Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

ကာတွန်း ATH - ဘုရားလေး ရှိခိုးပါရစေဦး

$
0
0


ကာတွန်း ATH - ဘုရားလေး ရှိခိုးပါရစေဦး
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၅

$
0
0


မောင်မောင်စိုး -  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၅
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆


ဦးချစ်ဆိုင် ၁

ဦးချစ်ဆိုင်သည် တောင်ငူဆောင်အနီး ပြည်လမ်းနှင့်ကပ်ရက် ဝင်းထရံ အနီးမှ ဗန်ဒါပင်ရိပ်များ အောက်တွင် ရှိသည်။ ဆိုင်ကတထပ်သွပ်မိုးဆောင်လေးဆိုတော့ သိပ်မကျယ်လှ။ တက္ကသိုလ်နယ်မြေမှ ဦးချစ်ဆိုင်ဟူသည့် ကျော်ကြားလှသည့် ဂုဏ်ပုဒ်နှင့် နှိုင်းစာလျှင် ဆိုင်က သေးနုတ်လွန်းသည်။ သို့သော် ဦးချစ်ဆိုင်၏ ဂုဏ်ဒြပ်သည် ကြီးမားလှသည့်အဆောက်အအုံ ခမ်းနားလှပသောဆိုင်အပြင်အဆင် ကြီးကျယ်သောတခါသုံးပန်းကန်ခွက်ယောက်များနှင့် အရသာရှိလှသော အစားအသောက်များ ကျွမ်းကျင်သည့်စာဖိုမှူးများကြောင့် ဖြစ်ထွန်းလာသည် မဟုတ်ပေ။

ဦးချစ်ဆိုင်၏ဂုဏ်ပုဒ်သည် တက္ကသိုလ်အရိပ်အာဝါသ၊ ဆိုင်တွင်ထိုင်ကြသည့် ဆရာများ၊ ကျောင်းသားများ၊ စာပေအနုပညာသမားများနှင့် ကျောင်းသားများကို ချစ်ခင်သည်းခံပေးသော  ဆိုင်ရှင်မိသားစု၏ အနွံအတာခံမှုတို့ အားလုံးပေါင်းစု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဓိကကတော့ သြဇာကြီးမားသည့် ပင်မတက္ကသိုလ်ကြီး၏ အရှိန်အဝါကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။ ၁၉၉၀ နောက်ပိုင်း ပင်မတက္ကသိုလ်ကြီး၏ အရှိန်သြဇာ ကျဆင်းသွားမှုနှင့်အတူ ဦးချစ်ဆိုင်လည်း မှေးမှိန်သွားခဲ့ရသည်။

ဦးချစ်ဆိုင်အဆောက်အအုံက သိပ်မကြီးလှပေ။ သို့သော် ဆိုင်ရှေ့က ကြီးမားသည့်  ဗန်ဒါပင်ရိပ် အောက်တွင် ထိုင်ခုံများဖြန့်ခင်းလိုက်လျှင်တော့ အတော်ကြီးသော ဆိုင်ကြီးဖြစ်သွားတော့သည်။ အေးမြသောဗန်ဒါပင်ရိပ်အောက်တွင် နေပျောက်က ဖြိုဖြိုးဖျောက်ဖျောက်သာ ရှိသည်။ စိတ်ချမ်းမြေ့စွာ အပူအပင်ကင်းစွာ ထိုဆိုင်တွင် ထိုင်နိုင်ပါသည်။ ထိုဆိုင်တွင် ကျောင်းသားများလည်း ထိုင်ကြသည်။ ဆရာများလည်းထိုင်ကြသည်။ စာရေးဆရာများလည်းထိုင်ကြသည်။ စာသမား ကဗျာသမားလည်း တွေ့နိုင်သည်။ စာရေးဆရာများလည်း တွေ့နိုင်သည်။ ပညာရှင်များလည်း ထိုင်ဝကသည်။ ရည်မှန်း
ချက်ကြီးသူများလည်း ထိုင်ကြသည်။ ရည်မှန်းချက်ပျောက်နေသူများလည်း ထိုင်ကြသည်။ မနက်မိုးလင်းမှ ည ၁၀ နာရီခန့်ထိ ကျောင်းဖွင့်ရက်များတွင် လူပြတ်လေ့မရှိ။ အဆိုပါဦးချစ်ဆိုင်တွင် မိမိတို့လည်း လိုလားနှစ်သက်စွာအချိန်ကြာမြင့်စွာ ထိုင်ခဲ့ပါသည်။

ဦးချစ်ဆိုင်ရောက်လျင်မိမိမှာလေ့ရှိသည်မှာ ဘလက်ကော်ဖီနှင့်ရွှေဘဲဆေးပေါ့လိပ်သာ ဖြစ်သည်။ ဦးချစ်ဆိုင်က ဘလက်ကော်ဖီ ခပ်ပျစ်ပျစ် ဖြစ်သည်။ မည်သည့်ကော်ဖီအမျိုးအစားနှင့် ဖျော်သည် လည်းတော့ မသိတတ်။ ယခုခေတ် ဘလက်ကော်ဖီမှာ ကျဲတောက်တောက်နှင့် သိပ်သဘောမတွေ့တော့။ မိမိဦးချစ်ဆိုင်တွင် ဘလက်ကော်ဖီနှစ်သက်စွာ သောက်စဉ်ကာလက သီရိဂျေမောင်မောင် မမွေးလောက်သေးပေ။ နောက်ပိုင်း သူမ၏သီချင်းထွက်လာတော့ ဦးချစ်ဆိုင်က ဘလက်ကော်ဖီကို သတိရမိသည်။

ဘလက်ကော်ဖီသောက်၍ ရွှေဘဲဆေးလိပ်ဖွာသည်။ ပြီးတော့ရေနွေးကြမ်းအိုး တအိုးပြီးတအိုး မှာကြသည်။ တခါတလေတော့ မြေပဲတပွဲလောက်မှာတတ်သည်။ မြေပဲဆားလှော် ၄ ထုပ်တပွဲဖြစ်ပြီး တပွဲကို ၁ ကျပ်ပေးရသည်။ ထို့နောက်ဝိုင်းသိမ်းလျှင်တော့ အိပ်ကပ်ထဲပါသည့် ပိုက်ဆံထဲမှာ အဆောင်ပြန်ဖို့ ကားခချန်ကြပြီး သူငယ်ချင်းများ စုပေါင်းစပ်ပေါင်း ရှင်းကြသည်။ ထိုစဉ်က လက်ဖက်ရည်တဝိုင်းလုံး တယောက်ထဲ ရှင်းနိုင်သူမရှိချေ ။

တခါကတော့ သူငယ်ချင်းတယောက် ဒကာခံမည်ဟုချိန်းဆိုသည်ကို ကြုံဖူးသည်။ ချိန်းဆိုသည်က ကိုတင်မောင်သန်း ဖြစ်သည်။ သူက မိန်းထဲက ကျောင်းသူတယောက်နှင့် ချစ်ကြိုးသွယ်နေသည်။ သူမအမည်က နီနီအောင်ဟုခေါ်သည်။ စာရေးဆရာကြီးရန်အောင်၏ သမီးဖြစ်သည်။ နီနီအောင်က
အသားနည်းနည်းညို သဖြင့် "အဓိပတိလမ်းပေါ်မှာ ကတ္တရာပုံးလေး တပုံးလိမ့်လိမ့်လိမ့်လိမ့်နဲ့လာ
နေရင် အဲဒါတခြားမမှတ်နဲ့ နီနီအောင်ပဲကွ "ဟူ၍ သူငယ်ချင်းတဦးက နောက်လေ့ ရှိသည်။

ထိုနေ့က ကိုတင်မောင်သန်းတို့က အချစ်နှစ်ပတ်လည် ဘယ်နှစ်မြောက်လည်းတော့မမှတ်မိ။ အထိမ်းအမှတ်အဖြစ် ကျွေးမွေးမည်ဆို၍ မိမိတို့သူငယ်ချင်းတသိုက် ဦးချစ်ဆိုင်မှာ လာစောင့်နေ ကြသည်။ ထိုနေ့က မိုးကတစိမ့်စိမ့်ရွာနေ၍ မိမိတို့အဖွဲ့က ဆိုင်ထဲတွင် သွပ်မိုးသံပေါ်ကျသည့် မိုးစက်ပေါက်သံများကိုနားထောင်ရင်း သူတို့စုံတွဲအား စောင့်နေကြသည်။ တော်တော်နှင့်ပေါ်မလာ။
ပေါ်လာတော့လည်း မင်းသားက တယောက်ထဲပေါ်လာသည်။ မင်းသမီးပါမလာ။ သူစတိုင်အတိုင်း တိုက်ပုံအင်္ကျီလေး ပခုံးပေါ်တင်၍ ငိုက်စိုက် ငိုက်စိုက်နှင့် ဝင်လာသည်။ မျက်နှာက သိပ်မကောင်းလှ။ သူခုံတလုံးဆွဲ၍ မထိုင်ခင်မှာပင် အားလုံးက ဘယ်မလဲ မင်းကောင်မလေးဟု ဝိုင်းမေးကြသည်။

မင်းသားက ပါးစပ်ကမဖြေ။ ခုံတလုံးဆွဲယူထိုင်သည်။ ပြီးမှ အိတ်ထဲမှ စာတစောင်ဆွဲထုတ်ပေးသည်။ မိမိတို့ထဲ အသက်ကြီးဆုံးဖြစ်သည့် ကိုချစ်ဆောင်ဦးက အရင်ယူဖတ်သည်။ ပြီးတော့ တယောက်ပြီး တယောက် လှည့်ဖတ်ကြသည်။ တိုရင်းလိုရှင်းပြောရလျှင် ဖြတ်စာဟုဆိုရမည်။ အချစ်နှစ်ပတ်လည် နေ့တွင် ဖြတ်စာအပေးခံလိုက်ရ၍ မင်းသားကြေကွဲနေဟန်တူသည်။
ထို့ပြင် သူငယ်ချင်းအားလုံးကို ချိန်းဆိုထားသည့်နေ့တွင်ဖြစ်၍ ရှက်ရွံ့သည်လည်း ပါပေလိမ့်မည်။ ဝမ်းပမ်းတသာစားသောက်ရန် စားသောက်ရန် ပြင်ဆင်ထားသော မိမိတို့တသိုက်လည်း ငြိမ်သက်သွား သည်။ တိုက်တိုက်ဆိုင်ဆိုင် ဦးချစ်ဆိုက်မှာ မိုးတစိမ့်စိမ့်ရွာနေသည့်အချိန် ဖွင့်ထားသည့်သီချင်းက
လည်း ကိုတင်လှိုင်၏ အလွမ်းသီချင်းတပုဒ်ထင်သည်။ တစိမ့်စိမ့်ရွာနေသောမိုးအောက်တွင် အဆွေးသီချင်းနှင့် မင်းသားကားလွမ်းကောင်းနေတော့သည်။

မင်းသားကလည်နေသောမျက်ရည်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိန်းပြီးနောက် စာကိုပြန်ယူ ခေါက်၍ အိတ်ထဲပြန်ထည့်ကာ စကားတခွန်းမှမဆိုဘဲ ဆတ်ခနဲ ဆိုင်ထဲမှ ထထွက်သွားလေတော့သည်။ မိမိတို့တသိုက်လည်း ခဏမျှငြိမ်သက်နေသော်လည်း တယောက်က စဖောက်သည်။
"အေးလေ ..ရှူးစိုနေတဲ့ထင်းချောင်းကြီးဆိုတော့ ဘယ်မီးတောက်ပါ့မလဲ "ဟုဆိုလိုက်ရာ အားလုံးဝါးခနဲ ရီလိုက်ကြပြီး ပုံမှန်ပြန်ဖြစ်သွားတော့သည်။

တင်မောင်သန်းအားပေးလိုက်သော ဖြတ်စာထဲတွင် နီနီအောင်က အကြောင်းပြချက်တခု ပေးထားသည်။ ထိုအကြောင်းပြချက်ကတော့…
"ရှင့်ကို မီးမွှေးလို့ရတဲ့ထင်းချောင်းကြီးမှတ်လို့ ပွေ့ပိုက်ထားတာ အခုတော့ ရှင့်ရဲ့မျောက်မြင်တိုင်း ခဲနဲ့ပေါက်ချင်တဲ့စိတ်ကြောင့် မီးမွှေးလို့မရတဲ့ ရေစိုနေတဲ့ထင်းချောင်းကြီးမှန်းသိလို့ လွှတ်ပစ်လိုက်ပြီ "ဟူ၍ ဖြစ်သည်။

ဆိုလိုသည်ကတော့ ထိုစဉ်က ကျောင်းသားလှု ပ်ရှားမှု များတွင် တက်ကြွစွာပါဝင်နေသော ကိုတင်မောင်သန်းအား ထောက်ပြကန့်ကွက်၍ အဆက် ဖြတ်လိုက်ခြင်းဟုဆိုရမည်။ သို့သော် သူမ၏ ရေစိုနေသော ထင်းချောင်းကြီးလည်း မိမိတို့ပါးစပ်ထဲရောက်တော့ ရှူးစိုနေသော ထင်းချောင်းကြီး ဖြစ်သွားတော့သည်။

ထို့နေ့ကတော့ အလွမ်းဇတ်ဖြစ်သည်။ မိမိတို့လည်း လွမ်းရပါသည်။
ထုံးစံအတိုင်း စုပေါင်းစပ်ပေါင်း ပိုက်ဆံထုတ်၍ ရှင်းလိုက်ရသဖြင့် လွမ်းစရာကောင်းသွားတော့သည်။ သို့သော် မိမိတို့သာ မစားရမသောက်ရ အိတ်စိုက် လွမ်းလိုက်ရသော်လည်း သူတို့ ၂ ယောက်က ခုတော့ မြေးတောင်ရနေရှာပြီ ဖြစ်သည်။

ဦးချစ်ဆိုင်တွင် တကယ်လွမ်းခဲ့သူတစ်ဦးလည်း ရှိပါသည်။ သူကား ဆရာကိုကြီးမြင့် ဖြစ်သည်။ ကိုကြီးမြင့်ကား စကားနည်း၍ အနေအေးသူဖြစ်၍ အပေါင်းအသင်းနည်းသူဖြစ်သည်။ မိမိတို့နှင့်အယူအဆ စဉ်းစားပုံတူ၍ ပေါင်းမိနေခြင်းဖြစ်သော်လည်း အပေါင်းအသင်းမများလှ။ မိန်းကလေးသူငယ်ချင်းလည်း ရှိပုံမပေါ်ပေ။ ထိုစဉ်က စီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့ရပြီး ကျူ တာလုပ်နေကာ ပိုလန်သို့ PhD ဘွဲ့အတွက် ပညာတော်သင်စေလွှတ်ရာထားသူအထဲတွင် ပါဝင်သည့် ကိုကြီးမြင့်အနေနှင့် မတ်ဝါဒကျမ်းများ ဖတ်ရှူလေ့လာနေစဉ်မှာ အိမ်ထောင်ပြုသင့်သည့် အရွယ်ရောက်နေပေပြီ။

မိမိတို့ကလည်းကိုကြီးမြင့်အား မြှောက်ပေးခဲ့ကြသည်။ ထိုစဉ်က ဦးချစ်ဆိုင် ညနေဆည်းဆာတွင် လာထိုင်လေ့ရှိသော ဆရာမတဖွဲ့ရှိသည်။  ထိုစဉ် သမိုင်းဝင်းထဲရှိ ကွန်ပြူတာဌာနမှ ညနေကျောင်းဆင်းလျှင်လှည်းတန်းကျောင်းထိပ်တွင်ဆင်း၍ ဦးချစ်ဆိုင်ထိုင်ပြီးမှ ရန်ကင်းပြန်လေ့ရှိသည့် ဆရာမငယ်တဦးပါသည်။ ထိုဆရာမငယ်သည် ဆရာမပီပီ မြန်မာဆန်ဆန် သေသေသပ်သပ် ဝတ်စားဆင်ယဉ်လေ့ရှိရာ ကျက်သရေရှိသူတဦးဖြစ်သည်။

ဦးချစ်ဆိုင် ညနေဆည်းဆာ နေချည်အောက်တွင် တောက်ပနေသော ဆရာမငယ်၏ အလှသည် ဆရာကိုကြီးမြင့်ရင်ကို လှုပ်ခတ်စေခဲ့သည်။ မိမိတို့ကမြှောက်ပေးသည်လည်း ပါသည်။ ဆရာမငယ်သည် သူနှင့် သက်တူရွယ်တူတန်းတွေ မဟုတ်ပါလော။

ဦးချစ်ဆိုင်ညနေထိုင်လျင် ဆရာမငယ်ထိုင်သည့်ခုံဘက် မျက်နှာမူသည့် ထိုင်ခုံတွင် ကိုကြီးမြင့်ကို နေရာပေးရသည်။ ကိုကြီးမြင့်မျက်နှာချင်းဆိုင်တွင် ထိုင်သည့် မိမိတို့က သူမြင်သာအောင် နေရာချဲထိုင်ပေးသည်။ ဒါတောင် ဆရာမငယ်ဝင်လာသည့်နှင့် မိမိတို့အထဲက တယောက်မဟုတ် တယောက်က "ဟေ့ ကြက်မတဝပ်စာလောက်တော့လုပ်ဟေ့ "ဆိုကြသည်။
ကိုကြီးမြင့်မြင်သာအောင်နေရာချဲပေးဖို့ သတိပေးကြသည်။ ကိုကြီးမြင့်ကား မည်သည့်စကားမှမဆို ။ ပြုံးတုံ့တုံ့သာ နေရှာသည်။ သို့သော် သူသည် အဆိုပါ လှပကျက်သရေရှိသော ဆရာမငယ်ကို တကယ်ရင်ခုန်ခဲ့သည်ထင်ပါသည်။

အချိန်နည်းနည်းကြာလာပြီး ကိုယ်လူက တုတ်တုတ်မှ မလှုပ်၍ မိမိက မြှောက်ပေးသည်။
"ဒီလိုလုပ်ဗျာ စာမပေးရင်တောင် ပို့စကဒ်လေးတော့ပေး။ ဒါနဲ့စဗျာ "ဟု ဆိုခဲ့ရာ နောက်နေ့ကိုကြီးမြင့် တိုက်ပုံအိတ်ထဲတွင် ပို့စကဒ်လေးတခုတွေ့ရသည်။ ထိုခေတ်ကာလ ထုံးစံအတိုင်း မောင်ပန်းမွှေးကဗျာ ဖြစ်သော ...
"နေပူ လေပူ
ရင်ပူပူမှာ
ပန်းဖြူ ဖြူ လေး ပေးလိုက်တယ်နော် "ဟူသည့် ကဗျာပါသည့် ပို့စကဒ်လေးဖြစ်သည်။

သို့သော် ကိုကြီးမြင့်တစ်ယောက် ထိုပို့စကဒ်လေးအား ဆရာမငယ်အား ပေးခွင့်မကြုံခဲ့တော့။ ထိုစဉ်ကာလ ပြင်းထန်သောတိုက်ပွဲအရှိန်အဟုန်များကြားတွင် ဆရာမငယ်အား၎င်း PhD ပညာတော် သင်အား၎င်း၊ ကျောခိုင်း၍ အရှေ့မြောက်သို့ ထွက်ခွာသွားခဲ့သည်။ သူရင်ခုန်ခဲ့သည်ကို ဆရာမငယ် လည်း သိမသွားခဲ့တော့။ သူမအား ဆိတ်ငြိမ်စွာချစ်ခဲ့ တိတ်တခိုးရင်ခုန်ခဲ့သူတဦးရှိခဲ့သည်ကို သိမသွားခဲ့ပါ။ တဖက်သတ်အချစ်သည် ဆိုးလွန်းလှပါ သည်။ တခါတရံ အချစ်ဆိုသည်မှာ ခံစားရင်ခုံကြည်နူးရမှုသက်သက်နှင့်သာ အဆုံးသတ်သွားသည်ကိုတွေ့ခဲ့ရသည်ဟုဆိုရမည်။

ဆန့်ကျင်ဘက်လိင်နှစ်ခုကြားတွင် ပေါ်လာသောအချစ်ဆိုသည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ရင်ခုန် ကြည်နူးမှုကို ပေးသော်လည်း အဆုံးသတ်တွင် ပျော်ရွှင်ခြင်းကို ပေးမည်လော ကြေကွဲမှုကို ပေးမည်လောဆိုသည်ကတော့ မသေချာလှပေ။ အဆုံးသတ်မသေချာလှသောအရာကို အချစ်ဟု ခေါ်ဆိုရမည်ထင်ပါ သည်။ သို့သော် မသေချာသောအဆုံးသတ်ကိုမမှုဘဲ လူသားတို့သည် အချစ်ကို ရင်ခုံကြည်နူးကြဆဲဖြစ်သည်။ အချစ်သည် လူသားတို့အတွက် ဘဝတခုလုံးမဟုတ်သော်လည်း ဘဝ၏အစိတ်အပိုင်းတော့ဖြစ်ပါသည်။

ယခုတော့ ကိုကြီးမြင့်တယောက်လည်း မရှိတော့။ သူငယ်ချင်းတဦး၏အဆိုအရ ဆရာမငယ်လည်း ကင်ဆာဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။ အချစ်သည် ယခုတော့ လွမ်းမောစရာ အတိတ်ဖြစ်သွားခဲ့ချေပြီ။

ထိုသို့လွမ်းစရာအချစ်ကို သတိရရင်း ဦးချစ်ဆိုင်မှာ လာထိုင်လေ့ရှိသော စုံတွဲများစွာကို သတိရမိသည်။ ဦးချစ်ဆိုင်၏ဗန်ဒါပင်ရိပ်အောက်တွင် လာရောက်ထိုင်လေ့ရှိသော စုံတွဲများသည် ရိုမန်တစ်ဆန်လှသည်။ သူတို့သည် စကားကို တီးတိုးညင်သာစွာ ပြောဆိုလေ့ရှိကြသည်။ တယောက်နှင့်တယောက် ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းအစုံများဖြင့် ကြည့်ကြသည်။ တဆိုင်လုံးတွင် သူတို့နှစ်ယောက်ထဲ ထိုင်နေသည်ဟု စိတ်တွင်းထင်နေပုံရသည်။
တယောက်နှင့် တယောက်အပြန်အလှန် ဂရုစိုက်နိုင်ဖို့ ကြိုးစားနေခဲ့ကြသည့်အပြန်အလှန်နားလည်ဖို့ ကြိုးစားနေကြသည့် အချိန်ကာလများ ဖြစ်သည်။ သူတို့နှစ်ဦးအတွက် လှပသောနေ့ရက်များ ဖြစ်ပေလိမ့်မည်။ သူတို့အတွက် ကမ်းမမြင်လမ်းမမြင်နေ့ရက်များဟု ဆိုရပေလိမ့်မည်။

သို့သော် သူတို့၏လှပသောအချစ်နေ့ရက်များသည် ရှေ့ဆက်၍ မည်သို့ ဖြစ်မည်ဆိုမည်ကိုတော့ မိမိသေချာစွာ မသိနိုင်တော့ပါ။ သူတို့၏အချစ်သက်ဆုံးတိုင်ကြသည်လော သို့တည်းမဟုတ် စိတ်သဘောချင်းမတိုက်ဆိုင်၍ လမ်းခွဲသွားကြသည်လော သို့တည်းမဟုတ် ကံကြမ္မာအခြေမလှ၍ ချစ်လျက်နှင့်ဝေးကွာခဲ့ကြသည်လော သို့တည်းမဟုတ် အချစ်သစ်နှင့်ပင်ပျော်ရွှင်ကြည်နူး
နိုင်ကြသည် လော သို့တည်းမဟုတ် အဖော်မပါတကိုယ်တည်း ဘဝကိုဖြတ်သန်းနေကြသည်လော သို့တည်းမဟုတ် ပေါင်းဖက်နိုင်ကြသော်လည်း စီးပွားရေးအဆင်မပြေကြ၍ ဝုန်းဒိုင်းကျဲနေကြသည် လော သို့တည်းမဟုတ် ပျော်ရွှင်ချ မ်းမြေ့နေကြသည်လော ခန့်မှန်းတွက်ချက်ရန် ခက်ခဲလှပေသည်။

သို့သော် တချိန်က လှပခဲ့သောအချိန်ကာလများသည် သူတို့အတွက် အမှတ်တရများဖြစ်ပေလိမ့်မည်။ လူတစ်ယောက်၏ဘဝတိုင်းသည် အချိန်တိုင်းလှပဖို့ကတော့ ခက်ပေလိမ့်မည်။ လှပခဲ့သည့် အမှတ် တအချိန်လေးတခုရှိခဲ့ခြင်းသည်ပင် ကြေနပ်ပီတိဖြစ်ဖွယ်ဖြစ်တော့သည်။ အထူးသဖြင့် အဆိုးများစွာ ဆိုင်ကျော်လွှားနေကြရသည့် မြန်မာပြည်သားများအဖို့ ဒုက္ခသည် မွေးကတည်းကပါလာသည့် အဖေါ်လိုဖြစ်နေပေရာ နည်းပါးခဲ့ကြည်နူးစရာအချိန်ကာလများသည် အမှတ်တရဖြစ်စေခဲ့သည်။

မည်သို့ဆိုစေ ဦးချစ်ဆိုင်၌ လှပသောအချိန်ကာလများ ရှိခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။
Mg Mg Soe ( မောင်မောင်စိုး )
photo credit Thein Myint

ရွှေ့ပြောင်း စစ်ရှောင်နှင့် မောင်မိုးသူ

$
0
0




ရွှေ့ပြောင်း စစ်ရှောင်နှင့် မောင်မိုးသူ  
(ကုမုဒြာဂျာနယ်၊ ရန်ကုန်၊ ဇူလိုင် ၂၂ထုတ်) မိုးမခ၊ သြဂုတ် ၂၃၊ ၂၀၁၆

မောင်မိုးသူ ကလေးဘဝက ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်လို့ စစ်ကိုင်း မင်းကွန်းမှာ စစ်ရှောင်ဘဝကို နေခဲ့ရဖူးပါတယ်။ ပြည် တွင်းစစ်ဖြစ်လို့ မန္တလေးမြို့ ၈၄ လမ်းပေါ်မှာ တိုက်ပွဲတွေဖြစ်၊ နန်းတွင်းနဲ့နန်းပြင် တိုက်ပွဲတွေဖြစ်ပေမဲ့ မန္တလေးအနောက်ပြင်မှာ တော့ တိုက်ပွဲတွေမဖြစ်လို့ စစ်မရှောင်ရ ဘူးခင်ဗျ။ သည့်နောက်တော့ မောင်မိုးသူ စစ်ရှောင်ဝေါဟာရနဲ့ ဝေးခဲ့ပါတယ်။

အဲ နောက်ထပ် ဝေါဟာရတစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းဆိုတာကတော့ မြန်မာစကား မှာတောင် ရှိပါတယ်။ ရေကြည်ရာ မြက်နု ရာဆိုတာလေ။ မြန်မာလူမျိုးစုတွေ ကိုယ်တိုင်လည်း ရေကြည်ရာ မြက်နုရာ ရွှေ့ ပြောင်းလုပ်ကိုင်လာကြတာပဲလေ။ အဓိက လမ်းကြောင်းကြီးကတော့ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ် ကြောင်းအတိုင်းပေါ့။

ဟိုး မြန်မာပြည်မြောက်ပိုင်းမှာ မေခနဲ့ မလိခပေါင်းစည်းရာက ဧရာဝတီဆိုတဲ့ မြစ်ကြီး ပေါ်ပေါက်လာတယ်။ ရေကြည်ရာ မြက်နုရာမြစ်ကြောင်းအတိုင်း စုန်ဆင်းခဲ့သူတွေဟာ မြစ်ဝကျွန်းပေါ်ဆိုတဲ့အရပ်ကို ရောက်တယ်။တစ်ကြောင်း တည်း စီးဆင်း လာတဲ့ ဧရာဝတီဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ကြောင်းမြစ်လက်တွေ များစွာသွယ် ဖြာပြီး မြစ်ဝကျွန်းပေါ်ဒေသကြီး ဖြစ်ပေါ် လာစေခဲ့ပါတယ်။ သည်မြစ်ဝကျွန်းပေါ်ဒေသဟာ မြစ်ဆီမြေနှစ်တွေကများ၊ ရေပေါ
လေပေါတော့ သီးနှံအထွက်တိုးလို့ အာရှတိုက်ရဲ့ ဝမ်းဗိုက် စပါးကျီလို့တောင် ခေါ်ဆိုခဲ့ကြပါတယ်။

အဲသည် မြေဆီမြေနှစ်တွေ ကောင်းလှဆိုတဲ့ အရပ်ကလူတွေဘာကဘယ်လို ဖြစ်လာသလဲမသိပါဘူး။လယ်သိမ်းယာသိမ်းတွေဖြစ်၊ မြေမဲ့ယာမဲ့တွေဖြစ်ပြီး ဟို တိုင်းတစ်ပါး ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတွေမှာရွှေ့ပြောင်းလုပ်သားတွေအဖြစ် ပြောင်းရွှေ့နေထိုင်ကြရပြီး မူရင်းနိုင်ငံသား တွေ မလုပ်ချင် မလုပ်လိုတဲ့ အလုပ်ကြမ်း အလုပ်တွေ လုပ်ကြရသတဲ့။ စက်ရုံအလုပ် ရုံတွေမှာ၊ ပင်လယ်ပြင် ငါးဖမ်းအလုပ်တွေ မှာ၊ တောတွေ ကြားထဲ ရော်ဘာခြံမှာလုပ်ကိုင်ကြရတာဖြစ်ပါတယ်။

သိရသလောက်တော့ အဲသည်တိုင်း ပြည်မှာပဲ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လေးသန်းလောက်ရှိသတဲ့။ မလေးရှားမှာ လည်း ရှိတာပဲ။ ဒါပေမဲ့ မလေးရှားက အဖမ်းအဆီးကြမ်းလို့ ထောင်ကနေလွတ်လာတဲ့ရွှေ့ ပြောင်းလုပ်သားတချို့ တောင်မြန်မာ ပြည်ပြန်ရောက်လာလို့ပရဟိတဆရာတော် တစ်ပါးကနေရာချထားစောင့်ရှောက်ပေး နေရတယ်ဆိုတဲ့သတင်း ဖတ်လိုက်ရသေး။
အဲဒါ ရွှေ့ပြောင်းလုပ်သားဆိုတဲ့ လူ လေးသန်းကျော်တွေရဲ့ သတင်းပါပဲ။

အဲ နောက်တစ်ခုက စစ်ရှောင်လူသားတွေလည်း မြန်မာပြည်မှာ ရှိလာသတဲ့။ ကချင်ပြည်နယ်မှာ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေ ဖြစ်ကြသလဲ မသိပါဘူး။ ရွာတွေ လယ်တွေကိုစွန့်ပြီး စစ်ရှောင်သူတွေက ချင်ပြည်နယ်တစ်ဝိုက်မှာ ရှိနေခဲ့တာကြာ ပေါ့။ ခုအထိ ကိုယ့်ရပ်ကိုယ့်ရွာ မပြန်နိုင် ကြသေးဘူး။ စစ်ရှောင်ဒုက္ခ သည်စခန်း တွေ မှာပဲ သူတကာ ပေးစာကမ်းစာ စား သောက် ပြီး နေရသတဲ့။

မောင်မိုးသူလည်း ငယ်ငယ်ကလို ရွာရိုးကိုးပေါက် လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ်မလည်နိုင်ပေမဲ့ အပေါင်းအသင်း တွေသွားကြ၊ သတင်းတွေရေးကြ၊ ဓာတ်ပုံတွေ ရိုက်ကြ၊ ဆောင်းပါးတွေ ရေးကြဆိုတော့ သတင်းအချက်အလက်တွေသိရ၊ ဓာတ်ပုံ တွေ မြင်ရတွေ့ရ စိတ်မချမ်းသာ ဖြစ်ရပါ တယ်။

စစ်ရှောင်ဆိုတဲ့ ဝေါဟာရဟာ စစ်ပွဲဖြစ်ရာအရပ်က တိမ်းရှောင်ပြီး ပြေးခဲ့ကြရတဲ့ သူတွေလေ။ ကချင်ပြည်နယ်မှာတင် မဟုတ်တော့ဘူးခင်ဗျ။ ကိုးကန့်မှာ၊ ရှမ်းမှာလည်း ရှိနေပြီတဲ့လေ။ ကျောက်မဲတို့၊ သီပေါတို့မှာတောင် ရောက်လာ
ကြဆိုပဲ။

ကျောက်မဲတို့၊ သီပေါတို့ဆိုတာ မောင် မိုးသူတို့ မိတ်ဆွေတွေ အရပ်လေ။ တကယ်က မြို့ကြီးပြကြီးတွေပါ။ အဲသည် မြို့ကြီး ပြကြီးတွေအထိ၊ ဘုန်းတော်ကြီးကျောင်း တွေအထိ စစ်ရှောင်ဒုက္ခသည်တွေက ရောက်နေပါပေါ့လား။

တစ်လောက သတင်းတစ်ခုမှာ ကိုရင် လေး အပါး ၅၀ ကျော်နဲ့ စစ်ရှောင်လာရတဲ့ သံဃာတစ်ပါးအကြောင်း ဖတ်လိုက်ရ တွေ့လိုက်ရသေးတယ်။ စိတ်မချမ်းသာ စရာပါပဲ။ သည်ထက်ဆိုးတာက ဘယ်သူ ဘယ်ဝါက သတ်သွားမှန်းမသိတဲ့ ရုပ်အ လောင်းတွေကို လမ်းဘေးတွေမှာ မြှုပ်နှံ ထားတာ တွေ့ရလို့ ပိုင်ရှင်များက ဘယ်သူ ဘယ်ဝါဆိုတာ စုံစမ်းနေကြရသလို ဘယ် သူဘယ်ဝါတွေက သတ်သွားတယ်ဆိုတာ လည်း စုံစမ်းမေးမြန်းနေကြရပါသတဲ့။ ဪသာ် သည်လို သည်လို အသတ်ခံရတဲ့ ပုဂ္ဂိုလ်များခမျာမှာတော့ စစ်ရှောင်စခန်း ထဲ ရောက်လာကြတဲ့သူတွေပေါ့။

စစ်ရှောင်တွေ ဘာကြောင့်ဖြစ်ရသလဲ ဆိုတော့ စစ်ပွဲတွေဖစ်လို့ပေါ့။ အခု အစိုးရ က ၂၁ ပင်လုံညီလာခံမတိုင်မီ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို အစိုးရနဲ့ တိုင်း ရင်းသားအဖွဲ့ နှစ်ဖက်စလုံးမှ တစ်ပြိုင် တည်း ကြေညာနိုင်ဖို့ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်း နေကြတယ်ဆိုတဲ့ သတင်းလည်း ဖတ်ရပါတယ်။ အတတ်နိုင်ဆုံး၊ အမြန်ဆုံး လုပ်ကြ စေချင်ပါတယ်။ အပစ်အခတ်ရပ်မှ စစ်ပွဲ တွေ မရှိတော့မှာလေ။ စစ်ပွဲတွေမရှိမှ စစ် ရှောင်ဒုက္ခက ကင်းဝေးကြမှာ။

လုပ်တော့ လုပ်နေကြတာပဲ။ မဖြစ် သေးတာပဲ ရှိတာပေါ့လေ။ မဖြစ်သေးခင် ကာလအထိတော့ စစ်ရှောင်တွေရှိနေဦးမှာ။

ထိုနည်းအတူ လုပ်ခလစာ၊ စားရေး သောက်ရေး ပြည်တွင်းမှာ မလွယ်ကူကြ ရင် ရွှေ့ပြောင်းလုပ်သားတွေဆိုတာ တစ် နေ့တခြား ပေါပေါလာမှာပဲ။ ဒါက သဘာဝ ကျပါတယ်။

စစ်ရှောင်တွေ ကုန်ဆုံးအောင်အတွက် စစ်ပွဲတွေ ရပ်အောင် လုပ်နိုင်ပါမှ။

ရွှေ့ပြောင်းလုပ်သားတွေ လျော့ပါအောင်ကတော့ ပြည်တွင်းမှာ အလုပ်အကိုင်၊ စားသောက်နေထိုင်မှု ဖူလုံအောင် လုပ်ပေးနိုင်မှလေ။

သည်နှစ်ခု မလုပ်ပေးနိုင်သမျှတော့ စစ်ရှောင်  ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ရှိနေကြဦးမှာပဲ ခင်ဗျ။

ရွှေ့ပြောင်း စစ်ရှောင်နှင့် မောင်မိုးသူ ပါ။

မောင်စွမ်းရည် ● ရေစကြို ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဘဂျမ်း

$
0
0
ဆရာတင်မိုးနဲ့ မောင်စွမ်းရည်၊ ၂၀၀၆၊ မိုးမခစခန်းတနေရာ


မောင်စွမ်းရည် ● ရေစကြို ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုဘဂျမ်း
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆



ကိုဘဂျမ်းဟာ လူပုံကအေးပေမယ့် ရင်တွင်းမအေးရှာပါ။ အထက်တန်းကျောင်းကိုဆက်တက်ချင်နေလိုက်ပုံက ထွန့်ထွန့်လူးလို့။ တနေ့တော့ အိမ်ကနေ တောင်သာကို ထွက်ပြေးပြီး ကျောင်းဆက်နေဖို့ နည်းလမ်း ရှာခဲ့ဖူး တယ်။ မန္တလေးကိုထွက်ပြေးပြီးတော့လည်း လမ်းစရှာခဲ့ဖူးတယ်။ မအောင်မြင်ခဲ့ပါဘူး။ သူ့အိမ်ကလိုက်ခေါ်လို့ တကြောင်း၊ ကျောင်းနေဖို့လမ်းစ ရှာမရတာကြောင့်တကြောင်း၊ ကန်မြဲကိုပဲ ပြန်ရောက်လာခဲ့ရပါတယ်။ ဒါပေမဲ့ တနေ့မှ စိတ်ထဲက ရပ်နားမနေဘဲ ခေတ်ပညာဆက်သင်ရေးကိုပဲ အားထုတ်နေရင်း နောက်ဆုံးအကြံတခုကို အကောင်အထည်ဖော်ကြည့်ချင်လို့ အိမ်ကတဖန် ထွက်ပြေးခဲ့ပြန်ပါတယ်။

ပထမတော့မြင်းခြံကိုပြေးပါတယ်။ မြင်းခြံကမှ ဧရာဝတီ သဲသောင်ပြင်ကြီးတို့ သူတို့ရွာကအလာမှာ ဆင်တဲဝ သဲချောင်းပြင်ကြီးကို ဖြတ်သန်းသလို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။ ဧရာဝတီဆိပ်ကမ်းကနေ ပခုက္ကူသွားတဲ့ မော်တော်ကိုစီးပြီး ခရီးဆက်ခဲ့ပါတယ်။

ကိုဘဂျမ်းက ရွာကကျောင်းမှာ အင်္ဂလိပ်စာအခြေခံမရခဲ့ပါ။ ဒါကြောင့် ပခုက္ကူ ဦးခင်မောင်ကြီးကျူရှင် ကျောင်းမှာ တက်လိုက်ရပါသေးတယ်။ ပြီးမှ ရေစကြိုရှိ သူ့မိဘရဲ့ဆွေးမျိုးတွေအိမ်မှာနေပြီး ရေစကြိုအစိုးရအထက်တန်း ကျောင်းကို ၁၉၅၃-၁၉၅၇ ခုနှစ်အထိ တက်ခဲ့ပါတယ်။ ၁၉၅၃ မှာ ကျွန်တော်က မြင်းခြံအစိုးရအထက် တန်းကျောင်း (ဂါးဗားမင်းကျောင်း) က သတ္တမတန်းအောင်ပြီး မန္တလေးမြို့အစိုးရအမှတ် ၁ အထက်တန်း ကျောင်းမှာတွဲဖက်ဖွင့်လှစ်ထားတဲ့ `အကြိုဆေးသင်တန်း’ ကို တက်ဖို့အရွေးခဲ့ရပါတယ်။ သူ ရေစကြိုရောက်တာနဲ့ ကျွန်တော်မန္တလေးရောက်တာ အချိန်တူလောက်ပဲ ဖြစ်ပါတယ်။ သူရေစကြိုမှာကျောင်းတက်နေဆဲကာလမှာ ရေစကြို အမှတ်(၁) အစိုးရအထက်တန်းကျောင်း ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုကျော်နဲ့ ပေါင်းသင်းမိခဲ့ပါ တယ်။ ရေစကြိုဆိုတာ အလံနီကွန်မြူနစ်ပါတီရဲ့ဗဟိုရုံးစိုက်ရာမြို့ဖြစ်ခဲ့လို့ အလံနီပါတီဝင်တွေ များပြား ပါတယ်။ ကိုကျော်က အလံနီကျောင်းသားပါ။ အမတ်ရွေးကောက်ပွဲမှာအရွေးခံရလို့ `ကျောင်းသား အမတ်မောင်ကျော်`ဆိုပြီးတော့ ဟိုး လေးတကျော် ဖြစ်ခဲ့ဖူးပါတယ်။ အမတ်မောင်ကျော်နဲ့ပေါင်းပြီးကျောင်းသားသမဂ္ဂလှုပ်ရှားမှုတွေကို ကိုဘဂျမ်းက အကုန်ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ရေစကြိုကျောင်းသားသမဂ္ဂ ဉာဏဗလမှူးတာဝန် ယူရသတဲ့။

နံရံကပ်စာစောင်ဆိုတာ သူမကြားဖူးဘူး။ ဒါပေမဲ့ သူ့ဘာသာစိတ်ကူးပြီး နံရံကပ်သတင်းစာရယ်လို့ ကျောင်းနံရံမှာ ရေးပြီးကပ်တယ်။ နံရံကပ်စာစောင်ဆိုပြီး ကဗျာ၊ ၀တ္ထု၊ ဆောင်းပါးတွေရေးပြီး ကပ်တယ်။ ကျောင်းမဂ္ဂဇင်းလည်း ထုတ်ဝေလို့ မြင်းခြံကျောင်းသားသမဂ္ဂကျောင်းသားတွေဆီ ရောက်လာတာကို ကျွန်တော်မြင် ဖူးလိုက်တယ်။ ကျောင်းသားအမတ်ကိုကျော်ကို အမှီပြုပြီး စာစောင်တွေကို ထုတ်ခဲ့တာလို့ ပြောဖူးပါတယ်။ ကိုကျော်ကတော့စာပေသမားမဟုတ်ဘူး။ သူ့မိဘတွေက ဧရာဝတီမြစ်ထဲပြေးတဲ့ မော်တော်တွေ ဘာတွေ ပိုင်တာဆိုတော့ ငွေကြေးချောင်လည်တယ်။

မြို့ပေါ်ဖြန့်ဝေတဲ့ `ရေစကြိုသတင်းစာ`တောင်ထုတ်ခဲ့ဖူးတယ်လို့ ပြောတာကို ကျွန်တော် ဇဝေဇ၀ါပဲ မှတ်မိပါတယ်။ ရေစကြိုကလောင်ရှင်အသင်းကိုလည်း တည်ထောင်ခဲ့ပါသတဲ့။ မောင်ဘဂျမ်းက အတွင်းရေးမှူး တာဝန်ယူပါသတဲ့။

နံရံကပ်စာစောင်ထုတ်ဝေတဲ့ကိစ္စအတွက် သူ့ကိုကျောင်းအုပ်ဆရာကြီးက ခေါ်တွေ့ဖူးသတဲ့။ ရုံးလုလင် က လာခေါ်တာ။ ဆရာကြီးက မင်းကိုခေါ်ခိုင်းတာ ဆိုတော့ ထူပူသွားသတဲ့။ `ဘာကိစ္စခေါ်တာလဲ`ဆိုတော့`မ ပြောတတ်ဘူး`လို့ဖြေသတဲ့။ ဒါနဲ့ ဆရာကြီးရဲ့ရုံးခန်းကို လိုက်သွားတယ်။ ဖိနပ်တောင် မပါဘူး။ ဆရာကြီးက `မောင်ဘဂျမ်းဆိုတာ မင်းလား`လို့မေးလိုက်တာနဲ့ တုန်သွားသတဲ့။

ဆရာကြီးရှေ့မှာ ဘယ်လိုနေရထိုင်ရမှန်းလည်း မသိဘူး။ ဒါနဲ့လက်ပိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်တော့၊ ဆရာကြီးကလည်း အံ့အားသင့်သွားပုံပဲ။ `ဟေ့ ဟေ့၊ မောင်ဘဂျမ်း၊ ထ ထ`ဆိုတော့ ထလိုက်တယ်။ `ကုလားထိုင်ပေါ်ထိုင်ပါကွဲ့`ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြောပါတယ်။

ကိုဘဂျမ်းအပြောအရသူဟာ`ကုလားထိုင်`ဆိုတာ ကြားသာ ကြားဖူးတာ၊ သူတို့ရွာမှာလည်း မရှိဘူး။ လူရှေ့သူရှေ့ ကုလားထိုင်ကြီးနဲ့ ထိုင်ရမှာကို မ၀ံ့မရဲဖြစ်နေတယ်။ ဆရာကြီးကလည်း သူတပည့် ယောင်ချာချာဖြစ်နေတာကို ရယ်လည်း ရယ်ချင်ပုံရတယ်။ ကရုဏာသက်ပုံလည်း ရတယ်။

`မောင်ဘဂျမ်း၊ မင့်ကို ဆရာကြီး ဘာမှမလုပ်ပါဘူး၊ မေးချင်တာလေး ရှိလို့ပါ` လို့ချော့ချော့မော့မော့အသံ နဲ့ပြောမှ သူ့စိတ်ထဲမှာ နည်းနည်းသက်သာရာ ရသွားသတဲ့။

`ငါတို့ကျောင်းမှာ ကျောင်းနံရံကပ်စာစောင်လုပ်တာ မင်းလား`လို့မေးသတဲ့။ `ဟုတ်ကဲ့ခင်ဗျလို့ ဖြေ လိုက်တယ်။ `မောင်ဘဂျမ်း ခုလိုနံရံကပ်စာစောင်ထုတ်ဖို့ ဘယ်သူ့ဆီ ခွင့်တောင်းသလဲ၊ အတန်းပိုင်ဆရာဆီ ခွင့် တောင်းသလား။ ဘယ်သူနဲ့ တိုင်ပင်သလဲ။ မင်းကို ဘယ်သူက လုပ်ခိုင်းတာလဲ`လို့ ဆရာကြီးက ဆက်မေးသတဲ့။

`ဘယ်သူ့ကိုမှခွင့်မတောင်းမိဘူး။ ဘယ်သူကမှ ခိုင်းတာလည်း မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ကူးနဲ့ ဒီလိုလုပ် ကောင်းသလားလို့ လုပ်လိုက်မိတာပါ`လို့ဖြေသတဲ့။

`ကျောင်းမှာလုပ်ချင်တာရှိရင် ဘာမဆို ဆရာကြီးဆီ ခွင့်တောင်းရတယ်ကွဲ့၊ သိလား။ ကျောင်းသားသမဂ္ဂ မောင်ကျော်တို့နဲ့ တိုင်ပင်ရတယ်။ မင့်ဘာသာ မလုပ်နဲ့၊ ခု လုပ်တာကောင်းပါတယ်။ ဆက်လုပ်ပါ။ နံရံကပ်စာစောင် ထုတ်တဲ့ကျောင်းသားမောင်ဘဂျမ်းဆိုတာ ဘယ်သူလဲလို့ သိချင်လို့ခေါ်တာပါ။ ကဲ…ကဲ သွားတော့သွားတော့`ဆို ပြီး ဆရာကြီးက ပြန်လွှတ်လိုက်ပါတယ်။

`အဲဒီတော့မှ ကျုပ်လည်း ပြေးထွက်လာခဲ့တယ်။ ရင်ထဲမှာလည်း ပေါ့ ရွှင်မြူးသွားပါတယ်။ အတန်းပိုင်ဆရာနဲ့ ကျောင်းသားတွေကလည်း ဆရာကြီးက ကျုပ်ကို ဘယ်လိုအရေးယူလိုက်သလဲ ဆိုတာ ၀ိုင်းမေးကြတယ်။ ကျုပ်လည်း ရုတ်တရက် ဘာတောင်ပြန်ဖြေရမှန်း မသိတော့ဘူး။ အတော်ကြာမှ`နံရံကပ်စာစောင် ဆက်ထုတ်ဖို့ပြောတာပါလို့` ရှင်းပြရပါတယ်။ ကျုပ်လည်း ဆရာကြီး ခွင့်ပြုပြီဆိုတော့ အားတက်ပြီး ဆက်ကြဲတော့တာပဲ။ ကျောင်းမဂ္ဂဇင်းအထိ ပုံနှိပ် ထုတ်ဝေပစ်လိုက်တော့တာပါပဲ` တဲ့။

ကျောင်းမှာရော၊ ရပ်ထဲရွာထဲမှာရော မောင်ဘဂျမ်းကို ဆရာကြီး ခေါ်တွေ့တယ်ဆိုတာ သတင်း ၁ ပုဒ်ဖြစ်သွားပြီး မောင်ဘဂျမ်းလည်း နာမည်ကြီး သွားတော့တာပေါ့။

ကျုပ်က စာကျက်စရာလည်း သိပ်မလိုတော့ လုပ်ချင်ရာလုပ်ထာ၊ ဘုန်းကြီးကျောင်းကလာတာဆိုတော့ လူကျောင်းမှာ ကျက်စရာစာဆိုတာ ကျုပ်အဖို့ အပျော့ပေါ့။ နံရံကပ်စာစောင်၊ နံရံကပ်သတင်းစာ၊ ပုံနှိပ်ကျောင်းမဂ္ဂဇင်းတွေအပြင် ကျုပ်က ကျောင်းကပွဲတွေ၊ ပြဇာတ်တွေပါလုပ်တာ။ ကျုပ်ကိုယ်တိုင်လည်း စင်ပေါ်တက်ပြီး သရုပ်ဆောင်တာတဲ့။ သူစင်ပေါ်မှာ သရုပ်ဆောင်တဲ့ဓာတ်ပုံတပုံကို ပြဖူးပါတယ်။

သူ အဲဒီလိုရေစကြိုကျောင်းမှာလုပ်ခဲ့ပုံတွေကိုပြောပြနေတဲ့အချိန်တခုမှာ ကျွန်တော်တို့စကားဝိုင်းထဲမှာ အမျိုးသမီးတဦး ပါပါတယ်။ သူက ဘေးကပဲ ထောက်ပေးစရာရှိတာ ၀င်ထောက်ပါတယ်။ အဲဒီအမျိုးသမီးက ရေစကြိုမှာ သူနဲ့ကျောင်းနေဖက်ပါ။ သူနဲ့အိမ်ထောင်ကျတဲ့ ကိုတင်အောင်ဆိုတာကလည်း စာပေ၀ါသနာရှင်ပါ။ ကိုဘဂျမ်း ရဲ့`လွယ်အိတ်`တလုံးပါပဲ။ မန္တလေးတက္ကသိုလ်မှာ ကိုဘဂျမ်းသွားလိုရာစက်ဘီးနင်းပို့တာ၊ ကိုဘဂျမ်း ရေမိုးချိုးဖို့၊ အ၀တ်အစားလဲဖို့လုပ်ပေးတာ၊ အမြဲစိတ်ရှည်လက်ရှည် တာဝန်ယူပါတယ်။

အဲဒီကိုတင်အောင်ဆိုတာ မျက်မှန်အထူကြီးနဲ့ပါ။ ကိုဘဂျမ်းနဲ့အတူ ရေစကြိုက ၁၀ တန်းတက်လာသူ အစု ထဲမှာ ပါတယ်။ မန္တလေးမိရထားဌာနရဲ့ငွေစာရင်းရုံးမှာ ကျွန်တော်ယောက်ဖ ငွေစာရင်းဆရာအရာရှိက ကိုတင် အောင်ကို ကျွန်တော့်သူငယ်ချင်းဆိုပြီး အလုပ်ခန့်ပေးထားတာ။ အငြိမ်းစားယူတဲ့အထိ အလုပ်လုပ်သွားပါတယ်။ မန္တလေးအရှေ့ပြင်မှာမြေတကွက်ဝယ်ပြီး အကြီးအကျယ် ကြက်မွေးပါတယ်။ သူ့ဇနီးကလည်း တက်တက် ကြွကြွကူ ညီတယ်။ ယောက်ျားတယောက်လို ပြောဆို ပြုမူတတ်ပါတယ်။ ကျွန်တော်တို့ကို ကိုဘဂျမ်းက ရေစကြိုကျောင်းသားဘ၀တွေ ပြောပြတော့ `ဒီမှာ ကိုဘဂျမ်း အကုန်ပြောနော်၊ ချန်မထားနဲ့။ ခင်ဗျား တွေ့သမျှမိန်းကလေးတွေကို ရည်းစားစာပေးတာတွေလည်း ထည့်ပြော`တဲ့။ ကိုဘဂျမ်းနဲ့ကိုတင်အောင်တို့ တဟားဟားရယ်ကြပါတယ်။ သူ့အမည်က မမြမြပါ။ ရေစကြိုသတင်းထောင် မမြမြတဲ့။

`ကိုဘဂျမ်းက ခင်ဗျားကိုရော ရည်စားစာမပေးဘူးလား`လို့မေးတော့ ကိုဘဂျမ်းက`အမယ်လေးမလုပ်ပါနဲ့ သူတို့က အော်ကြီးဟစ်ကျယ်နဲ့ ပြောချင်တာပြောတာ။ ယောက်ျားကြီးလိုနေတာ။ သူ့ကို`သတင်းထောက်မ`ဆို ပြီး တမြို့လုံးက ကြောက်ရတာ။ သူ့ရှေ့မဟုတ်တာလုပ်မိရင် သတင်းစာထဲ ပါမှာကြောက်ကြလို့`ဆိုပြီး ၀င်ပြောပါတယ်။ အဲဒါက မန္တလေးမှာကျောင်းတက်နေတဲ့ကာလက ပြောတာပါ။ တခါတော့ ကျွန်တော်တို့ ရန်ကုန်ကနေ စာပေဟောပြောပွဲခရီးထွက်ရင်း မန္တလေးဟော်တယ်တခုမှာတည်းခိုပြီး နန်းရှေ့ရပ်ထဲက ကိုတင်အောင်တို့ ကြက်ခြံကိုတကူးတကနဲ့ သွားလည်ပါတယ်။ ကိုဘဂျမ်းရောက်လျှင်ရောက်ချင်း`ကဲ…ကိုတင်အောင် နဂါးဆေးလိပ်ကလေး တထုပ်လောက် သွားဝယ်ပေးပါဦး` လို့ပြောလိုက်ပါတယ်။ ဒီအခါမှာကိုတင်အောင်က ဘယ်လိုစိတ်ကူး ပေါက်သွားတယ် မသိပါဘူး။

`ဒီမှာဘဂျမ်း။ ငါအရင်တုန်းက မင်းကို ပါရမီရှင်တယောက်အနေနဲ့ ပါရမီဖြည့်တဲ့အနေနဲ့ မင်းရဲ့ဝေယျာဝစ္စ လုပ်ပေးခဲ့တာ။ ခုမင်းလူလားမြောက်ပြီ။ မင်းငါ့ကိုလာပြီး အရင်လိုမခိုင်းနဲ့`လို့ မျက်နှာမာနဲ့ ပြောပါတယ်။

ကိုဘဂျမ်းကလည်း `ကိုတင်အောင်ရယ်၊ သူငယ်ချင်းဆီကို အလည်လာတာပါ။ တမင်သက်သက် တကူးတက မေးမြန်းစုံစမ်းပြီး မရောက်ရောက်အောင် ကားငှား၊ ခက်ခက်ခဲခဲ လာလည်တာပါ။ ကိုဝင်းဖေ(မောင်စွမ်းရည်) ကလည်း တွေ့ချင်တယ်ဆိုလို့ လာတာပါ။ ခင်ဗျားမကျေနပ်ရင် ပြန်ပါမယ်`ဆိုပြီး ထပြန်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အငှားကားနဲ့ပြန်လာခဲ့ပါတယ်။

ဟော်တယ်ကိုပြန်ရောက်လို့ ရှေးဟောင်းနှောင်းဖြစ်တွေပြောနေကြတုန်း ကိုတင်အောင် အမောတကော လိုက်လာပါတယ်။ `ကိုဘဂျမ်း ကျွန်တော်ပြောမိပြောရာ ပြောလိုက်မိတာတွေ စိတ်မကောင်းပါဘူး။ တောင်းပန်ပါတယ်။ အရင်လို ဘဂျမ်းရဲ့ သူငယ်ချင်း တင်အောင်ပါပဲ`လို့ပြောပြီး မျက်ရည်လည်ရွဲနဲ့ ပြန်သွားပါတယ်။ ကိုဘဂျမ်းကလည်း `ကိုတင်အောင်၊ ကျုပ်ဘယ်လိုမှ သဘောမထားဘူး၊ စိတ်လည်း မဆိုးဘူး၊ စိတ်လည်း မပြောင်းပါဘူး`လို့ နှစ်သိမ့်လိုက်ပါတယ်။ ကျွန်တော်လည်း ဘေးကကြည့်ပြီး အံ့သြနေရပါတယ်။

အဲဒီကိုတင်အောင်ဆိုတာ ရေစကြိုကျောင်းသားတွေထဲမှာ ကိုဘဂျမ်းနဲ့ အခင်ဆုံးသူငယ်ချင်းပါ။ ကိုဘဂျမ်းနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ရင်းနှီးတဲ့သူငယ်ချင်း ဖြစ်သွားခဲ့ပါတယ်။ သူကလည်း စာပေ၀ါသနာပါသူဖြစ်လို့ ပါ။ ကျွန်တော် အတွင်းရေးမှူးအဖြစ်ထုတ်ဝေခဲ့တဲ့ မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ သူ့ကဗျာကို ကျွန်တော် ထည့်ပေးခဲ့ဖူးတယ်။ ငွေတာရီ၊ ရှုမ၀မဂ္ဂဇင်းတွေကိုလည်း သူပို့ခဲ့ဖူးတယ် ထင်ပါတယ်။ သူ့ကလောင်အမည်ကို တော့ မမှတ်မိတော့ဘူး။ `လှတိုး`လို့ ထင်ပါတယ်။ သူက လူရိုးကြီးပါ။ ကိုဘဂျမ်းတယောက် စာပေဗိမာန်ဆု၊ အမျိုးသားစာပေဆုတွေရပြီး ဘ၀င်မြင့်နေတယ်။ မြန်မာစာစီစာကုံးစာအုပ်တွေရေးပြီးတော့လည်း ၀င်ငွေကောင်းနေတယ်။ မြန်မာစာကျူရှင်တွေ ပေးရလို့လည်း စီးပွားဖြစ်နေတယ်။ သူ့ဇနီးကလည်း မူကြိုကျောင်းဖွင့်ထားတာ အောင်မြင်နေလို့ ကျိကျိတက်ချမ်းသာနေတယ် လို့ သတင်းကြီးနေတာကို ကိုဘဂျမ်းကိုယ်တိုင် မသိရှာပါ။ တကယ်တော့ မိသားစုအကြီးကြီးနဲ့ ရန်ကုန်မှာနေရတာ သူငယ်ချင်းဂုဏ်ထူးသိန်းနိုင်လို သန်းကြွယ်သူဌေးမဟုတ်၊ ကုဋေကြွယ်ငြားသူဌေးသားလည်း မဟုတ်ရှာပါ။ ဘ၀င်မြင့်နေတယ်လို့ သတင်းထွက်ဖူးတာကတော့ အမှန်ပါ။

သူရန်ကုန်ရောက်နေတဲ့အချိန်မှာ ရန်ကုန်ကကဗျာဆရာ ထီလာစစ်သူ(ဗိုလ်ကြီးစိုးညွန့်)က နန်းတွင်းမှာ ရောက်နေတယ်။ သူရောက်စက တင်မိုး၊ ကြည်အောင်၊ မောင်စွမ်းရည်တို့ သုံးယောက်ကိုဖိတ်ကြားပြီး မန္တလေး နန်းမြို့တွင်းကမြက်ခင်းပြင်ပေါ် မန်းကျည်ပင်ရိပ်မှာ ဘီယာသေတ္တာလိုက်ချပြီးတော့ ဧည့်ခံဖူးတယ်။ နောက်တော့ ကြည်အောင်ကလည်း အဖမ်းခံရ၊ တင်မိုးကလည်း ရန်ကုန်ကျူရှင်လောကကို ခြေလှမ်းဖို့ (မောင်းသိန်းနိုင်)နဲ့ သွားရတော့ ကျွန်တော်တယောက်တည်း ယောင်လည်လည်ကျန်နေတယ်။

ကျွန်တော်က နန်းရှေ့ရှိ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးရုံး အပေါ်ထပ်မှာနေတဲ့ ဦးလေးဦးအောင်သိန်းအိမ်ကို သွားနေရင်း စာမေးပွဲဖြေနေတဲ့ ကာလတခုမှာ ထီလာစစ်သူ အိမ်အလည်လာ တော့`တင်မိုးဘ၀င်မြင့်နေ တယ်`လို့ ကြားရကြောင်း ပြောဖူးပါတယ်။ ဒါနဲ့ကျွန်တော်လည်း ကဗျာတပုဒ်ကောက်ရေးလိုက်တယ်။

`အတက်စောသော မီးပုံးပျံ`ဆိုတဲ့ကဗျာပါ။ ဘ၀မှာငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရပြီး စိတ်ကြီးဝင် မနေသင့်ဘူး။ တနေ့`မှိုင်း`ကုန်ရင် ပြုတ်ကျတတ်တယ်လို့ သတိပေးကဗျာပါ။ ဒီကဗျာသူ့ကို ရည်ရွယ်မှန်းသိပေမယ့် မသိယောင်ဆောင်နေခဲ့ပါတယ်။ ကျွန်တော်လည်း ဒီကဗျာကို အမှတ်မထင်ရေးခဲ့ပေမယ့် တင်မိုးဘ၀င်မြင့်တယ် ဆိုတဲ့ အမူအရာမျိုးကို မတွေ့ခဲ့ဖူးပါဘူး။ အလွန်နိမ့်နိမ့်ချချ နေထိုင်ပြောဆိုလေ့ရှိပါတယ်။

သူ့ကိုအချစ်ဆုံး၊ ဂရုစိုက်ဆုံးနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ ဆရာကထိက ဦးမောင်မောင်တင်ကတောင် တခါက အဲဒီလို စွပ်စွဲဖူးလို့၊ ကိုဘဂျမ်း ကပျာကရာ သွားတောင်းပန်ပြီး ပုဆိုးတထည်နဲ့ ကန်တော့ဖူးပါတယ်။ အဲသလိုအပြောခံရ တာကိုတော့ သူမခံချင်ပါဘူး။ ဒေါပွတတ်ပါတယ်။

ရေစကြိုကျောင်းက ကိုဘဂျမ်းရဲ့သူငယ်ချင်းတွေအကြောင်း စပ်မိစပ်ရာရေးရာက ကျောင်းသားအမတ် ကိုကျော်ရဲ့အကြောင်းကနေ ဘေးထွက်သွားခဲ့ပါတယ်။ ခုဆက်ပါအုံးမယ်။ ရန်ကုန်မှာ ကျွန်တော်တို့၊ ကိုဘဂျမ်း တို့ရောက်နေကြပြီဆိုတော့ ၁၉၈၀ ကျော် ၉၀ လောက်ရှိမယ်ထင်ပါတယ်။ ကိုဘဂျမ်းက ကိုကျော်တို့နဲ့တွေ့ရ အောင်လိုက်ခဲ့ပါလို့ခေါ်လို့ ရန်ကုန်မြန်မာ့ဂုဏ်ရည်လမ်းထဲရှိ နှစ်ထပ်တိုက်ကြီး အကြီးကြီးတခုဆီကို ရောက်သွား ပါတယ်။ ကိုကျော်နဲ့ကျွန်တော်လည်း အဲဒီတခါပဲ ဆုံဖူးပါတယ်။ ကျွန်တော်တို့ရွာကလည်း မြင်းခြံခရိုင်ထဲက အလံနီ ရွာတရွာပါ။ ရေစကြို- ပခုက္ကူဘက်က အလံနီတွေ မြင်းခြံဘက်ကို ကူးလာတော့ ခရိုင်ကော်မတီ ရဲနီ ဖိုးကိုလေးဆိုသူ ဦးဆောင်လာပါတယ်။ အလံနီတပ်မှာ ကျွန်တော့်ဦးလေး စစ်တွေနော်မံကျောင်းဆင်း ကျောင်းဆရာ ဦးစိန်ထွန်းက ကြံကြံဖန်ဖန်ဆေးမှူး ဖြစ်နေလေရဲ့။ ကိုဘဂျမ်းတို့ရွာသား ရဲနီကိုတင်ဝင်းခေါ် ကိုဘိုသိုးလည်း ပါလေရဲ့။ ကျွန်တော်တို့အဲဒီအကြောင်းတွေ စပ်မိစပ်ရာပြောမိကြတာကို မှတ်မိပါတယ်။

တိုက်အပေါ်ထပ်မှာ ရေစကြိုသူ အမျိုးသမီးဧည့်သည် တယောက်အနားယူဖို့ လာလည်တယ်။ တော် ကြာရင် ဆင်းလာမယ်လို့ အမတ်ကိုကျော်က ပြောပါတယ်။ ဟုတ်ကဲ့ … ပြောရင်းဆိုရင်း ဆင်းလားတဲ့ ရေစကြိုသူ ဆိုတာက ပြုံးပြုံးကြီး ... သိဟောင်းကျွမ်းဟောင်းလိုပါပဲ ၊ ဆင်းလာလိုက်တာ။

အလို … ကျွန်တော်တို့မန္တလေးက အငြိမ့်မင်းသမီး နာမည်ကျော် `နွဲ့နွဲ့စမ်း`ပါကလား။ ဟုတ်တာပေါ့။ သူက ရေစကြိုသူပါ။ ရေစကြိုနားက လင်းကတော် ရွာသူဆို ထင်ပါရဲ့။ ရုပ်ရှင်မင်းသမီး နာမည်ကျော်ဖြစ်နေပါပြီ။ ကိုဘဂျမ်းက သူ့ဇနီးမမြင့်မြင့်စန်းဆုံးပြီးစအခါ ထင်ပါတယ်။ ကိုကျော်က …

`လာလာ၊ ဟောဒီမှာ ရေစကြိုသား လူပျိုကြီးအသစ်စက်စက် ရောက်နေတယ်။ နင်ကလည်း အပျိုကြီး အသစ်စက်စက်ဆိုတော့ နင်နဲ့ပေးစားရမယ်`လို့ မနွဲ့နွဲ့စမ်းကို လှမ်းပြောလိုက်ပါ။

ကိုဘဂျမ်းက မန္တလေးတက္ကသိုလ်မှာ အသင်းတသင်းကိစ္စတွေ ဆောင်ရွက်တာ များပါတယ်။ အငြိမ့်ငှားရင်း အမာစိန်နဲ့ နွဲ့နွဲ့စမ်းကိုပဲ ငှားလေ့ရှိပါတယ်။ ကလောင်ရှင်အသင်းရဲ့ စာဆိုတော်နေ့ အထိမ်းအမှတ်ပွဲတွေမှာဆို နွဲ့နွဲ့စမ်း တို့ချည်းပေါ့။ နွဲ့နွဲ့စမ်းက ကိုဘဂျမ်းထိုင်နေတဲ့နောက်ကရပ်ပြီး ကိုဘဂျမ်းရဲ့ပခုံးကို တချက် နှစ်ချက်နှိပ် ရင်း နှုတ်ဆက်စကားပြောပါတယ်။

`ကျွန်မက ရေစကြိုသားဆိုလို့ ဘယ်သူများလည်း အောက်မေ့တယ်။ ကိုဘဂျမ်းကြီးကိုး။ ကိုဘဂျမ်းရေ ကျွန်မကကဗျာဆရာ ဘိုင်ကောင်တွေကို မလိုချင်ဘူး။ အနည်းဆုံး ရေစကြိုသား ထန်းလျက်ပွဲစားလို ချမ်းသာ တာမှ လိုချင်တာ`လို့ပြောပြီး စကားဝိုင်းမှာ ၀င်ထိုင်လိုက်ပါတယ်။

နောက်ဆက်ပြီး ရပ်ကြောင်း၊ ရွာကြောင်း စပ်မိ စပ်ရာတွေပြောပြီး ကျွန်တော်တို့ လူစုခွဲခဲ့ကြပါတယ်။ ရေစကြိုသူ၊ ရေစကြိုသားအကြောင်း ပြောကြစတမ်းဆိုရင်ဖြင့် မန္တလေးအငြိမ့်သမီးတဖြစ်လဲ ရုပ်ရှင်မင်းသမီးအကျော်အမော် ဒေါ်နွဲ့နွဲ့စမ်းအကြောင်းမပါရင် ဘယ်မှာပြီးနိုင်ပါ့မလဲ။ သမိုင်းဝင် အနုပညာတဦးပေပ။

နှင်းဆီစစ်ပွဲ ( မြန်မာပြန် TS)

$
0
0


Rose War by Nazih Abou Afach (1946 - --)
 နှင်းဆီစစ်ပွဲ ( မြန်မာပြန် TS)
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆

ဝေးသေး၊ ငါက ဘယ်လိုလုပ် သေချင်မှာလဲလို့
ပြီးတော့ မင်းသေမှာကို ငါ ဘယ်လိုလုပ် ပျော်နေမှာမို့လဲဟ။

ကဲပါကွာ၊ ငါတို့တွေဟာ အကြောက်ကြီးလွန်းလို့ ခွင့်မလွှတ်နိုင်ကြလို့
ကဲပါကွာ၊ ဘယ်သူတွေက သေချင်မှာမှ မဟုတ်တာ
နောက်ပြီး ဘယ်သူတွေက အနိုင်ရမှာလည်း မဟုတ်တာ
ကဲပါကွာ ကဲပါကွာ ...
လာကြစမ်း၊ အမုန်းမဖက်ဘဲ သေမှာကြောက်တဲ့ ငါလူတို့
လာကြစမ်း၊ နှင်းဆီပန်းတွေနဲ့ စစ်တပွဲလောက် တိုက်ကြည့်စို့။

မူရင်းကဗျာ Rose War / Nazih Abou Afach (1946 - --)
အင်္ဂလိပ်မူ John Peate
မြန်မာပြန် TS




တည်ဘွားဦး ● ကျနော့်ကဗျာ

$
0
0



တည်ဘွားဦး ● ကျနော့်ကဗျာ
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

ကျနော့်ကဗျာက
လူပိန်းမကြိုက်ဘူး လူရာမဝင်ဘူး

ကျနော့်ကဗျာက
ဆင်းရဲတယ် မချမ်းသာဘူး

ကျနော့်ကဗျာက
မိုးခေါင်တယ် ရေရှားတယ်

ကျနော့်ကဗျာက စစ်ဖြစ်နေတဲ့ နယ်စပ်မှာ
ကျနော့်ကဗျာက ဒုက္ခသည်စခန်းတွေမှာ

ကျနော့်ကဗျာက နေရာမယူတတ်တော့
ကျနော့်ကဗျာက ဒဏ်ရာတွေရထားတာ

ကျနော့်ကဗျာက နာကျင် ကိုက်ခဲနေတာ
ကျနော့်ကဗျာက သေသွားလို့ လုံးဝမဖြစ်

ကျနော့်ကဗျာက
ခေတ်ကြီးတခေတ်လုံးရင်းထားရတာ
ကျနော့်ကဗျာက ။ ။

တည်ဘွားဦး

ဖြိုးသီဟချို/Myanmar Now ● အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို ထောင်ချသည့်အစဉ်အလာဟောင်း

$
0
0

ဖြိုးသီဟချို/Myanmar Now ● အစိုးရသစ်နှင့် ဆေးစွဲသူတို့ကို ထောင်ချသည့်အစဉ်အလာဟောင်း
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

မူးယစ်ဆေးစွဲသူအများအပြားကို ထောင်သွင်းအကျဉ်းချမည့်အစား လူနာများအဖြစ် သဘောထားပြီး ကုသမှုပေးရန် အစိုးရ သစ်ကို တောင်းဆိုနေကြသည်။

ရန်ကုန် (Myanmar Now) -   ဇူလိုင်လလယ်ပိုင်းနံနက်ခင်းတစ်ခုတွင် ရန်ကုန်၊ သင်္ဃန်းကျွန်း စံပြဆေးရုံမှ မက်သဒုန်း ခေါ် မူးယစ်ဆေးအစားထိုးဆေးဝါး ယူပြီး ပြန်လာမည့်သူတစ်ယောက်ကို မိတ်ဆွေတချို့က ဆေးရုံရှေ့ဝင်ပေါက်အနီး စောင့်ဆိုင်းနေကြသည်။ ဆေးရုံနောက်တွင်လည်း ရဲဝန်ထမ်းတစ်စုက နေရာယူထားသည်ကို တွေ့ရသည်။

အချိန်အတန်ကြာပြီးနောက်တွင် သူတို့စောင့်ဆိုင်းနေသည့်လူငယ် အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး ထိုနေရာမှ ခွာလိုက်ကြသည်။

“မက်သဒုန်းဆေးလာယူတဲ့ လူငယ်တစ်ယောက်ကို ရဲကဖမ်းသွားပါတယ်” ဟု ဆေးရုံရှေ့ သွားရောက်စောင့်ဆိုင်းသူများထဲမှ ကိုစိုးမောင်က Myanmar Now ကို ပြောပြသည်။ သူ့စာရင်းစာအုပ်ကိုဖွင့်ပြီး လူငယ်၏ အမည်နေရာကို ဘောပင်ဖြင့် ခြစ်လိုက်သည်။

ကိုစိုးမောင်မှာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burnet Institute အထောက်အပံ့ဖြင့် မူးယစ်ဆေးဖြတ်လိုသူများကို မူးယစ်ဆေးအစား  အစားထိုးသောက်သုံးရသည့် မက်သဒုန်းဆေး တိုက်ကျွေးရာတွင်ပိုမိုလွယ်ကူစေရန် အကူအညီပေးရေး အစီအစဉ်တွင် ပါဝင်သူတစ်ဦးဖြစ်သည်။ နိုင်ငံအနှံ့တွင် မူးယစ်ဆေးစွဲကြောင်း  မှတ်ပုံတင်ထားပြီး မက်သဒုန်းဆေးဖြင့် ကုသမှုခံယူနေသူ နှစ်စဉ် ၇,ဝဝဝ ကျော် ရှိနေသည်။  မှတ်ပုံတင်ထားသော်လည်း ဆက်လက်သုံးစွဲနေကြောင်း စစ်ဆေး တွေ့ရှိပါက ဥပဒေအရ ထောင်ဒဏ် ၃ နှစ် မှ ၁ဝ နှစ်အထိ ချမှတ်ခြင်း ခံရနိုင်သည်။

မူးယစ်ဆေး သုံးစွဲသူတို့ကို ရာဇဝတ်သားများအဖြစ် သတ်မှတ်၍ အပြစ်ပေး ထောင်ချခြင်းထက်   မက်သဒုန်းစင်တာများ၊  ပြန်လည်ထူထောင်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ဖြေရှင်းခြင်းက ပိုမို ထိရောက်သည်ဟု  ဆေးစွဲသူတို့ကို နှစ်သိမ့်ဆွေးနွေးပညာပေးရေး လုပ်ငန်း လုပ်ဆောင်နေသူများ၊ နိုင်ငံရေးသမားတချို့၊ ဆေးစွဲနေသူများက ပြောသည်။ 



● ဆေးစွဲသူတို့သာ ပစ်မှတ်ဖြစ်နေ
နိုင်ငံတကာ သုတေသနနှင့် မူဝါဒပြောင်းလဲရေး လျှောက်လဲတင်ပြသည့် အဖွဲ့အစည်း   Transnational Institute က   မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု  နှစ်ဆတိုးလာသည်မှာ ဆယ်နှစ် ရှိပြီဖြစ်ပြီး  အာဆီယံဒေသတွင်း မူးယစ်ကင်းစင်ရေး ရည်မှန်းချက်ကို စိန်ခေါ်နေသည်ဟု ဆိုသည်။

အစိုးရအာဏာသက်ရောက်မှုနည်းပါးသည့် နယ်စပ်ဒေသများမှ မြစ်ဖျားခံသည်ဟု ယူဆထားကြသော စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးမျိုးစုံသည် နိုင်ငံတလွှား ပျံ့နှံ့နေသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ အစိုးရသစ်စတင်သည့် ဧပြီ ၁ မှ ဇူလိုင် ၃၁ အတွင်း မူးယစ်ဆေးနှင့် ဆက်နွယ်နေသူ ၄,၇၆၁ ဦးကို ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စိတ်ကြွဆေးပြား ၃ဝ.၃ သန်း၊ ဘိန်းဖြူ ကီလို ၆ဝ ကျော်၊  ဘိန်းမည်း ကီလို ၂ဝဝ ကျော် ဖမ်းဆီးရရှိခဲ့သည်။

ကိုစိုးမောင်သည်  နိုင်ငံအနှံ့မက်သဒုန်းဆေးပေးဝေသည့်ဆေးရုံ ၄၆ ခုထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင်  မူးယစ်ဆေးဖြတ်ရန် ကြိုးစားနေသူများထဲမှ မက်သဒုန်းဆေး ပိုမိုရယူလိုသူတို့ကို ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၊ စိတ်နှင့်မူးယစ်ဌာနသို့ ပို့ဆောင်ပေးရန် တာဝန်ရှိသူဖြစ်သည်။

အစိုးရသစ်၏ ရက် ၁ဝဝ စီမံကိန်း ကာလ မူးယစ်ဆေးနှိမ်နှင်းမှုတွင်   လက်ကားသမားများ၊ မူးယစ်ရာဇာများ လွတ်မြောက် နေပြီး လက်လီ ရောင်းချသူများ၊   မူးယစ်ဆေးဖြတ်ရန် ကြိုးပမ်းနေသူများသာ ဖမ်းဆီးခံနေရသည်ဟု သူက ဝေဖန်လိုက်သည်။

“ရက် ၁ဝဝ စီမံချက်ထဲမှာ မူးယစ်ဆေးဖြတ်ဖို့ ကြိုးစားနေတဲ့၊ မက်သဒုန်းဆေး သောက်နေတဲ့ လူငယ် တော်တော်များများ အဖမ်းခံနေရပါတယ်” ဟု သူက မခံချိမခံသာ ဖြစ်နေသည့်လေသံဖြင့် ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ် ဦးဥက္ကာမင်းသည် နိုင်ငံ၏မူးယစ်ဆေးဝါး ပြဿနာတွင် အကျင့်ပျက်ခြစားမှုများနှင့် လွဲမှားသည့် မူဝါဒများ ရှိနေသည်ဟု  ယုံကြည်သူ ဖြစ်သည်။

“လက်ရှိသုံးစွဲနေသူတွေကိုပဲ လိုက်ဖမ်းနေမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာရှိသမျှ အကျဉ်းထောင်တွေတောင် ဆံ့မှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။ 



မူးယစ်ဆေးသည် အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ကြားတွင်ပင် ပျံ့နှံ့လျက်ရှိပြီး စာသင်ကျောင်းများတွင် မူးယစ်ဆေးနှင့်ပတ်သက်သည့် ပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေသည်ဟု  သူက Myanmar Now ကို ပြောသည်။

● ဥပဒေပြင်ဆင်၊ ဆေးရုံတိုးချဲ့
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ၁၉၉၉ ခုနှစ်မှ စတင်ပြီး ၅ နှစ် စီမံကိန်းများဖြင့် အကောင်အထည် ဖော်လျက်ရှိသည်။ ယခင်စီမံကိန်းများတွင် လူနာ တစ်သောင်းကျော်သာ ရှိပြီး  စတုတ္ထ ၅ နှစ် စီမံကိန်းတွင် တစ်သောင်းသုံးထောင်ကျော်အထိ ရှိလာသည်။

မူးယစ်စွဲဝေဒနာကုသမှုခံယူသူ အရေအတွက် တိုးမြင့်လာသော်လည်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အရ မက်သဒုန်းတိုက်ကျွေးရေးစင်တာ ၄၆ ခု၊ မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ ရုံ ရှိသည်။

မူးယစ်ဆေးဖြတ်ဆေးရုံ ၇၃ရုံတွင် တစ်ခု အပါအဝင်ဖြစ်သည့် ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အကျယ်အဝန်း ကန့်သတ်ချက်အရ လူနာ ၅ဝ သာ လက်ခံနိုင်သည်။  ထိုဆေးရုံမှ ပါမောက္ခ ဒေါက်တာဦးလှဌေးက ထိုနေရာတွင် ဆေးဖြတ်လူနာတို့အတွက် ပိုမိုကျယ်ဝန်းသည့် မူးယစ်ဆေးဖြတ်ဆေးရုံတစ်ခု လိုအပ်သည်ဟု ပြောသည်။

ပိုမိုထိ ရောက်သည့် ကုသမှုပေးနိုင်သည့် ပြန်လည်ထူထောင်ရေးစခန်း၊ ဆေးရုံ၊ ဆေးခန်းများစွာ လိုအပ်လျက် ရှိသော်လည်း ကျွမ်းကျင်လုပ်သား ရှားပါးမှု၊ ငွေကြေးလိုအပ်မှုတို့မှာ ပြဿနာဖြစ်နေသည်ဟု   ဒေါက်တာဦးလှဌေးက   သူ၏ရုံးခန်းတွင် Myanmar Now နှင့် တွေ့ဆုံစဉ် ပြောပြသည်။  



ရန်ကုန် သင်္ဃန်းကျွန်းဆေးရုံကြီးတွင် နံနက် ၈ နာရီမှ ၁၁ နာရီ အတွင်းသာ မက်သဒုန်း ပေးဝေနိုင်သည့် အတွက် ရုံးဝန်ထမ်းများ၊ ဆေးရုံနှင့်ဝေးလံ သည့်နေရာများတွင် နေထိုင်သူတို့ ဆေးရရှိရေး ခက်ခဲနေသည်ဟု ရန်ကုန်မှ မူးယစ်ဆေးစွဲသူများကို နှစ်သိမ့် ဆွေးနွေးရေး ဆောင်ရွက်ပေးနေသူ ဦးဝင်းမင်းက ပြောသည်။

“ ရန်ကုန်မြို့တွင်းကျတဲ့ အနောက်ပိုင်းဆေးရုံကြီးမှာ မက်သဒုန်းပေးဝေရေး ဌာနတစ်ခုဖွင့်ဖို့ တင်ပြထားပေးမယ့် ခုထိတော့ မထူးခြားသေးပါဘူး” ဟု သူက ရှင်းပြသည်။

၁၉၉၃ မူးယစ်ဥပဒေကိုပြင်ဆင်ရန် စိတ်အား ထက်သန်သူများထဲတွင် ရဲမှူးကြီး မြင့်အောင်လည်း ပါဝင်သည်။ 



မူးယစ်ဥပဒေပြင်ဆင်ရန် ဆောင်ရွက်နေသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ အန္တရာယ် ကာကွယ်ရေး ဗဟိုအဖွဲ့မှ ရဲမှူးကြီး မြင့်အောင်က ပြောသည်။

“ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးကိုပို့ဖို့ ရှိတယ်။ ပြီးရင်တော့ လွှတ်တော်အသီးသီးမှာ ဆွေးနွေးသွားမယ်။ နောက်ဆုံးအဆင့်ကတော့  ပြည်သူလူထုကို ချပြသွားမှာပါ” ဟု သူက ပြောသည်။ 



“မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ပတ်သက်ရင်တော့ လက်ရှိဥပဒေအရ ဆိုရင်တော့ ပြစ်မှုဖြစ်တယ်။ နောက်ပြင်မယ့်ဟာမယ် ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူတာမျိုးမဟုတ်တော့ဘဲ ကျန်းမာရေးရှုထောင့်အရ ဆေးဝါးကုသတာတွေ၊ ပြန်လည်ထူထောင်တာတွေနဲ့ ပိုပြီးထိရောက်အောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်” 

မြန်မာနိုင်ငံ၏ အကြီးဆုံး မူးယစ်ဆေးဖြတ်ဆေးရုံဖြစ်သည့် ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံအတွင်း သော့ခတ်ထားသည့် သံတံခါးတစ်ခုကို ကျော်ပြီး ကြည့်လိုက်လျှင် စိတ်နှင့်မူးယစ်ဌာနအတွင်း ဆေးဖြတ်နေသူများ ဥပဒဟိုသွားလာနေသည်ကို  တွေ့မြင်နေရသည်။   အုပ်စုဖွဲ့ စကားပြောဆိုနေကြသူများရှိသလို  တစ်ဦးတည်း ထိုင်ငေးနေကြသူများလည်း ရှိသည်။ ဆေးရုံ၏ အလယ်ဗဟိုတွင်ရှိသည့် ဘက်စကက်ဘောကစားကွင်းမှာ ဆော့ကစားသူ မရှိ၊ တိတ်ဆိတ်နေပြီး အလေးမရုံမှာလည်း ထိုနည်းလည်းကောင်းပင်။ 



ဝင်ပေါက်ရှိ ရုံးခန်းအတွင်းတွင် ဒေါက်တာဦးလှဌေးက ခေတ်မမီတော့သည့် မူးယစ်ဥပဒေကို ပြင်ဆင်ပြီးလျှင် ပိုမိုကောင်းမွန်မည့် ဆေးရုံသစ်၊ ပိုမိုကောင်းမွန်လာနိုင်သည့် မူးယစ်ဆေးစွဲသူများ၏ အနာဂတ်အကြောင်းတို့ကို ပြောပြသည်။
“ ဥပဒေကြမ်း အတည်ဖြစ်သွားရင်တော့ မူးယစ်ဆေးစွဲသူတွေကို ရဲကတွေ့ရင် ဆေးဖြတ်ဖို့ တိုက်တွန်းရမယ်။ အရင်လို ဖမ်းပြီးထောင်ချတာမျိုး လုပ်လို့မရတော့ဘူး” ဟု ဒေါက်တာဦးလှဌေးက ပြောလိုက်သည်။  ။

ကာတွန်း လိုင်လုဏ် ● လုံခြုံတဲ့နေရာ

$
0
0

ကာတွန်း လိုင်လုဏ် ● လုံခြုံတဲ့နေရာ
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

July Moe (RASU) ● အညတြကြွေလွင့်ခြင်း

$
0
0

July Moe (RASU) ● အညတြကြွေလွင့်ခြင်း
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

ဒီဆောင်းပါးက ကွန်ပျူတာထဲ အောင်းနေရတာ ၅ နှစ်ကျော်ခဲ့ပါပြီ။  အချိန်တန်ရင် ထုတ်မယ်၊ ဘယ်မှာထုတ်ရင် ကောင်းမယ် စဉ်းစားနေတာကြောင့်လည်း ကြာခဲ့တာပါ။ နောက်တချက်ကတော့ သမိုင်းက မလိမ်ချင်ဘူး၊ သမိုင်းမှာ ကိုယ်ချစ်တဲ့သူ မုန်း တဲ့သူတွေ ပါမှာပါပဲ။

သို့သော် သမိုင်းအမှန်အနေနဲ့ ပကတိအမြင်အတိုင်း လက်ခံနိုင်စွမ်း ရှိရမယ်။ တော်တော်များများရဲ့အမြင်က နိုင်ငံရေးလုပ်ရင် ထောင်ကျဖူးရမယ်၊ ထောင်ကျဖူးမှသာ နိုင်ငံရေးစာမေးပွဲ အောင်လက်မှတ်ကြီး ရနိုင်တယ်လို့ ခံယူထားချက်တွေရှိနေတာ လည်း တွေ့ရတယ်။ ထောင်မကျဘူးပေမယ့် နိုင်ငံ့အရေးကိုတကယ် ဘာမျော်လင့်ချက်မှမရှိဘဲ ကိုယ့်ထောင့် ကိုယ့်နေရာက ပံ့ပိုးခဲ့သူတွေရှိပါတယ်။ သူတို့မှာလည်း ခံစားကြရပါတယ်။ ထောင်လက်မှတ်မရတာသာရှိတာ ပေးဆပ်ပုံတွေမတူပေမယ့် စစ်အာဏာရှင်လက်ထဲမှာရှိတဲ့ လက်ခုပ်ထဲက ရေချင်းကတော့ အတူတူပါပဲ။

အညတြသူရဲကောင်းတွေလို့ပဲ ပြောကြပါစို့။ တော်လှန်ရေးအမျိုးမျိုး ခေတ်အဆက်ဆက်မှာ အညတြ သူရဲကောင်းတွေ ရှိခဲ့ပါတယ်။ သူတို့ဟာ နာမည်ထင်ရှားတဲ့နိုင်ငံရေးသမားကြီးတွေလို ဂုဏ်ပြုခြင်းလည်း မခံရကြပါဘူး။ သူတို့ရဲ့လုပ်ရပ်လေး တွေက ပစ်လိုက်တဲ့ခဲလုံးငယ်ပေမယ့် ဝဲဂယက်ကြီးကြီးတွေ ဖြစ်လာစေနိုင်ပါတယ်။

{သည်အဖြစ်အပျက်များကို ပြန်လည်ပြောပြသူမှာ ၁၇-၇-၂၀၁၁ တွင် ကွယ်လွန်ခဲ့သူ ဦးမောင်မောင်ထွန်းရွှေ ဖြစ်သည်။ ပြန်လည်ပြောပြနေချိန်တွင် ကာယကံရှင်သည် ရောဂါဝေဒနာကြောင့် ပင်ပန်းကြီးစွာ အသက်ကိုလု၍ ရှူနေရသော အချိန် ဖြစ်သည်။ နာမကျန်းဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည်မှ မကြာခဏ လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

အမှတ်တရကျန်ခဲ့စေလိုသော မိသားစု၏ဆန္ဒကို ဖြည့်ဆည်းသည့်အနေဖြင့်၎င်း၊ ဆေးရုံတက်စဉ်ကာလတွင် ကြပ်မတ် ကု သသူ ဆရာဝန်ကြီးနှင့် စကားစပ်မိရာ …ကိုမောင်မောင် ခင်ဗျားမှတ်မိတာတွေ ချရေးထားပါလားဟု ပြောဖူးသည်ကို အ ကောင်အထည်ဖော်သည့်အနေဖြင့်၎င်း၊ အိမ်တွင်နားနေခိုက် စာရေးနိုင်လောက်အောင် အင်အားမရှိသဖြင့် MP4 နှင့် အသံ သွင်းထားသည်များကို မတည်းဖြတ်ဘဲ တိုက်ရိုက်စာလုံးများအဖြစ် ရေးချထားခြင်းဖြစ်ပါသည်။ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ထိ ခိုက်စေလိုသော ဆန္ဒမရှိပါ။ }
**************

ဒီတပတ် ကျနော်ပြောမယ့်အကြောင်းအရာကတော့ ဗိုလ်ချုပ်အောင်ကြီးရဲ့ ၄၂ မျက်နှာ။
အရေးအခင်းတုန်းကထွက်တဲ့ ဗိုလ်ချုပ်အောင်ကြီးရဲ့၄၂ မျက်နှာစာတမ်း ကျနော် ပထမဦးဆုံး ပုံနှိပ်ဖြန့်ဝေခဲ့တဲ့အကြောင်းအရာ။ မနေ့က မမစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့တွေ့တော့ မမစုက အရေးအခင်းအတွင်း ဗိုလ်ချုပ်အောင်ကြီးရဲ့အခန်းကဏ္ဍ တွေကို မှေးမှိန်သွားအောင် မလုပ်ကြဖို့အကြောင်း၊ ဗိုလ်ချုပ်အောင်ကြီးရဲ့ ဒီစာတွေဟာ အရေးအခင်းအတွက် ဘယ်လောက် အထောက်အကူပြုခဲ့တယ်ဆိုတာ နားလည်ကြဖို့အကြောင်း လူတွေရှေ့မှာ ကျနော့်ကိုပြောတယ်။

ကျနော်ကလည်း သဘောတူပါတယ်။ ဘာလို့ဆိုတော့ ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာကိုး။ ၁၉၈၇-၈၆ လောက်မှာ အစိုးရ က (မဆလအစိုးရက) ငွေစက္ကူ တရားမဝင် (၂) ကြိမ်ကြေညာခဲ့တယ်။ လူတွေလမ်းမပေါ်ရောက်လာကြတယ်၊ မီးပွိုင့်တွေဖျက်၊ ကားတွေမီးရှို့ မကျေနပ်ချက်တွေ ပြကြတယ်။ နောက်တော့ တောင်ကြီးဖြစ်မယ်.. စပြီးတော့ဆူတော့ ပွဲကြမ်းသွားတယ်။ ရဲမှူးကြီးတယောက်လည်း သေတယ်လို့ ကြားတယ်။ နောက်တော့မန္တလေးရောက်၊ ဆက်ဖြစ်တယ်။ အဲဒီအချိန်လောက်မှာ ၈၈ မတ်လလောက်ကြတော့ ရန်ကုန်မှာ ပွဲဆူလာတယ်။ စီတန်းလှည့်လည်ပွဲတွေ ဟိုကြိုကြား ဒီကြိုကြား ဖြစ်လာတယ်။

ကျနော့်အဖေက ဗိုလ်ချုပ်အောင်ကြီးတပည့်၊ နေ့တိုင်းဗိုလ်ချုပ်အောင်ကြီးဆီသွားတယ်။ ဗိုလ်မှူးဘရွှေတို့ ၊ ဗိုလ်မှူးကြီးကြည် ဟန်တို့။ ကျနော်ကတော့ ဒရိုင်ဘာပေါ့ဗျာ။ လိုက်ပို့ဆိုလိုက်ပို့လိုက်တယ်။ ပြန်လာကြိုဆိုကြိုလိုက်တယ်။ ကိုယ်နဲ့လည်း ခင် နေတာကိုး။ တခါတလေလည်း အပေါ်မတက်ပါဘူး။ အောက်ထပ် မီးဖိုချောင်ကြီးထဲမှာ နန်းကြီးလေး ဘာလေးစား…၊ အန်တီမူက လုပ်ကျွေးတယ်။ အဲဒီတုန်းက အန်တီမူ နန်းကြီးက စပါယ်ရှယ်ပဲ။  အရေးအခင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးတို့အဖွဲ့နဲ့ ဘာမှမဆိုင်ပေမယ့် ဗိုလ်ချုပ်အောင်ကြီးတို့ အိမ်ရှေ့မှာတော့ မနက်မိုးလင်းရင်ထောက်လှမ်းရေးက ဟိုင်းလပ် မီးခိုးရောင် လေးက ခပ်လှမ်းလှမ်းကရောက်နေပြီး စောင့်ကြည့်နေကြတယ်။

ဗိုလ်ချုပ်အောင်ကြီး စာတစောင်ရေးတယ်ဆိုတာတော့ ကျနော်သိတယ်။ ဦးနေဝင်းဆီ တစောင်ရေးတယ် …ကျနော်မြင်လည်း မြင်တယ်။ ဗိုလ်ချုပ်အောင်ကြီးရဲ့အရည်အချင်းက စာရေးရင် ဖျက်တာတို့ နောက်ပြန်လှည့်တာတို့ မရှိဘူး။ တောက်လျှောက် ရေးသွားနိုင်တယ်။ ဆုံးတဲ့အထိ တဖြောင့်တည်းရေးလို့ရတယ်။

တနေ့သောအခါတော့ ကျနော့်အဖေက ကျနော့်ကို…ဟေ့ကောင် မောင်မောင်.. ဗိုလ်ချုပ် အောင်ကြီး စာရေးပီးသွားပြီ။ အဲဒါ ကို gestener နဲ့ လှည့်ပြီးဝေစေချင်တယ်။ မင်းလုပ်မလား  မင်းလုပ်ပေးမလားလို့မေးတယ်။ ကျနော်ကလည်း ဟား…ထောင် နှုတ်ခမ်းနင်းရတဲ့အလုပ်။ သူ့မှာလည်း ယောက်ဖတွေ ညီတွေ သားမက်တွေရှိရဲ့သားနဲ့ ငါ့ခိုင်းတယ်ဟ.. လို့ စိတ်ကတော့ ဖြစ်ပြီ။  ဒါပေမဲ့ ကျနော် စာဖတ်ပြီးတဲ့အချိန်မှာ ဒီစာကိုဝေသင့်တယ်  တိုင်းပြည်ကို ဖြန့်သင့်တယ်လို့ဆိုပြီးတော့ ဗိုလ်ချုပ် အောင်ကြီးဆီက အော်ရီဂျင်နယ် စာယူပြီးတော့ ခပ်တည်တည်နဲ့ ဘားလမ်းက ကျနော့်ဦးလေး ဦးဖိုးအောင်ရုံးခန်းကို ချီတက် တယ်။

အဲဒီက ကိုမောင်မောင်ကြည် …စာရိုက်ချင်တယ်…ကိုမောင်မောင်ကြည်ကလည်း လွယ်လွယ်ပဲ ဘားလမ်းထဲက ဆိုင်ကိုခေါ် သွားတယ် ဆိုင်တဆိုင်ပေါ့။ စရိုက်တာပေါ့ဗျာ။ ၄၂ မျက်နှာဆိုတော့ ၂ ရက်လောက်ရိုက်ရတယ်။ အရှေ့မှာ ၄၂ မျက်နှာ ပထမဆုံးစာမျက်နှာက အင်္ဂလိပ်လိုရေးထားတဲ့ Type ဆိုတာ ကျနော့်လက်ရေးပဲ။ ဆိုင်ရှင်ကလည်း ဘာစာမှန်းတောင် မသိဘူး။ ဦးနေဝင်းဆီလိပ်တပ်ထားတာ ဂရုမစိုက်ဘူး။ အဲဒါမျိုးတွေ လာနေကြနဲ့တူတယ်။

ဗိုလ်ချုပ်အောင်ကြီးက စာရွက်အကောင်းနဲ့ အစောင်(၁၀၀) ၊ စာရွက်အကြမ်း စစ်တောင်းနဲ့ အစောင် (၆၀၀) လှည့်ခိုင်းတယ်။ gestener နဲ့လှိမ့် …စာရွက်အကောင်းကိုတော့ စာအုပ်လေးတွေချုပ်ပေါ့လေ။ နောက်ပီးတော့ နိုင်ငံတော်ကောင်စီဝင် အား လုံးဆီ ဦးနေဝင်းအပါအဝင် နိုင်ငံတော်ကောင်စီဝင်အားလုံးဆီ စာရွက်အကောင်းနဲ့ ရောပြီးပို့ခိုင်းတယ်။ စာတိုက်ကနေ ခပ် တည်တည်နဲ့ထည့်တယ်။။ စာအိတ်ထဲထည့်ပြီးတော၊ ကျနော့်လက်ရေးနဲ့အပေါ်ကလည်း ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းပေါ့လေ …။ အကုန်လုံး ကျနော့်နာမည်နဲ့တပ်ပြီးတော့ လျှောက်ပို့တော့ စာတိုက်က …ဟာ မရဘူး ဦးနေဝင်းဆိုရင် ပို့တဲ့လူရဲ့နာမည်နဲ့ မှတ်ပုံတင်လိုတယ် …။ ဒီလိုဆိုတော့ ဗိုလ်ချုပ်အောင်ကြီးရဲ့မှတ်ပုံတင်နံပါတ်ကို အဲဒီမှာရေးထားတဲ့အတိုင်း ပြလိုက်တယ်။

ကျနော်ရေးတော့မှ စာတိုက်က လက်ခံလိုက်တယ်။ ကျန်တဲ့စာရွက်အချောတထုတ် ကျန်သလောက်ပေါ့ဗျာ။ အဲဒီကနေ ဗိုလ်ချုပ်အောင်ကြီးဆီပြန်လာတယ် …။ ကျနော်လည်း ကော်ပီဝေရအောင်လို့ ၂၀-၃၀ လောက်ယူထားလိုက်တယ်…။ စာ ရွက်အကောင်းနဲ့တအုပ်ကို ဂျပန်ဆေးရုံမှာ ဒေါ်ခင်ကြည်ဆေးရုံတက်နေတဲ့ကြားမှာ မမစုကို ကျနော်သွားပေးလိုက်တယ်။ အဲဒီ (၆၀၀) ကနေ ပွားသွားလိုက်တာ ဗိုလ်မှူးကြီးတင်ထွန်း (အကိုကြီးတင်ထွန်း) ရဲ့သား သူ့နာမည်လည်း မောင်မောင်ပဲ …အဲ …သူကထပ်ဝေချင်လို့ gestener ပြေးဆွဲတယ်၊ ပြီးတော့ ဗိုလ်ချုပ်အောင်ကြီးကလည်း ပေးခိုင်းလိုက်တယ်၊ ကျနော် သူ့ကိုပေးလိုက်တယ် ။

ကျနော်အဲဒါလုပ်ပြီးကတည်းက ဗိုလ်ချုပ်အောင်ကြီး အိမ်ကို သိပ်မတက်တော့ဘူး။ ကားနားမှာပဲစောင့်နေတယ် ၊ ထောက် လှမ်းရေးတွေကလည်း ကြည့်နေတယ်။ ကျနော်က ကားရပ်ရင် ဘီးကိုခြေထောက်နဲ့ကန်ကြည့်လိုက် …ကားအောက်ကို ငုံ့ကြည့်လိုက်၊ ဘောနက်ဖွင့်လိုက် ၁၅ မိနစ်လောက် လုပ်ပြီးမှ ကျနော်အိမ်ပေါ်တက်တယ်။ အမြင်မှာတော့ ဒရိုင်ဘာပေါ့ဗျာ ။ အဲ…ထင်တဲ့အတိုင်းပဲ ဖမ်းပါလေရောဗျား…။

အဖေရော  ဗိုလ်ချုပ်အောင်ကြီးရော၊ တဖွဲ့ကြီးဖမ်းတယ်။ အဲဒီအိမ်မှာ ဗိုလ်ချုပ်အောင်ကြီး သားတွေနဲ့ဆော့နေတဲ့ ခပ်ပျော့ ပျော့ ဒေါက်တာဇော်ဝင်းဦးတဲ့…။ အခုတော့ သြစတြေးလျမှာ ထင်တယ်…သူရှိတယ်။ သူ့ကိုဖမ်းသွားတယ်။ ကျနော်ထင် တာက သူ့ကိုစာရိုက်တယ်ထင်ပြီးဖမ်းတာ။ သူတို့လည်း အကြာကြီးတော့မနေရပါဘူး။ (၇) ရက်လောက်နေတော့ ပြန်လွတ် လာကြတယ်။ ဒေါက်တာဇော်ဝင်းဦးက ကျနော့်တွေ့တော့မေးငေါ့ပြီးတော့… အဲဒီလူကြီး ဒီစာတွေရိုက်တာတွေ့တယ်လို့ ထောက်လှမ်းရေးတွေကိုပြောခဲ့တယ်…မကျေမနပ်နဲ့…။ ကျနော်လည်း ဘာတတ်နိုင်မှာလဲ။ ကျနော့်ကိုလည်းဖမ်းပေါ့ ။

အဲဒီ ၄၂ မျက်နှာစာတမ်းက အင်မတန်အောင်မြင်ကျော်ကြားခဲ့တယ်။ အဲဒီတုန်းက ရင်တထိတ်ထိတ်ပေါ့ …။ ရိုက်ရမယ့်လူက ဟာ…ကျနော်မရိုက်ရဲပါဘူးဆိုပြီးတော့ ရပ်လိုက်ရင် ကျနော်ဒုက္ခပဲ ။ဒီလောက်ပါပဲ ။ သိပ်စွန့်စားခန်းကြီး တော့မဟုတ်ဘူး။ ဒါပေမဲ့ ထောင်နှုတ်ခမ်းတော့နီးခဲ့ရပါတယ်။ ကျနော် အဖမ်းမခံခဲ့ရဘူး …။ ကျနော်တတ်နိုင်သလောက်လုပ်ခဲ့တဲ့နိုင်ငံရေးအဖြစ်အပျက်တခု။
**********

သည်တုန်းက တတ်နိုင်သလောက်လုပ်ခဲ့တဲ့ နိုင်ငံရေးအဖြစ်အပျက်တခုဆိုတဲ့ ၄၂ မျက်နှာကို ဝေလိုက်ပြီး နောက်ပိုင်းအဖြစ် အပျက်တွေကတော့ အားလုံးသိကြတဲ့အတိုင်း လူထုအုံကြွမှုများ၊ အာဏာရှင်နဲ့ လက်ကိုင်တုတ်များရဲ့ရက်ရက်စက်စက်နှိပ်ကွပ်ချေမှုန်းမှုများနဲ့ ရင်နာစရာ တွေချည်းသာပင်။

မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းရဲ့ တွင်းဆုံးထဲ ရောက်နေတာကို မီးထိုးပြလိုက်သလို အားလုံး ကွက်ကွက်ကွင်းကွင်း သိရှိသွား ပြီး လက်ရှိအစိုးရကိုလည်း နာကျည်းသထက် နာကျည်းလာကြပါသည်။ ၄၂ မျက်နှာစာရွက်များကလည်း တီးတိုးဖြန့် ထားရာက အတော်ခရီးပေါက်နေရာ မဖတ်ရသေးသူဆိုလျှင်ခေတ်မမီတော့သည့်ဘ၀ကို ရောက်လာပါသည်။ အင်တာနက် မရှိသေး၊ ရေဒီယိုမှာ ဘီဘီစီ၊ ဗွီအိုအေနားထောင်လျှင် နိုင်ငံခြားမှ သတင်းစာတစောင်စောင်ကိုလက်ဝယ်ဖတ်ရှုမိလျှင် နိုင်ငံ တော်ကိုပုန်ကန်မှု၊ တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက်ဖျက်ဆီးမှုတို့နှင့် အချိန်မရွေး ထောင်ထဲဝင်နိုင်သော ခေတ်၊ တရားစွဲဆိုခြင်း၊ ရုံးတင် စစ်ဆေးခြင်းမရှိ၊ လူတယောက်ကိုထောင်ထဲမှာထားချင်သလောက် ထားနိုင်သောခေတ် ဖြစ်ပါ သည်။

{၈၈၈၈ အရေးအခင်းမဖြစ်မီ မတ်လ ၇ ရက်နေ့က ဗိုလ်ချုပ်အောင်ကြီးမှ ဦးနေဝင်းဆီ စာတစောင် ပို့ခဲ့ပါသည်။ စီးပွားရေးပြပြင်ပြောင်းလဲမှုများလုပ်ရန် အစိုးရတရပ်အသစ်ဖွဲ့ရန် အကြံပြုခဲ့ပါသည်။ ယခင်ကလည်း  စာတော်တော်များများ ရေးခဲ့ဖူးပြီး တိုင်းပြည်သို့လည်း ဝေခဲ့ပါသည်။ တိုင်းပြည်အတွင်း အစိုးရဆန်ုကျင်ရေးလှုပ်ရှားမှုများအတွက် အရေးပါသော ထောက်ပံ့ မှုတရပ် ဖြစ်စေခဲ့ပါသည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ပြစ်ပြစ်ခါခါ ဝေဖန်ထားပြီး လူထုအုံကြွမှုကြီး ဖြစ်လာ နိုင်ကြောင်းကိုလည်း သတိပေးထားခဲ့ပါသည်။ ၁၉၈၈ မေလ ၉ ရက်နေ့တွင် စာမျက်နှာ ၄၂ မျက်နှာပါစာကို ဒုတိယ တကြိမ် ရေးပီးပြုပြင်ပြောင်းလဲရေးများ လိုအပ်နေကြောင်းကိုလည်း ထပ်မံပြောကြားခဲ့ပါသည်။} (Wikipidia စာမျက်နှာမှ)

ကျောင်းသားမောင်ဖုန်းမော်သေဆုံးမှုမှစတင်ကာ အထွေထွေသပိတ်ကြီး မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရသည်မှာ နေပူထဲဓာတ်ဆီဖြန်းပြီးသားလောင်စာကို မီးပွားကျသွားသဖြင့် ၀ုန်းခနဲ ထတောက်လာသည်ဟု မိမိအတွေ့အကြုံအရ ထင်မှတ်မိပါ သည်။ ထိုအချိန်က ယိုယွင်းနေသော မြန်မာပြည်ကို အာဏာရှင်ဦးနေ၀င်းကိုယ်တိုင်က သူ့လက်ထဲမှာ ဆက်လက်ထိန်းသိမ်း နိုင်စွမ်းမရှိတော့။ တပါတီစံနစ်လား ပါတီစုံစနစ်လားတွေ မေးနေရသောဘ၀ကို ရောက်လာခဲ့ပါသည်။ အဆင်းမှာ ထွက်ခတ် ခတ်တတ်သောအာဏာရှင်တို့ထုံးစံအတိုင်း တတိုင်းပြည်လုံးကို စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့် ပစ်တယ်လို့ကြိမ်းမောင်းပြီး ဆင်းသွားခဲ့တာပါ။

{ဒီနေရာမှာ မြန်မာပြည်ကအာဏာရှင်တွေရဲ့စရိုက် တူတာတွေ တွေ့မိတာကတော့ သူတို့ဟာ တိုင်းပြည်ရဲ့အဆီအနှစ်တွေ ၀ါးမျိုနေတုန်းကတော့ ကိုယ့်ကိုယ်ကို နာမည်အမျိုးမျိုးတပ်ပြီး မဟာခေါင်းဆောင်လိုလို တိုင်းပြည်တာဝန်ယူထားရတဲ့ပုံဖမ်းကြ၊ အဆီအနှစ်တွေ ကုန်ခမ်းလို့ သူတို့အတွက် အစုပ်ထုတ်ပဲကျန်တယ်လို့ထင်လာတဲ့အချိန်ကြတော့ ပါတီစုံစနစ်ကို အစ ပျိုးပေးခဲ့တယ်တို့၊ တာဝန်လွှဲပြောင်းပေးခဲ့တယ်တို့၊ ဒီမိုကရေစီနိုင်ငံဖြစ်အောင် အစပျိုးခဲ့တယ်တို့နဲ့ နာမည်ကောင်းကလည်း လိုချင် ထိုင်ကျေးဇူးတင်တာလည်း ခံချင်သေးတာ။}

ဘာပဲဖြစ်ဖြစ် နှစ်တွေမည်မျှပင်ကြာပါစေ … ဓမ္မနဲ့အဓမ္မတိုက်ပွဲမှာ ကျဆုံးသွားကြရတာကတော့ အဓမ္မသားတွေဆိုတာ အား လုံး အသိပါ။

ဒီမိုကရေစီ ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်လာရန် နှစ်ပေါင်းများစွာ အသက်ပေါင်းများစွာ စတေး ပြီးမှ ခက်ခက်ခဲခဲအကြိမ်ကြိမ် ပြန်လည်ရုံးထခဲ့ရပါသည်။ အမှောင်ခေတ်အာဏာရှင်တွေလက်ထဲ တိုင်းပြည်ပြန်မရောက်အောင် ကာကွယ်ရန်မှာ နိုင်ငံ သားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ပြည်သူ့အစိုးရကို အားလုံးဝိုင်းဝန်းပံ့ပိုးကြပါစို့လို့ ၈၈၈၈  ၂၈ နှစ်မြောက်နှစ်ပတ်လည်မှာ တိုက်တွန်းလိုက်ရပါကြောင်း။

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)

$
0
0
မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

အီဖယ်ထိပ် မတက်ဘဲ အောက်ကနေသာ သွားမှာမို့လို့ ၃၂၄ မီတာ အမြင့်ကမြင်တွေ့ရမယ့် မြို့ပါရီရဲ့ အလှတွေကိုတော့ နောက်မှရေးပါမယ်၊ မြက်ခင်းပြင်ကလျှောက်လာခဲ့တာမို့ ထရိုကာဒေရို ကုန်းမြင့်ပေါ်သို့ စဲန်းမြစ်ကိုကူး လမ်းဆက် လျှောက် ရမှာပါ။ အဲဒီ Pont d'Iéna မြစ်ကူးတံတားပေါ်ကရော Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကရော မှတ်တမ်းတင် ချင်သူများ အတွက်က ရိုက်ကွင်း ကောင်းကောင်းတွေသာပါ။


ထရိုကာဒေရို ရေပန်း (ဓါတ်ပုံ မရငတ)

Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကတော့ ခြေညောင်းပြေ ခေတ္တခဏ နားကြသူတွေနဲ့ စည်ကားပါတယ်။ ရေပန်း ဖွင့်ထားချိန် ရေပန်းဖွေးဖွေးကြားက အီဖယ်ရဲ့အလှကလည်း မြင်ရသူတွေအတွက် လက်မလွှတ်စတမ်း မှတ်တမ်းတင် ချင် စရာဖြစ်ကြောင်း လက်တွေ့မြင်ဖူးသူတွေ ထောက်ခံကြမှာ သေချာပါတယ်။

Pont d'Iéna (ဓါတ်ပုံ မရငတ)  

Pont d'Iéna တံတားက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က နပိုလီယံ စစ်ပွဲတွေထဲက တပွဲဖြစ်တဲ့ Bataille d'Iéna (Jena) ကို အစွဲပြု မှည့်ခေါ်ထားတာပါ။  ၁၈၀၈ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တဲ့ ဒီတံတား ဖွဲစည်းပုံက ထူးထူးခြားခြား မဟုတ်လှပေမယ့် တံတားထိပ် မြင်းစီးကျောက်ရုပ်တုလေးရုပ်ကတော့ စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားစရာပါ။ တံတားအောက်ခြေ တဘက်တချက်မှာတော့ စဲန်းမြစ်တွင်းသွား အပန်းဖြေ သင်္ဘောဆိပ်  နှစ်ခုရှိနေတာရယ် ထိုင်လို့ကောင်းလှတဲ့နေရာ ဖြစ်တာ ရယ်ကြောင့် ဧည့်ပရိသတ်စည်ကားရာ နေရာတနေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာက ခရီးသွားတွေသာအထိုင်များပါတယ်။မောင်ရင်ငတေတို့ ပါရီသား အများစုကတော့ ခပ်ကြာကြာအေးဆေးစွာထိုင် အချိန်ဖြုန်းချင်ရင် ဒီနေရာကို လာလေ့မရှိ ပါဘူး။ 

(ဓါတ်ပုံ မရငတ)

တံတားအောက် ရေပြင်စပ် လှေခါးထစ်လေးများက ထိုင်ငေးမောချင်စရာပါ။ အဲဒီလိုနေရာမျိုးလေးတွေရှိရာသို့ ရောက် လို့ရှိရင် မောပန်း၍ခြေညောင်းလာတဲ့ လူတိုင်းလိုလို ခဏတဖြုတ်လောက်တော့ ခြေပစ်လက်ပစ် ထိုင်လိုက်ချင်ကြတာက လူသဘောမို့လို့ ပါရီမြို့ကို လည်ပတ်တဲ့ခါ အဲလိုအနားယူချိန်တွေကိုလည်း မထည့်မဖြစ် ထည့်တွက်ကြရပါတယ်။ မောင်ရင် ငတေတို့လို လာနေကျသူကတော့ ပါလာတဲ့ဖျော်ရည်လေးတွေထုတ် အမောဖြေထိုင်ဖြစ် သောက်ဖြစ်ကြတာ အမြဲလိုလို သာပါ။ ဒီလိုမှလည်း စဲန်းမြစ်ရဲ့အလှ ပါရီရဲ့အလှကို ခံစားချိန် ရမှာပါ။အဲလိုမဟုတ်ပါဘဲ ပါရီကိုရောက်ပြီးရော တက်သုတ်ရိုက် ပြန်သွားကြသူတွေလည်း ရှိကြပါလိမ့်မယ်၊ မောင်ရင်ငတေ့ဆီသို့ လာရောက်လည်ပတ်ကြသူများကိုတော့ အဲသလို တက် သုတ်ရိုက်သမားတွေ မဖြစ်စေလိုပါ။

တနေ့လောက် သို့မဟုတ် နေ့ချင်းပြန်ခရီးသွားလိုမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ ပါရီအနှံ့ နေရာစုံရောက်ဖို့ မျှော်လင့်၍ မရပေမယ့် မောင်ရင်ငတေရဲ့ ခပ်ပြင်းပြင်းမောင်းနှင်အားကြောင့် အဓိကနေရာတွေကို ရောက်အောင်တော့ ပို့ပေးနိုင်ကြောင်း ပါ။ အပြန်ခရီးမှာတော့ ဒဏ်ကြေလိမ်း ဆေးလေးတွေတော့ လိုရ မယ်ရ လိမ်းဖို့ရန် သယ်ဆောင်လာကြစေလိုကြောင်းပါ ခင်ဗျား။ 



Bateaux Promenades, Au Pied de la Tour Eiffel, Face au Trocadéro (ဓါတ်ပုံ မရငတ)

စဲန်းမြစ်တွင်း သင်္ဘောစီးလို့ ကမ်းတဘက်တချက်က ပါရီမြို့ရဲ့ အလှကို ဇိမ်ခံကြည့်ကြသူတွေလည်း များလှပါတယ်။ မြစ်အ တွင်းကနေ ကမ်းနဖူးဘက်ကို ပြန်မြင်ရတဲ့မြင်ကွင်းကလည်း အရသာတမျိုးဖြစ်လို့ ဒီလိုသင်္ဘောအပျော်စီးတဲ့ လုပ်ငန်းက လည်း တိုးရ်ရစ်ဇမ်စီးပွားရေးမှာ မပါမဖြစ် ပါဝင်လာခဲ့ပါပြီ၊ တနာရီကြာသင်္ဘောစီးပြီး စဲန်းမြစ် ကမ်းအလှကို ကြည့်ချင်ရင် ၁၅ ယူရိုခန့် ပေးရမှာပါ။ ရှန်ပိန်တခွက်လောက် ဇိမ်ခံသောက်ရင်း ချစ်သူနဲ့ညစာစားရင်း ဇိမ်ခံကြည်နူးချင်ကြရင်တော့ တယောက် ယူရိုတရာကျော်လောက် အကုန်ကျခံနိုင်ရင် ဖြစ်ပါတယ်။ မောင်ရင်ငတေကတော့ ရှန်ပိန်မကြိုက်လို့ အဲဒီလိုမျိုးတွေ ဇိမ်ခံချင် စိတ် နည်းပါးလှတာမို့ သိပ်စိတ်မဝင်စားမိရပါဘူး။



လူစည်ကားတဲ့ ထရိုကာဒေရိုရင်ပြင် လှေကားထစ်များ (ဓါတ်ပုံ မရငတ)

ထရိုကာဒေရိုကုန်းမြင့်ရင်ပြင်ပေါ်ရောက်တော့ နောက်လှည့်အောက်ဖက်ကိုကြည့်လိုက်ရင် အီဖယ်မျှော်စင်ကြီးက အောက် အတော်နိမ့်နိမ့်မှာ ကျန်ခဲ့တာကိုတွေ့မြင်ရမှာပါ။ ဒီ ရင်ပြင်ကလည်း အမြဲလို အပြည့်ပါ။ ဒီနှစ်ပိုင်းမှာ ဘယ်ဘက်လှေကားကို ပြင်ဆင်နေလို့ တခြမ်းပဲ့ရင်ပြင်ကနေ အီဖယ်ကြီးကို မြင်တွေ့ရတာက တခုခုလိုနေသလိုပါ။မြက်ခင်းပြင်ကနေ ထရိုကာဒေရို မေထရိုထိက နှစ်ကီလိုမီတာနီးပါး ဝေးပါတယ်။ အများအားဖြင့်က တည်းခိုရာကနေ မြေအောက်မေထရိုနဲ့လာပြီး ဒီရင်ပြင် ပေါ်ကနေမှ အီဖယ်ရှိရာသို့ တဖြေးဖြေးဆင်းသွားတာက မြင်ကွင်းက ပိုလှပါတယ်။ အခုလိုမျိုး တခါတလေမှာ တည်းခိုရာ နေရာက မြက်ခင်းပြင်နဲ့ လမ်းကြောင်းသင့်တာမျိုးကြောင့် ဒီလမ်းကြောင်းကို သုံးရတဲ့ အခါမှာ ကုန်းတက်လို့ ပို၍မောရသလို ရိုက်ကွင်း ပြောင်းပြန်ဖြစ်နေပါတယ်။ မတတ်သာတဲ့အခါမှာမှ ဒီလမ်းကြောင်းကို အသုံးပြုပါတယ်။ ဘူတာထဲရောက်လို့ အချိန်ကြည့်လိုက်တော့ ခန့်မှန်းထားချိန် နေ့လယ် တချက်တီးကို ကျော်နေပါပြီ။

Trocadéro ဘူတာကနေ ရထားစီးပြီး ဆက်လက် ချီတက်ရမယ့် အသင့်တော်ဆုံးလမ်းကြောင်းက နပိုလီယံရဲ့ အောင်မြင်ရေး မုခ်ဦး Arc de Triomphe de l'Étoile ရှိရာဆီပါ။ သိပ်တော့ မဝေးပါဘူး။ ကြားနှစ်ဘူတာ စီးရပါမယ်၊ မေထရိုလိုင်း နံပါတ် ခြောက် Charles de Gaulle Étoile ဂိတ်ဆုံးဘူတာမှာ ဆင်းပြီး လမ်းညွှန်အတိုင်း အပေါ်တက်သွားရင် တွေ့ရပါပြီ။ အဲဒီ လေးဒေါင့် မုခ်ဦးကြီးကို။



Arc de Triomphe de l'Étoile (Triumphal Arch of the Star) (ဓါတ်ပုံ မရငတ)

"You will Return Home through Archs of Triumphe"
Battle of Austerlitz Victory 1805, Napoleon said to his Soldiers.

၁၈၀၅ ခုနှစ် Bataille d'Austerlitz အော်စတာလဇ်တိုက်ပွဲကိုအောင်ပွဲခံပြီး အပြန်မှာ စစ်ဘုရင်ကြီး နပိုလီယံက အဲဒီလိုစကား  သူရဲ့စစ်သားတွေကို အားပါးတရ ပြောကြားခဲ့ပါတယ်တဲ့။ နောက်ပွဲတွေဆိုရင် မင်းတို့ အဲလိုအောင်ပွဲတွေခံပြီး ပြန်လာရင် Arc de Triomphe ဒီ မုခ်ဦးကြီးကနေ ကြိုဆိုခြင်းခံရမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နပိုလီယံကိုယ်တိုင် ဒီမုခ်ဦးကြီး အောက်ကနေ ဖြတ်လျှောက် အောင်ပွဲခံခွင့် မရလိုက်ပါဘူး။

၁၈၂၁ ခုနှစ် သူသေဆုံးခဲ့ပြီး အနှစ် နှစ်ဆယ်ခန့်အကြာ ၁၈၄၀ ခုနှစ်မှ သူရဲ့ ဝိညဉ်မဲ့ ကိုယ်ခန္ဓာကြီးကတော့ အဲဒီ အောင်ပွဲခံ မုခ်ဦးအောက်က ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ နပိုလီယံကြီးရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲ Marie-Louise d'Autriche မင်းသမီးနဲ့ ယူတဲ့ အခမ်းအနား ၁၈၁၀ ခုနှစ်မှာ ပြုလုပ်တော့ မပြီးသေးတဲ့မုခ်ဦးကြီးကို သစ်သားထည်တွေနဲ့ ပုံစံတူ ရွယ်တူ ပြုလုပ်စေပြီး အာသာပြေအခမ်းအနားတခု ပြုလုပ်ခဲ့ပါသေးတယ်တဲ့။ တကယ့်ကို သနားစရာကောင်းပါတဲ့ ဧကရာဇ်မင်းကြီး နပိုလီယံလို့ သာ မောင်ရင်ငတေ လိုက်ရှာဖတ်ရင်း တွေးမိရပါတယ်။

၁၈၀၆ ခုနှစ်မှာ နပိုလီယံ ဘိုနာပတ်က အဲဒီ မုခ်ဦးကြီးကို စတင် တည်ဆောက်စေခဲ့ပြီး နောက်ထပ် ဥရောပတခွင်မှာ အောင် ပွဲတွေ အလီလီရခဲ့ပေမယ့် ဒီမုခ်ဦးကြီးကိုတော့ လက်စမသတ်နိုင်ခဲ့ပါဘူး။ အမြင့်မီတာ ငါးဆယ်တိတိရှိတဲ့ အဖြူရောင် ကျောက်သားတွေနဲ့ အတိပြီးတဲ့ ဒီ မုခ်ဦးကြီးကို ၁၈၃၆ ခုနှစ် Louis-Philippe Ier ဘုရင်လက်ထက်ကျမှသာ  လက်စသတ် တည်ဆောက် နိုင်ခဲ့ပါတယ်။


.
အီဖယ် မီတာ ၃၀၀ အမြင့်ကနေ လှမ်းမြင်ရပါတဲ့ အောင်ပွဲခံမုခ်ဦး (ဓါတ်ပုံ မရငတ)

လှေကား ၂၈၄ ထစ်ကိုအမောခံပြီးတက်လို့ မုခ်ဦးထိပ်ပေါ်ကနေ မြင်တွေ့ရမယ့် အီဖယ်မျှော်စင်ရယ် ရှောင်ဇေလီဇေလမ်းမရယ် အပါအဝင် မြင်တွေ့ရမယ့် ရှုခင်းနဲ့ အီဖယ်မျှော်စင် အမြင့်မီတာ သုံးရာက အပေါ်စီးမြင်တွေ့ရမယ့် Arc de Triomphe မုခ်ဦးရဲ့ ရှုခင်းတွေကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။



ထုကြီးထည်ကြီ အောင်ပွဲခံမုခ်ဦး (ဓါတ်ပုံ မရငတ)

အဲဒီ မုခ်ဦးခြေရင်း ရင်ပြင် အဝိုင်းကြီးသို့ရောက်ပြီး မုခ်ဦးကြီးကို မော့ကြည်လိုက်တော့မှ ကြီးကျယ်ခမ်းနားခြင်းကို သတိထား မိနိုင်မှာပါ။  နပိုလီယံကြီးရဲ့ ကြီးမားခန့်ငြားလှတဲ့ ကြံရွယ်ချက်ကို တွေးမိရလေတော့ ဘယ်လောက် အကြံဉာဏ် ကြီးခဲ့ကြီးခဲ့ ခံစားခွင့်ရှိကြမှသာ ခံစားကြရမှာကို တွေးမိနေပါ တော့တယ်။ တဆက်တည်းမှာ တွေးမိရတာက အဲဒီ Arc de Triomphe မုခ်ဦးကြီးတည်ရှိရာ Place de l’Étoile အဝိုင်းကြီးကျယ်ကြီးကို ဖန်တီးခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာ့ငါးဆယ်ခန့်က ၁၆၇၀ ခုနှစ်များကလို့ ဆိုကြပါတယ်။

အဲဒီအချိန်ထဲက ဘယ်လိုရည်မှန်းချက်နဲ့ အဲလောက်ကျယ်တဲ့အဝိုင်းကြီးကို နေရာပေးဖန်တီးခဲ့ကြသလဲ ...သို့တည်းမဟုတ် နှောင်းလူတွေလက်ထက်မှာ ဒီလို အဝိုင်းကွက်လပ်ကြီးကို ဒီအတိုင်း ဘာလို့ထားခဲ့ကြသလဲ  .. …….. စဉ်းစားစရာပါ။

ဘာလို့ဆိုတော့ ဒီ အဝိုင်းထိပ်က အိမ်ခန်းတခန်း ပေါက်ဈေး မပြောပါနဲ့၊  တစ် စတုရန်းမီတာပတ်လည်ရဲ့ တန်ဖိုးက ယူရိုငွေ တသောင်းခွဲ နှစ်သောင်းကနေ ကြိုက်ဈေးခေါ် ကစားနိုင်တဲ့အဆင့် ရာက်နေလို့ပါခင်ဗျာ။ မောင်ရင်ငတေသာဆိုရင်တော့ အဲဒီနေရာတွေကိုသိမ်း အထပ်မြင့်ကြီးတွေဆောက်ရောင်းစားဖို့ စိတ်ကူးယဉ်မိတာ ရောက်ခဲ့တဲ့အခါတိုင်းလိုလို အကြိမ် ကြိမ်ပေါ့ ခင်ဗျား။



မုခ်ဦးထိပ်က မြင်တွေ့ရတဲ့ Avenue des Champs-Élysées  (ဓါတ်ပုံ မရငတ)

ဓါတ်လှေကားမရှိတဲ့ လှေကား ၂၈၄ ထစ်ကို နင်းတက်ချင်ရင်တော့ ၁၂ ယူရို ကျသင့်မှာ ဖြစ်ပါတယ်။ အချိန် တနာရီခန့်တော့ ပေးရမှာဖြစ်ပြီး အဲဒီမုခ်ဦးကြီးပေါ်ကနေ Avenue des Champs-Élysées ရှောင်ဇေလီဇေလမ်းမကြီး အပါအဝင် ရိပ်သာ လမ်းမကြီး ၁၂ လမ်းက ပါရီမြို့တခွင် အရပ်ဆယ့်နှစ် မျက်နှာသို့ ဖြာထွက်သွားတာကို မျက်စေ့တဆုံးတွေ့မြင်ရမှာပါ။  ခြေ ညောင်းခံလို့ တက်ကြည့်သူတွေ အားလုံးလိုလို ရှောင်ဇေလီဇေရဲ့အလှကို ပြတ်ပြတ်သားသား မြင်တွေ့ခွင့်ရပါလို ကျေနပ် သွားတတ်ကြပါတယ်။ အီဖယ်တက်ဖို့ ဦးစားပေးသူတွေများလို့ အချိန်ပိုသမားတွေသာ တက်လေ့ရှိကြပါတယ်။ မောင်ရင်င တေတောင်မှ ပါရီလာတဲ့သူတွေကို အတင်းဆွယ်ပြီးတက်ခဲ့မိလို့ နှစ်ခေါက်တည်းမျှသာ ရောက်ခဲ့ဖူးပါသေးတယ်။

လှေကားတထစ်ကို လေးပြားကျော်ကျော်မျှကျသင့်လို့ အီဖယ်ထက်တော့ ဈေးကြီးပါတယ်။ အီဖယ်ကြီးက လှေကားထစ် ပေါင်း ၁၇၁၀ ထစ်ရှိပြီး ထိပ်အထိမှ ၁၇ ယူရိုသာ ပေးရတာဖြစ်လို့ တထစ်တထစ်ကိုမှ တပြားခန့်သာပေးရတာကြာင့် ပို၍ တန်ကြောင်းပါခင်ဗျာ။



Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)  

ကြယ်တပွင့်သဏ္ဍန်ဆုံတွေ့ကြတဲ့ ၁၂ လမ်းသော လမ်းမကြီးများထဲမှာတော့ ရှောင်ဇေလီဇေက ပိုမိုနာမည်ကြီးပါတယ်။ တခြားသောလမ်း ဆယ့်တလမ်းရဲ့  လမ်းအမည်များကို မောင်ရင်ငတေ သေချာ မမှတ်မိတာကတော့ ညံ့ရာမကျလောက်ပါဘူး။ လူတော်တော်များများလည်း မသိကြတာမို့ပါ။

အီဖယ်ကနေ နေ့လယ်တနာရီကထွက်လာခဲ့တာ ဒီမုခ်ဦးကြီးအောက်ခြေ ဟိုကြည့်ဒီကြည့်လုပ် အပြီး ရှောင်ဇေလီဇေလမ်း ပေါ်လျှောက်ရင်း သတိရလို့  နာရီကြည့်မိလိုက်တော့ နှစ်နာရီခွဲခါနီး ဖြစ်နေပါပြီ၊ လာလည်တဲ့သူရော လိုက်ပို့သူပါ အူဟောင်း လောင်း ဖြစ်နေပြီမို့ ဒီနာမည်ကြီး ရိပ်သာလမ်းမကြီးက ဆိုင်တဆိုင်မှာသာစားဖို့ ဆုံးဖြတ်ကြပါတယ်။ရှောင်ဇေလီဇေလမ်းမကြီးပေါ်က နီးစပ်ရာ ယူရိုပီယမ် ဆိုင်တဆိုင်မှာ ဝင်ထိုင်လိုက်ကြပါတယ်။ အကောင်းစားလား တော်ရိလျော်ရိ ဆိုင်လားတော့ မပြောတတ်ပါဘူး။ဈေးကတော့ အနိမ့်ဆုံး မီနူးက အအေးတခွက် အသားဟင်းတခွက်ကို အစိတ်လောက် ပေးရပါတယ်။ လစ်တဲလ်အိန္ဒိယတို့ ချိုင်းနားတောင်းတို့သွားစားမယ်လို့ စိတ်ကူးထားကြသော်လည်းနောက်ဆက်ရမယ့် လမ်းလျှောက် ခရီးစဉ်ကလည်း ရှိသေးတာမို့ ထိုင်ရပြီးရောနားရပြီးရော အချိန်မကုန်အောင် ပိုက်ဆံပို၍ အကုန်ခံလိုက်ကြရခြင်းပေါ့လေ၊

ခပ်မြန်မြန်ဝင် ဗိုက်ဖြည့်အပြီးထွက်တော့ သုံးနာရီကျော်ပါပြီ၊ ဒီလမ်းမကြီးရောက်မှတော့ မလျှောက် မဖြစ် အနည်းဆုံးတော့ George V၊ လျှောက်နိုင်မယ် ဆိုခဲ့ရင် Franklin D. Roosevelt ဘူတာအထိ လျှောက်ကြသူတွေ များပါတယ်။ အဲဒီဘူတာ နှစ်ခုစလုံးက ၁၉၀၀ ပြည့်နှစ် ပါရီမေထရို ခေတ်အစက တည်ရှိလာတဲ့ ဘူတာနှစ်ခုပါ။ မေထရို အမှတ် (တစ်) လိုင်းပေါ်က အရေးကြီးတဲ့ ဘူတာနှစ်ခုပေါ့။



Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)  

စားသောက်အပြီးထွက်လာခဲ့ကြတော့ လာလည်သူ မန်းရွှေမြို့သူတို့က နာမည်ကြီး Louis Vuitton လူဝီဗွီတွန်ဆိုင်ဘက်ကို ထွက်သွားကြပါတယ်။မောင်ရင်ငတေကတော့ ဗိုက်လေးလေးနဲ့ စီးကရက် တလိပ်ထုတ်လို့ဖွာရင်းရှောင်ဇေလီဇေ တဘက် တချက် မီတာနှစ်ဆယ်ကျယ် ပလက်ဖောင်းပေါ်မှာတွေ့မြင်ရတဲ့ အရောင်အသွေးစုံ လူတွေလူတွေကို ငေးမောကြည့်ရင်းနဲ့ပေါ့၊

တကယ်ကို အရောင်စုံ အသွေးစုံကြတဲ့ လောကလူသားတွေ ဒီလမ်းမကြီးပေါ်မချိန်းမပြု တချိန်တည်းတပြိုင်တည်း စုရုံးလို့ ရောက်ရှိလာကြ၊ တယောက်နဲ့တယောက် မနှုတ်မဆက်မသိမပြု တိုးခွေ့လို့ ဖြတ်ကျော်၍သွားခဲ့ကြ၊ တယောက်ရဲ့မှတ်တမ်းထဲ တယောက်မျက်နှာ ပါသွားခဲ့ကြ၊ ပြီးတော့ အချိန်တန်လာရင် ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ထမင်း ကိုယ်စားကြ၊ သဘာဝ ကြီးကတော့ မှောင်ပြီးရင် လင်းမယ် လင်းပြီးရင် မှောင်မယ်၊ အဲဒီလောက်သာပါ။

စီးကရက်ကလေးဖွာရင်း လူလှိုင်းလုံးတွေကြား အတွေးပွားကောင်းနေရာက လိုက်ပို့ရမယ့်သူတွေ ပြန်ရောက်လာလို့ တနေ့တာ ခရီးကို အချိန်ရှိခိုက် ရှေ့ဆက်လိုက်ပါ ဦးမယ်၊ နာရီက သုံးနာရီခွဲပါ။ ဘယ်ကိုဆက်သွားရရင် ကောင်းမလဲ သင့် တော်မလဲလို့ စဉ်းစားကြပြီး လမ်းလျှောက်နိုင်ကြသေးရင် တောင်ပေါ်ဘုရားကျောင်းသို့ သွားမယ် ဆုံးဖြတ်ပါတယ်။ အမှန် တကယ်ကတော့ အီဖယ်နဲ့ ရှောင်ဇေလီဇေ လမ်းလျှောက်ပြီးရင်တောင်ပေါ် ဘုရားကျောင်းကို မသွားသင့်တော့ပါဘူး။ တောင်ပေါ် ဘုရားကျောင်းရှိရာ Montmartre တောင်ကုန်းတဝိုက်ကလည်း အချိန်ပေး လမ်းအတော်လေး လျှောက်ရပါတယ်။ ဝါသနာပါရင် လေ့လာချင်စရာနေရာ တော်တော်များများရှိတဲ့နေရာပါ။ ၁၈၀၀ ပြည့်လွန်နှစ်များကစပြီး အတွေးအခေါ်သစ် များနဲ့ စာပေအနုပညာသစ်များရဲ့ ဘူမိနက်သန်နေရာပါ။ အချိန်ပေးနိုင်ရင် ပေးနိုင်သလို ဝါသနာအခြေခံရှိရင် ရှိသလို စိတ် ဝင်စားဘွယ်ရာနေရာတွေနဲ့ ပြည့်နေတဲ့နေရာပါ။ သမိုင်းထဲကလူသားများ ဘဝထဲကလူသားများ ဖြတ်သန်းသွားတဲ့နေရာပါ။

ဒါကြောင့် ဒီနေရာက အချိန်တော်တော်များများပေး လမ်းလျှောက်တတ်ရလို့လန်းလန်းဆန်းဆန်းရှိချိန် အားပြည့်နေချိန်သွား ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မနက်ဖန်မနက်မှာ ပါရီမြို့ပြင်က ဗားဆိုင်းနန်းတော်ကိုလည်း သွားချင်ပါတယ်ဆိုတော့ အပင်ပန်းခံ တောင်ပေါ်ခရီးစဉ် ထည့်လိုက်ရခြင်းပါ။ ပုံမှန်ဆိုရင် နှစ်ရက်ခွဲသုံးရက်အတွင်းမှာ ဗားဆိုင်းခရီးထည့်ရင် အချိန်ကျပ်ပါပြီ၊သုံးရက်ပြည့်ခရီးတောင်မှ ဗားဆိုင်းကို (မနက် ကိုး ညနေ သုံး) အချိန်ပေးရလို့ သိပ်မသွားဖြစ်ပါဘူး။

အဲလို ဗားဆိုင်းကို သွားချင်တယ်ဆိုတော့ ပထမရက်မှာတင် တောင်ပေါ်ကိုတက်ဖို့ အစီအစဉ်ထည့် ဆွဲရခြင်း ဖြစ်ကြောင်းပါ။ တောင်ပေါ်ကိုတော့ အပြည့်လည်ချိန် ဘယ်ရပါတော့မလဲ၊ လာလည်သူရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်လို့ ချန်သင့်တာချန် ပြသတာပြ လုပ်ရတာပေါ့။



ရှောင်ဇေလီဇေရိပ်သာ လမ်းမကြီး (ဓါတ်ပုံ မရငတ)

ညနေ သုံးနာရီလေးဆယ်မှာ မောင်ရင်ငတေတို့တောင်ပေါ်ဘုရားကျောင်းကိုသွားတဲ့ မေထရိုလိုင်း အမှတ် (နှစ်) ပေါ်ရောက် ပါပြီ။

ဆက်လက်ဖော်ပြပါမည်။
မောင်ရင်ငတေ ၁၇၀၈၂၀၁၆

မောင်မှိုင်းလွင်(အင်းဝ) - "စစ်"

$
0
0


မောင်မှိုင်းလွင်(အင်းဝ) - "စစ်"
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆

အလင်းရထားကိုစီးလို့ 
မနက်ခင်း ဟာ 
ငါ့ ပြတင်းတံခါးကို လာခေါက်ရဲ့။

 သော့ခတ်ထားတဲ့ မျက်စေ့လို
 ဖေ့စ်ဘုတ် မပွတ်ရဲ
 ရေဒီယို မဖွင့်ရဲ 
သတင်းစာ မလှန်ရဲ 
ဂျာနယ် မဖတ်ရဲ 
တီဗွီ မကြည့်ရဲ။

 သွေးရဲရဲ သံရဲရဲဆို 
ငယ်ဘဝကလို 
"သားရေ...မကြည့်နဲ့"...လို့
 ခေါင်းကိုကိုင် 
ကွယ်ရာလှည့် 
မျက်စေ့ ပိတ်ပေးမယ့် 
အမေ့လက်မှ မရှိတော့တာ။ ။  

၂ ၃ . ၈ . ၂ ၀ ၁ ၆
illustration - Than Htay Maung

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း ၁

$
0
0
2016 အာဇာနည်နေ့ မြင်ကွင်း


ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း ၁
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆

၁။ ယခင်အစိုးရလက်ထက်ကတည်းက အချိန်ယူဆွေးနွေး သဘောတူခဲ့ပြီးမှ NCA စာချုပ်မူကြမ်းကို (AA, MNDAA, TNLA) ၃ဖွဲ့မပါလို့ဆိုကာ ကျန်တဲ့(၈)ဖွဲ့နဲ့ UWSA, NDAA တို့က လက်မှတ်မထိုးခဲ့တာ ဖြစ်ပါတယ်။ မိုင်းလားအဖွဲ့ဥက္ကဌ ဦးစိုင်းလင်းရဲ့ကြားဝင်ညှိနှိုင်းမှု ဖြင့် ၂၀၁၆ သြဂုတ်လ ၉ ရက် နေ့ မိုင်းလားမှာ ငြိမ်းချမ်းရေးကော်မရှင်မှ ဦးသိန်းဇော် ၊ ဦးခင်ဇော်ဦး ၊ ဦးအောင်ကြည်တို့နှင့် PSLF/ TNLA ဥက္ကဌ မိုင်အိုက်ဖုန်း၊ ULA/ AA  ဥက္ကဌ ဦးထွန်းမြတ်နိုင် MNDAA ဥက္ကဌ ဖုန်တရွှင်၊ အတွင်းရေးမှူး ဦးထွန်းမြတ်လင်းတို့ တွေ့ဆုံခဲ့ပါတယ်။

၎င်းဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် တာဝန်ရှိသူများဘက်မှ အဆိုပါ ၃ ဖွဲ့ပါ ကြေငြာချက်တခု ထုတ်ပြန်ရန် တောင်းဆိုခဲ့ရာ “လက်နက်ကိုင်လမ်းစဉ်အား ချုပ်ငြိမ်းရေး” ဆိုသည်ကို အဆိုပါ ၃ ဖွဲ့က လက်မခံခဲ့သလို  အဆိုပါ ၃ ဖွဲ့ သုံးစွဲလိုသည့် ” လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေး” ဆိုသည်ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ သွား ရောက်ဆွေးနွေးသူများက လက်မခံနိုင်သဖြင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပါတယ်။

ဒါဆိုရင် ဒီလို အဖုအထစ်တွေဟာ ဖြစ်သင့်သလား၊ ဒါ့အပြင် သြဂုတ်လ ၃၁ ရက်နေ့ ၂၁ ရာစု ပင်လုံညီလာခံကျင်းပမှာကို အချိန်တိုတောင်းလွန်းတယ်။ အခုမှ ဆွေးနွေးပွဲစားပွဲဝင်ခါစ ဖြစ်လို့ လက်မှတ်မထိုးတဲ့အဖွဲတွေက စိုးရိမ်နေတယ် ဆိုတာ တကယ်ဘဲ မြန်နေလို့လား၊ တကယ်တော့ ပြည်သူလူထုငြိမ်းချမ်းရေး ငတ်မွတ်မှူကို အားလုံးသိပြီးသားဖြစ်ရာ ကြန့်ကြာနေတယ်ဆိုရင် မှန်သလား၊ အချိန်ပေးသင့်တယ်ဆိုတာ အတိုင်းအတာတခုရှိသင့်ပေမဲ့ ဒီကြန့်ကြာနေရတဲ့ အကြောင်းရင်းမှာ အထက်ပါ (၃) ဖွဲ့မပါလို့ ဆိုတာ မှန်ရဲ့လား။ All Inclusive ဖြစ်ဖို့  လိုအပ်တယ်ဆိုတဲ့ အချက်ကို ထောက်ပြီး အင်အားချဲ့ထွင်ဖို့အချိန်ဆွဲနေတာလား၊ ရိုသားပွင့်လင်းမှု ရှိရဲ့လား၊ မယုံကြည်မှု လွန်လွန်းနေလား ၊ All Inclusive ကို ဘယ်လိုပေတံတွေနဲ့တိုင်းတာနေကြဦးမှာလဲ၊ ဒီ (၃) ဖွဲ့အပါအဝင် NCA လက်မှတ် မထိုးတဲ့ အချို့ Armed Ethnics အဖွဲ့များဟာ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်စွမ်းကော ရှိရဲ့လား၊ အဲဒီ(၃)ဖွဲ့မပါလို့ မထိုးတဲ့ အချို့ Armed Ethnics တွေဟာ သူတို့လူထုရဲ့ ဆန္ဒသဘောထားထက် သူတို့ဖာသာ တဖက်သတ်လုပ်တာကော မဖြစ်နိုင်ဖူးလား၊ ငြိမ်းချမ်းရေးလိုလားတဲ့ ပြယုဒ်ကော ရှိရဲ့လား၊ လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား၊ လက်နက်ကိုင်တဲ့ ငြိမ်းချမ်းရေးက ဘာလဲ ဘယ်လဲ၊ စည်းလုံးခြင်းရဲ့ အင်အားကို မတည်ဆောက်ကြတော့ဖူးလား၊ စတဲ့ မေးခွန်းတွေပေါ် ထွက်လာပြီး ထွက်လာတဲ့ အကြောင်းရင်းအတွက်  Political and Military Strategic Thinking Thought တွေးခေါ်မြော်မြင်မှုအရ စဉ်းစားသုံးသပ်ကြည့်ဖို့ လိုပါတယ်။

၂။ နိုင်ငံရေး၊ စစ်ရေး မဟာဗျုဟာမြောက် တွေးခေါ်မြော်မြင်မှုအရ အောက်ပါအတိုင်း ခွဲခြား စိတ်ဖျာရပါမယ်။

(က) အစိုးရနဲ့ တပ်မတော်အကြား ယုံကြည်မှု၊ နားလည်မှု

(ခ) အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှု၊ နားလည်မှု

(ဂ) တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှု၊ နားလည်မှု

(ဃ) တပ်မတော်က All inclusive ပါဖို့ မူလသတ်မှတ်ထားချက်မူကို ဖြေလျော့လိုက်ရင် စိန်ခေါ်လာ နိုင်မှုများ

(င) လက်နက်မကိုင်ထားတဲ့ ပြည်သူလူထုအချင်းချင်း ယုံကြည်မှု၊ နားလည်မှု

(စ) နယ်မြေသတ်မှတ်တာက လက်နက်ကိုင်တွေ အချင်းချင်း သတ်မှတ်တာလား၊ ဒါမှမဟုတ် လူနည်းစု၊ လူများစု မဲဆန္ဒအပေါ် အခြေခံပြီး အတူတကွနေထိုင်ရေး ဘုံမူဝါဒနဲ့ အတူတကွ နယ်မြေတွေ သတ်မှတ်ကြတာလား

(ဆ) လက်နက်ကိုင်တွေနဲ့ လက်နက်မဲ့ ပြည်သူလူထု အကြား ဘယ်လို အတူတကွ ဘုံသဘောတူညီချက်တွေနဲ့ နေထိုင်ကြဖို့ စဉ်းစားမှာလဲ၊ သူတို့ရဲ့စားဝတ်နေရေးအတွက် ဘယ်လိုဖြေရှင်းမလဲ၊ တပ်မတော်နဲ့ ဘယ်လို ပူးပေါင်းသွားကြမလဲ၊ မပူးပေါင်းရင် ဘယ်လိုစခန်းဆက်သွားမလဲ၊

(ဇ) တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်း၊ တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲတွေ ဘာကြောင့်ဖြစ်နေရတာလဲ

(ဈ) အချိန်အတိုင်းအတာထက် ကျော်လွန်လာရင် ငြိမ်းချမ်းရေးစားပွဲကို မရောက်လာနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အနာဂတ် ဘယ်လိုလဲ


(က) အစိုးရနဲ့ တပ်မတော် အကြား ယုံကြည်မှု၊ နားလည်မှု

နိုင်ငံရေးကျွမ်းကျင်သူ ဦးကျော်ဝင်းက အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးနဲ့စပ်လျဉ်ပြီး The Voice ဂျာနယ်မှာ ဖေါ်ပြထားတာ ကောက်နှူတ်ဖေါ်ပြပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရနှင့် တပ်မတော်တို့၏ ဆက်ဆံရေးမှာ ကသိကအောက်နိုင်သော အတူနေခြင်းလို ဖြစ်နေရသည်။ အဆိုပါ ဆက်ဆံရေး၏ အရည်အသွေးသည်ပင် အောင်မြင်မှု၏ သော့ချက်အကျဆုံး အဆုံးအဖြတ် ပေးမည့်အရာ ဖြစ်နေတော့သည်။ အစိုးရသစ်နှင့် တပ်မတော်တို့၏ ဆက်ဆံရေးမှာ အမှန်ပင် ရှုပ်ရှုပ် ထွေးထွေးဟု ဆိုရပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ တွေ့ဆုံ ဆွေးနွေးမှု မြင်ကွင်းများမှာ အပြုသဘော ဆောင်သည်မှာ မှန်သည်။ သို့တစေ ဘာတွေ ဆွေးနွေးကြသည် ဆိုသည်ကိုမူ မသိရသလောက်ပင် ဖြစ်သည်။ တပ်မတော်၏ ထောက်ခံမှုသာ မရလျှင် သို့မဟုတ် အနည်းဆုံး သဘောတူညီမှုသာ မရလျှင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တိုင်းပြည်ကို ထိထိရောက်ရောက် အုပ်ချုပ်နိုင်လိမ့်မည် မဟုတ်ပါ။ အပြန်အလှန်အနေနှင့် တပ်မတော်ဘက်မှလည်း ပိုမို ကောင်းမွန်သော ပြည်တွင်းပြည်ပ ဂုဏ်သိက္ခာ ရရှိစေရန်နှင့် အနောက်နိုင်ငံ တပ်မတော်များနှင့် တပ်မတော်ချင်း ဆက်ဆံရေး တိုးတက်လာစေရန်စသော အရေးကြီးသည့် ရည်မှန်းချက်များ အောင်မြင်စေရန် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးနေရသည့် သဘောရှိသည်။ ပို၍ အခြေခံကျသည့် အချက်မှာ တပ်မတော်၏ အနာဂတ်ကို ကူးပြောင်းရေးကာလ အောင်မြင်မှုထဲတွင် ရင်းနှီး မြှုပ်နှံထားရခြင်း ဖြစ်ပါလိမ့်မည်။ အကယ်၍ အစိုးရသာ အရေးနိမ့်ခဲ့မည်ဆိုလျှင် တိုင်းပြည်အတွက် ဆုံးရှုံးမှု ဖြစ်သလို တပ်မတော်ကိုယ်တိုင်က အစပျိုးပေးခဲ့သော ကူးပြောင်းရေး ဖြစ်စဉ်၏ ကျဆုံးမှုလည်း ဖြစ်ပါလိမ့်မည်။ ဤသို့ ဆက်စပ်နေသော ဘုံအကျိုးစီးပွားက အပြုသဘောဆောင်သော ဆက်ဆံရေးသို့ သူ့အလိုလို ဦးတည် သွားလိမ့်မည်ဟူ၍ကား ခပ်လွယ်လွယ် ကောက်ချက်ဆွဲ၍ ရနိုင်လိမ့်မည် မဟုတ်ပါ။ အစိုးရနှင့်တပ်မတော်ကြားတွင် သဘောကွဲလွဲစရာ အချက်အလက်များ မနည်းမနော ရှိနေသည်။

 အထူးသဖြင့် တပ်မတော်အနေနှင့် အာဏာ လွှဲပြောင်းပြီး ရက်ပိုင်းအတွင်း အတည်ပြုလိုက်သော “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဥပဒေကြမ်းနှင့် ပတ်သက်လျှင် စိတ်မသက်မသာ ဖြစ်ခဲ့ဟန် ရှိပါသည်။ အနှစ်သာရပိုင်းအရ အဆိုပါ ဥပဒေကြမ်းကို မနှစ်သက်ရသည့် အကြောင်းများမှာ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များနှင့် ကွဲလွဲစွာ ပြုစုထားခြင်း၊ သမ္မတ၏ လုပ်ပိုင်ခွင့် အာဏာကို ထိပါးရာ ရောက်ခြင်း၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး အာဏာ နှစ်ရပ်လုံးကို တာဝန်ခံစေခြင်း စသော အချက်များပင် ဖြစ်သည်။ အတိုက်အခံ ဥပဒေပြုအမတ်များ ထောက်ပြကြသည်မှာလည်း ဤအချက်များသာ ဖြစ်သည်။ ပြောရလျှင် တပ်မတော်အနေနှင့် အခြေခံ ဥပဒေကိစ္စနှင့် ပတ်သက်လျှင် သတိကြီးကြီး ထားရဟန် တူပါသည်။ အခြေခံဥပဒေက နှင်းအပ်ထားသော အထူး လုပ်ပိုင်ခွင့် အာဏာကြောင့်သာ အရပ်ဘက်သို့ လုပ်ပိုင်ခွင့်အာဏာ တော်တော်များများ လွှဲအပ်ပေးဖို့ ယုံကြည်မှု တည်ဆောက် ပေးခဲ့သည်ဖြစ်ရာ အခြေခံဥပဒေ ကိစ္စဆိုလျှင် ဆတ်ဆတ်ထိ မခံလိုသည့်သဘော ရှိနိုင်သည်။ ဥပဒေပြုပုံ နည်းနာနှင့် ပတ်သက်လျှင်လည်း တပ်မတော်ဘက်မှ သိပ်ကျေလည်ဟန် မရှိပါချေ။ အထူးသဖြင့် ကန့်ကွက်ချက်များကို ထည့်သွင်း စဉ်းစားရန် လုံလောက်သည့် အချိန်ပင် မပေးဘဲ ဥပဒေကြမ်းကို မြန်မြန်ဆန်ဆန် အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ဥပဒေကြမ်းကို မတားဆီးနိုင်တော့သည်နှင့် ဧပြီ ၅ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သင်္ကေတနည်းဖြင့် ဆန့်ကျင်ကန့်ကွက် ခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦးက ယခုလို တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။ “လွှတ်တော်က ကျွန်တော်တို့ အဆိုပြုထားတဲ့ ပြင်ဆင်ချက်ကို ထည့်သွင်းစဉ်းစားခြင်း မရှိသည့်အတွက် ကျွန်တော်တို့ အနေနဲ့ ဥပဒေကြမ်းကို မဲပေးဖို့ ငြင်းဆန်ပါတယ်”။ ထိုနေ့က အစည်းအဝေး အပြီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံး မတ်တတ်ရပ်ပြီး အသံတိတ် ကန့်ကွက်ခဲ့ကြသည်။ နောက်ပိုင်းတွင်မူ “လူများစုနှင့် ဒီမိုကရေစီ အနိုင်ကျင့်မှု”ဟု လူသိရှင်ကြား စွပ်စွဲ ရှုတ်ချခဲ့ကြသည်။ အခြေခံဥပဒေ ခုံရုံး အဖွဲ့ဝင် အားလုံးကိုလည်း NLD ကပင် ခန့်အပ်ခဲ့ရာ တပ်မတော်သားအစု အဖွဲ့အနေနှင့် တရားဝင် ဥပဒေဘောင်အတွင်းမှ စိန်ခေါ်လျှင် အောင်မြင်မှု မရနိုင်ကြောင်း တွက်ဆမိဟန် တူပါသည်။ သို့အတွက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။

ဥပဒေပြု လွှတ်တော်အတွင်း နောက်ထပ် ထိပ်တိုက် တွေ့စရာများနှင့်လည်း ဆက်တိုက်ဆိုသလို ကြုံခဲ့ရသည်။ ဤသို့ ကြုံရသည့်အခါတိုင်းလည်း တပ်မတော်ဘက်မှ စိုးရိမ်မကင်း ဖြစ်ရသည်များကို ဖော်ပြခဲ့သည်။

တစ်ကြိမ်တွင် “ရခိုင်အမျိုးသားပါတီ”(ANP) မှ ဥပဒေပြု အမတ်တစ်ဦးက အထက်လွှတ်တော်တွင် အရေးတကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။ “ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့ (AA) ကြား တိုက်ပွဲများကို အဆုံးသတ်ရန်နှင့် အဆိုပါ ရခိုင်တပ်ဖွဲ့ကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်စေရေး” အဆို ဖြစ်ပါသည်။ မေလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အဆိုပါ အရေးကြီးအဆိုကို ဆွေးနွေးခဲ့ကြရာ ကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက အဆိုတွင် ပါသော အချက် နှစ်ချက်လုံးကို ကန့်ကွက်ခဲ့ကြသည်။ “AA မှာ ကျူးကျော်သူသာ ဖြစ်ကြောင်း၊ AA အနေနှင့် ၎င်း၏ လက်နက်ကိုင် တိုက်ပွဲကို  အဆုံးသတ်ပြီး ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားသောအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း”  ပြောဆိုခဲ့သည်။

ထို့ပြင် “အဆိုမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အစိုးရနှင့် တပ်မတော်ကို သဘောကွဲလွဲစေရာ ရောက်၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း၊ အကယ်၍ NLD ကသာ ဟန့်တားခဲ့မည် ဆိုလျှင် ရခိုင်ပြည်နယ်နှင့် အခြားလူမျိုးစု ဒေသများတွင် မတည်မငြိမ် ဖြစ်လာနိုင်ကြောင်း” စသည်ဖြင့်လည်း ထုတ်ဖော် ပြောဆိုခဲ့သည်။

 နောက်ဆုံး အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ကြားအဖြေအဖြစ် အရေးကြီးအဆို မဟုတ်ဘဲ မှတ်တမ်း တင်ထားရုံသာ ဆုံးဖြတ်ဖို့ မေတ္တာ ရပ်ခံခဲ့ရာ ထောက်ခံ ၁၉၅ မဲ၊ ကန့်ကွက် ၆ မဲ ဖြင့် အတည်ပြုနိုင်ခဲ့သည်။ သည်လိုနှင့် အန္တရာယ် ဖြစ်စေလောက်သည့် အခြေအနေ တင်းမာမှုကို ထိန်းသိမ်း နိုင်ခဲ့ပါသည်။

လူမျိုးစု လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်လျှင်မူ တပ်မတော်နှင့် အစိုးရမှ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်ဟန် ရှိပါသည်။ ဤဖြစ်စဉ်က ထိပ်တန်း အစိုးရ အရာရှိများနှင့် တပ်မတော် အရာရှိများကို ပုံမှန် တွေ့ဆုံဆွေးနွေးခွင့် ရစေရန် ဖန်တီးပေးလိုက်သလိုရှိရာ အခိုင်အမာ ပြဿနာများကို ဆွေးနွေး နိုင်ခဲ့ကြသည်။ သည်လိုနှင့် အဆိုပါ ဆွေးနွေးပွဲများသည်ပင် ယုံကြည်မှု တည်ဆောက်ရာ နေရာ ဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ဆွေးနွေးပွဲများ ဆက်လက် ကျင်းပခဲ့သည့်အတိုင်း သဘောထား ကွဲလွဲဆဲ ပြဿနာများကား မနည်းမနော ရှိနေဆဲ ဖြစ်ပါသည်။

လွန်ခဲ့သော တစ်နှစ်ကျော်ကျော်လောက်ကပင် ကာကွယ်ရေး ဦးစီးချုပ်၏ သက်တမ်းနှင့် ပတ်သက်သော အချက်မှာ သူနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား အချေအတင် ငြင်းခုံစရာ တစ်ခု ဖြစ်လာနိုင်သည်ဆိုသော မှန်းဆချက် ရှိပါသည်။

၂ဝ၁၆ ခုနှစ် အတွင်းမှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အသက်မှာ ပုံမှန် ပင်စင်သက် ၆ဝ ပြည့်တော့မည်ဖြစ်သည်။ သို့နှင့်တိုင် မေလ ၁၃ ရက်နေ့ မီဒီယာနှင့် တွေ့ဆုံရာတွင်မူ ဗိုလ်ချုပ်မှူးကြီးက “အခြေခံဥပဒေက သူ့ကို သူ၏ အငြိမ်းစားယူရမည့် သက်တမ်းနှင့် ပတ်သက်၍ ဆုံးဖြတ်ခွင့် ပေးထားကြောင်း” အခိုင်အမာ ထုတ်ဖော် ပြောဆိုခဲ့သည်။ တပ်မတော် နည်းဥပဒေအရ အဆင့်အသီးသီး၏ သက်တမ်းကို သတ်မှတ်ခွင့် ရှိသည်ဟုဆိုသည် (သို့တစေ ဗိုလ်ချုပ်မှူးကြီးဆိုသော သူ့အဆင့်ကိုတော့ သတ်မှတ်ခွင့် မရှိပါ)။ “ကျွန်တော့်အနေနဲ့ကတော့ ကျန်းမာရေးက ခွင့်ပြုထားသရွေ့ ဆက်ပြီး တာဝန်ယူဖို့ ရည်ရွယ်ထားပါတယ်” ဟု ဆိုသည်။ တပ်မတော်နှင့် ဆက်ဆံရေးမှာ “အခရာ”လို ဖြစ်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်မူ ဆိုခဲ့ပါအချက်မှာ အရေးကြီးသော သွယ်ဝိုက် ပတ်သက်မှုတစ်ခု ဖြစ်နိုင်ပေသည် ...

စသဖြင့် ဆရာဦးကျော်ဝင်းက တင်ပြပေးခဲ့ပါတယ်။

နောက်ပိုင်းဒေါ်အောင်ဆန်းစုကြည်က အသက်(၆၀) တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပင်စင်ပြည့်တဲ့ ဇူလိုင်လ (၁၉) ရက်နေ့မှာ လွှတ်တော်တွေမှာ အဆိုတင် ထောက်ကွက် မလုပ်ခိုင်းတော့ဘဲ တပ်ချုပ်ရာထူးကို ဆက်လက်လုပ်ခွင့်ပေးလိုက်ဟန် တူလိုက်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖို့ သမိုင်းမှာ မရှိခဲ့ဖူးတဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်အလေးပြုခြင်းနဲ့ စစ်သမိုင်းပြတိုက်ကို ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားပြသခြင်း ၊ အာဇာနည်နေ့ဆွမ်းကျွေး ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို တပ်ချုပ် ပျော်ရွှင် တက်ကြွစွာ လာရောက်နေတာဖြစ်တယ်လို့ တပ်မတော်အရာရှိတစ်ဦးက ဆိုပါတယ်။

တပ်ချုပ် အာဇာနည်နေ့အခမ်းအနားတက်ရောက်ခြင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အိမ်ကိုသွားရောက်ခြင်း၊ တရားဝင်နှစ်ဘက် တွေဆုံခြင်း တို့ဟာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီး ငြိမ်းချမ်းရေးလမ်းခရီး အတွက် အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်စဉ်တွေလို့ မြင်ပါတယ်။ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံကျင်းပ ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ သြဂုတ် ၈ ရက်က နေပြည် တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမတွင်  နှစ်နာရီခွဲကြာ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ဟန်တူကာ လက်မှတ်မထိုးတဲ့သူများပါဝင်နိုင်ရေး နည်းလမ်းများ စဉ်စား အကောင်အထည်ဖေါ်လာတာ တွေ့ရပါတယ်။

AA, TNLA, MNDAA (၃) ဖွဲ့ ကို မူလက တပ်ရဲ့တောင်းဆိုချက်အရ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ထိခိုက်နေလို့ လျှော့ပေါ့ပေးလိုက်ကာ လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်းရေး ကြေညာချက်ထုတ်ပေးပါက တက်ခွင့်ပြုမည်ဖြစ်သလို ကျန် လက်မှတ်မထိုးတဲ့အဖွဲ့တွေကိုတော့ ညီလာခံတက်ခွင့်ပြုမယ်ဆိုတဲ့ သဘောတူညီချက်ရရှိထားဟန်တူပြီး NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့များနဲ့ချိန်ဆ ငှဲ့ညှာနေဟန် တူပါတယ်။ ယခုအခါ UNFC နဲ့ NDAA အဖွဲ့များ တက်ရောက်လာပြီဖြစ်လို့ အောင်မြင်မှုလို့ သုံးသပ်ရပါမယ်။

တပ်ချုပ်က အခြေခံဥပဒေပြင်ဆင်ကာ တိုင်းရင်သားတွေရဲ့ တန်းတူရည်တူ အခွင့်အရေး ဖက်ဒရယ် ဖေါ်ဆောင်ပေးလို့ တိုင်းရင်းသားလက်နက်ကိုင်ကဏ္ဏ မရှိတော့ရင် စစ်တပ် တန်းလျားပြန်မည်ဟု အတိအလင်းဆိုထားရာ ငြိမ်းချမ်းရေး (၅)နှစ်အတွင်း အတူတူ လက်တွဲလုပ်ဆောင်မယ် ဆိုတဲ့ ပန်းတိုင်ဟာ ကြိုဆိုရပါမည်။ အစိုးရနဲ့ တပ်မတော်အကြား ယုံကြည်မှု၊ နားလည်မှု အထိုက်အလျောက်ရနေပြီလို့ ယုံကြည်ရပါတယ်။

နက္ခတ်ဗေဒင် ဇာတာကိန်းခန်းအရ တပ်ချုပ်မွေးနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ ဇူလိုင်လ (၁၉) ရက်ဖြစ်နေတာ ထူးခြားသလို မေထုန်ရာသီဖွားခြင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာသီဂွင်မှာ တူနေပြီး နေ့နာမ်အရ အင်္ဂါနေ့ဖွားနဲ့ကြာသာပတေးနေ့ဖွားတွေဟာ မိတ်ဖက်ဖြစ်နေတာမို့ အဆင်ပြေချောမွေ့နိုင်ပါတယ်။ ငြိမ်းချမ်းရေး ခရီးလမ်းမှာ အစိုးရနဲ့တပ်မတော် ယုံကြည်မှု၊ နားလည်မှုတွေဟာ အစိုးရဖွဲ့စည်းကာစ တင်းမာမှု ရှိခဲ့ရာမှ လျှော့ကျသွားတယ်လို့ဆိုရပါမယ်။

(ဆက်လက် ဖော်ပြပါမည်)

ကျော်ဝင်းဆောင်းပါး အညွှန်း - http://thevoicemyanmar.com/tags/%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%B9%E1%80%9D%E1%80%84%E1%80%B9%E1%80%B8/posts 

မြန်မာပြည် ရေဘေးကူညီရေး SF Bay မြန်မာတိုင်းရင်းသားများ အလှူပွဲက ဒေါ်လာ ၂သောင်း ၈ရာ ရရှိ

$
0
0
 မြန်မာပြည် ရေဘေးကူညီရေး SF Bayမြန်မာတိုင်းရင်းသားများ အလှူပွဲက ဒေါ်လာ ၂သောင်း ၈ရာ ရရှိ
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆

သြဂုတ် ၂၁ က ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ၏ မြန်မာပြည်ရေဘေးကူညီရေး ဈေးရောင်းပွဲက ကောက်ခံရရှိသော အလှူငွေ စုစုပေါင်း ဒေါ်လာ ၂သောင်း ၈ရာကို တိုင်း၊ပြည်နယ် အစိုးရများက တဆင့် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 စုစုပေါင်းကောက်ခံရ ငွေ ဒေါ်လာ $23,038.00 ဖြစ်ပြီး၊ အသုံးစာရိတ် $ 2238.00 နဲ့ အသားတင် လက်ရှိငွေ စုစုပေါင်း ဒေါ်လာ $20800.00 ဖြစ်ပါတယ်။

မယ်ခွေရဲ့ဆေးတံတို နှင့် ဘကြီးမိုး

$
0
0


 


မယ်ခွေရဲ့ဆေးတံတို နှင့် ဘကြီးမိုး  
(ကုမုဒြာဂျာနယ်၊ ရန်ကုန်ထုတ်) မိုးမခ၊ သြဂုတ် ၂၄၊ ၂၀၁၆

ဘကြီးမိုးတစ်ယောက် အသက်ကြီးမှ သူငယ်ပြန်နေသလားမသိပါ။ ငယ်ငယ်တုန်းကအလွတ်ရဖူးတဲ့ ကဗျာနှစ်ပုဒ်ကို သတိရနေမိပါတယ်။ ကဗျာဆရာကမယ်ခွေပါ။ ကိုးတန်းလား၊ ၁၀ တန်းလားတုန်းက သင်ခဲ့ရတဲ့ကဗျာနှစ်ပုဒ်ပါ။ တောသူတစ်ယောက်ရဲ့ ခံစားမှုကဗျာတွေ ဖြစ်ပါတယ်။ ချစ်စရာကောင်းသလို ဒဿန အတေ∑းလည်း ပါပါတယ်။

မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို

ဖက်စိမ်းရက်ကို ဈေးကဝယ်ထားတာမဟုတ်ပါဘူး။ ကိုယ်တိုင်ခူးထားတဲ့ဖက်စိမ်းရွက်ကလေးပါ။ အဲသည်ဖက်ရက်ကလေးကိုခြောက်အောင်မီးလည်းမကူချင်ဘူးတဲ့။နေပူလည်း မလှန်းရက်ဘူးတဲ့။

¯ထားရတယ် အိပ်ရာအောက်မှာ ဖုန်သောက်ဖို့ ကို့…

ကိုယ်ငွေ့ကလေးနဲ့ သွေ့ခြောက်ပြီး တဲ့ ဖက်ကလေးနဲ့မှ လိပ်ပြီးပေးတဲ့ဆေးလိပ်ကလေးက ဖုန်းမောင်သောက်ဖို့ပါတဲ့။

အဲဒါ ဆေးလိပ်ကဗျာပါ။ နောက်တစ်ပုဒ်ကတော့ဆေးတံတို ဖြစ်ပါတယ်။

ဒါလည်း အမျိုးသမီးကလေးရဲ့ ရှက်သွေးဖြာနေတဲ့ အကျပ်အတည်းကလေးဖော်ကျူးတာပါပဲ။

ဆေးတံတိုတညှိုလောက် ရော့သောက်တော့ပေး…˘

ဆေးတံတိုကလေး အမျိုးသားက အမျိုးသမီးလေးကို ပေးပါသတဲ့။

ယူလိုက်ပြန်က ကြိုက်လို့ထင်…

ဟုတ်တယ်လေ၊ ယူလိုက်ရင်တော့ အမျိုးသားကသူ့ကိုကြိုက်တယ်လို့ ထင်သွားကြပေမှာပေါ့။

မယူလိုက်က မိုက်လို့ထင်…˘

ဟုတ်ပေတာပဲ၊ မယူလိုက်ပြန်ရင် လည်း မိုက်လိုက်လေလို့ ပြောကြပေဦးမှာ ကိုး။

သောက်စေချင် ခုတင်တွင်ထောင်ခဲ့ ကွယ့် ညိုနွဲ့ရဲ့လေးပါတဲ့။

ကဗျာလေးက ဒါပါပဲ။ ဆိုင်လားမဆိုင်လားတော့ မသိပါ။ ကဗျာတေရဲ့ ဒဿနက ယူလိုက်ပြန်ကကြိုက်လို့ထင်၊ မယူ လိုက်က မိုက်လို့ထင်ဆိုတာလေးပါပဲ။

ဘာ့ကြောင့် သည်ကဗျာလေးကို ပြေးသတိရမိသလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဆက်အဖြစ် ၂၁ ရာစု ပင်လုံညီလာခံဆိုသဟာကြီးကျင်းပဖို့ လုပ်နေလို့ပါပဲ။

ဇာတ်လမ်းက သည်လိုပါ။ ယခင် ဦးသိန်းစိန်လက်ထက်ကအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်လုပ်ပါတယ်။ လုပ်ကိုင်ရာမှာ တချို့တစ်ဝက်က လက်မှတ်ရေးထိုးကြပြီး တချို့တစ်ဝက်က လက်မှတ်မရေးထိုးကြဘဲ တစ်ပိုင်းတန်းလန်းနဲ့ထားခဲ့ရာက အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဆက်လက်လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးညီလာခံကို ၂၁ ရာစု ပင်လုံညီလာခံလို့ အမည်ပေးလိုက်ပါတယ်။

ပင်လုံညီလာခံဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလွတ်လပ်ရေးတောင်းဆိုဖို့ ပြည်မနဲ့တောင်တန်းပေါင်းစည်းမှု ပင်လုံညီလာခံလုပ်ဆောင်ခဲ့တာလေ။

၁၉၄၈ မှာ လွတ်လပ်ရေးရပါတယ်။ လွတ်လပ်ရေးရပြီး မရှေးမနှောင်းမှာပဲ ပြည် တွင်းစစ်မီးတောက်လောင်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးတာနဲ့ ဆိုရှယ်လစ်၊ ကွန် မြူနစ်ကွဲပါတယ်။ ဖဆပလထဲမှာသာကွဲတာမဟုတ်ပါဘူး။ စစ်တပ်မှာလည်းကွဲတာပါပဲ။

အလံနီ၊ ဗကပ၊ ရဲဘော်ဖြူ၊ ကရင်သူပုန်အစရှိသဖြင့် ရောင်စုံသူပုန်များနဲ့ တိုက်ပဲဖြစ်ပါတယ်။

အဲသည်နောက် ဖဆပလကွဲ။ ဦးနုရဲ့ သန့်ရှင်းအစိုးရတက်။

သန့်ရှင်းအစိုးရက တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်ပေးဖို့ အတွက် ဗိုလ်ချုပ်နေဝင်းကိုအိမ်စောင့် အစိုးရအဖြစ်ခန့်အပ်လိုက်တာပါပဲ။ ဗိုလ်ချုပ်နေဝင်းဟာ အာဏာရဲ့အရသာ သိသွားပြီး ၁၉၆၂ မှာ အာဏာသိမ်း ၊ စစ်တပ်အစိုးရဖွဲ့ပါတယ်။ အဲသည်ကတစ်ဆင့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီထောင်ပြီး မြန်မာပြည်ကိုကမ္ဘာ့နဲ့ အဆက် အသွယ်ဖြတ်ခဲ့ပြီး အထီးကျန် ဖြစ်စေပါတယ်။

တစ်ပါတီအစိုးရအဖြစ် တိုင်းပြည်ကိုအုပ်ချုပ်ရာက အရင်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံး၊ အအောင်မြင်ဆုံဖြစ်တဲ့ မြန်မာပြည်ဟာကမ္ဘာအဆင်းရဲဆုံး နိုင်ငံ ဖြစ်သွားပါတော့တယ်။

အားလုံး ဆင်းရဲတွင်းနက်သထက်နက်ပြီး မကျေနပ်မှု ပေါက်ကွဲမှုကြီးဟာ ၈၈ အရေးတော်ပုံကြီးပါပဲ။

၈၈ အရေးတော်ပုံကြီးဟာ မဆလအစိုးရကို ချုပ်ငြိမ်းစေခဲ့ပေမဲ့ အာဏာသိမ်းစစ်အစိုးရပြန်တက်လာခဲ့ပါတယ်။ အဲသည် အစိုးရဟာ၁၉၉၀ မှာ ရွေးကာက်ပွဲလုပ်ပေးသေး တယ်။ အဲသည်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီကအနိုင်ရပေမဲ့ အာဏာမလွှဲဘဲ ထောင်ထဲကို ပို့ခဲ့ပါတယ်။

၁၉၉၀ နောက်ပိုင်းမှာ စစ်တပ်အစိုးရ က ဈေးကွက်စီးပွားရေးလုပ်ပါတယ်။ အစိုး ရ ထိပ်ပိုင်းနဲ့ ခရိုနီဆိုတဲ့ စီးပွားရေးသမားတွေ ပေါ်ပေါက်လာပါတယ်။

မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ နာဂစ်မုန်တိုင်း အပြီး ၂၀ဝ၈ မှာ အခြေခံ ဥပဒေ ဆိုတာ ရေးဆွဲပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပါတယ်။ စစ်တပ်အစိုးရဟာ လူမှုအဖွဲ့အစည်းဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုး ရေးကိုပါတီအဖြစ်တည်ထောင်ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲဝင်ပါတယ်။ ၂၀၁၀ မှာ အင်န် အယ်လ်ဒီကမဝင်ပါဘူး။ ကြံ့ခိုင်ရေးအနိုင်ရပြီး သမ္မတ ဦးသိန်းစိန် ရဲ့ လွှတ်တော် အစိုးရပေါ်ပေါက်ခဲ့ပါ တယ်။ ၂၀၁၂ ကြား ဖြတ်မှာတော့ အင်န် အယ်လ်ဒီကဝင်ရွေးခံ ပြီး ကြားဖြတ်နေရာ ၄၀ ကျော်အားလုံးလိုလို အနိုင်ရပါတယ်။ လွှတ်တော်မှာအတိုက်အခံရှိလာပြီး နိုင်ငံတကာက ဖြေလျှော့မှုတွေ၊ ပိတ်ဆို့မှုတွေ လျှော့ပေးမှုတွေဖြစ်လာပါတယ်။

ဦးသိန်းစိန်အစိုးရဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို မည်မည်ရရမလုပ်နိုင်ပါဘူး။ နောက်ဆုံးနှစ်ဝက်လောက်မှာမှ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆို သဟာလုပ် လို့ တချို့ တစ်ဝက်လက်မှတ်ထိုး၊ တချို့တစ်ဝက် လက်မှတ်မထိုးတစ်ပိုင်းတန်းလန်း ထားခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံလို့ အမည်ပေးပြီး လှုံ့ဆော်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးညီလာခံအဖွဲ့ဟာ လက်မှတ်မရေးထိုးရတဲ့ အဖွဲ့များထံလည်းသွားရောက်ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ သည်ကြားထဲမှာ အေအေ၊ ကိုးကန့်နဲ့ ပအိုဝ်းတို့ တက်ရေး မတက်ရေးလည်း ပြဿနာရှိနေသေး။

ဒါပေမဲ့ အားလုံးတစ်သံတည်းထွက်နေတာက ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတဲ့ အသံပဲဖြစ်ပါတယ်။ ဘယ်လို ဘယ်ပုံဖော်ဆောင်ကြမယ်၊ ဘယ်လိုလုပ်ကြမယ် ဆိုတာကတော့ ညီလာခံကျမှ ဆွေးနွေးညှိနှိုင်းရမှာလေ။

ဘကြီးမိုးကတော့ မဆီမဆိုင်ပါပဲ မယ်ခွေရဲ့ ဆေးတံတိုကဗျာကို သတိရနေပါတယ်။

¯မယူလိုက်က မိုက်လို့ထင်၊ ယူလိုက် ပြန်က ကြိုက်လို့ထင်…˘ဆိုသဟာလေ။

ဆိုင်မဆိုင်တော့ မပြောတတ်ဘူးနော်၊ ဘကြီးမိုး သတိသွားရမိတာ ပြောတာပါ။

အဆင်ပြေအောင် သောက်စေချင်ခုတင်တွင် ထောင်ခဲ့ကွယ့် ညိုနွဲ့ရဲ့လေးလို့ ကဗျာမှာ အဆုံးသတ်ပါတယ်။ ဘယ်လိုဘယ်ပုံ ခုတင်မှာထောင်ရမလဲဆိုသဟာတော့မပြော တတ်ပါဘူး။

မယ်ခွေရဲ့ ဆေးတံတိုနှင့် ဘကြီးမိုးပါ။

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဒီမိုကရေစီနှင့် သံဃာပြစ်မှားမှု

$
0
0


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဒီမိုကရေစီနှင့် သံဃာပြစ်မှားမှု
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆

ဒီနေ့(၂၁.၈.၁၆)၊ လော့စ်အိန်ဂျလီခရိုင်၊ဖူလာတန်(Fullerton)မြို့၊ ဒေါက်တာခင်မောင်လေး + မရီမြင့်တို့အိမ်မှာ ပြုလုပ်တဲ့ သွားဆရာဝန်များ စုပေါင်းဆွမ်းကပ်ပွဲမှာ ပြောခဲ့ဖြစ်တဲ့ ဓမ္မစကားလေးပါ။

ဒီမှာရောက်နေတဲ့ မြန်မာတို့က မေးလေ့ရှိတဲ့ပြဿနာက- မြန်မာ့ဒီမိုကရေစီရေးမှာ  ဆန်ကျင်ဘက်သဘောပြုနေတဲ့ ရဟန်းတော်များရဲ့ပြောဆို,ပြုမူချက်များနဲ့ ပတ်သက်ပြီး ဒီပုဂ္ဂိုလ်များကို ရဟန်းစစ်,ရဟန်းမှန်များလို့ ဆိုနိုင်ပါမည်လား? ဒီပုဂ္ဂိုလ်များကို မဖွယ်မရာ ပြောဆိုသူများမှာ အပြစ်ဖြစ်နိုင်ပါသလား? ဆိုတဲ့ကိစ္စကို ပထမဆုံး ပြောချင်ပါတယ်။

ဒီပြဿနာမျိုး ဦးစောမောင်လက်ထက်တုန်းကလဲ စစ်အစိုးရကို အကောင်းပြောခဲ့တဲ့ မင်းကွန်းဆရာတော်ဘုရားကြီးအပေါ် စော်ကား ,ပြစ်မှားပြောကြတဲ့ ဒကာရင်းအချို့ကို ပြောခဲ့ဖူးပါတယ်၊
လူတော်တော်များများက စစ်အာဏာရှင်စနစ်ကိုမုန်းတီးခြင်း၊ဒီမိုကရေစီကို  မွတ်သိပ်လွန်းခြင်းကိုအကြောင်းပြုပြီး သူတို့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ဆရာတော် သံဃာတော်များအပေါ် နင်ပဲ ငဆ ဆဲရေးတိုင်းထွာပြုနေကြတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး ထေရဝါဒတက္ကသိုလ် ပါချုပ်ဆရာတော်ကြီးလဲ မိန်ကြားသွားပါပြီ၊ "သံဃံသရဏံ"ပျက်ယွင်းတဲ့အတွက် မဂ်ဖိုလ်အန္တရာယ်အထိ အပြစ်ကြီးမားတယ် ဆိုတဲ့ အကြောင်းပါ။

ဒီကိစ္စမှာ ဆရာဒကာတာဝန်အရ အကြိုက်ကိုအဓိကမထားဘဲ အကျိုးကိုသာ အဓိကထားပြီး ဓမ္မဓိဋ္ဌာန်ကျကျပဲ ပြောချင်ပါတယ်။ လူတစ်ဦးချင်းစီအရ ပြောကြမယ်ဆိုရင်.. ဒီမိုကရေစီက တစ်ဘဝ ဆင်းရဲကင်းရေးကိစ္စပါ၊ သရဏဂုံက သံသရာတစ်လျှောက်လုံး ဆင်းရဲကင်းရေး ဖြစ်ပါတယ်။ "တစ်ဘဝစာအတွက် သံသရာကြွေး အတင်မခံသင့်ဘူး"ဆိုတာလောက်တော့ ဗုဒ္ဓဘာသာဝင်တိုင်း ခံယူကြရမှာပါ။

အဲဒီတော့ ရဟန်းတော်တို့ကို ရဟန်းစစ် ဟုတ်,မဟုတ်ဆိုတာ (၂၂၇)သွယ်သိက္ခာပုဒ်အားလုံးနဲ့ တိုင်းတာရမှာမဟုတ်ပါဘူး၊  အဲဒီသိက္ခာပုဒ်တွေထဲက-
၁။ မာတုဂါမနဲ့ ကျူးလွန်ခြင်း၊
၂။ အနည်းဆုံး ရွှေစင် တစ်မတ်တန်ပစ္စည်းကိုခိုးယူခြင်း၊
၃။ လူဇာတ်ရှိသူရဲ့အသက်ကို သေစေခြင်း၊
၎။ ဈာန်မဂ်ဖိုလ်တရားကို မရဘဲ ရတယ်ပြောဆိုခြင်း၊

 ဒီလေးချက် တစ်ချက်ချက်နဲ့ ငြိစွန်းရင် ရဟန်းမဟုတ်တော့ဘူး၊ မငြိစွန်းသေးသမျှ ရဟန်းစစ် ရဟန်းမှန်ပါပဲ။
ကျန်သိက္ခာပုဒ်တွေကတော့ ကျူးလွန်တဲ့ပုဂ္ဂိုလ်မှာ ဖြေရင် အပြစ်လွတ်တယ်၊ မဖြေရင် သူ့အပြစ်သူခံပဲ။

(ကိုယ့်မှာ ငါးပါးတည်းရှိတာတောင် တစ်ဝက်တင်အောင် မစောင့်နိုင်ကြဘဲနဲ့ (၂၂၇)လုံး လုံခြုံရဲ့လား ဆိုတာကတော့ စဉ်းစားသာ ပြောကြပေါ့ဗျာ..။

နှိုင်းယှဉ်စဉ်းစား သတိထားစရာ တစ်ခုကတော့- ၂၀၀၇-စက်တင်ဘာအရေးအခင်းမှာ မေတ္တာပို့ကြတဲ့ သံဃာများကို ဖမ်းဆီးနှိပ်စက်သူတွေကလဲ (ခုပြစ်မှားသူတွေလိုပဲ) 

"(၂၂၇) မလုံခြုံတဲ့အတွက် ရဟန်းစစ်မဟုတ်ဘူး၊ ဒါကြောင့် ဒီရဟန်းတွေကို နှိပ်ကွပ်ထာ အပြစ်မရှိဘူး"လို့
ဦးအံ့မောင်စကား အထောက်အထားပြုပြီး ပြောခဲ့ဖူးတယ်။

အဲဒီတုန်းကသံဃာတွေနဲ့ ခုသံဃာတွေ.. ပြည်သူ့ဘက်ကရပ်တည်မှုအရ ကြည့်ရင်တော့ လုံးဝမတူပါဘူး။ ဒါက ပုဂ္ဂလဓိဋ္ဌာန်သဘောအရပြောတာပေါ့။  ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစာရင်တော့- "သမုတိသံဃာရဲ့ အတွင်းစည်းဖြစ်တဲ့ 'ပါရာဇိက လေးပါး'နဲ့ တိုင်းကြည့်ရင် ရဟန်းတုရဟန်းယောင်လို့ မဆိုနိုင်ကြတာချင်းအတူတူပါ။

(ဒါဟာ ကျုပ်ကိုယ်တိုင်ရဲ့ ပုဂ္ဂလဓိဋ္ဌာန်ခံစားချက်ကို လုံးဝ ဘေးဖယ်ထားပြီး ဓမ္မဓိဋ္ဌာန်သန့်သန့်နဲ့ ပြောတဲ့ စကားပါပဲ)

ရဟန်းမဟုတ်တော့ဘူး လို့သတ်မှတ်နိုင်တဲ့ပြစ်မှုကြီးလေးခု မကျူးလွန်သေးသမျှ ရဟန်းအစစ်ပဲဖြစ်လို့..
ဆဲရေးတိုင်းထွာပြုမယ်၊ ခြိမ်းခြောက် ကြိမ်းမောင်းမယ်၊ သူများတွေ မလှူချင် မတန်းချင်အောင် ပြောဆိုဝါဒဖြန့်မယ် ဆိုရင် ...

"ဘိက္ခူ အက္ကောသတိ,ပရိဘာသတိ, ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ"စတဲ့
ပြစ်မှုတွေကို ကျူးလွန်တာပဲဖြစ်လို့ ပါချုပ်ဆရာတော်ကြီးပြောသလို သံသရာအပြစ် ကြီးပါတယ်။

တိပိဋကဓရ(ယော)ဆရာတော်ကလဲ ...
လူတွေက ရှင်ဒေဝဒတ်ကို"ဒေဝဒတ်ကြီး"လို့ခေါ်, ပြောနေတာနဲ့ ပတ်သက်လို့ အမိန့်ရှိဖူးတယ်၊
"ရှင်ဒေဝဒတ်ဆိုတာလဲ ရဟန်းတစ်ပါးပဲဖြစ်လို့ တခြားရဟန်းတော်များကိုခေါ်သလို 'ရှင်'ဆိုတာလေး
ထည့်ပြီး 'ရှင်ဒေဝဒတ်'လို့ပဲ ခေါ်ဆိုပါ"လို့ ဆုံးမဖူးပါတယ်။

ဟုတ်ပါတယ်၊ သူလို ဘုရားကိုသွေးစိမ်းတည်အောင်လုပ်တာ၊ သံဃာသင်းခွဲတာတွေနဲ့ အနန္တရိယကံကြီးတွေ ထိုက်နေသူကိုတောင် ရဟန်းကောင်းဘဝနဲ့ နေခဲ့ချိန်တွေကိုပါ သိမ်းကျုံးပြီး မပြစ်မှားသင့်ပါဘူး။ ဒီနေ့မြန်မာပြည်မှာ ကိုယ်ပြစ်မှားနေမိတဲ့ ရဟန်းတွေထဲမှာ ရှင်ဒေဝဒတ်လောက် အပြစ်ကြီးသူ တစ်ဦးမှ မပါတာတော့ သေချာပါတယ်နော်..။

အထူးသတိပေးချင်တာကတော့-
"ရဟန်းကောင်း ဟုတ်,မဟုတ်ကို ဒီမိုကရေစီ ထောက်ခံ, မထောက်ခံ"ဆိုတဲ့ 'စံ'နဲ့သာ မတိုင်းတာ, မပြစ်မှားမိကြဖို့ပါ။

"ကျောက်ကြီးရာ မခိုတဲ့ငါး ကွန်ချက်မိတတ်တယ်၊
ကျောက်ကြီးရာ ငါးခိုမှ ကွန်ချက်ကလွတ်မယ်"ဆိုတဲ့
ရှေးသူဟောင်း ဆုံးမစကားလဲ ရှိတယ်လေ..။

မင်းကွန်းဆရာတော်ကြီးကို ပြစ်မှားကြသူများတုန်းကတော့ ကန်တော့တောင်းပန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်၊
မျက်မှောက်အထိမသွားရောက်နိုင်ရင်လဲ အဝေးကပဲ ပြစ်မှားကြတာဖြစ်လို့ အဝေးကပဲ ကန်တော့ပါ၊
အဓိက ကတော့- "ဖူးမျော်, မာန်လျှော့, ကန်တော့ပါ၏"ဆိုတဲ့အတိုင်း ကိုယ့်စိတ်ထဲမှာ အမှန်တကယ် "မာန်လျှော့"ဖို့ပါပဲ။

 အပြစ်ကို အပြစ်လို့ အမှန်အကန်မြင်၊ ကန်တော့တောင်းပန်၊ နောက်နောင် ဒီအပြစ်မျိုးမကျူးလွန်တော့ပါ"လို့
အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်မှ မာန်လျှော့ရာ ကျပါတယ် ဆိုတဲ့အကြောင်း ရှင်းပြခဲ့လို့ သူတို့ လိုက်နာကြပါတယ်။

"မာန် မချရင်တော့ သံသရာ့ဝန်ထုတ်ဖြစ်မယ်၊ မာန်ချရင် သံသရာ့ဝန်ကင်းမယ်"  ရောဂါပျောက်ကင်းချင်ရင် ဆေးမငြင်းကြနဲ့ လို့ အကြံပေးချင်ပါတယ် ။

 ပစ္စုပ္ပန်,သံသရာ နှစ်ဖြာအကျိုး ပြည့်စုံကြပါစေ။

အပ္ပမာဒေန သမ္ပာဒေထ...!!!

၂၁.၈.၁၆၊လော့စ်အိန်ဂျလီ

ဗေဒါရီ - အလှူခံပါဗျို့

$
0
0


ဗေဒါရီ  - အလှူခံပါဗျို့
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆

သယံဇာတ အလွန်ပေါများလှတဲ့ မြန်မာပြည်ကြီးမှာ နောက်ထပ် သယံဇာတနှစ်မျိုးက ဘယ်ဌာန ကမှ ခွင့်ပြုချက်မရဘဲနဲ့ သူသဘောနဲ့သူ ဘွားခနဲ ရောက်လာပါသေးတယ်။

အားလုံးသိကြတဲ့အတိုင်း မနှစ်ကစပြီး မိုးတွင်းရောက်ပြီဆိုတာနဲ့ အထက်မြန်မာပြည် အောက်မြန်ပြည်အနှံ့ ရေကြီးရေလျှံမှုတွေဖြစ်ကြတော့တာပါပဲ။ မှတ်မိသလောက်နှစ်ပေါင်း လေးဆယ်ကျော်အတွင်း အထက်ပိုင်းမှာ ရေကြီးရေလျှံမှုဖြစ်တယ်ဆိုတာ မရှိသလောက် မကြားဖူးသလောက်ပါပဲ။ ခုတော့ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အထက်ပိုင်းဒေသတွေကစပြီး ရေကြီးရေလျှံမှုတွေဟာ အိမ်ခေါင် မြုပ်တဲ့ထိ ဖြစ်တော့တာပဲ။ နောက်ဆင့်ကဲဆင့်ကဲဆိုသလိုမျိုး အောက်ပိုင်းဒေသတွေပါ ရေကြီးရေလျှံမှုတွေက စဉ်တိုက်ဆက်တိုက်ဖြစ်လာတော့တာပါပဲ။ ကုန်းခေါင်ခေါင်ဖြစ်တဲ့ အထက်ပိုင်းဒေသတွေတောင် ခေါင်မြုပ်တဲ့ထိ စေတီတော်တွေမြုပ်တဲ့ထိတောင်ရေကြီးတယ်ဆိုတော့ နဂိုကမှ မြစ်ချောင်းတွေလည်းပေါ နှစ်စဉ်ရေကြီးနေကြလည်းဖြစ်တဲ့ ဧရာဝတီ တိုင်းလို နေရာဒေသတွေဟာ ဘယ်လောက်တောင် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရမလဲဆိုတာ တွေးတောင် မတွေးဝံစရာပါပဲ။

လူတွေ တိရစ္ဆာန်တွေ အသေအပျောက်သတင်းတွေ အိုးမဲ့အိမ့်ဖြစ်သွားလို့ လမ်းမပေါ်မှာတက်နေရတဲ့သတင်းတွေ ဘုန်းကြီးကျောင်းတွေမှာနေရတဲ့သတင်းတွေ ပရဟိတအသင်းတွေရဲ့ရေဘေးကယ်ဆယ် ရေး ဓာတ်ပုံတွေ၊ ဘယ်နေရာမှာတော့ နစ်ကုန်ပြီ၊ ဘယ်သူတွေတော့ သေကုန်ပြီ၊ လှုကြပါဦး ကယ်ကြပါဦးဆိုတဲ့သတင်းတွေဟာ နေ့စဉ်နဲ့အမျှ အင်တာနက်မှာ ပလူပျံနေပါတော့တယ်။

ရပ်ကွက်ထဲမှာဆိုလည်း ၀ါတွင်းကာလဖြစ်ပြန်တော့ ၀ါတွင်းဆွမ်းကြီးလောင်း အသင်းအဖွဲ့တွေက တနင်္လာကနေ တနင်္ဂနွေထိ ဆွမ်းလောင်းအသင်းတွေရှိပါတယ်။ အရုဏ်မတိုင်မီ တရက်အလိုထဲက ရပ်ကွက်ထဲမှာ လူငယ်လူရွယ်တွေက မနက်ပိုင်းလောက်မှာ ဖလားကိုယ်စီကိုင်ပြီး လမ်းသွယ်တွေထဲထိဝင်ပြီး သံဃာတော်အပါး (…) အရုဏ်ဆွမ်းလောင်းလှူမည်ဖြစ်ပါ၍ အလှူခံပါတယ်ဆိုပြီး တအိမ်တက်ဆင်းအလှူခံကြပါတယ။် အဲဒီအချိန်မှာ လမ်းဆုံကနေပြီးတော့ ကျန်တဲ့အဖွဲ့သားတွေက အလှူဒါနအကျိုးတွေကို တချိန်လုံးပြောဟောပြီး ပံ့ပိုးပေးပါတယ်။ ဘယ်သူက ဘယ်လောက် ဘယ်လောက်ဆိုတာလည်း မပြတ်တမ်း ကြေညာပေးပါတယ်။ အပြောအဟောတွေ ခဏနားတဲ့အချိန်ဆိုရင် အသံချဲ့စက်ကနေပြီး အလှူခံပါဗျို့ဆိုတဲ့ သံချင်းကို ထပ်ချည်းတလဲလဲ ဖွင့်ပေးပါတယ်။ (မှတ်မှတ်ရရ ဒီသီချင်းစပေါ်လာကတည်း မြန်မာပြည်ကြီးမှာ အလှူခံရဖို့အတွက် ဒုက္ခမျိုးစုံတခုပြီးတခု ပေါ်လာပါတော့တယ်) ဒါက လမ်းထဲမှာ အလှူခံတဲ့ပုံစံပါ။

တဖန် ဆွမ်းလောင်းဓမ္မာရုံမှာလည်း အသံချဲ့စက်ကမပြတ် တလစပ်ဖွင့်ထားပြီး အလှူခံပါသေး တယ်။ ညနေစောင်း ပြန်တော့ လမ်းထဲက လူငယ်လူရွယ်တွေကို အသံချဲ့စက်ကနေတဆင့် ဝေယျာ ၀စ္စပြုလုပ်ရန်အတွက် လာကြပါဦးလို့ ဂေါပကလူကြီးတွေ တဖန်နှိုးဆော်ကြပြန်တယ်။ ညနေပိုင်းခပ်စောစောလောက်ထဲက ဓမ္မာရုံအလှူခံဌာမှာ သီချင်းတလှည့် အပြောအဟောတွေတလှည့်နဲ့ အသံမစဲစေရပါဘူး။ သံဃာတော်အရှင်သူမြတ်တို့ဘုရား ဆွမ်းချိုင့်များ တပည့်တော်တို့ မဏ္ဍပ်သို့ လာရောက်ပို့ဆောင်ပေးတော်မူကြပါရန် ခြေတော်အစုံဦးခိုက်၍ လျှောက်ထားအပ်သည်ဘုရားဆိုတဲ့ အသံဆိုတာလည်း တညနေလုံးလိုလို ကြားရပါတယ်။

ဘုန်းကြီးတွေနဲ့ ၀ါတွင်းဆွမ်းလောင်းမဏ္ဍပ်တွေဆိုတာ သူ့ဟာနဲ့သူ အစောပိုင်းထဲက ပင့်ဖိတ်ပြီးသားတွေပါ။ ဒီလောက်တောင် အသံချဲ့စက်ကြီးနဲ့ ပင့်စရာလိုသေးလို့လားလို့ ကိုယ့်ဘာသာကိုတောင် တွေးမိပါသေးတယ်။ လိုအပ်တယ်ဆိုရင်လည်း တခါနှစ်ခါလောက် ပင့်ရင်ရလောက်ပါပြီ။ ခုတော့ ခြေတော်အစုံဦးခိုက်ပင့်လျှောက်တာတွေ အလွန်းများနေသလားလို့ပါ ။ ကြည်ညိုတာလည်း ကြည်ညိုတာ တပိုင်း ပေါ့လေ။ အဲဒီလိုပုံစံမျိုး အလှူခံစက်ဖွင့်ထားတာဟာ ညပိုင်းကိုးနာရီနောက်ပိုင်းကြမှ တိတ်ပါတယ်။

မနက်ပိုင်း သုံးနာရီထိုးလောက်ကတည်းက “ဆွမ်းချက်ရန်ထတော်မူပါ ဘွန်တော သပ္ပုရိသအပေါင်း သူတို့ကောင်းတို့” ဆိုတဲ့ သီးချင်းသံဖွင့်ပြီး ရပ်ကွက်ကို နှိုးလိုက်ပါတယ်။ အဲဒီမှာ ဆွမ်းချက်မယ့်သူကော မချက်မယ့်သူကော အကုန်နိုးကြတော့တာပါပဲ။ သံဃာတော်တွေ မကြွလာခင်ကော ကြွနေဆဲရော အသံချဲ့စက်က တရစပ်ဟောပြောနေပါသေးတယ်။ သီးချင်းတွေ ဖွင့်တာလည်း ပါပါသေးတယ်။ ဆွမ်းလောင်းတဲ့ကိစ္စပြီးတဲ့နောက်ပိုင်းမှာ ဂေါပကလူကြီးမင်းတွေ အပြောအဟောဆရာတွေက မည်သူတစ်ဦးတယောက်ကိုမှ ငှဲ့ကွက်မှုမရှိဘဲ သူတို့ရဲ့လုပ်ဆောင်ချက် စွမ်းဆောင်ချက်မှန်သမျှကို အိပ်သွန်ဖာမှောက် အသံချဲ့စက်ကနေတဆင့်ရပ်ကွက်ကို အသိပေးတော့တာပါပဲ။

အသိပေးပုံတွေကတော့ကျွန်တော်တို့ ရပ်ကွက်ထဲမှာအလှူခံရရှိတဲ့ငွေက ဘယ်လောက် ဘယ်လောက်၊ မဏ္ဍပ်မှာ အလှူခံရရှိငွေက ဘယ်လောက် ဘယ်လောက်။ အရင်အပတ်လက်ကျန်ငွေက ဘယ်လောက်၊ စုစုပေါင်းဘယ်လောက်ပေါ့။ မနေ့က ဈေးဝယ်လိုက်တာက ဆန်၊ ဆီ၊ ဆား၊ မီးသွေး၊ ငရုတ်၊ ကြက်သွန်၊ကြက်သား၊ အသီးအရွက်၊ အိုးတိုက်ဆပ်ပြာ၊ မီသွေးမီးဖို၊ ကော်ဖီမစ် စတဲ့ တိုလီမိုလီ ဗြုတ်စဗျင်းတောင်း အမယ်ပေါင်းမြောက်မြားစွာတို့ကို တန်ဖိုးနဲ့တကွ အသေးစိတ်ကုန်ကျငွေတွေ တွက်ပြပါတယ်။ စုစုပေါင်း အလှူခံရရှိငွေ၊ ကုန်ကျစရိတ်၊ လက်ကျန်ငွေက ဘယ်လောက်ရှိသေးတယ်ပေါ့။ မနက်စောစောစီးစီး အိပ်ပျော်နေတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေကို နိုးပြီးတော့ စာရင်းရှင်းတန်းထုတ်နေတာပါ။ ဒီထက် အသေးစိတ်သိချင်သေးရင်လည်း အလှူခံမဏ္ဍပ်သို့ ကြွရောက်မေးမြန်းနိုင်ပါကြောင်း ဖိတ်မန္တကလည်း ပြုလိုက်ပါသေးတယ်။ ဒီစာရင်းရှင်းတမ်းတွေကို ဒီလိုအသံချဲ့စက်ကြီးနဲ့ ဒီလောက်ကြီး ရှင်းစရာလိုနေလို့လားလို့လည်း ဂေါပကတွေကို မေးချင်နေတဲ့သူတွေလည်း ရပ်ကွက်ထဲမှာရှိမှာပါ။ နောက်ဆုံး အားလုံးပြုပြုသမျှ ကုသိုလ်ကောင်းမှုတွေကို အသံချဲ့စက်ကနေတစ်ဆင့် ပြောဟောတဲ့သူက ရေစက်သွန်းချ အမျှအတန်းပေးဝေပါတယ်။ အိပ်ရေးမ၀လို့ကတုန်ကရင် ဖြစ်နေတဲ့ရင်အစုံကို လက်နက်ဖိ ၊ကြောင်စီစီဖြစ်နေတဲ့ မျက်လုံးအစုံကိုဇွတ်အတင်းမှိတ်ရင်း သာဓု သာဓုပါလို့ ခေါ်နေမယ်သူတွေ ရပ်ကွက်ထဲမှာ ဘယ်လောက်များ ရှိနေကြမလဲ။ ဂေါပကလူကြီးမင်းတွေ ဓမ္မာရုံတာဝန်ခံတွေ အနေနဲ့ အေးအေးချမ်းချမ်းလေးနဲ့ ဆွမ်းလောင်းပွဲတွေ ဖြစ်မြောက်အောင် စီစဉ်ပေးကြပါဦး။ (တချို့မြို့နယ်တွေမှာတော့ အင်မတန်အေးချမ်းပြီး ကုသိုလ်စိတ်တွေဖြစ်အောင် စီစဉ်နိုင်ကြပါတယ်)

ခုရက်ပိုင်းဆို ရေဘေးအတွက် ဌာနဆိုင်ရာအသီးသီးက အလှူခံမဏ္ဍပ်တွေရယ်၊ ပရဟိတအလှူခံမဏ္ဍာပ်တွေရယ်၊ အရုဏ်ဆွမ်းလောင်း အလှူခံမဏ္ဍပ်တွေရယ်နဲ့ သယံဇာတတွေ အလျှံပယ်ကို ဖြစ်နေပါတော့တယ်။ လှော်ကားအောက်ဂိတ်ကစပြီး လှည်းတန်းထိကို နေ့တိုင်းလိုင်းကားစီးနေတော့ လမ်းတစ်လျှောက် အလှူခံမဏ္ဍပ်တွေမြင်ရတာဟာ မျက်စိတစ်ဆုံးဖွေးဖွေးလှုပ်ပါပဲ။ မနှစ်ကရေးဘေးအလှူခံထက် ဒီနှစ်အလှူခံက ပိုထူးလာတာတခုက နေရာတိုင်းလိုလို လမ်းဘေးမှာသီချင်းဆိုရင်း အလှူခံနေကြတာပါပဲ။ ရပ်ကွက်ထဲမှာက ရေးဘေးအတွက် အလှူခံမဏ္ဍပ်တခု၊ လှော်ကားလမ်းမကြီး အောက်ဂိတ်မှာက တခု၊ လှော်ကားတာဆုံမှတ်တိုင်မှာကတခု၊ သာဓုကန်မှတ်တိုင်မှာတခု၊ ဒညင်းကုန်းမှတ်တိုင်နဲ့ ရွှေပြည်သာကွေ့ မှတ်တိုင်ကြားမှာက နှစ်ခုလောက်ရှိတယ်။ နောက် ဒညင်းကုန်းမှတ်တိုင်မှာတခု၊ အောင်ဆန်း၊ ဖော့ကန်မှတ်တိုင်မှာ နှစ်ခု၊ ဖော့ကန်မှတ်တိုင်ဆို အတော်ကို ဆိုးပါတယ် ။ ဘယ်အချိန်ရောက်ရောက် ကားလမ်းတွေကပိတ်၊ ဈေးသည်တွေက လမ်းပေါ်တက်ရောင်း၊ မိုးတွေကရွာ၊ အောက်မှာကရေတွေကကြီး၊ အလှူခံမဏ္ဍပ်က ဘောက်တွေကို အသံကုန်ဖွင့်ပြီး သီချင်းတွေဆိုသူကဆို၊ ကသူတွေကက၊ ဟာသတွေနဲ့ပျက်လုံးထုတ်သူကထုတ်နဲ့ ရင်တုန်ပန်းတုန်ပါပဲ။ ဆင်တူအင်္ကျီတွေ ကိုယ်စီဝတ်၊ ခွက်ကိုယ်စီကိုင်ပြီး ရေးဘေးဒုက္ခသည်တွေအတွက် လှူကြ ပါဦး လှူကြပါဦးဆိုပြီိး အလှူခံနေကြတာဟာ ရက်ပေါင်းအတော်ကြာပါပြီ။

ရန်ကုန်မြို့မှာနေတဲ့သူတွေရဲ့ ဒုက္ခဟာလည်း ရေဘေးဒုက္ခသည်တွေနဲ့ ထူးမခြားနားပါပဲ။ အလှူခံမဏ္ဍပ်တိုင်းလိုလို သီချင်းတွေဆိုကြ တီးကြမှုတ်ကြ ကကြခုန်ကြနဲ့ ပျော်ပျော်ပါးပါးကြီးကို ကယ်ပါယူပါ လှူပါလို့ တစာစာအော်နေတာဟာ ကမ္ဘာပျက်နေသလားအောက်မေ့ရပါတယ်။

ဖော့ကန်လွန်ပြန်တော့လည်း သမိုင်းခ၀ဲခြံလောက်မှာ တခု၊ သမိုင်းနဲ့ လှည်းတန်းကြားမှာလည်း နှစ်ခုသုံးခု၊ လှည်းတန်းရောက်တော့လည်း လှည်းတန်းစင်တာရှေ့မှာ တီးဝိုင်းနဲ့ အလှူခံတဲ့အဖွဲ့တွေ၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ လှည်းတန်းမီးပွိုင်ဘက်မှာလည်း ဖလားကိုယ်စီကိုင်ထားတဲ့ လူငယ်လူရွယ်လေးတွေ၊ ရေဘေးဒုက္ခသယ်တွေအတွက် အလှူခံပါတယ်ဆိုတဲ့ ဗီနိုင်းတွေကိုင်ထားတဲ့ လူငယ်တွေ၊ တချို့ဆို လည်ပင်းမှာချိတ်ဆွဲပြီး အလှူခံတာတောင်ရှိပါသေးတယ်။ လှည်းတန်းအလွန်မြို့ထဲပိုင်းလောက်မှာလည်း သူနေရာနဲ့သူ အလှူခံတွေပြည့်နှက်လို့နေပါတယ်။ နေရာတိုင်းမှာ ရေးဘေးဒုက္ခုသည်တွေအတွက် အလှူခံပါတယ် အလှူခံပါတယ်ဆိုတဲ့ အသံတွေဟာ ဘယ်လောက်ထိအောင် များနေပြီလည်း ဆိုရင် အိပ်မက်ထဲမှာတောင် ကယ်ကြပါကယ်ကြပါလို့ ကြားနေရသလိုပဲ။

ပရဟိတအဖွဲ့ပေါင်း မြောက်မြားစွာက လူငယ်လူရွယ်တွေအကုန်လုံး လမ်းမပေါ်ကို ရောက်ကုန်ကြပါပြီ။ အလုပ်ဆိုလို့ အလှူခံတဲ့အလုပ်တခုပဲ ရှိပါတော့တယ်။ လမ်းမတွေပေါ်မှာ ကြည့်လိုက်တိုင်း ဆင်တူအင်္ကျီကိုယ်စီဝတ်ထားတဲ့ လူငယ်လူရွယ်တွေဆိုတာ ရေးဘေးဒုက္ခသည်တွေလောက် နီးပါးဖြစ်နေပါပြီ။ ရန်ကုန်မြို့နေပြည်သူတွေခမျာမှာလည်း ရက်ကွက်ထဲနေတော့ အိမ်ရှေ့အထိ လာပြီးအလှူခံကြပါတယ်။ လမ်းထွက်တော့လည်း လမ်းမှာအလှူခံတွေက စောင့်ကြိုနေပါတယ်၊ ကားစီးတော့လည်း ကားပေါ်ထိ အလှူခံတွေက လိုက်လာကြပါတယ်။ စက်တွေနဲ့တမျိုးသီချင်းတွေနဲ့တဖုံ၊ မရိုးအောင်ကို အလှူခံနေကြတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပီပီ သံသရာအရေးကိုမျှော်ကိုးပြီး မညီးမငြူ လှူဒါန်း နေရာတာဟာလည်း ခါးတောင်ခပ်ချိချိ ဖြစ်နေပါပြီ။ ဒုက္ခရောက်သူတွေကို ၀ိုင်းဝန်းကူညီကြတာ ဟာ အမင်တန်မှ ကောင်းမွန်တဲ့လုပ်ရပ်တခုပါ။ သို့ပေမယ်လို့ ကုသိုလ်ကောင်းမှုတွေကို အိပ်ရေး၀၀လေးအိပ်ပြီးတော့ စိတ်ချမ်းသာကိုယ်ချမ်းသာလုပ်လို့ရအောင် ဂေါပကနှင့်တကွ အဟောအပြောစရာတွေ ပရဟိတအလှူခံပုဂ္ဂိုလ်တွေ အဆိုဝါသနာရှင်တွေ အက ၀ါသနာရှင်တွေ အားလုံးက တဖက်ကို လည်း သောင်ထွန်းအောင် တဖက်ကမ်းပါးကိုလည်း ဖြိုရာမရောက်အောင် ၀ိုင်းဝန်းညှိနှိုင်းဆောင်ရွက် ပေးကြပါဦးလို့ ရပ်ကွက်နေ ပြည်သူတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။

ဗေဒါရီ
20.8.2016

ဆွေဝင်း (Myanmar Now) ● ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ

$
0
0
ဆွေဝင်း (Myanmar Now) ● ငရဲဘုံနှင့် တူနေဆဲဖြစ်သော အကျဉ်းစခန်းများ
(မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၆

အာဏာရှင်စနစ်မှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲနေသော်လည်း အကျဉ်းစခန်းများတွင် ညှဉ်းပန်းခြင်း၊ ကျွန်ကဲ့သို့ခိုင်းစေပြီး လုပ်အားရောင်းစားခြင်း စသည့်  လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မင်းမူနေသည်။

(Myanmar Now) — “တစ်၊ နှစ်၊ သုံး၊ လေး” ဟု အကျဉ်းသားတစ်ဦးက နေပူပူ တောင်ခြေစိုက်ခင်းတွင် စတင် အော်ဟစ် ရေတွက်လိုက်သည်။  ရေတွက်သံ ထွက်လာသည်နှင့် သူ့ရှေ့မှ အကျဉ်းသား ၁ဝဝ ခန့်က ပေါက်တူးကိုင်ပြီး  အဆက်မပြတ် မြက်ရှင်းကြလေသည်။ 



မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ထုံးဘို (အမျိုးသား) ကျောက်ထုတ်စခန်းတွင် အလုပ်လုပ်နေသော အကျဉ်းသားများ (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

အမှတ်စဉ် ရေတွက်သူက ကိုင်ထားသည့် ဝါးတံပိုးဖြင့် အကျဉ်းသားတချို့ကို လှမ်းရိုက်လိုက်သည်။ ထိုသူမှာ ထောင်ဝန်ထမ်းများကို ကူညီရသော အုပ်ချုပ်မှုအကူ ခေါ် တုတ်ကိုင်ဖြစ်သည်။ သေနတ်လွယ်ထားသော ကာကီရောင် ယူနီဖောင်းဝတ် ဝန်ထမ်းတစ်ဦး ရပ်ကြည့်နေပြီး ရံဖန်ရံခါ သူကိုယ်တိုင် ဝင်ရိုက်သည်။

တုတ်ကိုင် ၄ ဦးခန့်ရှိပြီး    အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၄ ဦးလည်း ရှိနေသည်။   အကျဉ်းသားအားလုံး ညစ်နွမ်းသော အပြာရောင်ရှပ်အင်္ကျီလက်တို၊   ပုဆိုးတို့ကို ဝတ်ဆင်ထားကြပြီး တချို့က သံခြေကျင်း ခတ်ခံထားရသည်။  

ထိုနေရာသည်   ရှမ်းပြည်နယ် နောင်ချိုမြို့အပြင်ဘက်တွင်ဖြစ်သည်။  ညနေဘက် လုပ်ငန်းသိမ်းချိန်တွင်   အကျဉ်းသားများ တန်းစီပြီး ကောင်းမှုအကျဉ်းစခန်းသို့ လမ်းလျှောက်ပြန်သွားကြသည်။

“အုပ်ချုပ်တဲ့ အကျဉ်းသားတွေက သဘောမကျရင် မကျသလို ဝင်ရိုက်တယ်။ ရှေ့ကသွား၊ နောက်ကရိုက်။ ကြံပင်တွေကြား ပေါင်းရှင်းတဲ့အခါ မှို့ပင်လေး တစ်ပင်ကျန်တာနဲ့ ဝင်ရိုက်တယ်၊ ဝန်ထမ်းတွေလည်း ဝင်ရိုက်တယ်။ ထောင်မှူးတွေက ရိုက်ခိုင်းလို့ ဝင်ရိုက်တာလည်း ရှိတယ်” ဟု ကောင်းမှုစခန်းမှ  ဇွန် ၃ ရက် နေ့က ပြန်လွတ်လာသူ ကိုဇေယျာလင်းက ဆိုသည်။ 



ရန်ကုန်မြို့၊ အင်းစိန်ထောင်တွင်း မြင်ကွင်းတစ်ခု။ နိုင်ငံအနှံ့အပြားရှိ ထောင်ပေါင်း ၄၆ ခုတွင် အကျဉ်းသားပေါင်း သုံးသိန်းခန့်ရှိပြီး ငွေကြေးမပေးနိုင်သူများမှာ ရဲဘက်စခန်း ခေါ် အကျဉ်းစခန်းများ၊ အလုပ်စခန်းများသို့ ပို့ဆောင်ခံနေရသည် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် နှစ်ပေါင်းများစွာ ရှိခဲ့ရာမှ   ၂ဝ၁၁ မှ စတင်သော နိုင်ငံရေး အပြောင်းအလဲများကြောင့် တိုင်းပြည်၏ ကဏ္ဍအများအပြားတွင် အပြုသဘော ဖြစ်ထွန်းမှုများ ပေါ်ပေါက်လာသည်။ သို့သော်လည်း အကျဉ်းစခန်းအများအပြားတွင်မူ ရက်စက်မှု၊ ညှင်းပန်းနှိပ်စက်မှုတို့ ဆက်လက်မင်းမူနေသည်။

● ပြစ်မှုကျွေး ချွေးဖြင့်ဆပ်
ထောင်၊ ရဲဘက်စခန်းတို့တွင် လူအခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်နေသည်ဟု နိုင်ငံတကာက စွပ်စွဲဝေဖန်နေချိန်တွင် ယခင်စစ်ဗိုလ်ချုပ်ကြီးများက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကို   ၁၉၉၉  မေလမှစ၍ သွားရောက်စစ်ဆေးခွင့်ပြုလိုက်သည်။

လအနည်းငယ်ကြာစစ်ဆေးပြီးနောက် ကမ္ဘာကစွပ်စွဲထားသော အချက်များ မှန်ကန်ကြောင်း တိတ်တဆိတ် ထုတ်ဖော်ပြောကြားခဲ့သူမှာ ICRC အဖွဲ့အား ထိုစဉ်က ဦးဆောင်သူ Mr. De Riedmatten Leon ဖြစ်သည်။ 



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းအနီးတွင် မကြာသေးမီက တွေ့ရသော အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

၎င်းက ထောင်များတွင် ရိုက်နှက်၊ ခြိမ်းခြောက်မှုများ ရှိနေကြောင်း၊  အစားအသောက် ကျွေးမွေးမှု လွန်စွာ အဆင့်နိမ့်ကျကြောင်း၊  ငွေကြေးတတ်နိုင်သူတို့ ကောင်းမွန်စွာနေထိုင်ရပြီး၊ ဆင်းရဲသူတို့မှာ ရဲဘက်စခန်းများသို့ ပို့ခံရပုံကို ထိုစဉ်က အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ ဦးကျော်ထွန်းနှင့် ၁၉၉၉  နိုဝင်ဘာတွင် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း ထိုဌာန၏ မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ ထောင်တွင်း အစားအသောက်ကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သော်လည်း ငွေပေးနိုင်မှုအပေါ် အခြေခံ၍ အကျဉ်းသားတို့ကို ခွဲခြားဆက်ဆံမှု၊  အဆင်းရဲဆုံးသော အကျဉ်းသားတို့ကို ကျောက်ထုတ်စခန်းများ၊ ဝေးလံသော အကျဉ်းစခန်းများသို့ ပို့ဆောင်မှုတို့က ဆက်လက် တည်ရှိသည်။

ရဲဘက်စခန်းသို့မပြောင်းရွှေ့ရဘဲ ထောင်ထဲတွင်သာ နေလိုသူ၊ မြို့နှင့်နီးသော စခန်းသို့ သွားလိုသူ၊  ပင်ပန်းသည့်ကျောက်ထုတ်စခန်းကို ရှောင်ရှားလိုသူတို့ ထုတ်သုံးကြရသည့် ငွေပမာဏ မတူညီကြောင်း အကျဉ်းဦးစီးဌာနတွင် လုပ်သက် ၂၅ နှစ် ရှိခဲ့ပြီး၊  ယခုဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသော ဦးခင်မောင်မြင့်က ဆိုသည်။

“ရဲဘက်ထွက်ရပြီဟေ့ဆိုလည်း ခြေကျင်းခတ်ခံရတော့မယ်။ အဲ့ဒီမှာ ခြေကျင်းအမျိုးမျိုးထဲက ပေါ့ပါးပြီး လှုပ်ရှားလို့ကောင်းတဲ့ ခြေကျင်းခတ်ခံချင်လား၊ လေးပြီး လှုပ်ရှားလို့မလွယ်တဲ့ ခြေကျင်း မခတ်ခံချင်ဘူးလား၊ ဒါဆိုရင်ငွေဘယ်လောက် ဆိုတာ စသည်ဖြင့် ရှိတယ်” ဟု ထောင်မှူးကြီးဟောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။ 



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းမှ အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

Myanmar Now က လနှင့်ချီ၍ ပြုလုပ်ခဲ့သောစုံစမ်းဖော်ထုတ်မှုတွင်  အကျဉ်းသား၊ အကျဉ်းသားဟောင်း၊ အကျဉ်းဦးစီးအာဏာပိုင်တို့နှင့်   တွေ့ဆုံမေးမြန်းမှု အများအပြား ပြုလုပ်ခဲ့သည်။ နှစ်ပေါင်း ၅ဝ ကျော်အတွင်း ထုတ်ပြန်ခဲ့သော  အကျဉ်းဦးစီးဌာန၏ ထောင်နှင့်ချီသော မှတ်တမ်းများ၊ အစိုးရ၏ အမိန့်ညွှန်ကြားချက်များကိုလည်း လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။

ခေတ်အဆက်ဆက် အာဏာပိုင်တို့က အလုပ်စခန်းများတွင် အကျဉ်းသားလုပ်အားကို မှားယွင်းသော နည်းလမ်းမျိုးစုံဖြင့် သုံးစွဲမှု၊  အကျဉ်းသားများအား ငွေထုတ်စက်များကဲ့သို့ သဘောထားပြီး ဌာနအတွက် တရားဝင် ရံပုံငွေရှာဖွေမှု၊ ခြစားမှုမြောက်သော တရားမဝင် ငွေကြေးရှာဖွေမှု စသော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြောင်း တွေ့ရှိရသည်။

စစ်အစိုးရများနှင့် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်တွင် လူ့အခွင့်အရေးအဖွဲ့များက သာမန်အကျဉ်းသားတို့၏ အခြေအနေထက် နိုင်ငံရေးအကျဉ်းသားအရေးကိုသာ အာရုံစိုက်ခဲ့သည်။

ကိုလိုနီခေတ်၊ ပါလီမန်ဒီမိုကရေစီအစိုးရခေတ်တို့တွင် အကျဉ်းထောင်စနစ်သည် အများအားဖြင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေးအတွက်သာ ဖြစ်ခဲ့သော်လည်း ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အုပ်ချုပ်သူတို့က “ပြစ်မှုကြွေးချွေးဖြင့်ဆပ်” ဟူသော ဆောင်ပုဒ်ကို တီထွင်ကာ အကျဉ်းသားလုပ်အားကို စတင် သုံးစွဲခဲ့သည်။ 



မှတ်တမ်းတစ်ခုအရ ၁၉၉၃ ခုနှစ် အစည်းအဝေးတစ်ခုတွင် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဟောင်း ဘုန်းမြင့်က အကျဉ်းသားရဲဘက်များ၏ “အလဟဿ လေလွင့်ပြုန်းတီးနေသော”  လုပ်အားကို နိုင်ငံတော် စီမံကိန်းများတွင် သုံးစွဲပြီး ရည်မှန်းချက် ၃ ရပ်ကို အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ရည်မှန်းချက်များတွင် လယ်ယာမြေသစ် ဖော်ထုတ်ရန်၊  နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲရန်၊  နိုင်ငံတော်က အခမဲ့ ကျွေးမွေးထားရသည့် ထိုအကျဉ်းသားများကို ခိုင်းစေပြီး ဝင်ငွေပြန်ရရှိရေး လုပ်ဆောင်ရန်တို့ ပါဝင်သည်။

၁၉၉၃ ဖေဖော်ဝါရီ ၂၃ ရက်စွဲတပ် ထိုမှတ်တမ်းအရ ထိုအစည်းအဝေးကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦး၊ ထိုစဉ်က ထိပ်တန်းစစ်ဗိုလ်ချုပ်များဖြစ်ကြသည့် ဗိုလ်မှူးချုပ်အေဘယ်လ်၊ ဗိုလ်မှူးချုပ်လွန်းမောင် အပါအဝင် စစ်ဗိုလ်ချုပ် တစ်ဒါဇင်ကျော် တက်ရောက်ခဲ့သည်။

ထိုအစည်းအဝေးက အကျဉ်းသားတို့ကို စစ်မြေပြင်ပို့ပြီး လက်နက်၊ ရိက္ခာ သယ်ဆောင်စေရန်၊ အကျဉ်းသား အင်အား ၅ဝဝ စီ ရှိသော “ဝန်ဆောင်” တပ်ရင်းများကို မြစ်ကြီးနား၊ လွိုင်ကော်၊ မြိတ်၊ သထုံ၊ ဘားအံတို့တွင် ဖွဲ့စည်းရန် ဆုံးဖြတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေကလည်း ၁၉၉၉ ဇန်နဝါရီ ၂၂ တွင် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်ရှိ အမှတ် (၂) ဘဝသစ်စိုက်ပျိုးထုတ်လုပ်မှုစခန်းသို့ သွားရောက်ပြီး အကျဉ်းစခန်းများသည် နိုင်ငံတော်၏ ကုန်ထုတ်လုပ်ရေးကို အထောက်အကူပြုသကဲ့သို့ အကျဉ်းသားများစားသောက်ရေးနှင့်ပတ်သက်၍ “နိုင်ငံတော်အစိုးရအပေါ်မှီခိုနေမှုအား အမှီအခိုကင်းသောဘဝရောက်အောင်” လုပ်ဆောင်ရမည်ဟု ညွှန်ကြားခဲ့ကြောင်း မှတ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ၄ ရက်အကြာတွင် ထိုညွှန်ကြားချက်ကို လုပ်ငန်းလမ်းညွှန်အဖြစ် ခံယူပြီး လုပ်ငန်းအောင်မြင်ရေး အကောင်အထည်ဖော်ရမည်ဟု ညွှန်ကြားရေးမှူးများသို့ ပေးပို့သောစာတွင် ဖော်ပြထားသည်။

မှတ်တမ်းများအရ ၁၉၈ဝ တွင်  အကျဉ်းသား ၂၅,ဝဝဝ ကို အလုပ်စခန်း ၂၂ ခု တွင် ခိုင်းစေခဲ့သည်။

အစာရေစာမလုံလောက်၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် အကျဉ်းစခန်းများ၊ နိုင်ငံတော် စီမံကိန်းလုပ်ကွက်များတွင် အကျဉ်းသား ထောင်နှင့်ချီ သေဆုံးခဲ့သည်။ ၂ဝ၁၄ ခုနှစ် ပြည်ထဲရေး ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ၁၉၇၈ မှ ၂ဝ၁၄ အတွင်း စခန်းများတွင် သေဆုံးသူ ၅,ဝဝဝ ကျော် ရှိပြီး၊ အကျဉ်းသားတို့၏ “အလဟဿ လေလွင့်ပြုန်းတီးနေသောလုပ်အား” ကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် အသုံးချရေးအတွက် အကျဉ်းစခန်းများဆက်လက်ရှိရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ 



လွန်ခဲ့သည့် ၁ဝ နှစ်ခန့်မှ စတင်ပြီး  အကျဉ်းစခန်းတွင် သေဆုံးနှုန်း လျော့ကျလာသော်လည်း အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်တိုင်  တည်ရှိနေသည်။

ယခုအခါ အလုပ်စခန်း ၄၈ ခုတွင်  အကျဉ်းသားအရေအတွက် ၂ဝ,ဝဝဝ မှ ၃ဝ,ဝဝဝ ကြား ရှိနေသည်။   ၁၈ ခု မှာ ကျောက်ထုတ်လုပ်ရေး “ကုန်ထုတ်စခန်းများ” ဖြစ်ပြီး ကျန်စခန်းများမှာ စိုက်ပျိုးမွေးမျိုးရေး “အတတ်သင်” စခန်းများ ဖြစ်ကြသည်။

ဗြိတိသျှတို့ရေးဆွဲပြီး ယနေ့တိုင်သုံးစွဲနေသည့် ၁၈၉၄ အကျဉ်းထောင်လက်စွဲတွင် ရဲဘက်စခန်းများဖွင့်ပြီး ကုန်ထုတ်ရမည်ဟူ၍ မပါရှိပေ၊ ထောင်နှင့် ဆက်စပ်သောလုပ်ငန်းများတွင် အဓိကထားခိုင်းစေရမည်ဟု ဖော်ပြထားသည်။

“ဒီအကျဉ်းသားတစ်ယောက်က သူ့ပြစ်ဒဏ်အလျောက် ပြစ်ဒဏ်ခံခဲ့ရပြီးပြီ။ လူ့အသိုင်းအဝိုင်းထဲကနေ သူ့ကို ကာလအကန့်အသတ်တစ်ခုနဲ့ ဖယ်ထုတ်လိုက်ပြီးပြီ။ ဒါကိုက ပြစ်ဒဏ်ပဲလေ။ အဲဒီထဲမှာမှ ထောင်ထဲမှာ လုပ်ရမယ့် လုပ်ငန်းကို ထပ်ပြီး အကျယ်ဖွင့်ဆိုပြီး အကျဉ်းထောင် အပြင်မှာပါ သူ့လုပ်အားကို ထပ်သုံးတော့မယ် ဆိုတော့ သူ့ပြစ်ဒဏ်က နှစ်ဆတိုးသွားသလို ဖြစ်တယ်” ဟု ထောင်မှူးကြီးဦးခင်မောင်မြင့်ကဆိုသည်။

● ကျွန်တော်တို့ဟာ ကျွန်တွေပါ
ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင် ၂ နှစ် ကျခဲ့သော ရဲဝန်ထမ်းဟောင်း ကိုဇေယျာလင်းသည် မန္တလေးထောင်တွင် လအနည်းငယ် နေခဲ့ရပြီး  နောင်ချိုမြို့နယ်၊ ကောင်းမှု အလုပ်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

စိမ်းလန်းသည့် စပါးခင်း၊ ကြံစိုက်ခင်း၊  ပြောင်းစိုက်ခင်းများ မြင်ကွင်းတစ်ဆုံးရှိသဖြင့် အေးချမ်းမှု၊ ငြိမ်းချမ်းမှုအသွင်ဆောင်သော တောင်ကုန်းအနီးတွင် ငရဲခန်းတို့နှင့် နှိုင်းယှဉ်ခံရသော   အလုပ်စခန်းများ  တည်ရှိနေသည်။  စခန်းမှ အကျဉ်းသား ၂ဝဝ နီးပါးသည်   အကျဉ်းဦးစီးဌာန၏ ကြံစိုက်ခင်း ဧက ၁၄ဝ၊    ပုဂ္ဂလိကစိုက်ခင်းတို့တွင် လုပ်ကိုင်ရသည်ဟု သူက ရှင်းပြသည်။ 



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်သင်စခန်းမှ အကျဉ်းသားများ   (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

မည်သည့်အသက်မွေးဝမ်းကျောင်းပညာမှ သင်ကြားခြင်း မပြုသော အဆိုပါ အတတ်သင်စခန်းတွင် အကျဉ်းသားတို့
ရက်သတ္တတစ်ပတ်လျှင် ၆ ရက် လုပ်ကိုင်ရသည်ဟု ဆိုသည်။  သူ စခန်းသို့ ရောက်သည့် ၂ဝ၁၅ ဇူလိုင် ၅ ရက်နေ့ကတည်းက အုပ်ချုပ်မှုအကူအကျဉ်းသားတို့၏ နှိပ်စက်မှုကို ခံရကြောင်း၊ ထိုအချိန်က အုပ်ချုပ်သူမှာ ထောင်ပိုင်ဦးဇော်ဦးဖြစ်ကြောင်း သူက ရှင်းပြသည်။

“ကျောကို ရိုက်တယ်။ တင်ပါးကိုရိုက်တယ်။ အကြောင်းပြချက်ကတော့ အလုပ်နှေးတယ်ပေါ့။ တစ်နေ့ကို မရိုက်ခံရဘူးဆို အချက် ၃ဝ လောက်ရှိတယ်” ဟု ကိုဇေယျာလင်းက ဆိုသည်။

မိခင်၊ ဇနီးတို့ စခန်းလိုက်လာပြီး ထောင်မှူးကြီးကို ၅ သိန်း ပေးလိုက်မှ ရိုက်နှက်မှုများ ရပ်သွားပြီး ထောင်ဝန်ထမ်းတို့ကို ရေနွေးကျို၊ ကော်ဖီဖျော်တိုက်ရသည့်ရာထူး ရခဲ့သည်ဟု ဆိုသည်။ ငွေမပေးနိုင်သည့် ငယ်ရွယ်သောအကျဉ်းသားများအနက် တချို့မှာ စခန်းအတွင်း လိင်ပျော်တော်ဆက်သူများ ဖြစ်သွားကြောင်း သူက ရှင်းပြသည်။

“ငွေရင်းမလား၊ လူရင်းမလား၊ ကျွဲလိုနွားလို အလုပ်လုပ်ပြီး လုပ်အားရင်းရမလား။ ကျန်တာ ရွေးချယ်စရာမရှိဘူး။ တကယ့် ကျွန်ဘဝပါဗျာ” ဟု ကိုဇေယျာလင်းက အကျဉ်းစခန်းမှ ပြန်လွတ်လာသည့်နေ့တွင် ဝမ်းနည်းတစ်ဆို့စွာ ပြောပြသည်။

အမည်မဖော်လိုသူ အကျဉ်းသားတစ်ဦးကလည်း ထိုစခန်းတွင် ရိုက်နှက်ခံနေရသည်မှာ တစ်နှစ်ကျော်လာပြီ ဖြစ်သောကြောင့် အကျဉ်းထောင်သို့ ပြန်ပို့ခံရရေးအတွက်  အသေအကျေ ပြန်လည်တိုက်ခိုက်သည့်နည်းဖြင့် အမှု ဖန်တီးရန် မကြာခဏ စဉ်းစားမိသည်ဟု ဆိုသည်။  သားငယ်၊ သမီးငယ်တို့၏မျက်နှာကိုမြင်ယောင်ပြီး စိတ်ထိန်းထားရကြောင်း၊ မိသားစုက ထောင်ဝင်စာ လာတွေ့ခြင်း မရှိသေးကြောင်း  ရိုက်ခံထားရသော ဒဏ်ရာများကို ပြပြီး ပြောပြသည်။

“ကျွန်တော်က တောသူတောင်သားဆိုတော့ ဒီအလုပ်ကြမ်းကို လုပ်နိုင်ပါတယ်။ လုပ်နိုင်လည်း ရိုက်ခံနေရတာပဲ။ ဒီနေ့ တစ်ဧက ပေါင်းရှင်းနိုင်တယ်ဆို၊ နက်ဖန် နှစ်ဧက ခိုင်းတော့ လူကဘယ်လိုမှ မခံနိုင်ဘူး” ဟု မျက်ရည် ဝိုင်းနေသော အဆိုပါ အကျဉ်းသားက အကျဉ်းစခန်းအနီး လုပ်ငန်းခွင်တွင် ခေတ္တတွေ့ဆုံစဉ်  Myanmar Now ကို ပြောပြသည်။

● ရိုက်နှက်ရန် ဖိအားပေးခြင်း
ကောင်းမှုစခန်းအပြင် နောင်ချိုရှိ အကျဉ်းဦးစီးဌာနပိုင် ကော်ဖီခြံ၊ ကြံစိုက်ခင်းများရှိသည့် ကြူအင်း၊ ဟိုခို၊ လွင်ကြီး၊ ကုန်းစံ၊ ခဲမွန် တို့ကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်သင်စခန်းဟု အမည်ပေးထားသည်။ ဟိုခိုစခန်းမှ ၂ဝ၁၄ တွင် လွတ်မြောက်လာသူ ဦးအောင်စိုးက  အကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့် တုတ်ကိုင်ရာထူးရရှိရန် သိန်းနှင့်ချီ လာဘ်ထိုးရသည်ဟု ပြောပြသည်။ 

“ရိုက်မှ အကျဉ်းသားတွေက အမြဲကြောက်နေပြီး ဝန်ထမ်းတွေကို ပိုက်ဆံပေးမယ်၊ ပစ္စည်းပေးမယ်၊ ဒီဝန်ထမ်းတွေ ရေချိုးရင် ဆပ်ပြာတိုက်ပေးမယ်၊ သူတို့ကို နှိပ်နယ်ပေးမယ်၊ နည်းမျိုးစုံနဲ့ ကျွန်ခံပေးမယ်။ ဒါ့ကြောင့်ရိုက်တာ” ဟု ဦးအောင်စိုးက ဆိုသည်။

ဦးအောင်စိုး  အကျဉ်းစခန်းတွင် အရိုက်မခံရစေရန် ကျင့်သုံးခဲ့သောနည်းလမ်းမှာ အခြားအကျဉ်းသားတို့နှင့် မတူပေ။  ၂ဝ၁၃ ခုနှစ်က ဟိုခိုသို့ ရောက်သည်နှင့် အကျဉ်းသားသစ်များကို ရိုက်နှက်ပြီး ကြိုဆိုစဉ် ဦးအောင်စိုးက သူ့အား ရိုက်နှက်ပါက အသက်နှင့်ရင်းပြီး ပြန်လည်တိုက်ခိုက်မည်ဟု ပြောဆိုခဲ့သည်။

ထောင်သက် ၁၇ နှစ်၊ တုတ်ခိုင်သော သူ၏ခန္ဓာကိုယ်၊ စူးရှသော မျက်လုံးအစုံ၊ တင်းမာသော သူ၏ မေးကြောတို့က  သူ၏ခြိမ်းခြောက်မှုကို အထောက်အပံ့ပေးခဲ့သည်။  ရိုက်နှက်ခြင်းမခံရသော်လည်း သူလည်း အလုပ်ကြမ်း လုပ်ရသည်။

အကျဉ်းစခန်းမှ လွတ်မြောက်ပြီး မကြာမီတွင် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေလိုက်သည်။  လူဆိုးများထက်ဆိုးသောသူတို့မှာ အကျဉ်းဦးစီးဝန်ထမ်းများဖြစ်ကြောင်း ထိုစာအုပ်တွင် နိဒါန်းချီထားသည်။  အကျဉ်းသားများ ကြံခုတ်ပြီး ကြံဖတ်ခွာစဉ် ရိုက်နှက်ခံရသည်ဟု ဆိုသည်။

“တစ်နေကုန် မကြာခဏရိုက်တယ်။ ထောင်မှူး၊ ဝန်ထမ်းအကြပ်တွေက သူတို့ရှေ့မှာ ရိုက်နေတာကို တစ်ခွန်းမှ ဝင်မပြောဘူး။…တစ်ယောက်မကျန် အကုန်ရိုက်တယ်။ ကျွန်တော့်ကိုသာ မရိုက်တာပါ” ဟု သူက ထိုစာအုပ်တွင် ရေးသားထားသည်။

မကြာသေးမီက သူနေထိုင်ရာ ရန်ကုန်၊ အင်းစိန်မြို့နယ်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ကြံစည်းများ ထမ်းပုံခဲ့ပုံရပုံကို ပြန်ပြောပြပြီး “ကျွန်တော် အခု ကြံပင်ကိုတွေ့ရင် သိပ်မုန်းတယ်” ဟု ဦးအောင်စိုးက ဆိုသည်။

၂ဝ၁၄ ခုနှစ်က နောင်ချိုရှိ အကျဉ်းစခန်းများကို အဓိကကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက ကောင်းမှုစခန်း ရိုက်နှက်မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူ ထောင်မှူးကြီး ဦးဇော်မြင့်ဦးကို သတိပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ဒါက လူသေလောက်တဲ့ကိစ္စလည်း မဟုတ်ဘူး၊ သာမန်ပဲဆိုတော့ နှုတ်နဲ့ပဲ သတိပေးခဲ့တယ်။ တခြားအရေးယူတာမျိုးတော့မရှိဘူး” ဟု မန္တလေးမြို့ ထုံးဘိုကျောက်ထုတ်စခန်း (အမျိုးသား) တွင် တာဝန်ကျနေသော လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးလွင်ထွန်းက ပြောသည်။

စည်းကမ်းဘောင်အတွင်း နေထိုင်သူကို သတ်မှတ်ကာလမတိုင်ခင် လျှော့ရက်ပေးပြီး ပြန်လွှတ်လေ့ ရှိရာ စည်းကမ်းတစ်ခုခုဖောက်မိသော  အကျဉ်းသားက လျှော့ရက် မရမည်ကို စိုးရိမ်ပြီး  အရိုက်ခံရခြင်းကို သာလိုလားသည့် အခြေအနေမျိုးလည်း ရှိတတ်သည်ဟု သူက ဆိုသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သည့် အကျဉ်းစခန်းများအနက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အမှတ် ၂ သည်  အဖိနှိပ်ဆုံးစခန်းများတွင် ပါဝင်သည်။ ထိုစခန်းတွင် အကျဉ်းကျခဲ့သူ ကိုထန်းသည် ဘုတ်ကိုင် ခေါ် တုတ်ကိုင်ရာထူး ရရန် ငွေလမ်းခင်း ကြိုးပမ်းပြီးနောက် ဘဝတူအကျဉ်းသားများကို ကိုင်တွယ်အုပ်ချုပ်ရသူတစ်ဦး ဖြစ်လာသည်။

“ကျွန်တော်က မမောင်းရင် ကျွန်တော့်ကို အထက်အရာရှိတွေက ဖိအားပေးတယ်။ မင်းတို့ကောင်တွေ ဒီနေ့ ဘာလို့ ဒီလောက်ပဲပြီးတာလဲလို့ ကျွန်တော့်ကိုပြောတော့ ကျွန်တော်ကလည်း ကျွန်တော့်အောက်က လူတွေကို ဖိရတာပေါ့” ဟု ယမန်နှစ် သြဂုတ်လတွင် လွတ်မြောက်လာသော ကိုထန်းက Myanmar Now ကို ပြောပြသည်။ 

● ရောင်းစားခံရသော လုပ်အား
ကုလသမဂ္ဂက ၁၉၅၅ တွင်ချမှတ်ထားသော “အကျဉ်းသားများဆက်ဆံရာတွင် အနိမ့်ဆုံး ထားရှိရမည့် စည်းမျဉ်းစည်းကမ်းများ” တွင် အကျဉ်းသားတို့ကို အန္တရာယ်သဘောဆောင်သည့် ခိုင်းစေမှု မပြုရ၊ လုပ်ငန်းတစ်ခုခုမှ စီးပွားရေးအကျိုးအမြတ်ရရန် ရည်ရွယ်၍ ခိုင်းစေခြင်းမပြုရဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော အဓမ္မခိုင်းစေမှုဆိုင်ရာ ကုလသမဂ္ဂပဋိဉာဉ် အခန်း ၂ တွင်လည်း တရားရုံးကပြစ်ဒဏ် ချမှတ်လိုက်သူသည် ပုဂ္ဂလိက ကုမ္ပဏီ၊ အသင်းအဖွဲ့များ၏ အသုံးချခံမဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

Myanmar Now က သွားရောက်လေ့လာခဲ့သော မွန်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်း စသည့် ဒေသများရှိ  အကျဉ်းစခန်းအချို့တွင် ထောင်အာဏာပိုင်တို့က အကျဉ်းသားများ၏ လုပ်အားကို ပုဂ္ဂလိကအလုပ်များတွင် အသုံးချလျက်ရှိသည်။

နောင်ချို၊ ကောင်းမှုစခန်းမှ လွတ်လာသော ကိုဇေယျာလင်းက  ငွေရည်ပုလဲကုမ္ပဏီပိုင် ကြံစိုက်ခင်း၊ စခန်းတဝိုက်ရှိ ရွာသားတို့၏ စပါးခင်း၊ ပြောင်းခင်းများတွင်  သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း ပြောသည်။

“ကျွန်တော့်ရှေ့မှာတင် ထောင်မှူးကို လုပ်ငန်းရှင်တွေက အကျဉ်းသား ၁ဝဝ ကို တစ်နေ့ (လုပ်အားခ တစ်ယောက်) ၃,ဝဝဝ နဲ့ တွက်ပြီး ပိုက်ဆံရှင်းတာ တွေ့တယ်၊ ကျွန်တော်တို့အကျဉ်းသားကတော့ ဘာမှမရဘူး” ဟု သူက ဆိုသည်။

အကျဉ်းဦးစီးဌာနတွင် ၂ဝဝ၄ မှ ၂ဝ၁၂ အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းက  ငွေရည်ပုလဲနှင့် အကျဉ်းဦးစီးဌာနတို့ ကြံစိုက်ခင်း ဧက ၈ဝဝ ခန့် နောင်ချိုတွင် လုပ်ကိုင်ရန် စာချုပ်ချုပ်ထားခဲ့ကြောင်း ပြောပြသည်။  ဌာနက မြေ နှင့် အကျဉ်းသားလုပ်အားထည့်ဝင်ပြီး ကုမ္ပဏီက မျိုးစေ့၊ မြေသြဇာ ထည့်ဝင်ကြောင်း သူကဆိုသည်။ 



မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက် ကျောက်ထုတ်စခန်းမှ သံခြေကျင်းခတ် အကျဉ်းသားတစ်ဦး။  အကျဉ်းဦးစီးဌာနစည်းကမ်းအရ ထောင်မှ အလုပ်စခန်းသို့ ပို့ဆောင်လိုက်သော အကျဉ်းသားကို ၂ လ ကြာသည်အထိ သံခြေကျင်းခတ်ထားလေ့ရှိသည် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

“ကျွန်တော်တို့ ရိတ်သိမ်းပေးပြီး၊ သူတို့က သူတို့ကားနဲ့လာတင်တာရှိသလို၊ ကျွန်တော်တို့ကားနဲ့ သွားတင်ပြီး သူတို့သကြားစက်ကို သွားပို့လို့ရတော့ ဈေးကွက်အတွက်လည်း ပူစရာမရှိတော့ဘူး။ ဒီလို အကျိုးတူ  ဖက်စပ်လုပ်ကိုင်ခွင့်ရှိတာ ဒါကျွန်တော့်လက်ထက်မှာ အကြီးမားဆုံးပဲ” ဟု သူက ရှင်းပြသည်။

နောင်ချို အကျဉ်းစခန်းများကို ကွပ်ကဲခဲ့သူ ဦးဌေးလွင်ထွန်းက အကျဉ်းသားများ၊ ဝန်ထမ်းများ၏ စားဝတ်နေရေးအတွက် စခန်းတာဝန်ခံတို့က အဆင်ပြေသလိုရှာဖွေရကြောင်း၊ အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေသုံးစွဲလျှင်  တိုင်တန်းမှု ရှိမည်မဟုတ်ကြောင်း ပြောပြသည်။

နောင်ချို အကျဉ်းစခန်းများတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အကျဉ်းစခန်း အများစုတွင်လည်း ဖြစ်ပျက်နေသည်။ ထိုကဲ့သို့ ပုဂ္ဂလိကအလုပ်များတွင် သွားရောက်လုပ်ကိုင်ရသည်ကို ထောင်အာဏာပိုင်များက လုပ်အားပေးဟု အမည်တပ်ကြောင်း အကျဉ်းသားများ၊ ပြန်လွတ်လာသူများက အတည်ပြုသည်။

ရာဇဂြိုဟ် ၂ အနီးရှိ ရာဇဂြိုဟ်ရွာ အုပ်ချုပ်ရေးမှူး ကိုချောအောင်ကလည်း ရွာသားတို့က ထောင်အာဏာပိုင်တို့ကို အခကြေးငွေပေးပြီး အကျဉ်းသားတို့၏လုပ်အား ရယူကြောင်း ပြောသည်။

မွန်ပြည်နယ်၊  ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ကျောက်ထုတ်စခန်းမှ ရာနှင့်ချီသောအကျဉ်းသားများသည်    ပုဂ္ဂလိကပိုင် စပါးခင်း၊  ရော်ဘာခြံများတွင် လုပ်ကိုင်ရကြောင်း ဒေသခံတစ်ဦးဖြစ်သူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးရွှေထွန်းက Myanmar Now ကို ပြောသည်။  ဇူလိုင်  ၃ဝ ရက်နေ့က အရပ်ဝတ်  အကျဉ်းသား ၅ဝ ခန့် သူ့အိမ်အနီးရှိ ပုဂ္ဂလိက လယ်ကွင်းတွင် အလုပ်လုပ်နေရသည်ကို  တွေ့ရှိကြောင်း သူက ဆက်ပြောသည်။

“အကျဉ်းသားတွေကို အပြင်မှာတရားဝင်ခိုင်းခွင့်မရှိတာလည်းတစ်ကြောင်း၊ လုပ်ရတာကလည်း မုပ္ပလင်မြို့အဝင် လမ်းမကြီးဘေးမှာ ဆိုတာကလည်း တစ်ကြောင်းမို့ အကျဉ်းသားဝတ်စုံပြာတွေနဲ့ဆိုရင် အများအမြင်မှာ မကောင်းဘူးထင်တယ်၊ ဒါ့ကြောင့်မို့လို့ အကျဉ်းသားတွေကို အရပ်ဝတ်နဲ့ခိုင်းတာ” ဟု သူက မှတ်ချက်ပြုသည်။

စခန်းတာဝန်ခံများ အလွယ်တကူချမ်းသာလာကြောင်း သူက ဆက်ပြောသည်။  “ထောင်ပိုင်တွေ ဒီကိုရောက်လာပြီး ၁ နှစ်မပြည့်ဘူး၊ အိမ်တွေ၊ ခြံတွေ အကုန်ပိုင်ဆိုင်သွားတာပဲ” ဟု သူက ဆိုသည်။ 



မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဇင်းကျိုက် ကျောက်ထုတ်စခန်းတွင် မကြာသေးမီက တွေ့ရသော အကျဉ်းသားများ (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးကို အကျဉ်းစခန်းများ၏ ဆိုးဝါးသော အခြေအနေများအကြောင်း မေးမြန်းရာ သူက အသေးစိတ် ရှင်းလင်းခြင်း မရှိသော်လည်း တိုးတက်ဖြစ်ထွန်းမှုများ ရှိသည်ဟု ဆိုသည်။

“ဒါတွေက ရှိကောင်းရှိနိုင်ပါတယ်။ ယခင်ကလောက်တော့ မဆိုးတော့ပါဘူး” ဟု ဦးမင်းထွန်းစိုးက ဆိုသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံရုံးတာဝန်ခံ Piyamal Pichaiwongse က အကျဉ်းစခန်းများရှိ အလုပ်သည် ပုဂ္ဂလိကကုမ္ပဏီတို့၏အကျိုးစီးပွားနှင့် ဆက်စပ်နေပါက ကုလသမဂ္ဂ အဓမ္မခိုင်းစေမှုပဋိဥာဉ်အရ အဓမ္မခိုင်းစေမှုမြောက်ကြောင်း ပြောသည်။

“အကျဉ်းသားတွေကိုခိုင်းစေတဲ့အလုပ်ဆိုတာ ထောင်ရဲ့ဘောင်ထဲမှာပါပြီး၊ ထောင်ရဲ့ အကောင်းဆုံးသော အကျိုးစီးပွားကိုသာ ဦးတည်ရမှာဖြစ်ပါတယ်။ ဥပမာ ထောင်ထဲမှာ အကျဉ်းသားတွေ ထင်းခွဲမယ်၊ ထမင်းဟင်း ချက်မယ်၊ အခန်းတွေကို သန့်ရှင်းရေးလုပ်မယ်၊ ဒါဆိုရင်တော့ အဓမ္မခိုင်းစေတာ မမြောက်ဘူးပေါ့” ဟု ILO အရာရှိက ဆိုသည်။

သူကိုယ်တိုင် မန္တလေးမြို့အနီး ရထားခရီးစဉ်တစ်ခုတွင် အကျဉ်းဦးစီး အလုပ်စခန်းတစ်ခုမှ   အကျဉ်းသားများကို လှမ်းတွေ့ဖူးကြောင်း ပြောသည်။

“ကျွန်မ အကျဉ်းသားတွေကို လှမ်းမြင်လိုက်တော့ အို…့ဘယ်လိုပြောရမလဲ၊ သူတို့က ကျွန်တွေနဲ့ တူလိုက်တာ။ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူမှ ကျွန်မတို့ဆီ လာမတိုင်ကြဘူး” ဟု သူက ပြောပြသည်။    ။

အောင်ဝေး - ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က

$
0
0
Ko Aung Way & Son - in the past


THE WHITE RAINBOW
အောင်ဝေး - ကို ေ ရႊ ေ အ ာ င္ ေ ၀ း တို ့ မ ႏၱ ေ လ း မွ ာ နှဲ မှု တ် ခဲ့ ကြ စ ဉ် က
(မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၆


ခေတ်ကလည်း မကောင်းဟန်၊ စနစ်ကလည်း ညောင်းပြန်၊ အဖြစ်ကလည်း ဟောင်းတန်သလောက် တော့ ဟောင်းနေပါပြီ။ ဒါပေမဲ့၊ မမေ့နိုင်သေးပါ။

၂၀၀၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်။
မန္တလေးမြို့၊ အိုရီယင်တယ်ဟောက်စ်ခန်းမ။
အဲဒီမှာ ကျနော်တို့တွေ နှဲမှုတ်ခဲ့ကြတဲ့ အကြောင်းလေးပါ။

အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေးရန်ပုံငွေ၊ အဖြူရောင် သက်တံကဗျာရွတ်ဆိုပွဲ။

ရန်ကုန်မှာ ကျနော်တို့ ပထမဆုံးပွဲကို ၂၀၀၆၊ မေလ(၆)ရက်၊ ဆရာစံလမ်း၊ မစ္စတာဂစ်တာ ကဖေးမှာ ကျင်းပခဲ့။ ဒီ ပထမဆုံးပွဲမှာ ရန်ပုံငွေ (၆၇)သိန်းကျော် အလှူခံရရှိခဲ့။

ဒီတုန်းက ဒေါက်တာခင်မေစုတို့၊ ဆရာမစုထားတို့၊ ဆရာမသန်းမြင့်အောင်တို့ “သုခရိပ်မြုံ” မှာ လက်ခံပြုစုစောင့်ရှောက်ထားတဲ့ အိတ်ခ်ျ၊ အိုင်၊ ဗွီ ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေက စုစုပေါင်း (၁၃)ယောက်ပဲရှိသေး။ (ယခု ၁၃၀ မျှမကကျော်ပြီ။ မန္တလေးသုခရိပ်မြုံဆိုတာလည်းတိုးလာသည်)

ဒီတော့၊ မန္တလေးပွဲမှာရွတ်ဖို့ ကျနော်က ကဗျာတစ်ပုဒ် အသေအချာပြင်ဆင်ရေးဖွဲ့ထားလိုက်သည်။ အောက်ပါအတိုင်း။


ကေ လး တ စ် ဒါ ဇ င် နဲ့  တ စ်ေ ယာ က်

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက ဂလိုဘယ်တော့ဆန်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက မုန့်လုံးတော့ စက္ကူကပ်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

လူတွေက ဂျင်ဆန်းမီနဲ့တော့ လမ်းလျှောက်ချင်တယ်

ကွန်ဒုံးတော့ မသုံးချင်ဘူး။

“Rainbows are multi-colored.

Our performance is not divided by colors,

But all white and pure.

That’s why we called it ‘white rainbow’.” [ * ]


အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

မိဘမေတ္တာ ငတ်နေတဲ့ကလေးတွေပေါ့ ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

အကြင်နာ ကရုဏာလိုအပ်နေတဲ့ကလေးတွေပေါ့ ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

အဲဒီကလေးတွေဟာ

အပြစ်မဲ့တဲ့ ဓားစာခံကလေးတွေပေါ့ ။

[ * ]


အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

ကမ္ဘာကြီးက လမ်းပြမြေပုံအတိုင်းသွားဖို့ပြောနေတယ်

ကလေးတွေခမျာ ပန်းတိုင်ပျောက်နေရပြီ။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

ကမ္ဘာကြီးက အေ၊ အိုင်၊ ဒီ၊ အက်စ် တိုက်ဖျက်ရေးဆွေးနွေးနေတယ်

ကလေးတွေခမျာ အိတ်ခ်ျ၊ အိုင်၊ ဗွီ ပိုး ကူးစက်ခံနေရပြီ။

[ * ]

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

သူတို့လေးတွေ ပျော်ရွှင်ချမ်းမြေ့သွားဖို့

ကျနော်တို့ရဲ့ပျော်ရွှင်ခြင်းကို မျှဝေရမယ်။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်။

သူတို့လေးတွေ အိပ်ရေးမပျက်စေဖို့

ကျနော်တို့ရဲ့ညတွေကို လုံခြုံပေးရမယ်။

အို- မန္တလေး

ကလေး တစ်ဒါဇင်နဲ့တစ်ယောက်ရှိတယ်လေ။ ။

(၂၀၀၆)


သို့သော် … ။ မန္တလေးမှာ စစ်ပဒေသရာဇ်ကြီးရဲ့တစ်ချက်လွှတ်အမိန့်နဲ့၊ ပွဲမှာ သီချင်းပဲ ဆိုခွင့်ရ။ ကဗျာရွတ်ဆိုခွင့်မရ၊ လုံးဝ မရခဲ့။

သို့သော် … ။ ကျနော်တို့ ဒီမန္တလေးပွဲမှာ ရန်ပုံငွေ (၁၀၂)သိန်း အလှူခံရအောင်၊ ပွဲကို စီစဉ် တင်ဆက်နိုင်ခဲ့။

မန္တလေးတိုင်း ထွေ/အုပ် က တာဝန်ကြီးကြီးရှိသူကိုယ်တိုင် ခန်းမထဲက ရှေ့ဆုံးခုံတန်းမှာ အကျအနထိုင်ပြီး ပွဲကို လာစောင့်ကြည့်နေသည်။ လာထောက်လှမ်းနေသည်။

ဘယ်ရမလဲ။ သူ့မျက်စိရှေ့မှောက်မှာ ကျနော်တို့ကဗျာတွေ တွင်တွင်ရွတ်ခဲ့ကြသည်။ ကဗျာမြစ်ရေ သွင်သွင်စီးခဲ့လှပြီ။ ကျနော်တို့ကဗျာရွတ်နေတာကို အနှီပုဂ္ဂိုလ်မသိ။

ပွဲအဖွင့်မှာ၊ ဖယောင်းတိုင်မီးထွန်းပါဖောမန့်နှင့်အတူ ဆန်းထွဋ်နှင့်ချောအိသိမ်းတို့၊ ဇော်သက်ထွေး ရေးပေးထားတဲ့ကဗျာကိုရွတ်ပြီး စင်ပေါ်တက်လာသည်။ သီချင်းပဲ ဆိုခွင့်ပြုထားတဲ့စင်ပေါ်မှာ၊ လူတိုင်းက ကဗျာတွေ တက်တက်ရွတ်နေကြသည်။

အခမ်းအနားမှူး (မ)တင်မိုးလွင်ကအစ၊ မန္တလေးကပွဲစီစဉ်သူတွေအလယ်၊ ရန်ကုန်ကလိုက်လာကြတဲ့ သျှီ၊ သင်ဇာဝင့်ကျော်၊ ငွေစင်သွန်း စတဲ့ကလေးတွေအဆုံး၊ အားလုံးဟာ ကဗျာဖြစ်နေကြတော့သည်။

တင်မိုးလွင်ဖိတ်ခေါ်လိုက်တော့ ကိုစောဝေ စင်ပေါ်တက်လာသည်။ သူက ဘာကဗျာမှ မရွတ်ပါ။ သူ့ကိုယ်လုံး၀၀ကြီးကိုယ်နှိုက်က ကဗျာတုံးကဗျာခဲကြီးဖြစ်လို့နေသည်။

ပွဲပြီးခါနီးလာတော့၊ ကဗျာဆရာတွေ စင်ပေါ်ကို တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ ကျနော်က ကျနော်၏ ကလေးတစ်ဒါဇင်နဲ့တစ်ယောက်ကဗျာထဲက-

“Rainbows are multi-colored.

Our performance is not divided by colors,

But all white and pure.

That’s why we called it ‘white rainbow’.”

အင်္ဂလိပ်စာပိုဒ်ကို အကျယ်လောင်ဆုံး အော်ဟစ်ရွတ်ဆိုပစ်လိုက်သည်။

ပွဲပြီးတော့၊ ကျနော်တို့အားလုံး စုပေါင်းဓာတ်ပုံရိုက် အောင်ပွဲခံကြသည်။ ပွဲပြီးပြီးချင်း၊ မန္တလေးတိုင်း စစ်ပဒေသရာဇ်ကြီးရဲ့အထူးစောင့်ကြည့် ထွေ/အုပ်ပုဂ္ဂိုလ်ခမျာ မျက်စိမျက်နှာပျက်ပျက် နှင့် ထိုင်ရာက ထပြန်သွားတာတွေ့လိုက်ရသည်။

ကျနော်တို့ ပွဲတစ်လျှောက်လုံး နှဲမြိုင်မြိုင်မှုတ်နေတာကို ဘာမှန်းမသိထိုင်ကြည့်ရင်း၊ ပွဲပြီးတော့မှ ထိုပုဂ္ဂိုလ် သတိထားမိသွားပုံရပါသည်။

ဟုတ်တယ်လေ။ သူတို့က ဒီအခန်းထဲမှာ တယောမထိုးရလို့ တားမြစ်အမိန့်ထုတ်ထားတယ်။

ကျနော်တို့ကလည်း သူတို့တားမြစ်ထားသလို တယောမထိုးပါဘူး။ ဒါပေမဲ့၊ ကျနော်တို့အားလုံး နှဲတွေ
ပြိုင်တူ မှုတ်ခဲ့ကြတယ်။ အားရစရာပါပဲ။ ကြည်နူးစရာပါပဲ။ လွမ်းလွမ်းနဲ့မှုတ်လိုက်ကြတဲ့ နှဲသံတွေကလည်း ချောလိုက်ပါဘိသနဲ့။

“နှဲချောတော့ တယော” လို့ ဆိုကြတယ် မဟုတ်လား။

ဟုတ်ကဲ့ပါ။ တယော မထိုးရ ဆိုတဲ့ မန္တလေးမှာ ကိုရွှေအောင်ဝေးတို့လူသိုက် နှဲမှုတ်ခဲ့ကြတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်လေးပါ။

အားလုံးကို လွမ်းပါတယ်။ ။

ေ အ ာ င္ ေ ၀ း
သြဂုတ် ၂၃- ၂၀၁၆။

ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း(၂)

$
0
0
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝနှင့်မိုင်းလား အထူးဒေသများမှ လူငယ် ၁၀၀ ကျော် တွေ့ဆုံပွဲ (July 29, 2016)


ဗိုလ်ထက်မင်း - လက်နက်ကိုင်ထားမှ ငြိမ်းချမ်းရေးရမှာလား နဲ့ မေးခွန်းများ - အပိုင်း(၂)
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆


(ခ) အစိုးရနဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှု၊ နားလည်မှု

အလားတူ နိုင်ငံရေးပါရဂူ ဆရာဦးကျော်ဝင်းက အစိုးရ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးရိမ်မှူနဲ့စပ်လျဉ်းပြီး The Voice ဂျာနယ်မှာ ဖေါ်ပြထားချက်ကို ကောက်နှူတ်ဖေါ်ပြပေးလိုက်ပါတယ်-

(၁) ဒေါ်အောင်ဆန်းစုကြည်က ယခင်အစိုးရ လက်ထက်က ချမှတ်ခဲ့သည့် အစီအစဉ်တခု ဖြစ်သော တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ်တွင် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း သွားနေသည် ဟုလည်း သူတို့က ပြောသည်။

“သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်ဆင်မွမ်းမံမှုတောင်မှု မလုပ်ခဲ့ပါဘူး” ဟု အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်း ဆောင် တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အတွက် မစီစဉ်မီ ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်းခြင်း သို့မဟုတ် အတည်ပြုချက်ရယူခြင်းများ မပြုလုပ်ခဲ့သဖြင့် သူ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထက်မှ အောက်သို့ သွားသည့် ချဉ်းကပ်မှုတခု အဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များက ရှုမြင်ထားကြသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အများအပြား (အထူးသဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ထိုးမထားသည့် အဖွဲ့များ) အနေဖြင့် ညီလာခံတွင် ပါဝင်ရန် ချီတုံချတုံ ဖြစ်နေကြသည်။ အကယ်၍ ပါဝင်ခြင်း မပြုခဲ့လျှင် နောက်တွင် ကျန်ရစ်ခဲ့မည်ကိုလည်း အခြားသူများက စိုးရိမ်နေကြသည်

(၂) လက်နက်ကိုင်အုပ်စု ခေါင်းဆောင်များကြား ငုပ်နေသော စိုးရိမ်မကင်း ဖြစ်မှုမှာ “အခြားသော ပြဿနာများတွင် သဘောကွဲလွဲမှုများ ရှိသည့်တိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်လျှင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား သဘောတူညီမှု ရှိနိုင်သည်ဆိုသော အချက်ကို သတိမူမိ တွေးဆ မိသောကြောင့်” ဖြစ်နိုင်ပါသည်။ အမှန်စင်စစ် ဤစိုးရိမ်မကင်း ဖြစ်မှုမှာ ပြဿနာတော့လည်း မဟုတ်ပါချေ။ ပြောရလျှင် ပူးပေါင်း ဆောင်ရွက်မှုအား နည်းခြင်း၊ အရေးကြီးသော သဘောကွဲလွဲမှုများ ရှိခြင်း စသော ပြဿနာများကသာ ငြိမ်းချမ်းရေး ဖြစ်စဉ် တစ်ခုလုံးကို ဆုံးခန်းတိုင် စေလောက်သည့် တကယ့် ပြဿနာ ဖြစ်ပါသည်။ လက်နက်ကိုင်အုပ်စု ခေါင်းဆောင်များ၏ စိုးရိမ်မှုမှာ ယခုလိုဖြစ်သည်။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ ပေါင်းစည်းမိလျှင် ပေါ်ပြူလာ တရားနည်းလမ်းကျမှုရော လုပ်ပိုင်ခွင့် အာဏာပါ ပြည့်စုံသွားပြီဖြစ်၍ ဤသို့သော တပ်ပေါင်းစုမျိုးနှင့် ညှိနှိုင်း ဆွေးနွေးဖို့ မဖြစ်နိုင်ဟု စိုးရိမ်မကင်း ဖြစ်နေကြခြင်းသာ ဖြစ်ပါသည်။ သို့နှင့်တိုင် အဆိုပါ စိုးရိမ်မှု သက်သက်ကြောင့်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အပြုသဘော ဆောင်သော အရှိန်အဟုန်ကို အတားအဆီး ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ၂၁ ရာစု ပင်လုံကွန်ဖရင့်ကို သြဂုတ်နှောင်းပိုင်းတွင် ကျင်းပဖို့ သတ်မှတ်ထားသည်။

(၃)မြန်မာနိုင်ငံတွင် အလေးစား အခံရဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ပြင်းထန်သော ကြေညာချက် တစ်ရပ် ထွက်ပေါ်လာသောအခါ အကွဲအပြဲမှာ အထွတ်အထိပ်သို့ ရောက်သွားရတော့သည်။ အမြဲတစေပင် NLD ကို စွဲစွဲမြဲမြဲ ထောက်ခံ အားပေးခဲ့သည့် လူမျိုးစု လူနည်းစု ပါတီများ အစုအဖွဲ့ဖြစ်သော “ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့” အစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ဦးခွန်ထွန်းဦးက ယခုလို ပြောကြားခဲ့သည်။ “အခုဆိုရင် လူမျိုးစုတွေ အနေနဲ့ NLD ကို အားကိုးလို့ မဖြစ်တော့ဘူး။ ကိုယ့်ကိုယ် ကိုယ်ပဲ အားကိုးရတော့မယ်”ဟူ၏။
ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်လျှင် အစိုးရသစ်နှင့် လူမျိုးစု ခေါင်းဆောင်များကြား မယုံကြည်မှုမှာပို၍ပင် အပြန့် ကျယ်လာခဲ့ပါသည်။ ဧပြီ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က မပြတ်မသား မရေမရာ အဓိပ္ပာယ် ဖွင့်ဆိုထားသော “၂၁ ရာစု ပင်လုံကွန်ဖရင့်”ဆိုသည်ကို နှစ်လအတွင်း ကျင်းပမည်ဟု ကြေညာခဲ့သည်။ မည်သည့် လက်နက်ကိုင်အုပ်စု၊ မည်သည့် နိုင်ငံရေး ခေါင်းဆောင်နှင့်မှ ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ ဤသို့ ကြေညာလိုက်သည်ဖြစ်ရာ အဆိုပြုချက်သစ်၏ အနှစ်သာရပိုင်းရော ကြေညာပုံ ကြေညာ နည်းတွင်ပါ စိုးရိမ်မကင်း ဖြစ်စရာများ ထွက်ပေါ်လာသည်။ ဤသို့ ကြေညာပြီး တစ်လမျှအကြာတွင် “တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်”(NCA) လက်မှတ် ရေးထိုးထားသည့် အကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် “ရှမ်းပြည် တပ်မတော် တောင်ပိုင်း” ခေါင်းဆောင်ဖြစ်သူက ယခုလို ထုတ်ဖော် ပြောဆိုခဲ့သည်။  “ဒီကွန်ဖရင့်ဟာ ဘယ်လိုဖြစ်မလဲ ဆိုတာ ကျွန်တော် အသေးစိတ် မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  ဘယ်အချက်တွေ အပေါ်မှာ အလုပ်လုပ်မယ်၊ ဒါကို ဘယ်လိုရင်ဆိုင်မယ် ဆိုတာလည်း ကျွန်တော်တော့ စဉ်းစားလို့ မရဘူး။ ကျွန်တော် စိုးရိမ်တာက သူမ အနေနဲ့ နားလည်မှု လွဲပြီး မှားမှားယွင်းယွင်း လုပ်မိမှာကိုပဲ။ တကယ်လို့ ဒီကွန်ဖရင့်သာ မှားသွားခဲ့ရင် ပြည်ထောင်စုရဲ့ အနာဂတ်အပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်”
 
ယခု လောလောဆယ်တွင် ရခိုင်ပြည်နယ်နှင့် အခြား နေရာများတွင် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော AA အဖွဲ့၏ တပ်မှူးကလည်း ၂၁ ရာစု ပင်လုံနှင့် ပတ်သက်ပြီး အပြည့်အဝ ယုံကြည်လို့ မရကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ သူ၏ စိုးရိမ်မကင်း ဖြစ်ရမှုများမှာ အစိုးရ၏ အခြား ပါတီများနှင့် ညှိနှိုင်းတိုင်ပင်ပုံဆိုင်ရာ ကိုင်တွယ်မှု၊ ရခိုင်ပြည်နယ် တွင် တစ်ဖက်သတ်ပြုမူ လှုပ်ရှားနေသည့် သဘောထားအမြင် စသည်တို့နှင့် ဆက်စပ်နေပါသည်။

 “အခု လောလောဆယ်မှာ ဗဟို အစိုးရရဲ့ ပြည်နယ်တွေမှာ အလုပ်လုပ်ပုံဟာ ဖက်ဒရယ် အပြုအမူနဲ့ စီမံခန့်ခွဲတာ မဟုတ်ဘူး။ ဒီတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်ရှိ အစိုးရ သက်တမ်းအတွင်း လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်လို့ မရသေးဘူး”ဟု သူက ထုတ်ဖော် ပြောဆိုခဲ့သည်။ “ကချင်လွတ်လပ်ရေးအဖွဲ့”၏ အဆင့်မြင့် ကိုယ်စားလှယ် တစ်ဦးကမူ ၂၁ ရာစု ပင်လုံကို သတိကြီးကြီးနှင့် ကြိုဆိုခဲ့သည်။ သို့နှင့်တိုင် ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် အရှိန်မြင့် လာနေသော တိုက်ပွဲများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ မည်သို့မျှ ထုတ်ဖော် ပြောဆိုခြင်း မရှိသည့်အတွက်မူ သံသယနှင့် စိုးရိမ်မှုများ ရှိသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည် ...

စသဖြင့်ရေးသားသွားပါတယ်၊

(၄) စာရေးသူအနေနဲ့နောက်ထပ် တိုင်းရင်သားလက်နက်ကိုင်တွေ စိုးရိမ်နေတဲ့အချက်တခုက ၂၁ ပင်လုံညီလာခံ ကျင်းပမဲ့ရက် သြဂုတ်လ၃၁ရက်နေ့ဆိုတာဟာ အချိန် ကပ်လွန်းနေပြီး မြန်တယ်လို့ပြောကြားနေပါတယ်။ အချိန်ကာလနဲ့ပတ်သက်ပြီး UNFC နဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကဖြေသွားတာရှိတယ်

"အခုကျမတို့ ဆွေးနွေးပြောဆိုသွားတဲ့အထဲမှာ ပင်လုံစာချုပ် NCA ဖက်ဒရယ်နဲ့ တိုက်ပွဲတွေ အကြောင်းပါမယ်။ အချိန်ကာလအကြောင်းပါတယ်နော်။ ကျမတို့ အချိန်ကာလ အရင်ကြည့်ရအောင်၊ အချိန်ကာလ အကန့်အသတ် တခုလိုတယ်လို့ ဘာကြောင့်ကျမတို့ဆုံးဖြတ်ရသလဲဆိုရင်  တခြားနိုင်ငံကနေရတဲ့ အတွေ့အကြုံကို ကျမတို့ကြည့် ပြီးတော့ ပြောတာပါ။ တခြားနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကိုစတဲ့အခါမှာ အချိန်အကန့်အသတ်မရှိ ထားလိုက်တဲ့အခါမှာ အလုပ်ကိုမပြီးဘူးဆိုတာ ဖြစ်သွားပါတယ်။အဲတာကို အချိန်သတ်မှတ်ချက်တခုထားမှသာလျှင် ပြောမယ်ဆိုရင် အချိန်နဲ့ပတ်သက်ပြီးတော့လည်း ပန်းတိုင်တခုထားရပါမယ်။ ကိစ္စရပ်တွေနဲ့ပတ်သက်မှသာ ပန်းတိုင် ထားရမှာမဟုတ်ပါဘူး။ အချိန်နဲ့ပတ်သက်လို့လည်း ပန်းတိုင်တခုထားရမယ်လို့ ပြောတဲ့ဟာကိုလည်း ကျမ အမြဲမှတ်ထားပါတယ်။ဒါကြောင့် ကျမတို့က တမူးတရှူး ကမန်းကတန်း လုပ်ချင်တာ မဟုတ်ပါဘူး။

တကယ်ပြောမယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးညီလာခံဖြစ်သင့်တာဟာ ရာစုနှစ် တ၀က်လောက်ကို ရှိနေပါပြီ။ ဒါကျမတို့ သိပ်ပြီးတော့ ကမန်းကတန်းလုပ်တယ်လို့ ပြောလို့မရပါဘူး။ လုပ်ခဲ့တဲ့ လုပ်ခဲ့တဲ့အစဉ်အဆက်တွေအပေါ်ကျမတို့အခြေခံတာပါ။ ကျမတို့ ဒီ စပြီးဆွေးနွေးတဲ့ ၂ လ လောက်ကမှ စတာမဟုတ်ပါဘူး။ ငြိမ်းချမ်းရေး Process ပရောစက်ဆိုတာ ဟိုးကတည်းက လွတ်လပ်ရေး ရကတည်းက စတယ်လို့ပဲပြောလို့ရမှာပေါ့။ လွတ်လပ်ရေးနဲ့အတူတူ ကျမတို့ပြည်တွင်းငြိမ်းချမ်းရေးကိုဆုံးရှုံးခဲ့တာကိုး။ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင်လို့ကြိုးပမ်းမှုတွေက လွတ်လပ်ရေး သက်တမ်းနဲ့အတူတူပဲလို့ ကျမတို့ပြောလို့ရပါတယ်။”

တကယ်တော့ လက်မှတ်မထိုးတဲ့ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တွေအများစုဟာ အစိမ်းသက်သက်မဟုတ်ဘဲ ဦးသိန်းစိန်လက်ထက် NCA မူကြမ်းသဘောတူညီတဲ့အထိ တက်ရောက်ခဲ့တာ ဖြစ်သလို မတက်တဲ့ UWSA တို့ဘက်မှာလည်း ပြည်တွင်းသတင်းအပါအဝင် ညီလာခံသတင်းတွေကို စဉ်ဆက်မပြတ်စောင့်ကြည့်နေဖို့ မြန်မာစာနဲ့ကွန်ပျုတာကွမ်းကျင်သူတွေ ပန်ဆန်းမှာထားပါတယ်။ ဆိုလိုတာက အစိုးရ အချိန်းအပြောင်းတခုသာ ရှိပြီး ၂၀၁၂ခုနှစ်ကတည်းကစခဲ့လို့အချိန် တိုတောင်းတယ်ဆိုတာ လက်ခံနိုင်ဖွယ်မရှိဖူးလို့ ယူဆပါတယ်။

အထက်ပါ ပုဒ်ခွဲ ၂ (ခ) (၁) အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခင်အစိုးရ လက်ထက်က ချမှတ်ခဲ့သည့် အစီအစဉ်တခု ဖြစ်သော တနိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) ပေါ်တွင် အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း သွားနေသည်၊“သူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြင်ဆင်မွမ်းမံမှုတောင်မှု မလုပ်ခဲ့ပါဘူး” ဟု အမည်မဖော်လိုသူ တိုင်းရင်းသား ခေါင်း ဆောင် တဦးကပြောသည် ... ဆိုတာနဲ့ စပ်လျဉ်းပြီး စာရေးသူ ပြန်ချေပလိုပါတယ်-

“တိုင်းရင်းသားလက်နက်ကိုင်တွေအများစု သဘောတူတဲ့ NCA FRAME ကြီးကို ဒေါ်အောင်ဆန်းစုကြည်က အစအဆုံးပြန်ပြင်ပေးရမလား၊ ပြည်ထောင်စုနေ့ဦးသိန်းစိန်လက်ထက်တုံးက NLD က လက်မှတ်မထိုးခဲ့ဖူးလေ၊ အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အဖွဲတွေထဲမှာ ဥက္ကဌထိပ်ပိုင်းရာထူးတွေကို သူမ စိတ်ကြိုက်ရွေးချယ်ခန့်ထားတဲ့ လူတွေနဲ့ သွားနေတာမြင်ဖို့လိုသလို လူဟောင်းတွေပြန်ပါတာကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လက်ရှိသွားနေတဲ့ peace process  မရပ်တန့်သွားအောင် ဖြစ်တယ်ဆိုတာ သဘောထားကြီးကြီး အမြင်ကျယ်ဖို့လိုပါတယ်။ နောက်ဆုံးNCA ရဲ့မူအရ အပစ်ရပ်လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို တက်ရမည်ဆိုတာကို တပ်ချုပ်နဲ့ညှိပြီး ခေတ္တဆိုင်းငံ့ကာ လက်မှတ်မထိုးတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေခေါ်ခဲ့သလို ရွေးချယ်ခံ ပါတီမှ ညီလာခံတက်ခွင့်ပြုမယ်ဆိုတဲ့ သတ်မှတ်ချက်ကို ရုတ်သိမ်းပြီး တိုင်းရင်းသားပါတီတွေ တက်ခွင့်ပြုတယ် (ပါတီက တက်ခွင့်ရှိသူ နည်းတာ ပြောစရာဘဲ ရှိတယ်) ဆိုတာဟာ အပြုသဘော ဆောင်ရွက်ချက်ဖြစ်တာတွေကို ထောက်ပြလိုပြီး အဲဒီစွပ်စွဲချက်ကို ပြန်ရုပ်သိမ်းသင့်ပါတယ်။ အစိုးရသစ်က ယခင်အစိုးရလက်ထက်က ကောင်းမွေ ဆိုးမွေခံယူရမှာ ဖြစ်လို့ အထက်ပါကိစ္စအား ဒေါ်အောင်ဆန်းစုကြည်က UNFC နဲ့တွေ့ဆုံစဉ်က ပြောသွားပါသေးတယ်။

“နိုင်ငံတနိုင်ငံရဲ့အစိုးရတာဝန်ကိုယူတဲ့အဖွဲ့ဟာ အရင်အစိုးရလုပ်ခဲ့သမျှကိုတာဝန်မယူဘူးဆိုပြီး လုပ်လို့မရပါဘူး။ ဒါကြောင့် ဒီ NCA ဆိုတဲ့ဝန်ထုပ်ဝန်ပိုးက ကျမတို့အပေါ် ရောက်လာပါတယ်။ ကျမတို့ကထမ်းပြီး တတ်နိုင်သမျှပြေလည်အောင်လုပ်ရမှာပဲ။ အခွင့်အလမ်းတခုလို့ကျမမြင်သလို တိုင်းရင်းသားတွေကို မြင်စေချင်ပါတယ်။”

“၂၁ ရာစုပင်လုံညီလာခံကိုလည်း အပစ်အခတ်ရပ်စဲရေးမထိုးတဲ့လူတွေကိုလည်း တက်နိုင်တဲ့ အနေအထားမျိုးကို ဖန်းတီးချင်တယ်။ ဒါပေမဲ့ တန်းတူညီတူတော့ အခွင့်အရေးပေးလို့မရဘူး။ ဒါကတော့ လက်တွေ့ကျပါတယ်။ ဘာလို့လဲဆိုတော့ လက်မှတ်မထိုးတဲ့အတူတူပဲဆိုရင်တော့ ဘယ်သူက ထိုးတော့မှာလဲ။ လက်မှတ်မထိုးတဲ့လူနဲ့ လက်မှတ်ထိုးနဲ့ လူနဲ့အတူတူပဲဆိုရင်တော့ ဘယ်သူကမှ ထိုးတော့မှာမဟုတ်ဘူး။

အဲ့ဒီတော့အဲ့ဒီဟာတခုကတော့ သတ်မှတ်ချက်ကတော့ ရှိမှာပေါ့။ ဒါပေမဲ့ ကျမတို့က တတ်နိုင်သမျှ အောလ်အင်ကလူးစစ် (All Inclusive) ဖြစ်အောင်လို့ ဘယ်လိုပုံစံနဲ့လက်မှတ်မထိုးတဲ့သူတွေ ပါဝင်ပြီးတော့ကျမတို့ ညီလာခံဖြစ်မြောက်ရေးအတွက်လုပ်နိုင်မလဲဆိုပြီးတော့ ကျမတို့အဲဒါကိုလည်း စဉ်းစားထားပြီး သားပါ။”

အထက်အပုဒ်ခွဲ (၂) (ခ) (၂) (လက်နက်ကိုင်အုပ်စု ခေါင်းဆောင်များကြား ငုပ်နေသော စိုးရိမ်မကင်း ဖြစ်မှုမှာ “အခြားသော ပြဿနာများတွင် သဘောကွဲလွဲမှုများ ရှိသည့်တိုင် ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပတ်သက်လျှင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကြား သဘောတူညီမှု ရှိနိုင်သည်" ) ဆိုသော အချက်ကိုတပ်မတော်အရာရှိတစ်ဦးက ပြန်လည်ရှင်းလင်းပါတယ်-

“ NCA ကို တပ်မတော်က အဓိကရေးဆွဲထားတာဗျ၊ သူတိုနဲ့ဒေါ်အောင်ဆန်းစုကြည်က အရင်တွေ့ပြီးမှ တပ်မတော်ကို လာပြီး ရင်ဆိုင်ရင် ဘယ်လိုဖြစ်သွားမလဲ၊ANTIလား CONFRANTATION လိုင်းဖြစ်သွား
မှာပေါ့၊ စဉ်စားကြည့်၊တပ်က နိုင်ငံတော်အာဏာကို အပြည့်အဝ လွှဲပေးသေးတာ မဟုတ်ဖူးဆိုတာ မေ့နေပြီလား။

လုပ်ထုံးလုပ်နည်းအရ ကာကကံရှင်နဲ့ အရင်တွေ့ပြီးမှ မကြိုက်ရင် ပြင်ခွင့်ပေးနေတာဘဲလေ၊ သူတို့သာ ဒေါ်စု နေရာသာရှိခဲ့လို့ ဒီလိုလုပ်ရင် (ကာ/လုံ) အစည်းအဝေးခေါ်လိုက်မှာပေါ့၊ ယခင်အာဏာရှင်လက်ထက်တုံးက ဒီလိုအခွင့်အရေးမရဘဲ အတွင်းရေးမှူး (၁)နဲ့ လွှတ်ထားတာလေ၊ အခု အများကြီးနားလည်မှူ၊ လျှော့ပေးထားတယ်”

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကိစ္စကို ကြားသိဟန်တူလို့ UNFC နဲ့တွေ့ဆုံပွဲမှာ ပြောခဲ့ပါသေးတယ်။

“ကျမတို့အနေနဲ့လည်း ကျမတို့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ပြောပြမယ်။ အခြေခံအားဖြင့်တော့ ပွင့်လင်းဖို့ ဖြောင့်မတ်ဖို့ လိုပါတယ်။ ဖြောင့်မတ်ဖို့ ပွင့်လင်းဖို့ဆို ပထမဦးဆုံး တယောက်နဲ့တယောက် ပွင့်လင်းနိုင်ဖို့ အတွက် ဖြောင့်မတ်နိုင်ဖို့အတွက် အဲဒီ့အထိတော့ ယုံကြည်မှုရှိရမယ်။ ဒါကလဲ ပထမလိုအပ်တဲ့ ယုံကြည်မှုပဲ။ ကိုယ်မယုံကြည်တဲ့သူနဲ့ဆို ပွင့်လင်းဖို့ အင်မတန်မှ ခက်ပါတယ်။”

အထက်ပါ အပုဒ်ခွဲ (၂) (ခ) (၃) အရ (ဧပြီ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က မပြတ်မသား မရေမရာ အဓိပ္ပာယ် ဖွင့်ဆိုထားသော “၂၁ ရာစု ပင်လုံကွန်ဖရင့်”ဆိုသည်ကို နှစ်လအတွင်း  ကျင်းပမည်ဟု ကြေညာခဲ့သည်။ မည်သည့် လက်နက်ကိုင်အုပ်စု၊ မည်သည့် နိုင်ငံရေး ခေါင်းဆောင်နှင့်မှ ကြိုတင်ညှိနှိုင်းခြင်း မရှိဘဲ ဤသို့ ကြေညာလိုက်သည်ဖြစ်ရာ အဆိုပြုချက်သစ်၏ အနှစ်သာရပိုင်းရော ကြေညာပုံ ကြေညာ နည်းတွင်ပါ စိုးရိမ်မကင်း ဖြစ်စရာများ ထွက်ပေါ်လာသည် ...) ဆိုတာနဲ့ပတ်သက်ပြီးစာရေးသူသဘောတူပါတယ်၊

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၁ပင်လုံညီလာခံ မကြေညာမီ တိုင်းရင်သားလက်နက်ကိုင် ခေါင်းဆောင်များနဲ့တစ်ဦးချင်းဖြစ်စေ၊ အခမ်းအနားတခု အကြောင်းပြုလို့ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ၊ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ သံတမန် ဒေါက်တာတင်မျိုးဝင်းကဲ့သို့အတွင်းလူများစေလွှတ်ပြီး တီးခေါက်လို့ဖြစ်စေ၊ သဘောထားရယူသင့်ပါတယ်။ အလုပ်များတာ အကြောင်းပြလို့မရပေမဲ့ တပ်ချုပ်နဲ့ညှိနှိုင်းတာမပြီးသေးလို့ မတွေ့နိုင်သေးတယ်လို့ အကောင်းဘဲ ယူဆပြီး တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်က ဒီကြေညာချက်ကို ကြိုတင်ထုတ်မည့်အစား တပ်ချုပ်နဲ့ညှိပြီးချိန်မှာ အနည်းဆုံး လက်မှတ်ထိုးတားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တကြိမ်တော့ တွေ့ဆုံပြီးမှ ကြေညာချက်ထုတ်က ပိုမိုသင့်တော်ပါတယ်။ ဒါပေမဲ့ တပ်မတော်အရာရှိဟောင်းတစ်ဦးက ဘာကြောင့် ဒေါ်စုမတွေ့နိုင်တာလဲဆိုတာ ချေပရင်း ဝေဖန်ပါတယ်။

“တိုင်းရင်းသားခေါင်းဆောင်တွေဆိုတာဟာလည်း နှိမ်တာမဟုတ်ဖူးနော်။ သူတို့က တွေ့ရရင်ဘဲ ထုတ်ဖေါ် ဂုဏ်ယူတတ်လွန်းလို့ လျှို့ဝှက်ထိန်းထားရမည့်ကိစ္စဆို သတင်းက ပေါက်လွယ်တယ်။ မတွေ့တဲ့ တိုင်းရင်းသားတွေက ဘက်လိုက်တယ်ဆိုပြီး အမြင်လွဲုကြဦးမယ်။ လက်မှတ်ထိုးတဲ့အဖွဲ့တွေကို အစိုးရက ကားပါမစ်ပေးတာကို ဝေဖန်ထောက်ပြကြတာ သာဓက ရှိခဲ့တယ်။ မီဒီယာဆိုတာကလည်း ထစ်ကနဲဆို တက်လာပြီ။ ဦးခူးရယ်ဆို ဒေါ်စုနဲ့တွေ့ပြီးတာနဲ့ မီဒီယာမှာပြောတာ ပေးစရာလည်းမရှိဖူး၊ တောင်းစရာလည်း မရှိဖူး ဆိုကာ ခွန်းတုန့်ပြန်တယ်။ ဒါနဲ့ပတ်သက်ပြီး KNPP က ယခင်အစိုးရနဲ့ငြိမ်းချမ်းရေး လုပ်ခဲ့ပြီးမှ တောထဲပြန်ဝင်သွားတာ ဘာကြောင့်လဲဆိုတာ သိဖို့လိုတယ်၊ ဆိုလိုတာက ကယားပြည်နယ်မှာ ကျွန်းသစ်လို Export သစ်ကောင်းတွေကို မခုတ်ဖို့ ဒုတပ်ချုပ်ဦးမောင်းအေးက ပြင်းပြင်းထန်ထန်ပြောခဲ့ တာ မကျေနပ်လို့ ကိုယ်ကျိုးစီးပွါးအရ ပြန်ပြီး တောထဲဝင်သွားတာ မဟုတ်လား၊ အလားတူ ဖါးကန့်မှာ မြေသည်ကားကြီးတွေနဲ့ သယ်ထုတ်ကုန်လို့ လူတွေပိပြီး သေကုန်ကြတာတွေ ၊ ယခုတလော တိုက်ပွဲဖြစ်နေတဲ့ ဒေသမှာ ရွှေခိုးတူးနေတဲ့ တရုတ်တွေ၊ မနှစ်က တရုတ်တွေ ရာနဲ့ချီပြီး သစ်ကားကြီးတွေ ခိုးထုတ်လို့ ဖမ်းမိတာတွေ ကျတော့ ဘာပြောမလဲ။ သယံဇာတတွေကုန်ပြီ  မပြောနဲ့၊ ပတ်ဝန်းကျင် ထိခိုက်အောင်လုပ်နေတာက တဖက်တည်းမဟုတ်ဖူး ... နှစ်ဖက်ဆိုတာ လိပ်ပြာသန့်မှ ပြောပါ၊ ၉၈)ပြည်နယ်မူ ကို ဇွတ်တင်နေရာက ပလောင်နဲ့ဝ ပြည်နယ် ထပ်တောင်းလာလို့ နှာနပ်နေရတာတွေ၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီလိုတိုင်းရင်းသားခေါင်းဆောင်လို့ ဆိုတဲ့သူတွေကို ရင်ဆိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခဲ့တဲ့ တိုင်းရင်းသားလူထုက ဝိုင်းရံပေးရမယ်။ AA ဆိုလည်း သင်္ကြန်ကာလကြီး တပ်မတော်ကို စတိုက်ခဲ့လို့ တပ်ရင်းမှူး ကျဆုံးခဲ့တာ၊ ရခိုင်ကို အခြေမစဘဲ ကချင်မှာ ဘာလို့ စဖွဲ့ပြီး ရောက်လာတာလဲ၊ ရခိုင်လူမျိုးအတွက် ဘင်္ဂလီအရေး ဘာ လုပ်ကွက် ရှိလဲ၊ သူတို့ဟာ ငြိမ်းချမ်းရေးကို  ဖေါ်ဆောင်နိုင်စွမ်းကို မေးခွန်းထုတ်ချင်ပါတယ်။"

ဆက်လက်ပြီး မိုင်ဂျာယာန်ညီလာခံ လုပ်နေဆဲမှာပင် UWSA နဲ့ NDAA အဖွဲ့တွေဟာ နေပြည်တော်ကို တအုပ်တမကြီး ရောက်ချလာပါတယ်။ UWSA က တပ်မဟာမှူးများ တော်တော်များ ပါလာသလို လူငယ်လေ့လာရေးများ ခေါ်ဆောင်လာပြီး ယာဉ်တန်းနဲ့ကားလမ်းမှ ရောက်လာသလို NDAA ကတော့ စင်းလုံးငှားလေယာဉ်နဲ့လာတာဖြစ်ပါတယ်။ သူတို့ရဲ့ ထိတွေ့ဆက်ဆံ မိတ်ဆက် Introduction ရာမှာ UWSA က စစ်တပ်ပုံစံအလေးပြုပြီး MNDAA ကတော့ လက်အုပ်ချီဂါရဝပြုတဲ့ ပုံစံမျိုး ထူးခြားနေတာ တွေ့လိုက်ရလို့ ယဉ်ကျေးဖွယ်ရာနှစ်လိုဖွယ် ဖြစ်လို့ စာရေးသူ သဘောကျမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ UWSA ဝ လူငယ်နဲ့ တွေ့ဆုံပွဲမှာ ဘာသာစကား အထူးသဖြင့် မြန်မာစာကို လေ့လာဆည်းပူးလိုတဲ့ အကြောင်းတင်ပြနေတာမို့ ပညာရေးကဏ္ဏအားပေးမည်ဖြစ်လို့ တနည်းအားဖြင့် ပြည်မနဲ့ ပူးပေါင်းလိုပြီး ပြည်ထောင်စုမှ ခွဲမထွက်ဖူးဆိုတဲ့ သူတို့ရဲ့ကြေညာချက်ကို အကောင်အထည်ဖေါ်နေတဲ့ အသွင်မျိုး ဖေါ်ကျုးနေလို့ဝမ်းသာမိပါတယ်။ UWSA နဲ့ NDAA  တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတထံ လျှို့ဝှက်စာနှစ်စောင် တိုက်ရိုက်ပေးခဲ့ပြီး ၂၁ ပင်လုံညီလာခံကို ထောက်ခံကြောင်း ကြေညာချက်ထုတ်သလို All Inclusive ပါဝင်စေလိုကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

NDAA တိုက်တွန်းလို့လားမသိ MNDAA က ပင်လုံညီလာခံဖျက်ဆီးသူများကို ချေမှူန်းမယ်ဆိုတဲ့ အပြုသဘောဆောင် ကြေညာချက်ထွက်လာသလို လျှို့ဝှက်စာနှစ်စောင်ဟာလည်း ( AA, TNLA, MNDAA) ၃ဖွဲ့ကို တာဝန်ယူကြောင်းနဲ့ ပါဝင်နိုင်ရေး တပ်မတော်ကို နားချပြောတဲ့ အရေးအသားမျိုး ပါနိုင်တယ် လို့ခန့်မှန်းမိပါတယ်။

UWSA က ညီလာခံ တက် မတက် သူတို့လူကြီးတွေနဲ့ပြန်တင်ပြပြီး အကြောင်းပြန်မှာဖြစ်ကာ ဒီဆောင်းပါးရေးနေဆဲမှာပင် မိုင်းလားအဖွဲ့ NDAA ကတော့ နိုင်ငံရေးမူဘောင်သုံးသပ်တဲ့ အစည်းအဝေးကို တက်နေပြီ ဖြစ်သလို UNFC ကလည်း တက်ရောက်နေပြီ ဖြစ်ပါတယ်။

အချုပ်ဆိုရရင် အစိုးရ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ယုံကြည်မှူ၊ နားလည်မှုဟာ စိန်ခေါ်မှုတွကြားက တိုးတက်လာတယ်လို့ဆိုရပါတယ်။ ဖြစ်စဉ်တွေဟာ စိတ်လှုပ်ရှားစရာ ကောင်းပြီး တရုတ်ရဲ့ဖိအားပေးတာကို UWSA က လက်ခံပြီး ညီလာခံတက်လာမည် ဆိုပါက (ခိုင်လုံတဲ့သတင်းအရ ဒေါ်စုအား တရုတ်က ကူညီမည်ဟု သိရ) အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလိုဘဲ  စည်းလုံးခြင်းရဲ့အင်အားစု ထွက်ပေါ်နိုင်တယ်လို့မျှော်မှန်းရပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

အားနက်ဟယ်မင်းဝေး - လက်မရွံ့လူသတ်သမားများ (ဒေါက်တာကျော်တင့် ဘာသာပြန်သည်)

$
0
0

အားနက်ဟယ်မင်းဝေး - လက်မရွံ့လူသတ်သမားများ 
ဒေါက်တာကျော်တင့် (မိုးမခ၊ သြဂုတ် ၂၅၊ ၂၀၁၆)

‘ဟင်နရီစားသောက်ဆိုင်’၏ တံခါးများပွင့်လာပြီး လူနှစ်ယောက် ဝင်လာသည်။ သူတို့က ကောင်တာရှေ့တွင် ဝင်ထိုင်လိုက်ကြသည်။
“ဘာသုံးဆောင်ကြမလဲခင်ဗျာ” ဟု ဂျော့ ကမေးလိုက်သည်။
“မသိဘူးကွ”ဟု တယောက်က ဖြေသည်။ “အယ်လ်၊ နင်ဘာစားမှာလဲ”
“ငါလည်း မသိဘူး”ဟု အယ်လ်ဆိုသူက ဖြေသည်။ “ငါဘာစားချင်မှန်းငါမသိဘူး”
အပြင်ဘက်မှာတော့မှောင်စပြုပြီ။ လမ်းမီးများလင်းလာသည်ကို ပြတင်းပေါက်မှဖြတ်၍မြင်ရသည်။ ကောင်တာတွင် ထိုင်နေသောလူနှစ်ယောက်က မီညူကိုဖတ်နေကြသည်။ သူတို့ကို ကောင်တာ၏ တဖက်ထိပ်မှနေ၍ နစ်က် အဲဒမ်စ် က ကြည့်နေ၏။ သူတို့ဝင်လာသည်အထိ နစ်က်က ဂျော့နှင့် စကားပြော၍နေခဲ့သူဖြစ်သည်။
“ငါက ဝက်သားကင် ပန်းသီးနှစ်ဆန်းဟင်းနဲ့ အာလူးမွှေစားမယ်”ဟု ပထမလူကဆိုသည်။
“အဲဒါက မရသေးဘူးဗျ”
“ဒါဖြင့် ဒီကပ်ပြားပေါ်မှာ ဘာလို့ နင့်တို့ရှည်ပြီးရေးထားရတာလဲ၊ ငရဲအိုးထဲထည့်ကြော်ဖို့လား”
“အဲဒါက ညစာအတွက်ပါ”ဟု ဂျော့ကရှင်းပြသည်။ “၆ နာရီထိုးမှ စရောင်းမှာပါ”
ဂျော့က နောက်ပြန်လှည့်ကာ ကောင်တာနောက်က ထရံတွင်ချိတ်ထားသော နာရီကိုကြည့်ရင်းပြောသည်။
“အခု ၅ နာရီထိုးပြီ”
“နာရီက ၅ နာရီမိနစ်၂၀ ကိုပြနေတယ်” ဟုဒုတိယလူက ထောက်သည်။
“နာရီကိုမိနစ်နှစ်ဆယ်မြန်ထားတယ်”
“နာရီနဲ့အတူဇောက်ထိုးပဲ ခုန်ဆင်းလိုက်ကြပါတော့”ဟု ပထမလူကဆိုသည်။“ကဲဒါဆို အခုစားဖို့ မှာလို့ရတာဘာရှိလဲ”
“အသားညှပ် ဆင်းဒ်ဝစ်ခ်ျတွေအားလုံး ဘာမဆိုစီစဉ်ပေးနိုင်ပါတယ်။ ဟမ်နဲ့ကြက်ဥကြော်၊ ဝက်ပေါင်သားချောက်နဲ့ကြက်ဥ၊ အသည်းကြော်နဲ့ဝက်ပေါင်ချောက်၊ ဒါမှမဟုတ် ဘိစတိတ်”
“ငါ့အတွက် ကြက်သားလုံးကြော်ရယ် ပဲစိမ်းပြုတ်ရယ်ကို ကရီမ်ဆန်းပြီး အာလူးမွှေနဲ့လုပ်ပေးပါ”
“အဲဒါကလည်း ညစာအချိန်မှပဲ ရမှာပါ”
“ငါတို့စားချင်တာတွေမှန်သမျှက ညစာတွေချည်းပဲ ဟုတ်လား။ မင်းကဒီလိုပဲလုပ်တတ်လား”
“ကျွန်တော်က ရနိုင်တာတွေပြောတာပဲ ဟမ်နဲ့ကြက်ဥ၊ ဝက်ပေါင်သားချောက်နဲ့ကြက်ဥ၊ အသည်းနဲ့…”
“ငါ့ကို ဟမ်နဲ့ကြက်ဥကြော်လုပ်ပေး”ဟု အယ်လ်ဟုဆိုသူက ပြောသည်။ သူက အမည်းရောင် ဒါဗီဦးထုပ်မာမာဝိုင်းဝိုင်းကို ဆောင်းထားပြီး ကုတ်အင်္ကျီအနက်ရောင်ဝတ်ထားကာ ရင်ဘတ်ကြယ်သီးများကို တပ်ထားသည်။ သူ့မျက်နှာပေါက်က သေးကွေးပြီး ဖြူဆွတ်ကာ ပိရိသော နှုတ်ခမ်းများရှိသည်။ ပိုးသားမာဖလာကို လည်တွင်ပတ်ထားပြီး လက်အိပ်ကိုလည်း စွပ်ထားသည်။
“ငါ့ကို ဝက်ပေါင်ချောက်ကင်နဲ့ကြက်ဥကြော်လုပ်ပေး”ဟု နောက်တယောက်ကမှာသည်။ သူ့အရွယ်အစားမှာ အယ်လ်လောက်သာရှိသည်။ သူတို့မျက်နှာတွေက မဆင်ကြပေမည့် အဝတ်အစားကိုတော့ အမွှာညီအကိုတွေအလား တူအောင်ဝတ်ထားကြသည်။ အပေါ်ဝတ်ကုတ်အင်္ကျီတွေကလည်း နှစ်ယောက်စလုံးအတွက် အလွန်ကိုကြပ်ကြပ် သပ်သပ်နှင့်။ သူတို့တတောင်ဆစ်များကို ကောင်တာပေါ်တွင်ထောက်ကာ ကိုယ်တပိုင်းကို ရှေ့သို့ယိမ်းရင်း ထိုင်နေကြသည်။
“သောက်စရာတခုခု ရှိလား” ဟု အယ်လ် ကမေးသည်။
“ဆင်းလ်ဗားဘီယာ၊ ဗက်ဗိုအချိုရည်၊ ဂျင်းဂျား အေး”ဟု ဂျော့က ဖြေသည်။
“မင့်ဆိုင်မှာ သောက်စရာတခုခု ဘာရမလဲလို့မေးတာကွ”
“ခုန ကျွန်တော်ပြောတာတွေပဲရမယ်”
“ဒီမြို့က တော်တော်ပူတာပဲ” ဟု နောက်တယောက်ကဆိုသည်။ “ဘာမြို့လို့ခေါ်ကြလဲ”
“ဆမ်မစ်မြို့”
“နင်ကြားဘူးလား”ဟု အယ်လ်က သူ့မိတ်ဆွေကိုလှမ်းမေးသည်။
“မကြားဖူးဘူး” ဟုသူ့မိတ်ဆွေက ပြောသည်။
“ဒီမှာညဘက်ညဘက်ဆို လူတွေဘာတွေလုပ်ကြလဲ” ဟု အယ်လ်က မေးသည်။
“သူတို့ ညဘက်ဆို ညစာစားကြတာပေါ့ကွ”ဟု သူ့မိတ်ဆွေက ဝင်ဖြေသည်။ “အကုန်လုံး ဒီဆိုင်ကိုလာပြီး ညစာကို တခမ်းတနားစားကြတာ”
“ဟုတ်ပါ့ဗျား”ဟု ဂျော့ကပြောသည်။
“ဒါကို မင်းကအဟုတ်လို့ထင်တယ်”ဟု အယ်လ်က ဂျော့ကိုမေးသည်။
“သေချာတာပေါ့”
“မင်းတော်တော့်ကို ဉာဏ်ထက်တဲ့ ဉာဏ်ကျယ်လေးပဲ”
“သေချာတာပေါ့” ဟု ဂျော့က ပြောသည်။
“မဟုတ်တာကွာ၊ မင်းဉာဏ်မကောင်းပါဘူး”ဟု တခြားလူက ဆိုသည်။ “သူတကယ်ထက်လို့လား အယ်လ်ရ”
“ထက်ပါဘူး၊ ဒီကောင် ငတုံးပါ” ဟု အယ်လ်ကပြောသည်။ ၎င်းနောက် နစ်က်ဘက်သို့လှည့်လိုက်သည်။ “မင့်နာမယ်ဘယ်လိုခေါ်လဲ”
“အဲဒမ်စ်”
“ဉာဏ်ကျယ်လေးနောက်တယောက်”ဟု အယ်လ်က ပြောသည်။ “သူလဲ လူတော် ဉာဏ်ကျယ်လေးပဲ မဟုတ်ဘူးလားဟေ့ မက်စ်”
“ဒီတမြို့လုံး ဉာဏ်ကျယ်လေးတွေ နေရာတကာမှာ ရှိတယ်” ဟု မက်စ်ကပြောသည်။
ဂျော့က ပန်းကန်နှစ်ချပ်ကိုကောင်တာပေါ် တင်လိုက်သည်။ တချပ်မှာ ဟမ်နှင့်ကြက်ဥကြော်၊ နောက်တချပ်မှာ ဝက်ပေါင်ချောက်ကင်နှင့် ကြက်ဥကြော်ပါသည်။ အရံဟင်းအဖြစ်ပေးသော အာလူးချောင်းကြော်နှစ်ပွဲကို ဘေးနားမှာချပေးပြီး ဂျော့က မီးဖိုမှဟင်းထုတ်သည့် ဂိတ်ပေါက်ကို ပိတ်လိုက်သည်။
“ နင်က ဘယ်ဟာမှာထားတာလဲ ” ဟု အယ်လ်ကမေးသည်။
“ဒါတောင်မမှတ်မိဘူးလား”
“ဟမ်နဲ့ကြက်ဥ”
“အတော် မှတ်ဉာဏ်ကောင်းတဲ့ကောင်”ဟု မက်စ်က ပြောသည်။ သူကရှေ့ကိုတိုးလာပြီး ဟမ်နှင့်ကြက်ဥကြော်ပွဲကို ယူသည်။ သည်လူနှစ်ယောက်စလုံး လက်အိပ်တွေ မချွတ်ဘဲစားကြသည်။ ဂျော့က သူတို့စားနေတာကို ကြည့်မိသည်။
“ဘာကြည့်နေတာလဲ”ဟု မက်စ်ကဂျော့ကို ပြန်ကြည့်ရင်းပြောသည်။
“ဘာမှ မကြည့်ပါဘူး”
“ငရဲကောင်၊ နင်ငါ့ကို ကြည့်နေတာ”
“ကောင်လေးက ဟာသတခုသဘောနဲ့ကြည့်တာ ဖြစ်ရင်ဖြစ်မှာပါ မက်စ်ရာ”ဟု အယ်လ်ကပြောသည်။
ဂျော့က ရယ်လိုက်သည်။
“ရီမနေနဲ့”ဟု မက်စ်ကဂျော့ကိုပြောသည်။“နင်လုံးဝကို မရီရဘူး၊ ဟုတ်ပီလား”
“ကောင်းပါပြီ”ဟု ဂျော့ကပြောသည်။
“ကဲ ကြည့်ပါအုံး၊ သူက ဒါကို ကောင်းတယ်လို့ထင်တယ်”ဟု မက်စ်က အယ်လ်ဘက်သို့ လှည့်ကာပြောသည်။ “သူကဒါကို အကောင်းလို့ထင်တာတဲ့။ တကယ့် ပျက်လုံးကောင်းပဲ”
“အို့ သူက အတွေးအခေါ်သမားလေးမို့ပါ”ဟု အယ်လ်ကပြောသည်။ ဒီနောက်သူတို့ ပြီးအောင် ဆက်စားခဲ့ကြသည်။
“ကောင်တာဟိုဘက်ထိပ်က ဉာဏ်ကျယ်လေးရဲ့နာမယ်က ဘာတဲ့”ဟု အယ်လ်က မက်စ်ကိုမေးသည်။
“ဟေ့ ဉာဏ်ကျယ်လေး”ဟု မက်စ်က နစ်က်ကိုလှမ်းပြောသည်။ “မင်းလဲ မင့်သူချင်းနဲ့အတူ ကောင်တာရဲ့အတွင်း ဘက်ကိုသွားနေစမ်း”
“ဘာစိတ်ကူးရှိလို့လဲ”နစ်က်က မေးသည်။
“ဘာစိတ်ကူးမှရှိလို့မဟုတ်ဘူး”
“မင်းသူပြောသလို သွားလိုက်တာပိုကောင်းမယ်”ဟု အယ်လ်ကဆိုသည်။ နှစ်က်က ကောင်တာနောက်ဖက်ထဲသို့ ကွေ့ဝင်သွားခဲ့သည်။
“ဘာလုပ်မလို့လဲ”ဟု ဂျော့ ကမေးသည်။
“နင်တို့ သောက်ကိစ္စမဟုတ်ဘူး”ဟု အယ်လ်က ဟန့်သည်။ “ဟိုဘက် မီးဖိုချောင်ထဲမှာတော့ ဘယ်သူရှိလဲ”
“အမဲ”
“အမဲလို့ဆိုတော့ ဘာဆိုလိုတာလဲ”
“အမဲကပ္ပလီ စဖိုမှူး”
“သူ့ကို ဒီလာခဲ့ဖို့ခေါ်လိုက်”
“ဘာလုပ်မလို့လဲ”
“ခေါ်လိုက်စမ်းပါ”
“ခင်ဗျားတို့ အခုဘယ်များရောက်နေတယ်ထင်လို့လဲ”
“ငါတို့ရောက်နေတဲ့နေရာ ငါတို့ကောင်းကောင်းသိသမှ ဟိုဘက်တောင်လွန်သေး”ဟု မက်စ်ဟုခေါ်သူက ပြောသည်။“ငါတို့ကို ငတုံးတွေလို့ထင်လို့လား”
“နင်စကားပြောပုံက ငတုံးနဲ့တူနေတာ”ဟု အယ်လ်က သူ့ကို ပြောသည်။“ဒီကလေးလေးနဲ့ နင်မို့အချေအတင် ငြင်းနေတယ်၊ ဒီမှာနားထောင်”ဟု ဂျော့ကို လှမ်းပြောသည်။ “အဲဒီ ငမဲကို ဒီထွက်လာဖို့လှမ်းသာခေါ်လိုက်”
“သူလာရင် ခင်ဗျားတို့က ဘာလုပ်ကြမလို့လဲ”
“ဘာမှမလုပ်ဘူး။ နင့်ခေါင်းကို သုံးစမ်းပါဉာဏ်ကျယ်လေးရဲ့။ ငါတို့က ငမဲတကောင်ကိုများ ဘာလုပ်ရမှာမို့လဲ”
ဂျော့က စေ့ထားသောအပေါက်ကိုဟကာ နောက်ဖက်သို့ကြားအောင် လှမ်းအော်လိုက်သည်။ “ဆမ် ရေ၊ ဒီကိုခဏ ထွက်လာခဲ့ပါအုံး”
မီးဖိုချောင်တံခါးပွင့်လာပြီး နီဂရိုးအမည်းတယောက် ထွက်လာခဲ့သည်။ “ဘာဖြစ်လို့လဲ”ဟု သူကမေးသည်။ ကောင်တာတွင်စောင့်နေသောလူနှစ်ယောက်က သူ့ကို လှမ်းကြည့်သည်။
“ဟုတ်ပီ ငမဲကောင်ရေ။ နင် အဲဒီမှာရပ်နေ”ဟု အယ်လ်ကခိုင်းသည်။
ဆမ်ဟုခေါ်သည့် ကပ္ပလီအမည်းကိုယ်ပေါ်၌ ထမင်းဟင်းချက်စဉ်ဝတ်ရသည့် အပရွန်သင်ပိုင်းကို ဝတ်ထားပြီး ကောင်တာရှေ့တွင်ထိုင်နေသော လူနှစ်ဦးကိုကြည့်လိုက်သည်။ “ဟုတ်ကဲ့ပါဆရာ”ဟု သူကပြောသည်။ အယ်လ်က သူထိုင်နေသောခွေးချေပေါ်မှ ဆင်းလိုက်သည်။
“ငါက ငမဲနဲ့ဉာဏ်ကျယ်လေးကိုခေါ်ပြီး မီးဖိုချောင်ထဲကိုပြန်ဝင်မယ်” ဟု သူကပြောသည်။ “ငမဲရေ၊ မီးဖိုချောင်ထဲ ပြန်ဝင်ကွာ။ ဉာဏ်ကျယ်လေး မင်းလဲသူနဲ့အတူလိုက်သွား”ဟုဆိုပြီး သူက နစ်က်နှင့်ဆမ်တို့နောက်မှလိုက်သွားလေသည်။ သူတို့ဝင်သွားပြီးနောက် တံခါးလည်းပိတ်သွားသည်။ မက်စ်ဟုခေါ်သည့်လူက ကောင်တာရှေ့၌ ဂျော့နှင့်မျက်နှာချင်းဆိုင်ကာ ထိုင်နေသည်။ သူက ဂျော့ကိုမကြည့်ဘဲ ကောင်တာနောက်ဘက်က နံရံတလျှောက်ကပ်ထားသော မှန်ကြီးထဲသို့သာစိုက် ကြည့်နေသည်။ ဟင်နရီစားသောက်ဆိုင်ခန်းမှာ မူလက ဆံပင်ညှပ်ဆိုင်ကို မွမ်းမံပြင်ဆင်ပြီး ဖွင့်ထားခဲ့ခြင်းသာ ဖြစ်သည်။
“ကဲ၊ ဉာဏ်ကျယ်လေးရေ”ဟု မက်စ်ကမှန်ထဲကို မျက်ခြေမပြတ်ကြည့်ရင်းပြောသည်။ “စကားလေးတခွန်းတလေ မပြောတော့ဘူးလား”
“အခု ဘာတွေဖြစ်နေတာလဲ”
“ဟေ့-အယ်လ်” မက်စ် ကလှမ်းခေါ်သည်။ “ဉာဏ်ကျယ်လေးက အခုဘာတွေဖြစ်နေတာလဲ သိချင်လို့တဲ့ကွ”
“မင်း ပြောပြလိုက်ပါလားကွ” မီးဖိုဘက်မှအယ်လ်အသံထွက်လာသည်။
“ဘာတွေဖြစ်နေတယ်ထင်လဲ”
“ကျွန်တော် မသိဘူး”
“မင်းဘယ်လိုထင်လဲ”
မက်စ်ကစကားပြောရင်း မှန်ထဲကိုသာမပြတ်ကြည့်နေသည်။
“မပြောချင်ဘူး”
“ဟေ့-အယ်လ်၊ ဉာဏ်ကျယ်လေးကပြောတယ်၊ အခုဘာဖြစ်နေတယ်လို့ သူထင်တာတောင်မပြောချင်ဘူးတဲ့”
“ငါကောင်းကောင်းကြားရတယ်ဟေ့”ဟု အယ်က မီးဖိုချောင်ဆီမှ လှမ်းပြောသည်။ သူက မီးဖိုမှဟင်းပန်းကန် ထုတ်သွင်းသည့် မောင်းချတံခါးဂိတ်ပေါက်တွင် ခရမ်းချဉ်နှစ် ကက်ချပ်ပုလင်းတလုံးကို ကန့်လန့်ထောင်ထားကာ ဟနေအောင် လုပ်ထားပြီးပြီ။ “ဟေ့- ဉာဏ်ကျယ်လေး”ဟု သူကမီးဖိုချောင်ထဲမှနေ၍ ဂျော့ကို လှမ်းပြောသည်။ “အရက်ပုလင်းစင်ကနေ ခပ်ဝေးဝေးခွာရပ်စမ်းကွာ။ မက်စ်ရေ မင်းကတော့ ဘယ်ဘက်ကို နည်းနည်းထပ်ရွှေ့ပေးပါအုံး” သူက အုပ်စုနဲ့ဓာတ်ပုံရိုက်ခံတော့မည့်လူများကို အနေအထားစီစဉ်ပေးသည့် ဓာတ်ပုံဆရာတယောက်ကဲ့သို့ ညွှန်ကြားနေသည်။
“ငါ့ကို အဖက်လုပ်ပြောပါအုံး ဉာဏ်ကျယ်လေးရ၊” မက်စ်ကပြောသည်။ “ဘာဖြစ်လာတော့မယ် မင်းထင်လဲ”
ဂျော့က ဘာတခွန်းမှမပြော။
“ငါပြောပြမယ်၊” မက်စ်ကပြောသည်။ “ငါတို့က ဆွီဒင်ကောင်တယောက်ကို သတ်တော့မလို့။ လူကောင်ကြီးကြီးနဲ့ ဆွီဒီကြီး အိုးလေး အန်ဒါဆင် ဆိုတဲ့သူကို မင်းသိလား”
“ဟုတ်ကဲ့”
“ညတိုင်း စားဖို့သောက်ဖို့ရာ သူဒီကိုလာတယ်။ ဟုတ်တယ်မဟုတ်လား”
“တခါတလေ သူဒီလာပါတယ်”
“၆ နာရီမှာ သူဒီကိုလာတယ်။ ဟုတ်ဘူးလား”
“သူလာတဲ့နေ့ဆိုရင်”
“အဲဒါတွေ အကုန်လုံးငါတို့သိပြီးသားပဲ ဉာဏ်ကျယ်လေးရေ့”ဟု မက်စ်ကပြောသည်။ တခြားအကြောင်းတခုခု ပြောရအောင်။ ရုပ်ရှင်သွားကြည့်ဖူးလား”
“တခါတရံပါ”
“မင်း ရုပ်ရှင်ပိုများများကြည့်ဖို့ကောင်းတယ်။ ရုပ်ရှင်ကားတွေဟာ မင်းလိုဉာဏ်ကောင်းတဲ့သူတွေ အတွက် အတော်ကောင်းမယ်”
“အိုးလေးအန်ဒါဆင်ကို ဘာလို့သတ်မှာလဲ။ သူက ခင်ဗျားတို့ကို ဘာလုပ်ခဲ့လို့လဲ”
“ငါတို့ကို တခုခုလုပ်နိုင်ဖို့ သူ့မှာအခွင့်အလမ်း မရှိခဲ့ပါဘူး။ သူ ငါတို့ကို မြင်တောင်မမြင်ဘူးဘူး”
“ပြီးတော့ သူဟာ ငါတို့ကို တခါထဲပဲတွေ့ဖူးတော့မှာ” အယ်လ်က မီးဖိုချောင်မှ ပြောသည်။
“ဒါဆို သူ့ကို ဘာလို့သတ်ကြမှာလဲ”ဟု ဂျော့က မေးသည်။
“ငါတို့မိတ်ဆွေတယောက်အတွက် သူ့ကိုသတ်မှာ။ မိတ်ဆွေစစ်အတွက် သိတတ်ရတဲ့ဝတ္တရားပေါ့၊ ဉာဏ်ကျယ်ရာ”
“တိတ်တော့” အယ်လ်က မီးဖိုချောင်မှ ပြောသည်။ “မင်းဟာ သောက်စကားကိုရှည်တယ်”
“ဟုတ်တယ်လေ၊ ငါ့မှာ ဉာဏ်ကျယ်လေးကို ပျော်အောင်ထားရတယ်။ ဟုတ်ဘူးလား ဉာဏ်ကျယ်ရယ် နော” အယ်လ်က မီးဖိုချောင်မှ ပြောသည်။ “မင်းဟာ သောက်စကားကို ရှည်လွန်းတယ်”
“မင်းဟာ စကားကိုများလွန်းတယ်”ဟု အယ်လ်ကဆိုသည်။ “ဟောဒီမှာ ငမဲကောင်နဲ့ ငါ့ဉာဏ်ကျယ်လေးတို့ကတော့ သူတို့ဘာသာ အပျင်းတော်ဖြေနေကြတယ်။ ငါက သူတို့ကိုပူးတွဲချီထားလိုက်တာ ကွန်ဗင့်ကျောင်းသူလေးတွေ တွဲထားလိုက်သလိုပဲ”
“မင်းက ကွန်ဗင့်ကျောင်းနေဘူးသလိုလိုပေါ့”
“ဘယ်သိနိုင်ပါ့မတုံး”
“မင်းက ကိုရှာကွန်ဗင့်မှာပဲ နေခဲ့တာကွ။ မင်းနေခဲ့တဲ့ကျောင်းဆိုတာက အဲဒါ”
ဂျော့က နာရီကိုမော့ကြည့်လိုက်သည်။
“တကယ်လို့ တယောက်ယောက်များဝင်လာခဲ့ရင် စဖိုမှူးအလုပ်မလာဘူးလို့ မင်းပြောရမယ်။ ဒါမှ သူတို့က ဆက်စစ်နေခဲ့ရင် ငါလည်း ပြန်တော့မယ်၊ ကိုယ့်ဟာကိုယ်သာ ချက်စားကြတော့လို့ မင်းပြောလိုက်။ သဘောပေါက်လား ဉာဏ်ကျယ်”
“ကောင်းပါပြီ”ဟု ဂျော့က ပြောလိုက်သည်။ “ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကို ဘယ်လိုလုပ်အုံးမှာလဲ”
“အခြေနေအရပဲ”ဟု မက်စ်က ပြောသည်။ “ဒါမျိုးက အဲဒီအချိန်အခါမရောက်သေးရင် သိနိုင်တာမျိုး မဟုတ်ဘူး”
ဂျော့ကနာရီကိုလှမ်းကြည့်သည်။ ခြောက်နာရီတမတ်ကျော်ပြီ။ လမ်းဘက်ကအဝင်တံခါးပွင့်လာသည်။ ထရော်လီလိုင်းကားမောင်းသမားကြီးဝင်လာသည်။
“ဟယ်လို ဂျော့ဂျီရေ၊ ကိုယ့်ညစာအတွက်များ မှာနိုင်မလားလို့”
“ဆမ် အပြင်သွားနေလို့”ဟု ဂျော့ကပြောသည်။ “သူကနောက်နာရီဝက်လောက်ဆို ပြန်ရောက်မှာပါ”
“ဒါဆိုလည်း လမ်းထိပ်ကဆိုင်မှာပဲဝယ်လိုက်တော့မယ်”ဟု လိုင်းကားမောင်းသမားကြီးကပြောသည်။ ဂျော့က နာရီကိုလှမ်းကြည့်သည်။ ခြောက်နာရီမိနစ်နှစ်ဆယ်။
“သိပ်ဟုတ်တာပဲ၊ ဉာဏ်ကျယ်လေးရေ”ဟု မက်စ်ကပြောသည်။ “မင်းကတော့ တကယ့်ကိုအမှန်အကန် လူကြီးလူကောင်းစစ်စစ်ကလေးပါပဲ”
“ငါက သူ့ခေါင်းကို ပစ်ခွဲလိုက်မှာသိလို့ပါ” မီးဖိုဘက်မှအယ်လ်က ပြောသည်။
“မဟုတ်ပါဘူး”ဟု မက်စ်ကပြောသည်။ “အဲလိုမဟုတ်ဘူး။ ဉာဏ်ကျယ်လေးက တော်ပါတယ်။ အင်မတန်တော်တဲ့ ချာတိတ်ပါ။ ငါ သူ့ကိုအရမ်းသဘောကျတယ်”
ခြောက်နာရီငါးဆယ့်ငါးမိနစ်၌ ဂျော့ကပြောသည်။ “သူမလာတော့ပါဘူး”
တခြားလူနှစ်ယောက်တော့ ဆိုင်ထဲကိုရောက်လာကြသည်။ တကြိမ်မှာ လူတယောက်က ဟမ်နဲ့ကြက်ဥကြော် ညျပ်ဆင်းဒ်ဝစ်ခ်ျကို ဆိုင်ထဲမှာမစားပဲ ပြန်သယ်သွားလိုသည်ဆို၍ ဂျော့က မီးဖိုချောင်ကိုဝင်ပြီး လုပ်ပေးလိုက်ရ သေးသည်။ မီးဖိုထဲက ဟင်းထုတ်ပေးသည့်အပေါက်အနီး၌ ခွေးခြေပေါ်ထိုင်ပြီး ပြောင်းတွေတိုအောင် ဖြတ်ထားသည့်သေနတ်ကို ဘောင်ပေါ်တင်စောင့်နေသည့် အယ်လ်နဲ့ပက်လက်လှန်ချထားသည့် သူ၏ဒါဗီဦးထုပ်ကို မြင်ရသည်။ နစ်က်နဲ့စဖိုမှူးကိုမူ ကြောချင်းကပ်ကာချီထားပြီး သူတို့ပါးစပ်တွေကို တဘက်တွေနဲ့ ပိတ်စည်းထားသည်။ ဂျော့က ဆင်းဒ်ဝစ်ခ်ျလုပ်အပြီး ဆီခံစက္ကူနှင့်ပတ်ကာ အိပ်တွင်ထည့်ပြီးထုတ်ယူလာခဲ့သည်။ သည့်နောက် လာဝယ်သူက ကျသင့်ငွေရှင်းပြီး ယူထွက်သွားလေတော့သည်။
“ဉာဏ်ကျယ်လေးက ဘာမဆိုလုပ်တတ်တယ်”ဟု မက်စ်ကပြောသည်။ “အချက်အပြုတ်လည်းတတ်တယ်၊ ဘာမဆို လုပ်တတ်တယ်။ နင်ကတော့ ကောင်မလေးတယောက် ယောက်ကို မယားကောင်းဖြစ်အောင် လုပ်ပေးနိုင်မဲ့လူပါပဲ ဉာဏ်ကျယ်ရာ”
“ဟုတ်တယ်”ဟု ဂျော့ကပြောသည်။ “ခင်ဗျားမိတ်ဆွေကြီး အိုးလေးအန်ဒါဆင်ကတော့ ပေါက်လာမှာ မဟုတ်တော့ဘူး”
“သူ့ကို ဆယ်မိနစ်ထပ်အချိန်ပေးမယ်”ဟု မက်စ်ကပြောသည်။
မက်စ်က မှန်ကို၎င်း၊နာရီကို၎င်း၊စောင့်ကြည့်လျက်ရှိသည်။ နာရီလက်တံက ခုနှစ်နာရီကိုညွှန်သည်။ ပြီးတော့ ခုနှစ်နာရီကိုငါးမိနစ်ကျော်လာသည်။
“ဟေ့- အယ်လ်၊ ထွက်ခဲ့တော့”ဟု မက်စ်ကပြောသည်။ “တို့သွားကြစို့။ သူလာမှာမဟုတ်တော့ဘူး”
“သူ့ကို နောက်ငါးမိနစ်ထပ်ပေးရအောင်”ဟု အယ်လ်က မီးဖိုထဲမှပြောသည်။
ငါးမိနစ်ကာလအတွင်းတွင် လူတယောက်ဝင်လာ၍ ဂျော့က စားဖိုမှူးနေမကောင်း၍မလာကြောင်းရှင်း ပြသည်။ “သောက်ပြဿနာဘဲ။ တခြားစဖိုမှူး မခေါ်ဘူးလား” ဟုထိုလူကမေးသည်။ “စားသောက်ဆိုင် ဖွင့်ထားတာ မဟုတ်ဘူးလား”ဟုပြောရင်း ပြန်ထွက်သွားသည်။
“အယ်လ်-ထွက်ခဲ့တော့”ဟု မက်စ်ကပြောသည်။
“​ဉာဏ်ကျယ်လေးနှစ်ယောက်နဲ့ ငမဲကိုကောဘယ်လိုလုပ်ကြမလဲ”
“သူတို့မှာပြဿနာမရှိပါဘူး”
“မင်းကအဲသလိုပဲ ထင်လို့လား”
“အေးပေါ့။ ခုပဲ ငါတို့ကိုယ်တိုင် တွေ့လိုက်ကြရပြီပဲ”
“ငါလုံးလုံး မကြိုက်ဘူး၊ အတော့်ကိုရှော်တာပဲ။ မင်းကလည်းစကားက များလွန်းတယ်”ဟု အယ်လ်ကဆိုသည်။
“အိုး၊ သောက်ပြဿနာဘဲ”ဟု မက်စ်ကပြောသည်။ “တို့က ပျော်တော်ဆက်ပေးရမှာပဲဥစ္စာ။ ဟုတ်ဘူးလား”
“မင်း၊ စကားကိုများတယ်၊ အမြဲတမ်းဒီလိုချည်းပဲ” ဟု အယ်လ်ကပြောသည်။ သူကမီးဖိုချောင်တံခါးမှ ထွက်လာခဲ့သည်။ သေနတ်ပြောင်းတွေကို တိုအောင်ဖြတ်ထားပေမည့် အလွန်ကျပ်တည်းလှသော သူ၏အပေါ်ကုတ်အင်္ကျီ၏ခါးအောက်ဝယ် အနည်းငယ်ထောင်ထွက်နေသဖြင့် အင်္ကျီတွန့်နေသည်ကို မြင်ရသည်။ သူက လက်အိပ်စွပ်ထာသည့်လက်ဖြင့် အင်္ကျီအတွန့်ကို ဖြေလိုက်သည်။
“ကဲ-သွားတော့မယ် ညာဏ်ကျယ်လေးရေ” ဟု သူကဂျော့ကိုပြောသည်။ “မင်းအတော်ကြီးကို ကံကောင်းတာပဲ”
“အဲဒါ၊ ဟုတ်တယ်ကွ”ဟု မက်စ်ကပြောသည်။ “မင်း မြင်းပွဲတောင်သွားလောင်းသင့်တယ် ဉာဏ်ကျယ်ရေ”
သူတို့နှစ်ယောက် တံခါးအပြင်သို့ထွက်သွားကြသည်။ ဂျော့ကသူတို့ကို ပြတင်းပေါက်မှကြည့်နေခဲ့ရာ လမ်းမီးတိုင်အောက်မှဖြတ်ပြီး လမ်းတဖက်သို့ကူးသွားကြသည်ကိုမြင်ရသည်။ သူတို့ဝတ်ထားသည့် ကုတ်အင်္ကျီကြပ်ကြပ်သပ်သပ်နှင့် ဒါဗီဦးထုတ်ကိုယ်စီဆောင်းထားပုံကိုကြည့်ရသောအခါ ပြဇာတ်ထဲကလူတစု လမ်းလျှောက်နေသလားတောင် ထင်ရသည်။ ဂျော့က ဟနေသောတံခါးမှ မီးဖိုချောင်ထဲသို့ပြန်ဝင်ကာ နစ်က်နှင့်ဆမ်ကို ကြိုးဖြည်ပေးလိုက်သည်။
“ကျုပ်တော့ဒါမျိုးထပ်မကြုံချင်တော့ဘူး”ဟု စဖိုမှူးဆမ်ကပြောသည်။ “ဒါမျိုးထပ်ကို မလိုချင်တော့ဘူး”
နစ်က်က မတ်တတ်ရပ်လိုက်သည်။ သူသည်အရင်ကတခါမှ တဘက်စ ပါးစပ်ထဲထည့်ခံရဖူးသူမဟုတ်။
“ကိုင်း-”ဟု သူကပြောသည်။ “အရှင်လတ်လတ်ငရဲလား”ဟုဆိုရင်း တဘက်ကိုဖြုတ်ဘို့အားထုတ်သည်။
“သူတို့က အိုးလေး အန်ဒါဆင်ကို သတ်ကြမလို့”ဟု ဂျော့ကပြောသည်။ “သူညစာစားဘို့ဝင်လာတာနဲ့ သူ့ကို ပစ်သတ်ကြမှာ”
“အိုးလေး အန်ဒါဆင်ကို”
“ဟုတ်ပါ့”
စဖိုမှူးက သူ့ပါးစောင်ဘေးတွေကို သူ့လက်မနှစ်ခုဖြင့်ဖိစမ်းကြည့်နေသည်။
“သူတို့ပြန်သွားကြပြီလား”ဟု သူကမေးသည်။
“အေး”ဟု ဂျော့ကပြောသည်။ “အခု မရှိကြတော့ဘူး”
“ကျုပ်မကြိုက်ဘူး”ဟု စဖိုမှူးကပြောသည်။ “ကျုပ် နည်းနည်းကလေးမှ မကြိုက်ဘူး”
“ဒီမှာ”ဟု ဂျော့က နစ်က်ကိုပြောသည်။ “မင်းက အိုးလေးအန်ဒါဆင်ကို သွားတွေ့ချေ”
“ဟုတ်ကဲ့”
“ခင်ဗျားတို့ ဘာတခုမှဝင်မပါတာ ပိုကောင်းမယ်ထင်တယ်”ဟု စဖိုမှူးဆမ်ကပြောသည်။ “ခင်ဗျားတို့ခပ်ဝေးဝေးရှောင်နေတာကောင်းလိမ့်မယ်”
“မင်းမသွားချင်ရင်လဲ မသွားပါနဲ့”ဟု ဂျော့ကပြောသည်။
“ဝင်ရှုပ်လို့လည်း အပိုပဲ၊ ဘာမှထူးမှာမဟုတ်ဘူး”ဟု စဖိုမှူးကပြောသည်။ “ဝေးဝေးကရှောင်ကြပါ”
“ကျွန်တော် သွားတွေ့မယ်”ဟု နစ်က်က ဂျော့ကိုပြောသည်။ “သူဘယ်မှာနေလဲ”
စဖိုမှူးက လှည့်ထွက်လိုက်သည်။
“ဒီကောင်လေးတွေက သူတို့လုပ်ချင်တာလောက်သာသိတာ”ဟု သူကပြောသည်။
“သူ ဟိုနားက ဟာ့ခ်ျရဲ့အိမ်ခန်းမှာ ငှားနေတယ်”ဟု ဂျော့ကနစ်က်ကို ပြောသည်။
“ကျွန်တော်သွားလိုက်မယ်”
အပြင်လမ်းမ၌ ဓာတ်မီးတိုင်၏အလင်းရောင်က သစ်ကိုင်းရိုးတွေကြားမှ ဖြာကျနေသည်။ နစ်က်က ထရော်လီသံလမ်း ဘေးမှ ကပ်လျှောက်လျက်မြောက်ဘက်သို့ တက်သွားပြီး နောက်မီးတိုင်တခုအနီးက လမ်းသွယ်တွင်းသို့ ချိုးချလိုက်သည်။ အတွင်းဘက်သုံးအိမ်မြောက်မှာ ဟာ့ခ်ျ၏ငှားစားသော အိမ်ဖြစ်၏။ နစ်က်က နှစ်ထစ်တက်လိုက်ပြီး လူခေါ် ခေါင်းလောင်းကို နှိပ်လိုက်သည်။ အမျိုးသမီးကြီးတယောက်က တံခါးပေါက်ထိ ထွက်လာသည်။
“အိုးလေးအန်ဒါဆင် ရှိလား”
“သူ့ကိုတွေ့ချင်တာလား”
“ဟုတ်ကဲ့၊ သူရှိနေရင်ပေါ့”
“အင်း၊ ရှိပါတယ်”
နစ်က်က အမျိုးသမီးကြီးနောက်မှလိုက်ကာ လှေကားတထပ်တက်လာပြီး ကော်ရစ်ဒါအဆုံးဒေါင့်ခန်းအထိ လျှောက်ခဲ့သည်။ အမျိုးသမီးက တံခါးကိုခေါက်လိုက်သည်။
“ဘယ်သူလဲ”
“ဒီမှာ တယောက်က ရှင့်ကိုတွေ့ချင်လို့တဲ့ မစ္စတာ အန်ဒါဆင်ရဲ့”ဟု အမျိုးသမီးကြီးကပြောသည်။
“နစ်က် အဲဒမ်စ်ပါခင်ဗျာ”
“ဝင်ခဲ့”
နစ်က်က တံခါးကိုဖွင့်ကာအခန်းတွင်းသို့ဝင်လိုက်သည်။ အိုးလေးအန်ဒါဆင်သည် သူ့အဝတ်အစားအပြည့်အစုံ ဝတ်ထားကာ အိပ်ရာပေါ်တွင်လှဲနေသည်။ သူက ဟဲဗီးဝိတ်လက်ဝှေ့ လောင်းကြေးစားကြေး ထိုးစားသူဖြစ်ပြီး၊ ဤအိပ်ရာအတွက် သူ့အရပ်အမောင်းမှာ ရှည်လွန်းနေသည်။ ခေါင်းအုံးနှစ်လုံးဆင့်ကာ အုံးထားပြီး၊ သူက နစ်က်ကို လှည့်မကြည့်။
“ဘာကိစ္စလဲကွ”ဟု သူကမေးသည်။
“ကျွန်တော်က ဒီညနေ ဟင်နရီစားသောက်ဆိုင်ကို ရောက်နေခဲ့တယ်”ဟု နစ်က်က စပြောသည်။ “တစိမ်းနှစ်ယောက်ရောက်လာပြီးတော့ စဖိုမှူးနဲ့ကျွန်တော်ကို ကြိုးနဲ့တုတ်တယ်။ ပြီးတော့ သူတို့က ခင်ဗျားကို သတ်မလို့လာတာလို့ ပြောတယ်”
သူပြန်ပြောပြသည့်အခါ ကပေါက်တိကပေါက်ချာနိုင်သလိုကြားရသည်။ အိုးလေး အန်ဒါဆင်ကတော့ ဘာမှမပြော။
“သူတို့က ကျွန်တော်တို့ကို မီးဖိုချောင်ထဲမှာ ထည့်ထားတယ်” နစ်က်က ဆက်ပြောသည်။ “ခင်ဗျားညစာလာစားရင် သူတို့က သေနတ်နဲ့ပစ်ဖို့ပဲ”
အိုးလေး အန်ဒါဆင်က နံရံကိုသာကြည့်နေကာ ဘာမှမပြော။
“ဂျော့ကတော့ ကျွန်တော်သွားပြီး ခင်ဗျားကို အသိပေးသင့်တယ်လို့ထင်တယ်”
“ဒီကိစ္စ ငါက ဘာတတ်နိုင်လိမ့်မတုံး”ဟု အိုးလေးအန်ဒါဆင် ပြောသည်။
“သူတို့ဘယ်လိုပုံပန်းသဏ္ဍာန်မျိုးလဲဆိုတာ ကျွန်တော် ပြောရဦးမယ်”
“သူတို့ ဘယ်လိုပုံဖြစ်ဖြစ် ငါမသိချင်ဘူး”ဟု အိုးလေးအန်ဒါဆင်ကပြောသည်။ သူက နံရံကိုကြည့်လိုက်သည်။ “ငါ့ကို အခုလိုလာပြောဖော်ရလို့ ကျေးဇူးတင်တယ်”
“ရပါတယ်”
နစ်က်က ဒီလူကောင်ကြီး အိပ်ရာပေါ်လှဲနေတာကို ကြည့်လိုက်သည်။
“ခင်ဗျားအတွက် ကျွန်တော် ပုလိပ်ကိုသွားတိုင်ပေးရမလား”
“မလုပ်နဲ့”ဟု အိုးလေးအန်ဒါဆင်က ပြောသည်။ “ဘာမှ အကျိုးမထူးဘူး”
“ကျွန်တော် ဘာမှ လုပ်နိုင်တာမရှိဘူးလား”
“မရှိဘူး၊ ဘာမှမရှိတော့ဘူး”
“လာခြောက်တာသက်သက်လဲဖြစ်နိုင်တယ်”
“မဟုတ်ဘူး ခြောက်ရုံသက်သက်မဟုတ်ဘူး”
အိုးလေးအန်ဒါဆင်က နံရံဘက်သို့စောင်းလိုက်သည်။
“တခုပဲရှိတယ်”ဟု သူက နံရံဘက်ကိုလှမ်းပြောနေသည်။ “ဒီနေ့အပြင်ကိုထွက်ဖို့ ငါစိတ်ကို မပါခဲ့ဘူး။ တနေ့လုံးဒီမှာပဲရှိနေတာ”
“ဒီမြို့ကနေထွက်သွားရင်ကော”
“မသွားချင်ပါဘူး”ဟု အိုးလေးအန်ဒါဆင်က ပြောသည်။ “ပတ်ပြေးရတဲ့အလုပ်တွေအကုန်လုပ်ပြီးပြီ”
သူက နံရံကိုကြည့်လိုက်သည်။
“လတ်တလောလုပ်စရာ ဘာမှမရှိဘူး”
“တနည်းတဖုံ ပြင်လို့ဆင်လို့မရနိုင်တော့ဘူးလား”
“မရတော့ဘူး။ ငါမှားခဲ့တာ” သူက အသံကိုအတက်အကျမရှိ ပြောနေသည်။ “ဘာမှ လုပ်နိုင်တာမရှိတော့ဘူး။ သိပ်မကြာခင်မှာ ငါလည်း အပြင်ထွက်ဖို့ စိတ်ပြန်လည်လာမှာပါ”
“ကျွန်တော် ဟိုကိုပြန်ပြီး ဂျော့နဲ့သွားတွေ့လိုက်ဦးမယ်နော်”ဟု နစ်က်က ပြောသည်။
“သွားတော့လေ”ဟု အိုလေးအန်ဒါဆင်က ပြောသည်။ “တကုတကလာခဲ့လို့ကျေးဇူးတင်တယ်”
နစ်က်ကထွက်လာခဲ့သည်။ သူတံခါးပိတ်ပေးတော့ အိုးလေး အန်ဒါဆင်က သူ့အဝတ်အစားအပြည့်နှင့် ဘေးစောင်းအိပ်နေပြီး နံရံကိုကြည့်လျက်ကျန်ခဲ့သည်။
“သူက တနေ့လုံးဘယ်မှ မထွက်ဘူး”ဟု အောက်ထပ်အရောက်တွင် အိမ်ရှင်အမျိုးသမီးကြီးက ဆိုသည်။ “သူ နေသိပ်မကောင်းဘူးထင်ပါရဲ့။ ကျမက မစ္စတာအန်ဒါဆင် အခုလိုရာသီဥတုသာယာတဲ့ ဆောင်းဦးပေါက်နေ့မျိုးမှာ ရှင် လမ်းလေးဘာလေးလျှောက်ဖို့ သင့်တယ် ပြောပါတယ်။ ဒါပေမဲ့ သူစိတ်ပါပုံမရဘူး”
“သူအပြင်ကိုမထွက်ချင်ဘူး”
“သူနေမကောင်းဖြစ်တာ စိတ်မကောင်းပါဘူး”ဟု အမျိုးသမီးကြီးကဆိုသည်။ “သူက အရမ်းကိုသဘောကောင်းတာ။ ကြိုးဝိုင်းထဲမှာ လုပ်စားခဲ့တဲ့သူလေ၊ သိတယ်မဟုတ်လား”
“ကျွန်တော်သိတယ်”
“သူ့မျက်နှာကို သေသေချာချာသာမကြည့်ရင် သိနိုင်မှာမဟုတ်ဘူး”ဟု အမျိုးသမီးက ပြောသည်။ သူတို့သည် အိမ်ထွက်ပေါက်တံခါးအတွင်းဘက်တွင် ရပ်ရင်းစကား ပြောနေခြင်းဖြစ်သည်။ “အင်မတန်မှယဉ်ကျေးသိမ်မွေ့တဲ့သူကိုး”
“ဟုတ်ကဲ့၊ ကဲ ကျွန်တော်လည်း ဒီညတော့နှုတ်ဆက်ခဲ့ပါရစေ၊ မစ္စက် ဟာ့ခ်ျရေ”ဟု နစ်က် ကပြောသည်။
“ကျမ မစ္စက်ဟာ့ခ်ျ မဟုတ်ဘူး။ သူက ဒီအိမ်ပိုင်ရှင်၊ ကျမက သူ့ကိုယ်စား လာစောင့်ရှောက်ပေးနေတာပါ။ ကျမနာမယ် မစ္စက် ဘဲလ်” ဟု အမျိုးသမီးကြီးကရှင်းပြသည်။
“ကောင်းပါပြီ၊ ကဲ ကျွန်တော့်ကိုခွင့်ပြုပါ”ဟု နစ်က်ကပြောသည်။
“ဂွတ်ဒ်နိုက်”ဟု အမျိုးသမီးကြီး ကပြောသည်။
နစ်က်က လမ်းမှောင်မှောင်ကိုလျှောက်ခဲ့ပြီးမှ မီးတိုင်အောက်လမ်းထောင့်သို့ ရောက်သည်။ ထို့နောက် ထရော်လီသံလမ်းတလျှောက် ဆက်လျှောက်ကာ ဟင်နရီစားသောက်ဆိုင်သို့ ပြန်ရောက်သည်။ ဂျော့ က ကောင်တာနောက်၌ စောင့်နေသည်။
“အိုးလေးကိုတွေ့ခဲ့လား”
“တွေ့ခဲ့တယ်”ဟု နစ်ကဖြေသည်။ “သူ့အခန်းထဲမှာပဲ။ ဘယ်ကိုမှထွက်မှာမဟုတ်ဘူး”
နစ်က်၏အသံကိုကြား၍ စဖိုမှူးက မီးဖိုချောင်တံခါးကိုဖွင့်ထွက်လာသည်။
“ကျုပ် လုံးဝကိုမကြားဘူး”ဟု ဆိုကာ တံခါးပိတ်ပြီးပြန်ဝင်သွားသည်။
“အကျိုးအကြောင်း သူ့ကိုပြောခဲ့လား”ဟု ဂျော့ကမေးသည်။
“ပြောတာပေါ့။ ဒါပေမဲ့ သူက အကုန်သဘောပေါက်နေပြီးသား”
“အဲတော့ သူဘာလုပ်မတဲ့လဲ”
“ဘာမှမလုပ်ဘူး”
“သူတို့က လာသတ်ကြအုံးမှာ”
“ကျွန်တော်လည်း ပြန်လာသတ်ကြမယ်ပဲထင်တယ်”
“ချီကာဂိုဘက်မှာ သူ တခုခုဝင်ရှုတ်ခဲ့လို့နေမှာပေါ့”
“ကျွန်တော်လည်း ထင်တယ်”ဟု နစ်က်ကပြောသည်။
“ကြောက်စရာလန့်စရာကြီး”
“အတော့်ကို ရင်ထဲမကောင်းတာ” နစ်က်ကပြောသည်။
ခဏ သူတို့ဘာမှ မပြောကြ။ ဂျော့က ခုံအောက်မှ တဘက်စကို ထုတ်ယူကာ ကောင်တာကိုသုတ်နေလိုက်သည်။
“သူ ဘာတွေမကောင်းတာလုပ်ခဲ့လဲ စဉ်းစားနေတာ” နစ်က်က ပြောသည်။
“တယောက်ယောက်ကို သစ္စာဖောက်ခဲ့လို့နေမှာ။ အဲဒါမျိုးတွေကြောင့်လူတွေအသတ်ခံကြရတာ”
“ကျွန်တော်လည်း ဒီမြို့ကနေထွက်ပြေးတော့မယ်” နစ်က်ကပြောသည်။
“ကောင်းတယ်”ဟု ဂျော့က ပြောသည်။ “အဲဒါလုပ်သင့်တာပဲ”
“တနေ့မှာဒီအဖြစ်ကိုရောက်လာမှာသိနေရဲ့နဲ့ အခန်းထဲကနေ စောင့်နိုင်တဲ့သူမျိုးကို ကျွန်တော်ဖြင့် စဉ်းစားလို့ကိုမရဘူး။ အင်မတန်စုတ်ပဲ့တဲ့ကိစ္စပဲ”
“ကောင်းပြီလေ၊ ဒါဆိုလည်း ဒီကိစ္စကိုမစဉ်းစားတာ ပိုကောင်းတာပေါ့”ဟု ဂျော့က ပြောသည်။
***

စာပေနိုဘယ်ဆုရ အမေရိကန်စာရေးဆရာ အားနက် ဟယ်မင်းဝေး Earnest Hemingway (1899-1961) ၏ ၁၉၂၆ ဝတ္ထုတို The Killers ကိုပြန်ဆိုပါသည်။

ဒေါက်တာကျော်တင့်
Viewing all 9633 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>