Quantcast
Channel: MoeMaKa Burmese News
Viewing all 9633 articles
Browse latest View live

နိုင်ငံတကာ သာဂိ - အစွန်းရောက်တွေရဲ့ အမုန်းစိတ်နဲ့ ကြောက်စိတ် - သင်ကိုယ်တိုင်လား

$
0
0

နိုင်ငံတကာ သာဂိ - အစွန်းရောက်တွေရဲ့ အမုန်းစိတ်နဲ့ ကြောက်စိတ် - သင်ကိုယ်တိုင်လား
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၅


၂၀ ရာစု နှစ်ကုန်ပိုင်းတုန်းကတော့ ဒီမိုကရေစီနိုင်ငံလို့ သူတို့ကိုသူတို့ ယူဆတဲ့ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက တဖက်၊ တပါတီ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ မြောက်ကိုရီယား စတဲ့ နိုင်ငံတွေက တဖက်ရယ်လို့ ရှိခဲ့ကြတာပဲ။ အဲသည်တုန်းက ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေဟာ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ အချင်းချင်းဗိုလ်လု၊ နယ်မြေတွင်း မိုက်ကြေးခွဲနေကြတာနဲ့ အရှိန်ယူခဲ့ကြတယ် ဆိုနိုင်ပါတယ်။

၂၁ ရာစုအ၀င် နိုင်းအီလဲဗင်းအကြမ်းဖက်မှုကြီးအလွန်မှာတော့ အနောက်အုပ်စုတွေဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှအတွင်းပိုင်းအထိ ချင်းနင်းဝင်ရောက်ပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကို ချေမှုန်း နှိမ်နင်းဖို့ ကြိုးပမ်းခဲ့ကြတယ်။ အဲသည်က စလိုက်တာဟာ အနောက်အုပ်စုနဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုတွေရဲ့ စစ်ပွဲဟာ ၂၀၁၀ နောက်ပိုင်းမှာ တကမ္ဘာလုံးအနှံ့ ပြန့်ကျက်သွားခဲ့တယ် ဆိုရပါမယ်။ အရင်တုန်းက တာလီဘန်တို့၊ အယ်ကိုင်ဒါတို့ အကြမ်းဖက်အုပ်စုတွေကတွေကနေ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ်အုပ်စုတွေ မိုးထိုးလို့ တက်လာပါတော့တယ်။ နိုင်ငံမဲ့ အကြမ်းဖက်အုပ်စုတွေဟာ နိုင်ငံလက်ရှိ အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်တွေနဲ့ပါ ဘာသာရေးနယ်ချဲ့စစ် ဆင်နွှဲလာပါတယ်။ ဘာသာရေးအစွန်းရောက်တွေကို တွန်းလှန်ဖို့အတွက် နိုင်ငံတော်တွေက နိုင်ငံသားတွေကို မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ်တွေ နှိုးထ လှုံဆော်ကြပါတော့တယ်။

အမေရိကန်က သူတို့ကို ခြိမ်းခြောက်တဲ့ အစွန်းရောက်အကြမ်းဖက်သမားတွေကို တွန်းလှန်တဲ့နေရာမှာ မူဆလင်မုန်းတီးရေးကို ၀ါဒဖြန့်ချိဖို့ အမုန်းစိတ်မွေးဖို့ ဆိုတာတွေကို လက်ရှောင်ဖို့ ကြိုးစားပါတယ်။ လူသားမဆန်သူတွေကို လူသားဆန်သူတွေက ဆန့်ကျင်တဲ့ တိုက်ပွဲအဖြစ် ပုံသွင်းဖို့ လုပ်ကြပါတယ်။ အစွန်းရောက်အကြမ်းဖက် အုပ်စုနဲ့ ပတ်ဝန်းကျင်ကိုသာ ပစ်မှတ်ထား ချေမှုန်းရေးကို မူသဘောထားပါတယ်။ သို့သော် အမေရိကန်က မျိုးချစ်တွေ၊ မျိုးစောင့်တွေကတော့ တိုင်းပြည်ရန်သူဟာ မူဆလင်တွေအဖြစ် တသားတည်း ပုံစံခွက်သွင်း သတ်မှတ် နှိပ်ကွပ်တာမျိုး သဘောထားကြတာတွေ တွေ့ရပါတယ်။

လက်ရှိမှာ ဥရောပဟာ နှစ်ဖက်စလုံးက အစွန်းရောက်သူတွေရဲ့ ပဋိပက္ခအသွင်ကို အထင်ရှားဆုံး မြင်တွေ့ရတာပါပဲ။ အရှေ့အလယ်ပိုင်းမှာ အိုင်အက်စ် အစွန်းရောက်အကြမ်းဖက်တွေရန်က အသက်လုပြေးရသူ ခရစ်ယာန်ကော မူဆလင်ကော အပါအ၀င် ဒုက္ခသည်တွေကို လက်ခံကာကွယ်ပေးဖို့ ဥရောပနိုင်ငံတော်တွေက လုံးပမ်းနေဆဲမှာ ဒုက္ခသည်အယောင်ဆောင် အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကိုပါ ရင်ဆိုင်နေရပါတယ်။ ဥရောပရဲ့ အမျိုးသားအရေး အစွန်းရောက်သူတွေ ပါတီတွေ နိုင်ငံရေးသမားတွေဟာ အဲသည်လို ဒုက္ခသည်တွေရော အကြမ်းဖက်စအစွန်းရောက်တွေကိုပါ တတန်းစားတည်း သဘောထားပြီး ကန့်သတ် ဖယ်ရှားဖို့ ကြိုးစားလာကြတော့တာပါပဲ။

သူတို့ဖက်က သမိုင်းသက်သေအဖြစ် ပါလက်စတိုင်းနဲ့ အစ္စရေးတို့ ပဋိပက္ခကို ထုတ်သုံးပါတယ်။ အမျိးသားစိတ် မျိးချစ်စိတ် ပြင်းထန်သူ ဘက်နှစ်ဘက်ရဲ့ မပြီးဆုံးနိုင်တဲ့ ရန်ဘက်ဖြစ်ပွားနေမှုဟာ အမှန်တရားရယ်လို့ သက်သေထူကြပါတယ်။ ရုရှားကိုယ်တိုင်ကလည်း ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုကို ပြင်းပြင်းထန်ထန် နင်းချေပစ်ရမယ်၊ နိုင်ငံတော် တည်တံ့ခိုင်မြဲ ငြိမ်းချမ်းရေး၊ အချုပ်အခြာ အာဏာ ကာကွယ်ဖို့ ဘယ်နည်းနဲ့မဆို နိုင်ငံသားတိုင်း အမျိုးသားရေးတာဝန်တရပ်အဖြစ် တိုက်ပွဲဝင်ရမယ်လို့ ထုတ်ပြန်ပါတယ်။ တရုတ်အာဏာပိုင်တွေကလည်း ထိုနည်း၎င်းပါပဲ။ ပရိသတ်တော်တော်များများကလည်း အာဏာရှင်တွေ အမျိးသားရေး ပြင်းထန်သူတွေရဲ့ လေသံနောက် လိုက်ပါကာ ဘာသာရေးအစွန်းရောက်တွေသာမက ဘာသာဝင်တွေကိုပါ နင်းချေ ရှင်းလင်းဖို့ သဘောတူကြပါတယ်။

ဒါဟာ ဘာသာရေးအစွန်းရောက်အကြမ်းဖက်တွေကို ချေမှုန်းဖို့ အခြားတဖက်စွန်းကို ရွေးချယ်လိုက်ကြတဲ့ သဘောပဲ ဖြစ်ပါတော့တယ်။ ဒီလို အစွန်းမရောက်ဘဲ အကြမ်းဖက်သမားတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးလား၊ အခြားရွေးချယ်စရာကို လမ်းပြနိုင်တဲ့ ခေါင်းဆောင်မှု မရှိတော့ဘူးလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အမုန်းစိတ်၊ ကြောက်စိတ်ကို အညံ့မခံဖို့ ပြောပါတယ်။ သတ္တိရှိရှိနဲ့ အစွန်းရောက်တရားတွေကို အနိုင်မခံစိတ်နဲ့ ရင်ဆိုင်ဖို့ ပြောပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ဟစ်တလာတို့ မူဆလီနီတို့ရဲ့ နာဇီတွေ ဖက်ဆစ်တွေကို ချေမှုန်း အနိုင်ယူတဲ့နေရာမှာ ဂျာမန်တွေ အီတလီယျံတွေကို မျိုးတုန်း သတ်ဖြတ်ပစ်ခြင်းနဲ့ နှိမ်နင်းခဲ့တာ မဟုတ်ပါ။ တောင်အမေရိကတိုက်က မူးယစ်ရာဇာတွေနဲ့ အပေါင်းအပါတွေကို နှိမ်နင်းတဲ့နေရာမှာလည်း နိုင်ငံတော်တွေ နိုင်ငံသားတွေကို မီးတိုက်ပစ်ခဲ့တာမျိုး မရှိပါ။ ကျေးကျွန်စနစ်ကို တိုက်ဖျက်ဖို့ တောင်နဲ့ မြောက်စစ်ခင်းကြတဲ့အခါ တောင်ပိုင်းအမေရိကန်တွေ မြေလှန်ပစ်ခြင်း မရှိခဲ့ပါ။ အမုန်းစိတ်၊ ကြောက်စိတ်တွေကိုသာ အညံ့ခံခဲ့ရင် ကျနော်တို့တွေ ကိုယ်တိုင်လည်း အမုန်းစိတ် ကြောက်စိတ်တွေရဲ့ ၀ါးမြိုမှုကို ခံကြရမှာပဲ ဖြစ်ပါတယ်။ အနီးစပ်ဆုံး သာဓကအနေနဲ့ ရိုဟင်ဂျာ ဘင်ဂါလီတွေကို အမုန်းစိတ်နဲ့ ကြောက်စိတ်နဲ့ မြန်မာမျိုးစောင့်တွေ၊ မဘသတွေရဲ့ လှုပ်ရှားမှုတွေ တိုက်ပွဲတွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို လွှမ်းမိုးနိုင်မှု မရှိခဲ့တာ ပြန်ကြည့်ပါ။ မဲဆန္ဒရှင်တွေဟာ အမုန်းစိတ်တွေ ကြောက်စိတ်တွေ သံသယတွေနဲ့သာ တုန့်ပြန်ခဲ့မယ်ဆိုရင် အကြမ်းဖက်မှုတွေ တရားလက်မဲ့ မင်းမဲ့စရိုက်တွေနဲ့ နိုဝင်ဘာ ၈ ရက်နေ့ဟာ နိဂုံးအဆိုးချုပ်ရလိမ့်မယ် ထင်ပါတယ်။

အခုချိန်မှာ နိုင်ငံတော်ကြီးတွေက ခေါင်းဆောင်အတော်များများကတော့ အစွန်းရောက်အကြမ်းဖက်သမားတွေ အုပ်စုတွေကို အမုန်းစိတ်၊ ကြောက်စိတ်တွေနဲ့ တုန့်ပြန်ဖို့ တရားမဟောကြသေးပါ။ လူတွေကလည်း လူသားဆန်မှုနဲ့ တုန့်ပြန်ကြဖို့ အညံ့မခံကြဖို့ပဲ အားသန်နေတယ် ဆိုရပါမယ်။ သာဓက ၂ ခု တင်ပြပါ့မယ်။

လွန်ခဲ့တဲ့တပတ် ပြင်သစ်ပြည် ပါရီမြို့တော် အကြမ်းဖက်တိုက်ခိုက်မှုမှာ လူ ရာချီပြီး သေဆုံးပါတယ်။ အဲသည်ရဲ့ သွေးမြေကျရာနေရာကို ပြင်သစ်နိုင်ငံသားတွေက ပန်းတွေ ဖယောင်းတိုင်တွေ လာရောက် ထွန်းညှိ အလေးဂရုပြုကြပါတယ်။ အဲသည်မှာ အာရှနွယ်ဖွား ပြင်သစ်နိုင်ငံသား သားအဖ ၂ယောက် စကားပြောခန်းက အမှတ်တရဖြစ်ပါတယ်။ ကလေးက အဖေ့ကို "သေနတ်သမားတွေက သားတို့ကို သတ်နေကြတယ်၊ သားတို့တွေ အိမ်ပြောင်းကြရတော့မလား"တဲ့။ အဖေက "ဘယ်မှ ပြေးစရာမလိုဘူးသား၊ လူဆိုးတွေဟာ နေရာတိုင်းမှာ ရှိပြီးသား"တဲ့။ "ငါတို့ ဒီမှာပဲ ဆက်နေကြမယ်"တဲ့။ သားက 'သူတို့မှာ သေနတ်တွေ ရှိတယ်လေ"ဆိုလိုက်တော့ ၊ အဖေက 'သားတို့ အဖေတို့ဆီမှာလည်း ပန်းတွေ၊ ဖယောင်းတိုင်တွေ ရှိတယ်။ အခု ကွယ်လွန်သွားတဲ့သူတွေကို သားတို့ အဖေတို့ မမေ့မလျော့ လာပြီး ဂရုစိုက်ကြတယ်လေ"တဲ့။ ဒီတော့ သားက 'ဟုတ်ပြီ၊ ဖေဖေ ... သား မကြောက်တော့ဘူး၊ သားတို့မှာ ပန်းတွေ ဖယောင်းတိုင်တွေ ရှိတာပဲ"တဲ့။ ပြင်သစ်တွေရဲ့ နိုင်ငံသားစိတ်ဓာတ်ဟာ ချစ်စရာ လေးစား ဂုဏ်ယူစရာပါ။ သည်လိုနိုင်ငံသားစိတ်ဓာတ်နဲ့ပဲ ဒုတိယကမ္ဘာစစ် ပြာပုံထဲက ပါရီဟာ ပြန်နိုးထခဲ့ရတယ် မဟုတ်ပါလား။

နောက်သာဓကတခုကတော့ အမေရိကန်ပြည်က ပြည်နယ်တချိ့က ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ဆီးရီးယားဒုက္ခသည်တွေကို လက်ခံနေရာချထားပေးဖို့ ငြင်းဆန်ခဲ့ကြတယ်။ အမေရိကန်ပြည် အောက်လွှတ်တော်ကြီးကလည်း အကြမ်းဖက်ရန်ကို ကြောက်လို့ ဆိုပြီး ဆီးရိးယားဒုက္ခသည်တွေကို ပြည်တော်မ၀င်နိုင်အောင် ဥပဒေထုတ်ပြီး တားမြစ်ဖို့ ကြိုးစားကြတယ်။ သမ္မတအိုဘားမားကတော့ အစွန်းရောက်အကြမ်းဖက်သမားတွေဟာ လူတွေကို ကြောက်အောင် လုပ်နေတယ်။ ဒါကို အညံ့ခံပြီး ကြောက်စိတ်နဲ့ တုန့်ပြန်တဲ့ နိုင်ငံရေးသမားတွေ အစိုးရမင်းတွေကို ရှုံ့ချ ပြစ်တင်လိုက်ပါတယ်။ သို့သော်လည်း အခြားအမေရိကန်ပြည်နယ်တွေကတော့ ဆီးရီးယားဒုက္ခသည်တွေကို ကြိုဆိုဆဲဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။ စကားစပ်မိလို့ ပြောရရင် ယခင်သမ္မတ ဘွတ်ရှိ လက်ထက်တုန်းကလည်း နိုင်းအီလဲဗင်း အကြမ်းဖက်မှုကြီးအပြီးမှာ ပြည်ပက လက်နက်ကိုင်သူပုန်တွေအားလုံးကို သိမ်းကြုံးပြီး အကြမ်းဖက်သမားတွေ အုပ်စုတွေအဖြစ် သတ်မှတ်ခဲ့လို့ မြန်မာပြည်က ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းက ပြောင်းရွှေ့ဖို့ စောင့်နေတဲ့ မြန်မာတိုင်းရင်းသားဒုက္ခသည်တွေကို အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်သူတွေဆိုပြီး ပြည်ဝင်ခွင့်တွေ ကြန့်ကြာခဲ့ဖူးပါရဲ့။

အခု မြန်မာပြည်မှာကော တဲ့။ ပြည်တွင်းစစ်မီးကြီးဟာ ၂၀၁၅ ရွေးကောက်ပွဲကြိး ငြိမ်းချမ်း အောင်မြင်စွာ ပြီးဆုံးသွားပြီးတဲ့နောက်မှာ ပိုလို့တောင် တောက်လောင် ကြီးမားလာနေတာပေါ့။ သို့သော်လည်း မြန်မာပြည်သူတွေဟာ ပြည်တွင်းစစ်သင့် တိုင်းရင်းသားတွေအပေါ်မှာ အမုန်းစိတ်တွေ ကြောက်စိတ်တွေနဲ့ ဥပက္ခာစိတ် မထားကြဘဲ ပြည်တွင်းစစ်ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတွေ ဆန္ဒထုတ်ဖော်ပွဲတွေ ပိုလို့တောင် တိုးမြှင့်ပြီး လုပ်လာကြပါတယ်။ မိမိတို့ တပိုင်တနိုင်နဲ့ ကူညီ စောင့်ရှောက်ဖို့ တိုးလို့တောင် ကြိုးစားလာကြပါတယ်။ လူသားတွေဟာ လူသားစိတ်နဲ့ပဲ အစွန်းရောက်အကြမ်းဖက်သမားတွေကို ဆန့်ကျင် ချေမှုန်း အနိုင်ယူကြရမှာပါ။

 ပြင်သစ်သားအဖ စကားလက်ဆုံ ကြည့်ချင်ရင် - https://www.facebook.com/jrous92/videos/10156190732035487/?pnref=story

အောင်မှိုင်းဆန်း - နှင်းမုန်တိုင်းထဲက ၂၆ ရက် ။ အပိုင်း (၁ မှ ၁၀ အထိ)

$
0
0

အောင်မှိုင်းဆန်း - နှင်းမုန်တိုင်းထဲက၂၆ရက် ။ အပိုင်း (မှ ၁၀ အထိ)
(သူ့ဖေ့စ်ဘွတ်) မိုးမခ။ နိုဝင်ဘာ ၂၆၊ ၂၀၁၅

အပိုင်း - ၁

ဂျိမ်းကနဲမြည်သွားတဲ့တိုက်တံခါးပိတ်သံကကျနော့်နားထဲမှာတော့ဒိန်းခနဲ မြည်ဟီးထွက်ပေါ်လာတဲ့တိုက်ပွဲအချက်ပေးအမြောက်သံလိုလို .... "ငါ .... တိုက်ပွဲစလိုက်ပီ"လို့ကိုယ့်ကိုယ်ကိုထင်းကနဲသိလိုက်မိတယ်။ကျနော်ရဲ့အစာငတ်ခံဆန္ဒပြပွဲပထမနေ့ကအခြေအနေသိပ်ပီးဆိုးဆိုးဝါးဝါးနဲ့မရင်ဆိုင်ရသေး။အားလုံးချောချောမွေ့မွေ့။တိုက်ခန်းထဲလေးမှာ ....

တကယ်တော့ဒီအစာငတ်ခံဆန္ဒပြတာကိုအရမ်းကာရောကျနော်စတင်ခဲ့တာမဟုတ်။အစစအရာရာအကုန်လုံးပြင်ဆင်ပြီးထွက်လာခဲ့တာပါ။ဆေးလိပ်သောက်တာကိုခပ်စောစောဖြတ်လိုက်မိတာကိုကျနော်ကျေနပ်နေမိတယ်။စိတ်ဓာတ်ကိုလဲကျေနပ်လောက်စရာမဟုတ်ပေမယ့်အတော်လေးတော့ပြင်ဆင်ထားခဲ့ပြီးပြီငါစွန့်လွှတ်နိုင်မလားပေါ့။အကြိမ်ကြိမ်အထပ်ထပ်မေးခွန်းထုတ်ခဲ့တယ်။အခေါက်ခေါက်အခါခါကိုယ့်ကိုယ်ကိုဆန်းစစ်ခဲ့တယ်။ကြုံလာမယ့်အခက်အခဲအတားအဆီးအန္တရာယ်တွေကိုရောရင်ဆိုင်ရဲပါ့မလားပေါ့။

အပိုင်း -  

ကျနော်အစာငတ်ခံဆန္ဒပြမှုစတင်တဲ့နေ့ဟာ၂၃အောက်တိုဘာ၂၀၁၅နေ့ပါ။ဒီနေ့ကိုတိုက်ပွဲရဲ့အစနေ့အဖြစ်ရွေးချယ်ဖြစ်တဲ့အကြောင်းကရပ်ရှိတယ်။၁။ဆရာဗန်းမော်တင်အောင်ကွယ်လွန်ခြင်း၃၇နှစ်ပြည့်နေ့ဖြစ်နေလို့ပါ။ကျနော့်အပေါ်အလွှမ်းမိုးနိုင်ဆုံးစာရေးဆရာတွေထဲမှာဗန်းမော်တင်အောင်ဟာထိပ်ဆုံးကလို့ပြောနိုင်တယ်။

"လူတစ်ယောက်ရဲ့တန်ဖိုးကိုသူဖြတ်သန်းနေတဲ့သမိုင်းခေတ်ကြီးကသူ့ပုခုံးပေါ်တင်ပေးလိုက်တဲ့သမိုင်းတာဝန်တွေကိုဘယ်လောက်ကျေပွန်အောင်ထမ်းဆောင်နိုင်သလဲဆိုတာနဲ့တိုင်းတာရမယ်"လို့အဓိပ္ပါယ်ရတဲ့ဆရာ့အမှာစကားဟာကျနော့်နိုင်ငံရေးဖြတ်သန်းမှုရဲ့လမ်းညွှန်တစ်ခုပါပဲ။ 

၂။ကျနော်အစာငတ်ခံဆန္ဒပြမှုစတင်မယ့်ရက်အပိုင်းအခြားကာလရဲ့အလယ် (တစ်ဝက်) ရက်ကျနေလို့လဲဖြစ်ပါတယ်။ကျနော်က၂၀၁၅အောက်တိုဘာ၁၅ရက်နောက်ပိုင်းကနေ၂၀၁၅အောက်တိုဘာလကုန်အတွင်းသင့်တော်တဲ့တစ်ရက်ရက်မှာအစာငတ်ခံစမယ်လို့ကြေညာထားခဲ့တာကိုး။ဒါကြောင့်၂၀၁၅အောက်တိုဘာ၂၃ရက်နေ့မှာစပြီးအစာငတ်ခံဆန္ဒပြဖို့ဖြစ်လာတာပေါ့။ 

အဲဒီမှာ၃၇ဆိုတဲ့ဂဏန်းလေးရဲ့တိုက်ဆိုင်ပုံလေးတစ်ခုသတိပြုမိလိုက်သေးတယ်။အဲဒါတခြားမဟုတ်ဘူး။၂၀၁၅အောက်တိုဘာ၂၃ရက်နေ့ဟာဗန်းမော်တင်အောင်ကွယ်လွန်တာ၃၇နှစ်ပြည့်တဲ့နေ့ (နိမိတ်ကတော့ခပ်ကောင်းကောင်း) နောက်တစ်ခုကဘာလဲဆိုတော့ကိုကိုးကျွန်းအကျဉ်းထောင်ဖျက်သိမ်းရေး၅၃ရက်အစာငတ်ခံတိုက်ပွဲမှာပထမဦးဆုံးကျဆုံးသွားခဲ့တာရဲဘော်သိန်းကြည်။ရဲဘော်သိန်းကြည်ကျတာအစာငတ်ခံဆန္ဒပြတဲ့ရက်ပေါင်း၃၇ရက်အကြာမှာကျဆုံးခဲ့တာ (နိမိတ်ကတော့ခပ်ကောင်းကောင်း)နောက်တစ်ခုတိုက်ဆိုင်တာကကျွန်းတိုက်ပွဲပြန်ရဲဘော်တွေထဲကလေထီးဦးအုန်းမောင်တို့ကိုအင်းစိန်ထောင်ကနေပြန်လွှတ်တဲ့အသုတ်မှာလွတ်လာတဲ့သူအရေအတွက်စုစုပေါင်းကလဲ၃၇ယောက်ဖြစ်နေပြန်ရော။ဘာရယ်မဟုတ်ပါဘူး။၃၇ဆိုတဲ့ဂဏန်းလေးရဲ့တိုက်ဆိုင်မှုလေးတွေးမိတာကိုပါ။ 

အပိုင်း - 

ကျနော်နေရတဲ့တိုက်ခန်းလေးကခပ်ကျဉ်းကျဉ်း။လူတစ်ယောက်စာနေရရုံသာသာ။မန္တလေးထောင်မှာကျနော်နေခဲ့တုန်းကတိုက်တော်တော်များများဟာယောက်၊ယောက်၊ယောက်အထိနေလို့ရအောင်ကျယ်ကြတယ်။ကောင်းပါတယ်လေ။သာယာဝတီထောင်ကတိုက်၊ခန်းမှာတစ်ယောက်ထဲအေးအေးဆေးဆေးပေါ့။ကျနော်နေရတဲ့တိုက်ဝင်းထဲမှာတိုက်ရယ်၊တိုက်ရယ်ဆိုပီးတိုက်နှစ်တိုက်ရှိတယ်။နှစ်ထပ်တိုက်နှစ်တိုက်ပါ။မျက်နှာချင်းဆိုင်ထားတယ်။ကပ်ရက်ညာဖက်ဝင်းထဲမှာတော့တိုက်နဲ့တိုက်ဝင်းရှိမယ်။ကပ်ရက်ဘယ်ဘက်ဝင်းထဲမှာတော့ကျနော်တို့နေနေတဲ့၁၀အဆောင်ရှိတယ်။တစ်ဆောင်ထဲ။နှစ်ထပ်ဆောင်။အပေါ်နှစ်ခန်း၊အောက်နှစ်ခန်းပေါင်းခန်းပါတဲ့အဆောင်အသစ်ကြီး။ 

အဲဒီအဆောင်အသစ်ကြီး(၁၀အဆောင် ) ရဲ့အပေါ်ထပ်ကနေတက်ကြည့်မယ်ဆိုရင်ကျနော့်ကိုထားတဲ့တိုက်နဲ့အခန်းကိုကောင်းကောင်းမြင်ရတယ်။အသံကျယ်ကျယ်အော်ပြောရင်ကြားရတယ်။ကျနော့်ကိုတိုက်ထဲပို့ပီးနောက်ပိုင်းရဲဘော်တွေကအဆောင်အပေါ်ထပ်ကိုယောက်တစ်သုတ်၊ယောက်တစ်သုတ်၊တက်တက်လာပီးကြည့်ကြတယ်။လက်ဟန်ခြေဟန်တွေနဲ့အခြေအနေမေးကြ၊မြန်းကြတယ်။တကယ်ဆိုရင်သူတို့အပေါ်ထပ်တက်လာပီးအခုလိုဆက်သွယ် (တရားမဝင်နည်းလမ်းနဲ့) နေတာကိုဗူးဂတ်မကြီးပေါ်ကနေကောင်းကောင်းမြင်ရတာပေါ့။မိန်းဂျေးကတောင်မြင်လောက်တယ်။အဆောင်မှာတာဝန်ကျဝန်ထမ်းရော၊တိုက်မှာတာဝန်ကျဝန်ထမ်းတွေရောပါမြင်နိုင်၊သိနိုင်တယ်။ဒါပေမယ့်သူတို့ဘာမှမပြော၊မဟန့်တားကြဘူး။သိရက်နဲ့သေချာလွှတ်ပေးထားတယ်။ကျနော်နဲ့ပတ်သက်ပီးကျနော့်ရဲဘော်တွေစိတ်ပူပန်မှုလျော့ကျသွားအောင်တမင်လွှတ်ပေးထားပုံရပါတယ်။ကျနော့်ကိုသူတို့ (ဝန်ထမ်းတွေ) ဘာမှမလုပ်ဘူး၊ကောင်းကောင်းမွန်မွန်ထားတဲ့သဘောကျနော့်ရဲဘော်တွေသိအောင်ဒီတိုက်မှာသေချာထားတာဖြစ်လိမ့်မယ်။တရားမဝင်ဆက်သွယ်တာကိုလွှတ်ပေးထားတာဖြစ်လိမ့်မယ်။

ကျနော့်အရင်တိုက်ပိတ်ခံရဖူးတဲ့ရဲဘော်တွေကိုလဲဒီတိုက်မှာပဲထားဖူးတယ်။သူတို့ကဆေးလိပ်ကိစ္စနဲ့တိုက်ပိတ်ခံခဲ့ကြရတာ။ကိုသန်းထိုက်၊ကိုအောင်မြင့်ဟန်၊ပဲကြီးခေါ်ကျော်စွာလင်း၊ခန့်အောင်၊ဟိန်းဇော်ဝင်း၊ကိုအောင်မြင်၊ကိုရန်ပိုင်စိုး၊တို့တတွေပေါ့။သူတို့လည်းကျန်ရဲဘော်တွေစိတ်ပူပန်မှာကိုလျှော့ချတဲ့အနေနဲ့ဒီတိုက်ကိုပို့ခဲ့တာထင်တာပဲ။အဲ့ဒီတုန်းကလဲတစ်ဖက်နဲ့တဖက်ဆက်သွယ်ကြတာပဲလေ။

အပိုင်း - 

အစာငတ်ခံဆန္ဒပြမှုတိုက်ပွဲစတဲ့၂၃အောက်တိုဘာ၂၀၁၅နေ့ရဲ့တစ်နေ့တာဖြတ်သန်းမှုအတွေ့အကြုံကချောမွေ့နေဆဲ။ဗိုက်နည်းနည်းတော့ဆာနေတယ်။ကျနော့်ရှေ့မှာစားပွဲခုံတစ်လုံးခပ်သေးသေးလေးကို ဝန်ထမ်းဦးကလာချသွားတယ်။စားပွဲပေါ်မှာနီကျင့်ကျင့်ထောင်ပုံစံပေါင်းထမင်းကြမ်းရယ်၊ဟင်းရည်လို့ပြောရရုံဟငိးရည်ညစ်ကျဲကျဲတစ်ခွက်ရယ်၊ငပိတဇွန်းစာရယ်၊ရေ၃၃၀ ml တဘူးရယ်ကိုတင်ထားပေးတယ်။ဗိုက်သာဆာတာသူတို့လာချပေးတဲ့ထမင်းဟင်းတွေကစားချင်စရာ၊မက်လောက်စရာလုံးဝမရှိ။ဒါနဲ့ရေဘူးကိုဖွင့်ပြီးတကျိုက်ထဲမော့ချပစ်လိုက်တယ်။အဆာပြေအောင်ပေါ့။သောက်ရေကိုအခန်းထဲမှာအလုံအလောက်ထည့်ပေးမထားဘူး။တောင်းပီးသောက်မှပေးတာ။ဗိုက်ဆာတော့ရေကိုပဲခဏခဏတောင်းရတယ်။ကြာတော့တောင်းရတာစိတ်အချဉ်ပေါက်လာတယ်။ပုလင်းနဲ့ထည့်ပေးထားပါပြောတာလဲမပေးဘူး။နောက်တော့ရေတော်တော်ဆာမှပဲတောင်းသောက်ဖြစ်လာတော့တယ်။

တိုက်ဝင်းတစ်ခုလုံးမှာအကျဉ်းသားဆိုလို့ကျနော်တစ်ယောက်ထဲပဲရှိတယ်။ဝန်ထမ်းယောက်အမြဲချထားတယ်။ရစ်နဲ့တစ်ဦး၊ရစ်နဲ့တစ်ဦး၊တစ်ပွင့်နဲ့တိုက်ထောင်မှူးကတစ်ဦးစောင့်ကြပ်ကြတယ်ကျနော်ဘာလုပ်လုပ်၊လုပ်သမျှအားလုံးစာအုပ်ကြီးထဲမှာအချိန်နာရီနဲ့တကွလိုက်မှတ်နေကြတော့တာပဲ။ရေဘယ်နှစ်ခါသောက်၊အိမ်သာဘယ်နှခါသွား၊လမ်းလျှောက်၊အိပ်၊လှဲလျောင်း၊ထိုင်၊စာဖတ် .... အကုန်အကုန်လုံးကိုလိုက်မှတ်နေကြနေလေရဲ့။

ကျနော်လဲအချိန်ရတုန်းစာအုပ်ပဲလှိမ့်ဖတ်နေခဲ့တယ်။ဘာတီးလ်လင့်တနာရေးတဲ့ကျောက်စိမ်းမြေကိုပြီးအောင်ဆက်ဖတ်နေလိုက်တယ်။အန္ဒိယကနေနာဂနယ်မြေ၊နောက်ကချင်ပြည်နယ်၊အဲဒီကနေဗကပတို့ရဲ့မုံးကိုးဒေသ၊ပီးတော့တရုတ်ပြည်ခရီးစဥိတွေကိုဖတ်ရတာတော်တော်လေးတော့ကောင်းပါတယ်ဝေဖန်စရာတွေတော့ပါတာပေါ့။စာဖတ်လို့ညောင်းလာရင်လမ်းထလျှောက်တယ်။တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာပဲခေါက်တုံ့ခေါက်ပြန်။ညနေနာရီခွဲတော့ရေချိုးတစ်ခါချတယ်။ပြီးတာနဲ့တိုက်ခန်းတံခါးသော့ခတ်ပြီးပြန်ပိတ်ထားတယ်။ညနေတန်းပိတ်ခါနီးအချိန်ဖြစ်တဲ့နာရီဝန်းကျင်လောက်ကျတော့ဆရာဝန်တွေဆေးလာစစ်တယ်။သွေးပေါင်ချိန်တယ်။နှလုံးခုန်နှုန်း၊သွေးခုန်နှုန်းတွေတိုင်းတယ်။သွေးထဲကသကြားဓာတ်ကိုတော့မနက်ကျမှဖောက်စစ်မယ်ပြောတယ်။ဒီတညကိုခပ်အေးအေးပဲဖြတ်သန်းလိုက်တယ် 

အပိုင်း - 

၂၄၊၂၅၊၂၆အောက်တိုဘာ၂၀၁၅နေ့တွေမှာတော့သိပ်မထူးမခြားနားပဲဖြတ်သန်းဖြစ်လိုက်တယ်။အထူးသဖြင့်၂၃ရက်နေ့ကနေ၂၆ရက်ညနေပိုင်းအထိသိသိသာသာကြီးမရုန်းကန်ရသေးပါဘူး။မနက်နာရီလောက်ဆိုကျနော့်ကိုမျက်နှာသစ်ဖို့၁၀မိနစ်လောက်ခဏအခန်းတံခါးဖွင့်ပေးမယ်။မနက်၁၀ခွဲ၊၁၁နာရီလောက်ဆိုမနက်ပိုင်းရေချိုးချိန်၁၅မိနစ်လောက်ခဏအခန်းတံခါးဖွင့်ပေးမယ်။ညနေနာရီခွဲနာရီလောက်ဆိုညနေရေချိုးချိန်၁၅မိနစ်လောက်ခဏတံခါးဖွင့်ပေးမယ်။တစ်နေ့ကြိမ်ပုံမှန်ဖွင့်ပေးတယ်။တစ်နေ့တစ်ကြိမ်လမ်းခဏလျှောက်ခွင့်ပေးတယ်။မနက်ရေချိုးချိန်ဒါမှမဟုတ်ညနေရေချိုးချိန်မှာပေါ့။ရေချိုးလို့ပိုတဲ့အချိန်လေး၁၅မိနစ်ပြည့်အောင်ခဏလမ်းလျှောက်ခွင့်ပြုတဲ့သဘောပါ။

အစတုန်းကတော့တစ်နေ့ဝတ်ပီးသားအဝတ်တွေကိုတစ်နေ့ပုံမှန်လျှော်ဖွတ်လှမ်းဖြစ်တယ်။ကိုယ့်ဘာသာကိုယ်လျှော်ဖွတ်လှမ်းတာပါ။အစနေ့မှာအဝတ်လျှော်ရတာပြဿနာမဟုတ်ပေမယ့်နောက်ရက်တွေအဝတ်လျှော်ရတာဒုက္ခရောက်လာတယ်။ဘယ်လိုဒုက္ခရောက်လဲဆိုရင်လက်မောင်းကြွက်သားတွေနှစ်ဖက်စလုံးနာကျင်လာတယ်။ရက်ကြာလေပိုပီးနာလေပဲ။နာတဲ့ဒဏ်ကတော်တော်နဲ့ပျောက်မသွားဘူး။ပိုပိုပီးတော့လဲမောမောလာတယ်။ကြာတော့အဝတ်တွေကိုနာနာမရိုက်၊မပွတ်နိုင်တော့ဘူး။ဖွဖွလေးပဲထုထောင်းရတယ်။ရေစိုအဝတ်တွေကိုလဲရေစင်အောင်ဆပ်ပြာရည်ပြောင်စင်အောင်ရေမဆေး၊ရေမညှစ်နိုင်တော့ဘူးဖြစ်လာတယ်။နောက်ဆုံးကုန်ကုန်ပြောရရင်ဆံပင်နဲ့ကိုယ်လုံးကိုရေစင်အောင်တဘက်နဲ့ပွတ်တာတောင်ခပ်ဖွဖွနဲ့ခဏလေးပဲသုတ်နိုင်လာတော့တယ်။အဝတ်လျှော်ရမှာကိုကြောက်လန့်လာတော့တယ်။ငါ့အဝတ်ငါမှမလျှော်ရင်ဘယ်သူမှလာလျှော်ပေးမှာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့အားတင်းပီးလျှော်နေရတာပဲ။

အပိုင်း - 

အဆောင်မှာကျန်နေတဲ့ရဲဘော်တွေကထုံးစံအတိုင်းကျနော်ရေချိုးထုတ်ချိန်နဲ့ကိုက်ပီးအဆောင်ပေါ်တက်လာတယ်။နှုတ်ဆက်ကြ၊မေးမြန်းကြတယ်။ရေချိုးကန်ကကျနော့်အခန်းနေရာထက်စာရင်အဆောင်၁၀နဲ့ပိုပီးနီးတော့စကားပြောလို့ကောင်းကောင်းကြားရတယ်။သူတို့ကပြောရှာပါတယ်။အဝတ်တွေကိုမလျှော်နဲ့သူတို့ဆီကိုဝန်ထမ်းကတဆင့်ပို့ခိုင်းလိုက်။သူတို့လျှော်ပေးပီးပြန်ပို့ပေးမယ်ပေါ့။ကျနော်သူတို့ကိုဘယ်လျှော်ခိုင်းရက်ပါ့မလဲဗျာ။ကျနော့်ထုံးစံအတိုင်းဟုတ်ကဲ့၊အင်းပါလို့ပြောပီးမလျှော်ခိုင်းဖြစ်ပါဘူး။တကိုယ်ရည်သန့်ရှင်းရေးအတွက်နဲ့ကျန်းမာရေးအတွက်ရေပုံမှန်ချိုး၊အဝတ်ပုံမှန်လျှော်လုပ်နေရတာ။တကယ်ကကျနော့်အဖို့ရက်ကြာလာတာနဲ့အမျှပင်ပန်းလာတယ်။မောပန်းလာတယ်။လူလဲနုံးချိလာခဲ့တယ်။လမ်းလျှောက်နှုန်းလဲလျော့ကျလာတော့တယ်။ 

အစာငတ်ခံဆန္ဒပြတဲ့အချိန်ကျမှပဲကျနော်လဲတရားထိုင်တဲ့အကျင့်ရလာတယ်။တရားထိုင်တယ်ဆိုတာထက်တရားရှုမှတ်တဲ့အလေ့အကျင့်ရလာတယ်ဆိုရင်ပိုမှန်လိမ့်မယ်။၁၅မိနစ်လောက်ထိုင်ပီးဝင်သက်ထွက်သက်ရှုမှတ်ုကြည့်တယ်။ခါးကိုမတ်မတ်ထားပီးလက်နှစ်ဖက်ကိုတင်ပြင်ခွေထားတဲ့ခြေထောက်အပေါ်ခပ်ဆန့်ဆန့်တင်ထားပီးရှုမှတ်တာ။အာရုံတွေစုစည်းဖို့ခက်မှန်းသိလာပေမယ့်ထိန်းနိုင်သလောက်ထိန်းဖြစ်လာတယ်။အတွေးသိပ်မပွားဖြစ်တော့စိတ်ကိုပိုပီးတည်ငြိမ်စေတာပေါ့။လှဲလျောင်းနေရင်းနဲ့လဲရှုမှတ်ဖြစ်သေးတယ်။ပက်လက်လှန်ပီးခြေလက်တွေကိုဆန့်တန်းချထားတယ်။အာရုံကြောတွေတင်းမထားပဲပြေလျော့လျော့ထားလိုက်တယ်။ ပြီးတာနဲ့ဝင်လေထွက်လေရှုကြည့်လိုက်တယ်။လမ်းလျှောက်ရင်းတောင်ရှုဖြစ်လာသေးတယ်။ခြေကြွရင်ကြွတယ်မှတ်တယ်။ခြေချလိုက်ရင်ချတယ်လို့မှတ်ကြည့်တယ်။အာရုံသိပ်မပျံ့တော့လို့သဘောကျနေမိတယ်။ခေါင်းမူးလာပီ၊ခေါင်းနည်းနည်းကိုက်လာပီဆိုတာနဲ့တရားမှတ်တာတွေလုပ်လိုက်တယ်။၁၅မိနစ်လောက်ပေါ့။အလုပ်ဖြစ်တယ်ဗျ။ခေါင်းမူးခေါင်းကိုက်တွေအရှင်းပျောက်မသွားတောင်လျော့ပါးသက်သာတာတော့အမှန်ပဲ။ 

HS (Hunger Strike) မဝင်ခင်ကကောအခုဝင်ပီးသွားတဲ့နောက်ပိုင်းမှာရောပါစောစောကပြောသလိုတရားရှုမှတ်တာတွေမလုပ်ဖြစ်ခဲ့၊ဆက်မလုပ်ဖြစ်တော့ပါဘူးဗျာ .... ဟီး။နှင်းမုန်တိုင်းထဲက၂၆ရက် 

အပိုင်း - 

အစာငတ်ခံတဲ့ရက်တွေတစ်ရက်ပီးတစ်ရက်ကြာလာတာနဲ့အမျှကျနော့်ရဲ့ကိုယ်ခံအားနဲ့ကျန်းမာရေးအခြေအနေတွေလဲတဖြည်းဖြည်းကျလာ၊ဆုတ်ယုတ်လာပါတော့တယ်။ပထမဆုံးအစာငတ်ခံစတဲ့နေ့ဖြစ်တဲ့၂၃အောက်တိုဘာ၂၀၁၅နေ့တုန်းကမိန်းဂျေးမှာပဲဆရာဝန်တွေကကျနော့်ကျန်းမာရေးကိုစစ်ဆေးကြတယ်။ကျန်းမာရေးစစ်ဆေးတယ်ဆိုတာကိုယ်အလေးချိန်ချိန်မယ်။သွေးပေါင်ချိန်တိုင်းမယ်။သွေးထဲမှာရှိတဲ့သကြားဓာတ်ကိုဖောက်စစ်မယ်။နှလုံးခုန်နှုန်း၊သွေးခုန်နှုန်းကိုတိုင်းမယ်။ဒါကိုဆိုလိုတာပါ။ 

ဆေးစစ်တဲ့အချိန်မှာထောင်ဆေးရုံအုပ်ရှိမယ်။သူကဒေါက်တာပါ။ရာထူးကဒုထောင်ပိုင် (ထောင်ပိုင်လေး) နဲ့အဆင့်တူတယ်။ပုခုံးပေါ်မှာတစ်ဘားနဲ့တစ်ပွင့်တပ်ထားတယ်။နာမည်တော့မမှတ်မိပါဘူး။ပီးရင်ပုခုံးပေါ်မှာသုံးပွင့်ပါတဲ့ဒေါက်တာရှိမယ်။အဆင့်ကထောင်မှူးကြီးအဆင့်နဲ့အတူတူ။နာမည်ကဒေါက်တာအောင်သူထက်။ပီးရင်ပုခုံးပေါ်မှာပွင့်ပါတဲ့ဆေးမှူးရယ်။ပွင့်ပါတဲ့ဆေးမှူးရယ်ရှိမယ်။ 

မိန်းဂျေးမှာသူတို့ဆေးစစ်တော့၂၃အောက်တိုဘာ၂၀၁၅နေ့မှာကျနော့်ကိုယ်အလေးချိန်က၁၃၄ပေါင်ပါ။သွေးပေါင်ချိန်က၁၃၀_ ၈၀ပါ။နှလုံးခုန်နှုန်းသွေးခုန်နှုန်းတွေကကောင်းပါတယ်။ပမာဏတော့မမှတ်မိတော့ဘူး။သွေးထဲကသကြားဓာတ်ကိုအဲဒီနေ့မှာဖောက်မစစ်ဖြစ်ပဲနောက်နေ့မှဖောက်စစ်ဖြစ်တယ်။သကြားဓာတ်က၉၈လို့သိရတယ်။

ဆေးစစ်တဲ့ကိစ္စကိုတစ်နေ့နှစ်ကြိမ်ပုံမှန်လာစစ်တယ်။မနက်တစ်ခါ၊ညနေတစ်ခါ။ပထမဆုံးနေ့ရဲ့ကျနော့်သွေးပေါင်ချိန်၊ကိုယ်အလေးချိန်၊သကြားဓာတ်ပမာဏတွေကိုနောက်နေ့မှာရဲဘော်တွေကိုကျနော်လှမ်းပြောထားလိုက်တယ်။နောက်ရက်တွေမှာကျနော့်ကိုယ်အလေးချိန်၊သွေးပေါင်ချိန်၊သကြားဓာတ်တွေ၊နှလုံးခုန်နှုန်းတွေဟာတဖြည်းဖြည်းကျကျလာပါတယ်။

၂၆ရက်နေ့ရောက်တော့သကြားဓာတ်ကတော်တော်လေးဆိုးဆိုးဝါးဝါးကျဆင်းသွားပီ။ကိုယ်အလေးချိန်က၁၃၄ပေါင်ရှိရာကနေ၂၆ရက်နေ့မှာ၁၂၀ကျော်ပဲရှိတော့တယ်။သွေးပေါင်ချိန်ကလဲ၉၀ _ ၆၀ဖြစ်သွားပီ။သကြားဓာတ်က၉၈ရှိရာကနေ၄၃အထိကျဆင်းသွားတယ်။သကြားဓာတ်ကျတော့နှလုံးခုန်နှုန်းပါလိုက်ကျသွားတယ်လို့ပြောတယ်။၂၆ရက်နေ့မှာ ECG နှစ်ကြိမ်လောက်ရိုက်ပီးစစ်ဆေးတယ်။နှလုံးအခြေအနေသိပ်မဟန်ဘူးလို့ပြောလာတယ်။ကျနော်လဲခေါင်းတော်တော်မူးလာပြီ။

အပိုင်း  - 

နာရီလောက်ကျတော့အခန်းတံခါးသော့ဖွင့်သံကြားလိုက်မိတယ်။ကျနော်ပက်လက်လှဲပီးမှိန်းနေတုန်း။ဒီအချိန်ကြီးကျမှဘာလို့တံခါးလာဖွင့်ရတာလဲပေါ့ .... တွေးမိသေးတယ်။ဖိနပ်သံတွေနားထောင်ကြည့်လိုက်တော့လူအရေအတွက်တော်တော်များများရဲ့ခြေသံတွေဆိုတာသိလိုက်တယ်။ဒါနဲ့မျက်လုံးကိုဖတ်ကနဲဖွင့်ကြည့်လိုက်မိရော။ထောင်ပိုင်လေးပါလာတာတွေ့လိုက်တော့ဘာတွေလဲပေါ့။ဆေးရုံအုပ် (ထောင်ဆေးရုံ) လဲပါလာသလိုဆေးမှူးတွေ၊တခြားဝန်ထမ်းတွေရောစုံလို့ပဲ။ထောင်မှူးကြီးတွေလဲပါလေရဲ့။လူစုံတက်စုံပါပဲ။ထောင်ပိုင်လေးကစပြောတယ်။ကျနော်လှဲနေရာကထိုင်လိုက်တယ်။သူတို့ကတော့မတ်တပ်ရပ်လျက်။ 

သူပြောတာရဲ့လိုရင်းကတော့ကျနော့်မှာသကြားဓာတ်နဲနေပီ။တခြားဟာတွေလဲကျနေပီ။နှလုံးမှာလဲဒဏ်ဖြစ်နေပီ။ကျနော့်ကျန်းမာရေးအခြေအနေဆိုးဝါးနေပီပေါ့။ဆေးကုသမှုခံယူပါ။ဆေးကုသမှုမခံယူရင်ကျနော့်အခြေအနေမကောင်းနိုင်ဘူး။ဆိုးဝါးသွားရင်အချိန်မီကုသဖို့မလွယ်တာကြောင့်အခုပဲဆေးကုသမှုခံယူလိုက်ပါပေါ့။အဲလိုပြောလာပါတယ်။ 


တကယ်တမ်းပြောရရင်အခုသူတို့ပြောနေတဲ့စကားတွေဟာအခုမှစပြောတာမဟုတ်ဘူး။အစာငတ်ခံဆန္ဒပြတော့မယ်လို့ကျနော်ပြောတဲ့အချိန်ကစလို့သူတို့တတွေခဏခဏ၊မကြာခဏ၊နေ့စဉ်ရက်ဆက်၊အချိန်တိုင်းနီးပါးလာပြောနေကျပါ။ဟိုတနေ့ကဆိုထောင်ပိုင်ကြီးလို့ခေါ်လေ့ရှိတဲ့တာဝန်ခံအရာရှိဦးဇော်စစ်အောင်ကိုယ်တိုင်လာပြောသွားပါသေးတယ်။တခြားဝန်ထမ်းတွေလဲကင်းလှည့်ရင်းလာလာပြောကြတယ်။ကျနော့်နားထဲမှာတော့ဒီစကားတွေကမဆန်းကျယ်တော့ဘူး။အရင်လာပြောတုန်းကပြောရုံသက်သက်လာပြောကြတာဆိုတော့ကျနော့်ထုံးစံအတိုင်း"အင်း .... အင်း .... ဟုတ်ကဲ့"နဲ့ပဲငြိမ်ငြိမ်လေးနားထောင်ခဲ့တယ်။ဆရာဝန်တွေလာပြောရင်တော့ဗျောင်ငြင်းပယ်ပစ်တယ်။ 

အခုလာပြောနေတာကတကယ်လာပြောနေတာမို့ကျနော်ဗျောင်ပဲငြင်းလိုက်တယ်။ကျနော်ဘာဆေးဝါးမှလဲစားသောက်မှာမဟုတ်သလိုဘယ်လိုဆေးကုသမှုမျိုးကိုမှလဲခံယူမှာမဟုတ်ဘူးလို့ပြတ်ပြတ်သားသားပြောလိုက်တယ်။ထောင်ပိုင်လေးတို့အုပ်စုနည်းမျိုးစုံဘယ်လိုပြောပြောကျနော့်အဖြေကတော့တစ်ခုထဲသာ။ No .... နိုး .... ထောင်ပိုင်လေးမျက်နှာပျက်သွားပ်ီးဟန်းဖုန်းကိုထုတ်လိုက်တယ်။ပြီးတာနဲ့ထောင်ပိုင်ကြီးဆီလှမ်းဆက်နေတာကျနော်အတိုင်းသားကြားနေရတယ်။

အပိုင်း - 

ထောင်ပိုင်လေးကထောင်ပိုင်ကြီးဆီဖုန်းဆက်ပြောနေတာကိုကျန်ဝန်ထမ်းတွေကတိတ်တဆိတ်နားထောင်ရင်းအသင့်အနေအထားမှာရှိနေကြတယ်။ကျနော့်ကျန်းမာရေးအခြေအနေကိုအရင်တင်ပြနေတယ်။သကြားဓာတ်ကစိုးရိမ်ရတဲ့အနေအထားမှာရှိနေပြီလို့လဲပြောနေတယ်။ဘာဆက်လုပ်ရမလဲဆိုတာကိုပါအမိန်တောင်းခံနေတာတွေ့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့အရင်ပြောထားတဲ့အတိုင်းလုပ်လိုက်ရမှာပေါ့ .... ဟုတ်ကဲ့ပါ .... စသဖြင့်ထောင်ပိုင်လေးကအမိန့်တောင်းခံနေတာကိုပဲကြားနေရတယ်။ထောင်ပိုင်ကြီးဘက်ကဘာတွေပြန်ပြောနေတယ်ဆိုတာကိုတော့စပီကာဖွင့်မထားတဲ့အတွက်မကြားရ။ 

ဖုန်းဆက်တာပြီးသွားတော့ထောင်ပိုင်လေးကျနော့်အခန်းထဲပြန်ဝင်လာတယ်။ဆေးရုံကိုအသာတကြည်လိုက်ပီးဆေးကုသမှုကိုလဲကြည်ကြည်ဖြူဖြူခံယူဖို့ကျနော့်ကိုထပ်ပြောပြန်ပါတယ်။မေတ္တာရပ်ခံတဲ့သဘောထက်အမိန့်ပေးတဲ့အနေအထားလို့ပြောရလိမ့်မယ်။အဲဒီအခါကျတော့ကျနော့်ဘက်ကလဲပိုပီးပြတ်သားတိကျတဲ့စကားကိုပြန်ပြောရတော့တာပေါ့။ကျနော့်ဆန္ဒကတော့ဆေးရုံကိုမလိုက်နိုင်ဘူး။ဒီတိုက်ထဲမှာပဲဆက်နေမယ်။ဆေးကုသတာကိုလဲကျနော့်ဆန္ဒကတော့ဆေးကုသခံဖို့လုံးဝအစီအစဉ်မရှိဘူး.... လို့ပြန်ပြောလိုက်တယ်။ 

ဒါဆိုသူတို့ဘက်ကလုပ်စရာရှိတာကိုဆက်လုပ်ရလိမ့်မယ်လို့ပြောလာတယ်။ကျနော်ကလဲထောင်ပိုင်လေးတို့ဘက်ကတော့လုပ်စရာရှိရင်လုပ်နိုင်ပါတယ်လို့ပဲယဉ်ယဉ်ကျေးကျေးတုန့်ပြန်လိုက်တယ်။ကျနော်ဘယ်ခေါင်အာဏာပိုင်ကိုမှရိုင်းရိုင်းစိုင်းစိုင်းမတုန့်ပြန်ပါဘူး။တခြားရဲဘော်တွေကိုလဲဒီလိုပဲတုန့်ပြန်ဖို့ကိုယ့်ဘက်ကယဉ်ကျေးဖို့အမြဲတိုက်တွန်းခဲ့ဖူးတယ်။ကိုယ်ကိုတိုင်လဲဒီလိုပဲကျင့်သုံးတယ်။ smart ဖြစ်ရမယ်ပေါ့။

ကဲ .... သူ့ကိုချုပ်ပီးသယ်ဖို့လုပ်၊ပြီးရင်အပြင်ရောက်မှဝှီးချဲပေါ်တင်၊ဝှီးချဲပါလာပီလား ... စသဖြင့်ထောင်ပိုင်လေးကသူ့ဝန်ထမ်းတွေကိုအမိန့်တွေဆက်တိုက်ပေးနေပါတယ်။ဝန်ထမ်းအင်အားများလှပါတယ်။၁၀ယောက်မကပါဘူး။ဒုထောင်ပိုင်ကနေထောင်မှူးကြီး၊ထောင်မှူး၊အကြပ်၊ရိုးရိုးတပ်သား၊ဆေးဝန်ထမ်း .... အို .... စုံလို့ပါပဲ။အကျဉ်းသားတွေတော့ပါမလာပါဘူး။ဝန်ထမ်းတွေချည်းသက်သက်ပါ။ဝန်ထမ်းနှစ်ယောက်ကကျနော့်ချိုင်းကြားကိုတဖက်စီဆုပ်ကိုင်ချိတ်ပီးကျနော်ထိုင်နေတဲ့အနေအထားကနေဆွဲမလိုက်ကြတယ်။ကျနော်ကအထိုင်ပုံစံမဖြုတ်ဘူး။သိပ်တော့မရုန်းကန်ပါဘူး။ရုန်းကန်ဖို့အားလဲသိပ်မှမရှိတာ။အထိုင်ပုံစံမဖြုတ်တော့လူကသာအပေါ်မြောက်တက်ပီးပါသွားတယ်။ခြေထောက်အစုံကတမံသလင်းပေါ်မှာတရွတ်တွဲလျက်ကြီး။ဟေ့ကောင်တွေခြေထောက်နာသွားလိမ့်မယ်။ခြေထောက်ပါဝိုင်းမကြလို့ဒုထောင်ပိုင်ရဲ့အော်ဟစ်သံကြားရတယ်။ချိုင်းကိုထားတဲ့ဝန်ထမ်းဦးကပဲခြေထောက်ကိုကျန်တဲ့လက်တဖက်တွေနဲ့ပြီးပွေ့ချီသွားကြလေရဲ့ .... တိုက်ခန်းအပြင်ဘက်ဆီကို ....

အပိုင်း - ၁၀

ကျနော်နေနေရတဲ့တိုက်နဲ့တိုက်ဝင်းဝင်ပေါက်ဟာတော်တော်လေးဝေးပါတယ်။တိုက်ကနေတိုက်ဝင်းဝင်ပေါက်ကိုသွားဖို့စကြလမ်းလေးတစ်လမ်းပဲရှိပါတယ်။အဲဒီစကြလမ်းဟာလဲတောတော်လေးကျဉ်းမြောင်းပီးရှည်လျားတယ်။စကြလမ်းကျဉ်းလေးရဲ့ဘေးနှစ်ဖက်စလုံးမှာကတောင်ယာစိုက်ခင်းတွေအပြည့်လုပ်ထားတယ်။စင်္ကြံလမ်းကဘာနဲ့တူလဲဆိုရင်လယ်ကန်သင်းရိုးဘောင်နဲ့တူနေတယ်။စင်္ကြံလမ်းကအုတ်လမ်းမဟုတ်ဘူး။မြေဖို့ထားတဲ့လမ်းဘောင်တစ်ခုမို့ဝှီးချဲသွားဖို့အစဉ်မပြေဘူး။ကျဉ်းလဲကျဉ်းလို့မို့ဝှီးချဲသွားဖို့ခက်ပါတယ်။ဒါကြောင့်ကျနော့်ကိုတင်မယ့်ဝှီးချဲကိုတိုက်ဝင်းဝင်ပေါက်ဖြစ်တဲ့မိန်းဂျေးလမ်းမကြီးပေါ်မှာပဲထားထားခဲ့ပုံရပါတယ်။ 

အဲဒီတော့ကျနော့်ကိုချီပွေ့ထားတဲ့ဝန်ထမ်းနှစ်ယောက်စလုံးကျနော့်ကိုယ်လုံးကိုမနည်းမပြီးစင်္ကြံလမ်းကျဉ်းလေးပေါ်မှာခက်ခက်ခဲခဲသယ်လျှောက်နေရတယ်။သူတို့မောလည်းမောနေကြပုံရတယ်။ကျနော့်ကိုချီပွေ့ထားတဲ့ဝန်ထမ်းဦးထဲမှာကျနော်နဲ့ရင်းနှီးတဲ့ဝန်ထမ်းတစ်ဦးလဲပါတာကိုသတိပြုမိလိုက်တယ်။သူကကျနော်တို့၁၀အဆောင်မှာတာဝန်ကျဖူးတယ်။ရစ်နဲ့ထောင်ကြပ်ပေါ့။ကိုချစ်ကိုလို့ခေါ်တယ်။သဘောလဲကောင်းရှာပါတယ်။ဝန်ထမ်းယောက်ကျနော့်ကိုခက်ခက်ခဲခဲပွေ့ချီပြီးတိုက်ဝင်းပေါက်ရောက်လာတယ်။တိုက်ဝင်းပေါက်မိန်းဂျေးလမ်းမကြီးပေါ်ကဝှီးချဲဆီရောက်မှကျနော့်ကိုဝှီးချဲပေါ်အသာအယာချလိုက်ကြတယ်။ပြီးတာနဲ့ဆေးရုံကိုတန်းခေါ်သွားကြတယ်။ဝန်ထမ်းတွေများစွာခြံရံလျက်၊အချိန်ကနာရီလောက် ....

ဆေးရုံဝင်းနဲ့တိုက်ဝင်းကလဲတော်တော်လေးလှမ်းပါတယ်။တိုက်၊တိုက်ဝင်းဘေးမှာတိုက်၊တိုက်ဝင်းရှိတယ်။အဲဒီဘေးမှာဆောင်၊ဆောင်တွေပီးမှဆေးရုံဝင်းထဲရောက်တယ်။ဆေးရုံဝင်းထဲရောက်တော့နာလန်ထအဆောင်ဘက်ကိုဝှီးချဲနဲ့တွန်းပြီးပို့တယ်။နာလန်ထဆောင်ကအခန်းခန်းရှိတယ်။အခန်းမှာကျနော့်ကိုသွင်းလိုက်တယ်။ညကြီးအချိန်မတော်မှရောက်လာတာမို့အဆောင်အသီးသီးမှာရှိတဲ့အကျဉ်းသားလူနာတွေကကျနော့်ကိုတအံ့တဩကြည့်နေကြတယ်။

အခန်းထဲကကုတင်တစ်ခုပေါ်ကိုဝှီးချဲပေါ်ကနေဆွဲမပီးကျနော့်ကိုတင်လိုက်ကြတယ်။ပြီးတာနဲ့ကျနော့်ခြေနှစ်ချောင်းရော၊လက်နှစ်ဖက်ရော၊ခေါင်းရော၊ရင်ဘတ်ရောပါဝန်ထမ်း__ယောက်လောက်ကဝိုင်းချုပ်ထားလိုက်တယ်။ကျနော့်မှာပက်လက်လှန်ရက်အနေအထားနဲ့ရုန်းကန်နေရတယ်။

Shwe Taung Group မှ Microsoft နှင့်အတူ ထိရောက်မှုရှိခြင်း၊ ထုတ်လုပ်အား ကောင်းမွန်ခြင်း နှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်

$
0
0
Shwe Taung Group မှ Microsoft နှင့်အတူ ထိရောက်မှုရှိခြင်း၊ ထုတ်လုပ်အား ကောင်းမွန်ခြင်း နှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာစေရန် ဆောင်ရွက်

ရန်နောင်(ဗိုလ်တထောင်)     မိုးမခ     နိုဝင်ဘာလ ၂၆ - ၂၀၁၅

          Shwe Taung Group သည်မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကော်ပိုရေးရှင်းများတွင် အပါအဝင်ဖြစ်ပြီး  မိုဘိုင်း နှင့် cloud တို့ကို ပိုမိုဦးစားပေးလာသည့် ( mobile- first, cloud-first world ဖြစ်သည့်) ယနေ့ကမ္ဘာပေါ်တွင် ထိရောက်မှုရှိခြင်း ၊ ထုတ်လုပ်အားကောင်းမွန်ခြင်းနှင့် လုံခြုံရေးစနစ်တို့ ပိုမိုမြင့်မားလာစေရန် Microsoft solution များတွင် ရင်းနှီးမြုပ်နှံမည်ဖြစ်ကြောင်း Microsoft  နှင့် ရွှေတောင်အုပ်စုမှ ထုတ်ပြန်ကြေငြာခဲ့သည်။
ဦးအောင်ဇော်နိုင်


          Shwe Taung Group မှ Group Chief Executive Officer  ဖြစ်သော ဦးအောင်ဇော်နိုင်က `` Shwe Taung ရဲ့ လုပ်ထုံးလုပ်နည်း ဓလေ့မှာ အဓိကအဖြစ် အမြဲပါတာကတော့ တာဝန်သိ ရင်းနှီးမြုပ်နှံမှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပါတယ်။ အခု Microsoft နဲ့ ပူးပေါင်းမှုကလည်းကျနော်တို့ အဖွဲ့အစည်းရဲ့ ခိုင်မာတဲ့ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ နိုင်ငံတကာ စီးပွားရေးလုပ်ထုံးများကို အသုံးပြုမှုနဲ့ ဥာဏပစ္စည်းမူပိုင်ခွင့်ကို လေးစားမှုစတဲ့ ရည်သန်ချက်တေါကို ပိုမို ခိုင်မာစေပါတယ်။ Microsoft ကို ကျနော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ မိတ်ဖက် အဖြစ် ပူးပေါင်းလိုက်တာကြောင့် ပိုမိုကောင်းမွန်တဲ့ နည်းပညာပိုင်းဆိုင်ရာ Platform တွေနဲ့ အလုပ်လုပ်နိုင်ပြီး လုပ်ငန်းဆောင်တာတွေကို ပိုပြီး ထိထိရောက်ရောက် ၊ထုတ်လုပ်နိုင်အား မြင့်မြင့်နဲ့ လုံခြုံမှု အပြည့်နဲ့ လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ရဲ့ stakeholder တွေအတွက် ပိုပြီး ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာပါ ´´ ဟု ပြောကြားခဲ့သည်။


          `` မြန်မာနိုင်ငံမှာ ဦးဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းစုတခုဖြစ်တဲ့အလျောက် စီးပွားရေးလုပ်ငန်းကောင်း တခုအနေနဲ့ သတ်မှတ်စံချိန်တခုထိ ရောက်သွားဖို့ ပြီးတော့ ကျနော်တို့ supply chain က  stakeholder တွေကိုလည်း အပြုသဘောဆောင်လက္ခဏာတစ်ခုကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ထားပါတယ် ´´ ဟု ဆက်လက်ပြောကြားခဲ့သည်။



          Southeast Asia New Markets, Microsoft Asia Pacific အထွေထွေမန်နေဂျာ ဖြစ်သော Michelle Simmons မှ `` မြန်မာနိုင်ငံရဲ့ စီးပွားရေး ပွင့်လင်းလာပြီး ကဏ္ဍအသီးသီးမှာ အခွင့်အလမ်း အများအပြားပေါ်ပေါက်လာတဲ့ အလျောက် အဖွဲ့အစည်းတွေအနေနဲ့ ခြေလှမ်းနှစ်လမ်းလောက် ရှေ့သွားထားမှ ဖြစ်မှာပါ။ နောက်ဆုံးပေါ် နည်းပညာတွေကိုလည်း အသုံးပြုသင့်ပြီး မိမိတို့ရဲ့ ဖောက်သည်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု ပေးသွားနိုင်မှာ ဖြစ်တယ် ဟု ပြောကြားခဲ့သည်။

Microsoft (Nasdaq “ MSFT ”@microsoft ) သည် mobile နှင့် cloud ဦးစားပေးကမ္ဘာပေါ်တွင် platform နှင့် ထုတ်လုပ်မှုစွမ်းရည်ဆိုင်ရာ ရှေ့ဆောင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် အဖွဲ့အစည်းအားလုံးကို ပိုမိုအောင်မြင်နိုင်ဖို့အတွက် စွမ်းရည်မြှင့်ပေးရန်ဖြစ်သည်။
၁၉၉၀ ပြည့်လွန်နှစ်များတွင် တည်ထောင်ခဲ့သည့် Shwe Taung Group သည် စီးပွားရေးလုပ်ငန်းခွဲပေါင်းများစွာဖြင့် အိမ်ခြံမြေလုပ်ငန်း၊ ပိုင်ဆိုင်မှုဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊စွမ်းအင်နှင့် အခြေခံအဆောက်အအုံ၊ ကုန်သွယ်မှု နှင့် အာမခံလုပ်ငန်းများ စသည့် ကဏ္ဍများစွာတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်။ BMW မော်တော်ယာဉ်များအတွက်လည်း တရားဝင် ဖြန့်ချိခွင့်ရရှိထားသည်။ မြန်မာနိုင်ငံအတွက် အရည်အသွေးမြင့် အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ Crystal Tower, Crystal Residences, Junction Square , Union Business Centre, Union Financial Centre စသည့် မြေဧက ၈၀၀ ကျော်တွင် စီမံကိန်း ၅၀ ကျော်ကို ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ မကြာမီတွင်လည်း ရန်ကုန်မြို့တွင် Junction City   ဆောက်လုပ်မည် ဖြစ်သည်။ အဖွဲ့သည် လူမှုရေးနှင့် ပတ်ဝန်းကျင်တိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ ကျယ်ပြန့်သော လူမှု တာဝန်သိ အစီအစဉ်များမှ တဆင့် ဆောင်ရွက်လျက်ရှိသည်။ United Nations Global Compact ၏ အဖွဲ့ဝင်အဖြစ် ၂၁၀၃ ခုနှစ်မှ စတင်ခဲ့သည်။











ဒီလူည - အ, နေတဲ့လမ်း

$
0
0
ဒီလူည - အ, နေတဲ့လမ်း
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

ကျွန်မ ညကမက်ခဲ့တဲ့
အိပ်မက်ကို ပြန်နှိုးလိုက်တယ်
လေပေါင်မပြည့်တဲ့
ဘဝတွေရဲ့အသက်ရှူသံတွေ
မိုးဦးကဖားတွေလို
အဆုပ်လိုက် အခိုင်လိုက် ပွင့်အာနေတာကိုတွေ့ရဲ့
အမှန်လား အမှာလား
(ဒါ ကျွန်မရဲ့)
ထင်ယောင် ထင်မှား အစစ်အမှန်တွေလား
လားပေါင်းများစွာဟာ
လားတစ်ကောင်လိုကန္တာရထဲ ခြေဆန့်
ဆေးလိပ်ဝယ်ဖို့ ထွက်သွားတဲ့
မြန်မာ့ဝတ္ထုရေးဆရာ တစ်ယောက်လို
ပင်လယ်လေ ရှူဖို့ထွက်သွားတဲ့
ကမ္ဘောဒီးယား လူငယ်တစ်ယောက်လို
မျှော်လင့်ချက်တွေနဲ့ ကျွန်မ
ဆွဲဆန့်နေရတဲ့ မနက်ခင်းတွေ
ည ည အငိုတိတ်အောင်
ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့
တောင်းနေတဲ့ သားချော့တေးလို
ကျွန်မက ဝါယာတွေထဲ
စီးဆင်းနေတဲ့ လျှပ်စီးတစ်ခုလား
အရှက်နဲ့ လူမလုပ်ပဲ
အသက်နဲ့ လူလုပ်နေတဲ့ ရှင်တို့လိုပေါ့
ဘယ်မှာဖြစ်ဖြစ်
ခလုတ်နှိပ်ပြီဆိုတာနဲ့ ကျွန်မက လင်းပြီးသား
မေတ္တာတရားကို ရောင်းဝယ်ဖောက်ကားနေတဲ့
မြို့ပျက်ကြီးမှာပေါ့ရှင်။   ။

ကာတွန်း ဇာနည်ဇော်ဝင်း - သောက်ကျင့်ကောင်းသော်

$
0
0
ကာတွန်း ဇာနည်ဇော်ဝင်း - သောက်ကျင့်ကောင်းသော်

(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

ကော်နာမက်ဒေါ်နယ်၊ ဖြိုးသီဟချို - မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

$
0
0
နိုဝင်ဘာ ၂၁ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ၄၈ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွက် နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ခဲ့သည် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ကော်နာမက်ဒေါ်နယ်၊ ဖြိုးသီဟချို - မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇

ယခု သတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) - တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တို့ စတင်ပြုလုပ်သော ဆွေးနွေးပွဲများတွင်  ပါဝင်ခွင့်မရသည့် နိုင်ငံရေးပါတီတချို့က  မကျေမနပ် ကန့်ကွက်လျှက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နေ့က   ချုပ်ဆိုသော စာချုပ်တွင်   ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့တို့  လက်မှတ်ထိုး ခဲ့ကြသည်။

စာချုပ်တွင် လက်နက်ကိုင်အဖွဲ့ငယ် သုံးဖွဲ့ ပါဝင်ခွင့်ကို အစိုးရက ငြင်းဆိုခဲ့သောကြောင့်  လက်မှတ်ရေးထိုးခြင်း မပြုခဲ့သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့တွင် ညီညွတ်သော ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ ပါဝင်သည်။

စာချုပ် ချုပ်ဆိုသည့်ကာလ ဖြစ်သော်လည်း လွန်ခဲ့သည့် သီတင်းပတ်များက အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

စာချုပ်အရ  တိုင်းရင်းသားအဖွဲ့များ တောင်းဆိုထားသည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး ကဲ့သို့သော အကြောင်းအရာ များကို ညှိနှိုင်းပြောဆိုမည့် နိုင်ငံရေးဆွေးနွေးပွဲတို့ကို စာချုပ်လက်မှတ်ရေးထိုးပြီး သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၆ ဦး၊   အစိုး ရ၊ လွှတ်တော်နှင့်တပ်မတော်တို့မှ ၁၆ ဦး၊  နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦး တို့ကို ရွေးချယ်ထားရာ စုစု ပေါင်း ကိုယ်စားလှယ် ၄၈ ဦး ပါဝင်သည်။

ဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီပေါင်း ၈၇ ခုမှ ကိုယ်စားလှယ်များပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်း ပသည့် အစည်းအဝေးကို သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (MPC) မှ ထင်ရှားသည့်   အကြံပေး ပုဂ္ဂိုလ်များက  ဦးဆောင်သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို၂ဝ၁၂ ခုနှစ်မှ စတင်၍ အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သည့် ဦးအောင်မင်းသည် ပါတီကိုယ်စားလှယ်များအား ရွေးချယ်မှုကို ကြီးကြပ်ခဲ့ပြီး သူ၏ သဘောထားမှတ်ချက်နှင့်ဆုံးဖြတ်ချက်များအပေါ် နိုင်ငံရေးပါ တီအချို့က မကျေနပ်ကြပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောခဲ့သည်။ ယင်းကဲ့သို့ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ် နှစ်ဦးရရှိမှသာ သူ့အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ဆက်လက်ဦးဆောင် ပါဝင်ခွင့်ရမည်ဖြစ် သည်။
  
“NLD က ဆွေးနွေးပွဲမှာ နှစ်နေရာယူထားတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက နှစ်နေရာယူတာ မများဘူးလားလို့ ခင်ဗျားတို့အနေနဲ့ မေးချင်ပါလိမ့်မယ်။ စဉ်းစားရမှာက အကယ်၍ ဦးအောင်မင်း အစိုးရအဖွဲ့က ထွက်သွားပြီဆိုရင် ငါတို့ ဘယ်နေရာက နေမလဲ ဆိုတာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးရဲ့ဆွေးနွေးပွဲ ကိုယ်စားလှယ်နေရာမှာ ဆက်နေစေချင်သလား။ အဲဒီလိုဆိုရင် ပြည်ခိုင်ဖြိုးကို နှစ်နေရာ ပေးဖို့ လိုပါလိမ့်မယ်” ဟု သူက အစည်းအဝေး တက်ရောက်လာသူများကို ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ညီနောင်များ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့တို့ကို ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။ မဟာမိတ်အဖွဲ့များတွင်  တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စုစည်းထားခြင်း ဖြစ်သည်။

NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့အတွက် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ခဲ့ခြင်းအပေါ် တိုင်းရင်းသားပါတီတချို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် ပါတီငယ်များက မကျေမနပ်ဖြစ်ကာ အစည်းအဝေးတက်ရောက်သူတချို့က နေ့လယ်စာ စားချိန်မ တိုင်မီ  ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ပါတီကိုယ်စားလှယ်များ ထွက်သွားပြီးနောက်   ကျန်ရှိနေသူများထံမှ ဆန္ဒ သဘောထားယူကာ ဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီငယ် ၇ ခုကို  ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပါတီငယ်များသည် နိုဝင်ဘာ ၈  ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်တွင်မျှ ရွေးချယ်မခံခဲ့ရသော  အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

● ဆွေးနွေးပွဲဝင်ခွင့်မရသော ပါတီငယ်များ
ရွေးချယ်မှုရလဒ်ကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ဒေါသထွက်သွားကြသည်။

“တိုင်းရင်းသားတွေရဲ့ဆန္ဒကိုဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲ ကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်းသားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ ပုံစံမျိုးပဲ ပြန်ဖြစ်သွားတယ်။ တစ်ပါတီကို တစ်နေရာ ယူတာကတော့ အကောင်းဆုံးပဲပေါ့။ နှစ်နေရာကတော့ ဘယ်ပါတီကမှ မဖြစ်သင့်ဘူးပေါ့” ဟု ကရင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းစန္ဒာစုက ပြောသည်။

ဦးအောင်မင်းနှင့်MPC အကြံပေးပုဂ္ဂိုလ်များက အချိန်မလုံလောက်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သော်လည်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမည်ဟု ပြောခဲ့ကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးကန်လမ်ခွပ်က ပြောကြားသည်။ ၎င်းတို့ပါတီသည် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် လွှတ်တော် ၄ နေရာနှင့် ချင်းပြည်နယ်လွှတ်တော် ၂ နေရာအတွက် အနိုင်ရခဲ့သည်။

“လာပြီးချပြတဲ့သဘောပဲရှိတယ်။ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တချို့လည်း ထပြန်ကုန်တာရှိတာပဲလေ။ ဒါ ဒီမိုကရေစီနည်းလမ်း ဘယ်ကျမလဲ” ဟု ၎င်းက ပြောသည်။

အမျိုးသမီးပါတီ (မွန်)မှ မိသန်းရှင်က မိမိတို့ပါတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရခြင်းအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း၊ NLD ပါတီသည် အာဏာရပြီးပါက ဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအပေါ် ချဉ်းကပ်ကိုင် တွယ်မှု ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားသည်။

MPC အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၁ ဆွေးနွေးပွဲတွင် ပါတီအချို့က ကန့်ကွက်ကြသည်ဟု ဆို သည်။

“သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ မူဘောင်တစ်ခုကို ချမှတ်ရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“လုပ်ငန်းစဉ်ကတော့ အပြည့်အဝကောင်းမွန်တယ်လို့ မပြောနိုင်ပေမယ့် ဆွေးနွေးမယ့် ကိုယ်စားလှယ်အရေအတွက်ကို ပုံသေ အပြီး သတ်မှတ်မထားဘဲ အလျှော့အတင်းရှိမှာပါ။ ဇန်နဝါရီ ၁၄ ရက် နောက်ပိုင်းကျရင် အစိုးရသစ်အနေနဲ့ ပြန်လည် ဆွေးနွေးနိုင်ပါတယ်”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနနှင့် အစိုးရအနေဖြင့် နိုဝင်ဘာ ၂၁ ရက်က ဆွေးနွေးပွဲသို့ ပါတီငယ် အများအပြား တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ရသည့် အကြောင်းကို လေ့လာစောင့်ကြည့်သူတချို့က မေးခွန်း ထုတ်ခဲ့သည်။

“သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်တုန်းက ပါတီငယ်လေးတွေကို မဖိတ်ခဲ့ပါဘူး” ဟု တိုင်းရင်းသားများဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Myanmar Peace Monitor) မှ ဦးဇင်လင်းက ပြောသည်။

“NLD မှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အတွေအကြုံမရှိဘူးဆိုပြီး သူတို့တွေက ပြဿနာတွေ၊ အခက်အခဲတွေကို ထားသွား ချင်လို့ အခုလိုလုပ်တာပါ”

● အပစ်ရပ်လုပ်ငန်းစဉ်ကို NLD ဦးဆောင်မှာလား
ဒီဇင်ဘာလအတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖွယ်ရှိသည်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် မည်သည့် လမ်းကြောင်းမှ ချဉ်းကပ်မည်ကို NLD က  အကျယ်တဝင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အောက်တိုဘာတွင်ကျင်းပသည့် အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။

NLD ၏ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းဆိုင်ရာ ချဉ်းကပ်မှုသည် မြန်မာစစ်တပ်အတွက် အရေးပါသည့် အကြောင်းအရာ တစ်ရပ်ဖြစ်နေသည်။ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရန် ကြိုးပမ်းနေသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူမျိုး စုများနှင့် အစိုးရတပ်တို့ ဆယ်စုပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က နိုင်ငံရေးဆွေးနွေးပွဲတွင် ပါတီငယ်အများအပြား ပါဝင်လာ မည်ဟု မထင်ကြောင်း၊ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီက ပံ့ပိုးထားသည့် ပါတီငယ်အများအပြားရှိကြောင်း Myanmar Now သို့ ပြောကြားခဲ့သည်။

“နောက်ကျရင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်မှာပါ။ MPC ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်သွားပါမယ်” ဟု ဦးဝင်းထိန်က ပြောသည်။ ။

ခက်ဦး - ကဗျာဆရာမောင်နီမွန် နှစ်နှစ်ကာကာပြုံးလိုက်တဲ့ ညနေ

$
0
0
ခက်ဦး - ကဗျာဆရာမောင်နီမွန် နှစ်နှစ်ကာကာပြုံးလိုက်တဲ့ ညနေ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

မောင်နီမွန်တဲ့။ သူ့ရဲ့ ၁၉၅၈ မှသည် ၂၀၁၅ အထိ ကဗျာအားဖြင့်ဖြတ်သန်းမှုဆိုတာကြီးက မင်သက်မိအောင်အံ့သြစရာ၊ ကဗျာ ကဗျာ ကဗျာ ကဗျာနဲ့သာ တသားထဲကျအောင် ကိုယ့်ကိုယ်ကို စောင့်ကြည့်စိုက်ပျိုးဖူးပွင့်ရင့်သန်ခဲ့ပုံဆိုတာကြီးကလည်း ပြန်တွေးတဲ့အခါ ရင်ခုန်သံတွေမြန်လာလောက်အောင်ကြည်နူးစရာ၊ နိုင်ငံကျော်ကဗျာဆရာများနှင့် ပြင်ပမှာ facebook မှာ ကြုံရဆုံရလေတိုင်း မေးကြသည်က မောင်နီမွန်ကြီး ကျန်းမာပါရဲ့လားတဲ့။ ဟုတ်ကဲ့ပါ ဆရာကြီးမောင်နီမွန် ကံအကြောင်း မသင့်၍ လေဖြတ်ရောဂါ ခံစားနေရပါသော်လည်း နှလုံးသားကျန်းမာ ရွှင်လန်းစွာဖြင့် ယခုတိုင် စာနှင့်ကဗျာနှင့် ထုံမွေ့ရှင် သန်နေဆဲပါ။ ထို့အပြင် ထိုသို့မွေ့လျော်ရှင်သန်ခဲ့ခြင်းရဲ့ပြယုဂ်အဖြစ် ပင်လယ်ညကဗျာ ကဗျာစုစာအုပ် ထုတ်ဝေလိုက်နိုင် သည်အထိ ဆက်လက်ရှင်သန်နေဆဲပါခင်ဗျား။
......    .....   ...... ....... ...... ..... .......

၂၆ . ၁၁ . ၂၀၁၅ မှတ်မှတ်ရရ တန်ဆောင်မုန်းလပြည့်နေ့ညနေ၊ ကဗျာဆရာ မောင်သော်တာ၊ အောင်လွန်းမြိုင်၊ ကိုလွင် နန်းမြေ၊ ပန်းချီစိုးမြင့်လေး၊ ဒီသစ်၊ ဒဿနေမင်းတို့ရှိရာ၊ ကဗျာဆရာ ရန်လင်းအောင်၊ လွင်နောင်နောင်၊ ခက်ဦး၊ ကဗျာဆရာ ကိုသားကြီး၊ ဇေရ၊ လင်းရီဝေ၊ ခေတ်ဆူး၊ ကောင်းဈာန်ထက်၊ ဇာန်မိုးဆဲလ်တို့ အသင့်ရောက်ရှိနေတဲ့ စာအုပ်မိတ်ဆက်ပွဲလေး ကျင်းပမယ့် တောင်ငူမြို့ ဗိုလ်မှူးဖိုးကွန်းလမ်းမှာရှိတဲ့ ၅၀၅ နှစ်ပြည့် မြို့တည်နန်းတည် ကေတုမတီ အထိမ်းအမှတ် ပန်းချီပြပွဲ ခန်းမငယ်ဆီကို တောင်ငူမြို့ရဲ့ကဗျာဆရာကြီး မောင်နီမွန် ကားငယ်လေးစီးလို့ ညနေ ၃ နာရီခွဲခန့်မှာရောက်ရှိလာပါတယ်။

လူငယ် လူလတ်ကဗျာဆရာတွေက ဆရာ့ကို ကားပေါ်ကနေ ထိန်းပွေ့ခေါ်ဆောင်ပြီး ဘီးတပ်ကုလားထိုင်ငယ်ပေါ်ကိုတင်လို့ ခန်းမထဲကို တွန်းတခါ မတလှည့်နဲ့ ခေါ်ဆောင်လိုက်ကြတယ်၊ စောင့်ဆိုင်းနေကြသူတွေကို ပြုံးပြပြီး ဆရာကြီးက နှုတ် ခွန်းဆက်လိုက်ပါတယ်။

အခမ်းအနားလေးစပါပြီ အခမ်းအနားအစီအစဉ်အရ ကဗျာစာအုပ်ထုတ်ဝေနိုင်မှုနဲ့ပတ်သက်ပြီး ဆရာ မောင်နီမွန်က ကြွ ရောက်လာသူ မြို့တွင်း မြို့အနီးက ရောက်ရှိလာကြတဲ့ကဗျာဆရာအပေါင်းကို အမှာစကားပါးပါတယ်။ ဆရာကြီးလေသံက တိုးညှင်းနေသော်ငြား ထိုင်ရာမထ ဘီးတပ်ကုလားထိုင်လေးပေါ်ကနေ ပြောနေရပါသော်ငြား မေတ္တာဓာတ်နဲ့ ရွှင်လန်းမှုနဲ့ လတ်ဆတ်မွှေးမြလို့နေပါတယ်။

ကဗျာဆရာဆိုတာ ကဗျာဖန်တီးရာမှာ ကိုယ်ပိုင်မြင်ထောင့်စစ်စစ်နဲ့ own creation နဲ့ own words နဲ့ ဖန်တီးနိုင်အောင်ကြိုးစားကြသင့်တယ်တဲ့ ၊ ဆရာကြီးရဲ့စေတနာပါတဲ့စကားက တွေးစရာတွေ အမျှင်အတန်းဖွဲ့ကျန်ရှိနေစေတယ်။

ကဗျာဆရာ အောင်လွန်းမြိုင်ရဲ့ ကဗျာစာအုပ်စီစဉ်သူအဖြစ်အမှတ်တရစကား ပြောကြားမှုနဲ့ အစီအစဉ်နောက်တစ်ခု ကို ဆက်လိုက်တယ်။ သူ့စကားသံတွေထဲမှာလည်း ဂုဏ်ယူသံ ဝမ်းမြောက်ကြည်နူးသံတွေ အပြည့်နဲ့ပါပဲ။

နောက်အစီအစဉ်က ကဗျာဆရာ လွင်နောင်နောင် ရဲ့ အမှတ်တရစကားပြောကြားမှု၊ သူက ဆရာမောင်နီမွန်ရဲ့ နာမည်ကျော် ဂန္တဝင်မြောက်လက်ရာ ကဗျာရှည်၊ ခေတ်ပြိုင်အိပ်မက်ထဲကခပေါင်း ကဗျာရှည်ကြီးကို ကဗျာဆရာ ရန်လင်းအောင်ရဲ့ ပံ့ပိုး ကူညီမှုနဲ့ စီဒီခွေနဲ့ ကဗျာရွတ်ပေးထားတဲ့ကဗျာဆရာပါ။

နောက်အစီအစဉ်က ဆရာကြီးရဲ့သမီး မအိဖြူလှိုင်ရဲ့ ကဗျာစာအုပ်နဲ့ မိတ်ဆက်ပွဲလေး ဖြစ်မြောက်အောင်မြင်မှုအတွက် ကြွရောက်လာသူများကို ကျေးဇူးတင်စကား ပြောကြားခြင်းအစီအစဉ်ပေါ့။ သူ့ဖေဖေရဲ့စာအုပ်အတွက် ကြည်နူးပျော်ရွှင်လွန်း တာမို့ ကျေးဇူးတင်စကားကို လှိုက်လှိုက်လှဲလှဲကို ဆိုရှာပါတယ်။

နောက်အစီအစဉ်ကတော့ အခမ်းအနားကိုကြွလာကြတဲ့ ဆရာကြီးရဲ့ ညီ တူ သား ကဗျာဆရာများမှ ဆရာ့ကဗျာစာအုပ်ထဲက ဆရာရေးသီရာကဗျာများထဲမှ နှစ်သက်ရာတွေ ရွေးချယ်ရွတ်ဆိုကြတဲ့အစီအစဉ်ပေါ့။

ဒီသစ် ရန်လင်းအောင် လွင်နောင်နောင် ခက်ဦး ဒဿနေမင်း ခေတ်ဆူး ဇေရ ဇာန်မိုးဆဲလ် ကောင်းဈာန်ထက် ကိုလွင် နန်းမြေ ပန်းချီစိုးမြင့်လေး (တောင်ငူ) နဲ့ ကိုသော်တာ တို့ရဲ့ ကဗျာရွတ်ဖတ်သံတွေနဲ့ ခန်းမငယ်လေးဟာ မြိုင်ဆိုင်နွေးထွေးသွားပါတော့တယ်

ဆရာကြီးမောင်နီမွန်က သူရေးသီရာ သူ့ကဗျာတွေကို သူ့နောက်မျိုးဆက်များ ရွတ်ဆိုနေကြချိန်မှာ ဦးခေါင်းလေးအသာ စောင်းလို့ အာရုံတွေနိုးကြွပြီး လန်းဆန်းကျေနပ်လို့နေပါတယ်။

အဲဒီ့အချိန်မှာပဲ အခမ်းအနားရှိရာဆီ လုပ်ငန်းတာဝန်တွေနဲ့မအားမလပ်လို့ ရောက်မလာနိုင်တဲ့ ကဗျာဆရာ မင်းညွန့်လှိုင် ရဲ့ facebook status ကနေတဆင့် ပေးပို့လိုက်တဲ့ အလွမ်းစာစုကို ကဗျာဆရာ ရန်လင်းအောင် က တွေ့ရှိဖတ်ရှုမိရာကတဆင့် ကဗျာဆရာ ကိုသားကြီးက ကြွရောက်လာကြသူအားလုံးကို ကိုမင်းညွန့်လှိုင် ကိုယ်စား ဖတ်ပြပေးပါတယ်။

အခမ်းအနားငယ်ကို ညနေ ၄နာရီခွဲမှာ အဆုံးသတ်လိုက်ပါတယ်။
.......     .........    .........     .........   ........

ကဗျာ့ခေတ်အသွယ်သွယ်ကို ခက်ခဲစွာ ဖြတ်သန်းနိုင်ခဲ့သူ ကဗျာဆရာကြီး မောင်နီမွန်ရဲ့ ပင်လယ်ညကဗျာ စာအုပ်မိတ်ဆက် ပွဲလေးဟာ  ပြောင်မြောက်တဲ့ကဗျာများနဲ့ ခေတ်တာဝန်ကိုထမ်းပြီး လှပရဲရင့်စွာဖြတ်သန်းခဲ့သူ ရှေ့ဆောင် ကဗျာဆရာကြီး တစ်ဦးရှိရာဆီ ဆရာကြီးရဲ့နောက်တော်ပါးမှ ထပ်ကြက်မကွာ စီတန်းဖြန့်သန်း ဖြတ်သန်းလာကြတဲ့ လူငယ်လူလတ် ကဗျာဆရာများ ချစ်ခြင်းနဲ့ လေးစားခြင်းနဲ့ တန်ဘိုးထားခြင်းနဲ့ အရောက်လာပူးပေါင်းပျော်ရွှင်ကြတဲ့ထူးခြားတဲ့ အခမ်းအနား လေးပါပဲ။

၂၆ . ၁၁ . ၂၀၁၅ ရဲ့ နေရောင်ဝင်းတဲ့ ကဗျာရနံ့သင်းသင်းညနေလေး လှလှပပ ကုန်ဆုံးခဲ့ပါတယ်။
..... .....  ..... ........... ......... ....... .............

လျှောက်လှမ်းဖြတ်သန်းခဲ့ရာ ကဗျာသက် ၅၇နှစ်ကျော်ကြာခဲ့တဲ့ ကဗျာလမ်းမှာ စုစုစည်းစည်း ထူးထူးခြားခြားထုတ်ဝေဖြစ်ခဲ့တဲ့ စာအုပ်လေးအတွက် ချစ်သောကဗျာမိတ်ဆွေများနဲ့ရင်းနှီးချစ်ကြည်စွာ ဆုံလိုက်ရတဲ့အတွက် ကဗျာငွေ့လှုံလိုက်ရတဲ့အတွက် ဒီနေ့ညနေမှာ ဆရာကြီးမောင်နီမွန်ဟာ နှစ်နှစ်ကာကာကြီးကို ပြုံးရွှင်လို့နေပါတော့တယ်။

ကျွန်တော်လည်း ဆရာကြီးရဲ့ ကဗျာစာအုပ်နာမည်လည်းဖြစ် ဆရာကြီးရဲ့ ကဗျာနဲ့ လူမှုဘဝ ဖြတ်သန်းမှုကိုထင်ဟပ်တဲ့ သူ့ကိုညွှန်းဆိုရာသူ့နိမိတ်ပုံ သူ့ကဗျာ ပင်လယ်ည (အခိုးသတ်ထားတဲ့ပင်လယ်) ကဗျာကို စိတ်ထဲ တီးတိုးရွတ်ဆိုရင်း ချမ်းအေးလာတဲ့ညယံတိုင် ရန်ခုန်သံနဲ့ ကဗျာ့သွေးအားနဲ့ နွေးထွေးနေပါတော့တယ် ။

ပင်လယ်ည
..................

နေကုန်နေခမ်း မပူခဲ့သလိုမျိုး
ရေခဲမျက်နှာ
သူ့ကြမ်းပြင် တတောလုံး တတောင်လုံး
မီးဟုန်းဟုန်းထ

(မောင်နီမွန်)

ခက်ဦး ၂၇ . ၁၁ . ၂၀၁၅

ရန်လိုကျွဲ - ပြည်သူ့ပါတီ ဘာကြောင့် ရှုံးရသလဲ (သရော်စာ)

$
0
0
ရန်လိုကျွဲ - ပြည်သူ့ပါတီ ဘာကြောင့် ရှုံးရသလဲ (သရော်စာ)
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

ဒုက္ခသီရိနေပြည်တော်တွင် ပြည်သူ့ပါတီက အစိုးရဖွဲ့ပြီး အုပ်ချုပ်ခဲ့၏။ ပြည်သူ့ပါတီဟု ဆိုရခြင်းမှာ ပြည်သူအများ ချစ်ခင်လေး စားသောကြောင့် မဟုတ်ချေ။ အများပြည်သူပိုင် ပန်းခြံ၊ အဆောက်အအုံ၊ ဘဏ္ဍာငွေတို့ကိုစိတ်တိုင်းကျသုံးစွဲသောကြောင့် ပြည်သူ့ပါတီဟု အမည်တွင်လာခြင်းပင်တည်း။ အဓိကအတိုက်အခံတို့မှာ ငရုပ်ဆုံပါတီဟု အမည်ပြောင်ပေးခြင်း ခံရလေ သည်။

အဘယ်ကြောင့် ဆိုသော် ငရုပ်ဆုံကဲ့သို့ အမြဲတမ်းအထုအထောင်းခံရသောကြောင့်ဖြစ်၏။ နှစ်ပေါင်း ၂ဝ ကျော် ရောသမမွှေ ထုထောင်းခံရသော်လည်း ငရုပ်ဆုံပါတီကို လွန်စွာ လူကြိုက်များလှ၏။ ပါတီခေါင်းဆောင်မှာ ပုံမှန်အားဖြင့် နေအိမ်အကျယ် ချုပ်ဖြင့်သာ နေရသည်။ ပါတီဝင်တို့မှာလည်း အထူးနှိပ်ကွပ်ခံရသည်။ အာဏာပိုင်တို့ ဖိနှိပ်လေငရုပ်ဆုံတို့ကို လူကြိုက်များ လေတည်း။ ငရုပ်ဆုံတို့က တစ်ခုသောရွေးကောက်ပွဲကို သပိတ်မှောက်ရာ ပြည်သူ့ပါတီအကြိုက်ဖြစ်သွားလေသည်။ ရွေး ကောက်ပွဲသည် ပြည်သူ့ပါတီတစ်ယောက်တည်းပြေးသောပြိုင်ပွဲကဲ့သို့ဖြစ်သော်လည်း ကြိုတင်မဲ၊ညစ်မဲများသုံးပြီး အနိုင်ရ ရန် ဖန်တီးမည့်ဟန် ပြင်လာ၏။

ဤတွင် တချို့သော ငရုပ်ဆုံ နိုင်ငံရေးသမားတို့က မခံမရပ်နိုင်ဖြစ်ပြီးပါတီမှခွဲထွက်ကာ ရွေးကောက်ပွဲဝင်ကြလေသည်။  သံ ယောဇဉ်မကုန်သောကြောင့် ပါတီတံဆိပ်ကို ငရုပ်ဆုံတစ်လုံးပုံ အသုံးပြုရာ လူကြိုက်များလာသည်။ ဒုက္ခသီရိ၏ ထုံးစံအတိုင်း ညီညွတ်မှုအားနည်းသောကြောင့် ပါတီသစ်တွင်လည်းထပ်မံ ခွဲထွက်သူပေါ်လာသည်။  ခွဲထွက်သူတို့၏ ပါတီတံဆိပ်မှာ ငရုပ်ဆုံသုံးလုံး ဖြစ်လေသည်။ သူတို့လည်း ပါတီသံယောဇဉ် မကုန်ကြသူများပင်။

ငရုပ်ဆုံ တံဆိပ်ကို အသုံးပြုကြသောကြောင့် ၎င်းတို့ကိုလည်း လူကြိုက်များလာသည်။ ရွေးကောက်ပွဲတွင် အတိုင်းအတာ တစ်ခုအထိ နိုင်သောကြောင့် လွှတ်တော်ထဲရောက်သွားသည်။ ငရုပ်ဆုံမျိုးဆက်ဖြစ်သောကြောင့်လည်းကောင်း၊ ပင်ကိုယ်အရည်အချင်းကြောင့်လည်းကောင်း အသံကျယ်သူများ ဖြစ်လာသည်။ ဤအခြင်းအရာတို့မှာ ဒုက္ခသီရိ၏ နောက်ခံအခင်း အကျင်းဖြစ်လေသည်။ ယခုနှစ် ရွေးကောက်ပွဲရာသီတွင် မည်သည့်ပါတီမျှ သပိတ်မှောက်ခြင်းမရှိသဖြင့်ပြိုင်ပွဲက အလွန်မြိုင်ဆိုင်လှသည်။ငရုပ်ဆုံလေးများကို မဲဆန္ဒရှင်တို့က ချစ်ခင်သော်လည်း ၎င်းတို့၏မဲများကိုတစ်နေရာတည်းတွင် စုပြုံထည့်ရာ  ပင်မ ငရုပ်ဆုံပါတီကြီး သောင်ပြိုကမ်းပြိုနိုင်သွားသည်။ အရှုံးကြီးသူမှာ အာဏာရ ပြည်သူ့ပါတီဖြစ်၏။ အာဏာရရှိထား သည့်အင်အားကြီး ပြည်သူ့ပါတီ အဘယ့်ကြောင့် ရှုံးရသနည်း။ ရှုံးရခြင်း အကြောင်းရင်းတို့ကို ဖော်ပြလိုက်သည်။

လူကြမ်း
====
ဇာတ်ခုံပေါ်တွင် မင်းသား၊ မင်းသမီးတို့ကို ပရိသတ် ဂရုဏာသက်စေရန် အဓိကလုပ်ဆောင်ပေးရသူတို့မှာ လူကြမ်းများဖြစ် သည်။ လူကြမ်းတို့ အနိုင်ကျင့်လေ မင်းသား၊ မင်းသမီးတို့ကို ပရိသတ်ချစ်လေတည်း။ ဒုက္ခသီရိ၏ နိုင်ငံရေးဇာတ်ခုံသည်လည်း ထိုနည်းလည်းကောင်းပင်။ ဇာတ်ခုံပေါ်မှလူကြမ်းတို့၏ မကြာသေးမီနှစ်များအတွင်း လှုပ်ရှားမှုကြောင့် ပရိသတ်တို့ကမင်းသား၊ မင်းသမီးတို့ကို အချစ်ပိုကြ၊ လူကြမ်းတို့ကို အပြစ်ဆိုကြပြီးရွေးကောက်ပွဲကို ထိုင်စောင့်ကြသည်။ ရွေးကောက်ပွဲရောက်လျှင် ပရိသတ်ကဘယ်ပါတီကို မဲထည့်သင့်ကြောင်း သိနားလည်ပြီး ဖြစ်ကြလေ၏။ လူကြမ်းတို့၏ကောင်းမှုပင်တည်း။

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်း
==================
ပြည်သူ့ပါတီမှ လူကြမ်းများက ကိုယ့်ကိုယ်ကိုယ် မင်းသား၊ မင်းသမီးထင်နေကြသည်။ ငါတို့ ဟိုတုန်းက ထင်ရာစိုင်းခဲ့တာ မှန်ပေမယ့်  အခု နည်းနည်းလိမ္မာပြ၊ လေသံ လျှော့ချ၊ ယူနီဖောင်းပြောင်းလိုက်ကြသောကြောင့် ငါတို့ကို၇ ရက်သားသမီး ချစ်မြတ်နိုးကြပြီဟု ယူဆထားကြသည်။သူတို့၏အထင် တက်တက်စင်အောင်မှားကြောင်း ရွေးကောက်ပွဲအပြီးတွင်တွေ့ရလေသည်။  မဲဆွယ်ရာတွင် ဇူလိုင်သဉ္စာကဲ့သို့သော နာမည်ကြီး မော်ဒယ်များ၊ အဆိုတော်များကို  ခေါ်ယူအားဖြည့်ခြင်းကြောင့်သာ
နေရာတချို့တွင် အနိုင်ရလေသည်။ သို့သော်လည်း ပြောပလောက်သော အောင်မြင်မှုမဟုတ်ပေ။

၅ သိန်း
====
ဒုက္ခသီရိကို လူတတ်ကြီးများ  နှစ်ပေါင်း ၅ဝ အုပ်ချုပ်ပြီးသွားသောအခါတိုင်းပြည်မှာ အကြွေး တပုံတခေါင်းဖြစ်ကျန်ရစ် လေသည်။  အကြွေး မည်မျှများပြားသနည်းဟု တွက်ချက်ရာ လူတစ်ဦးလျှင် ငွေ ၅သိန်းကျစီထည့်ဝင်ပြီးဆပ်မှ အကြွေး ကြေမည်ဟူသတတ်။ ဒီလူကြီးတွေဆက်အုပ်ချုပ်ရင် အကြွေးပမဏ ထပ်တိုးလာမည်ကို အထူး စိုးရိမ်ကြသဖြင့်လူတတ်ကြီးများကို ပညာပေးရေးအတွက် ရွေးကောက်ပွဲကိုသာ စောင့်စားခဲ့ကြလေသည်။ ထိုငါးဂဏန်းက မည်မျှအထိ ဖိစီးသနည်းဟူမူ တချို့က  ငရုပ်ဆုံပါတီအမတ်လောင်းကို မဲပေးစဉ် တံဆိပ်တုံး ငါးကြိမ်ထုမိသဖြင့် ၎င်းတို့၏မဲများ ပယ်မဲ ဖြစ်သွားကြသေးသည်။

 မြေသိမ်းမှု

=====
 မြေသိမ်း၊ ယာသိမ်းမှု၊ အောက်ဈေးဖြင့် ခြိမ်းခြောက်ဝယ်ယူမှုတို့မှာဒုက္ခသီရိတိုင်းပြည်အနှံ့ ပေါ်ပေါက်ခဲ့ရာ လက်သည်မှာပြည်သူ့ပါတီခေါင်းဆောင်တို့နှင့် ဆက်စပ်နေသူများသာဖြစ်သည်။ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တောင်းပန်စကားပြောဆိုခြင်းမရှိ၊ ပြေလည်အောင်ဖြေရှင်းနိုင်ခြင်း မရှိပေ။ မဲပေးသူတို့က … "မင်းတို့တွေ ရွေးကောက်ပွဲမှာအကြောင်းသိစေရမယ်"ဟု ကြိမ်းဝါးထားကြသည်။ ယခု သူတို့ကြိမ်းဝါးထားသည့်အတိုင်း ဖြစ်လာလေသည်။ မြေသိမ်းပြီး ပြန်မပေးမှုသည်လည်း ပြည် သူ့ပါတီ မဲရှုံးရသည့် အဓိကအကြောင်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။

စကားလုံး ပိသေခြင်း
==========
ပြည်သူ့ပါတီ၏ အကြံပေးအရာရှိ၊ အလယ်အလတ်ခေါင်းဆောင်၊ထိပ်တန်းခေါင်းဆောင်တို့၏ ပြောစကားများကို စာနယ်ဇင်း တို့တွင် မကြာခဏကိုးကားကြသည်အထိ ၎င်းတို့၏ ဒိုင်ယာလော့တို့ ထင်ရှားကြသည်။ နယ်လှည့်ပါးရိုက်လာတာကွ ဟူ သော အလယ်အလတ် ခေါင်းဆောင်တစ်ဦးကလည်းရွေးကောက်ပွဲဝင်၏။  နှစ်အနည်းငယ်အတွင်း စင်္ကာပူလိုဖြစ်အောင်လုပ် ပေးမည်ဟုခပ်တည်တည် အာမခံသောခေါင်းဆောင်ကလည်း ရွေးကောက်ပွဲ ဝင်၏။ ဆိုက်ကားနင်းရုံဖြင့် သူဌေးဖြစ်တော့ မည်ဟု ဆိုသူကဆို၊ အသုံးစားရိတ် တစ်နေ့ကျပ်နှစ်ထောင်ဖြင့် ရောင့်ရဲသင့်သည်ဟု တရားဟောသူကဟော။လူထုနှင့်ကင်းကွာသောစကားများ ပြောဆိုသူတို့ကို ခပ်ကင်းကင်းနေရန် လူထုကဆုံးဖြတ်လိုက်ရာ ဤသည်မှာလည်း ရွေးကောက်ပွဲ အရေး နိမ့်ခြင်းအကြောင်းရင်းတစ်ခု ဖြစ်ပြန်၏။

ထောက်လှမ်းရေး သတ်ခြင်း
=============
ပြည်သူ့ပါတီသည် ရွေးကောက်ပွဲမတိုင်ခင် ကာလများစွာကတည်းကပင် မဲများများရနိုင်ချေ ရှိမရှိ စနည်းနာခြင်း၊ ထောက် လှမ်းခြင်းတို့ကို နေရာအနှံ့တွင်ပြုလုပ်ထားသည်။  အောက်ခြေမှ ထောက်လှမ်းရေးသတင်းများ အထက်ခေါင်းဆောင်တို့ အကုန် သိရှိကြသည်။

အထက်ခေါင်းဆောင်တို့သည် ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဟူသော ဆောင်ပုဒ်ကို လက်ကိုင် ထားသူများ ဖြစ်သောကြောင့်ထောက်လှမ်းရေးတို့ကလည်း လူကြီးကြိုက်သတင်းကိုသာ ဆက်သကြကုန်၏။ ရွေးကောက်ပွဲ နိုင်ခြေရှိကြောင်း၊ အကြီးအကျယ် မဲဆွယ်စရာ မလိုအပ်ကြောင်းအစီရင်ခံကြလေကုန်၏။ ထောက်လှမ်းရေးသတင်းကို ယုံမှတ်၍ ပုံအပ်မိခြင်းကိုယခုမှ နောင်တကြီးစွာရနေပြီဟု ဆိုသည်။

ခေါင်းဆောင်မှု ပြိုကွဲခြင်း
===========
 ရွေးကောက်ပွဲ အကြီးအကျယ်ရှုံးရခြင်း၏ အဓိက အကြောင်းရင်းမှာခေါင်းဆောင်ပိုင်း ညီညွတ်ရေး မရှိခြင်းကြောင့်ဖြစ်သည်ဟု တချို့ကသုံးသပ်ကြသည်။ တချို့ကတော့ ဤအခြင်းအရာသည် သာမည အကြောင်းရင်းသာ ဖြစ်သည်ဟုသုံးသပ်သည်။ သုံးသပ်ချက် မည်သို့ပင် ကွဲပြားကြစေကာမူခေါင်းဆောင်ပိုင်းကတော့ ညီညွတ်မှု ပျက်ယွင်းခဲ့၏။ ဇာတ်လမ်းမှာငရုပ်ဆုံပါတီ ဥက္ကဋ္ဌက ပြည်သူ့ပါတီဥက္ကဋ္ဌကို ရင်းနှီးအောင် ချည်းကပ်ရာမှအစပြုသည်။ ပါတီနှစ်ခု ပြိုင်ဘက်ဖြစ်သော်လည်း ပါတီဥက္ကဋ္ဌ နှစ်ယောက် လွန်စွာမှပနံသင့်ကြခြင်းမှာ ခေတ်သစ် ဒုက္ခသီရိနိုင်ငံရေး၏ ထူးခြားချက်တစ်ခုဖြစ်လာသည်။ နိုင်ငံတကာက လည်း ပြိုင်ဘက်နှစ်ဦး မဟာမိတ်ဖွဲ့ခြင်းဟုအမည်ပေးပြီး စိတ်ဝင်တစား မျက်စေ့ဒေါက်ထောက် ကြည့်ကာ လေ့လာကြ ကုန်၏။တက္ကသိုလ်တချို့တွင် ဒုက္ခသီရိလေ့လာရေး ဟူသော သီးခြားဘာသာရပ်ပင်ပေါ်ပေါက်လာလေသည်။  ပြည်သူ့ပါတီ ခေါင်းဆောင်ပိုင်းနှင့် နောက်ကွယ်မှကြိုးကိုင်သူများက ဤအနေအထားကို လုံးဝ မကျေနပ်။ မည်သို့ ဖြေရှင်းမည်၊ရှင်းလင်းမည်၊ ရှင်းထုတ်မည်ကို ငါးရက် ငါးညတိုင်တိုင်ဆွေးနွေးတိုင်ပင်ကြသည်။ သဘောထားတင်းမာသူတချို့က ဥက္ကဋ္ဌကို ဇာတ်လမ်းဆင်ပြီးထောင်ထဲပို့သင့်သည်ဟု ဆိုကြသည်။  နောက်ဆုံးတွင် ဆုံးဖြတ်လိုက်ကြသည်မှာဥက္ကဋ္ဌကို ရာထူးမှ ဖြုတ်ချရေး ဟူသတည်း။

 နေ့သင့်နံသင့်သော တစ်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များ၏ အကူအညီကို ရယူပြီးပါတီဌာနချုပ်ရုံးကို ဝိုင်းလိုက်သည်။ ထို့နောက် ညတွင်းချင်းပင် ဥက္ကဋ္ဌနှင့်၎င်း၏ဘယ်လက်ရုံး၊ ညာလက်ရုံး၊ ထိပ်သီးအမာခံ၊ ထိပ်သီးလူယုံတို့ကို ရာထူးမှဖယ်ရှားလိုက်သည်။ ထိုအချင်းအရာကို စာနယ်ဇင်းတို့က သန်းခေါင်ယံအာဏာသိမ်းပွဲဟု ခေါင်းစည်း တပ်ကြလေသည်။ ဤသို့ဖြင့်ပြည်သူ့ပါတီခေါင်းဆောင်ပိုင်း အပေါ် အောက်ခြေ၏ယုံကြည်မှု ကျဆင်းပြီးစိတ်ပျက်သွားကြသည်။ ငရုပ်ဆုံပါတီခေါင်းဆောင်ကို ညီ ညွတ်ရေးဖြိုခွဲသူအဖြစ် ရှုမြင်ကြ၊ စိတ်နာကြသည်။ ထိုသို့ ရှုမြင်သော်လည်း နောက်ကျသွားလေပြီ။

မိတ်ဆွေစာရှုသူ… အထက်ဖော်ပြပါတို့မှာ ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီ ဟန်မကျပန်မကျ အရေးနိမ့်သွားရခြင်း အ ကြောင်းများပင်တည်း။  ။


သရုပ်ဖော်ကာတွန်းအား ကာတွန်းဆရာ၏ ဖေ့ဘုတ်ခ်မှ ရယူ အသုံးပြုပါသည်။

မောင်မိုးသူ - မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူ

$
0
0
မောင်မိုးသူ - မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူ
(မိုးမခ) နိုဝင်ဘာလ  ၂၇၊ ၂၀၁၅

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

`ဖားကန့်မြေ မြေစာပုံပြိုကျမှု သေဆုံးသူ ၁၁၃ ဦးအထိရှိနေ ´ ဆိုတဲ့သတင်းကို ကုမုဒြာဂျာနယ် မျက်နှာဖုံးမှာ ဖတ်ရပါတယ်။

ဖားကန့် ကျောက်စိမ်းမြေအကြောင်း သတင်းဌာနတခုရဲ့ ဖော်ပြချက်ကို ဖတ်မိပါတယ်။ အဲသည် ကျောက်စိမ်းမြေကို ကြိုင် မိသားစုရယ်၊ ထိပ်တန်းခေါင်းဆောင်တယောက်ရယ်၊ မူးယစ်ဆေးဝါးပိုင်ရှင် တယောက်ရယ် အပိုင်စီးပြီး တရုတ်ကို ဘီလျံနဲ့ ချီပြီး ရောင်းချနေတဲ့သတင်း ဖော်ပြခဲ့ပါတယ်။ သက်ဆိုင်ရာက ဖြေရှင်းမှုတွေလည်း လုပ်တာမတွေ့ခဲ့ရပါဘူး။

ဖားကန့်မြေက မြေစာပုံတွေအကြောင်းကိုတော့ DVB က တို့ပြည် တို့မြေအစီအစဉ်မှာ စတင် တွေ့ဖူးမြင်ဖူးရခြင်း ဖြစ်ပါတယ်။ ဖားကန့်ကျောက်စိမ်းမြေပြဿနာကြီး ပေါ်ပေါက်လာပြီးနောက် တို့ပြည် တို့မြေရဲ့ ဖားကန့်အစီအစဉ်ကို မကြာခဏ ပြန်ပြန်ပြ လို့ မောင်မိုးသူလည်း မကြာခဏ ကြည့်ဖြစ်ရပါတယ်။ ဖားကန့်ကို မရောက်ဖူးလို့ ရောက်ချင်တာကြောင့်လည်း ပါနိုင်တာပေါ့။

အဲသည် သတင်းထဲမှာ မောင်မိုးသူ စာတွေထဲမှာ ဖတ်ဖူးရောက်ဖူးချင်လှတဲ့ ဖားကန့်ရဲ့ ဥရုချောင်းရဲ့ မရှုမလှကြုံရတဲ့ဘဝကို မြင်တွေ့ရပါတယ်။ ဖားကန့်မှာ ရောက်နေကြတဲ့ ကြီးမားတဲ့ စက်ယန္တရားကြီးတွေဟာ ဘယ်ကနေ ဘယ်ပုံ လိုင်စင်အရယူပြီး ကချင်ပြည်နယ် ဖားကန့်မြေမှာ ရောက်ရှိနေတာပါလိမ့်လို့လည်း တွေးမိပါတယ်။ အဲသည် ယန္တရားကြီးတွေနဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေရှိကြောင်းလည်း သိရ ကြားရပါတယ်။ ဖားကန့်မြေမှာရှိတဲ့ တောင်တွေလည်း မရှိတော့ဘူးတဲ့။

ဖားကန့်ရဲ့ ဥရုချောင်းဆိုတာကြားဖူး မြင်ဖူးတာက ကြည်လင်အေးမြတဲ့ ဥရုချောင်းဟာ ယခုတော့  ညစ်ထေးစုတ်ပြတ်နေတာကို တွေ့ရပါတယ်။ အဲသည် ဖားကန့်အကြောင်း တို့ပြည် တို့မြေအစီအစဉ်မှာ ရင်ထုမနာမြင်ရတဲ့ မြင်ကွင်းကတော့ ယန္တရားကြီး တွေနဲ့ ဖားကန့်မြေက ကျောက်စိမ်းများကို ရွေးချယ် တူးယူပြီးတဲ့နောက် ပိုနေတဲ့ မြေစာတွေကို တောင်လိုမြင့်မားတဲ့ မြေစာ ပုံကြီးပေါ်မှာ စွန့်ပစ်စုပုံတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ အဲသည်လို ယန္တရားကြီးတွေက မြေစာတွေ ပုံသွန်လိုက်ရင်ထောင် သောင်း မကသော လူအုပ်ကြီးက အဲသည်သွန်ချလိုက်တဲ့ မြေစာပုံကြီးထဲကို အလုအယက်တိုးဝှေ့ပြီး အဲသည် မြေစာပုံကြီးထဲက ကျောက်တစ်စုံတစ်ရာများ ရလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ လုပ်ကိုင်သူတွေကို အင်တာဗျူးလုပ်တဲ့အခါမှာတော့ ပုံထဲ ကရတဲ့အခါက  အပုံ ၁၀၀ မှာ တခါလို့ ဆိုပါတယ်။ ဒါပေမဲ့ ဖားကန့်နယ်မြေကို ကျောက်စိမ်းသူဌေး လောပန်ကြီးများ ဖြစ်လာ မလားဆိုတဲ့ ထင်တလုံးနဲ့ မွေးရပ်မြေကို စွန့်ခွာပြီး ရွှေ့ပြောင်းလုပ်သားအဖြစ်ရောက်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ကျောက် ရလို့ လောပန်ဖြစ်မဖြစ် မသေချာပေမဲ့ မူးယစ်ဆေးဝါးစွဲတာကတော့ အသေအချာပဲလို့ မိခင်တယောက်ရဲ့ ရင်ဖွင့်သံကို ကြားလိုက်ရပါတယ်။

အဲသည်လို ရွှေ့ပြောင်းလုပ်သားတွေ နားခိုရာကတော့ သူတို့ရဲ့မျှော်လင့်ချက် မြေစာပုံကြီးရဲ့ ခြေရင်းမှာ တဲကလေးတွေ ထိုးပြီး နေကြတာ ဖြစ်ပါတယ်။ ဒါ ယခု ဖားကန့် ကျောက်စိမ်းမြေမှာ အဲသည်ပြိုကျတဲ့ မြေစာပုံရဲ့ ခြေရင်းမှာ တဲကလေးတွေ ၇၀ လောက်ရှိဆိုပဲ။ တဲတတဲမှာ သုံးလေးယောက် နေကြသတဲ့။ မြေစာပုံပြိုကျတဲ့ အချိန် အိပ်မောကျနေချိန်ဖြစ်လို့ အတော် များများ မြေစာပုံအောက်မှာ ပိပြီး သေဆုံးရတာ ဖြစ်ပါတယ်။ ယခု နောက်ဆုံးရ သတင်းတွေအရ သေဆုံးသူ ၁၁၃ ဦးရှိပြီလို့ သိရပါတယ်။ ဆက်လက်ရှာဖွေနေရဆဲဖြစ်လို့ သေဆုံးသူဦးရေဟာ တိုးမြှင့်လာဖွယ်ရှိကြောင်း သတင်းများက ဆိုပါတယ်။

သေဆုံးကြသူများဟာ ဖားကန့်မြေကနယ်မြေခံတွေ မဟုတ်ကြဘဲ ဖားကန့်ကို လောပန်ဖြစ်နိုးနိုးနဲ့ ရောက်လာကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လယ်သိမ်းယာသိမ်းတွေ ဖြစ်ရာကနေပြီး ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတဲ့နေရာတွေဟာ နယ်စပ်ဒေသ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသများက ဖြစ်ပါတယ်။ တချို့နယ် မြေတွေမှာ အိမ်မှာ ကျန်ရစ်သူတွေက သက်ကြီးရွယ်အိုများနဲ့ လူမမည်ကလေးများ ဖြစ်ကြပြီး လုပ်နိုင်ကိုင်နိုင် သူမှန်သမျှ နိုင်ငံရပ်ခြား အဓိကအားဖြင့် ထိုင်းကို ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ နယ်စပ်ဒေသများ မဟုတ်ဘဲ ထိုင်းတို့ မလေးရှားတို့ သွားကြသလို အလယ်ပိုင်းဒေသက ရွှေ့ပြောင်းလုပ်သားတွေကတော့ ရွှေတူးဖော်ရေး လုပ်ငန်း၊ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများရှိရာကို သွားရောက်လုပ်ကိုင်ကြရတာ ဖြစ်ပါတယ်။

အဲသည် ဖားကန့်တို့ ရွှေတွင်းဒေသတွေမှာ ကျောက်စိမ်းရတာ၊ရွှေရတာ မသေချာပေမဲ့ မူးယစ်ဆေးဝါးကတော့ အလွယ် တကူရလို့ မူးယစ်ဆေးဝါးစွဲသူတွေ ဖြစ်ဖို့က အသေအချာ ဖြစ်ပါတယ်။

ကျောက်စိမ်းလုပ်ငန်း၊ ရွှေလုပ်ငန်း၊ မိုးကုတ်ကျောက်လုပ်ငန်း တို့ကို အစိုးရနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်ကြီးများက ရှေးတုန်း က တူးဖော်ကြသလို မဟုတ်ဘဲ စက်ယန္တရားများနဲ့ တူးဖော်ကြပြီး စိတ်တိုင်းကျ ရှာဖွေလို့ပြီးရင် ပိုတဲ့မြေစာတွေကို ဖားကန့်မှာ မြေစာပုံပေါ် စွန့်ပစ်သလို ရွှေတွင်းမှာလည်း အဲသည်လိုစွန့်ပစ်ကြပြီး မိုးကုတ်ကျောက်တူးဖော်ရာမှာလည်း စွန့်ပစ်ကျောက် တုံးများတွေထဲက လက်လုပ်လက်စားများက ရှေးရိုးအတိုင်း ရှာဖွေနေကြရတာ ဖြစ်ပါတယ်။

တကယ်တော့ မြေစာပုံခြေရင်းမှာ တဲထိုးနေထိုင်ကြသူများဟာ မြန်မာနိုင်ငံသားမြေစာပင်များ ဖြစ်ပါတယ်။ ယန္တရားများနဲ့ တူးဖော်ပြီး နိုင်ငံခြားကို ဘီလျံပေါင်းများစွာတန်တဲ့ ကျောက်စိမ်းတွေကို ရောင်းချကြသူများကတော့ အာဏပိုင်အဖွဲ့အစည်းက လုပ်ပိုင်ခွင့်ပေးထားတဲ့လုပ်ငန်းရှင်များနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချသူများက ဦးစီးနေကြပါတယ်။ ဩော် ဒါကြောင့် ဖားကန့်နယ်၊ ရွှေတွင်းနယ်၊ မိုးကုတ်နယ်တွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အဆမတန် များပြားလာတာ ဖြစ်ပါတယ်။

မြေစာပုံပြိုလို့ လူပေါင်း ၁၁၃ ဦး သေဆုံးပြီး ဆက်ပြီးတိုးဦးမယ်လို့ ဆိုကြပါတယ်။ သေဆုံးသူ အားလုံးဟာ မြန်မာနိုင်ငံသား မြေစာပင်များ ဖြစ်ပါတယ်။

မြေစာပုံ မြေစာပင်နှင့် မောင်မိုးသူပါ။



photo credit :salweennews.org

ကာတွန်း မောင်မောင်ဖောင်တိန် - အပေး အယူ

$
0
0
ကာတွန်း မောင်မောင်ဖောင်တိန် - အပေး အယူ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၅

ဖြိုးသီဟချို - ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဘေးဖယ်ခံရသော ပါတီငယ်များ

$
0
0

နိုဝင်ဘာ ၂၁ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ၄၈ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ခဲ့သည် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
ဖြိုးသီဟချို - ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ  ဘေးဖယ်ခံရသော ပါတီငယ်များ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇


Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) -  အင်အားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဖြစ်စေ၊ အနိုင်မရခဲ့သည်ဖြစ်စေ  အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသည့်  ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် ပါတီ အားလုံး ပါဝင်ခွင့်ရမည့်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော်လည်း   နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဌာန (MPC) နှင့် အစိုးရ၏  ငြိမ်းချမ်းဆွေးနွေးပွဲအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းသည် သူတို့ ကြိုတင်ချမှတ်ပြီးသား ဆုံးဖြတ်ချက်ကို  အတင်းအဓမ္မ သဘောတူခိုင်းခဲ့သည်ဟု နိုင်ငံရေးပါတီများက ဆိုကြသည်။

လူမှုအဖွဲ့အစည်းများက  MPC ၏ နောက်ကွယ်မှ  စေ့ဆော်မှုတို့ကို  စိုးရိမ်နေကြပြီးဖြစ်သည်။ ယခု ဖြစ်ရပ်ကြောင့်  နိုင်ငံရေး ပါတီ ၉၁ ခုအနက် ၂၁ ခုကသာ  လွှတ်တော်သစ်ကို  ကိုယ်စားပြုထွက်ပေါ်လာမလားဆိုပြီး  စိုးရိမ်စရာ အခြေအနေသစ် ပေါ် ပေါက်နေသည်။

ထိုအခြေအနေများနှင့် ပတ်သက်ပြီး Myanmar Now သတင်းဌာနက နိုင်ငံရေးဆွေးနွေးပွဲအကြိုအစည်းအဝေး တက်ရောက် ခဲ့သူ နိုင်ငံရေးပါတီကိုယ်စားလှယ်များထဲမှ  ၆ ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

● မိသန်းရှင် (အမျိုးသမီးပါတီမွန်)
ကျွန်မတို့ စိတ်မကောင်းဖြစ်ရပါတယ်။ ရှိတာမှ နိုင်ငံရေးပါတီတွေအတွက်က ၁၆  နေရာ ရှိတာ။ သူတို့က ၉ နေရာ ယူလိုက် တော့ ၇ နေရာပဲ ရွေးရတယ်။  အဲဒီတော့ ကျွန်မတို့တိုင်းရင်းသားတွေက ၄ နေရာပဲ ရတော့တယ်။ အဲဒီအတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။  ဒါပေမယ့်လည်း ကြားကာလဖြစ်နေတဲ့အချိန်ဆိုတော့ ကျွန်မတို့ စိတ်ရှည်ရှည်ထားပြီးတော့ ဖြတ်သန်းရဦးမှာပါ။


● ဦးနေမျိုး (အထွေထွေအတွင်းရေးမှူး၊ ဓနုအမျိုးသားများအဖွဲ့ချုပ်)
လက်ခံမှရတော့မယ့် အခြေအနေမျိုး ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ပါတီကလည်း အင်အားကြီးပါတီတစ်ခု မဟုတ်ဘူးလေ။  တကယ်ဆိုရင် တိုင်းရင်းသားပါတီတွေအားလုံး ပါဝင်တဲ့အစုအဖွဲ့ဆိုရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ ဒါက ကိုယ့်ဘက် ကလိုချင်တဲ့ဆန္ဒပဲလေ။ အင်အားကြီးပါတီတွေကတောင် လိုက်လျောသေးတာပဲလေ။   ၉ ယောက်ကို သူတို့က ရွေးချယ် လိုက်တဲ့အတွက် နစ်နာချက်ရှိ မရှိဆိုတာကတော့ လုပ်ငန်းဖော်ဆောင်တဲ့အချိန်မှာပဲ ဆုံးဖြတ်ရမှာပါ။   လောလောဆယ်တော့ အဖွဲ့အစည်းဖွဲ့တဲ့အဆင့်ပဲ ရှိသေးတယ်။


● ဦးကန်လမ်ခွပ် (ဗဟိုကော်မတီဝင်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)
 သူတို့ပြောတာရှင်းရှင်းလေးပဲ ...  ဦးအောင်မင်းက အဆိုတင်သွင်းတယ်။ ဦးလှမောင်ရွှေက အချိန်မရှိတဲ့အတွက်ကြောင့် ခင်ဗျားတို့က ကျေနပ်သည်ဖြစ်စေမကျေနပ်သည်ဖြစ်စေ၊  မေတ္တာရပ်ခံပါတယ်။ ဒါကို မဖြစ်ဖြစ်အောင်ဆောင်ရွတ်ရမှာဖြစ်တဲ့ အတွက်ကြောင့် ခင်ဗျားတို့ဒီထဲမှာ မပါဝင်ချင်တဲ့လူတွေကလည်း မပါဝင်ပါနဲ့။  ဒီလိုဆိုတော့ ကျွန်တော်တို့ဘက် ကပြောစရာစကားကမရှိတော့ဘူးလေ။ စကားကကုန်နေပြီ။ သွားပြောလည်းအလကားပဲ ဖြစ်နေတယ်လေ။  ဘယ် လိုပဲကန့် ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တစ်ချို့လည်းထပြန် ကုန်တာရှိတာ ပဲလေ။   သူတို့မှာက ဘောင်ခတ်ပြီးသားတစ်ခုကို ဒီဆွေးနွေးပွဲမှာ လာပြီးချပြတဲ့သဘောပဲရှိတယ်။
 


● ဦးငွေလင်း (အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
၁၆ နေရာ ဘယ်လိုရွေးမလဲဆိုတာကြည့်ကြတဲ့အခါမှာ ထောက်ထားရမယ့်ကိစ္စက တန်းတူရေးရှိဖို့လိုတယ်၊  လူထုဆန္ဒနဲ့ မဲအများဆုံးနိုင်ပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီကြီးဆိုတာ ရှိနေတယ်၊   နောက်တစ်ချက်ကတော့ ပါဝင်မယ့်ခေါင်းဆောင်များ အရည်အချင်းကတော့ ကိုယ်စီရှိကြတယ်၊ ဒါပေမယ့်ငြိမ်းချမ်းရေးကိစ္စမှာ ဘယ်သူပိုပြီးအချိန်ပေးပြီးလုပ်နိုင်မလဲဆိုတဲ့ စံနှုန်း ၃ ခုနဲ့ ကြည့်သင့်တယ်လို့ထင်တယ်။  အဲဒီစံ ၃ခုအရပဲ ရွေးချယ်ပုံက  အဲဒီလိုဖြစ်သွားတယ်လို့ ယူဆမိပါတယ်။

(ရွေးကောက်ပွဲမှာ) ပြည်ခိုင်ဖြိုးက   နိုင်ငံရေးထဲမှာ  သြဇာကျန်နေနိုင်သေးတယ်။  တပ်အပေါ်မှာပဲဖြစ်ဖြစ်ပေါ့။ သူ့ကိုဘေးဖယ်ပစ်လိုက်တာထက်တော့ပိုသင့်တော်တယ်လို့ထင်ပါတယ်။ သူပါမှရမယ်၊ သူမပါလို့ မရဘူး။ သူ့အတွက်တော့ နေရာပေး ပါဆိုတာကတော့ ဒီမိုကရေစီနည်းလမ်းလည်း မကျဘူး။ တောင်းလည်းမတောင်းကောင်းဘူးလို့ထင်ပါတယ်။

ဒီဖြစ်စဉ်ကြီးတစ်ခုလုံးမှာမပါရင်မသင့်လျှော်ဘူး။ ပါကိုပါသင့်တယ်လို့ ဦးစားပေးပါတီတွေ၊ တပ်ပေါင်းစုတွေရှိနိုင်တယ်။  ပါတီကြီးတာသေးတာထက် တစ်ပါတီးခြင်းရဲ့ဂုဏ်သိက္ခာတန်းတူရှိကြတယ်ဆိုတာကိုတော့ မငြင်းပါဘူး။ ဒါပေမယ့်လည်း ဦးစားပေးရမယ့်ပါတီတွေရှိတယ်ဆိုတာကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

 

● ဒေါ်ညီမာထွန်း (အထွေထွေအတွင်းရေးမှူး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)
ပထမပြောတာကတော့ ပါတီပေါင်းစုံကနေ ၁၆ယောက်ရွေးမယ်ပေါ့လေ။ ဒီလိုပဲနားလည်တာပေါ့။  ၉ ယောက် ရွေးချယ်ပြီး သားဆိုရင် ကျွန်မတို့ကို ၇ယောက်ပဲ ရွေးချယ်ခွင့်ရှိတော့မယ်ဆိုတာကို ၁၂ရက်နေ့ကတည်းက ပြောထားသင့်တာပေါ့။  ဒီနေ့မှ ကျွန်တော်တို့က ဒီဟာလေးဆိုရင် မကာင်းဘူးလား ဆိုပြီးတော့ အကြံဥာဏ်ပေးတဲ့ ပုံစံမျိုးနဲ့ သူတို့ယူထားပြီးသားကိစ္စကို မကောင်းဘူးလားဆိုတာ မေးစရာမလိုဘူးလေ။ ဒါ ကောင်းကိုမကောင်းတာ။

ကျွန်မတို့ အဲဒီနေ့က ၈၇ ပါတီ တက်တယ်။ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတဲ့အခါမှာ အဲဒီ ၈၇ ပါတီလုံးက ဦးအောင်မင်းတို့ကို အယုံအကြည် မရှိကြဘူး။ အဲဒီလိုယုံကြည်မှုမရှိတဲ့အတွက် အဲဒီအထဲမှာ စကားတွေအမျိုးမျိုး ပြောပြီးတော့ တယောက် တစ်မျိုး ဆွေးနွေးနေကြရတယ်။

နိုင်ငံရေးပါတီတွေနဲ့တောင်မှ ငြိမ်းချမ်းရေးရ အောင် မဆွေးနွေးနိုင်ဘဲနဲ့သူတို့က သူတို့အလိုလောဘတွေနဲ့ ၉ ယောက်ကို အရင်ရွေးထားပြီးသားလုပ်တယ်။  သူတို့ရတဲ့အခွင့်အရေး အဆီအနှစ် ဘယ်လောက်ရမယ် ဆိုပြီး ဆွဲယူဖို့လုပ်ထားတာ။ ကျွန်မ တို့ အဲဒီလိုပဲမြင်တယ်။ နိုင်ငံတကာကရမယ်လေ Peace Centre လုပ်တဲ့အတွက် ဒေါ်လာတွေ အများကြီးရမယ်လေ။

 

● နန်းစန္ဒာစု (ဗဟိုကော်မတီဝင်၊ ကရင်ဒီမိုကရက်တစ်ပါတီ)
တိုင်းရင်းသားတွေရဲ့ဆန္ဒကို ဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲ ကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်း သားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ပုံစံမျိုးပဲပြန်ဖြစ်သွားတယ်။ ၉ နေရာဆိုတာလည်း ကိစ္စမရှိဘူး။ ၇ နေရာကျန်သေးတယ်။ ဒီ ၇   နေရာကို လွတ်လွတ်လပ်လပ်တိုင်းရင်းသားတွေကို ရွေးချယ် ခွင့်ပေးလိုက်ပေါ့။ အဲလိုမျိုးမဟုတ်ဘဲနဲ့ သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်နေရတဲ့ ပုံစံမျိုးဖြစ်သွားတာပေါ့။ ၂ နေရာတော့ ဘယ်ပါတီမှ မယူ သင့်ဘူး။ 

မဖြစ်သင့်ဘူးဆိုပေမယ့်လည်းဖြစ်သွားပြီလေ။ ကိုယ်ဖြစ်ချင်တာဘာမှ ပြောပိုင် ခွင့်မှမရှိတော့တာလေ။ တိုင်းရင်း သားတွေအတွက် အခွင့်အရေး အများကြီးဆုံးရူံးသွားတော့ပေါ့လေ။ ပါတီကြီး ၂ခုက တစ်ယောက် ၁ နေရာသာဖယ်ပေးခဲ့မယ်ဆိုရင်တိုင်းရင်းသား ၂ ယောက်သာတက်ခဲ့မယ်ဆိုရင်  အကြံဉာဏ်ကောင်းတွေ အများကြီး ထွက်လာနိုင်တာပေါ့။ ဒီနေ့ ဖြစ်ရပ်ပေါ် ကျွန်မဘယ်လိုထင်သလဲဆိုတော့ တိုင်းရင်းသားပါတီတော်တော်များများကထပြန်ကုန်ကြတာ အဖြေပဲလေ။
========

ဆက်စပ်ဖတ်ရှုရန် ဆောင်းပါး 

ကော်နာမက်ဒေါ်နယ်၊ ဖြိုးသီဟချို – မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
(မိုးမခ) နိုဝင်ဘာ ၂၇၊ ၂၀၁၇
 ယခု သတင်းဆောင်းပါးအား Myanmar Now မှ ရယူပါသည်။

ရန်ကုန် (Myanmar Now) – တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တို့ စတင်ပြုလုပ်သော ဆွေးနွေးပွဲများတွင်  ပါဝင်ခွင့်မရသည့် နိုင်ငံရေးပါတီတချို့က  မကျေမနပ် ကန့်ကွက်လျှက်ရှိသည်။
အောက်တိုဘာ ၁၅ ရက်နေ့က   ချုပ်ဆိုသော စာချုပ်တွင်   ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့တို့  လက်မှတ်ထိုး ခဲ့ကြသည်။
စာချုပ်တွင် လက်နက်ကိုင်အဖွဲ့ငယ် သုံးဖွဲ့ ပါဝင်ခွင့်ကို အစိုးရက ငြင်းဆိုခဲ့သောကြောင့်  လက်မှတ်ရေးထိုးခြင်း မပြုခဲ့သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့တွင် ညီညွတ်သော ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ ပါဝင်သည်။
စာချုပ် ချုပ်ဆိုသည့်ကာလ ဖြစ်သော်လည်း လွန်ခဲ့သည့် သီတင်းပတ်များက အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
စာချုပ်အရ  တိုင်းရင်းသားအဖွဲ့များ တောင်းဆိုထားသည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး ကဲ့သို့သော အကြောင်းအရာ များကို ညှိနှိုင်းပြောဆိုမည့် နိုင်ငံရေးဆွေးနွေးပွဲတို့ကို စာချုပ်လက်မှတ်ရေးထိုးပြီး သုံးလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၆ ဦး၊   အစိုး ရ၊ လွှတ်တော်နှင့်တပ်မတော်တို့မှ ၁၆ ဦး၊  နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦး တို့ကို ရွေးချယ်ထားရာ စုစု ပေါင်း ကိုယ်စားလှယ် ၄၈ ဦး ပါဝင်သည်။
ဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီပေါင်း ၈၇ ခုမှ ကိုယ်စားလှယ်များပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်း ပသည့် အစည်းအဝေးကို သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊  မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟို ဌာန (MPC) မှ ထင်ရှားသည့်   အကြံပေး ပုဂ္ဂိုလ်များက  ဦးဆောင်သည်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို၂ဝ၁၂ ခုနှစ်မှ စတင်၍ အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သည့် ဦးအောင်မင်းသည် ပါတီကိုယ်စားလှယ်များအား ရွေးချယ်မှုကို ကြီးကြပ်ခဲ့ပြီး သူ၏ သဘောထားမှတ်ချက်နှင့်ဆုံးဖြတ်ချက်များအပေါ် နိုင်ငံရေးပါ တီအချို့က မကျေနပ်ကြပေ။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောခဲ့သည်။ ယင်းကဲ့သို့ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ် နှစ်ဦးရရှိမှသာ သူ့အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ဆက်လက်ဦးဆောင် ပါဝင်ခွင့်ရမည်ဖြစ် သည်။
“NLD က ဆွေးနွေးပွဲမှာ နှစ်နေရာယူထားတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက နှစ်နေရာယူတာ မများဘူးလားလို့ ခင်ဗျားတို့အနေနဲ့ မေးချင်ပါလိမ့်မယ်။ စဉ်းစားရမှာက အကယ်၍ ဦးအောင်မင်း အစိုးရအဖွဲ့က ထွက်သွားပြီဆိုရင် ငါတို့ ဘယ်နေရာက နေမလဲ ဆိုတာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးရဲ့ဆွေးနွေးပွဲ ကိုယ်စားလှယ်နေရာမှာ ဆက်နေစေချင်သလား။ အဲဒီလိုဆိုရင် ပြည်ခိုင်ဖြိုးကို နှစ်နေရာ ပေးဖို့ လိုပါလိမ့်မယ်” ဟု သူက အစည်းအဝေး တက်ရောက်လာသူများကို ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ညီနောင်များ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့တို့ကို ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။ မဟာမိတ်အဖွဲ့များတွင်  တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စုစည်းထားခြင်း ဖြစ်သည်။
NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့အတွက် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ခဲ့ခြင်းအပေါ် တိုင်းရင်းသားပါတီတချို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် ပါတီငယ်များက မကျေမနပ်ဖြစ်ကာ အစည်းအဝေးတက်ရောက်သူတချို့က နေ့လယ်စာ စားချိန်မ တိုင်မီ  ထွက်ခွာသွားခဲ့ကြသည်။
အဆိုပါ ပါတီကိုယ်စားလှယ်များ ထွက်သွားပြီးနောက်   ကျန်ရှိနေသူများထံမှ ဆန္ဒ သဘောထားယူကာ ဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီငယ် ၇ ခုကို  ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပါတီငယ်များသည် နိုဝင်ဘာ ၈  ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်တွင်မျှ ရွေးချယ်မခံခဲ့ရသော  အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

● ဆွေးနွေးပွဲဝင်ခွင့်မရသော ပါတီငယ်များ
ရွေးချယ်မှုရလဒ်ကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ဒေါသထွက်သွားကြသည်။
“တိုင်းရင်းသားတွေရဲ့ဆန္ဒကိုဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲ ကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်းသားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ ပုံစံမျိုးပဲ ပြန်ဖြစ်သွားတယ်။ တစ်ပါတီကို တစ်နေရာ ယူတာကတော့ အကောင်းဆုံးပဲပေါ့။ နှစ်နေရာကတော့ ဘယ်ပါတီကမှ မဖြစ်သင့်ဘူးပေါ့” ဟု ကရင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းစန္ဒာစုက ပြောသည်။
ဦးအောင်မင်းနှင့်MPC အကြံပေးပုဂ္ဂိုလ်များက အချိန်မလုံလောက်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သော်လည်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမည်ဟု ပြောခဲ့ကြောင်း ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးကန်လမ်ခွပ်က ပြောကြားသည်။ ၎င်းတို့ပါတီသည် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် လွှတ်တော် ၄ နေရာနှင့် ချင်းပြည်နယ်လွှတ်တော် ၂ နေရာအတွက် အနိုင်ရခဲ့သည်။
“လာပြီးချပြတဲ့သဘောပဲရှိတယ်။ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တချို့လည်း ထပြန်ကုန်တာရှိတာပဲလေ။ ဒါ ဒီမိုကရေစီနည်းလမ်း ဘယ်ကျမလဲ” ဟု ၎င်းက ပြောသည်။
အမျိုးသမီးပါတီ (မွန်)မှ မိသန်းရှင်က မိမိတို့ပါတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရခြင်းအပေါ် စိတ်မကောင်း ဖြစ်မိကြောင်း၊ NLD ပါတီသည် အာဏာရပြီးပါက ဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအပေါ် ချဉ်းကပ်ကိုင် တွယ်မှု ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားသည်။
MPC အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၁ ဆွေးနွေးပွဲတွင် ပါတီအချို့က ကန့်ကွက်ကြသည်ဟု ဆို သည်။
“သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ မူဘောင်တစ်ခုကို ချမှတ်ရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။
“လုပ်ငန်းစဉ်ကတော့ အပြည့်အဝကောင်းမွန်တယ်လို့ မပြောနိုင်ပေမယ့် ဆွေးနွေးမယ့် ကိုယ်စားလှယ်အရေအတွက်ကို ပုံသေ အပြီး သတ်မှတ်မထားဘဲ အလျှော့အတင်းရှိမှာပါ။ ဇန်နဝါရီ ၁၄ ရက် နောက်ပိုင်းကျရင် အစိုးရသစ်အနေနဲ့ ပြန်လည် ဆွေးနွေးနိုင်ပါတယ်”
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနနှင့် အစိုးရအနေဖြင့် နိုဝင်ဘာ ၂၁ ရက်က ဆွေးနွေးပွဲသို့ ပါတီငယ် အများအပြား တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ရသည့် အကြောင်းကို လေ့လာစောင့်ကြည့်သူတချို့က မေးခွန်း ထုတ်ခဲ့သည်။
“သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်တုန်းက ပါတီငယ်လေးတွေကို မဖိတ်ခဲ့ပါဘူး” ဟု တိုင်းရင်းသားများဖြင့် ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Myanmar Peace Monitor) မှ ဦးဇင်လင်းက ပြောသည်။
“NLD မှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အတွေအကြုံမရှိဘူးဆိုပြီး သူတို့တွေက ပြဿနာတွေ၊ အခက်အခဲတွေကို ထားသွား ချင်လို့ အခုလိုလုပ်တာပါ”

● အပစ်ရပ်လုပ်ငန်းစဉ်ကို NLD ဦးဆောင်မှာလား
ဒီဇင်ဘာလအတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖွယ်ရှိသည်။ တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် မည်သည့် လမ်းကြောင်းမှ ချဉ်းကပ်မည်ကို NLD က  အကျယ်တဝင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အောက်တိုဘာတွင်ကျင်းပသည့် အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
NLD ၏ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းဆိုင်ရာ ချဉ်းကပ်မှုသည် မြန်မာစစ်တပ်အတွက် အရေးပါသည့် အကြောင်းအရာ တစ်ရပ်ဖြစ်နေသည်။ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရန် ကြိုးပမ်းနေသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူမျိုး စုများနှင့် အစိုးရတပ်တို့ ဆယ်စုပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က နိုင်ငံရေးဆွေးနွေးပွဲတွင် ပါတီငယ်အများအပြား ပါဝင်လာ မည်ဟု မထင်ကြောင်း၊ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီက ပံ့ပိုးထားသည့် ပါတီငယ်အများအပြားရှိကြောင်း Myanmar Now သို့ ပြောကြားခဲ့သည်။
“နောက်ကျရင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်မှာပါ။ MPC ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်သွားပါမယ်” ဟု ဦးဝင်းထိန်က ပြောသည်။ ။
 

အေအမ်တီ - ၂၂ ရာစု ပြတိုက်

$
0
0
  အေအမ်တီ - ၂၂ ရာစု ပြတိုက်
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅

ဟေ့ ….. ဖောက်လွဲ ဖောက်ပြန်တွေ …"ရပ်"
ဒါဟာ အချိန်မရွေး ပေါက်ကွဲစေတတ်တဲ့ လူ့သမိုင်း
မြင်တဲ့အတိုင်းပဲ
ဟိုး .. ရှေးပိရမစ်ကြီးတွေ ဆောက်သလို
ငါတို့မှာ
ခေတ်ကိုရော
နံရံကိုပါ ပုခုံးပေါ်တင်ပြီး
အမျိုးသား အကျိုးစီးပွားတွေကိုရော
ပထဝီ နိုင်ငံရေးတွေကိုပါ
တတုံးချင်း မတင်နေရတယ်။

တမျိုးတော့ မထင်နဲ့
ပြတိုက်အစောင့်က ပြောတယ်
ဒီ ရှစ်လေးလုံး ကားချပ်ကြီးက သိပ်ခြောက်တယ်တဲ့ ..။
               
AMT
(၂၉၊ ၀၇၊ ၂၀၀၉)

ရန်လိုကျွဲ - မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျခြင်း (သရော်စာ)

$
0
0
ရန်လိုကျွဲ - မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျခြင်း (သရော်စာ)
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅

● ရေငတ်တုန်း ရေတွင်းထဲကျတဲ့ မြန်မာပြည်
အငြိမ်းစား ချိုကုပ်ဒူးကြီးသည် ဒုက္ခသီရိနေပြည်တော်တွင် စိတ်အေးချမ်းသာစွာနေထိုင်လျက်ရှိကြောင်း ယခင့်ယခင်ကာလ သတင်းတို့က ဆိုသည်။ သို့သော်... ယနေ့ အချိန်တွင်မူ ထိုသို့ မဟုတ်မူကြောင်း သူ၏လက်ထောက်အဖြစ် တာဝန်ယူခဲ့သူများက မီဒီယာတွင် အခိုင်အမာ ပြောဆိုနေကြသည်။

အငြိမ်းစားလျှက်ရှိသော်လည်း  တိုင်းရေးပြည်ရာများကို စောင့်ကြည့်ပြီး စိုးရိမ်လျှက်ရှိကြောင်း၊  ရတက်မအေးဖွယ် ပြည်ရေး ပြည်ရာကြောင့် စာဖတ်ပျက်နေကြောင်း စသဖြင့် စသဖြင့် အတည်ပေါက် ပြောဆိုကုန်ကြလေ၏။

အနှီ အားကိုးရသူ လက်ထောက်ကြီးတို့၏ ပြောဆိုချက် မည်မျှမှန်ကန်သည်ကိုသိရှိနိုင်ရန် ချိုကုပ်ဒူးကြီးနှင့် တွေ့ဆုံမေးမြန်းမှဖြစ်မည်ဟုဆုံးဖြတ်ပြီးသကာလ နေသာလေသာသောတစ်နေ့တွင် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်သို့ ရောက်ပြန်လေသည်။

ချိုကုပ်ဒူးကြီး၏ ခမ်းနားလှစွာသောနန်းတော်ရှိ ဧည့်ခန်းဆောင်သို့ သတင်းထောက် ရန်လိုကျွဲ ရောက်သွား၏။ ကျန်းမာ ပကတိ အလွန်ချမ်းသာစွာရှိနေသော ချိုကုပ်ဒူးကြီးက နွေးထွေးစွာ ဆီးကြို၏။

ချိုကုပ်ဒူးကြီး ။ ။ ဟေ့ကောင်လေး၊ လာခဲ့ လာခဲ့၊ မင်း ... ရာထူးမတက်သေးဘူးလား။

ရန်လိုကျွဲ ။ ။ ရာထူးက အရေးမကြီးဘူး အဘရေ၊ လခတိုးဖို့နဲ့ စာမူခ စို့စို့ပို့ပို့ ရဖို့သာ အရေးကြီးတာပါ။

ဒူးကြီး ။ ။ ဒါဆိုလည်း ငါ့ကို အင်တာဗျူးပြီး မင်းတို့သတင်းစာထဲထည့်ကွာ။ အဲဒါဆို မင်းတို့သတင်းစာလည်း အရောင်းသွက်၊
မင်းလည်း စာမူခတွေဘာတွေ ရမှာပေါ့ကွာ။ ကဲ... ဆိုစမ်း ... မင်းရဲ့လာရင်းကိစ္စ။

ကျွဲ ။ ။ ဒီလိုပါ...၊ လက်ရှိ နိုင်ငံရေးအခြေအနေတွေကိုကြည့်ပြီး  အဘစိုးရိမ်နေတယ်လို့ သိရတယ်။

ဒူးကြီး ။ ။ မင်းကို ဘယ်သူပြောသလဲ။

ကျွဲ ။ ။ ဂျာနယ်တွေထဲ အဲဒီလို ရေးထားကြတာပဲ။ ပြီးတော့  ပြည်ရေးပြည်ရာက ရတက်မအေးဖွယ်ဖြစ်နေတာကြောင့် အဘ စာဖတ်ပျက်နေတယ်လို့လည်း ...

ရှင်းပြနေဆဲတွင်ပင် ချိုကုပ်ဒူးကြီးက ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သဖြင့် ရန်လိုကျွဲ၏ စကားတပိုင်းတစနှင့် ရပ်သွား ၏။

ဒူးကြီး ။ ။ အဟိ... သူတို့က ဘယ်သူ့ ကိုးကားပြီး လျှောက်ရေးနေကြတာလဲ။

ကျွဲ ။ ။ အဘရဲ့ ညာလက်ရုံးအဖြစ် တာဝန်ယူခဲ့တဲ့နှစ်ယောက်ပြောပြတာကို ပြန်ရေးထားကြတာပဲခင်ဗျ။ အဘ အငြိမ်းစားယူ သွားသော်လည်း သံယောဇဉ်တွေမဖြတ်နိုင်ဘူး၊ မပြတ်စောင့်ကြည့်နေတယ်၊ ဘယ်သူ့ကိုတော့ ဘယ်လိုကိုင်တော့မယ်၊ ဘယ်သူဆိုရင် နာတော့မယ် ... မီဒီယာမှာပြောထားတာတော့ စုံနေတာပါပဲ။

ဒူးကြီး ။ ။ ဟာ ဟ... အဲဒီတော့ မင်းကရော ဘယ်လိုထင်လဲ သူတို့ပြောတာကို။

ကျွဲ ။ ။ ဟုတ်ကဲ့ခင်ဗျ... အဘ စိတ်ပူနေတယ်ဆိုတာ တကယ်ပဲလား၊ မြန်မာ့နိုင်ငံရေးမှာ ဘာကို ဘယ်လောက်အထိ စိတ်ပူတာလဲ။

ဒူးကြီး ။ ။ ဟားဟားဟား... ရယ်လိုက်ရတာ ဖတ်ဖတ်မော၊ ရင်ဘတ်နောက်ကကျောလို့ ပြောရမလိုဖြစ်နေပကွာ  ဟား ဟားဟား...။
ကျွဲ ။ ။ ဟုတ်ကဲ့... ရယ်တာလည်း ရယ်ပေါ့ခင်ဗျာ၊ ကျွန်တော် မေးတဲ့မေးခွန်းကိုလည်း ဖြေပါဦး၊ ဒုက္ခသီရိနေပြည်တော်မှာနေထိုင်ပြီးတိုင်းရေးပြည်ရေး စိတ်မအေးဖြစ်နေတယ်ဆိုတာ ဘယ်အကြောင်းအရာကို ဆိုလိုတာလဲခင်ဗျ။

ချိုကုပ်ဒူးကြီး ဟက်ဟက်ပက်ပက် အော်ရယ်ပြန်၏။ အတန်ကြာမှ ရယ်မောခြင်းကို ဘရိတ်အုပ်ကာ သတင်းထောက်ကို သနားသောအကြည့်ဖြင့် ကြည့်ပြီး ဖြေ၏။

ဒူးကြီး ။ ။ သြော်... ရန်လိုကျွဲ၊ ရန်လိုကျွဲ .... မင်းကဟုတ်မလိုလိုနဲ့ အတော်လေး စဉ်းစားတွေးခေါ်မှု လိုသေးတဲ့ ကောင်လေးပဲ၊ ဒါကြောင့် သတင်းထောက်ဘ၀ကနေ ရာထူးမတက်တာပေါ့ကွ။ ဒီမယ် ... ငါ ပြောမယ်၊ ငါဘာမှ စိတ်မပူဘူး၊ စိတ်ပူစရာ အကြောင်း ငါ့မှာ ဘာမှမရှိဘူး။ ဟုတ်ပြီလား။

ကျွဲ။ ။ ဟုတ်ကဲ့ဗျာ...။ စိတ်မပူဘူးဆိုပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေ အထူးသဖြင့် ဒုက္ခသီရိအခင်းအကျင်းက စိုးရိမ် စရာအခြေအနေ မဟုတ်ဘူးလားခင်ဗျ။

ဒူးကြီး ။ ။ (မျက်လုံးအစုံ မှေး၊ ခေါင်းတယမ်းယမ်းအမူအယာဖြင့်) နိုး...နိုး... နိုး... ဒီမယ် ... ဒီမယ် ငါ ထပ်ပြောမယ်ငကျွဲ...  ငါ့မှာစိုးရိမ်တာတွေ မရှိတော့ဘူး၊ စိတ်ပူတာတွေလည်း လုံး.....ဝ မရှိတော့ဘူး။ ငါ့ကောင်တွေကို အရပ်ဝတ်လဲပေးပြီး အာဏာလွဲပေးလိုက်တယ်။ ပုံပြောင်းလိုက်တယ်။ အပ်ချလောင်း ဆိုပြီး ၂ဝဝ၈ အခြေခံဥပဒေနဲ့ စည်းကမ်းရှိတဲ့ဒီမိုကရေစီ ဖန်တီးပေးလိုက်တယ်။ အဲ...ဒီမိုကရေစီလိုချင်တယ်လေး ဘာလေး ပြောနေတဲ့ မင်းတို့လည်း "ရေငတ်တုန်း ရေတွင်းထဲကျ"ဆိုသလို အဆင်ပြေနေကြပြီ ဆိုတော့ ငါက ဘာကိုစိုးရိမ်ရမှာလဲကွ။

ကျွဲ ။ ။ ဟုတ်ကဲ့ဗျာ... အဘ စိတ်မပူဘူး၊ မစိုးရိမ်ဘူး ဆိုတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ကျွန်တော်တို့ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုတာကဘာလဲဗျ။

ဒူးကြီး ။ ။ သြော်... ဒီမိုကရေစီလိုချင်တယ်လို့ပြောတဲ့သူတွေထဲမှာ မင်းမပါဘူးလား။

ကျွဲ ။ ။ ပါတယ်လေဗျာ။ ဒီမိုကရေစီရှိရမယ်လေဗျာ။ ဒါမှ လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ....

ရန်လိုကျွဲ၏စကားမဆုံးခင် ချိုကုပ်ဒူးကြီးက ဖြတ်ပြော၏။

ဒူးကြီး ။ ။  အေး..အဲဒီ ၂ဝဝ၈ အခြေခံဥပဒေက ရေတွင်းကြီးပဲကွ။ ဒီမိုကရေစီဆိုတာ အဲဒီတွင်းထဲမှာ ရှိတယ်။

ကျွဲ ။ ။ ပေါက်ကရတွေဗျာ...အဲဒီအခြေခံဥပဒေဆိုတာ ပြင်လို့မရအောင် အကွက်ချစီမံထားတာမဟုတ်ဘူးလား။

ဒူးကြီး ။ ။  သိပ်...................သေချာတာပေါ့။ အခုမင်းတို့အားလုံး ရေတွင်းထဲ ကျနေပြီ။ ငါ .... ထပ်ပြောပြမယ်...အဲဒီ ၂ဝဝ၈ အခြေခံဥပဒေက ရေတွင်းကြီးပဲကွ။ မင်းတို့ ရေတွင်းထဲ ကျနေပြီ။

ကျွဲ ။ ။ ခင်ဗျာ... ကျွန်တော်တို့ ရေတွင်းထဲ ကျနေပြီ ... ဟုတ်လား။

ဒူးကြီး ။ ။ ဟုတ်တယ်၊ ကျနေပြီ၊ မင်းတို့တွေ ရေငတ်တုန်း ရေတွင်းထဲကျကြတာပဲ။

ကျွဲ ။ ။ ဘယ်လိုလဲဗျာ... ကျွန်တော်တော့ နားမလည်တော့ဘူး။

ဒူးကြီး ။ ။ ဒီလိုလေကွာ...ရေငတ်ချိန်မှာ ရေတွင်းထဲကျတယ်ဆိုတော့ ဝမ်းသာစရာ မကောင်းဘူးလား။

ကျွဲ ။ ။ ဟုတ်ကဲ့...သိပ်ကောင်းတာပေါ့။   ရေငတ်ပြေပြီပေါ့။

ဒူးကြီး။     ။ အင်း....မင်းတို့က ရေသောက်ချင်တာပဲသိတာကိုးကွ။ ရေတွင်းဆိုတာက ရေရှိချင်မှလည်း ရှိမယ်။ ရေမရှိဘူး ဆိုရင်လည်း အဲဒီ ရေမရှိတဲ့တွင်းထဲ နှာခေါင်းဖော်ပြီး သေပေတော့။ အဲ...တွင်းထဲ ရေရှိတယ် ဆိုရင်လည်း အဲဒီတွင်းထဲမှာပဲ ရေနစ်ပြီး နေပေတော့...ဟားဟားဟား...။

ချိုကုပ်ဒူးကြီး၏ အသေးစိတ်ရှင်းပြချက်ကို နားထောင်အပြီး မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျရခြင်းအကြောင်းရင်းကို သဘောပေါက်မိလေသည်။ ထို့ပြင်တဝ ...   တိုင်းရေးပြည်ရာများကို ချိုကုပ်ဒူးကြီး စောင့်ကြည့်ပြီး စိုးရိမ်စရာမလိုသည့် အကြောင်းရင်းကိုလည်း သတင်းထောက် ရန်လိုကျွဲ သဘောပေါက်သွားလေတော့သည်။

ရန်လိုကျွဲ ရေးသားသည်။

(ရန်လိုကျွဲသည် မိုးမခမီဒီယာအွန်လိုင်းစာမျက်နှာ  www.moemaka.com တွင် သရော်စာ များ ရေးသားနေသူတစ်ဦးဖြစ်သည်)


ကာတွန်းသရုပ်ဖော် စောငို

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - သမိုင်း၊ သမိုင်းဆိုတာက ကြောက်စရာ

$
0
0
မောင်မောင်လတ် (ရွှေအင်းလေးစာပေ) - သမိုင်း၊ သမိုင်းဆိုတာက ကြောက်စရာ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅

သတင်းစကားစကြားကြားချင်းတော့    ခါတိုင်းလိုသမရိုးကျ၊ သို့လော သို့လော အာရုံ အလွှဲအပြောင်းသတင်း၊ ထွက်ပေါက် စိတ်ဖြေရာသတင်း၏၊ ပုံမှန်ထွက်နေကြ ပုံပြင်သတင်းလိုလို၊ ချုပ်ထိမ်း၊ ထိမ်းချုပ်နေတဲ့အောင်ပွဲရ အနိုင်ရပြည်သူနဲ့ မရှု မလှရှုံးနိမ့် တွေဝေ  ငေးမှိုင်နေတဲ့ အရှုံးသမားအလယ်     ခဲတလုံးပစ်ချလိုက်သည့်နှယ်  လှိုင်းဂယက်ထန်ယုံဆိုလေး သက် သက်သာ ၊၊

သတင်းစထွက်ရာ လားရာကိုလှမ်းကြည့်လိုက်တော့ ဘီဘီစီသတင်းဌာနကြီး၊ "မိုးလုံးပြည့် မုသားဝါဒသတင်းဖြန့်ချိရာဌာန   "၊ "လေလှိုင်း လူသတ်လိုင်စင်ရ မီဒီယာသတင်းဌာန"၊ "အမုန်းတရားနဲ့ တဖက်သပ်ချနင်း နင်းချေတဲ့သတင်းဌာနရယ်လို့ နှစ် ပေါင်းများစွာ အကြိမ်ကြိမ်အခါခါ  ကောင်းချီးမင်္ဂလာပြုခံရတဲ့ သတင်းဌာနရဲ့သတင်းဇစ်မြစ်ဆိုတော့ ပြည်သူတွေအဖို့ ယုံရ ခက်ခက်၊ မယုံရခက်ခက် ၊၊

ဖယ်ဒရယ်နဲ့ခွဲထွက်ရေး စကားရပ်လို ဗလုံးဗထွေးရောနှောနေဆဲဆိုသလို ဘီဘီစီနဲ့ မိုးလုံးပြည့်မုသာဝါဒစကားရပ်ကား...မကွဲမပြား ရောနှောယှဉ်တွဲနေတာကတကြောင်း၊ အရာရာ အားဖြည့် အားစိုက်သတိထားနေရတာကလည်းတကြောင်း၊ ကြုံ ခဲ့ ဆုံခဲ့ လွဲခဲ့ ရင်နာခဲ့ရတာတွေ များခဲ့တာကတကြောင်း၊ အရာရာငြိမ်သက်နေဆဲ ခြင့်ချိန်တွေးတောနေဆဲ သက်ဆိုင်ရာနှစ် ဖက်စလုံး အတည်ပြု ဖွင့်ဟလိုက်တော့မှ .. သြော် ဒီလိုကိုး ....။

အတည်ပြုချက်နဲ့အတူ တုန့်ပြန်ရမယ့် ပြည်သူဖက်က သဘောထားကတော့ အေးစက်စက်၊ သတိဝီရိယအားစိုက်မှုက ထူး လို့ပိုမလား၊ မောင်ပိုနေမြဲ ကျားနေမြဲ .. စထွက်လာတဲ့သတင်းအစအနနဲ့အတူ ... ဒီည သမိုင်းတွင်မယ့် ည ...ဆိုတဲ့ စကားရပ် က အနာဟောင်းကို တုတ်နဲ့ဆွလိုက်သလို။

သမိုင်းစာမျက်နှာအသစ်ဖွင့်လိုက်နိုင်ပြီ ...
သမိုင်းမော်ကွန်းသစ်နဲ့အတူ ....
သမိုင်းအသစ်ကဗ္မည်းထိုးနိုင်ခဲ့ပြီ .... ဆိုတဲ့ ဆိုခဲ့တဲ့ သမိုင်းနဲ့ချီတဲ့ စကားလုံးတွေကြောင့် တွေဝေခဲ့ရ၊ လမ်းလွှဲခဲ့ရ၊ လမ်းချော်ခဲ့ ရ .. မိအေး အကြိမ်ကြိမ်နာခဲ့ရ၊ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဖလှယ်ခဲ့ရ၊ ယုံကြည်ချက်တွေေ၀၀ါးခဲ့ရတာတွေ များလွန်းတော့လည်း ပြည်သူတွေအဖို့ နိုင်ငံရေးအမြင်ရေချိန်တွေ မြင့်တက်လာခဲ့ရတာကို မငြင်းနိုင်။

အာဏာရှင်စနစ်ကို ဖက်တွယ်နေသူများအဖို့ အကြပ်အတည်း၊ အကျဉ်းအကြပ် တခုခုကြုံရတိုင်း ပထမဦးဆုံးလက်ကိုင်စွဲ နေကြ တဲ့စကားလုံးက အမျိုးသားရေး အမျိုးသားရေးတာဝန် ဆိုတဲ့စကားရပ်ကို ယူယူသုံးနေကြ။

အာဏာရှင်စနစ်ကို အဓွန့်ရှည်ခံစား စံစားလိုသူများအဖို့ အခက်အခဲ့ဘေးအန္တရာယ်ရောက်လေလေ ဗျာများခြောက်ခြားလေ လေ ဒုတိယ လက်ကိုင်စွဲ ကာကွယ်ယူ သုံးစွဲနေမယ့်စကားလုံးက ... ဥပဒေ အခြခံဖွဲ့စည်းပုံ ဥပဒေ ...ဆိုတဲ့ စကားလုံးကို မြိန်ရည်ယှက်ရည် ပြောနေကြ။

အာဏာရှင်စနစ်ကို အသေခံ အနာခံ မစွန့်လွှတ်နိုင်သူတွေအဖို့ ချောင်ပိတ်မိနေရင်း ထွက်ပေါက်မရှိ၊ သေရေး ရှင်ရေး အခက်ကြုံရလေလေ တတိယမြောက် လက်ဆုပ်လက်ကိုင်ပြု အားထားတဲ့စကားလုံးတွေက ... ထူးထူးခြားခြား၊ ဆန်းဆန်း ပြားပြား၊ တအံ့တသြ ... စကားရပ်တွေပါပဲ။ အဲ့ဒီနည်းလမ်း ပုံသေနည်း ၃ ရပ်ကို ထည်လဲသုံးရင်း၊ အချိန်ဆွဲရင်း၊ သွေးခွဲရင်း ထွေပြားဂိုဏ်းခွဲလာတဲ့အထိ စိတ်ရှည်လက်ရှည် ကြိုးလှန်ထား ချော့မြူကစားလာခဲ့တာ အစဉ်အဆက်ဆိုတော့ ပျဉ်ဖိုး နားလည်ခဲ့ရပါပြီလေ။

ယနေ့လက်ရှိပကတိအနေအထားက ရိုးရိုးရှင်းရှင်း။ တတိုင်းပြည်လုံးရဲ့သဘောထားဆန္ဒအမှန်ကိုလည်း ဖော်ထုတ်ပြပြီးပါပြီ။ နိုင်ငံတကာကလည်း စောင့်ကြည့်ရုံနဲ့ မပြီး၊ လက်တွေ့သာဓကပြလိုက်တာက အနိုင်ရ အနိုင်ယူလိုက်တဲ့ လူထုခေါင်းဆောင် ရှေ့ သာမန်လူမဟုတ်တဲ့ နိုင်ငံခြားသား ၅၀ ယောက်က တစုတပေါင်းထဲ လာရောက်တွေ့ဆုံ သြ၀ါဒခံယူပြီးပါပြီ။ လာရောက် ဂုဏ်ပြု ချီးမြှောက်ပါရစေလို့ လာခွင့်တောင်းတဲ့ သမတကြီးနဲ့ အရင်ဦးဆုံး အလည်အပတ်ခရီးအတွက် ကြိုတင်ဘွတ်ကင်လုပ် ထားတဲ့ ၀န်ကြီးချုပ်တို့တတွေအကြား နောင်လာမယ့် ပဉ္စမ မြန်မာနိုင်ငံတော်သစ်ကြီးအတွက် နိုင်ငံရေးအခင်းအကျင်းတွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ နည်းဗျူဟာတွေကို တကွက်ချင်း တကွက်ချပြ ထုတ်ရှိုးပြနေတော့ ထင်တလုံးနဲ့ အလွဲကြီးလွဲ အရှုံးကြီးရှုံး ခဲ့ရတဲ့ အယောင်ဆောင် စစ်အာဏာရှင်တစု အသက်ရှူမှား မေ့မျှောလုမတတ်၊ ပါးစပ်အဟောင်းသား အငေးသား၊ ခွန်းတုံ့ပြန်ဖို့ ဆိုစကားရှာမရ၊ ချာချာလည်နေတုန်း လာပါပြီလေ ...ပေါ်လာပါပြီ။
 
နှစ်ပေါင်းများစွာ အသားကျ အသားသေအောင် ဖိနှိပ်အုပ်ချုပ်လာခဲ့တဲ့၊ အရာရာထောင့်စေ့ အကွက်စေ့ ပွဲပြီးမီးသေ အဆုံးစွန် ထိအောင် ကျကျနန ပြင်ဆင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေရဲ့ အရှင်သခင်ကြီး စာဖတ်လို့မရနိုင်တော့။ လက်ပိုက်ကြည့် နေလို့လည်း မဖြစ်ချေတော့။ သမိုင်းဝင်စာတစောင်နဲ့ မြန်မာနိုင်ငံရေးကြိုးဝိုင်းထဲ ပြန်ဝင်လာတာကိုလည်း ပြည်သူတွေက ထူးခြားပြီး ရင်မခုန်တော့။ လှုပ်လှုပ်ရှားရှား သွေးမပူတော့ မောင်ပုံတယောက် စောင်းလည်းတီတတ် စောင်းကောက်လည်း လုပ်တတ်ပါပြီလေ။

အပေါ်ကဆိုခဲ့တဲ့အတိုင်း အကျဉ်းအကြပ်၊ ချောင်ပိတ်ကြံရာမရ၊ ထွက်ပေါက်ရှာမရ ချာချာလည်နေချိန် အာဏာရှင်အဆက် ဆက် သုံးစွဲနေကြအတိုင်း ... အမျိုးသားရေးတာဝန်၊ တည်ဆဲဥပဒေအရ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ၊ ထူးထူးခြားခြား ဆန်းဆန်းပြားပြား ... စတဲ့ စကားလုံးတွေ ရောပြွမ်း ရေလဲသုံးရုံမက ဘာတွေများ ဘယ်လိုများ ကတိက၀တ်ပြုကြသလဲဆိုတာ ဘယ်သူမှ မသိနိုင်။ ဘယ်အချက်တွေနဲ့ အလဲအလှယ် ဖလှယ်ခဲ့သလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်။ နောင်လာမယ့် အခင်း အကျင်း လုပ်ဆောင်ချက်အပေါ် မူတည်ကောက်ချက်ချနိုင်တာကလွဲပြီး အာဏာရှင်တို့ရဲ့သွေးပျက် ခြောက်ခြားချိန်အခါ ပြောမိ ပြောခဲ့ ဆိုစမှတ်ရှိခဲ့တဲ့ ထူးထူးခြားခြား ဆန်းဆန်းပြားပြား စကားစုတခုကို ပြန်ပြောင်းသတိရမိပါရဲ့။

တချိန်က အတိန်က အာဖရိကရဲ့ သားသတ်သမားကြီး၊ ရက်စက်ကြမ်းကြတ်တဲ့ အကြွင်းမဲ့ အာဏာရှင်သခင်ကြီး ယူဒီအာ မင်ရဲ့ စကားစုလေးတခုပါ။ နေ့တနေ့ ညသန်းခေါင်ယုံအချိန် သူကိုယ်တိုင်ဦးဆောင် လက်ကိုင်တုန်အဖြစ် အထူး သီးသန့် ပျိုးထောင်ခဲ့တဲ့ တပ်မတော်အတွင်း မကျေလည်တဲ့ ပြဿနာတခုအတွက် အချင်းချင်းပစ်ကြ၊ ခတ်ကြ၊ အမြှောက် ထုကြ ရုတ်ရုတ်သဲသဲ ၀ရုန်းသုန်းကားဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီတပ်စခန်းရှေ့ကို အရောက်ပြေးရင်း ပြောထွက်လိုက်တဲ့ စကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေတောင် မှင်သက်သွားခဲ့ ကမ္ဘာကျော်သွားစေခဲ့ရပါတယ်၊၊

ဟေ့ ... မင်းတို့မကျေနပ်ရင် .. ငါ့ကိုမုန်းရင် ...မင်းတို့ရှေ့က ငါ့ကို ပစ်သတ်လိုက်။ ပြည်သူတွေ အထိတ်ထိတ်အလန့် လန့်ဖြစ်အောင် တဒိုင်းဒိုင်း တဒိန်းဒိန်း မပစ်နဲ့ ...။ အခု ငါ့ကိုလာသတ်လိုက်။ ပြည်သူတွေ အေးအေးချမ်း ချမ်းနေပါစေ ....။

အဲ့ဒီလို ပြောခဲ့ပါတယ်လေ။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

ညွန့်ထွေး - လူထုဒေါ်အမာ ရာပြည့်ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲ

$
0
0
ညွန့်ထွေး - လူထုဒေါ်အမာ ရာပြည့်ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲ
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅

စာတမ်းရှင် - ဆရာ ကျော်ရင်မြင့်
စာတမ်းအမည် - လူထုဒေါ်အမာနဲ့ ပရဟိတ

သတင်းစာဆရာ၊ စာရေးဆရာ  လူထုဒေါ်အမာ ရာပြည့် မွေးနေ့အထိမ်းအမှတ် ၄ ရက်ကြာ အမှတ်တရ အစီအစဉ်များကို မန္တလေးမြို့တွင်  ကြာသပတေးနေ့မှ စတင်ပြီး ၄ ရက်ကြာ ပြုလုပ်လျက်ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာ ခန်းမတွင် ဒေါ်အမာ၏ မှတ်တမ်းဓာတ်ပုံများ၊ လက်ရေးမူ၊ ရှားပါးစာအုပ်များ  ပြသထားပြီး  ဒေါ်အမာ ထူထောင်ခဲ့သည့် လူထုတိုက်ထုတ် စာအုပ်များ ရောင်းချလျက်ရှိသည်ကို တွေ့ရသည်။

စာတမ်းဖတ်သည့်အစီအစဉ်လည်း ရှိရာ စနေနေ့က   ကြည်နိုင်၊  ထက်မြက်၊  စိုးကျော်သူ၊   ကျော်ရင်မြင့်၊ ထွန်းဝင်းငြိမ်း စသည့် စာရေးဆရာတို့၏ ဒေါ်အမာအမှတ်တရ ရေးသားထားသည့် စာတမ်းဖတ်ကြသည်ကို တွေ့ရသည်။

 ပြခန်းနှင့် စာအုပ်ဈေးရောင်းပွဲကို နောက်ဆုံးနေ့ဖြစ်သည့် တနင်္ဂနွေနေ့ ညနေပိုင်းအထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

တနင်္ဂနွေ မနက်ပိုင်းတွင် အမရပူရ တောင်လေးလုံးကျောင်းတိုက်၊ သူဌေးဘုရားရင်ပြင်တွင် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ အမှတ်တရစကားများ ပြောကြားခြင်း စသည့် အစီအစဉ်များလည်း ရှိကြောင်း သိရသည်။

တောင်လေးလုံးကျောင်းတိုက်သည် ဒေါ်အမာရှိစဉ်ကတည်းက သူ၏ မွေးနေ့ပွဲများ ကျင်းပသည့် နေရာဖြစ်ပြီး မွေးနေ့ပွဲသို့ အနယ်နယ်မှ စာပေလောကသားများ တက်ရောက်လေ့ရှိသည်။

ယခုနှစ်တွင်လည်း တောင်လေးလုံးကျောင်းတိုက် မွေးနေ့အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် နိုင်ငံအနှံ့မှ စာပေသမားများ မန္တလေးသို့ ရောက်ရှိနေသည်။

လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ်က အသက် ၉၃ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
 

 စာတမ်းရှင် - ကြည်နိုင်
စာတမ်းအမည် - လူထုဒေါ်အမာနှင့် ရသစာပေ


 စာတမ်းရှင် - ဆရာ ထက်မြက်
စာတမ်းအမည် - လူထုဒေါ်အမာနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း

စာတမ်းရှင် - ဆရာ ထွန်းဝင်းငြိမ်း
စာတမ်းအမည် - အမေ လူထုဒေါ်အမာနှင့် နိုင်ငံရေး လောကဓံ


စာတမ်းရှင် - ဆရာ စိုးကျော်သူစာတမ်းအမည် - လူထုဒေါ်အမာနှင့် ငလျင်

အခမ်းအနားမှူး စာရေးဆရာ သင့်နော်


 စာတမ်းရှင် - ဆရာ ထက်မြက်
စာတမ်းအမည် - လူထုဒေါ်အမာနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း

 ပြပွဲ အဝင်ဝတွင် တွေ့ရသော ဗကသများအဖွဲ့ချုပ် (မန္တလေးခရိုင်) ရန်ပုံငွေ အရောင်းဆိုင်မှ ပြက္ခဒိန်၊ တီရှပ်၊ စာစောင်များ


 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး လက်ဘက်ရည်ဆိုင်တွင် တွေ့ရသော အနယ်နယ်မှ စာပေသမားများ


 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး တွေ့ရသော အနယ်နယ်မှ စာပေသမားများ


 ပြခန်းပြုလုပ်ရာ ဓမ္မသာလာ ခန်းမ အနီး လက်ဘက်ရည်ဆိုင်တွင် တွေ့ရသော အနယ်နယ်မှ စာပေသမားများ


ပြပွဲ အဝင်ဝတွင် တွေ့ရသော ဗကသများအဖွဲ့ချုပ် (မန္တလေးခရိုင်) ရန်ပုံငွေ အရောင်းဆိုင်





တင်မောင်ထွေး - ဘာသာပြောင်းသူတွေကို သေဒဏ်ပေးဖို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားပါသလား

$
0
0
တင်မောင်ထွေး - ဘာသာပြောင်းသူတွေကို သေဒဏ်ပေးဖို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားပါသလား
(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅

လူတစ်ယောက်က သူကိုးကွယ်တဲ့ ဘာသာကနေ အခြားဘာသာတစ်ခုကို ပြောင်းသွားတယ်ဆိုရင် သာသနာပ ဖြစ်သွား တယ်။ တနည်း ဇာတ်ပျက်သွားတယ်ဆိုပြီး သူ့ကိုရည်ညွှန်းပြောကြဆိုကြတယ်။ ဒါဟာ မေးငေါ့ပျက်ရယ်ပြုတဲ့ အသွင်နဲ့ ပြောတဲ့စကားလို့ ဆိုရပါမယ်။

ကိုးကွယ်နေတဲ့ ဘာသာတစ်ခုကနေ အခြားဘာသာကို ပြောင်းသွားတာ၊ ဒါမှမဟုတ် ဘာသာမဲ့ဖြစ်သွားတာဟာ လူတစ် ယောက်ရဲ့ကိုယ်ပိုင် ရွေးချယ်ခွင့်ပဲဖြစ်ပါတယ်။ ဘာသာပြောင်းခြင်းဟာ ရာဇ၀တ်မှုမဟုတ်ပါ။ စီကူလာခေါ် လောကီသီး သန့်ရှုထောင့်အရတော့ ဘာသာပြောင်းသွားသူကို အခြားလူအုပ်စုက အပြစ်ကျူးလွန်သူပါလားဆိုတဲ့ အမြင်နဲ့တောင် မ ကြည့်ရှုသင့်ပါ။

မွတ်စလင်တွေရဲ့ ကျမ်းစာဖြစ်တဲ့ ကိုရန်ကျမ်းစာမှာတော့ အစ္စလာမ်သာသနာကနေ ဘာသာပြောင်းသွားတဲ့သူ၊ ဒါမှမဟုတ် ဘာသာမဲ့ဖြစ်သွားသူကို အာရေဗျဘာသာစကားနဲ့ "အီးရ်သတ်ဒ်" (လှည့်ထွက်သွားသူ) လို့ ဖော်ပြတယ်။ အဲဒီလို ဖော်ပြ ချက်ကလွဲလို့ မွတ်စလင်အဖြစ်ကနေ စွန့်လွှတ်သွားတဲ့ လူအတွက် တခြားတစ်စုံတစ်ရာ စကားလုံး သုံးစွဲထားတာမျိုး မရှိပါဘူး။ ဒါ့ပြင် အစ္စလာမ်မှာ ဘာသာပြောင်းသွားသူအတွက် အစိုးရကသော်လည်းကောင်း၊ ဘာသာရေးဆရာတွေက သော်လည်းကောင်း အပြစ်ဒဏ်ချမှတ်စီရင် ဖို့လည်း သတ်မှတ်ပြဌာန်းထားခြင်း မရှိပါဘူး။

ရက်အနည်းငယ်အလျင်က ဆော်ဒီမှာ ပါလစ္စတိုင်းကဗျာဆရာကို ဘာသာပြောင်းတဲ့အတွက် သေဒဏ်ချမှတ်ခဲ့တယ်။ ဆော် ဒီ၊ အီရန်စတဲ့ နိုင်ငံတွေမှာတော့ အစ္စလာမ်ဘာသာကနေ တခြားဘာသာပြောင်းရင် သေဒဏ်ပေးဖို့ ဥပဒေ ပြဌာန်းထား ပါတယ်။ ဆော်ဒီနဲ့ အီရန် စတဲ့နိုင်ငံတွေကတော့ သူတို့ကိုယ်ပိုင် တီထွင်ပြဌာန်းထားတဲ့ အဲဒီဥပဒေကို ရှရီယာဥပဒေလို့ ကင်ပွန်းတပ်ထားပါသေးတယ်။

ရှရီယာအစစ်အမှန်က ဘာလဲ

================
အစ္စလာမ်သာသနာမှာ ဘာသာပြောင်းသွားတဲ့သူကို အပြစ်ဒဏ်တစ်စုံတစ်ရာ ပေးထိုက်တယ်၊ မပေးထိုက်ဘူးဆိုတာ ဆုံး ဖြတ်ဖို့ အစ္စလာမ့်ဥပဒေဖြစ်တဲ့ ရှရီယာကို ကိုးကားကြပါတယ်။ ရှရီယာဆိုတာ ဥပဒေအပိုဒ်ခွဲ ပုဒ်မတွေတန်းစီရေးထားတဲ့ ဥပဒေကျမ်းကြီးမဟုတ်ပါ။ ကမ္ဘာပေါ်က ဘယ်မွတ်စလင်တစ်ဦးတစ်ယောက်မှ ရှရီယာဥပဒေစာအုပ် ဖတ်ဖူးဖို့မဆိုထားဘိ၊ မြင်တောင် မြင်ဖူးကြမှာ မဟုတ်ပါ။ ဘာလို့လဲဆိုတော့ ရှရီယာဥပဒေစာအုပ်ဆိုတာ မရှိလို့ပါပဲ။

ဒီလိုဆို ရှရီယာဥပဒေပုဒ်မတွေ ဘယ်ကလာသတုန်း။ ရှရီယာလို့ ဆိုလိုက်တာနဲ့ မွတ်စလင် (ဥပဒေ) ပညာရှင်တွေ မျက်စိထဲ တန်းမြင်ကြတဲ့ စာအုပ်ကတော့ ကိုရန်ကျမ်းစာပဲ ဖြစ်တယ်။ "ကိုရန်အပြင် တခြားကျမ်းရဲ့ အဆို"ဆိုတဲ့ စကားလုံးမျိုးကို ကိုးကားပြီး ကိုရန်ကျမ်းကို ဆန့်ကျင်နေသည့်တိုင် အဲဒီအဆိုကို ရှရီယာ ခေါင်းစဉ်အောက်ပို့ဖို့ မဖြစ်နိုင်ပါ။ ရှရီယာဥပဒေကို ကိုရန်ကျမ်းကသာ စိစစ်ပြဌာန်းပေးတယ်ဆိုတဲ့အချက်ကိုတော့ မွတ်စလင်တွေရော မွတ်စလင်မဟုတ်သူတွေပါ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား နားလည်ကြဖို့ လိုအပ်ပါတယ်။ ရှရီယာ ပုဒ်မတွေကို ဘယ်လို ဘယ်ပုံ စိစစ်ယူသလဲ စမ်း စစ်ရင် ....

၁) ရှရီယာဥပဒေသည် ကိုရန်ကျမ်းစာသာ ဖြစ်တယ်။

၂) ကိုရန်ကျမ်းစာကို ကျမ်းစာနဲ့ အတူ လက်တွေ့ကျင့်ကြံပြသခဲ့တဲ့ တမန်တော် မုဟမ္မဒ်ရဲ့ စံနမူနာ ကျင့်ထုံး (အာရေဗျ ဘာ သာစကားနဲ့ ‘စွန်နာဟ်’ )  တွေကိုစံထား နမူနာယူပြီး ကိုရန်ကျမ်းက ဆင့်ဆိုတဲ့ ဥပဒေတွေကို  လက်တွေ့ကျင့်သုံးနိုင်ကြတယ်။

၃) ကိုရန်ကျမ်းစာမှာ ပါရှိတဲ့ ကျမ်းချက်တွေကို အသေးစိတ်နားလည်ဖို့ ဋီကာဖွင့်တဲ့အခါ ဋီကာပညာရှင်တွေက တမန်တော် မုဟမ္မဒ်ရဲ့ နုတ်ထွက်စကားတွေကို ကိုးကားပြီးဋီကာဖွင့်ကြတယ်။ အဲဒီနုတ်ထွက်စကားတွေကို စုစည်းထားတဲ့ ကျမ်းတွေရှိ တယ်။ အဲဒီကျမ်းတွေကိုတော့ "ဟဒီးဆ်"ဆိုပြီး ခေါ်တယ်။ အဲဒီဟဒီးဆ်ကျမ်းပါ ဖော်ပြချက်တွေသည် ကိုရန်ကျမ်းကို ထောက်ပံ့ဆွေးနွေးတာမျိုးဖြစ်ပြီး ကိုရန်ကျမ်းရဲ့ သွန်သင်ချက်များနဲ့ လိုက်လျော်ညီထွေဖြစ်နေမှသာ သူ့ကို ရှရီယာ တရား ရုံးက ထည့်သွင်းစဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှရီယာဥပဒေမှာ အဆင့်တွေရှိလာတယ်လို့ ဆိုနိုင်တယ်။ နံပါတ် ၁ က ကိုရန်ကျမ်း၊ နံပါတ် ၂ က စွန်နာဟ်နဲ့ နံ ပါတ် ၃ ကတော့ ဟဒီးဆ်။

တဖန် မှတ်သားရမှာက တမန်တော် မုဟမ္မဒ်ရဲ့ လက်တွေ့ကျင့်သုံးမှုတွေဟာ ကိုရန်ကျမ်းစာအတိုင်း တသဝေမတိမ်းဖြစ် ပါတယ်။ ဒါကို မွတ်စလင်တိုင်း သဘောတူပါတယ်။ ဒါကြောင့် ကိုရန်ကျမ်းစာလာ အချက်များနဲ့ စွန်နာဟ်ကျင့်သုံးမှုတွေဟာ လုံးဝဥဿုံ ထပ်တူထပ်မျှ ဖြစ်ပါတယ်။

ဟဒီးဆ်တွေကတော့ တမန်တော်မုဟမ္မဒ်အလွန် နှစ်ပေါင်း ၃ ရာကျော်မှ စတင်စုစည်းထားတာကြောင့် အဲဒီထဲမှာ အမှား အမှန် အဆိုးအကောင်းတွေ ရောပြွမ်းနေပါတယ်။ ဟဒီးဆ်တစ်ခု မှန်/မမှန်ကိုတော့ လွယ်လွယ်ကူကူ ဆုံးဖြတ်နိုင်ပါတယ်။ ကိုရန်ကျမ်းစာနဲ့ တိုက်ကြည့်လိုက်ပါ။ ဆန့်ကျင်နေတယ်ဆိုရင် အဲဒီဟဒီးဆ်ကို စွန့်ပစ်နိုင်ပါပြီ။ သို့သော် ရိုးသားစွာ ၀န်ခံလို တာက ကိုရန်ကျမ်းနဲ့ ဆန့်ကျင်နေသည့်တိုင် အဲဒီဟဒီးဆ်တွေကိုကိုင်စွဲပြီး ရှရီယာခေါင်းစဉ်အောက် ဆွဲသွင်းထားကြတဲ့ အစ္စလာမ်မစ် နိုင်ငံတွေ ရှိနေပါသေးတယ်။

ရှရီယာရဲ့ အဓိပ္ပါယ်က "သီတာရေစဉ်လို ကြည်လင်အေးမြတဲ့ ဘ၀လမ်းညွှန်"ဖြစ်ပါတယ်။ အေးမြတဲ့ ဘ၀လမ်းညွှန်မှာ ဘာသာပြောင်းကိုးကွယ်သူအတွက် အပြစ်ဒဏ် တစ်စုံတစ်ရာ ပြဌာန်းထားတယ်ဆိုတာ ယုံပါသလား? ၀မ်းနည်းစရာ ကောင်းတာကတော့ မွတ်စလင်အချို့ကိုယ်တိုင် ဟုတ်ကဲ့၊ ယုံပါတယ်လို့ အဖြေပေးနေကြတာပါပဲ။

အခုရှရီယာဥပဒေ စစ်စစ်ဖြစ်တဲ့ ကိုရန်ကျမ်းစာရဲ့ ရှုထောင့်အရ အစ္စလာမ်သာသနာမှာ ဘာသာပြောင်းသွားသူအတွက် အပြစ်ဒဏ် တစုံတရာ ပြဌာန်းထားခြင်း ရှိ/မရှိ စိစစ်ကြပါမယ်။

အဖြေရလဒ်ကိုတော့ ကြိုတင် ဖော်ပြထားပါရစေ။ "ဘာသာပြောင်းခြင်းအတွက် ပြဌာန်းထားတဲ့ဥပဒေ"အမျိုးအစားက ခရစ် ယာန်သာသနာရဲ့ ခေတ်လယ်ကာလမှာ တွင်ကျယ်ခဲ့ပြီး အဲဒီဥပဒေကို အစ္စလာမ့်ရှရီယာနဲ့ ယှဉ်ထိုးစိစစ်ရင်တော့ အစ္စလာမ်နဲ့ ဘာသာပြောင်းခြင်းအတွက် အပြစ်ဒဏ်ဆိုတာဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိလူသားနဲ့ ကျွန်တော်တို့ တခါမျှ မမြင်ဖူးတဲ့ တခြားဂြိုဟ်ပေါ်က ဂြိုဟ်သားတစ်ယောက်လို သူစိမ်းတရံဆံတွေ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာပါ။

စိစစ်ရန် နည်းလမ်း
============
ဘာသာပြောင်းခြင်းအတွက် အစ္စလာမ်က ပြဌာန်းတဲ့ အပြစ်ဒဏ် ရှိမရှိကို စိစစ်အကဲဖြတ်ဖို့ နည်းလမ်းတွေ လိုအပ်ပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုပြီးတော့ ရှရီယာရဲ့ အဓိကပင်မရေသောက်မြစ်ဖြစ်တဲ့ ကိုရန်ကျမ်းစာပါ ဖော်ပြချက်တွေကို စစ် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြေခံကျပြီး စံထားနိုင်တဲ့ နည်းလမ်းကတော့ ကိုရန်ကျမ်းစာလာ မုက္ခပါတ်တစ်ခုကို ကိုရန်ကျမ်းရဲ့ အခြားမုက္ခပါတ်များ က သာ မှန်ကန်စွာအဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ တနည်းဆိုရရင် ကိုရန်ကို ကိုရန်ကသာ တိတိပပ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ တစ်နေ ရာမှာ အဓိပ္ပါယ်ဖွင့်ဆိုချက် မှားယွင်းခဲ့ရင် ကိုရန်ကျမ်းရဲ့ အခြားနေရာပေါင်း များစွာကနေ ထောက်ပြနေလေ့ရှိပါတယ်။

“….ယင်း(ကုရ်အာန်ကျမ်းစာ)၌ခိုင်မာပြတ်သားသော (အာယတ်) မုက္ခပါတ် တော်များရှိ၏၊ ယင်းတို့သည် ကျမ်းတော်၏ မိခင်ဖြစ်၏။ ထို့ပြင် အခြားဆင်တူယိုးမှားဖြစ်သည့် (အာယတ်တော်များ) လည်းရှိ၏။ သို့ဖြစ်ရာ မိမိတို့၏စိတ်နှလုံးများတွင် ကွေ့ကောက်တိမ်း စောင်းမှုရှိသူတို့သည် ပြဿနာကိုလိုလား၍ အဓိပ္ပါယ်ဖွင့်ဆိုရန်အတွက် ယင်းမှတစ်ခုနှင့်တစ်ခု ဆင်တူ ယိုးမှားဖြစ်သည့် (အာယတ်တော်များ) ကို လိုက်နာကြ၏။ အမှန်သော်ကား ယင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အလ္လာဟ်နှင့် ပညာအရာတွင် ရင့်ကျက်မှုရှိသူတို့မှတစ်ပါး အခြားမည်သူမျှ မသိကြချေ။ သူတို့က ကျွန်ုပ်တို့သည် ယင်းကိုယုံကြည်ကြပါ၏၊ အားလုံးသည် ကျွန်ုပ်တို့၏ ဖန်ဆင်းမွေးမြူရှင်ထံတော်မှဖြစ်ပါ၏ဟု ဆိုကြပေသည်။ အမှန်သော်ကား ဥာဏ်ပညာအမြှော် အမြင်ရှိ သူတို့မှတစ်ပါး မည်သူမျှအဆုံးအမကို မရယူကြချေ။” (ကိုရန်ကျမ်းစာ ၊ အခန်းနံပါတ် ၃ ၊ မုက္ခပါတ်အမှတ်စဉ် ၈)

ကိုရန်ကျမ်းရဲ့မုက္ခပါတ်အချို့က ရှင်းလင်းပြတ်သားတာကြောင့် လွဲမှားပြီး အဓိပ္ပါယ်ကောက်ဖို့ မဖြစ်နိုင်ဘူး။ အဲဒီလို မုက္ခ ပါတ်တွေကို “မိုဟ်ကမ်” ဆိုပြီး အာရေဗျလို ခေါ်ဆိုထားပါတယ်။ ကိုရန်ကျမ်းစာပါ တခြားမုက္ခပါတ် အချို့ကတော့ အဓိပ္ပါယ် ဖွင့်တဲ့နေရာမှာ ကောက်ယူမှု လွဲမှားနိုင်ချေရှိပါတယ်။ အဲလို မုက္ခပါတ်တွေကိုကျ “မုသရှားဘ်” လို့ခေါ်ပါတယ်။ “မုသရှားဘ်” မုက္ခပါတ်တွေကို အဓိပ္ပါယ်ဖွင့်ပြီး အဲဒီအဓိပ္ပါယ် ဒါမှမဟုတ် ကောက်ချက်ဟာ မှားယွင်းနေတယ်ဆိုရင်တော့ “မိုဟ်ကမ်” ဆိုတဲ့ မုက္ခပါတ်တွေက ပယ်ချပါတယ်။ ဒါကြောင့် “မိုဟ်ကမ်” ဆိုတဲ့ မုက္ခပါတ်တွေကို ကျမ်းတော်ရဲ့မိခင်ဆိုပြီး သုံးနှုန်း ထားခြင်း ဖြစ်ပါတယ်။

ဒါကတော့ ရှရီယာစစ်မစစ် စိစစ်တဲ့ အလွယ်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။

ကိုရန်ကျမ်းစာမှ ပြောသော လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်
======================================================
လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်နိုင်ရမယ်၊ မိမိနှစ်သက်တာကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရမယ်။ ဒီအချက်နှစ်ခုက အစ္စလာမ် သာသနာရဲ့ အခြေခံ နည်းနာတွေ ဖြစ်ပါတယ်။ ကိုရန်ကျမ်းစာမှာ ဖော်ပြထားတာက -

“သာသနာရေးတွင် မည်သို့သော အတင်းအကျပ် အဓမ္မပြုမှုမျှမရှိ။ ဧကန်ပင် လမ်းမှန်သည် လမ်းမှားနှင့် ရှင်းလင်းစွာ ကွဲပြား ထင်ရှားခဲ့ပေပြီ။” (ကိုရန်ကျမ်းစာ အခန်း ၂ ၊ မုက္ခပါတ်အမှတ်စဉ် ၂၅၇)

ဒီမုက္ခပါတ်တော်အရ မွတ်စလင်တိုင်းဟာ တခြားလူတွေကို အစ္စလာမ်ဘာသာအပေါ် သက်ဝင်ယုံကြည်လာစေဖို့ ခြိမ်း ခြောက် အကြပ်ကိုင်တာမျိုး လုပ်လို့မရဘူးဆိုတာ သိရှိနိုင်ပါတယ်။

လူတစ်ဦးက မွတ်စလင်အဖြစ်ကနေ ဘာသာပြောင်းသွားခဲ့ရင် သူ့ကို သေဒဏ်ပေးရမယ်ဆိုတာက တနည်းအားဖြင့် သူမွတ် စလင်ပြန်ဖြစ်လာအောင် ခြိမ်းခြောက်အကြပ်ကိုင်တာ ဖြစ်တာကြောင့် အထက်မှာဖော်ပြထားတဲ့ မုက္ခပါတ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမှာပဲ ဖြစ်ပါတယ်။

အစ္စလာမ်ကို မယုံကြည်တဲ့သူရော၊ အစ္စလာမ်ကနေ ထွက်ပြီး ဘာသာပြောင်းသွားသူတွေမှာပါ ကြိုက်နှစ်သက်ရာကို လွတ် လပ်စွာ ရွေးချယ်ကျင့်သုံးခွင့်ရှိသလို သူတို့ကို ယုံကြည်သူတွေဖြစ်လာစေဖို့ အင်အားသုံးတာမျိုး၊ အပြစ်ဒဏ်တွေချမှတ် တာမျိုး (အထူးသဖြင့် သေဒဏ်) ကို လုံးဝတားမြစ်ထားပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ကိုရန်ကျမ်းစာ ၂း၂၅၇ ကတော့ အင်အားသုံးပြီး ဘာသာကူးပြောင်းအောင် ဆောင်ရွက်တာမျိုး မလုပ်ဖို့ တားမြစ်ထားတဲ့အပြင်၊ အတင်းအဓမ္မပြုခြင်းကြောင့် အမှန်တရားကို တင်းပြည့်ကျပ်ပြည့် လက်ခံလာဖို့ မရှိဘဲ အမှန် တရားဟာ ထင်ရှားကွဲပြားစွာရှိနေတာကြောင့် လက်ခံဖို့ရာ လွယ်ကူပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုပါ “ဧကန်ပင် လမ်းမှန် သည် လမ်းမှားနှင့် ရှင်းလင်းစွာ ကွဲပြားထင်ရှားခဲ့ပေပြီ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

ကိုရန်ကျမ်းစာရဲ့ အခြားနေရာတွေမှာလည်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နဲ့စပ်လျဉ်းပြီး ဖော်ပြထားတာ တွေ့ရပြန်ပါ တယ်။

ဥပမာ ကိုရန်ကျမ်းစာ အခန်းနံပါတ် ၁၈ ၊ မုက္ခပါတ်အမှတ်စဉ် ၃၀ မှာ - “ထို့ပြင်ပြောကြားပါလေ။ အမှန်တရားဟူသည်အသင် တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ထံတော်မှသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ အကြင်သူသည် အလိုရှိလျှင် သက်ဝင်ယုံကြည်ပါလေ။ ထို့ပြင် အကြင်သူသည် အလိုရှိလျှင် မယုံကြည်ငြင်းပယ်နိုင်၏” ဆိုပြီး ဖော်ပြထားပါတယ်။

အစ္စလာမ်သာသနာကို စွန့်လွှတ်သွားသူအတွက် ရှရီယာမှ ပြဌာန်းသည့် အပြစ်ဒဏ်
=============================================
ရှရီယာဥပဒေ အစစ်အမှန်ဖြစ်တဲ့ ကိုရန်ကျမ်းစာကတော့ အကယ်၍ လူတစ်ဦးဟာ အစ္စလာမ်ဘာသာဝင်အဖြစ်ကနေ အခြားဘာသာကို ကူးပြောင်းခဲ့တယ်ဆိုရင် အခြားလူတွေကသော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း သူ့ကို အပြစ်ဒဏ်တစုံတရာပေးဖို့ သတ်မှတ်ပြဌာန်း ပေးထားတာမျိုး လုံးဝမရှိဘူးဆိုတာကို ရှင်းလင်းစွာ ဖော်ပြပြီး ဖြစ်ပါတယ်။

ဘာသာပြောင်းသွားသူ ဒါမှမဟုတ် ဘာသာမဲ့ဖြစ်သွားတဲ့ သူကို အပြစ်ပေးဖို့ရာ အခြားလူတွေမှာ အခွင့်အာဏာမရှိပါ။ အစ္စလာမ်သာသနာဝင်များရဲ့ အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံး မဟာတမန်တော်ဖြစ်တဲ့ မုဟမ္မဒ်မှာတောင် အခွင့်အာ ဏာမရှိပါ။ မုဟမ္မဒ်ဟာ သတင်းစကားပေးပို့သူသာဖြစ်ပြီး လူသားတွေအနေနဲ့ သူပေးပို့တဲ့ သတင်းစကားကို ယုံကြည်လို တယ်ဆိုရင် ယုံကြည်နိုင်သလို၊ ငြင်းပယ်လိုတယ်ဆိုရင်လည်း ငြင်းပယ်နိုင်တဲ့အကြောင်း ကိုရန်ကျမ်း ၁၈း၃၀ အရလည်း သိရှိပြီးပါပြီ။ အခုတခါ တမန်တော် မုဟမ္မဒ်ကိုယ်တိုင်သည်ပင် သူ့သတင်းစကားကို မယုံကြည်တဲ့သူတွေအပေါ် စောင့်ကြပ် စီမံဖို့ တာဝန်ပေးအပ်ခံထားရသူမဟုတ်တဲ့အကြောင်းကို ကိုရန်ကျမ်းစာအရပဲ အောက်ပါအတိုင်း သိရှိမှတ်သားနိုင်ပါတယ်။

“အသင်ပြောကြားပါလေ(ဤစာသားမှာ အလ္လာဟ်ဘုရားရှင်က တမန်တော် မုဟမ္မဒ်အား ကြေညာမောင်းခတ်ရန် အမိန့်ပေး ခြင်းဖြစ်သည်)၊ အို-လူသားအပေါင်းတို့၊ စင်စစ်သော်ကား အသင်တို့ထံ အသင်တို့အားဖန်ဆင်းမွေးမြူ တော်မူသောအရှင် ၏ထံတော်မှ အမှန်တရားသည် ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ရာ အကြင်သူသည် တရားလမ်းမှန်ကိုရရှိ ခဲ့လျှင် ယင်းသူသည် မိမိစိတ်ဝိညာဉ်အတွက်သာလျှင် တရား လမ်းမှန်ကိုရရှိခြင်းဖြစ်ပေသည်။ ထို့ပြင် အကြင်သူသည် လမ်း မှားပါက ထိုသူသည် မိမိစိတ်ဝိညာဉ်နှင့် ဆန့်ကျင်လျက်သာ လမ်းမှားခြင်းဖြစ်၏။ စင်စစ် ကျွန်ုပ်သည် အသင်တို့အပေါ် စောင့်ကြပ်သူမဟုတ်ချေ။” (ကိုရန်ကျမ်းစာ အခန်းနံပါတ် ၁၀ ၊ မုက္ခပါတ်အမှတ်စဉ် ၁၀၉ )

“အသင်သည် (မုဟမ္မဒ်ကို ရည်ညွှန်း) အဖန်တလဲလဲ သွန်သင်ဆုံးမသူတစ်ဦးသာဖြစ်ပေသည်။
အသင်သည် ၎င်းတို့အပေါ် စောင့်ကြပ်သူ မဟုတ်ချေ။” (ကိုရန်ကျမ်းစာ အခန်းနံပါတ် ၈၈ ၊ မုက္ခပါတ်အမှတ်စဉ် ၂၂ မှ ၂၃)

မုဟမ္မဒ်ကိုယ်တိုင်သည်ပင် အစ္စလာမ်ကို မယုံကြည်တဲ့သူတွေအတွက် စောင့်ကြပ်ထိန်းကွပ်ဖို့ အခွင့်အာဏာရှင်မဟုတ်မှ တော့ အစ္စလာမ်သာသနာမှာ တခြားဘယ်သူကများ မုဟမ္မဒ်ထက်ပိုပြီး သြဇာအာဏာရှိတယ်လို့ ကြွေးကြော်နိုင်ပါတော့မလဲ။

ဘာသာပြောင်းသူအတွက် စောင့်ကြပ်စီမံဖို့ လူတွေမှာ အခွင့်အာဏာမရှိဘဲ ဘုရားရှင်ကသာ စောင့်ကြပ်စီမံမှာ ဖြစ်တဲ့အ ကြောင်းကို ကိုရန်ကျမ်းက အခုလို ဖော်ပြထားပါသေးတယ်။

“အကြင်သူသည် (အီမာန်) ယုံကြည်ခြင်းကိုပင် ငြင်းပယ်ပါလျှင် ထိုသူ၏ ကျင့်ကြံအားထုတ်မှုသည် ဧကန်စင်စစ် အချည်းနှီး ဖြစ်ချေသည်။ ထိုသူသည် နောင်တမလွန်တွင် ဆုံးရှုံးသူများအနက်မှ ဖြစ်လိမ့်မည်တည်း။” (ကိုရန်ကျမ်းစာ အခန်းနံပါတ် ၅ ၊ မုက္ခပါတ်အမှတ်စဉ် ၆)

ဒါကြောင့် အစ္စလာမ်သာသနာကနေ ဘာသာပြောင်းသွားသူတစ်ယောက်အတွက် လောကီအပြစ်ဒဏ် တစုံတရာမှ မရှိသ လို၊ သူ့အနေနဲ့လည်း အစ္စလာမ်သာသနာ၊ အစ္စလာမ့်ကျမ်းစာတွေအပြင် အစ္စလာမ့်ဘုရားရှင် အလ္လာဟ်ကိုပါ မယုံကြည်တော့ တဲ့အတွက် အလ္လာဟ်အရှင်ပြဌာန်းတော်မူထားတဲ့ နောင်တမလွန်ဘ၀ကိုလည်း စနိုးစနောင့်ဖြစ်နေစရာ မလိုတော့ပါဘူး။

အတိုချုံးရရင် ဘာသာကူးပြောင်းသူအတွက် တမန်တော်မုဟမ္မဒ်အပါအ၀င် လောကီလူသားတစ်ယောက်မှာမှ အပြစ်ပေးဖို့ ရာ အခွင့်မရှိဘဲ၊ သူရဲ့အရေးကိစ္စကို အလ္လာဟ်ကသာ စီမံတော်မူမှာ ဖြစ်တဲ့အကြောင်း၊ သူ့အနေနဲ့လည်း အလ္လာဟ်ဘုရားကို မယုံကြည်တော့တဲ့အတွက် စိတ်ပူပန်နေစရာ မလိုတော့တဲ့အပြင် မိမိနှစ်သက်ရာကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်နိုင်ပြီ ဖြစ်ပါတော့တယ်။

အစ္စလာမ်မစ်နိုင်ငံဟု မိမိတို့ကိုယ်ကို ကြေညာထားသည့် နိုင်ငံအချို့မှာ ဘာသာကူးပြောင်းသူများကို ဘာကြောင့် သေဒဏ် ပေး ရပါသလဲ
===========================================================
တမန်တော်မုဟမ္မဒ်အလွန် နှစ်ပေါင်း ၃၀၀ ကျော်မှ စတင်ပြုစုဆောင်းခဲ့တဲ့ ဟဒီးဆ်ကျမ်းအချို့မှာ ဘာသာပြောင်းသူနဲ့ ပတ် သတ်ပြီး ကိုရန်ကျမ်းနဲ့ဆန့်ကျင်တဲ့ အပြစ်ဒဏ်တွေကို ဖော်ပြထားတာမျိုး ရှိပါတယ်။

ဟဒီးဆ်ကျမ်းတွေကို စုဆောင်းတဲ့နေရာမှာ ဆင့်ပြန်ပြောပြတဲ့ ပုဂ္ဂိုလ်များအပေါ်အခြေခံပြီး သူတို့ပြောပြတဲ့ အဖြစ်အပျက် အလိုက် တန်းစီမှတ်တမ်းတင်ပါတယ်။ ဆင့်ပြန်သူကွင်းဆက်အလိုက် တိကျသေချာစွာ စိစစ်နိုင်တဲ့ ဟဒီးဆ်မှတ်တမ်း တွေရှိသလို ကွင်းဆက်ပြတ်ကျန်ရစ်တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ ဒါ့ပြင် ဆင့်ပြန်သူရဲ့ ကိုယ်ကျင့်စာရိတ္တကိုလည်း စိစစ်မှတ်ကျောက်တင်ပြီး အချို့ဟဒီးဆ်တွေမှာ စာရိတ္တမှတ်တမ်းမကောင်းတဲ့ ဆင့်ပြန်သူပါလာခဲ့သည်ရှိသော် အဲဒီဟဒီးဆ် မျိုးကို လက်မခံထိုက်တဲ့အကြောင်း အစ္စလာမ့်ပညာရှင်တွေက ဆုံးဖြတ်ကြပါတယ်။

ဥပမာ - ဘာသာပြောင်းသူတွေကို သတ်ပြစ်ရမယ်ဆိုတဲ့ စကားကို ဆင့်ပြန်ခဲ့တဲ့ “အိက္ကရာမာ” ဆိုသူဟာ ကိုယ်ကျင့်မှတ် တမ်းတွေအရ လိမ်လည်လှည့်ဖျားမှုတွေ ကျူးလွန်ခဲ့ဖူးသူဖြစ်တာကြောင့်၊ အစ္စလာမ်သာသနာမှာ ယုံကြည်လေးစားရတဲ့ သာသနာ့ပညာရှင် “အေမာမ်မာလိက်” သူ့ကို လူလိမ်အဖြစ် ဓမ္မသတ်ဆုံးဖြတ်ခဲ့ဖူးပါတယ်။

ရှရီယာဥပဒေမှာ ဟဒီးဆ်ရဲ့ကဏ္ဍက တတိယနေရာသာ လိုက်ပါတယ်။ ဆင့်ပြန်သူကွင်းဆက်ပြတ်ကျန်ရစ်တာမျိုး ၊ ဆင့်ပြန် သူရဲ့ ကိုယ်ကျင့်တရားက ပြစ်တင်စောကြောစရာဖြစ်နေတာမျိုး ဆိုရင်တော့ အဲဒီဟဒီးဆ်ကို မခိုင်အားနည်းတဲ့ ဟဒီးဆ်အဖြစ် သတ်မှတ်ရမှာဖြစ်သလို စံထားနောက်လိုက်ပြုစရာလည်း မလိုတော့ပါဘူး။

ဘာသာပြောင်းသူအတွက် သေဒဏ်ကို ဖော်ပြထားတဲ့ ဟဒီးဆ်တွေ အားလုံးဟာ မခိုင်အားနည်းတဲ့ ဟဒီးဆ်တွေဖြစ်ပါတယ်။  အဲဒီဟဒီးဆ်တွေကို စိစစ်ကြည့်ရင်လည်း တမန်တော်မုဟမ္မဒ်ရဲ့ ကိုယ်ထိလက်ရောက် အပြုအမူကို ရေးသားမှတ်တမ်းတင်ထားတာမျိုးမဟုတ်ဘဲ “ကျွန်တော်တော့ ဒီလိုကြားသိခဲ့တာပဲ” ဆိုတဲ့ အသွင်သာ ဆောင်နေတာကို တွေ့ရပြန်ပါတယ်။ ဘာ ကြောင့် အဲဒီဟဒီးဆ်တွေမှာ ဘာသာပြောင်းသူကို သတ်ပြစ်ရမယ်လို့ ဆိုထားတာလဲ? ဆန်းစစ်ကြည့်ကြရအောင်။

တမန်တော်မုဟမ္မဒ်လက်ထက် အာရေဗျကျွန်းဆွယ်မှာ အစ္စလာမ်ဘာသာ တမျိုးထဲမဟုတ်ဘဲ ရဟူဒီနဲ့ ခရစ်ယာန်ဘာ သာဝင်တွေလည်း လူမျိုးနွယ်အုပ်စုကြီးတွေအလိုက် ရှိခဲ့ပါတယ်။ ဒါကြောင့် ရဟူဒီ ၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့ထုံးတမ်းတွေဟာ ရောထွေးနေတာကို တွေ့ရပါတယ်။ ဒါ့ပြင် အစ္စလာမ့်အင်ပါယာအောက်မှာ ရှိနေတဲ့ ဘာသာကွဲတွေကို ရာဇ၀တ်မှု ကျူးလွန်လို့ စီရင်ဆုံးဖြတ်တဲ့အခါ သူတို့စိတ်ကြိုက် ဥပဒေအတိုင်း စီရင်ဆုံးဖြတ်ပါတယ်။ ဥပမာ - ရဟူဒီတစ်ဦးကို တရားစီရင်တဲ့အခါ သူက တိုရာကျမ်းကို ရွေးမလား၊ ဓမ္မသစ်ကျမ်းကိုရွေးမလား၊ ကိုရန်ကျမ်းကိုပဲရွေးမလား၊ ဒါမှမဟုတ် တရားသူကြီးအဖွဲ့ရဲ့ သဘောထားအတိုင်း အစီရင်ခံမလား စသဖြင့် ရွေးချယ်ခွင့်ပေးထားပါတယ်။ ပုံမှန်အားဖြင့်တော့ ရဟူ ဒီက တိုရာကိုပဲ ရွေးမှာဖြစ်ပါတယ်။

တိုရာကျမ်းကို လေ့လာတဲ့အခါ ဘာသာပြောင်းသူအတွက် သေဒဏ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

“သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌ နေသောမယား၊ ကိုယ်ကဲ့သို့မှတ်တတ်သော အဆွေခင်ပွန်း တစုံတယောက်က၊ သွားကြစို့၊ သင်လည်းမသိ၊ ဘိုးဘေးတို့လည်း မသိသော အခြားတပါးသော ဘုရား၊ သင့်ပတ်လည် အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သော ဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာသွေးဆောင်လျှင်၊ သင်သည်ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကိုမြင်သော အခါမသနားရ။ နှမြော သဖြင့်ဖွက်၍ မထားရဘဲ၊ သူ့ကိုအမှန်သတ်ရမည်။” (တရားဟောရာကျမ်း ၊  အခန်းကြီး ၁၃ ၊ အခန်းငယ် ၆ မှ ၈ အထိ)

ဒါကြောင့် ဓလေ့ထုံးတမ်းတွေ ရောပြွမ်းနေတဲ့ အာရေဗျအဖြစ်အပျက်ကို နှစ်ပေါင်းရာကျော်မှ ဆင့်ပြန်သူတွေရဲ့ တဆင့်စ ကားများနဲ့ မှတ်တမ်းတင်တဲ့အခါ တိုရာကျမ်းရဲ့ ဆုံးဖြတ်ချက်ဟာ ရှရီယာခေါင်းစဉ်အောက် ရောက်ခဲ့ရပါတော့တယ်။

သို့သော် ကိုရန်ကျမ်းစာကသာ ရှရီယာအစစ်အမှန် ဟုတ်မဟုတ် စိစစ်ပိုင်းခြားတာကြောင့် ကိုရန်ကျမ်းက ဘာသာပြောင်း သူအတွက် အပြစ်ဒဏ်ပေးဖို့ သတ်မှတ်ပြဌာန်းထားတာမျိုးမရှိတဲ့အပြင် အဲဒါရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လွတ်လပ်စွာ ကိုး ကွယ်ယုံကြည်ခွင့် (ကိုရန် ၂း၂၅၇) ကို အသေအချာပြဌာန်းပေးထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

တဖန်ကိုရန်ကျမ်းစာ အခန်းအမှတ် ၄ ၊ မုက္ခပါတ်အမှတ်စဉ် ၁၃၈ မှာ အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါတယ်။

“ဧကန်စင်စစ်အကြင်သူတို့သည် (အီမာန်) သက်ဝင်ယုံကြည်ခြင်းရှိပြီးမှ တစ်ဖန်ငြင်းပယ်မှုကိုပြု၏။ ထို့နောက်တဖန် သက် ဝင်ယုံကြည်ပြီး တစ်ဖန်ပြန်၍ ငြင်းပယ်ခြင်းကိုပြုပြီး နောက် မယုံကြည်ငြင်းပယ်မှု၌ တိုးပွားလျက်သာရှိခဲ့ကြ၏။”

အကယ်၍ ဆော်ဒီနဲ့ အီရန်စတဲ့ နိုင်ငံများရဲ့ ဖန်တီးတီထွင်ထားတဲ့ ရှရီယာအရ ဘာသာပြောင်းသူကို သေဒဏ်ပေးရမယ်ဆိုရင် အဲဒီလူက သေပြီးဖြစ်တာကြောင့် အစ္စလာမ်သာသနာထဲတဖန်ပြန်ဝင်လာစရာ အကြောင်းမရှိတော့ပါ။ ဒါဆိုဘာကြောင့်များကိုရန်ကျမ်းစာက သက်ဝင်ယုံကြည်ခြင်းရှိပြီးမှ ငြင်းပယ်ကြတယ်၊ တခါထပ်ပြီး ပြန်လည်သက်ဝင်ယုံကြည်ကြတယ်၊ ပြီး တော့ ပြန်ထွက်သွားကြတယ်လို့ ဖော်ပြထားပါသလဲဆိုတာ ဆော်ဒီနဲ့ အီရန်နိုင်ငံတွေက သာသနာ့ပညာရှင်တွေကို မေးခွန်း ထုတ်ရပါတော့မယ်။

အချုပ်ဆိုရရင် မွတ်စလင်တိုင်းဟာ အစ္စလာမ်သာသနာကိုစွန့်ပြီး အခြားဘာသာကို ကူးပြောင်းခွင့်ရှိသလို၊ ဘာသာမဲ့အဖြစ် လည်း ကြေညာခွင့်ရှိပါတယ်။ အဲဒီလူကို ဘယ်သူတဦးတယောက်ကမှ ‘သာသနာပ’ ဖြစ်သွားသူရယ်လို့ ကြေညာပိုင်ခွင့် မရှိပါ။ အစိုးရကသော်လည်ကောင်း၊ ရှရီယာခုံရုံးကသော်လည်းကောင်း၊ သာသနာ့ရှေ့ဆောင် ဗလီဆရာတွေက သော် လည်းကောင်း၊ ယုံစွအဆုံး တမန်တော်မုဟမ္မဒ်ကိုယ်တိုင်တောင် ကြေညာဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ဘာသာကူးပြောင်းခြင်းဟာ သူပုန်ထမှု ဒါမှမဟုတ် နိုင်ငံတော် သစ္စာဖောက်မှုမျိုးမဟုတ်တာကြောင့် အပြစ်ဒဏ်တစုံတရာပေးဖို့ကိုလည်း အစ္စလာမ် သာသနာက သတ်မှတ်ပြဌာန်းထားခြင်း လုံးဝမရှိပါကြောင်း။

ကျွန်တော် စာရေးသူမှာ အဟ်မဒီယာမွတ်စလင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့်အလျောက် အဟ်မဒီမွတ်စလင်များ၏ စံနှုန်းအတိုင်း ကုရ်အာန် (ကိုရန်) ကျမ်းစာ မုက္ခပါတ် နံပါတ်စဉ်များကို ဖော်ပြထားပါသည်။ သို့ပါ၍ အခြားကုရ်အာန်များနှင့် တိုက်ကြည့်ပါက မုက္ခပါတ်အမှတ်စဉ် တစ်ခုပိုနေမည်ဖြစ်ပါသည်။ အဟ်မဒီမွတ်စလင်များက ကုရ်အာန်ကျမ်းစာ အခန်းတိုင်းမှ “ဗိစ္စလ္လာဟ်” မုက္ခပါတ်ကိုပါ နံပါတ်စဉ် ထည့်သွင်းရေတွက်သည့်အတွက် ယင်းကဲ့သို့ တစ်ခုပိုနေရခြင်းဖြစ်ပါသည်။

ဤဆောင်းပါးနှင့်ပတ်သတ်၍ စာရေးသူအား ဝေဖန်မှတ်ချက်ပေးလိုပါက tmhtwe@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

ကာတွန်း ဘီရုမာ - ပါပါး ... မာမား ...

$
0
0
ကာတွန်း ဘီရုမာ - ပါပါး ... မာမား ...
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို သတိပေးဟောပြော

$
0
0



ဒေါ်အောင်ဆန်းစုကြည်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို သတိပေးဟောပြော
ဟန်သစ်နိုင်၊ မိုးမခ၊ နိုဝင်ဘာ ၂၉၊ ၂၀၁၅







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊  ရခိုင်ပြည်နယ်တို့ကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ နိုဝင်ဘာ ၂၈ရက် ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမ တွင် ဟောပြောဆွေးနွေးခဲ့သည်။ အဖွဲ့ချုပ်နာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် များလည်း တက်ရောက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကိုသတိပေး ပြောပြဆွေးနွေး ရာတွင် “လူထုကိုကျေးဇူးဆပ်တဲ့အနေနဲ့ ဒီနေ့ကစပြီး ကိုယ်စားလှယ်များအလုပ်လုပ်ကြပါ၊ အမတ်လစာ ထဲက လည်းဖြတ်တောက်ပါမယ်၊ ပြည်သူအတွက်အသုံးပြုမယ်၊ ကိုယ်စားလှယ်များအတွက် သင်တန်းများလည်း အမြန်ဆုံးစတင်ပါမယ်၊ တိုင်းရင်းသားကိုယ်စားလှယ်များအတွက် သင်တန်းများကို ပထမဆုံးနဲ့အမြန်ဆုံး စတင်ပါမယ်၊ အချိန်နဲ့အချက်အလက်နဲ့ မေးတတ်မြန်းတတ်အောင် ပြင်ဆင်လေ့ ကျင့်ထားကြပါ၊ ခိုင်မာတဲ့ ယုံကြည်ချက်ခြင်းတူညီတဲ့ ရဲဘော်ရဲဘက်အချင်းချင်း လက်တွဲလုပ် ကြပါ၊ နောက်ဆုံးအနေနဲ့ ပြောလိုတာ ကအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါမယ်၊ အဖွဲ့ချုပ်လူဟောင်းများကို လူသစ်များက တိုင်ပင်ပါ၊ ဆွေးနွေးပါ၊ ဒီလှိုင်းကိုလည်းကြိုး စားဖတ်ကြပါ၊ တင်းတင်းကျပ်ကျပ်ကိုင်တွယ် မယ်ဆိုတဲ့အတွက်လည်း စိတ်ဓါတ်မကျပါနဲ့၊ အရည်အချင်း တိုးတက်မှုရှိအောင် လေ့ကျင့်ပေးတယ်လို့မှတ်ပါ၊ ကိုယ်စားလှယ်များအနေနဲ့ အခက်အခဲရှိရင်လည်း လူကြီးတွေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်လို့ရပါတယ်၊ ဒါပေမယ့် အမှားကိုတော့ အမှန်မလုပ်ခိုင်းပါနဲ့၊ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ယောက် အလွှဲသုံးစားပြုလုပ်လို့ ဥပဒေအရအရေးယူခံရ မယ်ဆိုရင်လည်း ထောင်ဝင်စာတွေ့ဖို့တော့ လူလွှတ်ပေးပါ့မယ်”ဟု ပြောသည်။
                 အနိုင်ရကိုယ်စားလှယ်များနှင်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေးဟောပြောခဲ့ရာများကို ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးမှပြန်ပြောပြရာတွင် “အဖွဲ့ချုပ်ကို အသစ်ဝင်လာတဲ့ သူ့တွေအနေနဲ့ အဖွဲ့ချုပ်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုသိရမယ်၊ ပြည်သူကရွေး ချယ်လိုက်တယ်ဆိုတာအပြောင်း အလဲအတွက်ရွေးချယ်လိုက်တာ၊ ပြည်သူနဲ့တစ်သားထဲရှိရမယ်၊ မာနထောင်လွှားလို့မရဘူး” ဟုပြောပြသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းမှပြောပြရာတွင်လည်း“လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုလုပ်ကိုင်ဆောင် ရွက်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုကြိုးစားရမယ်ဆိုတာတွေရယ်၊ ပထမလွှတ်တော်သက် တမ်းမှာတာဝန်ယူခဲ့တဲ့လွှတ်တော်ကိုယ်စား လှယ်စားလှယ်တွေနဲ့ အခုအသစ်တွေတိုင်ပင်ညှိနှိုင်းဖို့ပြင် ဆင်ထားရမယ်၊ တိုင်းရင်းသားတွေ အတွက်အရေး ကြီးတဲ့ ဖက်ဒရယ်ကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ အမြန်ဆုံးငြိမ်းချမ်းဖို့ ကိုင်တွယ်ဖြေရှင်းဖို့အတွက် တိုင်းရင်းသားရေးရာလူကြီးတွေကို သင်တန်းတွေပေးနေ ပါတယ်၊ နောက်လွှတ်တော်ကိုယ်စားလှယ် တွေအတွက်အစည်းအဝေးတွေ၊ အင်္ဂလိပ်စာသင် တန်းတွေ၊ နိုင်ငံတကာနဲ့ပတ်သက်တာတွေအကုန်လုံးကို အစီအစဉ်တွေ ပရောဂျက်တွေရှိနေပါတယ်” ဟုပြောသည်။

ဇော်အောင် (မုံရွာ) - မြန်မာ့ပညာရေးစနစ်ကို ကယ်တင်နေသူများ

$
0
0
ဇော်အောင် (မုံရွာ) - မြန်မာ့ပညာရေးစနစ်ကို ကယ်တင်နေသူများ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅
ပုဂ္ဂလိကကျောင်းစနစ်ကို ၂၀၁၁ အစိုးရသစ်လက်ထက်မှာ စတင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ခြစားယိုယွင်းနေတဲ့ မြန်မာ့ပညာရေးစနစ်ကို အပြိုင်ဆိုင်လုပ်ကိုင်စေဖို့ ..ပညာရေးဈေးကွက်သစ်တစ်ခု စတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ အခြေ ခံပညာရေးနဲ့ အထက်တန်းပညာရေး (၂) မျိုး ခွဲခြားလေ့လာလိုပါတယ်။

● အခြေခံပညာရေး
၂၀၁၅ ခုနှစ် ကျောင်းသားသပိတ်က အလွန်အရေးပါတဲ့ အပြောင်းလဲတစ်ခုကို စတင်စေခဲ့တာ ငြင်းလို့မရပါ။ အဲဒီ ကျောင်း သားသပိတ် မတိုင်မီက ကျောင်းဆရာ၊ ဆရာမများအတွက် ဝင်ငွေဆိုတာ .. ကျောင်းသားများထံမှာ ကျူရှင်ကြေးတောင်းခံခြင်း၊ မိဘများထံမှာ ဟိုကြေးသည်ကြေးများ တောင်းခံခြင်းနဲ့ပဲ ..အစိုးရကျောင်းများ ရပ်တည်ရပါတယ်။ ပိုပြီး ဆိုးဝါးစွာ ရေးရမယ် ဆိုရင် ..အတန်းပိုင်ဆရာမနဲ့ ကျောင်းအုပ်တွေကို လက်ဆောင်ပေးနိုင်မှာ ကိုယ့်ရဲ့ကလေး ကျောင်းမှာ အဆင်ပြေနိုင်မယ် လို့တောင် ပြောလို့ရတဲ့ အစိုးရပညာရေးစနစ်ဖြစ်ပါတယ်။

စာမေးပွဲစနစ်ကိုတော့ မေးခွန်းပေါက်ကြားမှုနဲ့ စာခိုးချမှုများကို သမ္မတဦးသိန်းစိန် စတင်ခဲ့တဲ့နောက်ပိုင်း အဂတိတော်တော် ကင်းရှင်းသွားခြင်းက ဝမ်းမြောက်ဖွယ် ဖြစ်ပါတယ်။

သို့သော်လည်း ကျောင်းသားများ စာတကယ်တတ်ဖို့ဆိုတာ အစိုးရကျောင်းများမှာ အင်မတန်အားနည်းလာတဲ့အတွက် သမ္မတဦးသိန်းစိန်လက်ထက်မှာ အမေရိကန်ပညာရေးစနစ်လို ပုဂ္ဂလိကကျောင်းများ ပေါ်ပေါက်လာစေပါတယ်။ ဝမ်းနည်း စရာကောင်းခြင်းကတော့ အမေရိကန်နိုင်ငံ၊ စင်ကာပူ၊ ဂျပန် .. စတဲ့ ကမ္ဘာ့ထိပ်တန်း ပညာရေးစနစ်များမှာ အခြေခံပညာရေးကို ပုဂ္ဂလိကကျောင်းများ အရေးမပါလှပါဘူး။ မြန်မာနိုင်ငံမှာတော့ စာမေးပွဲအောင်ရေး၊ ဂုဏ်ထူးများစွာရရှိရေးတို့မှာ ပုဂ္ဂလိက ကျောင်းများ အရေးပါလာတာကို တွေ့ရပါတယ်။ ၂၀၁၅ အခြေခံပညာရေးအထက်တန်း မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး ထိပ်တန်းကျောင်းသားများစာရင်းမှာ  ပုဂ္ဂလိကကျောင်းသားများပါဝင်လာခြင်းကို တွေ့ရတဲ့အတွက်  ကောက်နုတ်ခက်ချရ ရင်.. မဖြစ်သင့်ပါဘူး။ အစိုးရကျောင်းများကသာ အတော်ဆုံး ကျောင်းသားများ မွေးထုတ်သင့်ပါတယ်။

ပိုက်ဆံတတ်နိုင်တဲ့မိဘများက သူတို့ကလေးများကို ပုဂ္ဂလိကကျောင်းများမှာ တစ်လကို ဒေါ်လာ ၃၀၀ နဲ့အထက် အကုန် ကျခံပြီး ထားပါတယ်။ အင်္ဂလိပ်စာကို ကောင်းမွန်စွာသင်ကြားပေးတဲ့အတွက် ကျောင်းသားများရဲ့ အင်္ဂလိပ်စာ အရည်အချင်း က မြင့်မားလာပါတယ်။ ၁၀တန်းအဆင့်မှာ မြန်မာအစိုးရစာမေးပွဲ (သို့မဟုတ်) GCE 'O' LEVEL စာမေးပွဲကို ဝင်ရောက်ဖြေ ဆိုအောင်မြင်တာနဲ့ အထက်တန်းပညာရေး နိုင်ငံခြားတက္ကသိုလ်များကို ပို့လွှတ်ပညာသင်နိုင်မှာဖြစ်ပါတယ်။

ကျောင်းဖွင့်စားတဲ့ စီးပွားရေးလုပ်ငန်း.. ရန်ကုန်မြို့ထဲမှာပဲ ပုဂ္ဂလိကကျောင်းများစွာ ပေါ်ပေါက်လာပါတယ်။ ထူးချွန်တဲ့ ဆရာ များကလည်း လစာငွေ ၅ သိန်း၊ ၁၀ သိန်းပေးတဲ့ ပုဂ္ဂလိကကျောင်းများမှာ အလုပ်ပြောင်းသွားကြပါတယ်။ တကယ်တမ်း ပြောရရင် ကျောင်းဖွင့်စားခြင်း ဖြစ်ပါတယ်။ ကျောင်းဖွင့်စားခြင်းအားဖြင့် ယာယီကျောင်းသားများအတွက် သာမန်ခြစားနေတဲ့ အစိုးရကျောင်းများက လွတ်ငြိမ်းသွားစေပါတယ်။

အခု မြန်မာအစိုးရကျောင်းများမှာလည်း နာမည်ကြီးကျောင်းများက ကျောင်းလခလိုပဲ လစဉ် သိန်းနဲ့ချီပြီး ပေးနေရပါတယ်။ အစိုးရက ကျူရှင်ခွင့်ဖွင့် ဆရာများကို မပေးသော်လည်း ဒီတနည်းလမ်းပဲ ဆရာများအတွက် ဝင်ငွေဖြစ်နေဆဲပါ။

၂၀၁၅ ကျောင်းပညာသင်နှစ်မှာ ပညာရေးဘတ်ဂျတ်ကို အထူးမြှင့်တင်ပေးလိုက်တော့ ..
၁။ ကျောင်းဆရာမ အသစ် ခန့်အပ်ခြင်း အနည်းဆုံ လစာ ကျပ်တစ်သိန်း ၂ သောင်းခန့်ပေးလိုက်ပြီး၊ ကျောင်းဝတ်စုံများပါ ပံ့ပိုးပါတယ်။ ကျောင်းသားကလေးများကို ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတန်များ ပံ့ပိုးပေးခြင်း စတင်ပါတယ်။ လက်ရှိကျောင်း ဆရာမများ လစာငွေ မြင့်မားလာသော်လည်း ... ကျောင်းအုပ်ဆရာမကြီး ခေါင်းဆောင်ပြီး ကျူရှင်ပေးတဲ့အတွင်း ကျူရှင် များက မတက်မနေရ ပေးနေရတဲ့ ဝန်ထုတ်ကြီး မိဘများအပေါ် သက်ရောက်နေဆဲ ဖြစ်ပါတယ်။ အစိုးရကျောင်းတော်တော်များများမှာတော့ ..အဂတိလိုက်စားမှု (မိဘများထံမှ လက်ဆောင်ရယူခြင်း) နည်းပါးလာတာလည်း ဝမ်းမြောက်စရာပါ။

● အထက်တန်းပညာရေး (တက္ကသိုလ်ပညာရေး)

ပုဂ္ဂလိကကျောင်း ၁၀တန်းအောင်ပြီး နိုင်ငံခြားတက္ကသိုလ်များကို ငွေကြေးတတ်နိုင်တဲ့ မိဘများက စေလွှတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ရရင် လစာငွေ ကျပ်တစ်သိန်း (ကန်ဒေါ်လာ ၁၀၀) လောက်ပဲ ရပြီး၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားက ဘွဲ့ ဆိုရင် ကန်ဒေါ်လာ ၅၀၀ အထိ ဈေးရလာတဲ့ မြန်မာ့ကုမ္ပဏီများ ဈေးကွက်စီးပွားရေးကြောင့် ... မိဘများ နိုင်ငံခြားတက္က သိုလ်များကို ကျောင်းတက်ဖို့ အရမ်းစိတ်ဝင်တစား ကြိုးစားလာကြပါတယ်။

မြန်မာပြည်တွင်း ဘွဲ့ရသူများ၊ အဝေးသင်ဘွဲ့ရသူများလည်း နိုင်ငံခြားဘွဲ့၊ ဒီပလိုမာ အမြှီးတပ်နိုင်ဖို့ စင်ကာပူက ဘာမဟုတ် တဲ့ ပုဂ္ဂလိကကျောင်း BCA PSB စတဲ့ ကျောင်းများမှာ တစ်နှစ် ဒီပလိုမာအတွက် ကန်ဒေါ်လာ ၂သောင်းနီးပါးအထိ အကုန် ကျခံ ကျောင်းတက်ကြတယ်။ တက်ပြီးမှ မြန်မာနိုင်ငံပြန် ဟန်ပန်တကျ လစာကောင်းကောင်း ရရှိနေတဲ့ ခေတ်ကာလ ဖြစ် ပါတယ်။

နိုင်ငံခြားတက္ကသိုလ်များရဲ့ ပညာသင်ဆု Grant များရရှိဖို့ IELTS TOFEL စတဲ့ အင်္ဂလိပ်ကျောင်းများ စာမေးပွဲဖြေကြပါတယ်။ တချို့ တော်တဲ့ ကျောင်းသားများလည်း စကောလားရှစ် ပညာချွန်ဆုများ ရရှိကြပါတယ်။

အများစု မြန်မာကျောင်းသားများကတော့ မိဘ ပိုက်ဆံအကုန်ခံပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်း ပဂ္ဂလိကကျောင်းများကို သွားတက်ကြပါတယ်။ ပိုပြီး ပေါက်ရောက်တဲ့ကျောင်းသားများကတော့ သြစတြေးလျား၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန် တက္က သိုလ်များကို တက်နိုင်ခွင့် ရရှိကြပါတယ်။

ပြည်တွင်းတက္ကသိုလ်များကတော့ ပုဂ္ဂလိကအဆင့် အလွန်နည်းပါးပါသေးတယ်။ ILBC တက္ကသိုလ်ကတော့ အမေရိကန် တက္ကသိုလ်နဲ့ပေါင်းပြီး အမေရိကန်အဆင့် သင်ကြားပေး၊ ဘွဲ့သင်တန်း ၂၀၁၄ ကတည်းက စတင်နေတယ်လို့ ဆိုပါတယ်။ နည်းပညာတက္ကသိုလ်ပေါင်း ၃၀ ကျော်ရှိတဲ့အထဲမှာ ရန်ကုန် ကြို့ကုန်းနည်းပညာတက္ကသိုလ်ကတော့ .. တစ်နှစ်ကို ကျောင်း သား ၂၅၀ လက်ခံပြီး အထူးရွေးကောက်သင်ကြားပေးနေတာ တတိယနှစ်ရှိသွားပါပြီ။ ပုဂ္ဂလိကတက္ကသိုလ်အဖြစ် ပြောင်းလဲ ပစ်ဖို့လည်း စီမံအုပ်ချုပ်သူများက လေ့လာလျက်ရှိပါတယ်။ အစိုးရတက္ကသိုလ်ကို ပုဂ္ဂလိကတက္ကသိုလ်အဖြစ် ပြောင်းလဲ ခြင်းမှာ အဂတိလိုက်စားမှုတွေ ဖြစ်လာနိုင်တဲ့အတွက်၊ အစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ အထူးဂရုစိုက် လုပ်ကိုင်နေ ရပါတယ်။

လက်ရှိ မြန်မာပြည် ၁၀ တန်းအောင်အမှတ် အများဆုံးသူများအတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ ကွန်ပြူတာတက္ကသိုလ်များက ထိပ်တန်းဝင်ခွင့်ပေးနေကြပါတယ်။ သာမန်နည်းပညာတက္ကသိုလ်များနဲ့ စီးပွားရေးတက္ကသိုလ် များ၊ သက်မွေးတက္ကသိုလ်များကလည်း လူကြိုက်များပေမဲ့ .. အများစုကတော့ ...မြန်မာတက္ကသိုလ်ပညာရေးကို စိတ်ပျက် ပြီး အဝေးသင်တက္ကသိုလ်တက်ရင်း လုပ်ငန်းခွင်ဝင်နေတဲ့ ခေတ်ကာလ ဖြစ်ပါတယ်။

● နိဂုံး
အကြမ်းဖျင်း တင်ပြချက်ဖြစ်ပါတယ်။ စင်ကာပူ အထက်တန်းပညာရေးမှာ ကျောင်းဆရာအဖြစ် တာဝန်ထမ်းနေတဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် ဆရာဟောင်းတစ်ဦးရဲ့ပြောဆိုချက်ကတော့ .. အင်း ..မြန်မာပြည်အထက်တန်းပညာရေး မပြောနဲ့ နည်းပညာတက္ကသိုလ်တွေ အခု ၃၀ လောက်မှာ ကျောင်းဆရာ၊ ဆရာမများစွာ၊ ဝန်ထမ်းများစွာ၊ ကျောင်းသားများစွာနဲ့ ဒီအုပ်စုကြီးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်တောင် မကူးဝံ့ဘူး...လို့ ပြောရှာပါတယ်။
.
ခက်ခဲတာတော့ အမှန်ဖြစ်ပါတယ်။ သို့သော်လည်း ဒီ (၅) နှစ်ကာလ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ လမ်းတံတားများ ကောင်းမွန်လာခြင်း၊ ရန်ကုန် ကုန်းကျော်တံတားများနဲ့ ကားကြပ်မှုကို မြန်မာနည်းနဲ့ အကုန်ကျ အလွန်ကြီးမားစွာ ဖြေရှင်းနေ တာကို တွေ့ရပါတယ်။ အလားတူပဲ ပညာရေးပြုပြင်ပြောင်းလဲမှုမှာလည်း အထူးသဖြင့် ဆရာများ အရည်အသွေးနှင့်လစာမြှင့် တင်ရေး၊ ကျောင်းသားများ အရည်အသွေးမြှင့်တင်ရေး .. (၂) ရပ်ကို အစိုးရ ပညာရေးဝန်ကြီးဌာနကပဲ လုပ်ဆောင်မှရမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရသစ် ၂၀၁၆ မှာတက်လာရင် ပညာတကယ်ထူးချွန်ကြိုးစားတဲ့ ကျောင်းဆရာများ၊ ကျောင်းသားများ ကို မွေးထုတ်မယ့်ပညာရေးစနစ် ဖြစ်လာမယ်လို့ မျှော်လင့်နေမိပါတယ်။

ဇော်အောင် (မုံရွာ)

ကာတွန်း မောင်မောင်ဖောင်တိန် - ရှေ့သို့လှမ်းချီ .. ကြက်သွန်နီ

$
0
0
 
ကာတွန်း မောင်မောင်ဖောင်တိန် - ရှေ့သို့လှမ်းချီ .. ကြက်သွန်နီ
(မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅
Viewing all 9633 articles
Browse latest View live