင်ပြီး ကားလ်မတ်၏ အရင်းကျမ်းကိုဖတ်ရှု နေသူဖြစ်သည်။ အင်္ဂလိပ်စာကောင်းသကဲ့သို့ သူ ဖတ်ထားသောစာများကို မြန်မာလိုလက်တန်း ခရားရေလွှတ် ရှင်းပြနိုင်သူဖြစ်သည်။ သာမန်အချိန်တွင် စကားသိပ်ပြောလေ့မရှိ ပြုံးပြုံးပြုံးပြုံးဖြင့် သူများပြောသည်ကိုသာ နားထောင်လေ့ရှိသော်လည်း အကြောင်းအရာတခု တင်ဆွေးနွေးလိုက်လျှင် ခရားရေလွှတ် တတွတ်တွတ်ဖြင့် ကျမ်းကိုးကျမ်းကားပြည့်စုံစွာဖြင့် ရှင်းပြနိုင်သူဖြစ်သည်။ သူသည် ကွယ်လွန်ချိန်ထိ မိမိ၏ရဲဘော်ရဲဘက်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါသည်။

ကြားဖြတ်ပြောရလျှင် အီကိုတွင် အချောအလှပေါသည်က ကျောင်းသူများသာမက ဆရာမ ငယ်ငယ် များလည်း ချောကြပါသည်။ သူတို့ မဟာဘွဲ့တက်နေရင်း ဂုဏ်ထူးတန်းတက်နေရင်း ကျူတာခေါ် သရုပ်ပြဆရာမဝင်လုပ်သူများက ငယ်ရွယ်သေးပြီး ကျောင်းသားများနှင့်အသက် သိပ်မကွာလှပါ။
ထိုစဉ်က မစန်းကျော်ဇောလည်း အီကိုတွင် ကျူတာအဖြစ်တွေ့ရသည်။ အသားဖြူ ဖြူအရပ်အမောင်း ကောင်းကောင်း ကျက်သရေရှိသည့်သူ ဖြစ်သည်။ ထိုစဉ်က သူမ အိမ်ထောင်ကျပြီထင်သည်။ သူမကား ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော( ရဲဘော်သုံးကျိပ်) ၏ သမီဖြစ်၍ ပို၍ လူသိများသည်။

မိမိသူငယ်ချင်းများ သဘောကျသည့် ဆရာမလေးကား အီကိုအင်္ဂလိပ်စာဌာနမှ ဖြစ်ပုံရသည်။ အရပ်ကတော့သိပ်မမြင့် ။ အသားဖြူ ဖြူ ပြည်ပြည့်ဖြိုးဖြိုး မျက်နှာဝိုင်းဝိုင်းနှင့် ဣနြေ္ဒရသူဖြစ်သည်။ ကရင်ဆရာမလေးဖြစ်ပုံရသည်။ သူမအတန်းချိန်ဆိုလျှင် မိမိတို့ သူငယ်ချင်းနှစ်ယောက် သွားတက် လေ့ရှိသည်။ ထိုစဉ်က မိမိနှင့်မဆိုင်သည့်အတန်းလည်းသွားတက်၍ရသည်။ အတန်း၏နောက်ဆုံး တန်းများတွင် ဝင်ထိုင်ပြီးတက်လေ့ရှိသည်။ ဆရာ ဆရာမများလည်း မောင်းထုတ်လေ့မရှိ။ ထို့ကြောင့်လည်း ထိုသူငယ်နှစ်ယောက်က ဆရာမလေးအတန်းချိန်အားမှတ်သားပြီး သွားတက်လေ့ ရှိသည်။

တရက်တော့ ဆရာမလေးစာသင်ချိန်တွင် heel ဆိုသည့် အင်္ဂလိပ်စာလုံးပါသွားသည်။ ဖိနောင့် ဖိနပ်အောက်ခံဒေါက်ဟု အဓိပ္ပာယ်ရသည်။ သကောင့်သားနှစ်ယောက်က ငြိမ်ငြိမ်မနေ။ What is heel ? heel ဆိုတာဘာလဲဟု ဆရာမလေးအား မေးခွန်းသည်။ ဆရာမလေးက ခပ်တည်တည်ပင် သူမ၏
ဒေါမြင့်ဖိနပ်အားချွတ်၍ အပေါ်သို့မြှောက်လိုက်သည်။ ထို့နောက် ဖိနပ်၏ဒေါက်အား လက်ညိုးထိုး၍ This is heel . ဒါ heel ပဲဟု ဆိုလိုက်ရာ ထိုနှစ်ယောက် လည်းမျက်နှာပိုးသတ်ငြိမ်နေခဲ့ရသည်။ ဆရာမလေး၏ အေးအေးဆေးဆေး ပညာပေးခြင်းအား ခံလိုက်ကြရသည်။

ပျော်ရွှင်လွမ်းမောစရာကောင်းသော ထို့နေ့ရက်များတွင် မိမိတို့ ဆေး ၂ မှ သူငယ်ချင်းများရော အီကို သူငယ်ချင်းများရော မိန်းထဲက သူငယ်ချင်းများ အများစုဆုံလေ့ရှိသော နေရာလေးကတော့ ဦးချစ်ဆိုင်တွင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )
photo credit Nae Myo Zaw

ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ

$
0
0


ခင်လေး ● ဉာဏ်ကူပစ္စည်းများနဲ့ ကလေးတွေ ဦးဆောင်တဲ့ တိုင်းပြည်ကို တည်ဆောက်ပါ
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆


စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းတွေဟာ ဘယ်လောက်အထိ အရေးပါသလဲ။ သင်ကြားသင်ယူမှုမှာ ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်လဲ။ ဒါတွေလုပ်နေတာဟာ စာသင်ရမယ့်အချိန်ကို ဖြုန်းတီးပစ်နေတာလား။ ဒါတွေလုပ်လို့ ကျောင်းသားတွေမှာ ဘယ်လောက်အထိ အကျိုးရှိနိုင်မှာလဲ။

ဒီအတွက်အဖြေက ရှင်းပါတယ်။ ကျောင်းသားဗဟိုပြု သင်ကြားမှုကို လက်တွေ့ဖော်ဆောင်မယ်ဆိုရင်တော့ စာသင်ခန်းသုံး သင်ထောက်ကူ ပစ္စည်းတွေဟာ ဘယ်လောက်ထိအရေးပါတယ်၊ ဘယ်လို ထောက်ပံ့မှုတွေပေးနိုင်တယ်၊ ဘယ်လောက်အထိ အကျိုးရှိနိုင်တယ်ဆိုတာကို သိကြမှာဖြစ်ပါတယ်။

အသံ၊ ရုပ်ပုံကားချပ်၊ လှုပ်ရှားမှု ရှပ်ရှင်၊ ဖန်တီးမှု လက်မှုပစ္စည်း အစရှိတဲ့ သင်ထောက်ကူ ပစ္စည်း စာသင်သား ကလေးငယ်များရဲ့ နားလည်မှုစွမ်းရည်ကို မြှင်တင်နိုင်စေရုံသာမက တွေးခေါ်မှုစွမ်းရည်၊ ကိုယ်ပိုင် တည်ဆောက် ဖန်တီးလိုစိတ်၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်တတ်မှု အစရှိတဲ့ ကာယ ဉာဏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပါတယ်။ ဓာတုဗေဒမှာ ဓာတ်ပြုမှု မြန်ဆန်စေဖို့ရာ ဓာတ်ကူပစ္စည်း Catalyst တွေ သုံးရသလိုပါပဲ။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အဖိုးထိုက်တန်တဲ့ လူသားအရင်းအမြစ် ရင်သွေး ရတနာအစစ် ကလေးငယ်တွေရဲ့ ဦးနှောက်ဉာဏ်လှိုင်းကို နှိုးဆွဖို့ရာမှာလည်း ဉာဏ်နှိုး ဉာဏ်ဆွ ဉာဏ်ကူပစ္စည်းတွေ လိုပါတယ်။

ဖွံ့ဖြိုးပြီးတိုင်းပြည်တွေမှာတော့ ကွန်ပျူတာ၊ ရုပ်မြင်သံကြား၊ ဒီဗီဒီ ဗီဒီယိုစက်တွေ၊ အရုပ်ထိုးပြနိုင်တဲ့ ပရိုဂျက်တာ၊ ကမ္ဘာနဲ့ ပြည်တွင်း မြေပုံ၊ ပစ္စည်းကိရိယာ အစရှိတဲ့ သင်ထောက်ကူပစ္စည်းဆိုတာမျိုးတွေဟာ ကျောက်သင်ပုန်း လိုပဲ အခြေခံ ပစ္စည်း ဖြစ်ပါတယ်။ ဒါတွေကို အခြေခံပြီး စာသင်သား ကလေးငယ်များ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ရတဲ့ သင်ကြားနည်းပုံစံတွေကို တည်ဆောက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေမှာလည်း ဒေသထွက်ပစ္စည်းများကို အသုံးပြုကာ ရိုးရှင်းပြီး လက်တွေ့ကျ၊ ပိုက်ဆံအကုန်အကျသက်သာတဲ့ သင်ထောက်ကူ ပစ္စည်းတွေ ဖန်တီးနိုင်ပါတယ်။

သင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီး သင်ကြားနေတဲ့ စာသင်ခန်းဟာ စိတ်လှုပ်ရှားဖွယ်ရာများ၊ အသစ်အဆန်းများ၊ စိတ်ကူးစိတ်သန်းများ အပြည့်နဲ့ အမြဲတမ်းဖြစ်နေတတ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များရဲ့ မေးခွန်းများ၊ ရှာဖွေ စူးစမ်းလိုစိတ်နဲ့ တကိုယ်ရေ ဖန်တီးခွင့်ကို အလေးထားတဲ့ အရည်အချင်းပြည့် ဆရာ၊ ဆရာမ များရဲ့ ကလေးတွေဦးဆောင်တဲ့ စာသင်ခန်းတွေဟာ တိုင်းပြည် အနာဂတ်ကို ရွှေသားအတိနဲ့ ပုံဖော်ထုဆစ်နိုင်စွမ်းပါတယ်။

မြန်မာပြည်က နိုင်ငံတကာကျောင်းတွေမှာရှိတဲ့ စာသင်ခန်းတွေရဲ့ သင်ကြားမှုပုံစံတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ သင်ထောက်ကူပစ္စည်းလို့ခေါ်တဲ့ Teaching Aids တွေရဲ့ သင်ကြားမှု၊ သင်ယူမှုအပိုင်းတွေမှာ အရေးပါမှုကို အထင်းသား တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျောင်းသားတွေ ကိုယ်တိုင်ကရော၊ သင်ကြားတဲ့ ဆရာတွေကပါ ဒီသင်ထောက်ကူပစ္စည်းတွေကို အသုံးပြုပြီးသင်ကြားရေးပိုင်းကို ထိရောက်အောင် လုပ်ဆောင် နေကြတာကြောင့်လည်း သူတို့ရဲ့စာသင်ခန်းတွေဟာအမြဲလိုလို လှုပ်ရှားသက်ဝင်နေတတ်ကြပါတယ်။ ပြဋ္ဌာန်းစာအုပ်ကို အထောက်အကူပြုပေးမယ့်၊ ပြဋ္ဌာန်းစာအုပ်မှာ ဖော်ပြထားတာတွေထက် ကျော်လွန်ပြီး သိလိုသူ လေ့လာလိုသူ ကျောင်းသားတွေအတွက် သက်ဆိုင်ရာ စာသင်ခန်းအသီးသီးမှာ Mini Library လို့ခေါ်တဲ့စာကြည့်တိုက်ငယ်တွေ ထားရှိတတ်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာရပ်အလိုက် သက်ဆိုင်ရာသင်ထောက်ကူပစ္စည်းတွေကို အတန်းပိုင်ဆရာတွေကိုယ်တိုင် ဖန်တီးရသလို၊ ကျောင်းသားတွေကို ဖန်တီးခိုင်းတာတွေလည်းရှိပါတယ်။

ကျွန်မကိုယ်တိုင် နိုင်ငံတကာကျောင်းတခုမှာ ဆရာမတယောက်အဖြစ်လုပ်ခဲ့တဲ့ အတွေ့အကြုံအရပြောရမယ်ဆိုရင် သင်္ချာသင်ခန်းစာမှာ စက္ကူလေးကိုခေါက်ပြီး မျက်လှည့်ပြသလို အမေးအဖြေလုပ်ကာ အလီတွေကို သင်ပေးတဲ့အခါမှာ သင်္ချာအလီတွေဟာ ကျက်စရာမလိုဘဲ ရသွားတတ်ကြတာပါ။ ကလေးတွေကို အလွတ်ကျက်ခိုင်းတာထက် သင်ထောက်ကူပစ္စည်းလေးတခုကို ကိုယ်တိုင်ဖန်တီးပြီး ကလေးတွေကိုလုပ်ပြ၊ ပြီးတော့ သူတို့ကိုယ်တိုင် အချင်းချင်း ဒီကစားစရာလေးနဲ့ အလီတွေကို ပြန်မေး ဒီလိုနဲ့ပဲသူတို့အချင်းချင်းကြားမှာ သင်္ချာအလီဟာ အပြန်အလှန် မေးမြန်းကစားကြရင်း ရသွားကြပါတယ်။

ပထ၀ီဝင်နဲ့ သမိုင်းလိုသင်ခန်းစာတွေမှာဆိုရင်လည်း ဒီလိုပါပဲ။ ကမ္ဘာ့တိုက်ကြီးတွေအကြောင်းကို သင်တဲ့အခါမှာ သူတို့ချစ်တဲ့ တိရိစ္ဆာန်လေးတွေ နေထိုင်ကျက်စားတဲ့ နေရာတွေဆိုတာကို အရုပ်တွေ၊ ပြေပုံတွေနဲ့ သေချာပြောပြတဲ့အခါမှာ ကလေးတွေက ပိုမှတ်မိတတ်ကြပါတယ်။ ကလေးတွေဟာသူတို့မမြင်ခဲ့ မတွေ့ခဲ့ကြဖူးတဲ့ အတိတ်သမိုင်းကြောင်းတွေ ကမ္ဘာဦးလူသားတွေအကြောင်းကို လေ့လာသင်ယူရတဲ့အခါမှာစိတ်ဝင်စားဖို့ အင်မတန်မှကိုခက်ခဲလှပါတယ်။ သင်ထောက်ကူပစ္စည်းတွေရဲ့ အကူအညီကိုယူပြီး သင်ပေးလို့သာ ကလေးတွေရဲ့ စိတ်ဝင်စားမှုကိုရအောင် ဆွဲဆောင်နိုင်ခဲ့တာပါ။

မှတ်မှတ်ရရပြောရမယ်ဆိုရင်တော့ လူမှုရေးဘာသာလို့ခေါ်တဲ့ ဘာသာရပ်အတွက် လက်တွေ့လုပ်ဆောင်မှုလေးပါပဲ။ အဲဒီတုန်းက ကလေးတွေကိုသူတို့ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်က ဘာလဲ ဒီအိမ်မွေးတိရစ္ဆာန်လေးကို မိဘတွေဆီက ပိုက်ဆံမတောင်းဘဲ ကိုယ်တိုင်ကြိုးစားဖန်တီးမှုနဲ့ ဘယ်လိုဝယ်နိုင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ သင်ခန်းစာလေးပါ။ ဒီလုပ်ဆောင်မှုမှာ ကလေးတွေဟာ သူတို့မှာရှိတဲ့ စက္ကူတွေ၊ ရောင်စုံခဲတံတွေနဲ့ အခြားသောစာရေးကိရိယာတွေကိုသုံးပြီး သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ ရောင်စုံပန်းပွင့်တွေ၊ ပန်းချီကားစတာတွေလုပ်ပြီးမုန့်စားဆင်းတဲ့အချိန် အခြားသောကျောင်းသားတွေကို ရောင်းချကြပါတယ်။ ပြန်လည်ရောင်းလို့ရလာတဲ့ ပိုက်ဆံလေးတွေကိုစုပြီး သူတို့လိုချင်တဲ့ Hamster လေးတကောင်ဝယ်ပြီးမွေးကြပါတယ်။

ဒီသင်ခန်းစာမှာကလေးတွေကိုလိုချင်တာရဖို့ ကိုယ့်အားကိုယ်ကိုးပြီး ဘယ်လိုလုပ်ရမယ်ဆိုတာကို ကိုယ်တိုင်စဉ်းစားခိုင်း၊ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်ခိုင်ခဲ့တာပါ။ ဒီလက်တွေ့လုပ်ဆောင်မှုမှာ ကလေးတွေကိုယ်တိုင်ဖန်တီးတဲ့ သင်ထောက်ကူပစ္စည်းနဲ့ လူမှုရေးသင်ခန်းစာတခုကို လက်တွေ့သင်ယူလိုက်တာပါ။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများနဲ့အတူ ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ ဆရာဗဟိုပြုသင်ကြားရေးကနေ ကျောင်းသားဗဟိုပြု ခေတ်သစ်သင်ကြားရေးစနစ်ကို တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်လာတဲ့ ကျွန်မတို့ နိုင်ငံရဲ့ ပြည်သူပိုင် အခြေခံပညာကျောင်းတွေမှာလည်း ပုဂ္ဂလိကပိုင် နိုင်ငံတကာကကျောင်းတွေလိုပဲ သင်ထောက်ကူပစ္စည်းတွေကို အလေးထားသုံးစွဲနေပြီဆိုတာကို ၀မ်းသာဖွယ်ရာ ကျွန်မတွေ့ရှိခဲ့ရပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း လသာမြို့နယ်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်တဲ့ သင်ထောက်ကူပြိုင်ပွဲမှာပဲဖြစ်ပါတယ်။



ဒီပြိုင်ပွဲမှာ ကျွန်မတွေ့ခဲ့ရတဲ့ ပြကွက်တွေထဲက စိတ်ဝင်စားစရာကောင်းတာတခုကတော့ အ.မ.က(၁) လသာက စတုတ္ထတန်း ကျောင်းသားလေး မောင်မင်းဟိန်းခန့်ရဲ့ ပြကွက်ပဲဖြစ်ပါတယ်။ သူ့မှာရှိတဲ့ ကိုယ်ပိုင် ကစားစရာတွေကိုသုံးပြီး ပထ၀ီသင်ခန်းစာထဲက ပို့ဆောင်ဆက်သွယ်ရေးဆိုတဲ့ သင်ခန်းစာအတွက် ပုံဖော်ထားတဲ့ သင်ထောက်ကူပစ္စည်းပြကွက်လေးပဲဖြစ်ပါတယ်။



မောင်မင်းဟိန်းခန့် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)

ကျောင်းသားလေး မောင်မင်းဟိန်းခန့်ဟာ သူကိုယ်တိုင် ကျောင်းတက် ကျောင်းဆင်းချိန်မှာ ကြုံတွေ့နေရတဲ့ လမ်းခရီးအခက်အခဲကို အခြေခံပြီး မြန်မာနိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအရေးကြီးပုံကို သူသင်ခဲ့ရတဲ့ သင်ခန်းစာနဲ့ နှိုင်းယှဉ်ပြီး ပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

နောက်တခုကတော့ အ.ထ.က(၂) လသာက ကျောင်းသူလေးနှစ်ဦးဖြစ်တဲ့ မဖူးမြတ်နေခြည်နဲ့ မညွှန်းဝတီလွင်မြင့်တို့ရဲ့ သင်ထောက်ကူပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ ကျောင်းသူလေးနှစ်ဦးဟာ သူတို့သင်ယူနေရတဲ့ သင်္ချာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်အတွက် သင်ထောက်ကူပစ္စည်းလေးတွေကို ကိုယ်တိုင်ဖန်တီးခဲ့ကြတာပါ။




ညွှန့်ဝတီလွင်မြင့် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)



မဖူးမြတ်နေခြည် (စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲဝင်)
"ကိုယ်တိုင် သင်ထောက်ကူပစ္စည်းလေးတွေကို ပြုလုပ်ရတော့ ပုံလေးတွေက သမီးတို့စိတ်ထဲမှာ စွဲနေပြီး စာကိုကျက်စရာမလိုဘဲ ရလာပါတယ်"လို့လည်း ကျောင်းသူလေး မဖူးမြတ်နေခြည်က သူ ဖန်တီးထားတဲ့ သင်ထောက်ကူပစ္စည်းလေးတွေကို ကြည့်ပြီးဂုဏ်ယူစွာ ပြောပြခဲ့ပါသေးတယ်။

ဒီကျောင်းသူလေး ပြောခဲ့တဲ့ စကားတွေက မှန်ပါတယ်။ အာဂုံဆောင် အလွတ်ကျက်ရတဲ့သင်ခန်းစာဆိုတာဟာ ကျောင်းသားကျောင်းသူတွေကို လက်တွေ့နဲ့ကင်းကွာစေတဲ့အတွက် ကျောင်းစာဆိုတာဟာ သူတို့အတွက် ၀န်ထုတ်ဝန်ပိုးကြီးတခုလို ဖြစ်စေမှာပါ။ အခုလိုကလေးငယ်တွေကို သူတို့သင်ကြားနေရတဲ့ သင်ခန်းစာတွေကို သင်ထောက်ကူပစ္စည်းတွေအဖြစ် လက်တွေ့လုပ်ဆောင်ခိုင်းတာဟာ ကလေးတွေကို သူတို့ရဲ့ ပတ်ဝန်းကျင်မှာရှိနေ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ သဘာဝကျကျထိတွေ့စေနိုင်တာ ဖြစ်တဲ့အတွက် စိတ်ကူးယဉ်ပြီးအလွတ်ကျက်နေရတာမျိုးမဖြစ်တော့ပဲ၊ သူတို့လေးတွေဟာသင်ယူမှုအပိုင်းမှာ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။

စောစောက ကျွန်မကိုယ်တိုင် လက်တွေ့သင်ကြားခဲ့ရတဲ့ နိုင်ငံတကာကျောင်းက ကျောင်းသားကျောင်းသူတွေလိုပါပဲ။ သူတို့လိုချင်တဲ့ အိမ်မွေးတိရစ္ဆာန်ကို မိဘကိုပူဆာနေဖို့မလို ကိုယ့်အားကိုယ်ကိုးပြီးရှာဖွေရင် ရနိုင်တယ်ဆိုတဲ့အသိရယ်၊ ကိုယ်တိုင်ဖန်တီးမှုမှရလာတဲ့ငွေကြေးကို တန်ဖိုးထားရမယ်ဆိုတဲ့အသိရယ်၊ စုပေါင်းလုပ်ဆောင်ခြင်းဟာလည်း အောင်မြင်မှုတခုဆိုတာတွေကို ငယ်စဉ်ကတည်းကလက်တွေသိမြင်စေတာဟာစာတွေကိုအလွတ်ကျက်မှတ်လိုက်လို့ ရလာတာတွေမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် လူမှုရေးသင်ခန်းစာတခုကို သင်ကြားခဲ့ပြီးသင်ထောက်ကူပစ္စည်းတွေနဲ့ လက်တွေ့အကောင်အထည်ဖော်ခြင်းကနေပဲရခဲ့တာဖြစ်ပါတယ်။

သင်ထောက်ကူ ပစ္စည်းအသုံးပြုတာဟာ စာသင်ချိန်ကိုဖြုန်းတီးတာမဟုတ်ပါဘူး။ သင်ထောက်ကူ ပစ္စည်းသုံးတာဟာ လူ့လောကမှာ လက်တွေ့အသုံးကျ အသုံးတည့်မယ့် ကျောင်းသားတွေကို မွေးထုတ်ပေးခြင်းသာဖြစ်ပါတယ်။ ကိုယ်ပိုင်အသိ ဉာဏ်နဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ လူငယ်တွေကို ပျိုးထောင်ပေးခြင်းသာဖြစ်ပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံမှာ လက်တွေ့နဲ့ မကင်းကွာတဲ့၊ လူ့လောကနဲ့ တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မယ့် အသုံးဝင် အသုံးကျတဲ့ တတ်သိပညာရှင်တွေပေါ်ပေါက်လာဖို့ဆိုတာက ကလေးတွေကို အလေးထား နေရာပေးတဲ့ ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်နဲ့ သင်ထောက်ကူပစ္စည်းတွေကို မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ကျောင်းတိုင်းကျောင်းတိုင်း လက်တွေ့အသုံးချကာ အမှန်တကယ်သင်ကြားကြဖို့ပဲ ဖြစ်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။

ခင်လေး
18-8-2016 (11:17AM)
ဓာတ်ပုံများ - ရန်ကုန်မြို့၊ လသာမြို့နယ်ရှိ ကျောင်းများက ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်ဖန်တီးမှု စာသင်ခန်း သင်ထောက်ကူပစ္စည်း ပြိုင်ပွဲ၊ (အ.ထ.က ၂ လသာ၊ ၁၆ သြဂုတ် ၂၀၁၆) / ဓာတ်ပုံ - ခင်လေး

မိုးမခ စာနယ်ဇင်းနှင့် နည်းပညာ စကားဝိုင်း သြဂုတ် ၂၆၊ သောကြာ၊ ဖန်တီးရာ

$
0
0



မိုးမခ စာနယ်ဇင်းနှင့် နည်းပညာ စကားဝိုင်း သြဂုတ် ၂၆၊ သောကြာ၊ ဖန်တီးရာ 
(မိုးမခ ဖတ်ကြားလွှာ)

မိုးမခ ရဲ့ လူထု အကျိုးပြု စကားဝိုင်း အစီအစဉ်များ လစဉ် စီစဉ် ဆောင်ရွက်နေရာ ယခု လအတွက် "အိုင်တီနည်းပညာအသုံးချ စာနယ်ဇင်းအတတ်ပညာ မိုးမခ စကားဝိုင်း "ခေါင်းစဉ်နဲ့ ကျင်းပ မှာ ဖြစ်ပါတယ်။ (၂၆ သြဂတ်စ် ၂၀၁၆ (သောကြာနေ့) @ ဖန်တီးရာ)

Journalism in the Digital Age (Use of IT, Data and Multimedia in Today’s Journalism) ဆိုပြီး စကားဝိုင်းမှာ ဆွေးနွေးမယ့် အကြောင်းအရာများကို အတိုချုံး အင်္ဂလိပ်လို ခေါင်းစဉ် ပြုထားပါတယ်။

မိုးမခ စာနယ်ဇင်း စကားဝိုင်း အဖွင့်မှာ မိုးမခ အယ်ဒီတာ တဦးဖြစ်သူ ဦးမြင့်ကျော် (စာနယ်ဇင်းပညာ လေ့ကျင့်သင်ကြားပေးနေသူ / မြန်မာမီဒီယာကောင်စီဝင်) က စာနယ်ဇင်းပညာ စကားဝိုင်း လိုအပ်ပုံအကြောင်းကို မိုးမခ ကိုယ်စားပြု ပြောကြားမှာ ဖြစ်ပါတယ်။

စာနယ်ဇင်းနဲ့ နည်းပညာ ဆက်စပ် မိုးမခ စကားဝိုင်း ပွဲကို စီစဉ်သူနဲ့ မေးခွန်းတွေ ဦးဆောင် မေးမြန်းမယ့်သူ Moedrator က တော့ မိုးမခ အယ်ဒီတာ တဦးဖြစ်တဲ့ ငြိမ်းချမ်းအေးပါ။ သူက IT & E-business မဟာ ပညာရပ်များကို လေ့လာသင်ယူခဲ့သူတဦးလည်း ဖြစ်ပါတယ်။

စကားဝိုင်းမှာ ဦးဆောင် ဆွေးနွေးမယ့် သူတွေထဲက တဦးကတော့

■ ဗီအိုအေ (Voice of America) မြန်မာပိုင်း သတင်းဌာနက အယ်ဒီတာ ကိုသားညွှန့်ဦး၊ သူက ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်က လူ့အခွင့်အရေးနဲ့ လူမှုဖွံ့ဖြိုးရေး မဟာဘွဲ့ရရှိခဲ့ပြီး သတင်း မီဒီယာ အလုပ် အတွေ့အကြုံများသူ တဦးဖြစ်ပါတယ်။ ကိုသားညွန့်ဦး က သူ့ရဲ့ လက်တွေ့ ဖြတ်သန်းခဲ့မှုများကို အခြေခံပြီး နည်းပညာနဲ့အတူ ပြောင်းလဲလာတဲ့ သတင်းတင်ဆက်မှု ပုံစံများကို ဆွေးနွေးမှာဖြစ်ပါတယ်။

■ နောက်တဦးကတော့ ၂၀၁၆ ခုနှစ် ပြည်သူ့အကျိုးပြု သတင်းဆောင်းပါး အဖြစ် ကမ္ဘာ့ အထင်ကရ ပူလစ်ဇာ ဆုကြီးကို အေပီ သတင်းဌာနက လုပ်ဖော်ကိုင်ဖက် သတင်းသမားများနဲ့အတူ ပူးတွဲ ရရှိခဲ့တဲ့ အေပီ သတင်းထောက် ကချင် အမျိုးသမီး အက်စတာထုဆန် ဖြစ်ပါတယ်။ သူက ခေတ်သစ် အိုင်တီ နည်းပညာများကို အသုံးချပြီး စုံစမ်း ထောက်လှမ်း တူးဖော် သတင်းရယူမှု Investigative Journalism ကို သူ့ရဲ့ သတင်းလိုက်ခဲ့တဲ့ ကိုယ်တွေ့ ဖြစ်ရပ်များနဲ့ ယှဉ် ဆွေးနွေးမှာ ဖြစ်ပါတယ်။

■ တတိယ တဦးကတော့ မိုးမခ နဲ့ အတူ ပူးပေါင်း ပါဝင်တဲ့ ဖန်တီးရာ မြန်မာ Innovation Lab & ICT Hum က Open Data Manager ကိုသက်အောင် ဖြစ်ပါတယ်။ သူက အချက်အလက် ကိန်းဂဏန်း အခြေပြု သတင်းအတတ်ပညာနဲ့ အများပြည်သူ အသုံးပြုနိုင်သည့် သတင်းအချက်အလက်များ ဆိုင်ရာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

စာနယ်ဇင်း မီဒီယာများ၊ သတင်းသမားအခြေပြု အဖွဲ့အစည်းများ ကိုလည်း ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။

စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက် ပါဝင် ဆွေးနွေးနိုင်ပါတယ်။

ပွဲမှာ မိုးမခ နဲ့ အတူ ဉာဏ်ကြီးရှင် (Genius) က လည်းပူးပေါင်းပြီး ကော်ဖီနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။

နေ့ရက် : ၂၆ သြဂတ်စ် ၂၀၁၆ (သောကြာနေ့)
အချိန် : ညနေ ၆ နာရီ - ၈ နာရီ
နေရာ : အမှတ် ၅၆၁၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ထောင့်၊ MAC Tower (၁၁) လွှာ၊ “ ဖန်တီးရာ” ခန်းမ၊ ရန်ကုန်။
ဝင်ကြေး : အခမဲ့
(ကြိုတင်စာရင်းသွင်းရန် မလို)

မျက်မှောက်ခေတ်တွင် တိုးတက်ဖြစ်ထွန်းလျက်ရှိသော သတင်း မီဒီယာ အွန်လိုင်း ကွန်ရက် ဆက်သွယ်ရေး နည်းပညာများနှင့်အတူ ပြောင်းလဲလာသော သတင်းတက်ဆက်ပုံများ၊ အိုင်တီနှင့် အွန်လိုင်းနည်းပညာ အသုံးပြု သတင်းစုံစမ်းဖော်ထုတ်ခြင်း ဆိုင်ရာများ၊ အများပြည်သူအသုံးပြုနိုင်သည့် သတင်းအချက်အလက်များ အစရှိသည့် စာနယ်ဇင်းနှင့် နည်းပညာ အကြောင်းအရာများကို အထက်ပါ ပုဂ္ဂိုလ်များက စကားဝိုင်းဖွဲ့ ဆွေးနွေးကြမည် ဖြစ်ပါသည်။ စာနယ်ဇင်းမီဒီယာ မိတ်ဆွေများနှင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း လေးစားစွာ ဖိတ်ကြားအသိပေးအပ်ပါသည်။


စီစဉ်သူ ငြိမ်းချမ်းအေး (မိုးမခ)
ဆက်သွန်ရန် - +၉၅ (၀) ၉ ၅၀၄ ၁၀ ၅၈
Email : nyeinchanaye81@gmail.com

Moemaka Media
Website: http://moemaka.com/
English Section: http://eng.moemaka.net/
Blog: http://blog.moemaka.com/
Facebook: https://web.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka


Email : editors@moemaka.net
Phone: +95 (0) 9 252 249 094 ; (0) 9 421 743 753 ; (0) 9 504 10 58 ; (0) 9 430 463 99 (Mandalay)

တူမောင်ညို - မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းဆိုင်ရာ စာချုပ်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်အသိပေးရေး

$
0
0


တူမောင်ညို - မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းဆိုင်ရာ စာချုပ်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်အသိပေးရေး
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၆


၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့၊ နေ့စွဲနဲ့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်” ဖွဲ့စည်းတဲ့ ၊ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၆) ထွက်လာပါတယ်။

အဲဒီနောက်ရက်ပိုင်းအတွင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်ခရီးစဉ် (သြဂုတ် ၁၇ မှ ၂၁ ထိ ) စတင်ပါတယ်။ မြစ်ဆုံ စီမံကိန်းကို အချိန်ဆွဲယူလိုက်တာလို့ ယူဆပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တရုတ်ပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ ဒေါ်စုဟာသူ့လက်ထဲမှာ“တရုတ်ဖဲချပ်”ကို အမေရိကန် မြင်အောင်ပြချင်တာလား သို့တည်းမဟုတ် သူ့လက်ထဲက “အမေရိကန်ဖဲချပ်” ကို တရုတ်မြင်အောင်ပြချင်တာလား။ တကယ်တော့ ဒီလိုမျိုးအနေအထားတွေကို ဦးနုတို့၊ ဗိုလ်နေဝင်းတို့ ပြခဲ့ကြဖူးတာပါပဲ။ သိပ်တော့မဆန်းကျယ်လှပါဘူး။ (မဆလ) အလံထောင်ထားတဲ့ ဗိုလ်နေဝင်းကို တရုတ်ကလည်းဆက်ဆံသလို၊ ကွန်မြူနစ်ဆန့်ကျင်ရေးတက်ကြွသူကိုအမေရိကန်ကလည်း နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာပါပဲ။

နှစ်နိုင်ငံပူးတွဲကြေညာချက်မှာပါတဲ့ တရုတ်ပြည်ရဲ့ “( the Belt and Road Initiative) တစ်ခုတည်းသောရပ်ဝန်း တစ်ခုတည်း သောလမ်းကြောင်းကိုကြိုဆိုကြောင်းနဲ့တရုတ်တစ်နိုင်ငံထဲမူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီးထိုင်ဝမ်၊တိဘက်နှင့်ရှင်းကျန်းဒေသအရေး ကိစ္စတို့နဲ့ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်အား နားလည်ကြောင်း” ဆိုတဲ့အချက်ကြည့်ပြီး အတိုင်ပင်ခံဟာ တရုတ်ဘက်ယိမ်း သွားပြီလို့သုံးသပ်ရင် လူရယ်စရာဖြစ်မှာပေါ့။ ဒီလိုသဘောထားတွေက ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ တရုတ်ပြည်သွားခဲ့တုန်းကလည်း “မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်”တို့ ဆိုတာတွေကို ဒီလိုပဲပြောရိုး ပြောစဉ်ပြောခဲ့ကြရတာပဲမဟုတ်ပါလား။တိဘက်ကိစ္စကတော့လူ့အခွင့်အရေးသမားတွေအတွက်တော့ဝေဖန်ချင်စရာအချက်အလက်တစ် ခု ဖြစ်ချင်ဖြစ် မှာပေါ့။

ဒါကြောင့် (မဆလ) ခေတ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာကို သိသော်လည်း အမေရိကန်အစိုးရတွေဟာ မျက်စေ့မှိတ်၊ ရေငုံနေခဲ့ကြပါတယ်။ “၁၉၈၈ ဒီမိုကရေစီရေးတော်ပုံကြီး” ဖြစ်လာတော့မှ အမေရိကန်အစိုးရတွေဟာ ဒီမိုကရေစီနဲ့လူ့ အခွင့်အရေးဗမာပြည်မှာ ချိုးဖောက်ခံနေရတယ်ဆိုတာ ဗြုံးစားကြီးသိသွားရသလိုလိုနဲ့ အသံကျယ်ကျယ်ဟစ်လာခဲ့ကြပါတယ်။

အဓိကတော့ မိမိပြည်တွင်းနိုင်ငံရေးကိစ္စတွေမှာ နိုင်ငံကြီးတွေ ပါဝင်စွက်ဖက်လာအောင် လက်ယပ်မခေါ်မိဖို့နဲ့ ကိုယ့်ပြည် တွင်းရေးပြဿနာကိုကိုယ့်အချင်းချင်းအကြားပြေလည်အောင် ညှိနှိုင်းဖြေရှင်းနိုင်ဖို့သာ ပဓာနပါ။ အရှေ့/အနောက်၊ ဝဲ/ယာဘယ်နိုင်ကြီး တွေရဲ့အကူအညီတွေမှာ မဆို သူတို့အကျိုးမရှိဘဲ အလကားမတ်တင်းကူညီရိုးထုံးစံ ဘယ်တုန်းကမှ မရှိပါဘူး။ အကျိုးလိုလို့ညောင်ရေ လောင်းတာချည်းပဲဖြစ်ပါတယ်။

“ကွမ်းလုံမှာတံတားထိုးပေးမယ်” ဆိုတဲ့အစီအစဉ်ဟာ ဗမာပြည်ထက် တရုတ်ပြည်အတွက်ပိုပြီး အကျိုးအမြတ်ဖြစ်ထွန်း မယ် ဆိုတာ လူတိုင်းတွက်ချက်နိုင်တဲ့ကိစ္စပါ။

“ဧရာဝတီမြစ်ဆုံစီမံကိန်း” ဟာ ရှေ့က အုပ်စိုးသူဟောင်းများ၊ အစိုးရဟောင်းများချန်ထားခဲ့တဲ့ အစုတ်ထုတ်မျိုးစုံထဲက အကဲဆတ်လှတဲ့ အထုတ်စုတ် တစ်ထုတ်ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စမှာ (NCA)စာချုပ်အခြေခံပေါ်ကနေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အုပ်စိုးသူဟောင်းရဲ့အမွေကို မငြင်းပယ် နိုင်ဘဲ လက်ခံပွေ့ပိုက်ထားရသလို “ ဧရာဝတီမြစ်ဆုံစီမံကိန်း” ကိုလည်း ဒီချုပ်ပါတီအစိုးရ ဆက်ခံထမ်းရွက်ရခြင်းဖြစ်ပါတယ်။

“ဧရာဝတီမြစ်ဆုံကိစ္စ” ကို “ နှစ်နိုင်ငံပူးတွဲကြေညာချက်” ထဲမှာလည်း နေရာပေးဖော်ပြထားတာမတွေ့ရသလို အကျယ်အပြန့် ဆွေးနွေးတယ်လို့လည်း မီဒီယာသတင်းတွေမှာ မတွေ့ရပါဘူး။ 

ဒါပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီးသုံးဦးဖြစ်တဲ့ ဦးသန့်ဇင်မောင်၊ ဦးဖေဇင်ထွန်းနဲ့ ဦးကျော်ဝင်း တို့ကိုတော့ တရုတ်ကုမ္မဏီတွေက ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ ဦးစီးတဲ့အဖွဲ့တွေက သီးခြားစီ လာရောက်တွေ့ဆုံခဲ့ကြ ပါတယ်။ အဲဒီလိုလာရောက်တွေ့ဆုံတဲ့ ကုမ္မဏီတွေထဲမှာ STATE GRID Corperation of China ၊ State Power Investment Corperation(SPIC)၊ China National Petroleum Corporation(CNPC)၊ China North Industries Corporation (NORINCO) တို့လိုကုမ္ပဏီကြီးတွေပါဝင်ပါတယ်။

ဝန်ကြီး ဦးသန့်ဇင်မောင်၊ ဦးဖေဇင်ထွန်း တို့ဟာ တရုတ်ခရီးစဉ်မတိုင်မီ ပူပူနွေးနွေးဖွဲ့စည်းလိုက်တဲ့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်” ထဲ က အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

တရုတ်ခရီးစဉ်မှာတော့ “ဧရာဝတီမြစ်ဆုံကိစ္စ” ကို အချိန်ကာလအတိုင်းအတာတစ်ခုအရ ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သော်လည်း ဧရာဝတီမြစ်ဆုံစီမံကိန်းအပါအဝင်၊ စီမံကိန်းဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး မပျက်မကွက်၊ မထိန်မချန်ထုတ်ဖော်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန်အသိပေးဖို့ ဒီချုပ်အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် အဲဒီစီမံကိန်းကိုအကြောင်းပြုပြီးချမ်းသာသွားတယ်လို့ နာမည် ဟိန်းနေတဲ့ ဗိုလ်တင်အောင်မြင့်ဦး (သူကဗိုလ်သန်းရွှေကို လည်း ခွဲပေးရသလိုလိုကြားရပါတယ်) တို့လိုလူတွေရဲ့ကိစ္စမျိုးတွေ လည်း ဖော်ထုတ်ဖွင့်ချဖို့လိုပါတယ်။ စားထားတဲ့ ငွေတွေပြန်ပေးခိုင်းတာမျိုးနဲ့ ၊ ဒီလိုအမှုတွေကို ဥပဒေအရထိထိရောက်ရောက် အရေးယူ တာတွေလုပ်ရပါမယ်။

ဒီလိုအသိပေးရာမှာ ပြည်သူလူထုရဲ့ ရေတို၊ ရေရှည်အကျိုးစီးပွား၊ ဧရာဝတီမြစ်အရှည်တည်တံ့ရေး၊ မြစ်ဆုံမ မြစ်ကျွန်းပေါ် အထိ ဖြစ်ပေါ်လာနိုင်တဲ့ အကျိးဆက်များ၊ သဘာဝပတ်ဝန်းကျင်မပျက်ပြားစေရေး တို့အတွက် ဦးချက်ထားလေ့လာစိစစ်ရာ မှာဖြစ်သလို ဒီစီမံကိန်းတွေအပေါ်ကနေ အကျိုးအမြတ်တွေကို ဘယ်သူတွေက ဘယ်လို ခိုးဝှက်ယူငင်သွားကြတယ်၊ ပမာဏအားဖြင့် ဘယ်လောက် အတိုင်းအတာရှိတယ် ဆိုတဲ့အချက်ကိုလည်း တိတိကျကျ ဖော်ထုတ်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ကိစ္စကိုလည်း မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

တိုင်းပြည်နဲ့လူထုနဲ့ချီတဲ့ ဒီလို ရာဇဝတ်ပြစ်မှုကြီးတွေကို “ ပြန်လည်သင့်မြတ်ရေးပဝါ” နဲ့ကူညီဖုံးကွယ်ပေးဖို့၊ “သဘောထား ကြီးပြဖို့”တော့ ဘယ်လိုမှ မသင့်တော်ပါဘူး။

ဒီလို စီမံကိန်းမျိုးစုံ အပေါ်ကနေ စစ်အုပ်စုနဲ့ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ တိုင်းပြည်နဲ့ ပြည်သူဘဏ္ဍာတွေကို ခိုးဝှက် လုယူသွားခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်လုယုနေဆဲဖြစ်ပါတယ်။

ဒီလိုခိုးဝှက်လုယူမှုကြောင့် စစ်အုပ်စုနဲ့ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ မကြုံဖူးမကြားဖူးလောက်တဲ့ ပမာဏနဲ့ ချမ်းသာတဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ၊ တိုင်းပြည်ရဲ့အသက်သွေးကြောသဖွယ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်လာပါတယ်။

အခြားတစ်ဖက်ဖြစ်တဲ့ တိုင်းပြည်နဲ့ပြည်သူများကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲပြာကျခဲ့ရပါတယ်။

ဒါဟာ ၁၉၆၂ ခုနှစ်ကနေ ယနေ့အထိ စစ်အုပ်စုအုပ်စိုးမှုကြောင့် ရရှိလာတဲ့ လားရာဘက်ခြင်းမတူညီတဲ့ အထင်ရှားဆုံး အထွက်ရလဒ်နှစ်ခုပါပဲ။ စစ်အုပ်စုရဲ့အုပ်စိုးမှုဟာ တိုင်းပြည်နဲ့ပြည်သူတွေ ဆင်းရဲမွဲပြာ ကျသထက် ကျစေပြီး၊ စစ်အုပ်စုကိုချမ်းသာသ ထက်ချမ်းသာကြွယ်ဝစေလာစေပါတယ်။

သစ်တော၊သတ္တု၊ရေနံသဘာဝဓါတ်ငွေ့ကျောက်မျက်ရတနာစတဲ့တိုင်းပြည်ရဲ့မြေပေါ်မြေအောက်သယံဇာတတွေကို ဘယ်သူ သေသေ ငတေမာပြီးရောဆိုတဲ့ တကိုယ်ကျိုးအတွက် ထင်သလိုမိုက်မိုက်ကန်းကန်း၊ တူး၊ ခုတ်၊ ထုတ်ဖော်ရောင်းစားခဲ့ကြတဲ့ အကျိုး ဆက်အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ပြားရပြီး ရေကြီးမှုရေလျှံမှုအန္တရာယ်တွေကို ပြည်သူတွေဟာ တနှစ်ထက်တနှစ် ဆိုးဆိုးဝါး ဝါး ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

ပြည်သူတွေ ဒီလို ကပ်ဘေးဒုက္ခသင့်တဲ့အခါမှာ ဒီလိုဝါးစား မျိုဆို့ထားတဲ့သူတွေက ဆင်ပါးစပ်နှမ်းပက်တဲ့ အကူအညီ လေးတွေကိုပေးပြီး သူတို့ကိုယ်သူတို့ ပရဟိတသမား၊ ကယ်တင်ရှင်ကြီးဂိုက်ဖမ်းနေတာတွေဟာ အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပါ တယ်။ တချို့ကလည်း နိုင်ငံတကာအင်န်ဂျီအို (INGOs) တွေဆီကနေ လက်ဖြန့်တောင်းခံထားတဲ့ ငွေတွေနဲ့ ပြည်တွင်းမှာ သူတို့ ကိုယ်သူတို့ တကယ့်စေတနာရှင် တကယ့်သဒ္ဓါရှင်ကြီးတွေဂိုက်ဖမ်းကြပါတယ်။ တကယ်တော့ ဒီငွေတွေကို ပြည်ပနိုင်ငံတွေက သူတို့ အကျိုးစီးပွားအတွက်မြော်မြင်ပြီး ထောင်မြင်ရာစွန့် ဆိုတဲ့သဘောနဲ့ပေးနေကမ်းနေတာပါ။ အလကားမေတ္တာရိပေးနေတာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ဘဝက ပြည်ပကယ်တင်ရှင်၊ ပြည်တွင်းကယ်တင်ရှင်၊ ကယ်တင်ရှင်ကြီးရော၊ ကယ်တင်ရှင်လတ်ရော၊ ကယ်တင်ရှင် ပိစိကွေးကိုရောမျှော်ကိုးနေရတဲ့အဖြစ်ပါ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတဲ့စကားလိုပါပဲ။ ပြည်သူတွေရဲ့ဒုက္ခပင်လယ်ဝေမှုဟာ သူတို့အဖို့တော့ ရတနာပုံဆိုက်တဲ့ကိန်းပါပဲ။

တကယ်တော့ပြည်သူတွေအခုလိုရင်ဆိုင်နေရတဲ့ ကပ်ဘေးဒုက္ခသင့်မှုမျိုးစုံဟာ စစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်ခရိုနီတစ်စုက ဒီလို ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ တကိုယ်ကျိုးကွက်ကွက်ကလေးသာကြည့်ပြီး မဆင်မခြင် မိုက်မိုက်မဲမဲ ခိုးဝှက်ခဲ့ကြတဲ့ ကိစ္စတွေ တိုက်ရိုက်အကျိုးဆက်ပဲဖြစ်ပါတယ်။ အခုတော့ ပြည်သူတွေမှာ သူတို့စနက်ကြောင့် ဒုက္ခပင်လယ်ဝေကြရပြီး၊ သူတို့ပေးတဲ့ မစို့မပို့ အကူ အညီဆိုတာကိုလက်ခံရပြီး သင်းတို့ကို ကျေးဇူးတင်နေရပြန်ပါတယ်။ ဘယ်လောက်နာကျည်းခံပြင်းစရာကောင်းပါသလဲ။

ဒါ့အပြင်ပိုဆိုးတာက ဒီလိုဗြောင်ခိုးဝှက်လုယူမှုတွေကို “၂၀၀၈အခြေခံ ဥပဒေအပါအဝင် အခြားသောတည်ဆဲဥပဒေ” ဆိုတာ တွေ နဲ့ အစီအစဉ်ရှိရှိ ကာကွယ်ထားပါတယ်။ ဒါတွေကြောင့် တိုင်းပြည်နဲ့ပြည်သူဟာ အဖက်ဖက်ကနစ်နာလှပါတယ်။

ဒါကြောင့် ဒီလိုစီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ဖို့လိုပါတယ်။ ဒီလိုသိရှိနားလည်းသဘောပေါက်အတွက် ပညာရပ်ဆိုင်ရာပညာရှင်များရဲ့ စူးစမ်းလေ့လာချက်များကို သိရှိဖို့လိုသလို ဘယ်သူတွေ ဘယ်လိုပါဝင်ပြီး ဘယ်အတိုင်းအတာအထိ ခိုးဝှက်သွားကြတဲ့ဆိုတဲ့အချက်ကိုလည်း သိဖို့လိုပါတယ်။ ဒီလိုသိရှိမှသာ ရှေ့မှာ ပြည်သူတွေ အနေနဲ့ ဒီလို ခိုးဝှက်မှုတွေကို ပြတ်ပြတ်သားသားတားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒီလို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်တင်ပြမှလည်း“လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်များ” ဆိုတဲ့ အချက်အမှတ် ၃ မှာဖော်ပြထားတဲ့ “ ဒေသခံ ပြည်သူများ နှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစားအလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်” ဆိုတဲ့အချက်ကို တကယ်တန်းသိရှိပြီးထည့်သွင်းစဉ်းစားနိုင်မှာဖြစ်ပါ တယ်။

လာဘ်ပေးလာဘ်ယူမှုဆိုတာ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုဆိုတဲ့ပင်စည်ကြီးကနေ ဖြာထွက်လာတဲ့အကိုင်းအခက်ကြီး တစ်ခု ဖြစ်ပါတယ်။ ကိုင်းဖျားကိုင်းနားလေးတွေဖြစ်တဲ့ အောက်ခြေဝန်ထမ်းအကောင်သေးလေးတွေကို ဖြတ်တောက်သုတ်သင်၊ ဖမ်းဆီးရုံ လောက်နဲ့လာဘ်ပေးလာဘ်ယူမှုကို မတိုက်ဖျက်နိုင်ပါဘူး။ ပင်စည်ပင်မဖြစ်တဲ့ အကောင်ကြီးတွေကို ဖြိုလှဲနိုင်မှဖြစ်မှပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကော်မရှင်ထဲမှာ ယခင်အစိုးရနဲ့ စစ်အုပ်စု သြဇာခံတွေပါဝင်နေတာကို ပြည်သူတွေက သတိပြုမိပါ တယ်။ မည်သို့ပင်ဖြစ်ပါစေ ဧရာဝတီမြစ်ဆုံစီမံကိန်းအပါအဝင်၊ စီမံကိန်းဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး မပျက်မကွက်၊ မထိန်မချန် ထုတ် ဖော်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန် အသိပေးဖို့ ကော်ရှင်မှာရော ဒီချုပ်ပါတီအစိုးရမှာပါ လေးနက်တဲ့တာဝန်ရှိပါတယ်။

ညွန်း

နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ (၅၈/၂၀၁၆ ) (၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)

“ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း”

ကြေးမုံသတင်းစာ (၁၈-၈-၂၀၁၆)

- ကြေးမုံသတင်းစာ (၁၉-၈-၂၀၁၆)

- မြန်မာ- တရုတ် ပူးတွဲကြေညာချက် - ကြေးမုံသတင်းစာ (၂၀-၈-၂၀၁၆)

မင်းညွှန့်လှိုင် ● ပို င် ဆို င် မှု စာ ရ င်း

$
0
0


မင်းညွှန့်လှိုင် ● ပို င် ဆို င် မှု စာ ရ င်း
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ပန်းထိုးစိုက်စရာ
ဘုရားစင်ပေါ်က
ရွှေရောင်လိုလိုကျည်ခွံတတောင့်။

ရေကိုပင်လျှင် စစ်မသောက်ချင်
ရိုးတွင်းခြင်ဆီအထိ
အစိမ်းပုပ်ရောင်တစစ်စစ်ကိုက်ခဲမှု။

ငါ့သားများကြီးလာရင်အစချီ
မီးခိုးတလူလူ
ပုတ္တောဝါဒ အသစ်တခု။

ဒီမိုသူရဲကောင်းထောပနာ
ခြေလျင်လက်ပွေ့စာအုပ်သည်
ခြေတုတပ်ထားတဲ့လင်ယောက်ျား။

ဂျာမန်ဘာသာ မတတ်ပါ
ဗားတော့ဘရက် မသိပါ
စစ်သားမိန်းမဘာတွေရသလဲ
မိခင်ဘာသာစကားနှင့်ဖြေဆိုရန်
တဘဝတန်မေးခွန်းတပုဒ်။ ။

မင်းညွန့်လှိုင်

ကာတွန်း ရွှေဗိုလ် ● ပင်လုံနီးမှ ပိုဆော်ကြသည်

$
0
0

ကာတွန်း ရွှေဗိုလ် ● ပင်လုံနီးမှ ပိုဆော်ကြသည်
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ

$
0
0

ကမ်လူဝေး ● ရုံထဲဝင်ပြီး ပြန်မထွက်ရ
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ငါတို့က
လူယုတ်မာတွေကို
တယောက်ပြီးတယောက်
မြင်လာတယ် သိလာတယ်
တွေ့လာတယ် ဒေါသတွေဖြစ်ရတယ်
နာကြင်ရတယ် အော်ဟစ်ဆဲဆိုမိတယ်။

သူကတော့
အခုထိမသိသေး
မသိတာလား မသိချင်ယောင်ဆောင်သလား
သဲသဲကွဲကွဲ မသိသေး
သူ့မှာခံနေရ အလူးအလဲ
အဲဒီကြားထဲက
မေတ္တာအကြောင်း
ခွင့်လွှတ်ခြင်းအကြောင်း
မေ့ပစ်လိုက်ဖို့အကြောင်း
အိပ်မက်တွေစွန့်လိုက်ဖို့အကြောင်း
တရားတွေဟောကောင်းတုန်း။

ဘာတတ်နိုင်မလဲ
ငါတို့တွေက
ပွဲမပြီးမချင်း ကြည့်နေရဦးမည့်
ရုပ်ရှင်ရုံထဲက လူတွေ
သူကလည်း
ဖလင်မကုန်မချင်း အမျိုးမျိုးတွေလုပ်ပြနေမယ့်
ရုပ်ရှင်ထဲကဇာတ်လိုက်။

ရုံပေါက်ဝမှာက
ဥပဒေ ရေးပြီးသား
ရုံထဲဝင်ပြီးပြန်မထွက်ရ။         ။
             
ကမ်လူဝေး

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ပထမပိုင်း)

$
0
0
မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ပထမပိုင်း)
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ဒီရက်ပိုင်းမှာ မိတ်ဆွေတယောက်က တောင်းဆိုလာခဲ့လို့ ပါရီမြို့ရဲ့ ဝမ်းဒေးတိုးလ်  တူးဒေးသရီးဒေး တိုးရ် ခရီးစဉ်တွေကို ရေးဖို့ ကြိုးစားမိပါတယ်။ ဒါပေမယ့် တပိုင်းတစနဲ့ တန်းလန်း ဖြစ်နေဆဲပါ။

West to East, View from Eiffel Second Floor (ဓါတ်ပုံ မရငတ)

အဲဒီလို ပါရီမြို့ရဲ့ တနေ့တာ ခရီးစဉ်လမ်းကြောင်းကို ရေးဆွဲကြည့်တော့ ပို့နေကြလမ်းကြောင်းတွေဖြစ်ပေမယ့်လည်း အစီ အစဉ်တွေကို ချရေးကြည့်တော့ တကယ်မလွယ်လှပါဘူး။ ဒီနေရာလေးချန်ခဲ့ မကောင်း ဟိုနေရာလေးချန်ခဲ့ မကောင်းနဲ့ ဝမ်း ဒေးတိုးရ်က နေ့ရော ညပါ မအိပ်မနား လည်ပတ်မှသာ ရမယ့်အနေအထား ဖြစ်နေတာမို့ပါ။ လာရောက်ကြသူတွေရဲ့ စိတ်နေစိတ်ထား သန်ရာသန်ရာ ဝါသနာတွေကို  မေးမြန်းပြီးတော့မှ သူတို့ သွားချင်ရာနဲ့ သင့်တော် မယ့်လမ်းကြောင်းတွေကို  စိတ်ကူး ဂျီပီအက်စ်ထဲမှာထည့်ခါ တွက်ချက်ပြီးမှ သွားခဲ့တာမျိုးက မောင်ရင်ငတေ့  တိုးရ်ခရီးစဉ် လမ်းကြောင်း ရေးဆွဲခြင်း ပညာရပ်ရဲ့ အနှစ်သာရလို့  ခေါ်ရမှာပါ၊ ကြီးကြီးကျယ်ကျယ်တော့ မထင်လိုက်ကြပါနဲ့၊

တခြားသော ပရောဖက်ရှင်နယ်ကြီးတွေကတော့ ဧဂျင့်ကြီးတွေဖွင့်လို့  အဲဒီ  ခရီးသွားလုပ်ငန်းတွေကို ဘယ်လိုပုံစံမျိုး ကိုင် တွယ်ထိမ်းကျောင်းကြလို့ ဘယ်လိုပုံနဲ့များ လက်ဖျားငွေသီးကြသလဲ ဆိုတာက  မောင်ရင်ငတေ မသိနားမလည်ပါဘူး၊ ဘာ တိုးရ်ရစ်ဇမ် ညာ တိုးရ်ရစ်ဇမ်း ကျောင်းဆင်းမဟုတ်ပါတဲ့ မောင်ရင်ငတေ့အတွက် စိတ်ကူးထဲမှာ ကလဖန်ထိုးလို့ လမ်း ကြောင်းဆွဲတတ်တာမျိုးသာ ရှိပါတယ်။ ဒါပေမယ့် တိုက်ဆိုင်လာလို့ ဒီတပတ်ထဲမှာ ပါရီမြို့ကိုရောက်ရှိလာကြလိမ့်မယ့် (ဒီ စာစု ရေးပြီးချိန်မှာတော့ ရောက်ပြီးနေကြပြီ ဖြစ်မှာပါ၊)

မိတ်ဆွေ နှစ်ဖွဲ့ကို လိုက်ပို့ပေးရမှာမို့ အဲဒီခရီးစဉ်တွေကိုသာ ပါရီ ဝမ်းဒေး  သို့မဟုတ် တူးဒေးတိုးရ်အဖြစ် ပုံဖော် ရေးသားပါမည် ဖြစ်ပါကြောင်း။

မိတ်ဆွေနှစ်ဖွဲ့ဆိုပေမယ့်လည်း ပထမတဖွဲ့က လူရွယ်လူလတ် တက်ကြွတဲ့  ခရီးသွား အတွေ့အကြုံရှိတဲ့ တကိုယ်တော်သမားပါ၊ ဒုတိယအဖွဲ့ကတော့   လူကိုးဦးပါ မိသားနှစ်စု စုပေါင်း လာကြမှာပါ။ ပုံစံ အနေထားချင်း လုံးဝ မတူညီတဲ့ ခရီးသွား နှစ်ဖွဲ့ကို ရာသီတူ ရက်ပိုင်းအတွင်းမှာ လိုက်ပို့ပေးရမှာပါ။ တကိုယ်တော်သမားက ဘယ်လောက်ထိ ရောက်အောင်သွားနိုင်ပါသလဲ။ ဘယ်လိုနေရာမျိုးတွေမှာ အချိန်ယူ အချိန်ဖြုန်းနိုင် ပါသလဲ၊ ကိုးဦးမှာ ဆယ်နှစ်အရွယ် ကလေးမသုံးဦးပါဝင်လာတဲ့ တောင် ပေ တိုင်းရင်းသားအဖွဲ့ကကော ဘယ်လောက် ခရီးတွင်အောင် သွားနိုင်ပါမလဲဆိုတာကတော့ မတူညီတဲ့ အဖြေတွေသာ ထွက်လာပါလိမ့်မယ်  ထင်ပါတယ်။ ထင်တဲ့အတိုင်းလဲ မှန်နိုင်ပါတယ်။


West to North, View from Eiffel Second Floor (ဓါတ်ပုံ မရငတ)

ပါရီမြို့ကြီးကလည်း နာမည်ကြီးလွန်း လှသလို လာလည်ကြ သူများကလည်း နေရာမျိုးစုံက လူမျိုးစုံ စရိုက်အစုံပါ။  အဲဒီလို များပြားစုံလင်လှပါတဲ့ နိုင်ငံတကာ ခရီးသွားကြသူများ  အလယ်မှာ နောက်ဆုံးပေါ်လို့ ဆိုရလေမလား မောင်ရင်ငတေ တို့ရဲ့  ရွှေအိုရောင် တိုင်းပြည်ကြီးထဲက လူမျိုးပေါင်းတရာနဲ့မှ တပါးကျော်လည်း  အင်တာနေရှင်နယ် ခရီးသွားကြသူများ ဖြစ်လာလို့ နေပါပြီ။


West to North-East, View from Eiffel Second Floor (ဓါတ်ပုံ မရငတ)

လွန်ခဲ့တဲ့ နှစ်တော်တော်များများကထဲက ပါရီမြို့ကို အလည်အပတ် ရောက်ရှိလာခဲ့ကြသူ ရွှေလူမျိုး တော်တော်များများကို
မောင်ရင်ငတေ အလွတ်သဘော လိုက်ပို့ပေးခဲ့ပါတယ်။

မောင်ရင်ငတေနဲ့ တိုက်ရိုက်သိသူက နည်းပါးလှပြီး လုံးဝမသိ မမြင်ဖူးဘူးတဲ့ လက်ဆင့်ကမ်းသိခဲ့တဲ့ ရွှေဗမာတွေကသာ များပါတယ်။ မောင်ရင်ငတေရဲ့ မွေးနာမည်က ကွယ်ပျောက်နေခဲ့တာ ကြာပါပြီ။ အဲတော့ ဖေ့စ်ဘုတ်ခ်မှာ လူဟောင်းများက မောင်ရင်ငတေ ကို အလွယ်တကူ ရှာမရနိုင်ပါဘူး။ ဇာတာတွေ ကိန်းခန်းတွေအရလည်း မောင်ရင်ငတေဆိုတဲ့ကောင်က လူသစ်များနဲ့ အကျိုးပေးကောင်းပုံရပါတယ်။ တွေ့လိုက်ရတဲ့ လူသစ် တပတ်တယောက်ဆိုသလိုပါ ခင်ဗျာ။

အဲဒီထဲမှာ တိုင်းရင်းသားမျိုးစုံ ကိုးကွယ်ရာမျိုးစုံ အာဏာ လက်ရှိ လက်မဲ့  လက်ဟောင်း နိုင်ငံဝန်ထမ်း အန်ဂျီအိုဝန်ထမ်း အိမ်ပြေး ပြည်ပြေး ဘုန်းကြီးကျောင်းသား တောခိုကျောင်းသား မြို့ခိုကျောင်းသား ဆေးကျောင်းသား နွားကျောင်းသား ကျေးတောသား  မြို့ကြီးသား ကျောင်းဆရာ ဆရာဝန် စစ်ဗိုလ် ပန်းချီ ပန်းပု  ကာတွန်း ကဗျာ စာရေးဆရာ ဂျာနယ်လစ် နိုင်ငံရေးသမား အရက်သမား  ဆေးသမား လောင်းကစားသမား နယ်စုံပယ်စုံ လိုင်းပေါင်းစုံ ဂိုဏ်းပေါင်းစုံက  ဆိုဒ်စုံ ဂိုက်စုံ  ပျိုပျိုအိုအို ကျားရော မ,ပါ အရွယ်စုံစုံ ပါဝင်ပါတယ်၊  ဘိုလို ရွှတ်ရှက်ဒွတ်ဒက်ကော ဗမာစာ ကမ္မဝါ ဖတ်သူများကောပေါ့။


West to North-East, View from Eiffel Second Floor (ဓါတ်ပုံ မရငတ)

ကဲ ကဲ Firstday in Paris Tour ပါရီ ပထမနေ့ ခရီးစဉ် စရေးပါပြီ၊ အဲသလိုနဲ့  တကိုယ်တော်သမား မန်းရွှေမြို့သူ အမျိုးသမီး ပျိုက ရောက်လာပါရော၊  သူက လန်ဒန်ကတဆင့် ရောက်ရှိလာတာဖြစ်လို့ ပါရီမြို့လယ်က ဘူတာကြီး ခွန်နှခုအနက် အကြီး ဆုံးတခု ဖြစ်ပါတဲ့ {Gare du Nord (Paris-Nord) လို့လည်း ရထားလက်မှတ်မှာ  အတိုကောက် ရေးတတ်ကြပါတယ်} ကို သွားကြို   ရပါတယ်၊  လန်ဒန်ကနေ ပါရီ ယူရိုစတားရထားက နှစ်နာရီခန့်သာ ကြာပါတယ်။


EuroStar Meeting Point at Gare du Nord (Paris Nord) (ဓါတ်ပုံ မရငတ)

ပါရီကို မနက်ကြီးကိုးနာရီမတ်တင်းမှာ ရထားဆိုက်ပါတယ်၊  ကွန်ပြူတာခေတ်ကြီးမှာ ဘယ်လောက် တိကျစွာ လုပ်ကျရပါ တယ် ဆိုပေမယ့်လည်း လေယာဉ်တွေ ရထားတွေရဲ့ အချိန်ဇယားတွေကတော့ စောတာထက် နောက်ကျနေတတ်တာက သဘာဝလောကကြီးရဲ့ အလိုအရ ထင်ပါရဲ့၊ တခါတခါမှာ ဗမာစာ တချို့မှာ ဖတ်ရတတ်တဲ့ အချိန်တိကျတဲ့ အနောက်တိုင်း လူဖြူတွေရဲ့ အကျင့် ဆိုတာကြီးက မောင်ရင်ငတေ တယောက်တည်း ကြိတ်လို့သာ ရယ်တတ်နေခဲ့တာ ကြာခဲ့ပါပြီ၊ ပါရီရဲ့ EuroStar ယူရိုစတား ဘူတာရုံက Paris-Nord လို့ ဆိုခဲ့တဲ့အတိုင်း ဘူတာက ပါရီမြို့လယ်ရဲ့ မြောက်ပိုင်းခပ်ကျကျ အရပ်မှာ တည်ရှိပါတယ်၊

မောင်ရင်ငတေတို့ နေထိုင်တဲ့အရပ်က ပါရီမြို့စွန်ရဲ့ တောင်ပိုင်း ခပ်ကျကျမှာ တည်ရှိတာမို့ ရထားမဆိုက်ခင်အရောက် ဘူတာသွားကြိုဖို့ မနက်အိပ်ယာ ခွန်နှနာရီထ ရှစ်နာရီ အိမ်က ထွက်မှသာ လာလည်သူ မရောက်ခင် ကြိုဆိုသူ ဘူတာ ရောက်နေမှာ ဖြစ်ပါတယ်၊ ဒါတောင် သွားအကြိုလမ်းမှာ မေထရိုတွေ ပြဿနာဖြစ်လို့ဆိုပြီး အသည်းအသန် ဂဲမှန် ပြေးခဲ့ရတဲ့ အကြိမ်ပေါင်းက များလှပါပြီ၊သွားကြိုဖို့ တနာရီစော အိမ်ကထွက်လာတဲ့ မောင်ရင်ငတေ ဘူတာရောက်တော့ ရထားဆိုက် တာနဲ့ ကွက်တိလောက်ပါ၊ နှစ်ညလောက်သာအိပ်မယ့် ခရီးကိုလာရင် ကျောပိုးအိတ်တလုံးလောက်နဲ့သာ လာတာက ပိုသင့် တော်ပါတယ်၊

မန်းရွှေမြို့သူ ခရီးစဉ်က မနက် ကိုးနာရီရောက် နှစ်ညအိပ်ပြီးတော့   နောက်တနေ့ ညနေမှ ပြန်မှာဆိုတော့ လည်ပတ်ချိန်က ပထမနေ့ နေ့တပိုင်း ဒုတိယနေ့ တနေကုန် ပြန်မယ့်နေ့ နေ့တဝက်မျှ အချိန်ရပါတယ်၊ ဘူတာ ကိုးနာရီရောက်ပေမယ့် ဟော် တယ်ကို ဝင်ချိန်က (Check-In)  က နေ့လယ်နှစ်နာရီဆိုတော့ အချိန်တော်တော်လေး ဟနေပါတယ်။ တညလုံး ခရီး ပမ်း လာသူမျိုးဆိုရင် အခက်တွေ့တတ်ပါတယ်၊  ဘူတာက ပါရီ အမှတ် (၇) ရပ်ကွက်မှာရှိတဲ့ ဟော်တယ်ကို လေးဆယ့် ငါးမိ နစ်ကြာ မြေအောက်မေထရို ရထားနှစ်ဆင့် စီးရမှာပါ။

ဟော်တယ်ရောက်ရှိတော့ ဆယ်နာရီ ထိုးပါပြီ၊ နေ့လယ်မှ ဝင်ရမှာမို့ ကောင်တာမှာ စကားပြော အိပ်တွေဘာတွေအပ် ခဏ ထိုင် အပြင်ပြန်ထွက်လာတော့ ဆယ့်တနာရီပါ၊ ဒီနေရာမှာ ပြောဖို့ကျန်ခဲ့တာက ရထားလက်မှတ်ပါ၊ ပုံမှန်အနေနဲ့ဆိုရင် တနေ့စီး လက်မှတ် (၂၄ နာရီ လက်မှတ် ပါရီမှာ မရှိပါ၊) ခွန်နှယူရိုကျော် ပေးဝယ်တာ အကောင်းဆုံးပါ။ ပါရီ ဇုံတစ်နဲ့နှစ်အတွင်း မြေအောက်မြေပေါ် ဘတ်စ်ကား ရထား အကုန်စီးလို့ ရပါတယ်။ တခါစီး လက်မှတ်တစောင် တန်ဖိုးက တယူရို ပြားကိုးဆယ် ပါ၊ ဆယ်စောင်တွဲဝယ်ရင်တော့ ဆယ့်လေးယူရိုခွဲလောက် ရှိပါတယ်၊ လက်မှတ်ဈေးက တနှစ်တခါ ဈေးတက်တတ်ပါတယ်။


ဈေးကြီးတဲ့ ဟော်တယ်ရပ်ကွက် (ဓါတ်ပုံ မရငတ)

တည်းခိုဖို့ကတော့ လာလည်သူ မန်းရွှေမြို့သူက သူ့ရဲ့ စိတ်ကြိုက်ရွေးထားခဲ့တဲ့ ဟော်တယ်တခုပါ၊  ဟော်တယ် ရွေးချယ်ငှား ရမ်းမှုကိုတော့ အကြံပေးရုံမျှ  နေရာရှာပေးရုံမျှသာ မောင်ရင်ငတေ လုပ်ချင်ပါတယ်၊ ပါရီမြို့တော် ဟော်တယ်ဈေးတွေက အတော်ကြီးတယ် ပြောရမှာပါ၊ တော်ရိလျော်ရိ အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဘာမှမပါတာတောင်မှ ယူရိုလေးငါးဆယ် ပေါက်ဈေးရှိပါတယ်၊  အဲယားကွန်းမရှိ ဓါတ်လှေကားမပါ အခန်းကျဉ်းထဲ နှစ်ယောက်အိပ် ကုတင်တလုံး စာပွဲတလုံး ခုံတလုံး တီဗွီစက် မည်းမည်းတလုံး သို့တည်းမဟုတ် အခန်းလေး  တခန်းထဲမှာ နှစ်ထပ်ကုတင် လေးငါးခြောက်လုံးထား ကျားကျားမမ ပေါင်းအိပ်ကြ  အဲဒီလို ဟော်တယ်မျိုးတွေကသာ များလှပါတယ်၊ အဲဒါကြောင့် ဒီခေတ်  အွန်လိုင်းခေတ်ကြီးမှာ တည်းခိုသူ အကြိုက် ရွေးချယ်တာက အကောင်းဆုံးပါ။


ယူရို တရာ့ငါးဆယ် နှစ်ရာပေး ကြည့်မှ မြင်တွေ့ရမယ့် အီဖယ် (ဓါတ်ပုံ မရငတ)

မန်းရွှေမြို့သူက အီဖယ်မျှော်စင်ရဲ့ နေ့နေ့ညညအလှကို ခံစားချင်တယ်ဆိုပြီး မျှော်စင်ကို လှမ်းမြင်ရပါတဲ့ နေရာကို ရွေးချယ် ငှားခဲ့တာမို့ ဈေးနည်းနည်းကြီးတဲ့ ဟော်တယ်ပါ၊  ရပ်ကွက်သန့် လမ်းသန့်တဲ့ စားသောက်ဆိုင်တွေက သန့်တဲ့ နေရာပါ၊ ကော်ဖီလေး တခွက် လေးငါးယူရို ဘီယာတခွက် ကိုးယူရို ဆယ်ယူရို ပေးရတဲ့ နေရာတွေပါ၊ ဟော်တယ်တွေ ဘယ်ဟော်တယ် မျိုးမဆို အွန်လိုင်း ရီဆာဗေးရှင်းလုပ်ရင် ရပါတယ်၊ လွယ်ပါတယ်၊ အဲဒီလို ဟော်တယ်က သရီးစတားဆိုပေမယ့် နေရာကောင်း ဗျူးကောင်းဆိုတော့ ဈေးက မြောက်ပါတယ်၊ အဲဒီ အခန်းမျိုး လိုချင်ရင်တော့ဟော်တယ်ကို တိုက်ရိုက် ဖုန်းဆက်မေးပြီး ပြောနိုင် ဆိုနိုင်မှ သေချာပါမယ်။

အီဖယ်မြက်ခင်းပြင်ကို ငါးမိနစ်လမ်းလျှောက် ရောက်တဲ့နေရာမျိုးပါ၊ လိပ်စာလေး လိုချင်သပဆိုရင်တော့ မောင်ရင်ငတေ ရှာဖွေပေးနိုင်ပါတယ်၊ တခြားသောဟော်တယ်တွေမှာလည်း ဒီလို အခန်းမျိုးတွေ ရှိမှာပါ၊ ဒီလိုနေရာမျိုး တခါဖူးမျှ ကိုယ်တိုင် မတည်းဘူး မခိုဖူးဘူး ဆိုတော့ သေချာတော့ မောင်ရင်ငတေ မသိပါဘူး၊

ဟော်တယ်က ဆယ့်တနာရီထွက်လာတော့ လှမ်းမြင်နေရတဲ့ အီဖယ်မျှော်စင်ရှိရာကို  လမ်းလျှောက်ပါတယ်၊ ဘတ်စ်ကား စောင့်စီးတာထက် လမ်းလျှောက်တာက ပါရီမြို့အတွင်းမှာ  ပိုမြန်တတ်ပါတယ်၊ ပါရီရဲ့ သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတဲ့ ရိပ် သာလမ်းမကြီးတွေအလှကို  ခံစားရင်း မိမိကိုယ်ကိုလည်း ဆယ်လ်ဖီလေးဆွဲ ဓါတ်ပုံလေးရိုက် မှတ်တမ်းတင်ရင်းနဲ့ပေါ့၊


အီဖယ်ပေါ်မှ မြင်ရမယ့် Champ de Mars (ဓါတ်ပုံ မရငတ)

Champ de Mars အီဖယ် မြက်ခင်းပြင်ကြီး ရှိရာသို့ ငါးမိနစ်မျှသာ လမ်းလျှောက် ရပါတယ်၊ လူဝီတို့ နပိုလီယံတို့ စစ်ရေးပြခဲ့ရာ ကွင်းပြင်ကြီးပေါ့၊ အဲဒီ မြက်ခင်းပြင်ကြီးကနေ အီဖယ်ကို နောက်ခံထားလို့ မှတ်တမ်းတင်ဖို့ ကောင်းတဲ့ နေရာပါ၊ တကီလိုမီတာ ရှည်တဲ့ မြက်ခင်းပြင်ကြီး အတိုင်း လမ်းလျှောက် ရတာကိုက ၁၅ မိနစ်မျှ ကြာပါတယ်၊ အကယ်၍ အီဖယ်မျှော်စင်ကို တက်ချင် တယ်ဆိုရင် ခန့်မှန်းချိန် သုံးနာရီမျှ ကြာနိုင်ပါတယ်၊ လူအုပ်စုများ မှတ်တမ်းတင်အား ကောင်းတာနဲ့အမျှ အချိန်ပိုပေးရမှာက အသေအချာပါ။

ဒီလို လာလည်တဲ့သူတွေကို အီဖယ်တက်တာတို့ ပြတိုက်ထဲ ဝင်ကြည့်တာမျိုး တို့ကို နောက်တနေ့မှ မနက်စောစောပိုင်းမှာ သီးသန့် သူတို့ဘာသာ တက်စေ ပါတယ်၊ အများအားဖြင့်တော့ ပထမဦးနေ့မှာ မောင်ရင်ငတေက ရထား စီးတတ်ဖို့နဲ့သွားတတ် လာတတ်ဖို့ ကိုသာ ပြသပေးတာပါ၊ အီဖယ်ထိပ်မတက်ပါဘဲအောက်မှာသာ လမ်းလျှောက် ဓါတ်ပုံရိုက်ရင် တနာရီမျှ ကြာတတ်ပါတယ်။

အီဖယ်ကို လာလို့ရတဲ့ ဘူတာလမ်းကြောင်းက လေးနေရာလောက် ရှိတာမို့ တနေရာနဲ့ တနေရာက မြင်တွေ့ရတဲ့ အီဖယ် အလှ ရှုခင်းက မတူနိုင်ပါဘူး၊ ကြာမြင့်ချိန်လည်း မတူနိုင်ပါဘူး၊ မြက်ခင်းပြင်က တပြေးညီ မြင်တွေ့ရတဲ့ အီဖယ်အလှ၊ Trocadéro ထရိုကာဒေရို ဘူတာကဆိုရင် အပေါ်စီး မြင်တွေ့ ရတဲ့ အီဖယ်အလှ၊ Pont de Bir-Hakeim သို့မဟုတ် Pont de Passy တံတားဘက်က စဲန်းမြစ်ရိုးနဲ့ အနားသတ်နဲ့ အီဖယ်အလှ၊ ဘယ်လိုမှမတူညီနိုင်ပါဘူး၊ အချိန်ပေးနိုင်မှသာလေး ဘက်လေးတန်က အီဖယ်ရဲ့ အလှကို မြင်တွေ့ရမှာပါ။


 
Champ de Mars (ဓါတ်ပုံ မရငတ)

အဲဒီမြက်ခင်းကျယ်ကြီးက ပြီးခဲ့တဲ့ ဥရောပဖလားယူရို ၂၀၁၆ ဘောလုံးပွဲလို ပွဲကြီးကြီးတွေရှိတဲ့အခါ မျိုးမှာ ပိတ်ကားကြီး တွေထောင်လို့ ပရိတ်သတ် ကိုးသောင်းလောက် စုရုံးရောက်ရှိ ပျော်ကြပါးကြရာ နေရာဖြစ်သလို ဒီကနေ့လိုမျိုး နွေရာသီမှာ လည်း ဝိုင်းဖွဲ့သောက်ကြစားကြရာ ခေတ္တအပန်းဖြေစရာ မြက်ခင်းပြင်ကြီးတခုပါ၊ ဆောင်းအခါမှာတော့ လာရောက်သူ ကျဲပါး သွားသလို မြက်ပြန်မွေးချိန်မို့လို့ ထိုင်သူမရှိ နတ္တိဖြစ်နေတတ်ပါတယ်။

ပါရီမြို့ အုပ်ချုပ်ရေးအာဏာပိုင်များဟာ ဒီလိုမျိုး မြက်ခင်းတွေ မြစ်ကမ်းနဘေးတွေ ရင်ပြင်ကျယ်တွေ ပန်းခြံတွေလို လူစည် ကားရာ နေရာတွေမှာ ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုတဲ့ တင်းကျပ်လှတဲ့ စည်းကမ်းတွေ ထုတ်ထားဟန် မတူပါဘူး၊ အလိုက်သင့်သာ ထိမ်းကျောင်းသွားတာကို တွေ့မြင်ရလေ့ရှိပါတယ်။

ဒီရာသီကတော့ လမ်းနဘေးမှာ လွတ်လပ်ရေးရ ပုလင်းထောင်ခွင့် ရှိတာမျိုးမို့ မောင်ရင်ငတေတို့လို အားကစားသမားများ အထူးနှစ်သက်ကြပါတဲ့ ရာသီတခုသာပါ။ မောင်ရင်ငတေ အပိုမပြောပါ၊ ကြုံဖူးသူများ သိကြပါတယ်၊ ဘာမလုပ်ရ ညာမလုပ် ရပါတဲ့ အမိန့်အရ တိုင်းပြည်တွေက ရောက်လာသူတချို့ အံ့သြကြပါတယ်။

အဲ …. ဒါပေမယ့်လည်း လွတ်လွတ်လပ်လပ် စိတ်လွတ်လက်လွတ်နေချင်ကြတဲ့ တိုင်းပြည်မှာလည်း ခုတော့ ...။


စည်းရိုးတွေကြားက မလွတ်မလပ် အီဖယ်ခြေရင်း (ဓါတ်ပုံ မရငတ)

အခုတခေါက် အီဖယ်ကိုရောက်တော့ ဒီလိုအတားအဆီးတွေ ကာရံထားတာကိုတွေ့မြင်ခဲ့ရပါတယ်၊ အီဖယ်ခြေရင်းကိုတောင် လွတ်လွတ်လပ်လပ် သွားမရတဲ့ အနေအထားမျိုး ဖြစ်လာနေပါပြီ၊ အီဖယ် တင်လားဆိုတော့ မဟုတ်သေးပါဘူး။ စဲန်းမြစ်ကမ်း နဘေးက Paris Plage ဆိုတဲ့ နွေရာသီကမ်းခြေ အပန်းဖြေဖို့ အပျော်လာကြတဲ့နေရာမျိုးတွေမှာတောင် အဝင်ဝမှာ လူစစ် အိတ်စစ်ပစ္စည်းစစ်တာမျိုး လုပ်နေပါပြီ၊ နေရာများစွာမှာပါ၊ နောင်ဆို အိမ်သာအဝင်မှာတောင် ရှိလာနိုင်ပါတယ်။ မောင်ရင် ငတေ သိနားလည်ခဲ့တဲ့ ခြံစည်းရိုးမကာတဲ့ လုံခြုံလွတ်လပ်မှုမျိုးကို ဂုဏ်ယူကြရမယ့် ခေတ်ကနေ ကိုယ့်ဝန်း ကိုယ့် ခြံ မြင့်မြင့် ကာထားမှ လုံခြုံမှု ရကြမယ့် ခေတ်ကို နောက်ပြန်လို့ မြန်မြန်ဆန်ဆန် သွားနေပါပြီ။

အီဖယ်လေးဘက်လေးတန်းဟာ သံတိုင်အချုပ်ထဲသို့ ရောက်သွားရပါပြီ၊ အီဖယ်ကြီးကိုမွေးဖွားခဲ့သူ မွန်ဆီယာ အီဖယ်ကြီး ကတော့ သူရဲ့သမီးတော် သံမဏိလေဒီ ပျက်ဆီး ပြိုကျသွားမှာထက် လူသားတွေရဲ့ အတ္တကြီးမှုကိုသာ ယူကျုံးမရ ဖြစ်နေမှာ ပါ၊ လက်နက် အာဏာ ငွေကြေးနဲ့ နိုင်ငံရေးကြားမှာ လူမျိုးရေးမုန်းတီးမှုတွေ ဘာ သာရေး အစွန်းရောက်မှုတွေက ဓါးစာခံဖြစ် လာနေရတာကို အီဖယ်ကြီး သိပါလိမ့်မယ်။ မောင်ရင်ငတေကတော့ အီဖယ်ရဲ့ နာကြည်းငိုသံ တိုးတိုးလေး ကြားခဲ့ရသလို သာပါ။


စည်းရိုးတွေကြားက မလွတ်မလပ် အီဖယ်ခြေရင်း (ဓါတ်ပုံ မရငတ)

မောင်ရင်ငတေရဲ့ မိတ်ဆွေကြီး တိုကျိုမြို့နေ ဦးမောင်သန်းဆွေကတော့ ဤကဲ့သို့ ရေးလာပါတယ်၊ ငိုရိပ်သန်းနေတဲ့ မြင်ကွင်းက ရင်နာစရာပါ။ လွပ်လပ်မှုတွေ ဆုံးရှုံးလျော့ပါးလာတဲ့ ပါရီဟာ လူ့ဂုဏ်သိက္ခာတွေ တန်ဘိုးလျော့ လာနေကြောင်း ကျယ်ကျယ်လောင်လောင်ကို ပြောနေလေရဲ့။ ပါတဲ့ ခင်ဗျာ၊ တရားခံအစစ် လက်သည်အစစ်ကို ရှာဖွေဖို့ အားထုတ်သင့်ပါပြီ လို့သာ ..။

အဲသလိုတွေဖြစ်လာတော့ အမှန်အကန် ခရီးသွားသူတွေအတွက် အီဖယ်ခြေရင်းကနေ အပေါ်မော့ ကြည့်ရတဲ့ အရသာ လေးရဖို့အရေး ကိုယ်ပိုင်အချိန်တချို့ ဖဲ့ပေးလိုက်ရပါပြီ၊နှောင့်နှေးကြန့်ကြာရလို့ လူတိုင်းလိုလို စိတ်အနှောက်အယှက်လည်း ဖြစ်ရပါတယ်၊ အီဖယ်ခြေရင်းကို ဘေးကနေ ဝိုက်ပတ်ရတာက ၁၅ မိနစ်လောက် လမ်းပိုလျှောက်ရတာပါ။



အီဖယ်ကြီးရဲ့ ငိုသံတွေ ဆက်လက် မကျယ်လောင်ပါစေနဲ့  ဆုတောင်းရင်း  ကြိတ်ကြိတ်တိုးနေတဲ့ လူအုပ်ကြီးကို ရှောင်ကွင်း ရင်းရှေ့သို့ဆက်လက် လျှောက်လာခဲ့ကြပါတယ်။

ဆက်လက်ဖော်ပြပေးပါဦးမည်။

ဂါမဏိ ● မူးယစ်သမင်၊ မူးယစ်မိုးနဲ့ ကုလမုဆိုး

$
0
0
ဂါမဏိ ● မူးယစ်သမင်၊ မူးယစ်မိုးနဲ့ ကုလမုဆိုး
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၉ )
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

"အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အနုမြူလက်နက်ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူလက်နက်ရှိတယ်။"

ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုံးက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ-နဝတ-နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့စကားဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း အာဆီယံ အမေရိကန်တို့ကိုတိုက်ဖို့ ဘိန်းဖြူထုတ်လုပ်တင်ပို့ရေးကို ဗမာစစ်အာဏာရှင်တွေက နောက်ကွယ်က အခိုင် အမာအားပေးခဲ့ ပါတယ်။ ၁၉၉၀-၉၁ တုံးကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကိုမူးယစ်ဆေးလက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်း ညွှန်ချက်ကို အသစ်တဖန်ပြန်ချပေးခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့ဘဲ ခွန်ဆာကိုမွေးခဲ့တာဖြစ်ပါတယ်။ (ကွန်မြူနစ်နဲ့ တိုင်းရင်းသားသူပုန်တွေကို စစ်တပ်ကိုယ်စားတိုက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တယ်။) လက်ရှိနအဖ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ဆက်ကြေး ပုံမှန်သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲရှိခဲ့ပါတယ်။ စီးပွားရေးကိစ္စတွေ၊ တိုင်းရင်းသားသူပုန်သတင်း ဗကပသတင်းတွေ၊ စစ်ဆင်ရေးသတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုံးကငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ် သိန်း ၃၀၀၀ လောက် သွင်းပေးခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်းလက်ဆောင် တွေကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဏာရေးအကြပ် ဆိုက်နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေးအထောက်အကူဖြတ်တောက်ထားချိန်မှာ ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက်ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်းပီပီသသ မနေတော့ဘဲ ရှမ်းပြည်လွတ်လပ်ရေးတွေ အမျိုးသားရေးတွေ ဝင်ယောင်လာလို့တကြောင်း၊ နဝတအဖို့ အရှေ့မြောက် အပစ်ရပ်အဖွဲ့ကြီးတွေနဲ့ စီးပွားရေးလုပ်ရတာ ပိုတွက်ခြေကိုက်လာတဲ့ အတွက်တကြောင်း နဝတဟာ ခွန်ဆာရဲ့ အမ်တီအေတပ်တွေကို အလေးအနက်စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ် ခဲ့ရပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေးကုမ္ပဏီသစ်တွေကို ထူထောင်လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ်အဖွဲ့တွေကို မူးယစ် ဆေးလုပ်ငန်းထဲနစ်အောင် တခြားစီးပွားရေး လုပ်ငန်းတွေပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပတ်၃၊ နံပတ် ၄၊ ယားမစိတ်ကြွဆေးတွေကို ပြည်ပဈေးကွက်အတွက်ဘဲ ထုတ်လုပ်ဖို့၊ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေးထုတ်လုပ်သူတွေ မူးယစ်ဆေးကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူး တွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့် နဲ့ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျခေါ် ပြောခဲ့ပါတယ်။ ဆက်ကြေး မှန်မှန်ပေးဖို့ နဲ့ ရှယ်ယာပါရဖို့လည်းညှိတာကတော့ ထည့်ပြောစရာ လိုမယ်မထင်ပါ။

ဒါပေမဲ့ စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရောသမားတွေဖြစ်တဲ့အတွက် အဲဒီ "အိတ်စ်ပို့ပေါ်လစီ"ကိုလည်း သူ တို့အထဲကဘဲ ပြန်ဖောက်ဖျက်ခဲ့ပါတယ်။ နအဖထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ-တိုင်းစစ်ဌာနချုပ်အဆင့်အရာရှိတွေ ဦးစီးပြီး စစ်တပ်လက်ဝေခံ မူးယစ်ဆေးကုန်သည်တွေ လက်လီလက်ကားသမားတွေကို ရှမ်းပြည်၊ ကယား ပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေဖွင့်ခိုင်းခဲ့ကြပါတယ်။

ဘိန်းဖိုတွေ  ယာမစက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင်မက တိုင်းမှူးအထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကိုခွဲမပေးချင်လို့ ဗျူဟာမှူး ရင်းမှူးလောက်နဲ့ဘဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက် ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ကယ်ရီလုပ်ငန်းတွေနဲ့ဘဲ ရပ်တည်နေကြပါတော့ တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီလုပ်ပေးပါသေးတယ်။ ရဲဘက်စခန်းမှာ သေစာရင်းပြလိုက်တဲ့ အကျဉ်း သားလောပန်းတွေကိုလည်း စစ်ဗိုလ်တွေကဘဲ အိမ်အရောက်ကယ်ရီလုပ် ပို့ဆောင်ပေးပါသေးတယ်။ စစ်တပ်ကို အသိမပေးဘဲလုပ်နေတဲ့ မူးယစ်ဆေးကုန်သည်တွေ စက်ရုံတွေကတော့ ဖမ်းဆီးခံ သိမ်းဆည်းခံကြရပါတယ်။ နယ်မြေခံ ထောက်လှမ်းရေး တပ်ကြပ် ၂ ရစ်လောက်ကို လိုင်းကြေးပေးတဲ့ ရပ်ကွက်တွင်း လက်လီသမားတောင် အဖမ်းမခံရပါဘူး။ ဒါပေမဲ့ အထက်ကစီမံချက်လာရင်တော့ ဒီလက်လီသမားတွေကို နယ်မြေခံ ထောက်လှမ်းရေးက မကယ်နိုင်တော့ပါဘူး။ ဆင်ကြီးတွေလွှတ်ပေးပြီး ခြင်ကလေးတွေ အဖမ်းပြတာ စစ်အာဏာရှင်ခေတ်ရဲ့ လုပ်ရိုးလုပ်စဉ်ပါဘဲ။

ဒါတွေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ထောက်လှမ်းရေးယန္တရားကြီး ရှိတုံးကရော၊ ဗိုလ်ချုပ်ခင်ညွန့်ပြုတ်ပြီးနောက်မှာရော အပြောင်း အလဲမရှိ တသမတ်တည်း ဖြစ်ပေါ်ထွန်းကားနေတာ ဖြစ်ပါတယ်။

တဖက်ကကြည့်တဲ့အခါ ငြိမ်းချမ်းရေးအဖွဲ့ကြီးတွေဟာ လူအ,တွေ မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်နေတဲ့ခေတ်ကတည်း က တရုတ်ဘာသာနဲ့လွှင့်တဲ့ ဘီဘီစီ ဗွီအိုအေကို နားထောင်ခဲ့သူတွေဖြစ်ပါတယ်။ (ဗကပကို ပုန်ကန်အာဏာသိမ်းတုံးက သွေးထွက်သံယိုမရှိအောင် အထူးဂရုစိုက်ခဲ့သူတွေဖြစ်ပါတယ်။) ဒီကနေ့ ကမ္ဘာ့ရေစီးကြောင်းကို နားလည်သဘောပေါက် သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးခေတ်စားလာတာ၊ မူးယစ်ဆေးပြဿနာကို လူသားအားလုံးက ရှုံ့ချ ဝိုင်းပယ်လာတာ စတဲ့ ပင်မရေစီးကြောင်းတွေကို ကိုယ့်ဒေသ ကိုယ့်အဖွဲ့အစည်း အနေအထားနဲ့ ကိုက်ညီ သဟဇာတဖြစ် အောင် လုပ်ဖို့လိုအပ်ချက်ကို ကောင်းကောင်းသဘောပေါက်လာသူတွေ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့ကြီးတွေဟာ ရာစုနှစ်နဲ့ချီ အမြစ်တွယ်လာတဲ့ မူးယစ်ဆေးပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ တခြားကောင်းရောင်း ကောင်းဝယ်ရော၊ မူးယစ်ဆေးမဟုတ်တဲ့ တခြားမကောင်းရောင်း မကောင်းဝယ်တွေပါ အမျိုးမျိုးဖြန့်ခွဲ diversify လုပ်ပြီး အဖွဲ့အစည်းရပ်တည်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တဦးချင်းစီးပွားရေးတွေအတွက်လုံးပန်းနေတာ မြန်မာပြည်တပြည်လုံးမျက်မြင်ဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးပပျောက်ရေးတွေကို နှစ်ကာလသတ်မှတ်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ခဲ့ကြသလို ဘိန်းတပင် တွေ့ရင် ခေါင်းဖြတ်သွားပါလို့တောင် ရဲရဲကြီး အာမခံခဲ့ကြပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အဲန်ဂျီအိုတွေကို ငြိမ်းဒေသ အတွင်း အချိန်မရွေးတံခါးမရှိဓားမရှိ ဝင်ထွက်စစ်ဆေးခွင့်ပြုခဲ့ပါတယ်။ ဒါမျိုး အကန့်အသတ်မရှိ စစ်ဆေးခွင့်ကို နအဖ အုပ် ချုပ်တဲ့ဒေသတွေမှာ မရပါဘူး။

ဒါပေမဲ့ UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံးကတော့ မြန်မာပြည်ရဲ့ မူးယစ်ဆေး ပြ ဿနာမှာ နအဖစစ်အုပ်စုရဲ့အခန်းကဏ္ဍကို ရေငုံနှုတ်ပိတ်နေပြီး ငြိမ်းအဖွဲ့တွေကို အပြစ်ပုံချနေပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကုလမူးယစ်နဲ့ရာဇဝတ်ရုံးရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာကိုယ်စားလှယ်ဆိုသူ ဂယ်ရီလူးဝစ္စက မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အနာဂတ်မရေရာတဲ့အတွက် မူးယစ်ဆေးဝါးတွေ အကြီးအကျယ်ထုတ်လုပ် ရောင်းချပြီး ငွေစုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနေ့မှာ သူတို့ထုတ်ပြန်လိုက်တဲ့ ၂၀၀၉ ခု အရှေ့အာရှနဲ့ အရှေ့ တောင်အာရှဆိုင်ရာစိတ်ကြွဆေးအလားအလာနဲ့ပုံစံများ အစီရင်ခံစာမှာ စိတ်ကြွဆေးတွေကို အဓိကအားဖြင့် ကိုးကန့် နဲ့ ဝ အပစ်ရပ်နယ်မြေတွေမှာ ထုတ်လုပ်နေတယ်လို့ဆိုထားပါတယ်။ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၀၉ ခု ကမ္ဘာ့မူးယစ် ဆေးအစီရင်ခံစာမှာလည်း ဝ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် (ဝ ငြိမ်းအဖွဲ့)၊ ကိုးကန့်ငြိမ်းအဖွဲ့နဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ဟာ ယာမစိတ်ကြွ ဆေးထုတ်လုပ်ရေးကို အဓိက ဆောင်ရွက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ နအဖစစ်အစိုးရကတိုက်ရိုက်နဲ့ အကြွင်းမဲ့ချုပ်ကိုင်ထားတဲ့ အပြီးအပိုင်လက်နက်ချတဖြစ်လဲ ပြည်သူ့စစ် အဖွဲ့တွေကို တော့ တခွန်းမှပြောမထားပါဘူး။ တကယ်တော့ ဒီအဖွဲ့တွေဟာ လုံးဝရာနှုန်းပြည့် နအဖချုပ်ကိုင်မှုအောက်မှာ နံပတ် ၃၊ နံပတ် ၄၊ ယားမတွေကို လွတ်လွတ်လပ်လပ်ထုတ်လုပ်နေကြတာ ရှမ်းပြည်ကဒေသခံတွေ အားလုံးအသိဖြစ်ပါတယ်။ ဥပမာ ပြရရင် ခွန်ဆာအဖွဲ့က အကြွင်းမဲ့လက်နက်ချခဲ့ပြီးနောက် နအဖက အထူးဖွံ့ဖြိုးရေးဒေသတွေ သတ်မှတ်ပေးပြီး ပြည်သူ့စစ် သို့မဟုတ် သကဆဖ (သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့)အဖြစ် ခန့်အပ် ပေးထားတဲ့ ဟိုမိန်းအခြေစိုက် မဟာဂျာဦးစီးအဖွဲ့၊ နားရိုင်းအခြေစိုက်လီချန်ဦးစီးအဖွဲ့၊ မတ်ကျန်း (နမ့်စန်) အခြေစိုက် လင်းဆိုင်ဦးစီးအဖွဲ့တွေဟာ ရပခကို တနှစ် သိန်း ၄၀၀၀ စီဆက်ကြေးသွင်းပြီး ဘိန်းဝါ၊ ဘိန်းဖြူ၊ ယာမကြိုက်သလို ထုတ်နေကြပါတယ်။ (မဟာဂျာကိုယ်တိုင်က ဘိန်းမည်းစွဲနေ ရှူနေပါတယ်။) ဒီအဖွဲ့တွေဟာ ဘိန်းခြံတွေပေါင်းရှင်းဖို့၊ ဘိန်းစေးခြစ်ဖို့အတွက် ခြံအလုပ်သမားတွေကို တလ ကျပ်ငါးသောင်း ပေးမယ်လို့ လော်စပီကာနဲ့ တောင်ကြီးမြို့ထဲ လှည့်အော်ငှားတဲ့အထိ ဗြောင်ကျကျလုပ်နေတာဖြစ်ပါတယ်။

ခွန်ဆာအဖွဲ့ဝင်ဟောင်းလည်းမဟုတ်၊ ပြည်သူ့စစ်လည်းမဟုတ်တဲ့ ပုဂ္ဂလိကလောပန်းတွေ ဦးစီးလုပ်နေတဲ့ ဖိုတွေ စက်ရုံ တွေလည်း ရပခသို့မဟုတ် သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေကို နှစ်စဉ်ကြေးသွင်းပြီးလုပ်နေတာ ကွန်ဟိန်းနယ်ကာလိ၊ ပင်လောင်းနယ် ထီဘွာ၊ ဖယ်ခုံနယ် လအိလတိန်၊ ဆီဆိုင်နယ် မဲနယ်တောင် လွယ်မောတောင် စတဲ့နေရာ တွေမှာ ရှိနေပါတယ်။ ဒါတွေဟာ ကိုးကန့် ဝ တို့နဲ့ ဘာမှမဆိုင်ဘဲ နအဖနယ်မြေသက်သက်ဖြစ်ပါတယ်။ ရလလဖ ပအိုဝ်းငြိမ်းချမ်း ရေးအဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် တာကလယ်ကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ ချစ်မောင်ဟာ အာဏာရ ပြီးတဲ့အခါ ရပခတိုင်းမှူး၊ ဆီဆိုင်က စကခ-၇ ဗျူဟာမှူး၊ ဘန်းယဉ်က ခမရ ၄၂၅ နဲ့ ၄၂၆ ရင်းမှူးတို့ကို ဆက်ကြေး စုစုပေါင်း တနှစ် သိန်း ၁၀၀၀ သွင်းပြီး လွယ်မောဂွင်၊ဟိုနမ်းဂွင်နဲ့ ဘန်းမတ်ဂွင်တွေမှာ ဘိန်းဖိုတွေတည်ခဲ့တာ ဖြစ်ပါတယ်။ ဆက်ကြေးပေးရုံတင်မက အစုရှယ်ယာတွေပါ လက်ခံပေးခဲ့ရပါတယ်။ (မြို့ပေါ်ကအနှိပ်ခန်းတွေ၊ ကာရာအိုကေခန်းတွေမှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ရှယ်ယာဝင်သလိုမျိုးပါဘဲ။) အချင်းချင်း အဝေမတည့်ရာက  ၂၀၀၇ ဇူလိုင်-သြဂုတ်လထဲမှာ အပြီးအပိုင်လက်နက် ချသွားခဲ့ပေမဲ့ "အလုပ်"ကိုတော့ ကာလတခုအထိ ဆက်လုပ်ခွင့် ရခဲ့ပါသေးတယ်။

ရှမ်းပြည်အရှေ့ပိုင်းတြိဂံတိုင်းမှာလည်း ခွန်ဆာလက်နက်ချတဖြစ်လဲ တရားဝင်ပြည်သူ့စစ်တွေဖြစ်တဲ့ မုန်းထော်-မုန်းထ အခြေစိုက် ဆံမွန်းဦးစီးအဖွဲ့၊ နမ့်ပုန် (တာချီလိတ်) အခြေစိုက် ရီရှင်းဦးစီးအဖွဲ့၊ ဟောင်လွတ် (တာချီလိတ်) အခြေစိုက် နော်ခမ်းဦးစီးအဖွဲ့တွေဟာ ကျိုင်းတုံက နအဖတိုင်းမှူးကို သိန်းထောင်နဲ့ချီဆက်ကြေးသွင်းပြီး မူးယစ်ဆေး လုပ်ငန်းမျိုးစုံလုပ်နေ တာ ဖြစ်ပါတယ်။ နော်ခမ်းအဖွဲ့ဆိုရင် သောင်းကျန်းလွန်းလို့ နောက်ဆုံးမှာ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ၂၀၀၉ ဖေဖော်ဝါရီ လမှာ နအဖက ဟန်ဆောင် ပန်ဆောင်နှိမ်နင်းပြခဲ့ရပါသေးတယ်။ တြိဂံတိုင်းထဲမှာ ခွန်ဆာလူဟောင်း တခါမှမဖြစ်ခဲ့ဖူးတဲ့ မိုင်းတုံ မိုင်းဆတ်နဲ့ တာချီလိတ်နယ်တွေက လားဟူပြည်သူ့စစ်တွေ လည်း ပုဂ္ဂလိက လောပန်းတွေနဲ့တွဲပြီး ဘိန်းချက်စက်ရုံ၊ ယာမစက်ရုံတွေကို တိုင်းမှူး၊ ဗျူဟာမှူးတွေဆီ ဆက်ကြေးပေး တည်ထောင်ထားပါတယ်။

ရမခနယ်မြေ ရှမ်းပြည်မြောက်ပိုင်းမှာတော့ တိုင်းမှူးကို ရပခ၊ တသခ မှာလို ဆက်ကြေးပေး မူးယစ်ဆေး ထုတ်လုပ် ကူးသန်း ရောင်းဝယ်နေတဲ့ ခွန်ဆာလူဟောင်း တရားဝင်ပြည်သူ့စစ် ဗိုလ်မွန်းဦးစီး မန်ပန် (တန့်ယန်း) အခြေစိုက်အဖွဲ့၊ လောမား ဦးစီး မုန်းဟင်-မုန်းဟ (မိုင်းရယ်) အခြေစိုက်အဖွဲ့တွေဟာ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တသက်လုံး နအဖပြည်သူ့စစ် ဘဲလုပ်ခဲ့တဲ့ နမ့်ခမ်းနယ်မြေက (ခိုလုံလီရှော) ပန်ဆေးကျော်မြင့်အဖွဲ့၊ ကွတ်ခိုင်နယ်က တီခွန်မြတ် အဖွဲ့၊ မုံးကိုးနယ်က နော်ခမ်း အဖွဲ့၊ ဖောင်းဆိုင်နယ်ကတီခွန်တွေ အဖွဲ့၊ အုန်းစွမ် (မိုင်းငေါ့) က ကျော်အုံးအဖွဲ့၊ မုန်းဝီးက မြင့်လွင်အဖွဲ့၊ ရှောက်ဟော်က လှမြင့် အဖွဲ့၊ ကွမ်းလုံက ဟော်ရှောက်ချမ်း အဖွဲ့တွေဟာ ကိုးကန့်၊ ဝ တို့လို နာမည်မထွက်ဘဲ မူးယစ်ဆေး လုပ်ငန်းကို နအဖ တိုင်းမှူးအဆက်ဆက်ခွင့်ပြုချက်နဲ့ ဆက်ကြေးပေးပြီး တရားဝင်သဘောမျိုး လုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုလသမဂ္ဂက ဒါတွေကို မသိပေမဲ့ နယ်မြေခံ လူထုတွေအားလုံးက သိနေကြပါတယ်။

ဒီကနေ့ ရှမ်းပြည်မှာ ဘိန်းအဓိကစိုက်တဲ့ဒေသတွေက ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး (မဲနယ်တောင်)၊ ဆီဆိုင် (လွယ်မောတောင်)၊ မိုင်းကိုင် (ဆင်တောင်) နယ်တို့ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်ကြီးထွားဆေးတွေ ထည့်ပြီး "ခေတ်မှီသိပ္ပံနည်းကျ""အထူးအထွက်တိုး"နှစ်သီးစား သုံးသီးစား "သီးထပ်"စိုက်နေကြတာ ဖြစ်ပါတယ်။ ဒီနယ် မြေတွေဟာ နအဖသြဇာခံ ရှမ်းပြည်နယ်ကြံ့ဖွတ်ခေါင်းဆောင် အောင်ခမ်းထီ ဦးစီး ပီအဲင်အို(အထူးဒေသ ၆) အဖွဲ့ နဲ့ လက်နက်ချ ရှမ်းခွဲထွက် တပ်မဟာ ၇၅၈ (ကွယ်လွန်သူ မိန်းစိန်ရဲ့အဖွဲ့)ချုပ်ကိုင်ရာနယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၀၉ မတ်-ဧပြီတုံးက ပီအဲင်အိုဌာနချုပ် ကျောက်တလုံးကို ပင်လောင်းနယ်က ဘိန်းစိမ်း ၁၇၆ ပိဿာ သယ်ယူလာတုံး ညောင်ရွှေမြို့နယ် (ဘီလူးချောင်းကူး) မှော်ဘီတံတားမှာ ဖမ်းမိခဲ့ရာမှာ ၇၃ ပိဿာ စာရင်းပျောက်သွားခဲ့ပါသေးတယ်။ ဒီသတင်းကို လည်း နအဖက ဖုံးဖိထားပါတယ်။

တချိန်က ငြိမ်းချမ်းရေးအထူးဒေသ ၇ လို့ သတ်မှတ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ နမ့်ဆန်၊ မန်တုံ နယ်မြေမှာ PSLP ပလောင်ငြိမ်းအဖွဲ့ဟာ ၂၀၀၅ ခု ဧပြီလမှာ လုံးဝလက်နက်ချ ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ပလောင်ဒေသမှာ ဘိန်းစားတွေ ယာမသမားတွေကတော့ အထူးတိုးများလာခဲ့ပါတယ်။ နောက်ဆုံး အဲဒီဒေသမှာ စခန်း ထိုင် နယ်မြေထိန်းနေတဲ့ နအဖတပ်သားတွေ အကြပ်တွေ၊ ဗိုလ်တွေ၊ ရဲတွေပါ ဘိန်းရှူ ဘိန်းစွဲ ယာမစွဲ၊ အရောင်း အဝယ်တွေလုပ်နေလို့ လူထုတွင်း မူးယစ်ဆေးစွဲပြဿနာ ဖြန့်ဖြူးမှု ပြဿနာကို တိုင်တန်းစရာနေရာ ကိုင်တွယ်တားဆီးနိုင်စရာအာဏာပိုင် မရှိတော့ပါ။

၂၀၀၉ သြဂုတ်လက ရပခဂျီဝမ်း (စစ်ဦးစီးအရာရှိ-ပထမတန်း) ဒုဗိုလ်မှူးကြီးမောင်မောင်မြင့်ရဲ့ဇနီး ကိုယ့်ကိုယ်ကိုသတ်သေမှု ဆိုတာဟာ တကယ်တော့ မူးယစ်ဆေး အရောင်းအဝယ်ကိစ္စ ဇာတ်လမ်းရှုပ်ပြီး အသတ်ခံရတာဖြစ်ပါတယ်။ ဒီအမှုမှာ ရပခတိုင်းမှူး၊ ဂျီဝမ်းနဲ့ စရဖမှူး ဗိုလ်မှူးကြီးဝင်းဗို တို့ပါဝင်ပတ်သက်နေပြီးရန်ကုန်မှာ ဘိန်းဖြူ ကီလို ၅၀၀ ဖမ်းမိမှုနဲ့ သက်ဆိုင်နေပါတယ်။ ဒါ့အပြင် ဇူလိုင်လတုံးကတာချီလိတ်မှာ ဘိန်းဖြူ ကီလို ၁၀၀၀ နဲ့ ယာမဆေးလုံး ၂ သန်းခွဲ ဖမ်းမိတာ၊ လားရှိုးမှာ ဘိန်းဖြူကီလို ၅၀၀ ဖမ်းမိတာတွေဟာ နအဖတပ်မှူးကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေ ပါတယ်။ အတွင်းသတင်း တခုအရ ကမ္ဘောဇဘဏ် အမြတ်နည်းလာလို့ အစုရှယ်ယာရှင်တြွေုဖစ်တဲ့ ဆရာကျောင်းနဲ့ ဗိုလ်ချုပ်မောင်အေးတို့က မူးယစ် ဆေးလုပ်ငန်းမှာ တိုက်ရိုက်ဝင်လုပ်လာတယ်လို့လည်း ကြားရပါတယ်။ နအဖ တပ်မှူးကြီးတွေ ကိုယ်လွတ်ရုန်းနိုင်အောင် ဖမ်းမိတဲ့မူးယစ်ဆေးတွေကို ဖုံကြားရှင်း ကိုးကန့်အဖွဲ့အပေါ်တရားခံလွှဲပြတဲ့ အနေနဲ့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာရုံလွဲအောင်) သြဂုတ်လကုန်ပိုင်းကစစ်တိုက်တာလို့လည်း တောင်ကြီးမှာ သတင်းထွက်နေပါတယ်။

ဒီကနေ့ကာလမှာ နအဖဟာနယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံဘဲ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေတဲ့ ငြိမ်းချမ်း ရေးအဖွဲ့တွေကို စွဲချက်အမျိုးမျိုးနဲ့ လက်ညှိုးထိုး အကြောင်းရှာပြီး ချေမှုန်းဖို့ ပြင်နေပါတယ်။ အဲသလိုအခြေအနေမှာ ကုလမူးယစ်ဆေးရုံး UNODC ဆိုတဲ့အဖွဲ့က နအဖအလိုကျ တိုင်းရင်းသားငြိမ်းချမ်းရေး အဖွဲ့တွေကို လက်ညှိုးထိုး တရားခံရှာ ပေးတာဟာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိပါဘူး။ ခေတ်ဟောင်းအမေရိကန်ရုပ်ရှင်ကလူရွှင်တော် ဂျယ်ရီလူးဝစ္စနဲ့ နာမည်ဆင်တူနေတဲ့ ကုလသမဂ္ဂ ဂယ်ရီလူးဝစ္စလည်း ဂန်ဖလားလို 'ကျောက်ယူပြန်'ဖြစ်နေပြီလား။

တဖက်မှာ ငြိမ်းအဖွဲ့ကြီးတွေဟာ သူတို့အမျိုးသားတွေကို ကိုယ်စားပြုထားတာ ဘယ်သူငြင်းချင်ပါသလဲ။ နအဖက မြန်မာနိုင်ငံကိုကိုယ်စားပြုထားတဲ့အခြေခံထက် ဒီအဖွဲ့ကြီးတွေက သူတို့အမျိုးသားတွေအပေါ် ကိုယ်စားပြုတဲ့အခြေခံက ပိုနက်ရှိုင်း ပိုခိုင်မာပါတယ်။ အမျိုးသားရေးအခြေခံပေါ် အဓိကရပ်တည်နေတာဖြစ်လို့ ဗမာပြည်ရဲ့ တိုင်းရင်းသားပြဿနာနဲ့ ခွဲလို့ မရပါ ဘူး။ အမျိုးသားရေးအခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မူးယစ်အခန်းကဏ္ဍကိုသာ ဦးတည် ကြည့်မြင်နေသရွေ့ မြန်မာနိုင်ငံ ရဲ့ ပြည်ထောင်စုပြဿနာမှာ ဘယ်တော့မှ အဖြေတွေ့မှာမဟုတ်သလို သွေးချောင်းစီး ပြည်တွင်းစစ်သံသရာကနေ ဘယ် တော့မှ လွတ်မြောက်မှာလည်း မဟုတ်ပါဘူး။

တကယ်တော့ ဗမာပြည်မှာ နအဖခေါင်ကမလုံလို့ မူးယစ်မိုးယိုနေတာဖြစ်ပြီး မူးယစ်သမင်ဟာ နအဖမင်းကြီးတာကဘဲ ထွက်နေတာဖြစ်ပါတယ်။ ဒါကိုမသိဘဲ ကုလသမဂ္ဂ မုဆိုးကြီးက မူးယစ်သမင်ကိုဖမ်းဖို့ကြိုးစားနေရင်တော့ ရေထဲ အရုပ်ရေး သလိုဘဲ ဖြစ်နေပါလိမ့်မယ်။

ဂါမဏိ
(၂၀၀၉)

မင်းကိုနိုင် ● ဘာတွေမြင်လို့ ဘယ်လိုတွေး

$
0
0



မင်းကိုနိုင် ● ဘာတွေမြင်လို့ ဘယ်လိုတွေး
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ဟဲ့ဟိုမှာ ကျီးကန်း…ရှူး…ရှူး…”

“သမီး ဘာဖြစ်တာလဲ”
“ဟိုမှာ ကျီးကန်းလေ ။ အမြင်ကတ်လိုက်တာ”

“ဘာလို့ အမြင်ကတ်တာလဲ သမီးက”
“ဟိုမှာ မမြင်ဘူးလား…အသားတွေ၊ ငါးတွေ ခိုးစားတော့မယ်”

“သားလည်း မုန်းတာပဲ ။ သားငယ်ငယ်က မုန့်တွေ ခဏခဏ ကျီးကန်းလုစားခံရတယ်”

“ကျီးကန်းကို သြစတေးလျနိုင်ငံမှာတော့ မမုန်းကြဘူးကွ”
“သူတို့က လူတွေအစာကို လုမစားဘူးလား”

“လူတွေနဲ့လုစားရအောင် သူတို့အတွက် အစားမရှားဘူးလေ။ ရန်သူမဟုတ်တော့ ဘယ်မုန်းမလဲကွာ”
“သူတို့က အများကြီး တနေ့တနေ့ တ အား…အား နဲ့ နားငြီးလိုက်တာ”

“အေးဟုတ်ပြီ…။ အစာလည်း လုတယ်၊ အကောင်တွေ အများကြီး နားလည်းငြီးတယ်ပေါ့။ သူတို့ဆီမှာက ကျီးကန်း လေးတွေ ဆိုတာ တခါတလေမှ တွေ့ရတာလေ။ သစ်ပင်ပေါ်မှာတွေ့ရင်တောင် ဟိုမှာ ကျီးကန်းလေး…ကျီးကန်းလေးဆိုပြီး ပျော်ကြ တာ”
“အို …ဟုတ်လား”

“ ဟုတ်ရုံဘယ်ကမလဲ…ကျီးသာတဲ့အသံလေးများကြားရင် သူတို့ကျေနပ်လို့ မဆုံးဘူး။ တို့ဆီမှာလည်း ကျီးတွေစိတ်အေး လက်အေးသာနေတဲ့အချိန် သဘောကျကြတာပဲ”
----*-*-*-----

“ဇင်ယော်လေးတွေကို ချစ်လား”
“ချစ်တာပေါ့”

“ကျီးကန်းတွေလို နေ့တိုင်းမြင်ရလား”
“ဘယ်မြင်ရမလဲ ။ ဆိပ်ကမ်းဘက်သွား သင်္ဘောစီးတဲ့အခါ အစာကျွေးရင်း မြင်ရတာလေ”

“မင်းတို့ကသာ ချစ်နေ။ အခုနက နိုင်ငံမှာတော့ ဇင်ယော်တွေကို စိတ်ညစ်လွန်းလို့”
“အိုဘာလို့လဲ ..ဒီလောက် ဖြူဖြူဖွေးဖွေး ချစ်စရာလေးတွေကို”

“တနေ့လုံး ခေါင်းပေါ်မှာ ဆူညံပြီး မျက်စိနောက်အောင်ပျံနေတာ သိလား”
“ဘာဖြစ်လဲ ဒါလည်း ချစ်စရာကောင်းတာပဲ”

“အေး..အေး….ဘွတ်ဘွတ်တွေ ပါချတာ ခေါင်းပေါ်မှာ၊ ကားတွေပေါ်မှာ ပေကျံကုန်တာရော သိလား”
“ဟား…ဟား …တကယ်”
----*-*-*----

“နွေတုန်းက သမီးအပြင်သွားရင် အမြဲထီးဆောင်းသွားတယ်မဟုတ်လား”
“နေပူတာကိုး ဦးဦးရဲ့”

“ဥရောပနိုင်ငံတော်တော်များများမှာတော့ နေပူတယ်လို့မပြောဘူး။ နေသာတယ်လို့ ပြောပြီး ပျော်နေကြတာ။ မိုးတွေ၊ မြူတွေ၊ ဆီးနှင်းတွေ ကျပြီး ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေတာ အကြာကြီးနေခဲ့ရတော့ နေလေးပွင့်လာတာနဲ့ တအားပျော်ကြ တာ။ နေရောင်က သူတို့အတွက် ရှားပါးပစ္စည်းလေ။ ဒါနဲ့သမီး နေပူထဲ ဘာလို့ ထီးဆောင်းသွားတာလဲ”
“နေပူမိရင် ဖျားမယ်။ အသားလည်း မည်းမယ်လေ”

“အေး သူတို့ကျပြန်တော့ နေလောင်တဲ့အသားရည်ကိုမှ လိုချင်ကြပြန်တာဗျ”
“ဟာ အသားဖြူမှ လှတာကို”

“ဒါက သမီးအကြိုက်လေ။ ဒါကြောင့် တို့ဆီမှာ Whitening ခေါ်တဲ့ အသားဖြူ လိမ်းဆေးတွေ၊ မျက်နှာသစ်ဆေးတွေ ခေတ် စားတာပေါ့။ နေမထိလေမထိ နုဖတ်ပြီး ဥနေတဲ့အလှလို့ ချီးမွမ်းတာမျိုး သမီးကြိုက်တယ်မဟုတ်လား။ သူတို့ဆီမှာတော့ အားလပ်ရက် ခရီးပြန်လာရင် ကျောင်းတွေ၊ အလုပ်တွေထဲ နေလောင်ထားတဲ့ အသားအရေရှိသူကမှ ဂုဏ်ယူကြတာ”
“ဒါဆို ဘယ်သူကမှန်လဲ ဦးဦး”

“မပြောပါဘူးကွယ်..။ မတူတာပဲ ပြောတာပါ”
-----*-*-*----

“ဦးတို့ငယ်ငယ်တုန်းက သင်္ချိုင်းကုန်းမှာ အလှဓာတ်ပုံရိုက်ကြတယ်”
“ဟာ ဦးဦးကလည်း နိမိတ်မရှိ နမာမရှိ”

“တကယ်ပြောတာ ဦးတို့ငယ်ငယ်တုန်းက ကင်မရာလည်းရှားတယ်။ ဓာတ်ပုံရိုက်ဖို့ နောက်ခံရှုခင်း လှလှရှိရာ တကူးတက သွားကြရတာ။ ရန်ကုန်ဆိုရင် အလှဓာတ်ပုံရိုက်စရာ နေရာရှားတော့ ထောက်ကြန့် စစ်သင်္ချိုင်းကိုသွားကြတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ကျဆုံးခဲ့တဲ့ မဟာမိတ် စစ်သားတွေအတွက် သင်္ချိုင်းပေါ့။ အဲဒီမှာက တို့မျက်လုံးတွေနဲ့ကြည့်ရင် သင်္ချိုင်းနဲ့ မတူပဲ ပန်းခြံ လှလှကြီးလို ပြင်ထားတာကိုးကွ”
“သင်္ချိုင်းကုန်းဆိုလို့ သားက ကြောက်စရာချည်းမှတ်နေတာ”

“စစ်သချိုင်းမှမဟုတ်ပါဘူး…သူတို့စဉ်းစားပုံက သေသွားတဲ့သူတွေ ငြိမ်းချမ်းတဲ့နေရာမှာ နားပါစေလို့ ဆုတောင်းရုံမက တတ်နိုင်သမျှ ပန်းခင်းတွေ၊ ကျောက်ပြားတွေနဲ့ အလှဆုံးဖြစ်အောင် ပြင်ပေးထားတာ”
“သားတို့နဲ့ မတူဘူးနော်”

“ကိုယ့်ဆီမှာ ဒီအတိုင်းဖြစ်နေလို့ နေရာတိုင်းလည်း ဒီအတိုင်းလို့ အားလုံးကိုတော့ မထင်နဲ့ပေါ့”
-*-*-*---

“မြန်မာ့သမိုင်းမှာ ဘကြီးတော်စစ်ကိုင်းမင်းရဲ့မိဖုရားဆီကို အင်္ဂလိပ်လူမျိုး အထည် အလိပ်ကုန်သည်ဈေးရောင်းဖို့ရောက်လာ တယ်။ သိပ်ကောင်းတဲ့အထည်တွေကို မိဖုရားဆီ အရင်ပြတော့ မိဖုရားက သဘောကျပြီး အဲဒီကုန်သည်ကို အထူး ဆုအနေနဲ့ ဘာချီးမြှင့်တယ်ထင်သလဲ”
“ရွှေဒင်္ဂါးတွေ၊ အဖိုးတန်ရတနာတွေ ဖြစ်မှာပေါ့”

“ဟုတ်ဘူးလေကွာ။ အဲဒါတွေက အထည်တွေ ၀ယ်တဲ့အခါမှပိုက်ဆံသဘောမျိုးပေးမှာလေ။ အခုဟာက မင်းသိပ်တော် တယ်ဆိုပြီး ဆုချလိုက်တာ”
“ ဘာလဲ …မသိတော့ဘူး”

“မိဖုရားကြီးကွမ်းအစ်ထဲက ကွမ်းယာကွ”
“ဟာ…သူစားတတ်ရဲ့လား။ ”

“ဘယ်စားတတ်မလဲ…သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီးမှ မိဖုးရားကြီးကျေနပ်အောင် တရိုတသေသိမ်းထားပါမယ်လို့ ပြောရတယ်။ အဲဒီမှာ နန်းတွင်းသူတယောက်ကတော့ မိဖုရားရဲ့ ကွမ်းဖတ်ရသွားလို့ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ဝါးနေတာ အ ခြားနန်းတွင်းသူတွေတောင် အားကျလို့…”
“ဟာ…သူများပါးစပ်ထဲက …ကွမ်းဖတ်ကြီး..”

“အခုခေတ် သားတို့ကလေးတွေဆို ရွံမှာပေါ့ကွာ..။ ရှေးတုန်းကတော့ အဘိုးအဘွားတွေ ကွမ်းဖတ် မြေးတွေကို ခွံ့ကျွေးတာ ကျေနပ်ခဲ့ကြတာပဲ”

- ‪#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၇ ဆောင်းပါး]

စိုးလွင် (၂၁၁) (၀မ်ခ) ● ကမ္ဘာ့အကျယ်ဆုံး ခေါင်းလေလား

$
0
0
 
စိုးလွင် (၂၁၁) (၀မ်ခ) ● ကမ္ဘာ့အကျယ်ဆုံး ခေါင်းလေလား
( ကြ မ်း ကြ မ်း တ မ်း တ မ်း  ဘ ၀ လ မ်း များ)
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၂၂၊ ၂၀၁၆

=======
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်​အာဏရှင်​စနစ်​ အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေး​အတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်​လှန်​​ရေးခရီးလမ်းတလျှောက် ကျနော် ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ​ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်​ပွဲဝင်​ခဲ့ကြတဲ့ ရဲ​ဘော်​သူငယ်​ချင်း​များအား အမှတ်​ရဂုဏ်​ပြုခြင်းအဖြစ်​​သော်​လည်း​ကောင်း၊ နောင်​ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ်​မျိုးဆက်​သစ်​များ​ သိရှိလေ့လာနိုင်​ရန်​အတွက်​သော်လည်းကောင်း မိုးမခ/သစ်​ခက်​သံလွင်​အွန်လိုင်းမှ တဆင့်​ ​ရေးသားတင်​ဆက်​လိုက်​ပါသည်​။

စိုးလွင် (၀မ်ခ) (၂၁၁)
=======

ဒီတိုက်ပွဲမဖြစ်ခင်မှာ စခန်းတွင်းမှာရှိနေတဲ့ကျောင်းသားအဖွဲ့ရခိုင်အဖွဲ့   ခေါင်းဆောင်တွေကို K.N.U က ဗိုလ်မှူးကျော်သောင်း က အစည်းအဝေး ခေါ်လိုက်ပါတယ်။ သူရှင်းပြတာက….တို့စခန်းကို ရန်သူက ရှေ့နောက်ညှပ်ပြီးဝင်တိုက်တဲ့အခါ တို့မှာ ထွက်ပေါက်မရှိတော့ဘူး။ ဒါကြောင့်အခုကထဲက စခန်းကိုဆုတ်ခွာမလား.. အသေခံ တိုက်မလားမေးတော့…အားလုံးက တူညီတဲ့အဖြေပေးလိုက်ကြတယ်.. အသေခံ တိုက်မယ်လို့….

ဝမ်ခ (သစ်) စခန်းကို သမရိုးကျနည်းနဲ့တိုက်လို့မရလို ရန်သူဟာ တမျိုးကြံပြန်ပါပြီ။

ဒီတခါတော့ မြန်မာဘက်ကမ်းကရော ထိုင်းဘက်ကမ်းကရော နှစ်ဖက်ညှပ်ပြီးတိုက်ဖို့ကြံတာပါ။ ဒီလို ၀င်တိုက်ဖို့အတွက် ထိုင်းအစိုးရထံခွင့်တောင်းရာမှာ ထိုင်းနယ်မြေထဲကို ၂၄ နာရီ ၀င်ရောက်နိုင်ကြောင်း ထိုင်းအစိုးရက မြန်မာအစိုးရကို ၀င်ခွင့် ပေးလိုက်ပါတယ်။ ကြားဖြတ်စက်တွေကတဆင့် ဒီသတင်းကိုကြား တဲ့ K.N.U ကလည်း သူတို့ကိုလည်း ထိုင်းနယ်မြေ အတွင်း ၀င်ရောက်ခွင့်ပြုဖို့တောင်းဆိုတဲ့အခါမှာ..၂၄ နာရီ ၀င်ရောက်ခွင့်ပြုကြောင်း ထိုင်းအစိုးရမှ အကြောင်းပြန်ခဲ့ပါတယ်။

ခွင့်ပြုချက်ရပြီးတဲ့နောက် မြန်မာစစ်တပ် ထိုင်းဘက်ကမ်း မ၀င်ရောက်ခင် မှာ K.N.U က သူ့ရဲ့တပ်တချို့ကို ထိုင်းဘက်ကမ်းကို ပို့ထားလိုက်ပါပြီ။

ဒီလိုကျနော်တို့စခန်းကိုတိုက်ဖို့အတွက် လွန်ခဲ့တဲ့တပတ်လောက်ကထဲက လက်နက်ကြီးကို ရန်သူက ဆက်တိုက်ပစ်နေ တာပါ။ ကျနော်တို့အဖွဲ့တွေလည်း အပြင်ကိုထွက်လို့မရဘဲ ဘန်ကာထဲမှာပဲ ချက်စားနေ ရပါတယ်။ အိမ်သာတက်ချင် တာတောင် ဘန်ကာထဲမှာပဲ ကျွတ်ကျွတ်အိတ်ထဲပါထဲ့၊ ပြီးရင် သောင် ရင်းမြစ်ထဲ လွှင့်ပစ်ပေါ့။ တချို့လည်း ဘန်ကာထဲမှာ သွားမတတ်လို့အသက်စွန့်ပြီး ဝါးရုံကြားမှာသွားရတယ်။

ညလေးနည်းနည်းမှောင်တာနဲ့ မြန်မာဘက်ကမ်းကနေ ရန်သူဟာ စတိုက်ပါပြီ။ ဒီအချိန်မှာ ရန်သူရဲ့ တပ်တချို့ဟာ ကျနော်တို့စခန်းရဲ့ဘယ်ညာတောင်ပံကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး.. ကျနော်တို့ စခန်းနောက်ကျောကိုတိုက်ဖို့အတွက် ထိုင်းနိုင်ငံထဲ ၀င်ရောက်လာပါပြီ။

ထိပ်တိုက်မှာ တိုက်ပွဲစဖြစ်တာနဲ့ ကျနော်တို့ရဲ့ထမင်းရှင် G.4 တွေလည်း စတင် အလုပ်လုပ်ပြီပေါ့။ ဒီလိုနဲ့ ပစ်လိုက်နားလိုက်နဲ့လုပ်လာလိုက်တာ မနက် ၄ နာရီလောက်ရောက်တော့ ကျနော်တို့လည်း ကျည်ဆံ ခွံတွေ တော်တော်စုမိပါပြီ။

တိုက်ပွဲတွေဖြစ်တဲ့အထဲမှ ဒီတပွဲကအများဆုံးရလိုက်လို့တိုက်ပွဲနိုင်မလား ရှုံးမလားမသိသေးဘူး၊ ကျနော်တို့ကတော့ ပျော်နေကြပြီ။ (ကျနော်တို့က စခန်းကျသွားမှာ စိုးရိမ်မှုမရှိဘဲ စိတ်ချလက်ချ ပျော်နေနိုင်တာ အကြောင်းရှိပါတယ်။ ဒီတိုက်ပွဲမဖြစ်ခင်မှာ စခန်းတွင်းမှာရှိနေတဲ့ကျောင်းသားအဖွဲ့ရခိုင်အဖွဲ့   ခေါင်းဆောင်တွေကို K.N.U က ဗိုလ်မှူးကျော်သောင်း က အစည်းအဝေး ခေါ်လိုက်ပါတယ်။ သူရှင်းပြတာက….တို့စခန်းကို ရန်သူက ရှေ့နောက်ညှပ်ပြီးဝင်တိုက်တဲ့အခါ တို့မှာ ထွက်ပေါက်မရှိတော့ဘူး။ ဒါကြောင့်အခုကထဲက စခန်းကိုဆုတ်ခွာမလား.. အသေခံတိုက်မလားမေးတော့…အားလုံးက တူညီတဲ့အဖြေပေးလိုက်ကြတယ်.. အသေခံ တိုက်မယ်လို့….ဒီမှာဗိုလ်မှူးကျော်သောင်းပြောတာ မှတ်မိသေးတယ်…ပြောင်း ကွဲကွဲ -ီး ပြဲပြဲတိုက်မယ်….ဆိုတဲ့စကား)….

ကျနော်တို့တပ်စိတ်ပျော်လို့ကောင်းတုန်း စခန်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ကျနော်တို့အဖွဲ့နဲ့ ထိုင်းဘက်ကမ်းက ၀င်လာတဲ့ ရန်သူတပ် မီးကုန်ယမ်းကုန်တိုက်ကြပါပြီ။ ရန်သူက ကျနော်တို့ စခန်းအနောက်ဘက်ကို မဲတိုက်နေတုန်း..ထိုင်းနိင်ငံထဲကို ၀င်ရောက်နေတဲ့ K.N.U အဖွဲ့က ရန်သူကို နောက်ကျောကနေ ၀င်တိုက်လိုက်တာ မနက် ၅ နာရီခွဲလောက်ရှိတော့..ရန်သူ ဟာ အသေမိ အရှင်မိ ထွက်ပြေးနဲ့ဖြစ်ကုန်ကြပါပြီ။

ဒီသတင်းကို စက်ထဲကတဆင့်ကြားရတဲ့ကျနော်လည်း ကိုယ့်ဘက်ကနိုင်လိုက်ပြီဆိုတာ သိလိုက်ပါပြီ။ ဒါနဲ့ ကျနော်လည်း နှိုးသင့်တဲ့ရဲဘော်ကိုနှိုး..၊ အိပ်ခိုင်းသင့်တဲ့ ရဲဘော်ကိုအိပ်ခိုင်း…။

ရန်သူရဲ့စက်သေနတ်ကြီးနဲ့လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးသွားတဲ့သဲအိတ်နဲ့ ဘန်ကာတွေကို အလင်းရောင်လာတာနဲ့ ပြင်မယ်ဆိုတာ ရဲဘော်တွေကိုပြောပြီး…တညလုံးမအိပ်ရသေးတဲ့ကျနော် အိပ်လိုက်ပါတယ်။

မနက် ၇ နာရီလောက် ကျနော်နိုးလာပြီး ဘန်ကာပြင်ဖို့လူစစ်လိုက်တဲ့အခါ မြင့်အောင် (ချက်ကြီး) နဲ့ မင်းကျော်က မတွေ့ရ ဘူး။ မေးကြည့်တော့…ဖမ်းမိတဲ့ရန်သူနဲ့ လက်နက်ပစ္စည်းတွေကိုကြည့်ဖို့ စခန်းဥက္ကဋ္ဌဖြစ်တဲ့ ကိုသက်လှိုင်ဆီက လက်ဖက် ရည်ဖိုးတောင်းပြီး စခန်းအနောက်ဘက်ကို ထွက်သွားကြောင်း ပြောကြတယ်။ (ကျနော်တို့စခန်းထဲမှာ တိုက်ပွဲဖြစ်နေလည်း ဒေါ်ရွှေဆိုတဲ့ ကရင်အဘကြီးလင်မယားက လက်ဖက်ရည်ရောင်းပါတယ်။ လက်နက်ကြီးထွက်လာရင် ရောင်းသူရော လာ သောက်သူပါ ဘန်ကာထဲဝင်ကြပြီး ကွဲပြီးရင် ပြန်ထွက်ဖျော်ကြ သောက်ကြပါတယ်)

ဒါနဲ့ ကျနောလည်း ရှိတဲ့သူနဲ့ ဘန်ကာပြင်ဖို့ ဘန်ကာအပေါ်တက် လိုက်ကြည့်နေတုန်း… ခြုံတောတွေ တိုးပြီး သောင်ရင်းမြစ် ကမ်းကို လာနေတဲ့သူတယောက်ကို ထိုင်းဘက်ကမ်းမှာ တွေ့လိုက်ရတယ်။ ရန်သူလား K.N.U လူလား မကြိမ်း သေတာနဲ့ကြည့်နေတုန်း..သူက ကျနော့်ကို တွေ့တာနဲ့ ခြုံတိုးပြီးပြေး ပါလေးရော။

ချက်ချင်းပဲ ကျနော်လည်း ဘန်ကာထဲမှာရှိနေတဲ့ ရဲဘော်တယောက်ဆီက G.4 တောင်းပြီး ခြုံလှုပ်ရာ လမ်းတလျှောက် လိုက်ပစ်တော့တာပဲ။ ကျည်တဘောက်ကုန်မှသေချာပြန်ကြည့်တော့ ဘာလှုပ်ရှားမှုမှ မတွေ့ရတော့ဘူး။ ထိသွားလား…လွတ်သွားလား မသိနိုင်တော့ဘူး။

ဒါနဲ့ပဲ ဘန်ကာဆက်ပြင်နေတုန်း K.N.U က ဆရာဝေါလ် မျက်နှာပျက်ပျက်နဲ့ရောက်လာပြီး.. ဖမ်းမိထားတဲ့ လက်နက်ကြီး ကျည်တွေပေါက်ကွဲပြီး လူ ၃၀ လောက်သေတာ ကျနော့်ရဲဘော် ပါသွားကြောင်း ပြောလာပါတယ်။ လက်နက်ကြီးပစ်နေ ဆဲဖြစ်တဲ့အတွက် ဖြစ်တဲ့နေရာကို ဆက်သွယ်ရေးမြောင်းအတိုင်းသွားမယ်ဆိုရင် နာရီဝက်လောက်ကြာနိုင်ပါတယ်။

ကျနော့်နေရာကနေ ဖြစ်တဲ့နေရာကိုအဖြောင့်ပြေးရင် ၁၀ မိနစ်လောက်ဘဲကြာနိင်တာမို့ လက်နက်ကြီး ရန်ကိုဂရုမစိုက် တော့ဘဲ ကျနော်ပြေးတော့တာပဲ။ ကျနော့အနောက်က ခင်မောင်အေး ပြေးလိုက်လာတယ်။

ဖြစ်တဲ့နေရာကို ကျနောရောက်သွားပြီး လဲကျနေသူတွေထဲ ကိုယ့်လူကို လိုက်ရှာနေတုန်း.. ကျောင်းသား ရဲဘော်တဦးညွန်းပြလို့ကြည့်လိုက်တော့ ပါးမှာ ဒဏ်ရာကြီးနဲ့မြင့်အောင်ကို မြေမှာလဲနေတာကို တွေ့ရပါတယ်။ ကျနော်လည်း အနားကပ် သွားပြီးကြည့်လိုက်တော့ လှုပ်ရှားမှုလုံးဝ မရှိပါဘူး။ ဒါနဲ့ မြင့်အောင် မြင့်အောင်..လို့ခေါ်ကြည့်လိုက်တော့လည်း ပြန်မထူးပါ ဘူး။ အသကရှူသေးရဲ့လားလို့ နှာခေါင်းကိုစမ်းကြည့်တဲ့အခါလည်း ရှူတယ်ဆိုတာ မတွေ့ရဘူး။ (ကျနော်ပြေးလာရလို့ မောတာနဲ့ စိတ်လှုပ် ရှားတာလည်း ပါမယ်ထင်တယ်)..ဒါနဲ့ ကျနော်လည်း သေပြီထင်တော့ ကိုယ့်ဘန်ကာဆီကို ပြန်ထမ်း သယ်မယ်လို့ရည်ရွယ်ပြီး ခင်မောင်အေးကို လှမ်းခေါ်လိုက်တဲ့အခါမှ….စိုးလွင်…ငါမသေသေးဘူးလို့ မြင့်အောင်က ဗလုံ ပထွေး အသံနဲ့ ပြောလာပါတယ်။ ဒီတော့မှ ကျနောလည်း ၀မ်းသာအားရနဲ့..မြင့်အောင်ကို ဆေးရုံပို့ဖို့ စီစဉ်ရတော့တယ်။ ဒီအချိန်မှာပဲ မြင့်အောင်က အန်ချင်တယ်ပြောလို့ ..သူကိုပွေ့ထူးပြီး အန်စေပါတယ်။

မြေကြီးပေါ်ကို အန်ချစေချင်ရင်ရရဲ့သားနဲ့ ကျနောလည်း ထူပူပြီး မလိုအပ်ဘဲ သူ့ပါစပ်းနေရာမှာ လက်ခုတ်နဲ့ခံထားမိတယ်။ တကယ်ကျတော့ အန်ဖတ်တွေက ပါးစပ်ကထွက်လာတာမဟုတ်ဘဲ သူ့ရဲ့ ပါးပေါက်ဒဏ်ရာက ထွက်ကျလာတာပါ။ နောက် တော့ ဆေးရုံပို့ဖို့ မြင့်အောင်ကို ထမ်းပြေးရတာပေါ့…။

မြင့်အောင်ကိုဆေးရုံပို့…ခင်မောင်အေးကိုလူနာစောင့်ထား…ကိုယ့်လူမသေဘူးဆိုလို့ ပင်ပမ်းမှန်းမသိ။

ဝမ်းသာပေါ့ပါးတဲ့စိတ်တွေနဲ့ပြန်လာတဲ့ကျနော်..စခန်းအနောက်ဘက်ခြမ်းမှာရှိတဲ့ ဇော်လွင်မြင့်တို့ဘန်ကာဘက်ရောက်တဲ့အခါမှာတော့ ရင်ဆို့ပါပြီး။ မြင့်အောင်နဲ့အတူ လက်နက်ကြီးကွဲတာကိုလာကြည့်တဲ့မင်းကျော်ရဲ့အလောင်းကို ရေမိုးချိုးပြီး စစ်ဝတ်စုံအသစ် ဖိနပ်အသစ်တွေနဲ့အလောင်းပြင်ထားတာကို တွေ့ရတော့တာပဲ။

(ကျနော်မြင့်အောင်ကိစ္စနဲ့လုံးပမ်းနေချိန်မှာ ..ပျောက်ဆုံးနေတဲ့မင်းကျော်ကို ကျန်တဲ့သူတွေက လိုက်ရှာပါ သတဲ့။ မင်းကျော် ရဲ့မျက်မှာဟာ မီးဟတ်ထားတာရော သဲတွေဖုန်တွေ ပေနေတာကြောင့် ဘယ်သူမှ မမှတ်မိပါဘူး။ နောက်ဆုံးမှာ မင်းကျော်ရဲ့ တွဲဘက်သူငယ်ချင်း အောင်မိုးက မင်းကျော်ခြေဖနောင့်မှာ သူကိုယ်တိုင်ကပ်ထားပေးခဲ့တဲ့ ဆေးပလာစတာကို မှတ်မိပြီး..ရင်ဘတ်က ကျောင်းသားတပ်မတော် တံဆိပ်ကိုတွေ့မှ မင်းကျော်ကျဆုံးသွားမှန်း သိကြတာပါ.) ကျနော်လည်း မင်းကျော်ဟာ သေပြီဖြစ်တဲ့အတွက် သူ့ကိုဝတ်ပေးထားတဲ့ စစ်ဝတ်စုံအသစ်ကို ပိုင်ရှင်တွေပြန်ယူဖို့ပြောပေမဲ့လည်း ဘယ်သူမှာပြန် မယူကြပါဘူး။

(ဒါကိုလည်း ရဲဘော်ရဲဘက်စိတ်လို့ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ..အဲ့ဒီအချိန်မှာ တပ်စိတ် တစိတ်မှာ ထိုင်းဘတ်ငွေ ငါးဘတ်ရှိဖို့တောင် အနိုင်နိုင်ပါ။ ဒီစစ်ဝတ်စုံနဲ့ ဖိနပ်အသစ်ဟာ ထိုင်းဘတ်ငွေ ၂၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး..ဒီငွေတွေရဖို့ သူတို့တတွေ ရန်သူလက်နက်ကြီးတွေ ပစ်နေတဲ့ကြားက သက်စွန့်ဆံဖျား မီးသွေးဖုတ်..အိမ်ဟောင်းတွေ ခွာရောင်းထားတဲ့ ပိုက်ဆံမို့ပါ)

ကဲ ..ဒီလိုဆိုတော့ အလောင်းထည့်ဖို့ခေါင်းလိုလာပြီ။ ဘယ်သူခေါင်းရိုက်တတ်သလဲလို့ မေးမြန်းလိုက်တော့… ရုပ်ရှင်မင်းသမီးမို့မို့မြင့်အောင်တို့ရွာ..သက္ကလရွာက တောခိုလာတဲ့ ဇော်လွင်မြင့်ဆိုသူက …ရွာမှာနေတုန်း က လက်သမားလုပ်လာတဲ့ အတွက် သူလုပ်ပေး မယ်လို့ ပြောလာပါတယ်။

(ယခု Australia ရောက်တော့လည်း လက်သမားအလုပ်ပဲ ဆက်လုပ်နေတယ်ဆိုလို့ ..ငါထောက်ခံ စာရေးပေးရအုံးမလားလို့ ဇော်လွင်မြင့်နဲ့ဆုံတုန်း မေးလိုက်ပါသေးတယ်)

ဒါနဲ့ပဲ ဇော်လွင်မြင့်နဲ့ ခေါင်းလုပ်မယ့်အဖွဲ့ကိုထားခဲ့ပြီး..ကျနော်နဲ့ ရဲဘော် ၄ ယောက်လောက်က ကျင်းတူးဖို့ စခန်းအလယ် လောက်မှာရှိတဲ့ သင်္ချိုင်းကို ထွက်လာလိုက်ပါတယ်။ သင်္ချိုင်းမြေနေရာရောက်လို့ကြည့်လိုက်ပြန်တော့လည်း ကျောက်ခဲရှိတဲ့ မြေကြီးတွေကြီးပဲ။ ဒီကြားထဲ ရန်သူက လက်နက်ကြီးနဲ့တဖုန်းဖုန်းပစ်နေတော့ သစ်ပင်အောက်မှာ ပုန်းနေရပြီး အပစ်ရပ်တာနဲ့ တယောက် တလဲပြေးတူးရတာပေါ့။ ပေါက်တူးကလည်း တလက်ထဲရှိ…မြေကြီးကလည်းမာ…လက်နက်ကြီးကလည်း မကြာမကြာပစ်နေတော့… နေ့လည်လောက်ကထဲက တူးလိုက်တာ ညနေ ၄ နာရီလောက်ကျတော့ ခေါင်း တခုချရုံ မြေကျင်း ရပြီဖြစ်တဲ့အတွက် အလောင်းရှိရာကိုပြန်လာခဲ့ကြတယ်။ ပြန်ရောက်လို့ မင်းကျော် အလောင်းနဲ့ခေါင်းကို ကြည့်လိုက်တော့…ဘုရား..ဘုရား…ဘီဒိုကိုလှဲချပြီး မင်းကျော်ကို ထည့်ထားသလိုပါပဲ။ မင်းကျော်အပြင် နောက်နှစ်ယောက်လောက် ထပ်ထဲ့ လို့ရအောင် ခေါင်းက ကျယ်ပါတယ်။

(ဇော်လွင်မြင့်လည်း ရတဲ့သစ်ကို လက်သမားပစ္စည်း မစုံမလင်နဲ့ လုပ်ရတာမို့ပါ)..ခေါင်းကိုပြင်ဖို့ အချိန် မရှိတော့ပါဘူး။ ဒါနဲ့ပဲ အခေါင်းထမ်းမယ့် ကျနော်အပါအ၀င် လူ ၆ ယောက်ကိုရွေး၊ သေနတ် ၄ လက်ယူပြီး…ခေါင်းထမ်းထွက်လာ လိုက်တော့တာပဲ။ (လက်နက်ကြီးတွေ ပစ်နေတုန်းမို့… လူအများကြီးလိုက်လို့ မသင့်ဘူး။ တခုခုဖြစ်ရင် တပူပေါ် နှစ်ပူဆင့် သွားမယ်)

ခေါင်းထမ်းလို့ထွက်လာတာ မကြာသေးဘူး..လက်နက်ကြီးတလုံးထွက်လာတာကို ကြားရပါပြီ။ တကယ်လိုများ ခေါင်းထမ်း လာတာမဟုတ်ဘဲ ..ဆက်သွယ်ရေးမြောင်းမရှိတဲ့ဒီလမ်းကို တခြားကိစ္စ တခုနဲ့လာခဲ့မယ်ဆိုရင် ကျနော်တို့အားလုံး ခုချိန် လောက်ဆိုရင် သစ်ပင်တွေအောက်မှာ ၀င်ပုန်းနေလောက် ပါပြီ။ အခုတော့…ဘယ်ခေတ်က ဘယ်သူတွေပြောထား မှန်မသိ တဲ့ ..ခေါင်းကို စထမ်းချိန်ကစပြီး သင်္ချိုင်း မရောက်ခင် လမ်းမှာမချရဆိုတဲ့ အတွေးအခေါ်က ကျနော်တို့အားလုံးရဲ့ အတွေးမှာ ၀င်နေတော့ ..ခေါင်းကို ချပြီး သစ်ပင်အောက်မပြေးရဲ။ ခေါင်းထမ်းပြီး ဒီအတိုင်း ထိုင်ချ လိုက်မယ်ဆိုရင်လည်း...စက္ကန့် ၂၀ လောက် အလေးခံပြီး ငုပ်တုတ်ထိုင်နေရမယ်။ ခေါင်းကကြီးပြီး တအားလေးတဲ့အပြင် လက်နက်ကြီးရန် လည်း ကြောက် နေရတော့ အားလုံးက သင်္ချိုင်းကို အမြန်ရောက်ချင်နေကြပြီ။

ဒီလိုနဲ့ပဲ ဆက်ထမ်းလာလိုက်တာ…လက်နက်ကြီးဖြတ်လာသံ တရွီရွီကြားမှာပဲ ခေါင်းကြီးထမ်းပြီး ထိုင်ချ လိုက်တော့တယ်။ ကျနော်တို့ဘက်အခြမ်းက လျှင်မြန်တာလား ..လက်နက်ကြီးရန်ကို အကြောက်လွန်နေ လားတော့မသိဘူး..ထိုင်ချတာ အခြားဘက်အခြမ်းထက် နည်းနည်းစော သွားတယ်။ ဒီတော့ ဘာဖြစ်လဲ ဆိုတော့….ခေါင်းအကျယ်ကြီးထဲမှာ လဲလျှောက် နေရတဲ့ မင်းကျော်ရဲ့အလောင်းဟာ…ခေါင်းကြီးထဲမှာ လိမ့်ပြီး..ကျနောတို့ဘက်အခြမ်းမှာ လာပိနေ တော့တာပဲ။ အရင်က ထဲက လေးလှပါတယ်ဆိုမှ အခုလို လာပိတော့ ခေါင်းကို ပစ်ချချင်စိတ်ပါ ပေါက်လာတယ်။

ဒါနဲ့ပဲ လက်နက်ကြီးကွဲတာကိုစောင့်၊ ကွဲသံကြားတာနဲ့..ကျနော်လည်း လျှင်လျှင်မြန်မြန်ပဲ ထပစ်လိုက်တယ်။ ဒီတော့မှပဲ ခေါင်းစောင်းသွားတဲ့အတွက် မင်းကျော်ရဲ့အလောင်းဟာ ခေါင်းရဲ့အလယ်ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ ဆက်ထမ်း လာလိုက်တာ..မကြာပါဘူး လက်နက်ကြီးတလုံး ပစ်ပြန်ပါပြီ။

ကျနော်တို့လည်း ဆက်ထမ်း..လက်နက်ကြီးဖြတ်သံကြားရင် ထိုင်ချ..။ ဒါပေမဲ့ ဒီတခါတော့ ကျနော်တို့ဘက် အခြမ်းက လည်သွားပါပြီ။ စောပြီး မထိုင်တော့ပါဘူး။ ဒီတော့ စောထိုင်မိတဲ့တဖက်ခြမ်းကို မင်းကျော်ရဲ့ အလောင်းက လိမ့်ပြီး သွားပိပြန်လေရော။ အလောင်းမပိတော့တဲ့ ကျနော်တို့ဘက်အခြမ်းကတော့ ပေါ့ပေါ့ပါးပါးပေါ့။ နောက်.လက်နက်ကြီးကွဲ သံကြားတော့ ဟိုဘက်အခြမ်းက ကျနော်တို့အခြမ်းထက်စောပြီး မြန်မြန် ထလိုက်တဲ့ခင်ဗျာ့။ အလောင်းလည်း ပုံမှန်နေရာ ရောက်သွားတာပေါ့။ ဒီလိုနဲ့ ဆက်ထမ်းပြန်ပေါ့လေ။…လာပြန်ပြီ နောက်ထပ် လက်နက်ကြီးတလုံး။

ဒီတခါတော့ ကျနော်တို့ ဟိုဘက်အခြမ်းကို စောင့်သေးတယ်ခင်ဗျ။ သူတို့ထိုင်ဖို့ကြာနေတာနဲ့ ကျနော်တို့ အခြမ်းက ထိုင်ချလိုက်ရော။ ဒီတော့ အလောင်းက ကျနော်တို့ဘက်ပိပြန်ရော။ ဒါနဲ့ လက်နက်ကြီးကွဲသံ ကြားတာနဲ့ ကျနော်တို့ဘက် အခြမ်းက မြန်မြန်ထပြန်။ အလောင်းကပုံမှန်နေရာ ပြန်ရောက်၊ ဆက်ထမ်းပြန်၊ လက်နက်ကြီးက နောက်ထပ်တခါလာပြန်၊ ဒီတခါတော့ ကျနော်တို့ နှစ်ဖက်ခြမ်းလုံး လည်သွားပါပြီ။ လက်နက်ကြီးဖြတ်သွားသံကြားလည်း သူအရင်ထိုင်နိုး ကိုယ် အရင်ထိုင်နိုးနဲ့စောင့်ရင် မထိုင်ဖြစ်ကြတော့ ပါဘူး။ အနီးအနားမှာ လက်နက်ကြီးကွဲမှာသာ ဒူးကွေးရုံ ထိုင်ကြပါတော့တယ်။ ကျနော်တို့အားလုံး လက်နက်ကြီးထိမှာမကြောက်ဘဲ အလောင်းပိမှာ ကြောက်နေကြပါပြီ။ နောက်ဆုံးမှာ လက်နက်ကြီးဖြတ် သွားသံကြားလည်း ကျနော်တို့ မထိုင်ကြတော့ပါဘူး။ အနားမှာ ကျကွဲနိုင်တယ်လို့ထင်မှ ရပ်ရုံသာ ရပ်ကြ ပါတော့တယ်။

အခုလို အလောင်းပိမှာကြောက်ပြီး မထိုင်ကြတော့ သင်္ချိုင်းကို မြန်မြန်ရောက်သွားတာပေါ့။ ကဲ တွေ့ပြန်ပါပြီ။ နောက်တမှု။ ကျနော်တို့က .ပုံမုန်ခေါင်းအရွယ်လောက်ပဲထင်ပြီး ကျင်းကို တူးထားတော့. .ခေါင်းနဲ့ဆို ကျင်းကသေးနေပြန်ရော။ ဒါနဲ့ပဲ ကျင်းကို ပြန်ချဲ့ရပြန်ရော။ မြေကလည်းမာ. .ပေါင်တူးက တလက်ထဲရှိ၊ လူတွေကလည်း ပင်ပမ်း.. အချိန်က လည်း မှောင်တော့မယ်ဆိုတော့..ခေါင်းဝင်ရုံလေးပဲ ကျင်းကိုချဲ့နိုင်တော့တယ်။ (ကျနော်လည်း တညလုံးမှာမှ တနာရီလောက်ပဲ အိပ်ရသေး..တနေ့လုံးလည်း ဘာမှမစားရသေး၊ ကျန်တဲ့ ရဲဘော်တွေလည်း ခေါင်းထမ်းရ..ကျင်းတူးရနဲ့ တော်တော်ပင်ပမ်း နေကြပါပြီ)

(မင်းကျော်ရဲ့အသုဘကို သင်ခန်းစာယူပြီး…နောင် ကျနော်တို့ရှေ့တန်းထွက်တဲ့အခါ… အတူသွားတဲ့ ရဲဘော်တွေကို ကျနော်ပြောထားပါတယ်..ငါများ တိုက်ပွဲမှာကျခဲ့ရင်… တူးပြီးမြှုပ်မနေနဲ့။ ချောက် (ဂျောက်) နီးရင် ဂျောက်ထဲပစ်ချ။ ချောင်း နားနီးရင် ချောင်းထဲပစ်ချလို့)။

ဒါနဲ့ပဲ ခေါင်းကြီးကိုကျင်းထဲထည့်..မ၀င်တဲ့နေရာဆို၊ ခေါင်းကြီးကို အတင်းနင်းချ။ အမိန့်စာပြန်…သေနတ်ဖောက်အလေးပြု။
အသုဘအခန်းအနားပြီးဆုံး။ စိတ်ထဲကတော့ မင်းကျော်ကိုတောင်းပန်းခဲ့ပါတယ်။ မင်းအသုဘမှာ တို့တတွေအမှားလုပ်ခဲ့မိရင် ခွင့်အလွှတ်ပါလို့……..။

စိုးလွင် (၀မ်ခ) (၂၁၁)
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>